ဦးပိန်တံတားသမိုင်း
ဦးပိန်တံတားခေါ် တောင်သမန်
တံတားကိုပုဂံမင်း လက်ထက်သက္ကရာဇ် ၁၂၀၉ ခုနှစ်မှာ
အမရပူရမြို့ ၀န်
ဦးဘိုင်ဆပ်နဲ့ မြို့စာရေး
မောင်ပိန် တို့ဦးဆောင် ဆောက်လုပ်ခဲ့ပါတယ် ။
အဲဒီတံတား သည်ဒီကနေ့ မြန်မာ
ပြည်ရဲ့ ဂုဏ်ဆောင်တံတား ဖြစ်နေပါပြီး။
အရှေ့အာရှမှာ သက်တန်းအရှည်းဆုံး
သစ်သားတံတားအဖြစ် ကျွန်တော်တို့
ဂုဏ်ယူ
ဝင့်ကြွားနေ ရပြီး ကမ္ဘာလှည့် ခရီးသည်တွေရဲ့မျက်စိ
ပသေဒ
ဆွဲဆောင်ခြင်းခံနေရတဲ့
နေရာလည်းဖြစ် ၊ နိုင်ငံခြားငွေရှာပေးနေတဲ့
နေရာလည်းဖြစ်ပါတယ် ။
ဒါသမိုင်း ၊ အမွေ၊
မြန်မာ့ယဉ်ကျေးမှုအမွေတစ်ခုပါ။
ကျွန်တော်တို့ ထိန်းသိမ်းရမှာပါ။
ဒီအကြောင်းကို စာရေးဆရာတစ်ချို့ မကြာခန ဂုဏ်ယူစွာ ထုတ်ဖော် ရေးသားကြပါတယ်။
အဲဒီလိုရေးတဲ့အခါမှာလည်း တစ်ခါတစ်ခါ မြန်မာဘုရင်နဲ့
မြန်မာဘုရင်ရဲ့မြှောက်စား
ခံရသူတွေကို အထင်သေးစေတဲ့ နိုင်ငံခြားသားများ
ရဲ့စွပ်စွဲ
နှိမ်ချရေးသာချက်တွေကို အထောက်
နှိမ်ချရေးသာချက်တွေကို အထောက်
အကူ ပြုမဲ့ အရေးသားတွေ
ဖေါ်ပြလာတာကို မကြာခဏတွေ့ရတဲ့အတွက်
အတော်ပဲ ၀မ်းနည်းကြေကွဲရပါတယ် ။
ဒီကနေ့ ဒီလောက်တောင်
အရေးထား
ဂုဏ်ယူနေရတဲ့အဆင်ရောက်ရတဲ့ဦးပိန်
တံတားဆောက် လုပ်ခြင်း ရည်ရွယ်ချက်ကိုလည်း
မဟုတ်တလျား စွပ်စွဲရေးသား တာလည်း
တွေ့ရတက်ပါတယ် .. မြို့ဝန်ကုလား
ဘိုင်ဆပ်တို့ရဲ့အကြံက အင်းရဲ့အရှေ့ဘက်မှာရှိတဲ့
ဘိုင်ဆပ်နဲ့ ဘာသာတူနဲ့
အမျိုးအနွယ်
ကို ဘိုင်ဆပ်အလိုရှိတဲ့အချိန်မှာ အလျင်မြန်
အလွယ်တကူရောက်ရှိပြီ အမရပူရ ထီးနန်းကိုတောင်
အရယူဖို့ကြံစည် ထားတယ်…
လို့စွပ်စွဲ ထားချက်ကို
ဖေါ်ပြလေ့ရှိပါတယ်။
ဖေါ်ပြလေ့ရှိပါတယ်။
အဲဒီလိုစွပ်စွဲရအောင် ခိုင်လုံတဲ့
အထောက်အထားလည်း
မရှိပါဘူး။ ခိုင်မာတဲ့သမိုင်းစာအုပ် တွေဖြစ်တဲ့
ဦးကုလား
ရာဇ၀င် ၊ မှန်နန်းရာဇ၀င်၊
ကုန်းဘောင်မဟာ ရာဇ၀င်များမှာလည်း
လုံးဝမပါပါဘူး။
စာဖတ်ပရိသတ်
များကို ဦးပိန်တံတားဆောက်လုပ်ရခြင်းရဲ့
အကြောင်းအရင်းတွေကို
အရှိကိုအရှိတိုင်းသိရှိအောင် ဖေါ်ပြလိုက်ပါတယ် ။
အဲဒီတံတားကြီး မဆောက်ခင်
အသာဖယ်ယာ
ခေါင်းဆောင်တဲ့သံအဖွဲ့ အင်းဝမြို့ကို လာကြတုန်းက
တောင်သမန်ကို
သူတို့ပိုင်တဲ့ သဘောင်္နဲ့ဖြတ်ပြီး
ဝင်လာကြတာ နန်းတော်မြို့ရိုးအထိ
ပေါက်ခဲ့တယ်ဆိုတဲ့သမိုင်းကြောင်းရှိဘုးတယ်။ ဒီဦးပိန်တံတား
