/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /http://4.bp.blogspot.com/-64lFCmprlo4/UlIK93uB36I/AAAAAAAAANM/xlqs8O3Iljg/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Thursday, August 15, 2013

*****(ဒု သ န သော) ကံကို ကျူးလွန်ရန် ကြိုးစားနေသူများ ဆင်ခြင်နိုင်ဖို့*****


>ဒီခေါင်းစဉ်လေးနဲ့ကတော့ စာဖတ်သူတွေရဲ့ ခံစားချက် ရှိသူများအတွက် ပြေပျောက်ပါစေခြင်း ငှာ တတ်စွမ်း သမျှ တင်ပြပေးလိုက်တာပါ ။ အရင်လည်း စာေ၇းသူက ကာမေသုမိစ္ဆာစာရ ကံ ထိုက်မထိုက် မှာ ယောကျာ်လေးများ အတွက် သွားလာသင့် မသွားသင့်သော အမျိုးသမီး များအကြောင်းကို တင်ပြပေးခဲ့ပါပြီ ။
ခုဒီမှာက ဒီကံနဲ့ပတ်သပ်လို့ မိန်းကလေးရော ယောက်ျားလေးများပါ အပြစ်မလွတ်ကင်းဘူး ဆိုတာလေးကို တကယ့် အသိစိတ် အတွင်း အဉ္ဇတ္တလေးနဲ့ သိစေချင်တာပါ ။ ကျွန်မတို့ ဗုဒ္ဓမြတ်စွာရဲ့ တရားတော်များဟာ အပိုအလို မရှိ တိကျသေချာလွန်းလို့ မိမိတို့ ဘ၀ကျန်ရှိနေချိန် လေးတွေကို ကောင်းမွန်စွာ သံသရာ အကျိုးများကို သိသိကြီး သည်ပိုး စေချင်လွန်းလို့ ယ္ခုတင်ပြပေးတဲ့ ခေါင်းစဉ်လေးနဲ့ စာကို အသေအချာဖတ်မိကြပါစေလို့ ရည်ရွယ်ရိုးအမှန် ရှိတာမို့ ..............
ကာမေသု မစ္ဆာစာရ ကံဆိုတဲ့ အပြစ်ဒုစရိုက်ဆိုတာ အလွန်ပဲ ကြောက်စရာကောင်းတာမို့ ဗုဒ္ဓမြတ်စွာ ရဲ့တရားတော်က တစ်ယောက်ကို တစ်ယောက်က တဏှာရာဂစိတ်နဲ့ ကြည့်ပြီးတော့နေရင်ပဲ ဒီကံရဲ့ ရှေးပြေးဖြစ်တဲ့ မေထုန်ကလေး ပဲလို့ ဆိုပါတယ် ။ နှစ်ယောက်အတူ အိပ်နေမှ ပူးတွဲနေမှ ဒီကံကို ဖြစ်စေတာမဟုတ်ပါဘူး ။ တစ်ယောက်ကို တစ်ယောက် ကြည့်နေပြီး သာယာနေရင်လည်း မေထုန်ပါပဲ ။ တစ်ယောက်ပေါ်ကို တစ်ယောက်သာယာနေခြင်းတွေကလည်း အကုသိုလ် လောဘ တွေဖြစ်နေလေတော့ တစ်ယောက်စကားကို တစ်ယောက်က ပြောနေတဲ့ အခါ နားစိုက်ပြီးတော့ သာယာနေ ကြတာကလည်း မေထုန်မူ့ပါပဲ ။
