
ရုပ်ကလည်း နာမ်ကို ကျေးဇူး ပြုထားသလို ၊
နာမ်ကလည်း ရုပ်ကို ကျေးဇူးပြုထားတယ်။
ရုပ်ကြောင့်လည်း နာမ်ပျက်စီးရသလို
နာမ်ကြောင့်လည်း ရုပ်ပျက်စီးရတယ်နော်။
ကဲ ဒါကြောင့်မို့ တရား အားထုတ်ကြတဲ့
ပုဂ္ဂိုလ်က ဒီကိလေသာတွေ
တဒင်္ဂလေးတော့ ငြိမ်းပါစေ။
တဒင်္ဂငြိမ်းရာမှ တစ်ဆင့် အမြဲ ငြိမ်းပါစေ။
လယ်လုပ်တယ် ဥယျာဉ်စိုက်တယ်ဆိုတာ
တစ်ဘ၀တာအတွက် အလုပ်လုပ်တာနော်။
လခစားလုပ်တာလဲ
တစ်ဘ၀စာအတွက်ပဲနော်။
ရောင်းရေး ၀ယ်ရေးလုပ်ကြတာလဲ
တစ်ဘ၀စာအ တွက်။
ဒါပေမယ့် တစ်ဘ၀တာ
ချမ်းသာရဲ့လားဆိုတော့
တစ်ဘ၀တာလည်း
တကယ်မချမ်းသာပါဘူး။
ဘယ်သူနှိပ်စက်ခံရတာလဲဆိုတော့
လောဘ ဒေါသ မောဟ နှိပ်စက်ခံနေရလို့။
အေး တစ်ဘ၀တာ အတွက်တောင်မှ
ပင်ပန်းကြီးစွာ ဆောင်း နွေ မိုး ဥတုသုံးပါးရဲ့
ဒဏ်တွေကို တွန်းလှန်ပယ်ရှားပြီးတော့
ကြိုးကြိုးစားစား လုပ်ရရင်
တစ်သံသရာလုံး
ကိလေသာမှာ ချုပ်ငြိမ်းပြီးတော့
အမတနိဗ္ဗာန်ကိုရောက်ကြ မယ်ဆိုရင်
မကြိုးစားသင့်ဘူးလား..ကြိုးစားသင့်ပါတယ်ဘုရား။
အေး ဘယ်လောက်ပဲ ပူပူ
ဘယ် လောက်ပဲ ပင်ပန်း ပင်ပန်း
ရတဲ့အခွင့်အရေးလေးကို
ကြိုးစားပြီးတော့
အားမထုတ်သင့်ဘူးလား။
ဘုန်းကြီးကို ကြောက်လို့ လုပ်တာမဟုတ်ပဲ
ကိုယ့်သဒ္ဓါအားနဲ့ ကိုယ်လုပ်ကြနော်။
ဘာအတွက်အားထုတ် တာလဲဆိုတော့
တစ်သံသရာလုံး ချမ်းသာရေးအတွက်။
အေး တစ်သံသရာလုံး
ချမ်းသာရေးအတွက်ဆိုတဲ့
တရားဟာ တစ်ခြားလား
ကိလေသာပြတ်တဲ့တရားလား…ကိလေသာပြတ်တဲ့ တရားပါ။
ကိလေသာ ကုန်မှနော်
ကိလေသာရပ်မှနော် ..
