/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /http://4.bp.blogspot.com/-64lFCmprlo4/UlIK93uB36I/AAAAAAAAANM/xlqs8O3Iljg/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg
ပထက်တောင် အတုလရံသီ ရွှေသာလျောင်းဘုရားကြီး သမိုင်းကြောင်း
  နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
မြိတ်မြို့ပထက်တောင် အတုလရံသီရွှေသာလျောင်းဘုရားကြီး
သမိုင်းအကျဉ်း
တနင်္သာရီတိုင်း၏မြို့တော် မြိတ်မြို့သို့အ၀င် မျက်နှာစာတွင်ရှိသော ပထော်ကျေးရွာ၊ ပထက်တောင်ကမ်းခြေတွင် တည်ဆောင်ထားသည့် အတုလရံသီ ရွှေသာလျောင်းဘုရား ဆင်းတုတော်ကြီးသည် ညဏ်တော်အားဖြင့် မြန်မာနိုင်ငံတွင် အကြီးဆုံးစာရင်းဝင်ဖြစ်၍ ခေါင်းပွသံကူကွန်ကရစ် တည်ဆောက်ပုံနည်းစနစ်အရ တစ်ဆူတည်းသာရှိသေးသော ဆင်းတုတော်ကြီးဖြစ်ပေးသည်။
လျောင်းတော်မူလေးမျိုး
လျောင်းတော်မူ ရုပ်ပွားတော်များ တည်ထားသည့် ဦးခေါင်းပြုရာ အရပ်မျက်နှာကို အကြောင်းပြု၍ လျောင်းတော်မူရုပ်ပွားတော် လေးမျိုးကွဲပြားကြောင်း မှတ်သားရပါသည်။
“အရှေ့ပေါင်းလောင်းတောင်သာလျောင်းအနောက်စောင်းတန်းနေရဗန်
 မြောက် ပရိနိဗ္ဗာန်”
တစ်နည်း
“အရှေ့ရှင်မင်း တောင်ခွင်သာလျောင်း အနောက်ပေါင်းလဲ မြောက်ထဲပရိနိဗ္ဗာန်”
(က) အရှေ့အရပ်ကို ဦးခေါင်းပြုသော လျောင်းတော်မူဘုရားသည် မဟာဂရုဏာသမာပတ်၊                နိရောဓသမာပတ် ၀င်စားတော်မူဟန် ဖြစ်ပါသည်။
(ခ) တောင်အရပ်သို့ ဦးခေါင်းပြုသော လျောင်းတော်မူဘုရားသည် နိရောဓသမာပတ်၊ ဖလသမာပတ်နှင့် ဧည့်ခံတော်မူဟန် ဖြစ်ပါသည်။
(ဂ) အနောက်အရပ်သို့ ဦးခေါင်းပြုသော လျောင်းတော်မူဘုရားသည် နိဗ္ဗာန်သို့ အာရုံပြု၍ နိရောဓသမာပတ်ဝင်စားတော်မူဟန်ဖြစ်ပါသည်။
(ဃ) မြောက်အရပ်သို့ ဦးခေါင်းပြုသောအနေအထားသည် ပရိနိဗ္ဗာန်ဝင် စံတော်မူဟန် ဖြစ်ပါသည်။
မြိတ်မြို့၊ ပထက်တောင် အတုလရံသီ ရွှေသာလျောင်းဘုရားကြီးမှာ တောင်အရပ်သို့ ဦးခေါင်းပြု၍ မြိတ်မြို့ကို ရှုစားလျက် သမာပတ်ဝင်စားတော်မူဟန် ဖြစ်ပါသည်။
မြန်မာနိုင်ငံလျောင်းတော်မူဘုရားကြီးများ
စဉ်      ဘုရားကြီးဘွဲ့တော်၊မြို့                                       ညဏ်တော်               စတည်ခုနှစ်
၁။       ဟင်္သာတမြို့၊ နတ်မော်လောကဥသျှောင်ဘုရားကြီး     ၁၆၈တောင်              ၁၂၇၁ ခုနှစ်
၂။       ထားဝယ်မြို့၊ လောကသရဖူဘုရားကြီး                    ၁၆၂တောင်              ၁၂၉၃ ခုနှစ်