ဒီလို မဟုတ်ပဲ သူပေးတဲ့ ပစ္စည်းလေးတွေကို ကြည့်နေပြီးတော့ သာယာနေတာမျိုး သူ့ကိုစိတ်ကူးလေးနဲ့လွမ်း နေတာမျိုး နှစ်လို ကြည့်ဖြူနေတာမျိုးတွေဟာလည်း မေထုန်တွေပါပဲ ။ တို့ ဗုဒ္ဓမြတ်စွာက ကာမေသုမိစ္ဆာစာရကံတွေ အတွက်သန့်ရှင်း စင်ကြယ်စေလွန်းလို့ မဃဒေ၀လင်္ကာမှာ တော်ထွက်တော်မူမယ်ဆိုတော့ မိဖုရားကသူလိုက်ပြီး ရေပူရေချမ်း ကမ်းလှမ်းနေပြီးတော့ ပြုစု လုပ်ကျွေးပါ့မယ်ဆို လို့ ပြောပြခဲ့တဲ့ စကားတွေပါ ။
မြင်နေတာလဲ တစ်ယောက်နဲ့ တစ်ယောက်ရောနေတာပါ ။ အသံကြားနေတာလဲ ရောနေတာပါ ။ သူ့ပစ္စည်း ကိုယ့်ပစ္စည်း သုံးစွဲနေတာလဲ ရောနေတာပါ ။. တစ်ယောက်နဲ့ တစ်ယောက် ထိတွေ့ပြီးနေတာလဲ ရောနေတာပါ ။တစ် ယောက်နဲ့ တစ်ယောက်ဖတ်ပြီး တော့နေတာလဲ ရောနေတာပဲ တဲ့ ။ အဲဒီလို ငါးမျိုးစလုံးကို ငါ မရောက်စေရဘူးတဲ့။
အခုခေတ် တို့ မိန်းကလေးတွေ ယောက်ျားလေးတွေကတော့ တရားအမြင်နဲ့ သိဖို့ဝေးစွ သူတစ်ပါး ချစ်သူ သူတစ်ပါး သားမယား သူတစ်ပါး ခင်ပွန်းလင်မှန်း သိနေပါလျှက် ကိုယ့်က အပျို လူပျို မဟုတ်ပါပဲ လျှက် ဒီ (((( ကံမ အမူ့တွေကို )))) မကြောက်မရွံ့ လွန်ကျူး ချင်နေကြတယ် လွန်ကျူးနေကြတယ် ။ ဒီမှာ တခု မေတ္တာရပ်ချင်တာက အရင်က မိမိ မသိလို့ မလိုက်နာနိုင်လို့ စွဲလမ်းမြတ်နိုးသွားလွန်းလို့ မခွဲနိုင်လို့ ချမ်းသာမူ့ မက်မောလို့ ကိုယ်က ဆင်းရဲ့လွန်းလို့ ဟိုက ချောလွန်းလို့ ..........အို ဘာဖြစ်ဖြစ်ပါကွယ် အခုချိန်က စ သိပြီဆိုရင် သင်နေဖို့ တစ်ရက်ပဲ ကျန်ရှိနေပါစေ အဲဒီကျန်တဲ့ တစ်ရက်လေးကို အကောင်းဆုံး စွန့်လွှတ် နေထိုင် လိုက်ပါ ဒီကံရဲ့ အပြစ်ဆိုးကြီးကနေ ကင်းလွတ်ပါလိမ့်မယ် ။
မြတ်စွာဘုရားရှင်လက်ထပ် အခါက သူဌေးသားလေးယောက် အကြောင်း သိသူလည်းသိမယ် မသိသေးသူ လည်း ဆင်ခြင်နိုင်စွမ်းဖို့ ဒီ ကာမေသုမိစ္ဆာစာရ ကံအမူကြောင့် လောဟကုမ္ဘီ ငရဲမှာ ကျခံနေရတဲ့ သူဌေးသားလေး ယောက် (((( ဒု သ န သော )))) အကြောင်းလေး တင်ပြပေးပါ့မယ် ။
သူတို့ လေးယောက်ဟာ လူ့ဘ၀ ရောက်တုံးရောက်ခိုက် မိစ္ဆာ အယူရယ် ဘာရယ် မဟုတ်ပဲ သူတို့ ချမ်းသာမူ့ နဲ့ အပျော်အပါးလိုက်စားလို့ ကာမေသုမိစ္ဆာ စာရတွေ ကြိုးစားလိုက်တာ လုံးလ၀ီရိယတွေ ထက်သန်လိုက်တာ များ ဘယ်မှာ ဘယ်သူ ရှိသတဲ့ ဆိုရင် သူတို့ ဖျက်ဆီးဖို့ ပိုက်ဆံတွေနဲ့ အမျိုးမျိုး ဖျက်ဆီး လိုက်ကြတာ အပျိုရော အအို ရော ချမ်းသာမပေးပဲ ပျော်ပါးပြီး နေလိုက်ကြရင်းနဲ့ လူ့ဘ၀ ကံအဟုန်ကုန်ဆုံးလို့ သေတော့ ငရဲကို တစ်ခါထဲကျသွား ပါရောပေါ့ ။
