/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /http://4.bp.blogspot.com/-64lFCmprlo4/UlIK93uB36I/AAAAAAAAANM/xlqs8O3Iljg/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Friday, February 28, 2014

***** "ဗုဒ္ဓ၏အဆုံးအမကို လက်ဆင့်ကမ်းခြင်း"(၈) ****

Photo: "ဗုဒ္ဓ၏အဆုံးအမကို လက်ဆင့်ကမ်းခြင်း"(၈)
*********************************

                  မြတ်စွာဘုရားရဲ့ အဆုံးအမကို အနှစ်ချုပ်ပြောရမယ်ဆိုလို့ရှိရင်

ကုသိုလ်ဖြစ်တဲ့အလုပ် မှန်သမျှ လုပ်ကောင်းတယ်၊

အကုသိုလ်ဖြစ်တဲ့အလုပ် မှန်သမျှ မလုပ်ကောင်းဘူး၊

ဒီလိုပဲ သတ်မှတ်တယ်၊

တချို့ကျတော့ ဒါလုပ်ကောင်းလား မလုပ်ကောင်းဘူးလား၊

တချို့ ဘုန်းကြီးကျောင်းထဲ ဖိနပ်စီးကောင်းလား မေးတဲ့လူက ရှိသေးတယ်နော်၊

အဲတော့ ကိုယ့်စိတ်ပေါ်မှာ မူတည်တယ်နော်၊

ဪ ဒါ သံဃာတွေ သီတင်းသုံးတဲ့နေရာပဲ၊
ဘုရားကျောင်းကန်တွေရှိတယ် respect ပေးလို့ ချွတ်ရင် ကုသိုလ်ရတယ်၊
ဒါမှန်တယ်၊

မချွတ်ချင်ဘူး ဆိုရင်လည်း မလေးမစားလုပ်တာ မဟုတ်ရင် အကုသိုလ်မဖြစ်ဘူး။

                   သံဃာတွေ့နဲ့တွေ့ရင် ချွတ်တယ်၊

သို့သော် ဗမာပြည်မှာ ဆန့်ကျင်နေတာတစ်ခုရှိတယ်၊

ဘုန်းကြီးကျောင်းထဲဝင်ရင် စက်ဘီးပေါ်က မဆင်းဘူး၊
မော်တော်ဆိုင်ကယ်ပေါ်က မဆင်းဘူး၊
ဖိနပ်တော့ ချွတ်တယ်၊
ဒါ အဓိပ္ပာယ်မရှိဘူးနော်၊

ဖိနပ်ထက် မော်တော်ဆိုင်ကယ်တို့၊ ကားတို့က ပိုကြီးတဲ့ယာဉ်ပဲ၊

အဲဒီတော့ ဆိုလိုတာက ကားပေါ်ကဆင်းပြီး ဖိနပ်စီးလာတာ အကောင်းဆုံးပဲပေါ့၊
ဒီလို ဆိုလိုတာပေါ့၊

ရှေးတုန်းကဆိုရင် ဘုရား ကျောင်းကန်ဝင်လို့ရှိရင် ဆင်တွေ၊ မြင်းတွေကို အပြင်ဘက်မှာ ထားခဲ့တယ်၊
ဖိနပ်စီးပြီး ၀င်လာကြတယ်၊
ဘုရားနဲ့တွေ့တဲ့ အခါကျတော့မှ ဖိနပ်ချွတ်ပြီး ရှိခိုးကြတယ်၊

ဒီလို ကျောင်းထဲမှာ ဖိနပ်မစီးရဘူးဆိုတဲ့ အယူအဆတစ်ခုဟာ အလေးပြုရာကနေပေါ်လာတာ၊

သို့သော် ရည်ရွယ်ချက်ကောင်းရင် အပြစ်ရှိတယ်လို့ ပြောလို့မရဘူး၊

စီးသည့်အတွက်ကြောင့် အပြစ်မရှိဘူး၊
စော်ကားလို၍ လုပ်ရင်တော့ အပြစ်ရှိတယ်၊

လေးစားလို့လုပ်တယ်ဆိုရင် ကုသိုလ်ကောင်းမှုရတယ်၊
ကောင်းတဲ့အလုပ် လုပ်တယ် ဒီလိုပြောရမယ်၊

ဘုန်းကြီးတို့ရွာမှာဆိုရင် ကျောင်းထဲမပြောနဲ့ ကျောင်းရှေ့က ဖြတ်သွားရင်တောင် ဖိနပ်ချွတ်သွားကြတယ်၊
ဒါ အစဉ်အလာတစ်ခုပဲနော်။
tradition လို့ ခေါ်တယ်၊
ဘုရားက ချွတ်ခိုင်းတာ မဟုတ်ဘူး၊

ဘုန်းကြီးတွေ ရွာထဲသွားရင် ဖိနပ်မစီးရဘူး၊
အခုတော့လည်း စီးနေကြတာပဲ။

                အဲဒီလို ပြောင်းတိပြောင်းပြန်တွေပေါ့၊
ဘုရားဆုံးမတာတွေနဲ့ တချို့ဟာ ပြောင်းတိပြောင်းပြန်တွေ ဖြစ်တယ်ပေါ့၊

တချို့က သိမ်ထဲကို အမျိုးသမီး မ၀င်ကောင်းဘူးလို့ ပြောကြတယ် မဟုတ်ပါဘူး၊
မ၀င်ကောင်းဘူးလို့ပြောတာ မဟုတ်ပါဘူး၊

ကိုယ့်လောက်မှ တန်ဖိုးမရှိတဲ့ အိမ်မြှောင်တွေတောင် သိမ်ထဲမှာ နေကြတာပဲ၊
အမျိုးသမီးက အိမ်မြှောင်ထက် မြတ်ပါသေးတယ်၊

ဆိုလိုတာက ဒီ မှားမှားယွင်းယွင်း ပြောဆိုရင်းကနေ ဒီလိုဖြစ်လာတယ်၊

ရှင်သာရိပုတ္တရာတို့ သမုတ်တဲ့သိမ်က ရာဇဂြိုဟ်မြို့ ကျောင်းကြီးတစ်ဆယ့်ရှစ်ကျောင်းကို ခြုံပြီးတော့ သိမ်တစ်လုံးထဲသမုတ်ထားတာ၊
အဲဒီထဲမှာ အမျိုးသမီးတွေကော၊ အမျိုးသားတွေကော၊ အိမ်တွေကော၊ ရွာတွေကော အကုန်လုံး ရှိနေတာပဲနော်၊

ဒါကြောင့်မို့ မ၀င်ကောင်းဘူးဆိုတာ မဟုတ်ဘူး။

တစ်နေ့က ဘုန်းကြီးတစ်ပါးက ဖုန်းဆက်ပြီးတော့ မေးတယ်၊
ဆရာတော် သိမ်ထဲမှာ အိမ်သာ "ကုဋီ"ဆောက်ချင်လို့ ဆောက်လို့ရလား၊
သိမ်ထဲမှာ ကုဋီဆောက်ကောင်းလားလို့ မေးတယ်၊