၃။       မြိတ်မြို့၊ အတုလရံသီရွှေသာလျောင်းဘုရားကြီး         ၁၄၄တောင်              ၁၃၁၇ ခုနှစ်
၎။       ရန်ကုန်မြို့၊ ခြောက်ထပ်ကြီးရုပ်ရှင်တော်မြတ်            ၁၄၄တောင်              ၁၃၂၈ ခုနှစ်
၅။       ပဲခူးမြို့၊ ရှင်ပင်သာလျောင်းဘုရားကြီး                     ၁၂၀တောင်              ၃၅၆ ခုနှစ်
  မြိတ်မြို့၊ ပထက်တောင် အတုလရံသီဘုရားကြီးနှင့် ရန်ကုန်မြို့၊ ခြောက်ထပ်ကြီး ရွှေသာလျောင်းဘုရားကြီးမှာ
 မြိတ်ဇာတိဖွား ပန်းပုဆရာကြီး ဦးသောင်း တစ်ဦးတည်းလက်ရာဖြစ်၍ မြိုတ်မြို့၊ ဘုရားကြီးကိုတည်ဆောက်ပြီး (၁၁)နှစ်အကြာမှ ရန်ကုန်မြို့၊ ခြောက်ထပ်ကြီးဘုရားကို တည်ဆောက်ခဲ့ခြင်းဖြစ်လေသည်။
 ယခုအခါ စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ဗောတိတစ်ထောင် လျောင်းတော်မူဘုရားကြီးတစ်ဆူကို တည်ဆောက်ပြီးသည့်အပြင် မွန်ပြည်နယ်၊ မုဒုံမြို့၊ မြိုင်ကုန်းကျေးရွာတွင်လည်း ၀င်းစိန်ဆရာတော်ကြီး ဘဒ္ဒန္တကေသရ ဦးဆောင်၍ ဇိနသုခရန်အောင်ချမ်းသာ လျောင်းတော်မူဘုရားကြီးတစ်ဆူကို တည်ဆောက်လျက်ရှိရာ ပြီးစီးပါက အတောင်(၄၀၀)ရှိမည်ဖြစ်ကြောင်း သိရပါသဖြင့် မြန်မာနိုင်ငံတွင် အကြီးဆုံးဘုရားကြီး ဖြစ်လာနိုင်ပါသည်။
ပထက်တောင် အတုလရံသီရွှေသာလျောင်းဘုရားကြီး
 ရှေးအခါက မဏိစည်သူမင်းကြီး ဖောင်တော်နှင့် နိုင်ငံတ၀ှမ်း တိုင်းခမ်းလည့်လည်တော်မူစဉ် ဖောင်တော်ကြီးထစ်တန့်၍ ရပ်နေခဲ့သောနေရာဖြစ်ခဲ့၍ ဖောင်တောင်ထစ်တောင်ဟု 
 ခေါ်တွင်စေပြီး၊ တောင်ပေါ်တွင် စေတီတစ်ဆူ တည်ထားခဲ့သည်ကို အကြောင်းပြု၍ ရှေးအခါက “ဖောင်ထစ်တောင်”ဟု ခေါ်ဝေါ်ခဲ့ရာမှ ကာလရွှေ့လျောသောအခါ “ပထက်တောင်” ဟု အမည်တွင်ခဲ့ကြောင်း အဆိုရှိခဲ့ပါသည်။
   ထိုမှတစ်ဖန် ၁၉၂၃-၂၄ ခုနှစ်တွင် ပထက်တောင်ကို မိုင်းခွဲ၍ ကျောက်များထုတ်ယူပြီး (၇)ဖာလုံခန့်ရှိသော မြိတ်မြို့၏ကမ်းနားလမ်းကို ကျောက်တန်းဆည်၍ တည်ဆောက်လိုက်သောအခါ မြိတ်ဆိပ်ကမ်းသည် နိုင်ငံရပ်ခြား တိုင်းတစ်ပါးသို့တိုင် ဂုဏ်သတင်းကျော်ကြားခဲ့သည်အထိ လှပတင့်တယ်စေခဲ့ပြီး၊ ပထက်တောင်ကမ်းခြေတွင်လည်း သမိုင်းတစ်ခေတ်တွင် ထင်ရှားလာမည့် ရွှေသာလျောင်းဘုရားကြီး တည်ဆောက်လာရန် ကမ်းခြေလွင်ပြင်တစ်ခု ဖြစ်ပေါ်လာစေခဲ့ပါသည်။