အဲဒီကျသွားတဲ့ ငရဲသက်တမ်းကာလ ဘယ်တော့မှ လွတ်မယ်ဆိုတာ မမြင်မိဘူး ။ အနှစ် သုံးသောင်းကြာမှ ငရဲ ကြမ်းပြင်ကိုရောက်မယ် နောက်တစ်ခါ မျက်နှာပြင် ပြန်ေ၇ာက်ဖို့လဲ အနှစ် သုံးသောင်းကြတယ် ။
မျက်နှာပြင်ပေါ် ပေါ်လာခိုက်လေး တစ်ယောက်နဲ့ တစ်ယောက်တွေ့ကြတယ် ကိုးလေ ။ မိတ်ဆွေလေးရောက် ပြော ချင်တဲ့ စကား တစ်လုံးဆီကို ပါးစပ်က ဟပြီး ဒု သ န သော ဆိုပြီး တစ်ယောက်တစ်လုံးပြောမယ် ရှိသေးတယ် အောက်ကို ပြန်ကျသွားရတယ် ။ အဲဒါကို တို့ဗုဒ္ဓမြတ်စွာက အကျယ်ချဲ့တော်မူပေးပါတယ် ။
ပထမတစ်ယောက် ဒုဆိုတာက ..........ဒုဇ္ဇီဝိတမဇီဝိမှ ယေ သန္တေ၂န ဒဒမှသေ ၀ိဇ္ဇမာနေသု ဘောဂေသု ဒီပံ နာကမှ အတ္တနော တဲ့ ဆိုလိုရင်းက ငါတို့ မကောင်းမူ့ ဒုစရိုက်တွေ ပြုလုပ်ခဲ့တယ် စည်းစိမ်ဥစ္စာနဲ့ အလှူခံပုဂ္ဂိုလ်ရှိပါလျက် မပေး လှူခဲ့ကြဘူး ။ မိမိအတွက် ထောက်တည်ရာ အားထားရာ ကုသိုလ်ကောင်းမူ့ မပြုလုပ်ခဲ့ကြဘူးတဲ့ ။
နောက်တစ်ယောက် ((( သ )) သမားကလည်း သဋ္ဌိ ၀ဿသဟဿနိ ပရိပုဏ္ဏာနိ သဗ္ဗသော ။ နိရယေ ပစ္စမာနာနံ ကဒါ အန္တော ဘ၀ိဿတိ ။ တဲ့ ငရဲရောက်တဲ့ အခါမှာ အနှစ် (( ခြောက်သောင်း )) ရှိသွားပြီ ခုပြန်ပြီးတော့ ကျသွားပြန်ပြီ ဘယ်တော့များမှ ဆုံးမယ် မသိတော့ဘူးတဲ့ ။
နောက်တစ်ယောက် (( န )) သမားကတော့ နတ္ထိ အန္တော ကုတော အန္တော နအန္တော ပဋိဒိဿတိ ။ တဒါ ဟိ ပကတံ ပါပံ မမ တုယှဥ္ဏ မာရိသာ။၁ ဆုံးတော့မှာ မဟုတ်တော့ဘူး တို့ ဟိုတုန်းက မကောင်းတာတွေလုပ်မိတာ မိတ်ဆွေတို့ ဆုံးတော့မှာ မ ဟုတ်တော့ဘူး တဲ့ ။
နောက်ဆုံး (( သော )) သမားကတော့ သောဟံ နူန ဣတော ဂန္တာ ယောနိ လဒ္ဓါန မာနုသိံ ။ ၀ဒညူ သီလသမ္ပန္နော ကာဟာမိ ကုသလံ ဗဟုံ ။ ဒီတစ်ခါ လူ့ဘ၀ရောက်ရင်တော့ ဘာဆိုဘာမှ မလုပ်တော့ဘူး ကိုသိုလ်ချည်း လုပ်တော့မယ် နောင်တ ရတဲ့ သူတွေက နောင်တ ဘယ်လောက် ရကြသလဲ လူ့ဘ၀ရဲ့ တန်ဘိုး ဘယ်လောက်သိကြသလဲ ။ ရတဲ့ သူ လူတွေက ဒီတန်ဘိုးကို မသိကြဘူး ဒီလောက်တန်ဘိုး မရှိဘူးလို့ ထင်နေကြတယ် ။