ဆောက်ပြီးနောက်မှာတော့
နယ်ချဲ့သင်္ဘောတွေဟာ နန်းတော်ဦးထိ
မရောက်နိုင်တော့ပါဘူး။
ဒါကိုတော့မြင်တက်ဖို့ လိုပါတယ်။
(အစ္စလာမ်ဓမ္မဗိမာန် နှစ် ၂၀ပြည့်
အထူးစာစောင်
စာမျက်နှာ ၁၀၂ မှာ တိုင်းရင်းသား
အစ္စလာမ့်သာသနာ ၀င်လောကမှာ
မြန်မာ့သမိုင်း နှင့်ပတ်သက်ပြီး
လေးစားခံရဆုံး ဆရာကြီး ပသီဦးကိုကိုလေး ၏
ဟောပြောချက် (ချက် (၃) ချက် ဆောင်းပါးမှ)
ဤသို့ နယ်ချဲ့အန္တရယ်မှ လွတ်ကင်းအောင်
ပရိယယ်ကြွယ်ကြွယ်ဖြင့်တားဆီးနိုင်ခဲ့ပါတယ်။ အမရပုရ မြို့ပတ်ဝန်ကျင်
ကိုတစ်နှစ်လျှင်
နှစ်လကျော် ရေလွှမ်းမိုး လျက်ရှိရာ
လူများစီးပွားရေးအတွက်ကုန်ပစ္စည်းများ ၀ယ်ယူဖြတ်သန်းသွားနိုင်ရန်အတွက်
အမျှော်အမြင်ကြီးစွာဖြင့်
ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။
(တက္ကသိုလ်နေ၀င်းဘာသာပြန် အင်းဝရောက် ဗြိတိသျှသံ) မြို့စာရေး
ဦးပိန်သစ်သားတံတား
တစ်ခုဆောက်လုပ်ရခြင်းရဲ့
ရည်ရွယ်ချက် နဲ့ပတ်သက်ပြီး မြန်မာ့စွယ်စုံကျမ်း
အတွဲ( ၁၄)
အမရပုရမြို့အကြောင်းမှာပုဂံမင်း လက်ထက်က
မြိုစာရေးမောင်ပိန်သည်
ထိုအင်းကိုဖြတ်၍ သစ်တားတံတားကြီးတစ်ခု
ဆောက်လုပ်လှုဒါန်းခဲ့ရာ ယခုတိုင်ရှိသေးသည်။
တောင်သမာန်အင်းတစ်ဖတ်တွင်
ပုဂံမင်းတည်ထားခဲ့သော ကျောက်တော်ကြီးဘုရား
ရှိသည်။
…လို့ဖေါ်ပြထားတော့
အစ္စလာမ် ဘာ သာ ၀င်
တစ်ဦး ဖြစ်တဲ့မြို့စာရေး မင်းမောင်ပိန်
တစ်ဦး ဖြစ်တဲ့မြို့စာရေး မင်းမောင်ပိန်
ဟာစေတနာအလျောက်တံတားဆောက်လုပ်လှူဒါန်းရာမှာ တံတားတစ်ဖတ်ချက်မှာရှိတဲ့ရွာများက
မြန်မာ
ဗုဒ္ဓဘာသာ ၀င်တွေ လွယ်လင့်တကူ
အန္တရယ်ကင်းရှင်စွာနဲ့ဘုရားဖူးသွားနိုင်ပါစေ
ဖို့ဆိုတဲ့
စေတနာကိုလည်း ဘယ်သူမှ မငြင်းနိုင်ပါဘူး ။
မြန်မာစွယ်စုံကျမ်း
လိုခိုင်မာတဲ့ကျမ်းကြီးက
ဆောက်လုပ်လှူဒါန်း ခဲ့သည် ဟု ဖေါ် ပြထားပါသည်။
မြို့စာရေးမင်း ဦးပိန်ဆောက်လုပ်ခဲ့သည်မှာ
ဦးပိန်တံတာား တစ်ခုတည်းသာမက
ဦပိန်းသည် စကျင်ဝချောင်းကိုဖြတ်လျက်
တောင်ကြီးတံတား ဟင်္သာတံတား ၊
ပန်ဘဲတဲ့တား၊
ဗုံအိုးတံတား ၊ စကျင်ဝတံတား ၊
ကုက္ကိုင်တံတား များကိုလည်း
ဆောက်လုပ်ခဲ့ပါသည်။
တံတားများဆောက်လုပ်၇န် လိုအပ်သော
ပန်းဘဲသမားများနှင့် လက်သမားများ နေထိုင်ရန်
ပန်းဘဲရွာ နှင့် လက်သမားရွာကိုလည်း တည်ပေးခဲ့ပါသည်။
နောက်စွပ်စွဲချက် တစ်ခု ရှိသေးတယ်။
