/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /http://4.bp.blogspot.com/-64lFCmprlo4/UlIK93uB36I/AAAAAAAAANM/xlqs8O3Iljg/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

မဟာကျန်ဗုဒ္ဓရုပ်ပွားတော်မြတ်သမိုင်း

ဘီစီ (၅၆၈) ရက္ခပူရ တတိယ ဓညဝတီ ခေတ်တွင် ဘုရင် စန္ဒသူရိယ သွန်းလုပ်တော်မူခဲ့သည့်*** မဟာကျန် ဗုဒ္ဒ္စရုပ်ပွားတော်***

ရခိုင်ပြည်နယ်-မောင်တော မြို့နယ်
မဟာဂန္ထဝါစက -ပဏ္ဍိတ ဘဒ္ဒန္တ ကေတု မြို့မ ကျောင်းတိုက် ၌
ကိန်းဝပ်တော် မူလျက်ရှိသော - ဘီစီ (၅၆၈) ရက္ခပူရ တတိယ ဓညဝတီ ခေတ်တွင်
ဘုရင် စန္ဒသူရိယ သွန်းလုပ်တော်မူခဲ့သည့်*** မဟာကျန် ဗုဒ္ဒ္စရုပ်ပွားတော်***



((နမောတဿ ဘဂဝတော အရဟတော သမ္မာ သဗ္မုဒ္စ္ဒဿ ))
မဟာကျန် ဗုဒ္စ္စ္ဒဆင်းတုတော် သမိုင်းနှင့်ပတ်သက်ပြီး ဖြစ်စဉ် ဖြစ်ရပ်တွေ ပေါ်ပေါက်လာ ပုံ များကို ပြောပြရသောအခါ မဟာမုနိ ရုပ်ပွားတော်မြတ်ကြီး ၏အထုတ္ထုပ္မတ္တိ ကိုလည်း ကိုးကားဖေါ် ပြရမှာအမှန်ပင်ဖြစ်ပါသည်။
မဟာမုနိ ရုပ်ပွားတော် မြတ်ကို ပူဇော်သွန်းလုပ်ထားသော ဘုရင်မှာ စန္ဒာသူရိယ ဘုရင်မင်းမြတ် ပင်ဖြစ်ပါသည်။ ခမည်းတော် သီရိရာဇာမင်း နတ်ရွာစံတော်မူပြီး နောက်ဘိုးတော် အဉ္စနမင်းကြီး ဖြိုခွင်းသောမဟာသက္ကရာဇ် (၉၇)ခု သက်တော် (၂၅) နှစ်အရွယ် တွင် ဓညဝတီ ပြည်၏ ထီးမွေ နန်းမွေကို မိဘုရားကြီး စန္ဒီမာလာ နှင့်အတူ ဆက်ခံ စိုးစံတော်မူခဲ့ပါသည်။
နန်းစံသက်တမ်း ၂၆နှစ်၊ မဟာသက္ကရာဇ် ၁၂၃ ခုသို့ရောက် သောအခါ အိန္ဒိယ မဇ္ဈိမ ဒေသမှာ သုံးလူ ထွဋ်ထား၊ ဘုရားရှင် ပွင့်ထွန်းပေါ်ပေါက်တော် မူ ကြောင်း ၊ဝေနေယျများစွာတို့ကိုလည်း တရားရေအေး တိုက်ကျွေးတော် မူ လျက်ရှိကြောင်း တဆင့်စကားကြားသိရသော အခါ မှာ ဘုရာင်မင်းမြတ် သည် ရွှင်လန်း အား ရ လျက် ပြုံးပျော် ကြည်နူးနေခဲ့ပါသည်။
သက်တော် ၅၁-နှစ်ရောက် တဲ့အခါ မှာ စန္ဒာသူရိယ ဘုရင်မင်းမြတ် သည် မြတ်စွာ ဘုရားရှင်ကို ကြည်ညို ဖူးမျှော်လိုသော အာသာဆန္ဒအလွန် ပြင်းပြ ထက်သန်ပြီး အမတ်ပညာရှိ တချို့၏အကြံပေး လျှောက်ထားချက်များအရ ဘုရားရှင် ထံ အာရုံတမ်း လျှက် ရိုသေစွာ လျှောက်ထားပင့်ဖိတ်လိုက်ပါသည်။
ထိုအချိန်မှာ ဘုရားရှင် သည် ဝါတော် နှစ်ဆယ်မြောက် ရာဇဂြိုဟ် ပြည် ဝေဠုဝန် ကျောင်းတော်တွင်သီတင်းသုံး စံပယ် တော် မူချိန်ဖြစ်ခဲ့ ပါသည်...။ ကရုဏာကြီးမားတော်မူ သောဘုရားရှင်သည် နောက်လိုက်သံဃာ တော် ၅၀၀နှင့်အတူ သောလာဂီရိ ကျောက်တော်တောင် မှတဆင့် ဓည ဝတီ ကို ကြွချီခဲ့ပါသည်။ စန္ဒာသူရိယ ဘုရင်မင်းမြတ်သည် ဘုရားရှင်အားမျက်ဝါးထင်ထင် ကိုယ်တွေ့ ဖူးမြင်ရသောအခါ တွင် ရှေးကထက်ကြည်ညို သဒ္စ္စါ ပိုကဲလာပြီး မခွဲလို မခွာ ရက်နိုင် ရာက မတတ်သာ တဲ့ အဆုံးမှာ အသွင်တူ တဲ့ ဗုဒ္စ္စ္ဒ ရုပ်ပွားတော် တစ်ဆူ သွန်းလုပ် ကိုးကွယ် ပါရစေကြောင်း လျှောက်ထားတောင်းပန် ခဲ့ပါသည်..။
