Saturday, December 20, 2014

မိုင်းဖုန်းဆရာတော်ဘုရား ထေရုပ္ပတ္တိ အကျဉ်း

       





 မိုင်းဖုန်းဆရာတော်ဘုရားထေရုပ္ပတ္တိ အကျဉ်း

ဆရာတော်ကို ၁၉၆၅ ခုနှစ် ၊ဇန်နဝါရီလ၊ ၅ ရက်နေ့က
 ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်ခရိုင်၊ ကျိန်းဆဲမြို့နယ်နေ သျှမ်းမိဘများက ဖွားမြင်တော် မူခဲ့တာဖြစ်ပြီး၊ ၁၀ နှစ်သား ကတည်းက သင်္ဃန်းဝတ် ရှင်ပြုခဲ့ပြီး ဝါတော် ၂ ဝါရလာ တဲ့အခါ ထိုင်း၊ သျှမ်း၊ လာအိုနယ်စပ် ဖြစ်တဲ့ ရွှေတြိဂံဒေသ မိုင်းဖုန်းဒေသမှာ သာသနာပြုရာမှ မိုင်းဖုန်း ဆရာတော်ဟူ၍ လူသိများခဲ့တာ ဖြစ်ပါတယ်။

Monday, December 8, 2014

***** အရိယာတို့၏ မြင့်မြတ်သောနေနည်းများ *******

Photo: မရေရာတဲ့သံသရာ သေချာတဲ့သာသနာ
****************************
  အဖန်ဖန် အထပ်ထပ် ဆက်စပ်ပြီးဖြစ်ပျက်နေ
ခြင်းကိုသံသရာဟုဆိုသည်။လူ နတ် ဗြဟ္မာ ငရဲ
တိရစ္ဆာန် ဘဝတွေ အကြိမ်ကြိမ်လှည့်လည်ကူး
သန်းဖြစ်ပျက်နေခြင်းသည် မြင်သာထင်သာ သံ
သရာဖြစ်သည်။စိတ်ကလေးတွေတစ်စိတ်ပြီးတစ်
စိတ် ကလာပ်စည်းလေးတွေတစ်ခုပြီးတစ်ခု ဖြစ်
လာပျက်သွားနေခြင်းသည် မမြင်ကြ မထင်ကြတဲ့
သံသရာဖြစ်သည်။မြင်သာထင်သာ ဘဝသံသရာ
ကြီးကိုသာမြင်ကြပြီး မမြင်သာမထင်သာ ရုပ်နာမ်
သံသရာကြီးကို မမြင်ကြလို့လည်း သံသရာကြီး
ထဲ ဝဲလည်နေကြခြင်းဖြစ်သည်။ပညတ်သံသရာ
ကိုသာမြင်ကြ၍ ပရမတ်သံသရာကိုမမြင်နိုင်ခြင်း
မှာ သေချာတဲ့သာသနာကြီးအတွင်း၌ မသေချာတဲ့
နေနည်းဖြစ်လေသည်။

    မိုးကုတ်ဆရာတော်ကြီးကတော့ သစ္စာဥာဏ်မ
ပေါက်သေးသမျှ သံသရာပင်လယ်ကြီးထဲ ငရဲ
တိရစ္ဆာန် ပြိတ္တာဘဝမျိုးနဲ့ မြု ပ်မျောမျောရမယ်။
လူ နတ် ဗြဟ္မာ ဘဝမျိုးနဲ့ ပေါ်မျော မျောရမယ်ဟု
သံသရာအရေးကိုတွေးပြီး မိန့်တော်မူခဲ့ဘူးသည်။
သံသရာကြီးရဲ့အစကို အကောင်အထည်အစ
အနေနဲ့ အထည်စကိုဆွဲထုတ်ပြဖို့က   မတတ်
ကောင်းဘူး။ဓမ္မကိုဆွဲထုတ်ပြပါဆိုရင်တော့ သံသ
ရာဘယ်ကစ မသိတာကစဟု သံသရာ့အမြစ်
ကြီးဖြစ်တဲ့ အဝိဇ္ဇာ ကိုထုတ်ပြလေသည်။