အမရပူရမြို့သစ်တည်တဲ့အခါ အင်းဝနဲ့
စစ်ကိုင်းဘက် က နန်းတော် ဟောင်းတွေ
အိမ်တော်ဟောင်းတွေ ၊
ကြမ်းအဟောင်းတွေ ကို ဖျက်ပြီး တောင်သမန်
တံတားကြီးမှာ
အသုံးပြုတာပေါ့ ဆိုတဲ့ စွပ်စွဲချက် ။
ထိုစွပ်စွဲချက် ပါးစပ်စကားသည် လုံးဝ
ယုတ္တိ မရှိပေ။
နန်းတော်များ၊ ဘုန်းကြီးကျောင်းများ၊ မင်းစိုးရာဇာ များ၏
အိမ်များတွင် မည်သူမျှ ဖိနပ်မစီးတက်ရပါ။
တံတားဆောက်၇ာတွင် သုံးသည်
ဟုဆိုလျှင်
မြန်မာ့အယူအဆအရ နာမ်နှိမ်ရာကျဘုရင် လာခွင့်ပြုမည်
မဟုတ်ပါ.။
နန်းတော်တိုင်သည် လူကြီး
တစ်ပိုက်ကျော်ကျော် ရှိပါသည်။
ဦးပိန်တံတားမှာ
လူကြီးတစ်ပိုက်လုံးပတ်မရှိပါ။
နန်းတော်ကို မမြင်ဖူး သော မန္တလေးသား
မဟုတ်သည့် သမိုင်းဆရာတစ်ချို့
ရဲ့စွပ်စွဲချက်သာဖြစ်တန်ရာ၏ လို့
မောင်မောင်ခင်
(BSc. Dip Ed )က ၁၉၉၅ ခု၊
ဖေဖေါ်ဝါရီလထုတ်
မိုးသောက်ကြယ်မဂ္ဂဇင်းမှာရေးသားထားပါတယ်။
ဦးပိန်သည် တံတားများဆောက်လုပ်၇န်
အတွက်ကျွန်းသစ် ခုတ်ခွင့်ရရှိလေသည်။
မြစ်ရေကြီးသောအခါကျွန်းသစ်များဖောင်ဖွဲ့ပြီး သယ်ဆောင်ခဲ့လေသည်။အဟောင်းများမပါပဲ
သစ်သားဖြင့် ဆောက်ခဲ့သည်။ အမရပုရ ရောက်
အင်္ဂလိပ်သံမှူးဟာင်နရီယူးက
ဦးပိန်တံတားကြီးပုံတူကို ရေးဆွဲဖေါ်ပြခဲ့ပေသည်။
တံတားကြီးသည် အသစ်စက်စက်
ဖြစ်ပြီး
ကျွန်းဝရန်တာနှစ်ဘက်တွင် ပန်းပု၊ ပန်းနွယ်ဖြင့်
ပြုလုပ်ထားသည်ဟု
အတိအကျဖေါ်ပြထားသည်။
…လို့ (တက္ကသိုလ် နေ၀င်း ဘာသာပြန် – အင်းဝရောက်
ဗြိတိသျှ
)စာအုပ်မှာ ရေးသားထားပါတယ်။
ဒါကြောင့်စွပ်စွဲချက်ဟာလည်း
အခြေအမြစ်မရှိပါဘူး။ နောက်စွပ်စွဲချက်တစ်ခုက
မြို့ဝန်ဘိုင်ဆပ်ကသူရဲ့ရဲစွမ်းသတ္တိကြောင့်မြို့ဝန်ဖြစ်လာတာ
မဟုတ်ပါဘူး။
သူကကြက်တိုက်
ငှက်တိုက် နွားတိုက်၊
ဆိတ်တိုက ဆိုတဲ့ အတက်တွေ ကို ဘုရင်က သဘောကျလို့
မြို့ဝန်ဖြစ်လာရတော့ နာယဂုဏ်ခြောက်ပါး နဲ့
ဘယ်ညီနိုင်မှာလဲ …လို့စွပ်စွဲ
ပါသေးတယ်…
အဲဒီလိုစွပ်စွဲတာက ကျွန်တော်တို့
မြန်မာဘုရင်တွေကိုဆင်ခြင်တုံတရား နည်းပါးသူအဖြစ် ရေးရာ ပြောဆိုရာ ကျပါတယ် ။
ဘုရားကျောင်းကန်
များနဲ့ စည်းကားအောင်
လမ်းတံတားများနဲ့ တင့်တယ်အောင် ဆောင်ရွက်နိုင်မဲ့
မြိုတော်စည်ပင်အောင် တာဝန်ယူနိုင်တဲ့
မြို့တော်ဝန်တစ်ဦးကိုတာဝန်ပေး
ရွေးချယ်ရာမှာလဲ
ပေါ့ပေါ့တန်တန်ရွေးမှာ မဟုတ်ပါဘူး ။