 ဘာသာတရားကို ရိုသေလေးစားကြသော မြိတ်မြို့လူကြီးများ၏ ကြိုးပမ်းမှုကြောင့် ၁၃၁၇ခုနှစ်၊ ကဆုန်လဆန်း(၃)ရက်၊ (၉-၅-၁၉၅၅) တွင် မြေဧရိယာ(၂၁.၃၂)ဧကရှိသော မြိတ်မြို့သို့ မျက်နှာပြုသည့် ပထက်တောင်တော်တ၀ှမ်းလုံးကို နိုင်ငံတော်အစိုးရ၏ အခွန်လွတ်သာသနာမြေအဖြစ် အသိအမှတ်ပြု ရရှိခဲ့ပါသည်။
ဤသို့ဖြင့် ၁၃၁၇ ခုနှစ်၊ နယုန်လဆန်း(၁၄)ရက်၊ (၄-၆-၁၉၅၅) စနေနေ့တွင် မြိတ်မြို့၊ တော်ကျောင်းဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ ဦးပဒုမ အမှူးပြုသော ဆရာတော်ကြီများ၊ ပထက်တောင်ကျောင်းဆရာတော် ဦးပဏ္ဍိစ္စ၊ မြိတ်ခရိုင်ဝန် ၀ဏ္ဏကျော်ထင် ဦးမြခင်၊ သာသနာရေး အရာရှိ ဦးဘချစ်နှင့် မြိတ်မြို့လူကြီးများက ပထက်တောင်ကမ်းခြေရင်ပြင်တွင် လျောင်းတော်မှုဘုရားကြီး တည်ဆောက်ရန် အုတ်မြစ်ချခဲ့ကြပါသည်။ တာဝန်ယူတည်ဆောက်ပေးသည့် ပန်းပုဆရာကြီးမှာ မြိတ်မြို့၊ သန်းဖိုရပ်၊ ပုလဲလမ်းနေ ဦးကြွယ်+ဒေါ်နှင်းရီး တို့၏သား ဦးသောင်းဖြစ်ပါသည်။
ပထမအကျိုးဆောင်လူကြီးများဖြစ်ကြသော ဥက္ကဌ-ဦးသံကြူး၊ အတွင်းရေးမှူး-ဦးစံတိတ် ဦးဆောင်သည့် အဖွဲ့ဝင်(၆၆)ဦးပါဝင်သော တည်ဆောက်ရေးအဖွဲ့လက်ထက်တွင် (၄-၆-၁၉၅၅ မှ ၃၁-၁-၁၉၇၀)ထိ (၁၅) နှစ်အတွင်း ဦးခေါင်းတော်နှင့်ကိုယ်လုံးတော်ပခုံးထိ ပြီးစီးခဲ့ပါသည်။ 
ဒုတိယပိုင်းဥက္ကဌ-ဦးပန်ယား၊ အတွင်းရေးမှူး-ဦးကျော်အေး ဦးဆောင်သည့် အမှုဆောင် (၁၅)ဦးနှင့် အဖွဲ့ဝင် အရပ်လူကြီး (၇၀)ပါဝင်သော အကျိုးဆောင်လူကြီးများလက်ထက်တွင် (၁-၂-၁၉၇၀ မှ ၃၁-၁-၁၉၈၂ ထိ) (၁၂)နှစ်အတွင်း ဥာဏ်တော် (၂၀၁ပေ၊ ၆လက်မ) ရှိ ကိုယ်လုံးတော် အဖြူထည် ပြီးစီးခဲ့ပါသည်။
   (၁-၇-၁၉၈၂)ရက်နေ့တွင် နာယကကြီး ဦးယုဆိုင်နှင့် ဦးကျော်စိန် ဦးဆောင်၍ တည်ဆောက်ရေးအဖွဲ့သစ်ကို တတိယအကြိမ် ပြန်လည်ဖွဲ့စည်းပြီး၊ ဘဏ္ဍာထိန်း ဂေါပကအဖွဲ့ စည်းမျဉ်းတစ်ရပ်ကို ရေးဆွဲကာ နိုင်ငံတော်သြ၀ါဒါစရိယ မြိတ်မြို့၊
 ရွှေကျောင်းဆရာတော်ကြီး ဘဒ္ဒန္တကုသလအား လျှောက်ထားတင်ပြ၍ သဲဃာတော်များ၊ မြို့လူကြီးများ၏ အတည်ပြုချက်ဖြင့် (၂-၁၂-၁၉၈၂)ရက်နေ့တွင် ပထမဆုံးအကြိမ် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့ပါသည်။
 ပထမအကြိမ် ပထက်တောင်ရွှေသာလျောင်းဘုရားကြီး ဂေါပကအဖွဲ့တွင်