   မြုပ်မျောမျောတဲ့သံသရာကို အယူမှားခြင်းဒိဋ္ဌိက
ဖြစ်စေ၍ ပေါ်မျောမျောတဲ့သံသရာကိုတော့ လိုချင်
တပ်မက်မှု တဏှာက ဖြစ်စေလေသည်။သံသရာ
ကြီးထဲ အားခဲပြီးသွားနေသူလည်းရှိသည်။သံသ
ရာကထွက်မြောက်အောင်အားထုတ်၍ အေးငြိမ်း
မှု သုခကို အရယူသွားသူလည်းရှိသည်။ဒိဋ္ဌိတန်း
လန်း မာနတန်းလန်း တဏှာတန်းလန်းဖြင့် တန်း
လန်းသမားတွေကပုထုဇဉ်တွေမို့ သံသရာကြီးထဲ
ယက်ကန်ယက်ကန်သွားနေကြဆဲဖြစ်သည်။
ဒိဋ္ဌိ မာန တဏှာကို တစ်စမချန် ခွာလှန်ဖယ်ချနိုင်
ခဲ့သူ အရိယာပုဂ္ဂိုလ်များကတော့ သံသရာကြီးထဲ
ကထွက်မြောက်၍ အမတဘုံမှာစံကြလေကုန်၏။

    သံသရာကြီးထဲမှာယက်ကန်ယက်ကန်ကူးခတ်
နေကြတဲ့ပုထုဇဉ်များအဖို့ ဦးတည်ရည်မှန်းရာ
ကမ်းပျောက်နေတတ်ကြလေသည်။ရေရာသေချာ
တဲ့ကမ်းကိုမမြင်နိုင်ပဲ ရမ်းကူး မှန်းကူးဖြင့် မေ့မူး
တွေဝေနေကြသဖြင့် ပရမ်းပတာနိုင်လှပေသည်။
ငါဒီဘဝကသေရင် နတ်ပြည်ကူးမယ် ဗြဟ္မာပြည်
ကူးမယ် သေချာရွေးချယ်ခွင့်မရှိပေ။သစ်ပင်ပေါ်
ကသစ်ရွက်ကလေးတွေကြွေကျ ၍ ကျ ချင်ရာ
ကျသလို ရောက်ချင်ရာဘဝကိုရောက်ရတဲ့ ပရမ်း
ပတာဘေးဟုဆိုသော ဝိနိပါတဘေးကြီးအမြဲသင့်
တတ်လေသည်။ရောက်ချင်ရာရောက်၍ပရမ်းပ
တာဆန်လှတဲ့ဘဝကိုရပြီးနောက်လည်း ကိုး
ကွယ်မှုမှား ဆရာအတင်မှားခြင်းဘေးဟုဆိုသော
နာနာသတ္ထဥလ္လောကနဘေးကြီးသင့်နိုင်ပြန်၏။
မိမိတို့တင်မိရာ ဆရာသမားတို့၏ လွဲမှားသော
အဆုံးအမများကို မှားသည်မှန်သည် အကောင်း
အဆိုး အကြောင်းအကျိုးကိုဝေဖန်ဆင်ခြင်နိုင်တဲ့
ဝိဇ္ဇာဥာဏ်ကလည်းမရှိတော့ ပြောတိုင်းယုံ ထင်
တိုင်းလုပ်မိကာ ဒုစရိုက်တရားတွေကိုကျူးလွန်မိ
သော ဒုစရိတဘေးကြီးကလည်းသင့်ခံရပြန်လေ
သည်။အဆုံးအမအမှန်ကိုမရသည့်အတွက် မိမိ
တို့သည် အမှားအမှန် ကုသိုလ် အကုသိုလ် ခွဲခြား
နိုင်မှုမရှိသဖြင့် အကုသိုလ်ကိုပင် ကုသိုလ်ထင်
ကာ မိမိတို့ပြု လုပ်မိသော မကောင်းမှုဒုစရိုက်
ကာယကံ ဝစီကံ မနောကံများသည် အပါယ်ငရဲ
ကိုဆွဲချ ခံရခြင်း အပါယဘေးကြီးကလည်းသင့်
ပြန်လေသည်။ထိုလေးပါးထက်ဆိုးသော ဓမ္မကို
ဖျက်ဆီး၍ အဓမ္မတွေလွှမ်းမိုးလာအောင်ဖန်တီး
မိတတ်ခြင်းမှာ ပုထုဇဉ်တစ်သိုက်တွင် အဆိုးဆုံး
အမိုက်တရားဖြစ်ချေ၏။