ရှင်သာရိပုတ္တရာ သမုတ်တဲ့ သိမ်ထဲမှာတော့ ဘယ် ကုဋီတင်ကမှာတုန်း၊

သိမ်ဆိုသည်မှာ ရဟန်း၊ သံဃာတွေအတွက် ကံဆောင်ဖို့ရာအတွက် ဧရိယာလေးတစ်ခု သတ်မှတ်တာပဲရှိတယ်၊
အဲဒါတွေ မဆိုင်ဘူးလို့ အဲဒီလို ပြောပြလိုက်ရတယ်၊
သိမ်ထဲမယ် မလုပ်ကောင်းဘူး ဒီလိုမရှိပါဘူးလို့၊
ကိုယ့်ဟာကိုယ် သင့်တော်၏ မတော်၏ ကိုယ့်ဟာကိုယ် ဆုံးဖြတ်တာပေါ့နော်၊

အေး ဒါကြောင့်မို့ နေ့စဉ်လုပ်နေတဲ့ အလုပ်တွေထဲမယ် ဘုရားအဆုံးအမတွေ မှန်မှန်ကန်ကန် သိကြဖို့ရာ အင်မတန်မှ အရေးကြီးတယ်။

အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ(Ph.D)

…………………………………………………………

(ဆက်လက် ကူးယူ ပူဇော်ပါရစေ၊
Post တိုင်းကို လွတ်လပ်စွာ share နိုင်ပါတယ်၊
ကျေးဇူးတင်ပါတယ်ရှင်)  

 "ဗုဒ္ဓ၏အဆုံးအမကို လက်ဆင့်ကမ်းခြင်း"(၈)
*********************************
မြတ်စွာဘုရားရဲ့ အဆုံးအမကို အနှစ်ချုပ်ပြောရမယ်ဆိုလို့ရှိရင်
 

ကုသိုလ်ဖြစ်တဲ့အလုပ် မှန်သမျှ လုပ်ကောင်းတယ်၊

Thursday, February 27, 2014

**** အစွဲနှင့် ခန္ဓာကိုယ်ကြီး ****


 
အစွဲနှင့် ခန္ဓာကိုယ်ကြီး

(၁)ကာမုပါဒါန်= အာရုံငါးပါး ကာမဂုဏ်တရားတို့ကို စွဲလန်းမှု။

(၂)ဒိဋ္ဌုပါဒါန်= အယူဝါဒစွဲ။

**** သူ့အကျိုးဟာ ကိုယ့်အဆိုး မဖြစ်ပါစေနဲ့ ****

Photo: “သူ့အကျိုးဟာ ကိုယ့်အဆိုး မဖြစ်ပါစေနဲ့”
•••••••••••••••••••••••••••••
လောကမှာ တစ်ချို့က တစ်ခါတလေ 
ကိုယ်နဲ့အယူအဆ မတူတဲ့သူတွေ၊ 
ကိုယ်နဲ့မတည့်တဲ့ သူတွေ၊ 
မဟုတ်တာ လုပ်တဲ့သူတွေ ဒုက္ခရောက်သွားတဲ့အခါ၊ 
အဆိုးတွေ ကြုံသွားတဲ့အခါ “ဝမ်းသာအားရ”
ဖြစ်တတ်ကြပါတယ်။
အမုန်းတရားနဲ့ ရင်ထဲမှာ 
ကြိတ်ပြီးဝမ်းသာနေတတ်ပါတယ်။ 
“နည်းတောင်နည်းသေးတယ်”ဆိုပြီး စိတ်ထဲမှာ 
အကျေနပ်ကြီး ကျေနပ်နေတာတွေ ရှိတတ်ပါတယ်။ 

အဲဒီလို သူများဒုက္ခရောက်သွားတဲ့ အပေါ်မှာ 
ကိုယ်က ဝမ်းမြောက်ဝမ်းသာဖြစ်မိတာဟာ 
“ကောင်းတဲ့စိတ်”မဟုတ်ပါဘူး။ 
ကိုယ်နဲ့တည့်တာ၊ မတည့်တာတွေ ခဏထား။
သူကောင်းတာ မကောင်းတာ အသာထားပြီး 
ကိုယ့်ရှုထောင့်က ကိုယ်စဉ်းစားကြည့်ကြဖို့တော့ 
လိုပါတယ်။ 

သူမကောင်းလို့ သူ့အပြစ်နဲ့ သူခံရတာဟာ 
သူ့အကြောင်းကြောင့် အကျိုးဖြစ်တဲ့ သဘောပဲ ဖြစ်ပါတယ်။ 
အဲဒါကို ကိုယ်ကသူများဒုက္ခရောက်တဲ့ အပေါ်မှာ 
ဝမ်းသာအားရ ဖြစ်မိတာတော့ ကိုယ့်ကိုကိုယ် “အကုသိုလ်”
ဝင်ယူသလို ဖြစ်နေတတ်ပါတယ်။ 

အဘိဓမ္မာမှာ တော့ ဉာဏ်မယှဉ်တဲ့ ဝမ်းမြောက်မှု
လုပ်ရပ်ဟာ “အကုသိုလ်စိတ်တစ်မျိုး”ပဲလို့ ဆိုပါတယ်။ 
ဒါဟာ သတိပြုစရာ အချက်တစ်ခုပါ။

အမှန်တော့ ပုထုဇဉ်သဘာဝ 
ကိုယ့်အပေါ်မှာ မကောင်းတဲ့သူ၊ 
လောကကောင်းကျိုးမပြုတဲ့ သူတွေ သူတို့အပြစ် 
သူတို့ခံရတဲ့အခါ အများအတွက်ကြည့်ပြီး ကိုယ်က 
ဝမ်းမြောက်မိတတ်ပေမယ့် တကယ်ထားသင့်တဲ့ 
စိတ်ထားက “အကုသိုလ် သောမနဿ”မျိုး မဟုတ်ဘဲ 
“သဗ္ဗေသတ္တာ ကမ္မဿကာ”ဆိုတဲ့ အတွေးမျိုးထားရမှာပါ။ 

သူတပါးဒုက္ခရောက်တဲ့ အပေါ်မှာ ဝမ်းမြောက်ဖို့ထက် 
“သူ့ကံ သူခံသွားတဲ့ သဘောပါလား”လို့ 
“မချစ်မမုန်း ဥပေက္ခာနှလုံး”နဲ့ ဆင်ခြင်တတ်ရမှာ ဖြစ်ပါတယ်။ 

ဒါမှ သူ့အပြစ်ဟာ ကိုယ့်အပြစ်မဖြစ်မှာပါ။ 
မဟုတ်ရင် သူများကိုကြည့်ပြီး 
ကိုယ့်မှာ “အပြစ်တွေ” ဖြစ်နေတတ်ပါတယ်။ 
ဒါဟာလည်း ပုထုဇဉ်သဘာဝ ကိုယ့်စိတ်ကိုယ်
ပြုပြင်ကျင့်သုံးသင့်တဲ့ အချက်ပဲ ဖြစ်ပါတယ်။

မေတ္တာဖြင့်
-【ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)】 

Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm  

 “သူ့အကျိုးဟာ ကိုယ့်အဆိုး မဖြစ်ပါစေနဲ့”
+++++++++++++++++++++++
လောကမှာ တစ်ချို့က တစ်ခါတလေ
ကိုယ်နဲ့အယူအဆ မတူတဲ့သူတွေ၊
ကိုယ်နဲ့မတည့်တဲ့ သူတွေ၊

