
သုခဝေဒနာ။ ။သုခဝေသနာဖြစ်ပြီဆိုရင်“အဟောသုခံ၊ ဪ-ချမ်းသာလေစွ၊ အဟောသုခံ၊ ဪ-ချမ်းသာပါတယ်၊ အဲဒီ သုခဝေဒနာ ဖြစ်လာရင်ထင်ရှားပုံကိုအင်မတန်အေးမြတဲ့
ရေအိုးပေါင်းတစ်ထောင်နဲ့ သွန်းလောင်းခံရဘိ သကဲ့သို့ အင်မတန်မှပဲ နှလုံးစိတ်ဝမ်း ကိုယ်ငြိမ်းချမ်း အေးမြပါတယ်၊ ဒါ
ကြောင့် သုခဝေဒနာဖြစ်ရင် ထင်ရှားပါတယ်။
“တချို့က အဲဒီသုခဝေဒနာ ဖြစ်လာတာကို မဂ်ဖိုလ်ထင် မှား တတ်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ တစ်ကြိမ်လောက်ပဲဖြစ်
ပြီး နောက်ထပ် မဖြစ်တော့ မဂ်ကျရင် အေးမြတယ်၊တစ်ကြိမ်ပဲ
ဖြစ်တယ်လို့ ကြားဖူးထားတော့ မဂ်လို့ထင်မှား တတ်ပါတယ်၊ မဂ် မဟုတ်သေးပါ။
၉
ဒုက္ခဝေဒနာ။ ။“ဒုက္ခဝေဒနာ ဖြစ်ပြီးဆိုရင်လဲ “အ
ဟော ဒုက္ခ၊ ဪ-ဆင်းရဲလေစွ၊ အဟောဒုက္ခ၊ ဪ-ဆင်းရဲ
လေစွ” လို့ အော်သည်းရလောက်အောင် ဆင်းရဲပါတယ်၊ အဲဒီ
ဒုက္ခဝေဒနာဖြစ်လာရင် ထင်းရှားပုံကို ရဲရဲနီအောင် ပူလောင်နေ
တဲ့ သံချောင်းကြီးကို မျိုထားဘိသကဲ့သို့ အင်မတန်မှ နှလုံးစိတ်
ဝမ်းပူပြင်းလှပါတယ်လို့ ဥပမာပြထားပါတယ်။ ဒါကြောင့် ဒုက္ခဝေဒနာဖြစ်ရင်လဲ ထင်ရှားပါတယ်။
၁၀
ဥပေက္ခာဝေဒနာ။ ။ အဲ့ဒီ သုခဝေဒနာနဲ့ ဒုက္ခဝေဒနာနဲ့
ဒုက္ခဝေဒနာနှစ်ခုတို့ရဲ့အကြား အလယ်အလတ်ဖြစ်တဲ့ ဥပေက္ခာ
ဝေဒနာကျတော့ ပြောဖို့ရာ ခက်နေပါတယ်။ ဘယ်လိုပြောနိင် သလဲဆိုရင် ဒီနေရာမှာ ကျောက်ဖျာကြီးတစ်ခု ရှိတယ် ဆိုပါတော့။ အဲဒီကျောက်ဖျာကြီးရဲ့ ပတ်လည်ကတော့ မြေပျော့ပဲရှိတယ်။
“သမင်တစ်ကောင်ဟာ ကျောက်ဖျာ အရှေ့ဘက်ကနေပြီး
အနောက်ဘက်ကို ကျောက်ဖျာပေါ်မှ ဖြတ်ပြီး သွားတယ်၊ အဲဒီလို ဖြတ်သွားတော့ ကျောက်ဖျာပေါ်မှာ သမင်ခြေရာထင် ကျန်ရစ်ပါ။
“ဒါပေမယ့် အရှေ့ဘက်ကနေ ကျောက်ဖျာဆီ ဦးတည်လာ နေတဲ့ သမင်ခြေရာကို မြေပျော့ပေါ်မှာ မြင်ရတယ်၊ ကျောက်ဖျာမှ ဆင်းပြီး အနောက်ဘက်သွားတဲ့ သမင်ခြေရာကို မြေပျော့ပေါ်မှ အတိအကျ အထင်အရှားမြင်ရတယ်။
“အဲဒီ ကျောက်ဖျာပေါ်အတက်၊ ကျောက်ဖျာမှ အဆင်းခြေရာ ၂ ခုကို ကြည့်ပြီး “ဪ-ဒီသမင်ဟာ ကျောက်ဖျာ အရှေ့ဘက် ကနေ တက်ပြီး အနောက်ဘက်ကို ဆင်းသွားပါလား၊ ဒီကျောက်ဖျာပေါ် ဖြတ်သွားပါလား” လို့ မသိနိုင်ဘူးလား”
“သိနိုင်ပါတယ်ဘုရား”
“အဲဒီလိုသိနိုင်ပါတာဟာ ကျောက်ဖျာပေါ်မှာ ခြေရာအထင်အရှား တွေ့လို့ သိတာလားဆိုတော့ မဟုတ်ပါ၊ ထင်ရှားတဲ့ အတက်အဆင်း ခြေရာကိုကြည့်ပြီး သိတာပါ၊ ထင်ရှားတာကို တောက်ဆပြီး မထင်ရှားတာကို သိတာပါ။
၁၁