     သစ်ပင်ပေါ်က သစ်ရွက်တွေခြောက်သွေ့
ကြွေကျနေသလို ပုထုဇဉ်တို့ရဲ့ဘဝတွေကလည်း
ဘဝအစဉ်မပြတ် ကူးနေကြရာ၌ တိကျသေချာ
ရေရာတဲ့အဖြစ်ကနည်း၍ သံသရာကြီးထဲရောက်
ရာပေါက်ရာကူးနေရဖို့သာရှိလေသည်။မြင့်မြတ်
ရာဘဝကိုရောက်ချင်သော်လည်း နိမ့်ကျတဲ့ဘဝ
တွေကိုရောက်ရတတ်၏။မြင့်မြတ်တဲ့ဘဝတွေကို
လည်းရောက်တတ်၏။အသေအချာဆုတ်ကိုင်
ထားရာ မရှိသဖြင့် မသေမချာ ဘဝတွေနဲ့ 
ယောက်ယက်ခတ်နေရခြင်းမှာ ပုထုဇဉ်တို့အလေ့
သာဖြစ်သည်။

   ပုထုဇဉ်တို့မှာ ဝိနိပါတဘေး နာနာသတ္ထဥလ္လော
ကနဘေး ဒုစရိတဘေး အပါယဘေးဟု ဘေးကြီး
လေးပါးအမြဲသင့်နေသဖြင့် ဖြစ်လေရာ ရောက်
လေရာဘဝတို့၌ စိတ်ချလက်ချနေနိုင်သည်မ
ဟုတ်ချေ ။ဒိဋ္ဌိဦးစီးပြီး ကုသိုလ်လုပ်သော်လည်း
အပါယ်လမ်းကဟင်းလင်းပွင့်လျှက်သာရှိ၏။မာန
ဦးစီးပြီး ကံတွေလုပ်နေသမျှ ယုတ်နိမ့်တဲ့ဘဝတွေ
ကဟင်းလင်းပွင့်လျှက်ရှိ၏။တဏှာဦးစီးပြီးကံတွေ
ပြု နေသမျှ သံသရာသက်တမ်း ရှည်လျှက် ဝဋ်
ဆင်းရဲသက် ရှည်နေလျှက်ပင်ဖြစ်သည်။ဗြဟ္မာ့
ပြည်တဝင်းဝင်း ဝက်စားကျင်းတရှုံ့ရှုံ့ဆိုသော
စကားသည် ပုထုဇဉ်ဘဝ၏မရေရာ မသေချာလှ
သောသံသရာကို ဖော်ညွှန်းနေသောစကားလေး
ပင်ဖြစ်၏။

