/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /http://4.bp.blogspot.com/-64lFCmprlo4/UlIK93uB36I/AAAAAAAAANM/xlqs8O3Iljg/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

ကော့ကသောင်လိုဏ်ဂူသမိုင်းကြောင်း


ကရင်ပြည်နယ်မှ ထင်ရှားသောဂူအများစုသည် ရွာကိုအစွဲပြု၍ နာမည်ပေးထားကြသည်။ ကော့ ကသောင်လိုဏ်ဂူ-ဟု အမည်မတွင်မီ လက္ခဏရွာနှင့်အနီးဆုံးဖြစ်၍ လက္ခဏဂူဟု အမည်တွင်ခဲ့သည်။ ထိုနောက်မှ ကော့ကသောင်ရွာပေါ်လာခဲ့သည်။ ရွာပေါ်လာပြီးနောက်တွင် ကော့ကသောင်ဘုန်းတော်ကြီး - ကျောင်းတည်ထောင်လာခဲ့ကြသည်။ 
 
ဘုန်းတော်ကြီးကျောင်းဖြစ်လာပြီး ဆယ့်ရှစ်နှစ်ခန့်တွင် ဂူကိုလည်း - ကော့ကသောင်ဂူဟု ခေါ်လာကြသည်။ ကိုကသွန့် (ကိုဝ်က်ုသံင့်) = ကြို့ပင်တော၊ကြို့ပင်ကုန်းဟူသော ပိုးကရင်စကားမှ ကော့ကသောင်ဟု ဖြစ်လာခဲ့ခြင်းဖြစ်သည်။
 
 ရှေးကကျေးရွာတစ်ရွာအဖြစ်သာ ရှိခဲ့သော် လည်း သက္ကရာဇ် ၁၃၀၀-တွင် လိုဏ်ဂူတော်ကို ဖွင့်လှစ်ခဲ့ပြီး နှစ်စဉ်ပွဲတော်များကျင်းပလာခဲ့သဖြင့် လူသိများလာခဲ့သည်။
 
ဖြစ်ပေါ်ပုံ
 
မြန်မာသက္ကရာဇ် ၁၂၈၀-ပြည့်နှစ်တွင် အိမ်ထောင်စုခြောက်စုဖြင့် ကော့ကသောင်ရွာတည်ထောင် ခဲ့ပြီး ကော့ကသောင်ရွာတည်ပြီးသောအခါ အိမ်ထောင်စုခြောက်စုတို့က ကျောင်းထိုင်ဘုန်းတော်ကြီးတစ်ပါး ကို အပြင်းရှာဖွေကြရာ အိမ်ထောင်စုအကြီးအကဲဖြစ်သူ ဖူ့မောင်ဦး၊ဖူ့ကော်ဖလစ်တို့က ပေါင်မြို့၊ မွန်ပြည်နယ်၊အီဗျစ်ကျောင်းဆရာတော်ထံ ရဟန်းတစ်ပါးတောင်ခံရာ ဆရာတော်မှ ရဟန်းတစ်ပါးကို ပေး အပ်ခဲ့သည်။
 
 ထိုပထမဆုံးဆရာတော်သည် ကွမ်းအလွန်ကြိုက်သဖြင့် ဒကာတို့က ဖူ့ကျိုက်သန့်မဲ (သွားမဲ ဆရာတော်)ဟု ခေါ်ဝေါ်ခဲ့ကြပြီး ဘွဲ့အမည်ပင်ပျောက်သွားခဲ့ရသည်။ ကော့ကသောင်ဘုန်းတော်ကြီး -ကျောင်းတည်ရှိပြီး မြန်မာသက္ကရာဇ် ၁၂၉၉-မတိုင်မီထိ ပတ်ဝန်းကျင်တွင် သစ်တော၊၀ါတော၊ခြုံနွယ်တို့ဖြင့် ဖုံးအုပ်နေခဲ့ပြီး နေ့ဘက်တွင် လူအသွားအလာအနည်းငယ်ရှိသော်ငြား ညဘက်တွင် လူသွားလူလာမရှိပေ။ 
 