ကိလေသာ မရပ်ဘူးဆိုရင်
ကိလေသာ ဟာ သမုဒယသစ္စာကိုကွဲ့။
အေး ကိလေသာ တရားကိုယ်ကောက်တော့
လောဘ တဏှာကြောင့် ပြုလုပ်အားထုတ်တဲ့
ကံ သင်္ခါရ တွေ မဖြစ်ဘူးလား..ဖြစ်ပါတယ်။
ကံ သင်္ခါရက ဘ၀ခန္ဓာမပေးပြန်ဘူးလား။
ဘ၀ခန္ဓာရပြီဆိုကတည်းက
အိုနာသေ မလာဘူးလား။
ဘ၀ပြဿနာ တစ်သက်လုံး
ရှာဖွေကျွေးမွေးရ စောင့်ရှောက်ရ
ခန္ဓာမွေးမြူ ရင်း အချိန်မကုန်ရပြန်ဘူးလား။
ဆင်းရဲနဲ့နေကြရတယ်နော်။
ရေတိုက်ပေး အစာကျွေးပေး
ညောင်းလွန်း လို့ ပြင်ပေးပါအုံး ဆိုတော့
ထိုင်ရ ထရ မတ်တပ်ရပ်ရနဲ့ လုပ်ပေးရပြန်ရော။
ကလေးဆိုးလေး
မွေးထားရ သလိုပါပဲ။
ဟုတ်ရဲ့လား။
ဒီခန္ဓာတော်တော်ဆိုးတယ်နော်။
တင်းတိမ်နိုင်တာ
ရောင့်ရဲနိုင်တာမရှိဘူးနော်။
ဒီနေ့ကျွေးပြီးလို့ နက်ဖန်ခါမကျွေးပဲထားလို့ရရဲ့လား။
စားလိုက် စွန့်လိုက်နဲ့ ပြီးနိုင်ရဲ့လား။
ကိုယ့်အလို ကျ ဖြစ်ရဲ့လား။
ရေချိုးပေးရ
ရေအိမ်တက်ရနဲ့
အညှီအဟောက်တွေပဲ
ဂျီးတွေပဲ စွန့်ရတယ်။
ဘယ် လောက်ပဲ ကျွေးမွေးစောင့်ရှောက်
ကျွေးမွေးစောင့်ရှောက်
နောက်ဆုံးတော့ မြေဇာပင်ဖြစ်ရတာပါပဲ။
မြေ ကြီး ကြီးပွားရေးအလုပ်တွေနဲ့ပဲ အချိန်မကုန်ဘူးလား။
သုဿာန်တွေမှာ မြှပ်နှံရတဲ့
ခန္ဓာပေါင်း မရေနိုင် တော့ဘူးနော်။
သေခဲ့ရတဲ့ ခန္ဓာတွေသာ
မပုပ်မသိုးရှိမယ်ဆိုရင်
လူ့ပြည်ကနေ ဗြဟ္မာ့ပြည်အထိ
ရှိနေ လောက်ပါပြီ။
ဒါတွေ တွေးပြီး ဥာဏ်နဲ့ကြည့်လိုက်ရင်
ကြောက်စရာကြီးနော်။
ကြောက်ရကောင်းမှန်း ရော သိခဲ့ကြလား။
တစ်ချိန်က မသိခဲ့ကြဘူးနော်။
မသိလို့ ဘ၀တစ်ခုကုန်ဆုံးခဲ့
ပျော်လာခဲ့ကြတာနော်။
ဒါကြောင့် သံသရာရှည်တယ်ဆိုတာ
မသိမှုကြောင့်နော်။
သံဝေဂလည်း မယူတတ်ကြဘူး။
အကြောင်း က ဘယ်လို
အကျိုးက ဘယ်လိုဆိုတာလည်း မသိဘူးနော်။
တစ်ဘ၀တာအတွက်တောင်
ဒုက္ခနဲ့နေကြ ရတယ်။
ခန္ဓာကနှိပ်စက် ကိလေသာတွေက နှိပ်စက်။
ညောင်းတယ် တင်းတယ်တောင့်တယ်၊
အိပ်ချင် တယ်၊ ဆာလောင်တယ်၊ပူတယ် အေးတယ်
ကိုက်တယ် ဒါတွေက ခန္ဓာနှိပ်စက်ပြနေတာနော်။
အလိုမ ပြည့်တာကလည်း ကိလေသာနှိပ်စက်ပြနေတာ။
၉၆ ပါးသော ရောဂါတွေနဲ့