   ထို့ကြောင့်ပင် တဏှာ မာန ဒိဋ္ဌိဦးစီးပြီးလုပ်နေ
သောကံတွေကို ဝဋ္ဋနိဿိတကံ ဟုခေါ်၍ သံသ
ရာထဲကထွက်မြောက်ဖို့မရှိပေ။ပုထုဇဉ်အမိုက်
တွေမို့ နာနာသတ္ထဥလ္လောကနဘေးသင့်၍ ဆရာ
မှားကို ချ ဉ်းကပ်မိနေသမျှ ဝဋ်ဆင်းရဲသံသရာက
လွတ်မြောက်နိုင်သောဝိဝဋ္ဋနိဿိတကံတွေကိုပြု
လုပ်တတ်မည်မဟုတ်ပါချေ ။မသေချာတဲ့ဆရာ
ကိုပေါင်းသင်းမိနေသမျှ  မရေရာတဲ့သံသရာမှာ
ခေါင်းစိုက်ဆင်းနေရဦးမည်ဖြစ်လေသည်။
တကယ်တော့ ဒိဋ္ဌိဦးစီးသောကံ မာနဦးစီးသော
ကံတွေကိုလုပ်သော်ငြားလည်း တဏှာကလည်း
ကပ်ငြိလျှက်ပါနေသည်သာဖြစ်၏။ထိုသုံးခု၌ ဒိဋ္ဌိ
ခေါင်းဆောင်ခိုက် တဏှာ မာနကနောက်လိုက်
လုပ်၏။မာနကခေါင်းဆောင်ခိုက် ဒိဋ္ဌိ တဏှာက
နောင်လိုက်လုပ်၏။တဏှာခေါင်းဆောင်ခိုက် ဒိဋ္ဌိ
မာနကနောက်လိုက်လုပ်၏။တစုတစည်းတည်း
သာဖြစ်လေသည်။မိမိတို့အတွက် ရန်သူများသာ
ဖြစ်၍ မိတ်ဆွေကောင်းအဖြစ်ပေါင်းသင့်သည်
မဟုတ်ချေ။

   မြတ်ဗုဒ္ဓ၏အဆုံးအမဖြင့် ဣနြေ္ဒတို့ကိုဆုံးမပြီး
သူ စိတ်ကိုယဉ်ကျေးအောင်ဆုံးမပြီးသူ အရိယာ
တို့၌ သောတာပန်အရိယာသည်ပင် ဂတိမြဲပြီးသူ
ဖြစ်လေသည်။မိမိတို့ရလိုသောဘဝကိုယူနိုင်စွမ်း
ချေ၏။ဓမ္မိကဥပသကာကြီးသည် သောတာပန်
ပုဂ္ဂိုလ်ကြီးဖြစ်၍ ကွယ်လွန်ခါနီး နတ်ပြည်ခြောက်
ထပ်မှ နတ်ရထား ၆စင်းက အသီးသီးလာခေါ်
ရာ မိမိလိုက်လိုသောသုတိသာနတ်ရထားဖြင့်
ရွေးချယ်လိုက်ပါသွားပေသည်။ဘဝကိုထိုကဲ့သို့
ရွေးချယ်ခွင့်ရှိသလို သံသရာသက်တမ်းကလည်း
အလွန်ဆုံးခုနစ်ဘဝသာ ကျန်တော့၏။အရိယာ
စာရင်းဝင်သူများဖြစ်၍ ဖြစ်ရာရောက်ရာဘဝတို့
၌ ဆရာမှားကိုချ ဉ်းကပ်မိခြင်း အယူမှားကိုယူမိ
ခြင်း ဘေးဆိုးတွေမှပါ အပြီးတိုင်လွတ်လေသည်။
နိမ့်ကျယုတ်ညံ့သောဘဝတွေမှလည်းအမြဲလွတ်
ကင်း၍ မြင့်ရာမြတ်ရာဘဝတို့၌သာကျင်လည်ရ
ပေမည်။ဘေးဆိုးလေးပါးကင်း၍ အမြတ်ဆုံးချမ်း
သာကိုခံစားရခြင်းမှာ မြတ်ဗုဒ္ဓ၏သေချာလှသော
သာသနာ့ကျေးဇူးတရားပင်ဖြစ်ပေသည်။