**** အခက်အခဲကို ရင်ဆိုင်ဖြေရှင်းခြင်း ****

Photo: “အခက်အခဲကို ရင်ဆိုင်ဖြေရှင်းခြင်း”
•••••••••••••••••••••••••••••
မနေ့က စာတွေလိုက်ဖတ်ရင်းနဲ့ 
သြစတေးလျဘုန်းတော်ကြီး 
“အရှင်ဗြဟ္မ၀ံသ” ရဲ့ ဆောင်းပါးလေးတွေကို
ဖတ်ဖြစ်တယ်။ 
အဲထဲမှာ ဆုံးဖြတ်ချက်ချတာနဲ့ပတ်သတ်ပြီး 
အိုင်ဒီယာတစ်ခု သဘောကျလို့ မျှဝေချင်ပါတယ်။ 
တကယ်တော့ လူတိုင်းမှာ ပြဿနာပေါင်း 
သောင်းခြောက်ထောင် တစ်ခုပြီးတစ်ခု ပေါ်နေတာပါပဲ။ 
အဲလို ပြဿနာပေါ်လာတဲ့အခါမှာ ဖြေရှင်းဖို့နည်းလမ်းတွေ 
များ စွာရှိပါတယ်။ ထိုနည်းတွေထဲကမှ 
သင့်တော်မယ့်နည်းလမ်းကို ရွေးချယ်ဖို့အတွက် 
ဆုံးဖြတ်ချက်ဟာ အရေးကြီးပါတယ်။

ပြဿနာနဲ့ ကိုက်ညီမယ့် ဆုံးဖြတ်ချက်ချရမှာပေါ့။ 
ဆုံးဖြတ်ချက်မှားသွားရင် ပြဿနာပိုကြီးနိုင်ပါတယ်။
အချို့ကတော့ ပြဿနာကြုံတဲ့အခါ သူများရဲ့ 
ဆုံးဖြတ်ချက်ကို မျှော်လင့်ကြတယ်။ 
ကိုယ်တိုင် မဆုံးဖြတ်တတ်ကြဘူး။
www.facebook.com/youngbuddhistassociation.mm
ဆရာတော်ပြောထားတဲ့ ဥပမာလေးကတော့...
“သင် ဘက်စ်ကားလမ်းဆုံရောက်တဲ့အခါ၊ 
ကိုယ်သွားမယ့်နေရာကို ရောက်နိုင်မယ့် 
“လိုင်းကား”ကိုလည်း သေချာမသိရ တဲ့အခါမျိုးမှာ 
လမ်းဘေးကို ခဏကပ်ပြီး လာမယ့်ကားတွေကို 
စောင့်နေလိုက်ပါ။ 
မကြာခင် လိုင်းကားတွေ လာပါလိမ့်မယ်။ 
လိုင်းကားရှေ့မှာ သူတို့ရဲ့ ဦးတည်ချက်နေရာတွေကို 
ရေးထားပါတယ်။ အဲဒါကို ကြည့်ပြီး ကိုယ်သွားမယ့်နေရာနဲ့ 
ကိုက်လား ကြည့်ရမယ်။ ကိုယ်သွားမယ့်နေရာနဲ့ 
ကိုက်ညီရင် တက်စီးသွားလိုက်ပါ။ 
မကိုက်ညီရင် နောက်ကားစောင့်ပေါ့။

အလားတူပါပဲ၊ ဆုံးဖြတ်ချက်တစ်ခု ချတဲ့အခါ၊ 
ဘယ်လို ဆုံးဖြတ်ချက်မျိုးချရမလဲဆိုတာ 
မသေချာတဲ့အခါမျိုးမှာ ခဏလေး ဘရိတ်အုပ်ပြီး 
စောင့်နေလိုက်ပါ။ မကြာခင် ဖြေရှင်းချက်တစ်ခု
ပေါ်လာပါလိမ့်မယ်။ ဖြေရှင်းချက်တိုင်းမှာ 
ဦးတည်ချက်ဆိုတာ ရှိပါတယ်။
ပေါ်လာတဲ့ ဖြေရှင်းချက်ဟာ ကိုယ့်အခက်အခဲကို 
ပြေလည်စေမယ့် ဦးတည်ချက်ပါဝင်လားဆိုတာ 
စဉ်းစားရမယ်။ 

ကိုယ့်ဦးတည်ချက်နဲ့ကိုက်ညီတယ်ဆိုရင် 
ရဲရဲဆုံးဖြတ်ပြီး လုပ်ဆောင်လိုက်ပါ။ 
မကိုက်ညီဘူးဆိုရင်တော့ “အခြား ဖြေရှင်းချက်တွေ”
ထပ်ပြီး စဉ်းစားချဉ်းကပ်ရမှာပေါ့။
www.facebook.com/youngbuddhistassociation.mm
ကိုယ်သည်းခံပြီး စောင့်နိုင်သလောက်စောင့်ပါ။ 
“အကောင်းဆုံးအဖြေ” တစ်ခု ပေါ်လာပါလိမ့် မယ်။”
ဒါကြောင့် ပြဿနာကြုံရင် စိတ်ဓာတ်မကျပါနဲ့။ 
ဖြေရှင်းဖို့နည်းလမ်းတွေ၊ ပြဿနာချဉ်းကပ်နည်းတွေ 
အများကြီးရှိပါတယ်။ ကိုယ်နဲ့သင်တော်မယ့် 
နည်းလမ်းကိုရွေးပြီး ဆုံးဖြတ်ချက်ချလိုက်ပါ။ 
ဒါဆို ပြေလည်သွားပါလိမ့်မယ်။

- 【ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ】

Dhamma Danã Source ►
【ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ】 &
www.facebook.com/youngbuddhistassociation.mm“အခက်အခဲကို ရင်ဆိုင်ဖြေရှင်းခြင်း”
•••••••••••••••••••••••••••••

မနေ့က စာတွေလိုက်ဖတ်ရင်းနဲ့
သြစတေးလျဘုန်းတော်ကြီး
“အရှင်ဗြဟ္မ၀ံသ” ရဲ့ ဆောင်းပါးလေးတွေကို
ဖတ်ဖြစ်တယ်။

*** တိုတောင်းလှတဲ့ ဘဝ လေးမှာ ***

Photo: တိုတောင်းလှတဲ့ ဘဝ လေးမှာ
********************
(1) စိတ်ကောင်းထားပါ။
------------------------------
စိတ်ကောင်းရှိသူတိုင်းဟာ လှနေပါတယ်ဘာမှမပိုင် ရင် တောင်
ဒီတခုကိုတော့ ပိုင် အောင် လုပ်သင့်တယ်……

(2) ဒေါသနဲ့ ဝေးဝေးနေပါ..
--------------------------------
ဒေါသက နာကျင် မှု့ တွေ ပေးလို့ပါ။
သင့် ကိုယ် တိုင် ကိုရော ပတ်ဝန်းကျင် ကိုရောပေါ့။
၁ မိနစ် ဒေါသထွက် ရတိုင်း စက္ကန့် ၆၀စာ ပျှော်ရွှင် မှု့ တွေ
ဆုံးရှုံးသွားရတာကို မ မေ့ပါနဲ့။

(3) ကိုယ်က မှန်နေတယ်ဆိုရင် စိတ်ဆိုးနေစရာမလိုပါ……
---------------------------------------------------------
တကယ်လို့ ကိုယ့်ဘက်က မှားနေတယ်ဆိုရင် လည်း ကိုယ်က ဘာမှစိတ်ဆိုးပိုင်ခွင့်မရှိတာကို နားလည်လိုက်ပါ……

(4) မိသားစုဝင်တွေအပေါ်
-------------------------------------
သည်းခံခြင်းဟာ ချစ်ခြင်းမေတ္တာကို ဖော်ညွှန်းတယ်...
တခြားသူတွေအပေါ်သည်းခံခြင်းဟာ လေးစားမှုကို ဖော်ညွှန်းတယ်...
ကိုယ့်ကိုယ်ကိုသည်းခံနိုင် ခြင်းဟာ
မိမိကိုယ်ကို ယုံကြည်မှု ရှိတာကိုဖော်ညွှန်းတယ်...
အခြေ အနေ တွေကို အလိုက်သင့်သည်းခံခြင်းဟာ
ကိုယ့်ရဲ့ ကိုယ် ရည်ကိုယ်သွေးအရည်အချင်းကို ဖော်ညွှန်းတယ်...