မြိုတော်ဝန် တာဝန်ကလည်း ကြီးမားတဲ့ အတွက်
တော်ရုံတန်ရုံ အရည်အချင်းနဲ့ ဖြစ်နိုင်မှာ
မဟုတ်ပါဘူး ။
ဘုရင်ကို နှိမ့်ချဟန် အရေးအသားတွေဟာ
မြန်မာအရေးကို
နှိမ်ချင်ကြတဲ့ အနောက်နိုင်ငံသားတွေ
ရဲ့လေသံမျိုးဖြစ်နေပါတယ်
။ မြို့စား ၊ ရွာစား၊ မြို့ဝန်ဖြစ်တဲ့
အဆင့်တွေဟာ သာမန် မဟုတ်ပါ့ဘုး။
သူတို့မှာ
အဆင့်ပေါင်းများစွာကို ကျော်ဖြတ်ပြီးမှ အဲဒီနေရာကို ရောက်ရတာပါ။
မြန်မာနန်းတွင်းအမှုထမ်းတွေမှာ အရည်အချင်း
သတ်မှတ်ချက်တွေ ရှိပါတယ်။သေဖော်ရှင်ဖတ်
ငါးယောက်တစ်စုကိုတစ်အိုးစားလို့ခေါ်ပါတယ်။နှစ်အိုးစားကို
အကြပ်တစ်ယောက်ထားပါတယ်။အကြပ်ငါးယောက်ပါတဲ့ အိုးစားအစုကို
သွေးသောက်တစ်ယောက် ထားပါတယ်။
သွေးသောက်နှစ်ယောက်ကိုတပ်မှုးတစ်ယောက်
ထားပါတယ်
အဲဒီတပ်မှူးငါးယောက်ကိုအုပ်ချုပ်ရတဲ့အစုကို ဗိုလ်တစ်ယောက်ထားတယ်။
အဲဒီထဲက ခြေဆယ်ပွဲရမှ ဆင်အစုကို
ဝင်ရတယ်။ဆင်တယ်ပွဲရမှသွေးသောက်အစုကိုရောက်တယ်။ အဲဒီအဆင့်တွေကို ဖြတ်ကျော်ပြီးမှ မြို့စား၊
ရွာစား၊ မြို့ဝန်
မှူးမတ်တွေ ဖြစ်ကြရတာပါ။ အဲဒါတွေကိုသိရက်သားနဲ့
မြို့ဝန်ရာထူးကို
လွယ်လွယ်ခန့်လိုက်တယ်လို့ပြောတာဟာဘုရင်ကို အရည်အချင်းမဲ့သူအဖြစ်
စွပ်စွဲလိုက်တာသာ ဖြစ်ပါတယ်။
ဒါကြောင့် သမိုင်းဆရာ ဒေါက်တာကျော်သက်က
သူရေးတဲ့
မြန်မာနိုင်ငံ သမိုင်းစာအုပ်စာမျက်နှာ(၃၇၄)မှ
ပုဂံမင်း(၁၈၄၆၁၈၅၂)နဲ့ပတ်သက်ပြီးထီးနန်းကို သာယာဝတီမင်း၏သားတော်ကြီးပုဂံမင်းကဆက်ခံလေသည်။
ပုဂံမင်းလက်ထက်နှင့်ပတ်သက်၍ကုန်းဘောင်ရာဇ၀င်တွင် ပုဂံမင်းကို
ရှေးအစဉ်အလာမင်းများကဲ့သို့မင်းဖြစ်သည်ဟု
ဖော်ပြထားသည်။ပုဂံမင်းသည်စတုတွင်ဆည်မြောင်း၊ ကန်ချောင်းများကို ဖေါက်လုပ်သည်။
ထိုဒေသများတွင်
စေတီပုထိုး တည်ထားသည့် သာသနာဘောင်သို့
ဆွေမျိုးများအား သွတ်သွင်းချီမြင့် ၍
သာသနာဒါယကာ အဖြစ်ခံယူခဲ့ပါသည်။
ညောင်ရွှေစော်ဘွား၏သမီးတော်နှင့် လက်ဆက်သည်။
သူပုန်ထခြင်း ကို ငြိမ်သက်ပိပြားအောင် ပြုလုပ်သည်။
တရုတ်နိုင်ငံမှ သံတမန်အဖွဲ့ကိုတန်းတူနိုင်ငံမှ
စေလွှတ်သော သံအဖွဲ့သို့ လက်ခံပြုစုသည်ဟု ပါရှိလေသည်။
အဲလိုပုဂံမင်းကောင်းကြောင်း ရေးသားထားချက်များကို
တွေ့ရှိနေပါတယ်။နိုင်ငံခြားသားများက ပုဂံမင်း၏အကြောင်းကို ပြောဆိုကြသည်
မှာတစ်မျိုးတစ်ဖုံ
ကွဲလေသည်။
၎င်းတို့အဆိုအရထင်ရှားသည့်အချက်ကားပုဂံမင်းသည်