    အတောင်ပံပါသောငှက်တို့သည် မိမိတို့ပျံသန်း
ကူးသွားလိုရာသို့ အလွယ်တကူကူးသန်းသွားလာ
နိုင်သလို အရိယတို့၏ကျန်ရှိသောသံသရာသက်
တမ်း၌ ကောင်းရာဘဝကိုရွေးချယ်နိုင်ပြီး အဆုံး
တစ်နေ့ နိဗ္ဗာန်တိုက်အောင်ကူးသွားနိုင်လေ
သည်။ထိုသည်ပင် မကောင်းမှုရှောင် ကောင်းမှု
ဆောင် ဖြူ အောင်စိတ်ကိုထားဟူသောမြတ်ဗုဒ္ဓ၏
အဆုံးအမကျေးဇူးလည်းဖြစ်ပေသည်။သေချာတဲ့
အဆုံးအမများကို ဝေဝါးနေစရာမလိုပဲ အခုကျင့်
လျှင် အခုချမ်းသာရမည်သာဖြစ်၏။

     သေချာလှတဲ့ မြတ်ဗုဒ္ဓ၏အဆုံးအမအတိုင်း
သာ လိုက်နာမည်ဆိုပါက ဒါနကိုလည်း တဏှာ
မာန ဒိဋ္ဌိမပါအောင်လုပ်တတ်၏။သီလကိုလည်း
တဏှာ မာန ဒိဋ္ဌိမပါအောင်စောင့်သုံးနိုင်၏။ဘာဝ
နာလုပ်ငန်း၌လည်း တဏှာ မာန ဒိဋ္ဌိမပါအောင်
လုပ်တတ်၏။မြတ်ဗုဒ္ဓ၏အဆုံးအမတို့ကို လူမှုရေး
စီးပွားရေး နိုင်ငံရေး ပညာရေးတို့၌ပါ အသုံးချကျင့်
သုံးနိုင်ပါက တိုးတက်ကောင်းမွန်သောအခြေ
အနေသို့ရောက်နိုင်မည်ကိုလည်း သဘောပေါက်
လာနိုင်၏။အခုအခါ၌ လူတော်တော်များများက
ဘာသာရေးအမြင်ကသက်သက် လူမှုရေး စီးပွား
ရေး နိုင်ငံရေး ပညာရေးက သက်သက်ဟုယူဆ
နေကြလေသည်။အဘယ်မှာဟုတ်နိုင်မည်နည်း။
ဘာသာရေးအမြင်မပါသော လူမှုရေး စီးပွားရေး
နိုင်ငံရေး ပညာရေးသည် အတုအယောင်ဖြစ်
တတ်ပေသည်။သေချာသောသာသနာကိုပယ်၍
မသေချာသောမိမိတို့အတွေးအခေါ်လေးများဖြင့်
သာအကောင်အထည်ဖော်မည်ဆိုပါက မျက်
မှောက် သံသရာဆင်းရဲဖို့သာရှိလေသည်။

    ကိလေသာအလုံးစုံကင်းပြီးသော သဗ္ဗညုတ
ဥာဏ်တော်ကြီးကိုရတော်မူပြီးသောမြတ်ဗုဒ္ဓ၏
အဆုံးအမလောက်သေချာသောအဆုံးအမမျိုး တ
ခြားမှာမရှိနိုင်ပေ။မိမိတို့အတွေး မိမိတို့အပြောအ
ဆို မိမိတို့အလုပ်မှန်သမျှသည် ကိလေသာတွေ
ကြားကနေလုပ်နေကြခြင်းဖြစ်၍ အလုံးစုံမှန်ဖို့
မလွယ်ကူပါပေ။ဒိဋ္ဌိဖြင့်လည်းဆုံးဖြတ်နိုင်၏။မာန
ဖြင့်လည်းဆုံးဖြတ်နိုင်၏။တဏှာဖြင့်လည်းဆုံး
ဖြတ်နိုင်၏။အတိမ်းအစောင်းရှိနေသမျှ အလုံးစုံ
အမှန်မဖြစ်နိုင်သေးပေ။ထို့ကြောင့်ပင် မဟာဂန္ဓာ
ရုံဆရာတော်ဘုရားကြီးက သဗ္ဗညုတဥာဏ်တော်
ကြီးကိုမှမရသေးရင် လူအချ ည်းပါပဲဟုဆုံးမခဲ့ဘူး
လေသည်။