(5) အတိတ်အကြောင်းကို သိပ်မတွေးပါနဲ့...
------------------------------------------------
မျက်ရည်တွေပဲ ကျလာရင် ကိုယ်ပဲ ဝမ်းနည်းရမယ်လေ…
အနာဂတ်အကြောင်းကိုသိပ်မတွေးပါနဲ့..
စိုးရိမ်ကြောက်ရွံ့မှုတွေ အားငယ်မှု့ တွေ ကသင့်ကို နှိပ်စက်လာလိမ့်မယ်။
ပစ္စုပ္ပန် လက်ရှိအချိန်မှာအ ကောင်းဆုံးစိတ်ထား
အကောင်းဆုံးအလုပ်တွေနဲ့နေထိုင်ပါ...
ကောင်းချီးသြဘာတွေ ဆိုက်ရောက်လာပါလိမ့်မယ်...
ဒါက လက်ဆောင် မွန်ဖြစ်လာပါလိမ့်မယ်

(6) ဘဝရဲ့ စမ်းသပ်ချက်တိုင်းက
-----------------------------------
ပိုမိုကောင်းမွန်လာစေသလို ပိုပြီးခါးသီးသွားစေနိုင် တာလည်း
ရှိတတ်တာကို မေ့မထားပါနဲ့ ။
ကြုံတွေ့ရတဲ့ ပြဿနာတိုင်းဟာ အတွေ့အကြုံကောင်းကို
တည်ဆောက်ပေးနိုင် သလို အမှားအဖြစ်လည်း သင့် ကို
ချိုးဖျက်နိုင် ပါတယ်...
ဒူးထောက်မလားဆက်လျှောက်မလားဆိုတာကတော့
သင့်ရွေးချယ်မှုအပေါ်မှာပဲ မူတည်နေပါတယ်...

(7) လှသောတဲ့အရာတိုင်းဟာ အမြဲတမ်းမကောင်းနိုင် ပေမယ့်
------------------------------------------------------------------
ကောင်းတဲ့အရာတိုင်းကတော့အမြဲတမ်းလှနေပါတယ်...
ပြောရ ရင် လှတာထက်ကောင်းတာကိုဦးစားပေးဖို့ပါ။

(8) ပျော်ရွှင်မှုဟာ သင့်ကို ချစ်ဖွယ်သော အရာတွေကို ယူဆောင် ပေးတယ်။
-----------------------------------------------------------------------------------
ဒါကြောင့် အမြဲပျော်ရွှင်နေရအောင် တတ်နိုင်သမျှ ကြိုးစားသင့်တယ်...
အနည်းဆုံးတော့…………………
ပြုံးလိုက်ပါ။

*ငြိမ်းလဲ့ 

တိုတောင်းလှတဲ့ ဘဝ လေးမှာ
********************
(1) စိတ်ကောင်းထားပါ။
စိတ်ကောင်းရှိသူတိုင်းဟာ လှနေပါတယ်ဘာမှမပိုင် ရင် တောင်
ဒီတခုကိုတော့ ပိုင် အောင် လုပ်သင့်တယ်……

"ဗုဒ္ဓ၏အဆုံးအမကို လက်ဆင့်ကမ်းခြင်း"(၇)

 Photo: "ဗုဒ္ဓ၏အဆုံးအမကို လက်ဆင့်ကမ်းခြင်း"(၇)
********************************

               တစ်ခါတုန်းက မက္ကဆီကိုက ဗုဒ္ဓဘာသာဖြစ်ကာစ၊
မက္ကဆီကိုနိုင်ငံဆိုတာ အားလုံးသိတြဲ့အတိုင်းပဲ ခရစ်ယာန်များတဲ့နိုင်ငံပဲ၊
အဲဒီမက္ကဆီကိုက ဗုဒ္ဓဘာသာဖြစ်စ လူ(၃၀)လောက် ဘုန်းကြီးတို့ဆီရောက်လာတယ်၊

ရောက်လာတဲ့အခါကျတော့ မန္တလေးက မဟာမြတ်မုနိဘုရားကြီး ၀င်ဖူးပြီးတော့ စစ်ကိုင်းရောက်လာတယ်၊
ခွင့်တောင်းတယ်၊ ဆရာတော်နဲ့တွေ့တုန်း မေးစရာရှိတာလေး မေးချင်ပါတယ်လို့၊ မေးပါလို့ဆိုပြီးတော့၊

အဲဒီလိုမေးတဲ့အထဲမယ် အမျိုးသမီးတစ်ယောက်က ဘာမေးတုံးဆိုရင်
"ဘုရားကြီး ၀င်ပြီးဖူးတဲ့အခါမှာ အမျိုးသမီးမ၀င်ရ ဆိုတဲ့ ဆိုင်းဘုတ် တွေ့လာတယ်တဲ့၊ ဗုဒ္ဓဘာသာက အဲဒီလို ခွဲခြားဆက်ဆံသလား"တဲ့၊
မကျေမနပ်မေးတယ်နော်၊

ရွှေတိဂုံဘုရားရဲ့ အလယ်ပစ္စယံ အမျိုးသမီးမတက်ရ ရှိတယ်မဟုတ်လားနော်၊

ကျိုက်ထီးရိုးကျတော့ တံတားကို အမျိုးသမီးမကူးရ ရှိတယ်လေ၊

အဲဒါ Guide တွေ ခဏခဏ ပြဿနာ တက်တယ်၊
နိုင်ငံခြားအမျိုးသမီးတွေကလည်း အင်မတန် စွာတာလေ မရဘူး၊ သူက ယောက်ျားရှေ့က နေချင်တာ၊
အဲတော့ ယောက်ျားတွေချည်း တစွက်စွက်ဝင်သွားပြီး တို့တော့ မ၀င်ရဘူးဆိုတော့ ဒါက တို့ကို သက်သက်နှိမ်တယ်လို့ စိတ်ထဲမှာ ဒီလို အောက်မေ့တယ်၊
အဲဒါ ဗုဒ္ဓဘာသာလားတဲ့ မေးတယ်၊

                ဘုန်းကြီးက သူတို့အကြောင်းတွေ သိထားတော့ 

"This is not Buddhism"
ဒါက ဗုဒ္ဓဘာသာအယူအဆ မဟုတ်ဘူး၊
ဗုဒ္ဓ၀ါဒ မဟုတ်ဘူး၊

"This is a tradition"
မြန်မာတို့ရဲ့ ဓလေ့ထုံးစံခေါ်တယ်လို့၊
ဒါ ဗုဒ္ဓဘာသာနဲ့ မဆိုင်ဘူးလို့၊