 နိုင်ငံတော်သြ၀ါဒါစရိယရွှေကျောင်းဆရာတော်ကြီး ဘဒ္ဒန္တကေသရ ဦးဆောင်သော သြ၀ါဒါစရိယဆရာတော်ကြီး (၉)ပါး၊ ဦးကျော်စိန်၊ ဦးယုဆိုင်၊ ဦးဦးကြည် ဦးဆောင်သော နာယကကြီး(၈)ဦး၊ ဥက္ကဌ-ဦးချမ်းလှိုင် အတွင်းရေးမှုး-ဦးဘွန်ကြည်ပါဝင်သော အမှုဆောင်(၁၃)ဦးနှင့် ဂေါပကအဖွဲ့ဝင် အရပ်လူကြီး(၃၄)ဦး ပါဝင်ခဲ့ကြ၍ ပထမအကြိမ် ဂေါပကအဖွဲ့လက်ထက် (၂-၁၂-၁၉၈၂ မှ ၆-၆-၁၉၈၇ ထိ) ကာလအတွင်း (၂၆၀ ပေ x ၆၀ပေ)ရှိသော သံတန်ဆောင်းတော်ကြီးကို တည်ဆောက်နိုင်ခဲ့ကြသည့်အပြင် ကိုယ်လုံးတော် အကြမ်းထည် (၂၀၁ပေ ၊ ၆လက်မ) ရှိသော ဘုရားကြီး၏ခြေတော် အချိုးအစား၊ မညီမျှဖြစ်နေခြင်းအား ပန်ပုဆရာကြီး ဦးဟန်တင် ထုတ်လုပ်ပေးသည့် ပုံစံဒီဇိုင်းဖြင့် ဥာဏ်တော် (၂၁၆ပေ) ရှိ အချိုးအစားပြေပြစ်တင့်တယ်သည့် ဘုရားကြီးဖြစ်လာသည်အထိ ပြုပြင်မွမ်းမံ တည်ဆောက်နိုင်ခဲ့ပါသည်။
  ထို့နောက် (၇-၆-၁၉၈၇)ရက်နေ့တွင် သက်တမ်းကုန်ဆုံးသော ဂေါပကအဖွဲ့ကို ဒုတိယအကြိမ် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့အဖြစ် ထပ်မံအတည်ပြု ဖွဲ့စည်းခဲ့ပြီး၊ ရွှေသာလျောင်းဘုရားကြီးကို အသားတော် ကျောက်သားတင်ခြင်း၊ ဆေးသား
 ရွှေသင်္ကန်တော်ကပ်လှူခြင်း၊ ဥုံဏလုံမွေရှင်တော် တပ်ဆင်ခြင်း စသည့်လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ကြရာ၊ ၁၃၅၁ ခုနှစ်၊ နယုန်လတွင် အပြင်ပိုင်း အလုံးစုံပြီးစီးခြင်းသို့ ရောက်ခဲ့ပါသည်။ 
ဤသို့ဖြင့် မိုးဒဏ်၊ လေဒဏ်ကို အကာအကွယ်ပေးမည့် တန်ဆောင်တော်ကြီးနှင့်တကွ အတုလရံသီဘွဲ့မည်တော်ရှိသည့် ရွှေသာလျောင်းဘုရားကြီး အလုံးစုံပြီးဆုံးခြင်းသို့ ရောက်ရှိသည့်အထိမ်းအမှတ်အဖြစ် ၁၃၅၁ ခုနှစ်၊ ၀ါဆိုလဆန်း(၇)ရက်နေ့တွင် ဗုဒ္ဓဘိသေကမင်္ဂလာအခမ်းအနား ကျင်းပပြီး၊ ဘုရားကြီး ဦးခေါင်းတော်ပြုရာ တောင်အရပ်တွင် ဗုဒ္ဓဂယာမှ ပင့်ဆောင်လာသည့် ဗောဓိပင်ပျိုတစ်ပင်အား စိုက်ပျိုးလှူဒါန်းခဲ့ကြပါသည်။
၁၉၂၃-၂၄ ခုနှစ်           မြိတ်မြို့၊ ကမ်းနားလမ်း၊ ကျောက်တန်းဆည်ရန် ပထက်တောင်ကြီးကို မိုင်းခွဲ၍ ကျောက်များထုတ်ယူရာမှ ပထက်တောင်တွင် မြိတ်မြို့ကို မျက်နှာပြုသော ကမ်းခြေရင်ပြင်တစ်ခု ဖြစ်ပေါ်ခဲ့သည်။
၉-၅-၁၉၅၅ ရက်နေ့      ပထက်တောင်တေထ်ာတ၀ှမ်း မြေချိန်ဧရိယာ (၂၁.၃၂)ဧကကို နိုင်ငံတော် အစိုးရမှ အခွန်လွတ်သာသနာမြေအဖြစ် အသိအမှတ်ပြုပေးခဲ့ပါသည်။
၎-၆-၁၉၅၅ ရက်နေ့      မြိတ်မြို့ လူကြီးများက ၁၃၁၇ ခုနှစ်၊ နယုန်လဆန်း(၁၄)ရက် စနေနေ့တွင် ပထက်တောင်ကမ်းခြေ ရင်ပြင် တွင် လျောင်းတော်မူဘုရားကြီးကို တည်ဆောက်ရန် မြိတ်မြို့၊ သန်းဖိုရပ်နေ ပန်းပုဆရာကြီး ဦးသောင်းအား အပ်နှံ၍ အုတ်မြစ်ချ စတင် တည်ဆောက်ခဲ့သည်။