တန်ခိုးအာဏာ ကို အလွဲသုံးစား ပြုသည်
ဟုလည်းကောင်း၊ တိုင်းကျိုး ပြည်ကျိုးကို
ဆောင်ရွက်ခြင်းမပြုဟုလည်ကောင်းဆိုကြသောအချက်
ဖြစ်လေသည်။တိုင်းရေးပြည်
ရာကိုမင်းကလစ်လျူရှူထားသည့်အတွက်တန်ခိုးအာဏာကို အလွဲသုံးစား၍
ဟောရမ်းမှုများ ပေါ်ပေါက်ခဲ့သည်။
နောက်စွပ်စွဲမှုတစ်ခုလည်းရှိပါသေးတယ်။အဲဒါကတော့ ဘိုင်ဆပ်မြို့ဝန်ဖြစ်တာနဲ့အမရပူရကအမျိုးသားကောင်း၊
အမျိုးသမီးကောင်းတွေမှာအသက်သေတဲ့သူနဲ့ ဘ၀ပျက်တဲ့သူနဲ့
ဆွေတော်မျိုးတော်တွေမှာ
တောင်အရှက်ကွဲခဲ့ရတယ်ဆိုတဲ့ စွပ်စွဲချက်ပါပဲ။ဒါနဲ့ပတ်သက်ပြီးအခုလို သမိုင်းအမှန်ကို ပြန်တင်ပြချင်ပါတယ်။
မြန်မာရာဇ၀င်တွင်အာဏာအတွက်အဖေကိုသားသတ်၊ သားကိုအဖေသတ်၊ အစ်ကိုကို ညီသတ် ၊
ညီကို အစ်ကိုသတ်၊ စသော ရှုပ်ထွေးလှသောနန်းတွင်ရေးရာမှာမင်းညီမင်းသားသို့မဟုတ် ဘုရင်တစ်ပါးပါးရဲ့သစ္စာတော်ခံအဖြစ်တာဝန်ထမ်းဆောင်ရတာ
လွယ်ကူတာတော့ မဟုတ်ပါဘူး။ အဲဒီအခြေအနေတွင် ဦးဘိုင်ဆပ်တို့
အမှုတော်ထမ်းခဲ့ရတဲ့အဖြစ်က ကြိုးတန်းပေါ်လမ်းလျှောက်ရသကဲ့သို့
အန္တရယ်များလှပါတယ်။
ဒီနေရာမှာ မြို့တော် ၀န်ဘိုင် ဆပ်နှင့်
မြို့စာရေးဦးပိန်တို့အကြောင်း ကို ၁၉၉၅ခုနှစ်ဖေဖေါ်ဝါရီလထုတ်မိုးသောက်ကြယ်မဂ္ဂဇင်းပါ သမိုင်းသုတေသီ ဆရာဦးမောင်မောင်ခင် BSc (Dip Ed)
ရဲ့ ရာဇ၀င်အဆောင်ဆောင်မှ မွှေနှောက်စုစည်းထားသော
ရွှေမြို့တော်ဝန်ဘိုင်ဆပ်နှင့် မြို့စာရေး ဦးပိန်
စွပ်စွဲချေပချက်မှ
ထုတ်နှတ်ပြီး အနည်းငယ် တင်ပြချင်ပါတယ်။
မြို့တော်ဦးဘိုင်ဆပ်၊ဦးပိန်နှင့်ပုဂံမင်းတို့သည် ငယ်စဉ်ကတောင်သမန်အင်း
အနောက်ထိပ်ရှိဘုန်းတော်ကြီးကျောင်းတွင်စာအတု သင်အံခဲ့ကြသည်။
ဘိုင်ဆပ်သည်
ပုဂံမင်းသား၏ယုံကြည်ချက်သဒ္ဒါရင်းနှီးစွာဆက်ဆံရသော လူပျိုတော်တစ်ဦးဖြစ်ပြီးမင်းသားအလိုကျ တာဝန်များ ဆောင်ရွက်ခံစား နေရလေသည်။
သာယာဝတီမင်းသည်မိမိ၏သားကြီးပြည်မင်းသားအား ဒဂုံမြို့မှအပြန်အထင်မှားပြီးသာယာဝတီမင်း၏မိဖုရား
မမြကလေး၊ ပြည်မင်းသားနှင့် မြေးတော်ကလေးများသည်
မင်းမိန်ဖြင့်
အကွပ်မျက်ခံရလေသည်။
ပြည်မင်းသားအသတ်ခံရပြီးနောက်
သာယာဝတီမင်း
နတ်ရွာစံလေသည်။
ပုဂံမင်းကခမည်းတော် အရိုက်အရာကိုဆက်ခံခဲ့လေသည်။ပုဂံမင်းသည် မိမိနန်းတက်သောအခါဦးဘိုင်ဆပ်၏အရည်အသွေကို
ငယ်စဉ်ကတည်းကပင်သိရှိပြီးဖြစ်၍ မြို့တော်ဝန်ခန့်ပြီး
