
` ကိုရင်ငယ်ကလေး အထင်မသေး နှင်´့
######################
* သင်္ကန်းညစ်ထပ်၊ မျက်ချေး' နှပ်နှင့်၊ မ
သပ်မပါယ်၊ကိုရင်ငယ်ဟု၊စိတ်ဝယ်မလေး
ထင်မသေးနှင့်။
*ခေါင်းမှာပွေး' ဒက်၊ အနာစက်နှင့်၊ မရှက်
တတ်ပေ၊ သာမဏေဟု၊ ရိုသေကင်းဝေး၊
ထင်မသေးနှင့်။
*ဆူညံပြေးလွှား၊ ဆော့ကစားလျက်၊ နေ
ငြားကိုပင်၊ မဆင်ခြင်ဘဲ၊ စိတ်ထွေ
ပြစ်တွေး၊ ထင်မသေးနှင့်။
*မြွေဟောက်မြွေပွေး၊ ပိစိကွေးဟု၊ အရေးမထား၊ ကိုင်တွယ်ငြားက၊ ဆိပ်များပြင်းပြ၊ ကုမရသို့၊ တူလှလေအင်၊ မောင်
ကိုယ်ရင်ဝယ်၊ ကျင့်စဉ်သီလ၊ ဆိပ်ပြည့်ဝ
လျက်၊ သံဃာ့ဂုဏ်ပန်း၊ဆိပ်ပြည့်လျှမ်း၏။
*ကိုယ်ရင်ကလေး၊ ပိစိကွေးလည်း၊ ဖြူဖွေးသီလ၊ ကျင့်ဆောင်ရသည်၊ ဒသလိင်' ဒဏ်၊သေခိယံနှင့်၊ တစ်ဖန်ခန္ဓာ
စုဒ္ဒသဟု၊သီလဆိပ်မျိုး၊တစ်ရာ့ကိုးနှင့်၊
ပြည့်ဖြိုးစုံလင်၊ဂုဏ်ပန်းလွင်၏။
*ဆင်ခြင်ရှုက၊ လူ့သီလမှာ၊ ငါးပါးသာ
တည့်၊ ညစာသောက်စား၊ သား'မယားနှင့်
မော်ကြွားနေ့စဉ်၊ ပျော်ပွဲဆင်လည်း၊ကိုရင်
ကလေး၊ ပိစိကွေးကား၊ စာရေးစာအံ၊ တ
ညံညံနှင့်၊ ဆာပြန်သော်လည်း၊ ထန်း
လှက်ခဲမျှ၊ မစားရဘဲ၊ ပျော်ပွဲကင်းကွာ၊နေရရှာ၏။
*သေချာစဉ်းစား၊ ဆင်ခြင်ပွားက၊ဘုရား
သားတော်၊ ကိုရင်မော်ကား၊ အဟောဝတ
ကြည်ညိုရဖို့၊ တွေးဆဆင်ခြင်၊ ဥာဏ်
သက်ဝင်လျှက်၊ ကိုရင်ကလေး၊ ထင်မသေးနှင့်၊ ဇိနေရှင်ချစ်မြေးပါတကား....။
လေးအိမ်စု အရှင် ဝိစိတ္တသာရ၏
စကားလက်ဆောင် တရားလက်ဆောင်စာအုပ်မှ----။
######################
* သင်္ကန်းညစ်ထပ်၊ မျက်ချေး' နှပ်နှင့်၊ မ
သပ်မပါယ်၊ကိုရင်ငယ်ဟု၊စိတ်ဝယ်မလေး
ထင်မသေးနှင့်။
*ခေါင်းမှာပွေး' ဒက်၊ အနာစက်နှင့်၊ မရှက်
တတ်ပေ၊ သာမဏေဟု၊ ရိုသေကင်းဝေး၊
ထင်မသေးနှင့်။
*ဆူညံပြေးလွှား၊ ဆော့ကစားလျက်၊ နေ
ငြားကိုပင်၊ မဆင်ခြင်ဘဲ၊ စိတ်ထွေ
ပြစ်တွေး၊ ထင်မသေးနှင့်။
*မြွေဟောက်မြွေပွေး၊ ပိစိကွေးဟု၊ အရေးမထား၊ ကိုင်တွယ်ငြားက၊ ဆိပ်များပြင်းပြ၊ ကုမရသို့၊ တူလှလေအင်၊ မောင်
ကိုယ်ရင်ဝယ်၊ ကျင့်စဉ်သီလ၊ ဆိပ်ပြည့်ဝ
လျက်၊ သံဃာ့ဂုဏ်ပန်း၊ဆိပ်ပြည့်လျှမ်း၏။
*ကိုယ်ရင်ကလေး၊ ပိစိကွေးလည်း၊ ဖြူဖွေးသီလ၊ ကျင့်ဆောင်ရသည်၊ ဒသလိင်' ဒဏ်၊သေခိယံနှင့်၊ တစ်ဖန်ခန္ဓာ
စုဒ္ဒသဟု၊သီလဆိပ်မျိုး၊တစ်ရာ့ကိုးနှင့်၊
ပြည့်ဖြိုးစုံလင်၊ဂုဏ်ပန်းလွင်၏။
*ဆင်ခြင်ရှုက၊ လူ့သီလမှာ၊ ငါးပါးသာ
တည့်၊ ညစာသောက်စား၊ သား'မယားနှင့်
မော်ကြွားနေ့စဉ်၊ ပျော်ပွဲဆင်လည်း၊ကိုရင်
ကလေး၊ ပိစိကွေးကား၊ စာရေးစာအံ၊ တ
ညံညံနှင့်၊ ဆာပြန်သော်လည်း၊ ထန်း
လှက်ခဲမျှ၊ မစားရဘဲ၊ ပျော်ပွဲကင်းကွာ၊နေရရှာ၏။
*သေချာစဉ်းစား၊ ဆင်ခြင်ပွားက၊ဘုရား
သားတော်၊ ကိုရင်မော်ကား၊ အဟောဝတ
ကြည်ညိုရဖို့၊ တွေးဆဆင်ခြင်၊ ဥာဏ်
သက်ဝင်လျှက်၊ ကိုရင်ကလေး၊ ထင်မသေးနှင့်၊ ဇိနေရှင်ချစ်မြေးပါတကား....။
လေးအိမ်စု အရှင် ဝိစိတ္တသာရ၏
စကားလက်ဆောင် တရားလက်ဆောင်စာအုပ်မှ----။
No comments:
Post a Comment