ဒါ မြန်မာလူမျိုးတွေရဲ့ "tradition "လို့ ပြောတော့ ကျေနပ်သွားတယ်၊

သူတို့ကို guide လုပ်တဲ့လူတွေကို ပြောရတယ်၊ မင်းတို့ ရှည်ရှည်ဝေးဝေးတွေ လျှောက်မပြောနဲ့
guide လုပ်တဲ့လူက အမျိုးသမီးတွေ ဘုရားရှေ့မှာ မတော်လို့လို့၊ ထမီတွေနဲ့ ဘာဖြစ်လို့ ညာဖြစ်လို့ အဲဒီလိုတွေ မပြောနဲ့လို့၊

မင်း သူတို့ဆီမှာ ထမီ ခေါင်းပေါင်းပြီး ရေချိုးတဲ့ ယောက်ျားတောင် ရှိသေးတယ်လို့၊ တကယ်တွေ့ခဲ့တာ၊
သီဟိုဠ်မှာဆိုရင် သူတစ်လှည့် ကိုယ်တစ်လှည့် ၀တ်နေတာ၊ ထမီရယ် လုံချည်ရယ် ရှိတာမဟုတ်ဘဲ၊ ဘာမှမထူးဘူး၊

ခေါင်းအုံးပေါ်လည်း ခြေထောက်တင်တာပဲ၊ အဲဒီလူတွေ၊
အဲတော့ ခြေထောက်က နိမ့်ကျပြီး ခေါင်းက မြတ်တယ်လို့ ဘယ်လိုလုပ် ပြောလို့ရမှာလဲ၊ ခန္ဓာကိုယ်တစ်ခုလုံးဟာ တူတူပဲပေါ့။

                   သို့သော် ဗမာတွေ အယူအဆနော်၊ ခေါင်းရင်းဆိုရင် အမွန်အမြတ် ထားတယ်လေ၊ ခေါင်းရင်းကို ခြေထောက်ထားရင် အလွန် စိတ်ဆိုးမယ်၊ ဒါက tradition ပဲပေါ့၊ 

ခေါင်းမကိုင်နဲ့၊ ခေါင်းကိုင်ရင် မကြိုက်ဘူး၊
ထိုင်းလေးတွေဆိုရင် ခေါင်းသွားကိုင်ရင် ရန်သူပဲ၊

အဲဒါ သီဟိုဠ်တွေက ဘာရယ်မဟုတ်ဘူး၊ လူကိုချစ်လို့ရှိရင် ခေါင်းကိုင်တယ်၊

အဲဒီလိုမျိုးတွေ တစ်ဦးနဲ့ တစ်ဦး tradition တွေက မတူဘူး၊

ပြီးတော့ သီဟိုဠ်တို့ Chinese တို့က တစ်ခုခုပြရင် လက်နဲ့ မပြဘူး ခြေထောက်နဲ့ ပြတယ်၊
(ဗမာကျတော့ ဒါ အင်မတန် ရိုင်းတယ်) ဒါ သူတို့ tradition ပဲလို့ ကိုယ်က နားလည်လို့ရှိရင် ပြဿနာမဖြစ်ဘူး၊
"ဟာ ဒီကောင် ရိုင်းလှချည်လား"ဆို ရန်ဖြစ်ကြ၊ သူကလည်း ဘာရိုင်းမှန်း မသိဘူး၊
ရိုင်းလှချည်လားဆို၊ သူ့ကိုယ်သူလည်း ဘာရိုင်းမှန်းမှမသိတာ၊
သူလုပ်နေကျပဲ၊ ခြေထောက်နဲ့ ပြတယ်လေ၊ ဒါ သူ့ခြေထောက်အားလို့ ခြေထောက်နဲ့ ပြတာပေါ့၊ ကိုယ်အားတာ ကိုယ်လုပ်တာ၊ လက်နဲ့ခြေထောက် တူတူ ပိုင်တာပဲ၊ အဲဒီလို၊

သို့သော် tradition အရ ဒါတွေ ရိုင်းစိုင်းတယ်လို့ ယူဆတယ်၊
ယဉ်ကျေးတယ်လို့ ယူဆကြတယ်၊
အဲဒီလိုယူဆတာ။

                    သီဟိုဠ်ကျွန်း သွားကြည့်ရင် တရားနာပြီဆိုလို့ရှိရင် အမျိုးသမီးတွေက ဒူးတုပ်ပြီး မထိုင်နိုင်ဘူး၊ ဘာလုပ်တုန်း၊
ဘုန်းကြီးဘက် ခြေထောက်လေးတွေဆင်းပြီး ထိုင်ကြတယ်၊
အမျိုးသားတွေက ဒူးထောင်ပေါင်ကား ထိုင်ကြတယ်၊
အဲတော့ အမျိုးသမီးတွေထိုင်တာ ကြည့်လိုက်လို့ရှိရင် ဘုန်းကြီးဘက်ကို ခြေဆင်းထိုင်ကြတယ်၊
လက်အုပ်တော့ ချီထားတယ်၊
ခြေစုံလက်စုံမိုးတယ်ဆိုတာ အဲဒါခေါ်တာ၊
ဒါ ဗုဒ္ဓဂယာ သွားတဲ့လူတွေ သီဟိုဠ်အဖွဲ့ ဘုရားဖူးလာတယ်ဆိုရင် တွေ့လိမ့်မယ်၊ ဒီအတိုင်းပဲ တွေ့ရတတ်တာပဲနော်၊ ခြေစုံလက်စုံမိုး၊ ဒါ သူတို့ tradition ပဲ၊ သွားပြောလို့ မရဘူးလေ၊
သူတို့မှာ ခြေထောက်ကို ယုတ်ညံ့တယ်လို့ မသတ်မှတ်ဘူး၊

ဗမာကတော့ ခြေထောက်ကို အလွန်ယုတ်ညံ့တယ်၊ ယုတ်ညံ့သည့်အတွက်ကြောင့် လူကြီး သူကြီးရှေ့ဆိုရင် ခြေထောက်ဖော် မထိုင်ရဘူး၊
နောက်ပစ်ထားရတယ်နော်၊

သူတို့ကျတော့ ခြေထောက်နဲ့ခေါင်း တူတူပဲ၊
ဘာမှမထူးဘူး။

                   အေး မြတ်စွာဘုရားရဲ့ အဆုံးအမ အမှန်တွေဟာ ဒီ tradition တွေကနေ ခွဲထွက်ဖို့ လိုအပ်တယ်၊

tradition တွေကနေ ခွဲမထွက်နိုင်ဘူးဆိုရင် ဗုဒ္ဓရဲ့ အဆုံးအမလိုလို ဘာလိုလိုနဲ့ ရောထွေး ၀င်ရောက်နေတာ၊

ဗုဒ္ဓရဲ့အဆုံးအမ အစစ်က ခုနကပြောတဲ့ အတိုင်းပဲ၊

ဘယ်အချိန်လုပ်လုပ် ကောင်းတာလုပ်ရင် ကောင်းတဲ့ နက္ခတ်ပဲ၊

ကောာင်းကင်က ကြယ်တွေက ကိုယ့်ကို
ဘာမှ မတတ်နိုင်ဘူး၊
ကောင်းကင်နက္ခတ်တွေက ကိုယ့်ကို ဘာမှမတတ်နိုင်ဘူး၊