ဦးပိန်ကို
စာရေးခန့်ခဲ့ပေသည်။
ဦးဘိုင်ဆပ်သည် နန်းမြိုတော်အတွင်းနှင့်
မြို့ပြင်
နှစ်ရပ်စလုံးကို အုပ်ချုပ်ရသော ရွှေမြို့တော်ဝန်ပင် ဖြစ်သည်။
မြို့တော်ဝန် ဦးဘိုင်ဆပ်သည် အမရပူရ
မြို့တော်တွင်ဘုန်းတော်ကြီးကျောင်းများအနက်ရှားရှားပါးပါး
အုတ်တိုက်ကျောင်းကြီးတစ်ကျောင်း ဆောက်လုပ် လှူဒါန်းခဲ့သည်။
မြို့တော်ဝန် ဦးဘိုင်ဆပ် သည်အခွန် အတုပ်ကောက်ရာတွင်
တိုင်းသူပြည်သားနှင့် မင်းမှုထမ်းများအပေါ် ခြားနားခြင်းမပြုပဲ
မင်းမိန်အတိုင်း စည်းကြပ်ကောက်ခံခဲ့သည်။
ထို့ကြောင့်အခွန်မဆောင်လိုသောမင်းမှုထမ်းများ၏ မျက်မုန်းကျိုးခြင်းခံရလေသည်။
နေပြည်တော်၌
ပြည်မင်းသားသစ္စာခံဘက်တော်သားများကလည်း
ရှိနေပါသည်။ပုဂံမင်း၏သစ္စာခံဘက်တော်သားအပေါ် မလိုမုန်းထားမှုများလည်းရှိကြပေမည်။
ဤသည်မှာ
ဓမ္မတာပင်ဖြစ်သည်။
အပြစ်ဆိုဖွယ်ရာမရှိပေ။ ဦးဘိုင်ဆပ်သည်လည်း
ကျမ်းတော်ရွက်
သစ္စာတော်ခံတစ်ဦးဖြစ်သည်နှင့်အညီ
စေသည့်ကျွန်၊ ထယ်သည့်နွားကဲ့သို့
အမှုတော်ကို
ကျေပွန်စွာ ထမ်းရွက်ရပေသည်။
ပုဂံမင်း၏
အတိုက်ခံများအားလုံးမှာလည်း အမှုတော်ကို
ကျေပွန်စွာ ထမ်းရွက်ရပေသည်။
ပုဂံမင်း၏ အတိုက်အခံအားလူံးမှာလည်း
ရွှေမြိုတော်ဝန် ဦးဘိုင်ဆပ်နှင့်
မြို့စာရေး
ဦးပိန်တို့ကို မလိုမုန်းတီးကြပေမည်။
၎င်းတို့ကဲ့သို့ သစ္စာရှိ
မင်းမှုထမ်းလူယုံများရှိနေ၍
ပုဂံမင်းကို လုပ်ကြံရန်မလွယ်ကူပေ။ ဘိုင်ဆပ်နှင့်
တောင်သမန်တံတား ဒါယကာဦးပိန်တို့ကို
အပြစ်ရှာမှာသာလျှင် ပုဂံမင်း၏
ထီးနန်းကို
လွယ်လင့်တကူ ရရှိပေမည်။
ကနောင်းမင်းသား
၏နောက်လိုက်
အဖွဲ့များသည်လည်း ပုဂံမင်းနှင့်
နိုင်ငံရေးအရ ဆန့်ကျင်သူများ ဖြစ်ကြပေသည်။
ဤအခြေအနေတွင် ဦးဘိုင်ဆပ်တို့ကို
ဒုက္ခပေးလိုသော နောက်ထပ် အုပ်စုတစ်ခုကလည်းရှိနေသည်။
ယင်းသည်အခြားမဟုတ်၊ပုဂံမင်းမိဖုရား၏
မောင်တော် ဦးကျောက်လုံးတို့အုပ်စု ဖြစ်သည်။
၎င်းဦးကျောက်လုံးက ဦးဘိုင်ဆပ် ကိုမြို့ဝန် ရာထူးမှ
ဖြုတ်ချ၍ မိမိမြို့ဝန်
ဖြစ်လိုသည်.။ တစ်နေ့
ဦးဘိုင်ဆပ်သမီးကို ဦးကျောက်လုံးက
ခိုးယူပေါင်းသင်းသည်။
ဦးဘိုင်ဆပ်က သမီးခိုးမှုကို မင်းကြီးအား တိုင်တန်းရန်
နန်းတော်သို့ ၀င်ခဲ့သည်။ မိဖုရားကြီးက
မိမိ၏မောင်တော်ဦးကျောက်လုံးမယားလိုလားမှုကိုပုဂံမင်းအား ကြိုတင်လျှောက်ထားခဲ့လေသည်။