သိသာတယ်။ ။အဲဒီလိုပဲ သုခဝေဒနာဆိုတာ အင်မတန်မှ အေးမြတဲ့ ရေအိုးပေါင်း တစ်ထောင်နဲ့ လောင်းလိုက်တဲ့အ
ခါ “ဪ-ချမ်းသာလေစွ၊ ဪ-ချမ်းသာလေစွ” လို့ဥဒါန်း ကျူးရလောက်အောင် အေးမြချမ်းသာလို့ သိသာပါတယ်။
“ဒုက္ခဝေဒနာဆိုတာ အင်မတန်မှ ပူလောင်တဲ့ သံချောင်း
ကြီး မျိုထားရတဲ့အခါ “ဪ-ဆင်းရဲလေစွ၊ဪ-ဆင်းရဲလေစွ”လို့ အော်ညည်းရလောက်အောင် ဆင်းရဲလို့ သိသာပါတယ်။
၁၂
မသိသာပါ။ ။“ဥပေက္ခာဝေဒနာကျတော့ မသိသာပါ။ ကျောက်ဖျာပေါ် တက်တဲ့ သမင်ခြေရာပမာ သုခဝေဒနာ၊
ကျောက်ဖျာပေါ်မှာ ဆင်းတဲ့ သမင်ခြေရာပမာ ဒုက္ခဝေဒနာ၊
ကျောက်ဖျာပေါ်မှာ မထင်ရှားတဲ့ သမင်ခြေရာပမာ ဥပေက္ခာဝေ
သနာကို သဘောပေါက်ပါ။
“ဒါကြောင့် ဥပေက္ခာဝေဒနာဟာ အသိခက်ပါတယ်၊ မထင်
ရှားပါ၊ ရှုတဲ့အခါမှာ ဘယ်ဝေဒနာ ရှုရမလဲဆိုတော့ထင်ရှားတဲ့ သုခဝေဒနာ၊ ဒုက္ခဝေဒနာကို ရှေးဦးစွာ ရှုပါ၊ သုခဝေဒနာ၊ ဒုက္ခဝေဒနာကို သဘောပေါက်လာပါလိမ့်မယ်။
၁၃
သိမှ လွယ်မယ်။ ။“ဝေဒနာ ရှုပွားချင်တဲ့ ယောဂီပုဂ္ဂိုလ်ဟာ ဝေဒနာအမျိုးအစား သဘောသဘာဝကို နားလည်မှ ရှုနိုင်ပါမယ် ရှုတတ်ပါမယ်၊ ရှုပွားနည်းမှန်ပါမယ်၊ သို့မဟုတ်က မရှုတတ်၊ မရှုနိုင်ပါ၊ မမှန်နိုင်ပါ။
“ယခုတော့ ဝေဒနာ ဘယ်နှမျိုး သိသွားလဲဆိုရင် သုံးမျိုးသိ
သွားပါပြီ၊ အဲဒီလို ဝေဒနာသုံးမျိုးလောက်တော့ သိပါမှ ဝေဒနာ ရှုပွားလို့လွယ်ပါမယ်၊ မသိရင် မလွယ်ပါ၊ မမှန်နိုင်ပါ။
“ဘုန်းကြီးတို့ ယခုသိရသလောက်တော့ တရားနယ်ပယ်ထဲမှာ
နာကျင်ကိုက်ခဲတဲ့ ရုပ်ဖောက်ပြန်မှု ရုပ်ဒုက္ခ တစ်ခုတည်း ကိုပဲ ဝေဒနာလုပ်ပြီး ရှုပွားနေတာ တွေ့ရပါတယ်။
“တကယ်ရှုရမှာက ဒုက္ခတဝေဒနာရှုရှင် အဲဒီဒုက္ခဝေဒနာရဲ့
အဖြစ်အပျက်၊ဒုက္ခဝေဒနာရဲ့သဘောသဘာဝ အ ကြာင်းအကျိုး
စသည်ကို သိအောင်မြင်အောင် ထင်အောင် ရှုရမှာပါ။
“ယခု ဘုန်းကြီးတို့ အများဆုံးတွေ့ရတာက အဲဒီလိုဟာမျိုး
မတွေ့ရပါ၊ ဘယ်လိုတွေ့ရသလဲဆိုတော့ ခံစားမှု ဝေဒနာရဲ့ သဘောကို မရှုဘဲ ရုပ်ဖောက်ပြန်လို့ နာကျင်ကိုက်ခံနေတာကို ရှုနေတာပဲ တွေ့ရပါတယ်။
“ပြီးတော့အဲဒီ နာကျင်ကိုက်ခဲမှုရုပ်ဒုက္ခကို ရှုပြန်တော့သူ့သဘော ဘယ်လိုအဖြစ်၊ ဘယ်လိုအပျက်၊ ဘယ်လိုဘာ့ကြောင့်
ဖြစ်၊ ဘာကြောင့်ပျက်ရယ်လို့ သိအောင်၊ မြင်အောင်၊ ထင်အောင် ရှုပွား အားထုတ်မှု မပြုဘဲ အဲဒီ နာကျင်ကိုက်ခဲတဲ့ ရုပ်ဒုက္ခကြီးကို ကုန်သွားအောင်၊ ပျောက်သွားအောင် ဆိုပြီး ရှုပါတယ်၊ အမှန်ရှုရမှာက ကုန်အောင် ရှုရမှာမဟုတ်ပါ၊ သူ့သဘော သဘာဝကို သိအောင် မြင်အောင် ရှုပွားရမှာပါ။
ဆက်ရန်....
No comments:
Post a Comment