ကိုယ်လုပ်သင့် မလုပ်သင့် ကိုယ့်ဟာကိုယ်ပဲ နားလည်ရမယ်၊

အကုသိုလ် မဖြစ်အောင် လုပ်ရမယ်၊

ကုသိုလ်ဖြစ်အောင် သတိဆောင်ရမယ်၊

ဒါ မြတ်စွာဘုရားရဲ့ အဆုံးအမ အခြေခံပဲ။

အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ(Ph.D)

…………………………………………………………

(ဆက်လက် ကူးယူ ပူဇော်ပါရစေ၊
လွတ်လပ်စွာ share နိုင်ပါတယ်၊
ကျေးဇူးတင်ပါတယ်ရှင်)
"ဗုဒ္ဓ၏အဆုံးအမကို လက်ဆင့်ကမ်းခြင်း"(၇)
********************************
တစ်ခါတုန်းက မက္ကဆီကိုက ဗုဒ္ဓဘာသာဖြစ်ကာစ၊
မက္ကဆီကိုနိုင်ငံဆိုတာ အားလုံးသိတြဲ့အတိုင်းပဲ ခရစ်ယာန်များတဲ့နိုင်ငံပဲ၊

ရောဂါပိုးတွေကို ဆေးဝါးဖြင့်နှိမ်နင်းခြင်းသည် ပါဏာတိပါတာကံ ထိုက်ပါသလား ???

 

ရောဂါပိုးတွေကို ဆေးဝါးဖြင့်နှိမ်နင်းခြင်းသည်  ပါဏာတိပါတာကံ ထိုက်ပါသလား ???
ဆရာဝန်ကြီးတစ်ဦးက မေးပါတယ် -

“ပါးစပ်ထဲကဓါးမတစ်ချောင်းမှသည်...”

 “ပါးစပ်ထဲကဓါးမတစ်ချောင်းမှသည်...”
•••••••••••••••••••••••••••••••••
အော်.. ပါးစပ်.. ပါးစပ်..။ တော်တော် ထိန်းရခက်တဲ့ ပါးစပ်ပါပဲ။ ဘုရားရှင်‌ကိုယ်‌ တော်မြတ်ကြီးက ဆုံးမသြ၀ါဒပေးခဲ့ပါတယ်..။
လူတွေကို အကုသိုလ်အပေးဆုံးဟာ စိတ်ပြီးရင် နှုတ်ဆိုတဲ ပါးစပ်ပါပဲတဲ့။ ဟုတ်ပါတယ်နော်..။

Wednesday, February 26, 2014

ရင်နင့်အောင်ခံစားရသော အဖြစ်အပျက်ကလေးတစ်ခု


Photo: ရင်နင့်အောင်ခံစားရသော အဖြစ်အပျက်ကလေးတစ်ခု
***********************************

တစ်နေ့မှာ ကျနော်လမ်းလျှောက်နေတုန်း ဖုန်းသံမြည်လာတယ်…
ဖုန်းကောက်ကိုင်လိုက်တော့ ဖုန်းသံထဲက ကြားရတဲ့အသံက နုနယ်တဲ့ မိန်းကလေးလေးရဲ့အသံလေးပါ…
“ဖေဖေ မြန်မြန် ပြန်လာတော…့လေ… မီးမီး ဖေ့ဖေ့ကို အရမ်းသတိရနေတယ်…”
အာရုံမှာ ချက်ချင်းသိလိုက်တယ်… ဒါဟာ ဖုန်းမှားနေတယ်ဆိုတာ…
ဒီခေတ်ဒီခါမှာ ဒါမျိုးဟာ မထူးဆန်းတော့ပါဘူး…

ကျနော်လဲ စိတ်မရှည်စွာနဲ့ဘဲ ပြောလိုက်တယ်… “ဖုန်းမှားနေပြီ” ဆိုပြီး ဖုန်းကိုချလိုက်တယ်…

နောက်ရက်တွေမှာလဲ ဒီဖုန်းနံပါတ်နဲ့ ခဏခဏ မှားဝင်လာတယ်…
စိတ်အနှောင့်အယှက် ဖြစ်လာတယ်… တခါတလေ စိတ်တိုပြီး အော်ပြောလိုက်တယ်…
တခါတလေ ဖုန်းမကိုင်ဘဲ ဒီတိုင်းထားလိုက်တယ်…

တနေ့မှာ အဲဒီဖုန်းနံပါတ်နဲ့ ခဏခဏ ဖုန်းဝင်လာတယ်… ခါတိုင်းနဲ့မတူတာက ဖုန်းမကိုင်မချင်းကို ခေါ်နေတော့တာဘဲ…
နောက်ဆုံးတော့လဲ ကျနော် ဖုန်းကို လက်ခံပြီးနားထောင်လိုက်တယ်…
ဟိုးဘက်က ကြားရတဲ့အသံလေးက တော်တော်လေးကို အားပျော့နေတဲ့ မိန်းကလေးလေးရဲ့အသံလေးပါ…

“ဖေဖေ မြန်မြန်ပြန်လာတော့လေ… မီးမီး ဖေဖေ့ကို သတိရတယ်… မေမေက ပြောတယ်… ဒီဖုန်းနံပါတ်မမှားဘူးတဲ့… ဖေဖေ ရဲ့ဖုန်းနံပါတ်ဘဲတဲ့… မီးမီး အရမ်းနာနေတယ်…
မေမေကပြောတယ်… ဖေဖေက အလုပ်အရမ်းများနေတယ်တဲ့… သမီးကို မေမေ တစ်ယောက်တည်းဘဲ ပြုစုနေတာ … မေမေလဲ တော်တော်လေးပင်ပန်းနေပြီ…
သမီးသိတယ်… ဖေဖေ အလုပ်အရမ်းရှုပ်နေတယ်ဆိုတာ… ဖေဖေ မလာနိုင်ရင်လဲ မီးကို ဖုန်းကနေဘဲ မွေးမွေး တစ်ချက်ပေးပါနော်…”

ကလေးလေးရဲ့ ရိုးသားလှတဲ့တောင်းဆိုမှုလေးကို ကျနော် မငြင်းဆန်နိုင်ခဲ့ဘူး…
ဖုန်းနားကို ကပ်ပြီး မွက်မွက် ဆိုပြီး မွေးမွေးပေးလိုက်တယ်…

ဟိုဘက်က ကလေးလေးရဲ့ ပြောနေသံလေးကိုကြားလိုက်ရတယ်…
“ကျေးဇူးဘဲ ဖေဖေ… မီး အရမ်းပျော်သွားပြီ… မီး ဖေဖေ့ကို အရမ်းချစ်တယ်”

ကျနော်ဒီဖုန်းကို စိတ်ဝင်စားလာတယ်…

ဖုန်ကောက်ဆက်လိုက်တော့ ဖုန်းကိုင်လိုက်တာက မိန်းကလေးမဟုတ်ဘဲ အသံလေးနေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အသံ…

“အစ်ကို့ကို တောင်းပန်းပါတယ်… ဒီရက်ပိုင်းမှာ အစ်ကိုလဲတော်တော်လေး စိတ်ရှုပ်သွားမိလိမ့်မယ်…