ဦးဘိုင်ဆပ်
ပုဂံမင်းရှေ့တော်သို့
ရောက်၇ှိလာသောအခါဘုရင်ကအရိပ်အကဲကြည်ပြီး
…ယောက်ဖတော် မောင်ကျောက်လုံး၏ ယောက္ခထီးကြီး
နောက်ကျလှချည်လား …ကျီဆည်
တော်မူခဲ့လေသည်။
ဦးဘိုင်ဆပ်နှင့်မောင်ကျောက်လုံး တို့လည်းသမီးကိစ္စနှင်ပတ်သက်ပြီးတစ်ဦးနှစ်တစ်ဦး
ကျားနှင့်ဆင်ကဲ့သို့
ရန်စောင်နေခဲ့ကြသည်။
ထိုအတောအတွင်းမင်းမှုထမ်းနာခံတော် ဦရွှေရသမီးမနှစ်ကို
ရွှေနားဋောင်းအမှုနှင့်
ချုပ်ထားခဲ့ရမှ နာခံတော် ဦးရွှေရ တောင်းပန်မှုကို
ထောက်ထားပြီး မနှစ်အား လက်မဖောက်တန်း
အချုပ်ထောင်မှလွှတ်ပေးခဲ့လေသည်။
ဒုတိယအကြိမ်ကိုဦးကျောက်လုံး၏ အစ်မတော်မိဖုရားကြီးက
သောက်တော်ရွှေဖလားတစ်လုံး
ပျောက်ဆုံးမှုဖြင့်ဖမ်းဆီးခဲ့သည်။မနှစ်ကကိုယ်လုပ်တော်တစ်ပါး ခိုးယူထားကြောင်း ချေပခဲ့သည်။
မိဖုရားကြီးလည်း ဦးဘိုင်ဆပ်အား
ကိုယ်လုပ်တော်မိဖုရားငယ်တစ်ပါး ခိုးဝှက်ထားသည်ဟူ၍ပင် ထင်မြင်ချက်ပေးပြီး
စုံစမ်းခိုင်လေသည်။ တစ်နေ့ ပုဂံမင်းတရားကြီး
ရုပ်စုံသဘင်ကြည့်ရှုတော်မူနေရာ
မှရုတ်တရက်ကိုယ်လုပ်တော်မိဖုရားငယ်ထံ
ကြွမြန်းတော်မူခဲ့လေသည်။
ဦးဘိုင်ဆပ်သည် ရွှေဖလားပျောက်ဆုံးမှုကို
စုံစမ်းရန် ကိုယ်လုပ်တော်
မိဖုရားငယ်ထံ ၀င်ရောက်ခဲ့လေသည်။
စစ်ဆေးမေးမြန်ပြီးအပြန် ဦးဘိုင်ဆပ်သည်
ပုဂံမင်းတရားကြီးနှင့် ဆုံဆည်းခဲ့သည်။ ပုဂံမင်းတရားကြီး ရုပ်စုံ သဘင်
ကြည့်တော်မူနေရာမှ ရုတ်တရက် မိဖုရား ကြွရောက်မူခြင်းသည်
မလိုမုန်းထားသူများ၏ ဆင်ကွက်ပင် မဟုတ်ပါလော။
မိဖုရားငယ်ကလည်း မိမိအပေါ်
ယုံမှားသံသယ
ရှိနေမှုကို ရှက်တော်မူပြီး လွတ်အောင် တိုင်ကြားပေမည်။
နောက်ဆုံး ကုန်ဘောင်ဆက် မဟာရာဇ၀င်ကြီး တတိယအတွဲ စာမျက်နှာ ၈၆- ၈၈ အရ
ဦးဘိုင်ဆပ်၊ ဦးပိန်နှင့်တကွ ငရွှေဘော်၊ ငမှုန်၊ ငရှင်ကလေး ၊ ငကျားကြီး၊
ငကြံတို့ ကွပ်မျက်ခြင်း ခံရပေသည်။
တစ်နေ့သောအခါပုဂံမင်းကိုယ်တိုင်သူအချစ်ဆုံး ဦးဘိုင်ဆပ်ကိုမသတ်ချင်ဘဲသတ်ခဲ့ရကြောင်းအင်းဝရောက် သံတွင်
ဖော်ပြထားပါသည်။ ဒါတွေကတော့ ဦးဘိုင်ဆပ်
ဦးပိန်တို့ကိုမလိုမုန်းတီစွာမကြာခဏအရေးယူခံရခြင်းရဲ့ အဓိကအချက်များသာဖြစ်ပါတယ်။
မင်းလိုလိုက်မင်းကြိုက်ဆောင်ရာတွင်အခွင့်အရေး ယူကောင်းယူခဲ့နိုင်ပါသည်။
သို့သော် အာဏာသိမ်းရန်ကြံစည် သည်ဟူသော
အရေးအသား မှာသမိုင်းတွင်ရှာမတွေ့ခဲ့ရပါ။