အိုနာသေ ဘယ်သူနှိပ်စက် သလဲဆိုတော့
ခန္ဓာပဲနော်။
အဲ့တော့ မသိမှု အ၀ိဇ္ဇာကြောင့်နော်။
အ၀ိဇ္ဇာနဲ့နေခဲ့ကြတော့
ကိလေသာရဲ့ အပြစ်တွေလည်း
မသိတော့ဘူးနော်။
မသိတော့ အကျဉ်းအားဖြင့်
ကိလေသာ ဆယ်ပါး ၊
အကျယ်အား ဖြင့် တစ်ထောင့်ငါးရာသော
ကိလေသာတွေရဲ့ နှိပ်စက်ခြင်းခံရပြီနော်။
အဲ့တော့ ဆင်းရဲနဲ့နေရတယ်။
ဘာကြောင့်လဲဆိုတော့
ကိလေသာအနှိပ်စက်ခံနေရလို့။
ပုထုစဉ်တိုင်းဟာ
ကိလေသာ
အနှိပ်စက်ခံနေ ရတယ်နော်။
အရိယာ မဖြစ်သမျှတော့ နှိပ်စက်ခံရမယ်။
(ဓမ္မဂုဏ်ရည်တောရရိပ်သာ ဆရာတော်ဦးဩဘာသ)
http://thonsethar.wordpress.com/
နာမ်ကလည်း ရုပ်ကို ကျေးဇူးပြုထားတယ်။
ရုပ်ကြောင့်လည်း နာမ်ပျက်စီးရသလို
နာမ်ကြောင့်လည်း ရုပ်ပျက်စီးရတယ်နော်။
ကဲ ဒါကြောင့်မို့ တရား အားထုတ်ကြတဲ့
ပုဂ္ဂိုလ်က ဒီကိလေသာတွေ
တဒင်္ဂလေးတော့ ငြိမ်းပါစေ။
တဒင်္ဂငြိမ်းရာမှ တစ်ဆင့် အမြဲ ငြိမ်းပါစေ။
လယ်လုပ်တယ် ဥယျာဉ်စိုက်တယ်ဆိုတာ
တစ်ဘ၀တာအတွက် အလုပ်လုပ်တာနော်။
လခစားလုပ်တာလဲ
တစ်ဘ၀စာအတွက်ပဲနော်။
ရောင်းရေး ၀ယ်ရေးလုပ်ကြတာလဲ
တစ်ဘ၀စာအ တွက်။
ဒါပေမယ့် တစ်ဘ၀တာ
ချမ်းသာရဲ့လားဆိုတော့
တစ်ဘ၀တာလည်း
တကယ်မချမ်းသာပါဘူး။
ဘယ်သူနှိပ်စက်ခံရတာလဲဆိုတော
လောဘ ဒေါသ မောဟ နှိပ်စက်ခံနေရလို့။
အေး တစ်ဘ၀တာ အတွက်တောင်မှ
ပင်ပန်းကြီးစွာ ဆောင်း နွေ မိုး ဥတုသုံးပါးရဲ့
ဒဏ်တွေကို တွန်းလှန်ပယ်ရှားပြီးတော့
ကြိုးကြိုးစားစား လုပ်ရရင်
တစ်သံသရာလုံး
ကိလေသာမှာ ချုပ်ငြိမ်းပြီးတော့
အမတနိဗ္ဗာန်ကိုရောက်ကြ မယ်ဆိုရင်
မကြိုးစားသင့်ဘူးလား..ကြိုး
အေး ဘယ်လောက်ပဲ ပူပူ
ဘယ် လောက်ပဲ ပင်ပန်း ပင်ပန်း
ရတဲ့အခွင့်အရေးလေးကို
ကြိုးစားပြီးတော့
အားမထုတ်သင့်ဘူးလား။
ဘုန်းကြီးကို ကြောက်လို့ လုပ်တာမဟုတ်ပဲ
ကိုယ့်သဒ္ဓါအားနဲ့ ကိုယ်လုပ်ကြနော်။
ဘာအတွက်အားထုတ် တာလဲဆိုတော့
တစ်သံသရာလုံး ချမ်းသာရေးအတွက်။
အေး တစ်သံသရာလုံး
ချမ်းသာရေးအတွက်ဆိုတဲ့
တရားဟာ တစ်ခြားလား
ကိလေသာပြတ်တဲ့တရားလား…ကိလေသ
ကိလေသာ ကုန်မှနော်
ကိလေသာရပ်မှနော် ..