လူ့ဘ၀ရနေ သခိုက်လေးမှာ နောင်တတွေနဲ့ မသေချင်ကြပါနဲ့ ဒီ သူဌေးသားလေးယောက်ကို နမူနာ ယူပြီး အရတော်ခိုက်လေး များ မိန်းကလေး ယောကျာ်းလေးများ ပြုမိမှားနေတဲ့ အမှားတွေကို ပြင်ဆင်ကြပါ ထိန်းသိမ်းကြပါ ။ တစ်ဘ၀စာတောင် သေချာ မူ့ မရှိတဲ့ စွဲလမ်းချစ်ခင်မူ့ တွေကြား ကြောက်စရာကောင်းတဲ့ ကံမအမူ့ဖြစ်တဲ့ (((( ကာမေသုမိစ္ဆာစာရ ကံ )))) ဆိုးကြီးထဲကို မသက်ဆင်းမိအောင် နောက်ဆုက်ကြပါ ။
ကိုယ့်ကြောင့် သူ့တစ်ပါး အိမ်ယာတွေ မပျက်စီး ကြပါစေနဲ့ သူတစ်ပါး ချစ်ခြင်းတွေ မကွဲကြပါစေနဲ့ သူ့မေတ္တာ ကိုယ့်မေတ္တာ သန့်ရှင်းစင် ကြယ်တဲ့ အမူ့တွေနဲ့ လူ့လောကကို အလှဆင်ပေးကြပါ ။ ကိုယ့်ကြောင့် သူတစ်ပါး မျက်ရည်ပေါက် ကြီးငယ် ကျစေရင် ကိုယ်ကရော ဘာမို့လည်း ဘယ်လောက်အတိုင်း အတာ ထိ စွမ်းဆောင် နိုင်မှာလည်း ကိုယ့်ချစ်သူပေါ် ကိုယ့်ဇနီးမယားအပေါ် ကိုယ့် ခင်ပွန်းလင်အပေါ်တောင် သစ္စာ စောင့်သိမူ့ မရှိတဲ့ သူတွေကို လက်တွဲခေါ်ယူရင် သင်တို့ အပေါ်ရော ဘယ်အတိုင်းအတာ လောက်များ ထွေးပွေး ယူဆောင်နိုင်ပါ့ မလည်း ။ မတည်ရာဖြစ်တဲ့ လူ့လောက မာယာတွေကို ကိုယ်ပိုင် အသိဥာဏ်နဲ့ စဉ်းစားပြီး အချိန် တန်နေတုံးလေးမှာ မိမိရဲ့ ပြု့မူနေထိုင်ခြင်းတွေဟာ သူတစ်ပါး အကျိုးကို ဖြစ်ထွန်းစေအောင် စွမ်းဆောင်ကြပါ။
ဒါကြောင့် လူ့ဘ၀လေး ခဏရောက် ခိုက်မှာ သံသရာ ဆိုးကြီးထဲ မကျင်လည် မကျက်စားရအောင် ဒုစရိုက်မူ့ တွေကို ရှောင်ရှားကြပြီး ကံငါးပါးကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံအောင် ဆောက်တည်ခံယူကြပြီး သူဌေးသားလေးယောက် ကဲ့သို့သော ကံမ အမူ့ များကနေ ကင်းလွတ်တဲ့ ဘ၀ကို ပေါ့ပေါ့ ဆဆ မနေဘဲ ကျေးဇူးတရား ကြီးမားပုံ လူ့ ဘ၀ အနှစ်သာတွေကို သိရှိနားလည်ပြီး ကာမေသုမိစ္ဆာစာရ အမူ့ အပျော် အပါးများ မှ ကင်းဝေးတဲ့ ယောက်ျား ကောင်း ယောကျာ်းမြတ် မိန်းမကောင်း မိန်းမမြတ်များ ဖြစ်အောင် စောင့်ထိန်းကြပြီး (( ဒု သ န သော ))သူဌေး သားလေးယောက် ကဲ့သို့သော အပြစ်များမှ ကင်းလွတ်ကြပါစေလို့ ဆုမွန်ခြွေရင်း .............. အားလုံးပျော်ရွှင်နိုင်ကြပါစေ........

တော်ဝင်နှင်းဆီရေးသားသော postမှ ကူးယူမျှဝေသည်။

No comments:

Post a Comment