သက္ကရာဇ် ၁၂၉၉-တွင် နောင်အိမ်ဆိုင်ဆရာတော်ကြွရောက်လာပြီး လိုဏ်ဂူတော်ကို ရှင်းလင်းပြီး - နှစ်ကျိပ်ရှစ်ဆူရုပ်ပွားတော် ၅၆-ဆူကို တင်လှူပူဇော်ခဲ့သည်။ ထို့ကြောင့်ပင် “ကော့ကသောင်လိုဏ် ဂူတော်အစ ဖူ့ကျိုက်ကေတုက” ဟု ဒကာတို့က ဆိုကြခြင်းဖြစ်သည်။
 
ယနေ့ခေတ်ကော့ကသောင်လိုဏ်ဂူ
 
ကော့ကသောင်လိုဏ်ဂူမှတစ်ဆင့် အပါယ်ပိတ်စေတီ၊ဆဒ္ဒန်လိုဏ်ဂူ၊ လွန်းညစေတီ၊သာမညတို့သို့ သွားရောက်နိုင်သည်။ ကော့ကသောင်လိုဏ်ဂူတော်သည် အ၀င်ဝ အကျယ် ပေ-၄၀၊ အလျား-၆၅၊ အမြင့်ဆုံး ၂၅၊ အနိမ့်ဆုံး ၈-ပေရှိသည်။ ဂူဝသို့ ပေ-၁၀၀ အထိသာ အလင်းရောင်ဖြင့် ၀င်၍ရနိုင်ပြီး ကျန်သောနေရာသို့ မီးရောင်ဖြင့်သာ ၀င်၍ရနိုင်သည်။
 
 အ၀င်ဝကျယ်၍ အတွင်းတွင်ကျဉ်းသွားပြီး အဆုံး တွင် ပိတ်သွားသော ဂူမျိုးဖြစ်သည်။ လိုဏ်ဂူတော်၏ အခန်း ၁-နှင့်-၂-တွင် ခေတ်လက်ရာ ကျောက်ကပ် ဘုရားများကိုတွေ့ရပြီး အခန်း-၄ ဓာတ်တော်တိုက်အတွင်းနှင့် ကျောက်သားနံရံတွင် ရှေးဟောင်းလက် ရာ ကျောက်ကပ်ဘုရားများစွာကိုတွေ့ရသည်။ 
 
လိုဏ်ဂူသို့ဝင်ပြီးလျင် ညာဘက်တွင် ဓာတ်တော်တိုက်သို့ ဟူသောစာတမ်းကို တွေ့ရပါမည်။ အဆုံးသို့ရောက်ရန် ပေသုံးဆယ်ခန့်ဝင်ရသည်။ အဆုံးတွင် ရှေး ဆရာတော်ကြီးများ အဓိဋ္ဌာန်တရားထိုင်နေရာရှိပြီး ၀င်ပေါက်မှာကျဉ်းမြောင်းသည်။
           
 
ကရင်ပြည်နယ်တွင် အဖျောင်းပွဲတော်များရှိပြီး သဖျောင်းမှ အဖျောင်းသို့ ခေါ်တွင်လာကြခြင်းဖြစ် သည်။ ကြီးကျယ်စည်ကားသောပွဲလမ်းသဘင်ဟု အဓိပ္ပာယ်ရသည်။ ကျင်းပသောဒေသနှင့်ဘုရားပွဲတော် များကို အစွဲပြုပြီး သုံးနှုန်းခေါ်ဝေါ်ကြသည်။
 
 ယင်းတို့ကို ထုတ်ပြရလျင် =
လွန်းညဘုရားပွဲကို ညွန်းညအဖျောင်း
ဆဒ္ဒန်ဂူဘုရားပွဲကို ဆဒ္ဒန်ဂူအဖျောင်း
အောက်ရေတံခွန်ဘုရားပွဲကို အောက်ရေတံခွန်အဖျောင်း
ကျောက်ကလပ်ဘုရားပွဲကို ကျောက်ကလပ်အဖျောင်း
ကော့ကသောင်ဘုရားပွဲကို ကော့ကသောင်အဖျောင်း
ကော့ဂွန်းဂူဘုရားပွဲကို ကော့ဂွန်းအဖျောင်း
ရသေ့ပျံဘုရားပွဲကို ရသေ့ပျံအဖျောင်း-ဟူ၍့ဖြစ်သည်။
 
          ကော့ကသောင်လိုဏ်ဂူတော် အခန်း-၁-၏ အမိုးမျက်နှာကျက်နေရာနှင့် အခန်း-၂-၏ ကျောက်ပြား နံရံတွင် ခေတ်လက်ရာ ကျောက်ကပ်ဘုရား အဆူ-၅၀၀၀-ရှိပြီး ၁၃၄၈-၁၃၅၄-အတွင်း ဆရာတော် ဖူ့ကျိုက်အာစာရလက်ထက်တွင် ကပ်လှူပူဇော်ထားခြင်းဖြစ်သည်။ 
 