ကိလေသာ မရပ်ဘူးဆိုရင်
ကိလေသာ ဟာ သမုဒယသစ္စာကိုကွဲ့။
အေး ကိလေသာ တရားကိုယ်ကောက်တော့
လောဘ တဏှာကြောင့် ပြုလုပ်အားထုတ်တဲ့
ကံ သင်္ခါရ တွေ မဖြစ်ဘူးလား..ဖြစ်ပါတယ်။
ကံ သင်္ခါရက ဘ၀ခန္ဓာမပေးပြန်ဘူးလား။
ဘ၀ခန္ဓာရပြီဆိုကတည်းက
အိုနာသေ မလာဘူးလား။
ဘ၀ပြဿနာ တစ်သက်လုံး
ရှာဖွေကျွေးမွေးရ စောင့်ရှောက်ရ
ခန္ဓာမွေးမြူ ရင်း အချိန်မကုန်ရပြန်ဘူးလား။
ဆင်းရဲနဲ့နေကြရတယ်နော်။
ရေတိုက်ပေး အစာကျွေးပေး
ညောင်းလွန်း လို့ ပြင်ပေးပါအုံး ဆိုတော့
ထိုင်ရ ထရ မတ်တပ်ရပ်ရနဲ့ လုပ်ပေးရပြန်ရော။
ကလေးဆိုးလေး
မွေးထားရ သလိုပါပဲ။
ဟုတ်ရဲ့လား။
ဒီခန္ဓာတော်တော်ဆိုးတယ်နော်။
တင်းတိမ်နိုင်တာ
ရောင့်ရဲနိုင်တာမရှိဘူးနော်
ဒီနေ့ကျွေးပြီးလို့ နက်ဖန်ခါမကျွေးပဲထားလို့ရရဲ
စားလိုက် စွန့်လိုက်နဲ့ ပြီးနိုင်ရဲ့လား။
ကိုယ့်အလို ကျ ဖြစ်ရဲ့လား။
ရေချိုးပေးရ
ရေအိမ်တက်ရနဲ့
အညှီအဟောက်တွေပဲ
ဂျီးတွေပဲ စွန့်ရတယ်။
ဘယ် လောက်ပဲ ကျွေးမွေးစောင့်ရှောက်
ကျွေးမွေးစောင့်ရှောက်
နောက်ဆုံးတော့ မြေဇာပင်ဖြစ်ရတာပါပဲ။
မြေ ကြီး ကြီးပွားရေးအလုပ်တွေနဲ့ပဲ အချိန်မကုန်ဘူးလား။
သုဿာန်တွေမှာ မြှပ်နှံရတဲ့
ခန္ဓာပေါင်း မရေနိုင် တော့ဘူးနော်။
သေခဲ့ရတဲ့ ခန္ဓာတွေသာ
မပုပ်မသိုးရှိမယ်ဆိုရင်
လူ့ပြည်ကနေ ဗြဟ္မာ့ပြည်အထိ
ရှိနေ လောက်ပါပြီ။
ဒါတွေ တွေးပြီး ဥာဏ်နဲ့ကြည့်လိုက်ရင်
ကြောက်စရာကြီးနော်။
ကြောက်ရကောင်းမှန်း ရော သိခဲ့ကြလား။
တစ်ချိန်က မသိခဲ့ကြဘူးနော်။
မသိလို့ ဘ၀တစ်ခုကုန်ဆုံးခဲ့
ပျော်လာခဲ့ကြတာနော်။
ဒါကြောင့် သံသရာရှည်တယ်ဆိုတာ
မသိမှုကြောင့်နော်။
သံဝေဂလည်း မယူတတ်ကြဘူး။
အကြောင်း က ဘယ်လို
အကျိုးက ဘယ်လိုဆိုတာလည်း မသိဘူးနော်။
တစ်ဘ၀တာအတွက်တောင်
ဒုက္ခနဲ့နေကြ ရတယ်။
ခန္ဓာကနှိပ်စက် ကိလေသာတွေက နှိပ်စက်။
ညောင်းတယ် တင်းတယ်တောင့်တယ်၊
အိပ်ချင် တယ်၊ ဆာလောင်တယ်၊ပူတယ် အေးတယ်
ကိုက်တယ် ဒါတွေက ခန္ဓာနှိပ်စက်ပြနေတာနော်။
အလိုမ ပြည့်တာကလည်း ကိလေသာနှိပ်စက်ပြနေတာ။
၉၆ ပါးသော ရောဂါတွေနဲ့
အိုနာသေ ဘယ်သူနှိပ်စက် သလဲဆိုတော့
ခန္ဓာပဲနော်။
အဲ့တော့ မသိမှု အ၀ိဇ္ဇာကြောင့်နော်။
အ၀ိဇ္ဇာနဲ့နေခဲ့ကြတော့
ကိလေသာရဲ့ အပြစ်တွေလည်း
မသိတော့ဘူးနော်။
မသိတော့ အကျဉ်းအားဖြင့်
ကိလေသာ ဆယ်ပါး ၊
အကျယ်အား ဖြင့် တစ်ထောင့်ငါးရာသော
ကိလေသာတွေရဲ့ နှိပ်စက်ခြင်းခံရပြီနော်။
အဲ့တော့ ဆင်းရဲနဲ့နေရတယ်။
ဘာကြောင့်လဲဆိုတော့
ကိလေသာအနှိပ်စက်ခံနေရလို့။
ပုထုစဉ်တိုင်းဟာ
ကိလေသာ
အနှိပ်စက်ခံနေ ရတယ်နော်။
အရိယာ မဖြစ်သမျှတော့ နှိပ်စက်ခံရမယ်။
(ဓမ္မဂုဏ်ရည်တောရရိပ်သာ ဆရာတော်ဦးဩဘာသ)
http://
No comments:
Post a Comment