ဘုရားရှင် ရဲ့ ခွင့်ပြုချက်နှင့်အတူ ဘီစီ ၅၆၀၊ မဟာသက္ကရာဇ် ၁၂၃ ခု၊ ကဆုန်လပြည့်ဗုဒ္စ္စ္ဒဟူးနေ့ ၊ ညနေအချိန်မှ စတင်ပြီး မျက်မှောက်တော်မှတင် ပဉ္စလောဟာ ငါးပါးသော ရတနာ တို့ဖြင့် မဟာ မြတ်မုနိ ဗုဒ္စ္စ္ဒ ရုပ်ပွားတော်ကို သွန်းလုပ်တော်မူပါသည်..။နော
က်တနေ့ ဖြစ်သော ကြာသပတေး နေ့ တွင် ချောမောစွာ ပြီးစီးအောင်မြင်ခဲ့ပါသည်။
မဟာမုနိ ရုပ်ပွားတော်မြတ်ကြီး ကိုသွန်းလုပ်ပူဇော်ပြီး ကြွင်းကျန် နေသောရတနာများ နှင့်အများပြည်သူကိုးကွယ် ရန် သွန်း လုပ်ပူဇော်သော အခါ မှာ နောက်ထပ် ညီတော် ဘုရား -၉ ဆူ နှင့်မဟာကျီဘုရား ၂၈ ဆူရရှိသည်ဟုရာဇဝင်ဟောင်းတွင်အဆိုရှိခဲ့သည် ။ ထို ညီတော် ဘုရား ၉ ဆူ ကို မဟာကျန် ဘုရား လို့ ခေါ်ဆိုခဲ့ကြသည်။
ဓညဝတီ ရခိုင်ပြည်ကြီးတွင် ထင်ရှားကျော်ကြား တန်ုခိုးကြီးတော် မူ သောဗုဒ္စ္စဆင်းတုတော် လေးမျိုး လေးစားရှိလာခဲ့ သည်ဆိုသော သမိုင်းထောက်အထားများရှိခဲံပါသည်။
၁။ မဟာမုနိ
၂။ မဟာကျန်
၃။ မဟာကျီ
၎။ မဟာကျိန် ဆိုပြီး အမည်ရပါသည်။
၁။ ဘုရားရဲ့ ရင်ငွေ့တော် နဲ့ သွန်းလုပ်ပူဇော်တော်မူသော မဟာမုနိ ဘုရား။
၂။ မဟာမုနိ ရုပ်ပွားတော်မြတ်ကြီး ကိုသွန်းလုပ်ပူဇော်ပြီး ကြွင်းကျန် နေတဲ့ရတနာ တွေ နဲ့ ဆက်လက်သွန်းလုပ်သော သမိုင်းရာဇဝင် အသုံးအနှုန်းအရ ညီတော်ဘုရား (ဝါ) အရပ်သုံးအခေါ် အဝေါ် အားဖြင့် မဟာကျန်ဘုရား။
၃။ မဟာကျန် ဆင်းတုတော်များကို သွန်းလုပ်ပြီး တဲ့နောက် ရှိစုမဲ့စု အစအန မကျန် ၊ တစ်ဖန် ဆက်လက်၍ အပြီးသတ် သွန်းလုပ် ထားသော မဟာကျီဘုရား။
၎။ ရှေးရခိုင် ဘုရင် မင်းများလက်ထက် ရာဇဘိသေက မင်္ဂလာပွဲတော် များတွင် ဦးထိပ်ရွက် ပန်ဆင်၍ ကျမ်းသစ္စာကျိန်ဆိုရန် ခေတ်ကာလ အလျှောက် အထူးစီမံ သွန်းလုပ်ထားသော မဟာကျိန်ဘုရား ဟူ၍ ပင်လေးမျိုးလေးစား ရှိပါသည်..။
ရခိုင်ပြည်နယ်-မောင်တော မြို့နယ်၊ မဟာဂန္ထဝါစက -ပဏ္ဍိတ ဘဒ္ဒန္တ ကေတု မြို့မ ကျောင်းတိုက် ၌ ကိန်းဝပ်တော် မူလျက်ရှိသော မဟာကျန် ဘုရား၏ အရွယ် ပမာဏ သည် အမြင့်ဥာဏ်တော် (၁၀) လက်မ၊၃ မတ် ဖြစ်ပြီး ၊အနံအားဖြင့် (၉) လက်မ၊ ပကတိ မူလအလေးချိန် (၂) ပိဿာ (၄၀) ကျပ်သား၊ နှင့် မကိုဋ်တန်ဆာ (၁၅) ကျပ်သား၊ စုစုပေါင်းအလေးချိန် (၂) ပိဿာ (၅၅) ကျပ်သား ရှိပါသည်..။
အချိန်ကာ လ အားဖြင့် တွက်ချင့်ကြည့်ရင် မြန်မာ သက္ကရာဇ် ၁၃၄၇ မှာ နှစ်ပေါင်း (၂၅၈၁)နှစ်ရှိပြီ ဖြစ်ပါသည်...။
ရှေးဟောင်းရုပ်ပွားတော် ကို အခုလို ဝါဆိုလပြည့်မှာ ဖူးမျှော်ရသည်မှာအလွန်ကြည်နူးပီတိဖြစ်ရပါသည်...။ ယနေ့ခေတ်လက်ရာများနှင့်မတူပါ။ ဆံကျစ်တော် အသွင်ခြားနားပါသည်။ မျက်လုံးတော် အစုံသည် လည်း ပကတိ မံသစက္ခု လို အသက်ဝင်ကြည်လင် ပြတ်သား လှပါသည်။ ပြုံးရွှင်နေသောမျက်နှာတော်လည်း ရှိပါသည်..။ သားမြတ်တော် ချက်တော်လည်းပါဝင်ပါသည်။