ကျမ လုပ်စရာလေးတွေ ပြီးလို့ရှိရင် အစ်ကိုဆီ ဖုန်းဆက်ပြီး တောင်းပန်ဖို့ စီစဉ်းထားတယ်…

ဒီ ကလေးလေးရဲ့ ကံကြမ္မာ မကောင်းရှာဘူး… မွေကတည်းက မွေးရာပါ အရိုးကင်ဆာ ပါလာတယ်… 

သူ့ဖေဖေကလဲ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ကား တိုက်မိလို့…

ဆုံးသွားတာ မကြာသေးဘူး… ဒီကိစ္စ သူ့ကို ပြောပြဖို့ ကျမမှာ အင်အားမရှိဘူး…

နေ့တိုင်း ဆေးတွေထိုးရတာ အမြဲတမ်းလိုလို နာကျင်နေပြီ… ကလေးလေးလဲ ဒီဒဏ်ကို တော်တော်လေးခံနေရပြီ…

နာကျင်မှုဝေဒနာ အဆိုးဆုံး အချိန်တွေမှာ သူ့ပါးစပ်ကနေ တတွတ်တွတ် အော်နေတာကတော့ အရင်က သူ့အနားမှာ သူ့ကို သတ္တိ ရှိဖို့ အမြဲတမ်း အားပေးနေတဲ့ သူ့ဖေဖေ ပါဘဲ…

ကျမလဲ မကြည့်ရက်တော့လို့ ဖုန်းနံပါတ် တစ်ခုပေးလိုက်တာ အစ်ကိုရဲ့ဖုန်းနံပါတ်ဖြစ်နေတာပါ”

“အဲ့ ကလေး အခု အခြေအနေဘယ်လိုနေသေးလဲ” 

ကျနော်သိချင်စောနဲ့ကောက်မေးလိုက်တယ်…

“မီးမီးလေး လူ့ဘ၀ကနေ ထွက်သွားပါပြီ… အစ်ကို အဲဒီ အချိန်တုန်းက သူ့ကို ဖုန်းထဲကနေ အနမ်းလေးပေးလိုက်ပုံရတယ်…

 ဟုတ်တယ်မဟုတ်လား… ဘာလို့လဲဆိုတော့ သူက ပြုံပြီး ထွက်သွားတာပါ…

ထွက်သွားခါနီး သူ့ရဲ့လက်သေးသေးလေးထဲမှာ “ဖေဖေ့” အသံကို ကြားနိုင်တဲ့ ဖုန်းကို မြဲမြဲ ဆုတ်ကိုင်ထားရှာတယ်…”

မျှဝေပေးခြင်းဟာလည်း မေတ္တာတစ်ခုပါပဲ...

http://satekuupuyar.blogspot.com/2013/12/blog-post_1286.html

Admin - ဂျာလေး
ရင်နင့်အောင်ခံစားရသော အဖြစ်အပျက်ကလေးတစ်ခု
***********************************
တစ်နေ့မှာ ကျနော်လမ်းလျှောက်နေတုန်း ဖုန်းသံမြည်လာတယ်…
ဖုန်းကောက်ကိုင်လိုက်တော့ ဖုန်းသံထဲက ကြားရတဲ့အသံက နုနယ်တဲ့ မိန်းကလေးလေးရဲ့အသံလေးပါ…

**** ထို့ ကြောင့်အမေဟုခေါ်သည် ****



"မွေးလာကတည်းက သေမည့်အချိန်ကို ထမင်းစားရင်းစောင့်နေကြတဲ့ လူတွေ လောကမှာ အများကြီး ရှိတယ်။

**** မြင်းလေးမျိုး၊ လူလေးမျိုး ****


ဤလောက၌မြင်းလေးမျိုးရှိလေ၏။ လူလည်းလေးမျိုးရှိလေ၏။ ပထမမြင်းကား
နှင်တံရိပ်ကိုမြင်ကာမျှဖြင်. မြင်းထိန်း၏သဘောကို
ကောင်းစွာသိ၏။ ယနေ.ငါ၏သခင်သည် အဘယ်ကိစ္စမျိုးကိုခိုင်းစေမည်နည်း။

*** လောကမှာ အစားထိုး လို့ မရတဲ့ အရာတွေထဲမှာ မိဘဟာ နံပါတ်တစ် ***


"အမေ သား မနက်ဖြန် ဘွဲ့ ယူရမှာနော်..."

"အမေ သိပါတယ်သားရယ်... အဲ့ဒါကြောင့် လမ်းထိပ်က ဒေါ်ကျော့ ဆီမှာတောင် အမေ အကျီ င်္အပ်ထားပါသေးတယ်...အမေ့ မှာ အကျီ င်္ အသစ်မရှိတော့ဘူးလေ..."

*** မိတ်ဆွေစစ် (၄)ယောက် ***

Photo: မိတ်ဆွေစစ် (၄)ယောက်

(၁) ဥပကာရ - ကျေးဇူးပြုတတ်သူ။
(၂) သမာနသုခဒုက္ခ - ကောင်းတူ ဆိုးဖက်ဖြစ်သူ။
(၃) အတ္ထက္ခာယီ - ကောင်းသော စီးပွားရေး ချမ်းသာရေးကို ပြောပေးလေ့ရှိသူ။
(၄) အနုကမ္ပက - မိမိကို သနားစောင့်ရှောက်တတ်သူ။
ဤလေးယောက်သည် အလွန် ချစ်စရာကောင်းသော မိတ်ဆွေအစစ်များ ဖြစ်ကြ၏။

ဥပကာရ။ ။ ကြုံလာသော ကိစ္စအားလျော်စွာ ကျေးဇူးပြုဖော်ရသော မိတ်ဆွေကို “ ဥပကာရမိတ်ဆွေ ’’ ဟု ခေါ်၏။
(က) မိမိမိတ်ဆွေ သေရည်အရက်သောက်၍ မူးနေသည်ကိုသော်လည်းကောင်း၊ အခြားတစ်စုံတစ်ခုသော အကြောင်းကြောင့် မေ့နေသည်ကိုသော်လည်းကောင်း တွေ့ရလျှင် ထိုသူ၏ အဝတ်အထည် လက်ဝတ်တန်ဆာများ ကို သူတစ်ပါး ယူသွားမည်စိုး၍ အနားက မခွာဘဲ စောင့်ရှောက်ဖော်ရသူ။
(ခ) ထိုကဲ့သို့ မူးမေ့နေသောကြောင့်ဖြစ်စေ၊ အရပ်တစ်ပါးသို့ သွားနေသောကြောင့်ဖြစ်စေ အိမ်ကဥစ္စာကို သူတစ်ပါးတို့ ခိုးယူသွားမည်စိုး၍ ဥစ္စာကို စောင့်ရှောက်ပေးသူ။
(ဂ) မိတ်ဆွေ၌ ကြောက်စရာဘေး ပေါ်လာလျှင် ထိုဘေးကို ကာကွယ်သောအားဖြင့်ဖြစ်စေ၊ စိတ်အားမငယ်အောင် “ ဘာကြောက်ရမှာလဲ ’’ စသည်ကို ပြော၍ အားပေးသောအားဖြင့်ဖြစ်စေ အားကိုးရသူ။
(ဃ) မိတ်ဆွေ၌ ငွေကုန်ဖို့ရန် ကိစ္စတစ်ခုခုကြုံလျှင် (မိမိကလည်း ထောက်ပံ့နိုင်ပါမူ) သူက တောင်းလာ သော အကူအညီထက် ပို၍ပင် ပေးသူ။