၃၁-၅-၁၉၇၉ ရက်နေ့     ရွှေသာလျောင်းဘုရားကြီးကို ခေါင်းပွ သံကူကွန်ကရစ်နည်းပညာဖြင့် ဥာဏ်တော် (၂၀၁’ ၆”) ရှိ ကိုယ်လုံးတော် အဖြူထည် ပြီးစီးခဲ့သည်။
၆-၁၀-၁၉၈၂ ရက်နေ့     ပထက်တောင် ဓါတ်မီးအသင်းကို ဂေါပကအဖွဲ့မှ လွှဲပြောင်းဆက်ခံ၍ လျှပ်စစ်ဓါတ်မီးကို စတင်တာဝန် ယူပြီး တောင်တော် တ၀ှမ်းလုံးသို့ မီးလင်းစေခဲ့သည်။
၁၃-၁၁-၁၉၈၂ ရက်နေ့   ဘုရားကြီးအား မိုးဒဏ်၊ လေဒဏ်မှ အကာအကွယ်ပေးမည့် (၂၆၀ပေx ၆၀ပေ) ရှိ သုံတန်ဆောင်းတော်ကြီး ကို. . ဒေါက်တာ လွင်အောင်၏ နည်းပညာပုံစံဖြင့် စတင်တည်ဆောက်ရန် အုတ်မြစ်ချခဲ့သည်။
၁၆-၂-၁၉၈၄ ရက်နေ့     ဗိသုကာပည်ာရှင် ဦးကျော်သိန်း၏ တွက်ချက်မှုဖြင့် သံထည်များကို ရန်ကုန်မြို့တွင် အပြီးအစီး ဖြတ်တောက်တိုင်းတာ၍ မြိတ်မြို့သို့သယ်ယူပြီး တန်ဆောင်းသံတိုင်ကြီးများကို စတင်တပ်ဆင်သည်။
၁-၉-၁၉၈၆ ရက်နေ့      တန်ဆောင်းတော်ကြီးအမိုး သံမဏိဒိုင်းကြီးများ စတင်တပ်ဆင်သည်။
၃၁-၃-၁၉၈၆ ရက်နေ့     ရွှေသာလျှောင်းဘုရားကြီး၏ အချိုးအစားမညီမျှဖြစ်နေသော ခြေတော်အစုံကို ပန်းပုဆရာကြီး ဦးဟန်တင် တိုင်းတာတွက်ချက် ထုတ်လုပ်ပေးသော ဒီဇိုင်းပုံစံဖြင့် ပန်ပုဆရာ ဦးအေးကို(မြိတ်) အား တာဝန်ပေး၍ ပြန်လည်ပြင်ဆင် တည်ဆောက်သည်။
၆-၁-၁၉၈၇ ရက်နေ့      ဘုရားကြီးအရှေ့ရင်ပြင်ကို ရေထဲသို့ (၃၆)ပေ ချဲ့၍ (၃၃၃ပေ) ရှည်သော ကျောက်တည်းဆည်ပြီး ရင်ပြင်တော် တိုးချဲ့တည်ဆောက်သည်။
၂၅-၁၀-၁၉၈၈ ရက်နေ့   ၁၃၅၀ပြည့်နှစ်၊ သီတင်းကျွတ်လပြည့်နေ့တွင် မူလဥာဏ်တော် (၂၀၁ပေ၊ ၆လက်မ)ရှိ ဘုရားကြီးသည် အချိုးအစားပြေပြစ်တင့်တယ်သော ဥာဏ်တော်(၂၁၆ပေ) ရှိ  အတုလရံသီရွှေသာလျောင်းဘုရားကြီးအဖြစ် အပြင်ပိုင်း အချောကိုင်ပြီးစီး ခဲ့ပါသည်။
၂၃-၁၁-၁၉၈၈ ရက်နေ့   ၁၃၅၀ ပြည့်နှစ်၊ တန်ဆောင်မုန်းလပြည့်နေ့တွင် (၂၆၀ပေx၆၀ပေ)ရှိသော သံတန်ဆောင်းတော်ကြီးကို အမိုးနှင့် တကွ အလုံးစုံပြီးစီး အောင်မြင်ခဲ့ပါသည်။ တန်ဆောင်းတော်ကြီးတွင် သစ်သားလုံးဝမပါ၊ သံတန်ဆာများကိုသာ ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ခေတ်မှီသံမဏိ လုပ်ငန်းရှင် ဦးဌေးနိုင်ထံ အပ်နှံလုပ်ကိုင်၍ မြိတ်မြို့တွင် တပ်ဆင်ခြင်း လုပ်ငန်း အစအဆုံးနာယကကြီး ဦးယုဆိုင်မှ ကိုယ်တိုင်ကြီးကြပ်ပြီး အင်ဂျင်နီယာ ဦးအင်းစိန်နှင့်အဖွဲ့က တပ်ဆင်ပေးခဲ့ကြောင်း မှတ်တမ်း တင်ပါသည်။