 ခြေတော်အစုံအနေအထားလည်း ကွာခြားပါသည်။ သတ္တု အရောင်အဆင်းလည်းကောင်း မွန် လှပါသည်။
ထူးခြားချက်ကတော့ သမာဓိ အရှိန်အဝါအားကောင်း တဲ့ တရားသမားတွေ က မဟာကျန် ဘုရား ရှိနေကြောင်း အလိုလို သိကြပါသတဲ့။ ဒီလို စွမ်းပကား ကြောင့်ထင်ပါ၏ တဘက် နိုင်ငံကနေ ပြန်လည် ပူဇော်ထားခြင်းဖြစ် ပါ.သည်.။ ရှေးခေတ်လက်ရာ ဆိုတော့ မသမာသူတွေ ရန် က ကာကွယ်အောင် စတီးတံခါး ဖြင့် သောခတ် ထိန်းထားတာကို ဧည့်သည်မို့ ဖွင့်ပေးတာ ပါ..။
ဘာသာရေး ကြည်ညို ကိုင်းရှိုင်း တဲ့ ရခိုင်တို့ ရဲ့ သမိုင်းကြောင်းကိုလေးစားရသလို ထူးမြတ် တဲ့ အသွင် နဲ့ ဘုရားရှင်ကို နေ့ထူးနေ့မြတ်- ရခိုင် အခေါ် (ဝါဦးလပြည့်နေ့) မှာ ပူဇော် ရခြင်း အတွက် ကျေးဇူးတင်ရပါသည် ဓညဝတီ..။
မေတ္တာဖြင့်
သစ္စာအလင်း
ခေတ္တ-မေယုတောင်ခြေ
ဦးဥာဏ (ပိန္နဲကျောင်း) ပြုစုသော သမိုင်းမှတ်တမ်း ကို ကိုးကားရေးသားပါသည်။
 
 
 

No comments:

Post a Comment