အခန်း-၂-နှင့် အခန်း ၃-အကြား - ကျောက်နံရံကျောက်ပြားတစ်ချပ်ပေါ်တွင်
 ရှေးဟောင်းလက်ရာကျောက်ကပ်ဘုရားရှိပြီး ခြေတော်ဆင်းထိုင် လက်တော်နှစ်ဖက်ရင်ဘတ်တော်ပေါ် ယှက်တင်သောပုံတော်ဖြစ်သည်။ ဥာဏ်တော်မှာ နှစ်လက်မခွဲရှိပြီး ကိုယ်တော်အကျယ် နှစ်လက်မရှိသည်။ 
 
ဓာတ်တော်တိုက်အ၀င်ဝနှင့် ဘေးနှစ်ဖက်ရှိ ကျောက်သားနံရံ များမှာလည်း ရှေးဟောင်းကျောက်ကပ်ဘုရားများရှိပြီး အချို့မှာ ကျောက်သားများကို ထွင်းထုထားသည်။ ပုံတော်တိုင်းသည် တစ်ပုံစံတည်းဖြစ်သည်။ ရွှေရောင်ခြယ်ထားသဖြင့် မူလရှေးဟောင်း အရောင်ပျောက်နေ သည်။ လိုဏ်ဂူတော်စတင်ရှင်းလင်းစဉ်က ရှမ်းဘုရားဟုယူဆရသော မည်းနက်သောသပိတ်ရောင် ရုပ်တု များတွေ့ရသည်။
 
 ရုပ်တုများကို ဓာတ်တော်တိုက်အဆုံးတွင် ထားရှိပြီး နောက်ပိုင်းတွင် ခိုးယူသူများကြောင့် ၁၃၁၀-တွင် ဖူ့ကျိုက်ကေတုမှ သံပန်းဖြင့်ပိတ်၍ကာထားလိုက်ကြောင်း ဆိုကြသည်။ ကော့ကသောင်လိုဏ် ဂူနှင့် ရေမြေချင်းဆက်စပ်နေပြီး ခရီးအတန်သာဝေးသော ကော့ကူး၊နောင်ခရိုင်တောင်ရှိ
 ကျောက်လိုဏ်ဂူ တွင် ကျောက်ကပ်ဘုရားအရာများ၊ အကျိုးအပဲ့အချို့ကိုတွေ့ရသည့်အပြင် အချို့မှာ ကော့ကသောင်လိုဏ်ဂူ ရှိ ကျောက်ကပ်ဘုရားပုံတော်နှင့် တူနေပြီး အရွယ်အစားမှာလည်း တစ်ညီတည်းရှိသည်ကို တွေ့ရသည် ။
 
 ကော့ကသောင်လိုဏ်ဂူရှိ ကျောက်ကပ်ဘုရားများသည်
 ကော့ဂွန်းဂူ၊ရသေ့ပျံဂူ၊ဖားကပ်ဂူ၊ဓာတ်ကျိုက်ဂူ၊
ဘုရင့်ညီနောင်ဂူများမှ  ကျောက်ကပ်ဘုရားများနှင့် ပုံစံတူလက်ရာများဖြစ်၍ တစ်ခေတ်တည်းဖြစ်မည်ဟု 
သုတေသီများက မှတ်ချက်ပြုကြသည်။ ကော့ ကသောင်လိုဏ်ဂူတော်သည် သဘာဝထုံးကျောက်တောင်တစ်ခုမှ ဖြစ်ပေါ်လာသော ဂူဖြစ်သည်။
 
 ယခင်က ဤနေရာသည် မြစ်ရေပြင်အောက်တွင်ရှိသဖြင့် ထုံးကျောက်မှ ဂူဖြစ်လာခြင်းဖြစ်သည်။ မူလအတိုင်းမထား ပဲ ပြန်လည်ပြုပြင်ထားမှုတော့ရှိသည်။ 
မန်းသင့်နောင်၏ ကော့ကသောင်လိုဏ်ဂူတော်ဟူသော စာအုပ်မှ ထုတ်နှုတ်ရေးသားသည်။

No comments:

Post a Comment