၃၁-၃-၁၉၉၂ ရက်နေ့     လျောင်းတော်မူဘုရားကြီး၏ (၂၂၅)ပေ ရှိသော ရွှေပလ္လင်တော်ကြီးကို မြန်မာမှုဖြင့် တည်ဆောက်ပြီးစီးခဲ့ပါသည်။
၁-၁-၁၉၉၃ ရက်နေ့      တန်ဆောင်းတော်ကြီးတွင် မျက်နှာကျက်ကျောက်ပြားများဖြင့် စတင်တပ်ဆင်သည်။
၃၁-၅-၁၉၉၃ ရက်နေ့    ဘုရားကြီးအတွင်း၊ ဌာပနာတိုက်ကို တည်ဆောက်ပြီးစီးပါသည်။
၁-၁-၁၉၉၄ ရက်နေ့      အတုလရံသီရွှေသာလျောင်းဘုရားကြီး ကျက်သရေဆောင်မုခ်ဦးကို စတင်တည်ဆောက်ခဲ့ပါသည်။
၁-၃-၁၉၉၈ ရက်နေ့      ကွန်ကရစ်ဆိပ်ခံတံတားနှင့် လျှောက်လမ်းကို စတင်တည်ဆောက်သည်။
၁-၄-၂၀၀၀ ရက်နေ့      ခေါင်းပွသံကူကွန်ကရစ်နည်းပညာဖြင့် တည်ဆောက်ထားသော ဘုရားကြီး၏ အတွင်းပိုင်း အခန်းပေါင်း(၁၄)ခန်းတွင် ဌာပနာဘုရားများ ဆင်းတုတော်များဖြင့် ခန်းလုံးပြည့် တပ်ဆင်ပူဇော်သည့်လုပ်ငန်း စတင်လုပ်ကိုင်သည်။
 ပထက်တောင် အတုလရံသီ ရွှေသာလျောင်းဘုရားကြီး၏
ဥာဏ်တော်
၁။ ဥာဏ်တော်အလျား             ၂၁၆’ ၀”
၂။ နဖူးသင်းကျစ်တော်             ၄၂’ ၀”
၃။ မျက်နှာတော်                    ၂၈’ ၆”
၎။ မျက်ခုံးတော်                    ၁၀’၀”
၅။ နှာခေါင်းဝအကျယ်             ၁’၆”
၆။ မျက်လုံးတော်အလျား          ၄’ ၉”
၇။ မျက်နက်တော်အကျယ်        ၁’ ၁၁”
၈။ ပါးစပ်တော်အလျား             ၈’ ၆”
၉။ နားတော်                        ၁၇’ ၀”
၁၀။ ရောင်လျံတော်အထိအမြှင့်   ၅၇’ ၀”
၁၁။ ပခုံးတော်ထိအမြင့်            ၄၇’ ၈”
၁၂။ လည်ပင်းတော်ပါတ်လည်    ၄၂’ ၃”
၁၃။ လယ်လတ်တော်              ၈၁’ ၀”
၁၄။ လက်ဖ၀ါးတော်               ၂၁’ ၀”
၁၅။ ခြေသလုံးတော်ပါတ်လည်   ၂၅’ ၀”
၁၆။ ညာခြေဖ၀ါး(ဖနောင့်မှခြေမ) ၂၉’ ၄”
၁၇။ ဘယ်ခြေဖ၀ါး(ဖနောင့်မှခြေမ)၂၉’ ၁”
၁၈။ ညာခြေမတော်                ၅’၁၀”
၁၉။ ဘယ်ခြေမတော်              ၅’ ၀”
၂၀။ ပလ္လင်တော်ကြီးအလျား      ၂၂၅’ ၀”
လျောင်းတော်မူဘုရားကြီးတည်ဆောက်မှုတန်ဖိုးမှတ်တမ်း
(၃၁-၃-၂၀၀၃ ထိ)
၁။ ၁၉၅၅-၁၉၇၀ ခုနှစ်၊ ဘုရားကြီး တည်ဆောက်ကုန်ကျမှုတန်ဖိုး             ၂၀၀၀၀၀ိ/-
၂။ ၁၉၇၀-၁၉၈၂ ခုနှစ်၊ ဘုရားကြီး တည်ဆောက်ကုန်ကျမှုတန်ဖိုး             ၂၀၅၄၈၉ိ/-
၃။ ၁၉၈၂-၁၉၈၈ ခုနှစ်၊ ဘုရားကြီး တည်ဆောက်ကုန်ကျမှုတန်ဖိုး             ၇၇၁၇၅၀ိ/-
၎။ ၁၉၈၈-၂၀၀၃ ခုနှစ်၊ ဘုရားကြီး တည်ဆောက်ကုန်ကျမှုတန်ဖိုး             ၃၈၁၇၂၄၇ိ/-
၅။ ရွှေပလ္လင်တော်ကြီးတည်ဆောက်ကုန်ကျမှုတန်ဖိုး                                       ၉၆၆၄၈၃ိ/-