ဦးဘိုင်ဆပ်ကွပ်မျက်ခံရပြီးနောက်
ဘုရင့်ယောက်ဖဦးကျောက်လုံး ရွှေမြို့တော်ဝန်ဖြစ်လာခြင်း
ဖြင့်
ဦးဘိုငဆပ်အပေါ် အထင်အမြင်
လွဲမှားစေသော အရေးအသားများမှ မည်သူဘက်ကနေ
လာခဲ့သည်ကို သိရှိလောက်ပြီဟု ယူဆပါသည်။
ပုဂံမင်းသစ္စာခံ ဘကတော်သား
ဆူးငြောက်ခုတ် အားလုံးကို တောရှင်းထားပြီဖြစ်သောကြောင့်
ပုဂံမင်းအား
လွယ်လင့်တကူ နန်းချ
နိုင်ခဲ့လေသည်။
နိုင်ခဲ့လေသည်။
မှားယွင်းတဲ့အကိုးကား တွေထင်ရာစွပ်စွဲ
လွဲမှားတဲ့ကောက်ချက်တွေကို တစ်ဖတ်သတ် ရေးကြတာ တွေဟာမကြာမဏ တွေ့ရပါတယ်။
၁၉၉၈
ခုနှစ်၊ သြဂုတ်လထုတ်
ရနံသစ်မဂ္ဂဇင်းမှာမောင်ဝမ်းဆန်း(သံဖြူဇရပ်) က မြို့ဝန်ဘိုင်ဆပ်၊ တောင်သမာန်အင်းဖြတ်
ရနံသစ်မဂ္ဂဇင်းမှာမောင်ဝမ်းဆန်း(သံဖြူဇရပ်) က မြို့ဝန်ဘိုင်ဆပ်၊ တောင်သမာန်အင်းဖြတ်
ဦးပိန်တံတားအကြောင်း တစ်လွဲတွေ ရေးလို့
စာရေးသူက
အိတ်ဖွင့်ပေးစာလေးတစ်ခု ရေးပေးဖုးတယ်။
အခုတစ်ခါ ၁၆.၉.၂၀၀၉ ထုတ်
News Watch Weekly
စောင့်ကြည့်သတင်း ဂျာနယ်မှာ
ယဉ်ကျေးမှု အမွေခံ တောင်သမာန် တံတာကြီး
ဂုဏ်ဒြပ်ဆိုတဲ့
ခေါင်းစဉ်နဲ့ တစ်လွဲရေးသား လာပြန်ပါတယ် ။
သမိုင်းတစ်ခေတ်မှာ
သူဘက်ကိုယ်ဘက် ပြသနာတွေ အကြားမှာ
ကိုယ့်အုပ်စု မဟုတ်ရင် စွပ်စွဲ ပုတ်ခတ်ရေး
တက်ကြတဲ့ အစဉ်အလာ
အရရေး သားထားတဲ့ သို့မဟုတ်
အရရေး သားထားတဲ့ သို့မဟုတ်
စွပ်စွဲပြောဆိုတက်တဲ့ အတင်းစကားတွေကို အလေးထား
ရေးသားလာကြတော့မလိုလားအပ်တဲ့ အထင်အမြင်လွဲမှားမှုတွေ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့်ဘယ်စာရေးဆရာပဲဖြစ်ဖြစ်
တိုင်းရင်းသား နိုင်ငံသားမြန်မာမွတ်စလင်
အကြောင်းရေးတော့မယ်ဆိုရင် ၁၉၅၉
ခုနှစ်ထုတ် ရာဇ၀င်
ပါမောက္ခ ရွှေပြည်ဆရာဦးဘတင်
တည်းဖြတ်ပြီး
ရာဇ၀င်သုတေသီဆရာကြီး ရွှေဘိုဦးဘဦး ရေးတဲ့
ေ၇ွှမန်းအနှစ်တရာပြည့်
ဗမာမွတ်စလင်တို့၏ အထ္တုပတ္တိ
စာအုပ်အပါအ၀င်
ဆရာချယ်တို့ပသီဦးကိုကိုလေး
တို့လို သမိုင်းသုတေသီတွေရဲ့စာအုပ်တွေကိုလည်း
လေ့လာပြီးမှ ရေးသားသင့်ကြပါတယ် ။
ဒါမှလည်း ကျွန်တော် တို့ရဲ့ မြန်မာယဉ်ကျေးမှု
အမွေကို အားလုံး ၀ိုင်းဝန်း ထိန်းသိမ်း နိုင်ကြမှာ
ပါ ဖြစ်ကြောင်း တင်ပြရင်း………..
စာရေးဆရာ မောင်သဲနီ
http://mgkyawthiha.blogspot.comရေးသားသော ဆိုဒ်မှ မျှဝေခံစားသည်။
No comments:
Post a Comment