ဆောင်။ ။ မိတ်ဆွေတစ်ဦး၊ သေသောက်ကြူး၍၊ မေ့မူးနေလတ်၊ စောင့်ရှောက်တတ်၏၊ အရပ်တစ်ပါး၊ ထွက်ခိုက်ငြား၊ နှင့်၊ သောက်စားမေ့ရာ၊ ထိုအခါလည်း၊ ဥစ္စာစောင့်ရှောက်၊ ဘေးရန်ရောက်သော်၊ မကြောက်စေမှု၊ အားပေးပြုလျက်၊ မင်းမှုရှုပ်မူ၊ ငွေတွက်ဟူ၍၊ အကူတောင်းက၊ ထိုမကပင်၊ နှစ်ဆလောက်ကူ၊ မိတ်စစ်ဟူသည်၊ လေးဆူ ဥပကာရ တည်း။

သမာနသုခဒုက္ခ။ ။ သမာနသုခ= ချမ်းသာလျှင်လည်း အတူချမ်းသာ၊ သမာနဒုက္ခ= ဆင်းရဲရာလည်း မခွာမခွဲဘဲ ကောင်းတူဆိုးဖက်ဖြစ်သူကို သမာနသုခဒုက္ခ မိတ်အစစ်ဟု ခေါ်၏။ ထိုမိတ်ဆွေလည်း လေးမျိုးရှိ၏။
(က) တိုင်းရေး ပြည်ရေး အိမ်တွင်းရေးစသော အရေးကြီးကိစ္စအတွက် လျှို့ဝှက်ရမည့် အကြောင်းအရာကို မိမိအားပြောသူ။
(ခ) မိမိ၏ လျှို့ဝှက်ရမည့် အတွင်းရေးကို ဘေးသို့ မပေါက်ကြားအောင် စောင့်ရှောက်ထားသူ။
(ဂ) မိမိမှာ ဘေးရန်ပေါ်လာလျှင် မိမိကို စွန့်ခွာမသွားသူ။
(ဃ) မိမိအတွက် အသက်ကို စွန့်နိုင်သူ။

ဆောင်။ ။ လျှို့ဝှက်ရမည့်၊ အကြောင်းရှိလျှင်၊ မိမိပြောကြား၊ ကိုယ်ပြောကြားလည်း၊ အခြားတစ်ယောက်၊ ထံမပေါက်အောင်၊ စောင့်ရှောက်သည်သာ၊ ဘေးပေါ်လာမူ၊ ဘယ်ခါမခွဲ၊ မစွန့်မြဲတည်း၊ အသဲသို့မက်၊ မိတ်ဆွေတွက်ကြောင့်၊ အသက်ကိုပင်၊ ထီမထင်သည်၊ လေးအင် ကောင်းတူဆိုးဖက်တည်း။

အမှာ။ ။ ယခုအခါ ဤမျှအားကိုးရသော မိတ်ဆွေ ရှားလှ၏။ ထို့ကြောင့် အရေးကြီးသောကိစ္စကို တိုင်ပင်ရာဝယ် အလွန်စိတ်ချ နောက်ကျောအေးရသော မိတ်ဆွေအစစ်များနှင့်သာ တိုင်ပင်ကြပါလေ၊ ယခုခေတ်၌ အတွင်းရေးတွေ နိုင်ငံကြီးများပင် ပေါက်ကြားတတ်လေသည်။

အတ္ထက္ခာယီ။ ။ အတ္ထ= အကျိုးရှိမည့် အစီးအပွားကို + အက္ခာယီ= ပြောဆိုတတ်သော မိတ်ဆွေကို “ အတ္ထက္ခာယီ မိတ်ဆွေစစ် ’’ ဟု ခေါ်၏။ ထိုမိတ်ဆွေလည်း လေးမျိုးပင် ရှိ၏။
(က) ပါဏာတိပါတ စသောအမှု၊ မိန်းမလိုက်စားမှု စသည်ကို ပြုမည်ဆိုလျှင် မင်းပြစ် အကုသိုလ်ပြစ် ဖြစ်မည်စိုး၍ ထိုမကောင်းမှုကို တားမြစ်သူ။
(ခ) မင်းပြစ်လည်း မရှိ၊ အကုသိုလ်ပြစ်လည်း မရှိဘဲ စင်စစ် အကျိုးသာရှိသော ဒါနမှု သီလမှု စသော ကုသိုလ်ကောင်းမှု၌ တိုက်တွန်းတတ်သူ။
(ဂ) မိတ်ဆွေမကြားဖူးသောတရားနှင့် လောကကြီးပွားရေးကို ပြောပေးတတ်သူ။
(ဃ) သေသောအခါ ကောင်းရာသုဂတိသို့ ရောက်မည့်လမ်းကြောင်းကို ပြောပြတတ်သူ။

ဆောင်။ ။ မကောင်းအမှု၊ တားမြစ်ပြု၍၊ ကောင်းမှုကိုကား၊ ညွှန်ပြထား၏၊ မကြားစဖူး၊ တရားထူးလည်း၊ ကြားဖူးအောင်ပြ၊ သေလွန်ကမူ၊ ဘဝနောင်နှောင်း၊ လမ်းပန်းကောင်းကို၊ ထပ်လောင်းညွှန်ကြား၊ မိတ်လေးပါးသည်၊ မှတ်သား အတ္ထက္ခာယီတည်း။

အမှာ။ ။ “ သေလွန်သောအခါ ဘဝကောင်းဖို့ လမ်းကြောင်း ’’ ဟူသည် ဗျဂ္ဃပဇ္ဇသုတ်၌ နောက်ဘဝချမ်းသာဖို့ရန် ဟောတော်မူအပ်သော သဒ္ဓါ သီလ စာဂ ပညာ လေးပါးပင်တည်း။ (အခြားနည်းအားဖြင့် ဟောတော်မူအပ်သော ကောင်းမှုများလည်း ဤလေးပါးတွင် ပါဝင်ကြသည်။)

ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်းမှ ပြန်လည်တင်ပြပါသည်။

ရနံ့စံအိမ် မှ ကူးယူ မျှဝေပါသည် ။ 

မိတ်ဆွေစစ် (၄)ယောက်
(၁) ဥပကာရ - ကျေးဇူးပြုတတ်သူ။
(၂) သမာနသုခဒုက္ခ - ကောင်းတူ ဆိုးဖက်ဖြစ်သူ။

**** ဗုဒ္ဓဘာသာဝင်များဝမ်းမြောက်ဖွယ်သတင်းကောင်း ****

                                                  ဗုဒ္ဓဘာသာဝင်များဝမ်းမြောက်ဖွယ်သတင်းကောင်း...။
ယ္ခုဆိုလျှင် ဗုဒ္ဓသာသနာ ပေါ်ထွန်းခဲ့သည်မှာ၊နှစ်ပေါင်(၂၅၅၆) ခုနှစ်တိုင်ခဲ့လေပြီ၊ သာသနာတ၀က်ကျော်ခဲ့ပြီဟုဆိုလျှင်လဲမမှားနိင်ပါ၊ သာသနာ(၂၅၀၀)ကျော်ပါက

(၀ိမုတ္တိယုဂ)ခေတ်သို့ ပြန်လည်ရောက်ရှိလာပါပြီ၊