၆။ ဘုရားကြီးအတွင်း ဌာပနာတိုက်တည်ဆောက်ကုန်ကျမှုတန်ဖိုး             ၅၀၄၉၂၀ိ/-
၇။ ရွှေသင်္ကန်းကပ်လှူခြင်း ကုန်ကျမှုတန်ဖိုး                                     ၁၄၉၀၉၈၆/-
၈။ တန်းဆောင်းတော်ကြီး တည်ဆောက်ကုန်ကျမှုတန်ဖိုး                      ၆၃၇၄၀၀၀ိ/-
၉။ ကောင်းမှုတော်များ တည်ဆောက်ခြင်းလုပ်ငန်းတန်ဖိုး                      ၃၈၉၃၆၃၆/-
၁၀။ ရင်ပြင်တော် ကြွေပြားကပ်ခြင်းလုပ်ငန်းတန်ဖိုး                             ၁၂၈၀၃၇၅/-
၁၁။ ကျောက်တန်းစီ ရင်ပြင်တော်ချဲ့ထွင်ခြင်းလုပ်ငန်းတန်ဖိုး                  ၁၃၄၇၀၇၇ိ/-
၁၂။ ဆိပ်ခံတံတားနှင့် လျှောက်လမ်းတည်ဆောက်ခြင်းလုပ်ငန်းတန်ဖိုး       ၁၁၁၀၈၅၁ိ/-
၁၃။ ဘုရားကြီးအတွင်း ဌာပနာဘုရားများ ပူဇော်ခြင်း                           ၂၀၄၄၃၁၅ိ/-
မြန်မာနိုင်ငံအရပ်ရပ်ရှိ လျောင်းတော်မူဘုရားကြီးများ
 ၁။         တိလောကဥသျှောင်လျောင်းတော်မူ          ၁၆၈ တောင်    ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊နတ်မော်ကျေးရွာ   
                                                                                                          ၂။       လောကသရဖူလျောင်းတော်မူ    ၁၆၂ တောင်      တနင်္သာရီတိုင်း၊ ထားဝယ်မြို့
၃။       အတုလရံသီရွှေသာလျောင်းဘုရား              ၁၄၄ တောင်    တနင်္သာရီတိုင်း၊ မြိတ်မြို့
၎။       ခြောက်ထပ်ကြီးရွှေသာလျောင်းရုပ်ရှင်တော်    ၁၄၄ တောင်    ရန်ကုန်တိုင်း၊ ဗဟန်းမြို့
၅။       ရှင်ပင်သာလျောင်းဘုရားကြီး          ၁၂၀ တောင်  ပဲခူးတိုင်း၊ ပဲခူးမြို့  
၆။       စိန်သာလျောင်းဘုရားကြီး           ၁၀၀ တောင်   ပဲခူးတိုင်း၊ ပဲခူးမြို့
၇။       မိုးညှင်းအရှေ့ရွှေသာလျောင်း     ၈၀ တောင်    ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မိုးညှင်းနယ်
 ၈။ မိုးကောင်းလျောင်းတော်မူ    ၆၀ တောင်    ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့
၉။မနူဟာဘုရားအနောက်လျောင်းတော်မူ         ၅၈ တောင် မန္တလေးတိုင်း၊ ပုဂံမြို့မြင်းကပါရပ်
၁၀။     ရှင်ပင်သာလျောင်းဘုရား      ၄၀ တောင် မန္တလေးတိုင်း၊ ပုဂံမြို့
၁၁။     နမ္ပားနမ်းဆော်လော်လျောင်းတော်မူ   ၂၅ တောင်   ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့
                                                                                       နမ္ပားနမ်းဆော်လော်ရွာ
 မှတ်ချက်။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ဗောတိတစ်ထောင်ဆရာတော် ဦးဆောင်၍ ဗောဓိတစ်ထောင်လျောင်းတော်မူဘုရားကြီးတစ်ဆူနှင့် မွန်ပြည်နယ်၊ မုဒုံမြို့၊ မြိုင်ကုန်းကျေးရွာတွင် ၀င်းစိန်ဆရာတော်ကြီး ဦးဆောင်၍ အတောင်(၄၀၀)ပြည့် ဇိနသုခရန်အောင်ချမ်းသာလျောင်းတော်မူဘုရားကြီး တစ်ဆူကို တည်ဆောက်နေရာ ပြီးစီးခဲ့ပါက အကြီးဆုံးဘုရားများ ဖြစ်သွားနိုင်ပါသည်။
နိုင်ငံရပ်ခြားရှိ လျောင်းတော်မူဘုရားကြီးများ
၁။ ဥာဏ်တော်(၁၀၀၀)တောင်ရှိသော ပေါင်တန်ရှန်တောင်တန်း
 လျောင်းတော်မူဘုရားကြီးသည် တရုတ်နိုင်ငံ၊ ဂိုချွမ်းပြည်နယ် အရှေ့ပိုင်း၊ တာဇုမြို့၊ ချန်ချောင်ပြည်နယ်တွင် ရှိပါသည်။
၂။ ဥာဏ်တော် (၄၁)မီတာရှိသော ပိုသီစီဟန်လျောင်းတော်မူဘုရားကြီးသည် မလေးရှားနိုင်ငံမြောက်ပိုင်း၊ ကိုတာဘာရုမြို့အနီး၊ ကထန်တန်ဒေသ၊ ပေါင်ချန်ဘူရွာတွင် ရှိပါသည်။
၃။ ဂျပန်နိုင်ငံအနောက်တောင်ပိုင်း တိုကျိုမြို့မှ (၅၆၃)မိုင် အကွာတွင် ဥာဏ်တော်(၁၃၅)ပေ ရှိသော ဖူကူအိုကာလျောင်တော်မူဘုရားကြီးနှင့် ဂျပန်နိုင်ငံတွင်ပင် ဥာဏ်တော် (၅၂)ပေ ရှိသော ချီဘာလျောင်းတော်မူဘုရားတစ်ဆူ ရှိကြောင်း မှတ်သားရပါသည်။
၎။ အိန္ဒိယနိုင်ငံ၊ ဥတ္တပရာဒ်ရှ်ပြည်နယ်၊ ဂိုရပ်ခ်ပူရ်မြို့နှင့် ၃၂ မိုင်ခန့်အကွာ ကုသိနာရုံတွင် ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်ပြုတော် မူပုံ လျောင်းတော်မူ ရုပ်ပွားတော်တစ်ဆူရှိပါသည်။ ဥာဏ်တော်  (၂၅)တောင်ခန့်သာရှိသော်လည်း မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံဝင်ရာ သံဝေဇနိယဌာဖြစ်၍ အတုမရှိသော လျောင်းတော်မူဖြစ်ပါသည်။
မြကျောက် သိမ်တော်
တစ်ခု ဖြစ်ပါသည်။
မြကျောက်ရေစင်ဟာ မြန်မာနိုင်ငံမှာ ပထမဆုံးတွေ့ ရတဲ့ Mineral Water သဘာဝ ရေစင်ဖြစ်ပြီး ပညာရှင်များ ဓါတ်ခွဲစမ်းသပ်ချက်အရ ကမ္ဘာ့အဆင့်မီ Spring Waterထက် ပိုကောင်းမွန်တယ်လို ဆိုခဲ့ပါသည်။ - See more at: http://myanmarpage.blogspot.ru/2013/07/blog-post_21.html#more
ပြုစုသူ။ ။ ။ဦးဘွန်ကြည်-အတွင်းရေးမှူး
ပထက်တောင်အတုလရံသီ ရွှေသာလျောင်းဘုရားကြီး
 http://mgkyawthiha.blogspot.com/2013/03/blog-post_8070.html မှ ပြန်လည်မျှဝေသည်။
No comments:
Post a Comment