     သိရန်မှန်က မကျန်ရအောင် လုံးဝစုံလင်
အကုန်မြင် သဗ္ဗဉ်ဥာဏ်တော်အစွမ်းတည်း။
      သိသည့်တရား များအပြား၌ ဟောထားစဖွယ်
နည်းသွယ်သွယ်ကို လုံးဝစုံလင် အကုန်မြင် 
သဗ္ဗဉ်ဥာဏ်တော်အစွမ်းတည်း။
       ကျွတ်ထိုက်ကြပေ များဝေနေ၏ ဣနြေ္ဒစရိုက်
သူ့အကြိုက်ကို နှိုက်ချွတ်စုံလင် အကုန်မြင် သဗ္ဗဉ်
ဥာဏ်တော်အစွမ်းတည်း။
ထိုသို့သောအစွမ်းသုံးပါးဖြင့် ဟောကြားခဲ့သော
ဒေသနာတို့ကိုထောက်ဆ၍ သေချာသောသာသ
နာဟုဆိုလိုက်ခြင်းဖြစ်သည်။မရေရာတဲ့သံသရာ
ကြီးထဲမှာ အကန်းလမ်းလျှောက်လုပ်နေမယ့်အ
စား သေချာတဲ့သာသနာ ၌ အဆုံးအမကိုခံယူရင်း
ဥာဏ်ဝိဇ္ဇာ အလင်းရအောင်လုပ်သင့်သည်ဟုဆို
ချင်ပါသည်။ဒါမှလည်း သေချာတဲ့သံသရာလမ်း
ကြောင်းကိုလျှောက် နိုင်မည်ဖြစ်၏။

     အတ္တအမြင်တွေပါးသထက်ပါး၍ အနတ္တအမြင်
တွေထင်လင်းလာစေတာသည် မြတ်ဗုဒ္ဓသာသ
နာသာလျှင်ရှိ၏။မြတ်ဗုဒ္ဓ၏အဆုံးအမသည် 
ဒေါသမီးတောင် ပေါက်ကွဲရာအရပ်တို့၌ မေတ္တာ
မိုးအေးရွာသွန်းပေးဖို့သွန်သင်၏။လောဘရမ္မက်
ဗွက်ထနေသူတို့အား စွန့်လွှတ်အနစ်နာခံတတ်ဖို့
သွန်သင်၏။စိတ်ဓာတ်ညစ်မဲနေသူတို့အား ဖြူ စင်
တဲ့စိတ်ဓာတ်ပိုင်ရှင်များဖြစ်လာစေ၏။ထို့ထက်
လွန်၍ သံသရာ့အငြိမ်းဓာတ်ကြီးကိုရရှိနိုင်ဖို့သွန်
သင်နိုင်ပေသည်။ဤမျှအတိအကျဆိုနိုင်ခြင်းမှာ
ရှေးအတီတေကလည်းသူတော်ကောင်းတွေရှိခဲ့
၏။အခုလည်းသူတော်ကောင်းတွေရှိနေ၏။သူ
တော်ကောင်းတို့သွားရာလမ်းကြောင်းသည်
လည်းရှင်းရှင်းကြီးရှိနေသေး၏။

     မရေရာတဲ့ သံသရာခရီးကြမ်းကြီးမှာ သေချာ
တဲ့သာသနာကို အားပြု သင့်ပုံကို အထက်တွင်ဆို
ခဲ့သောဘေးကြီးလေးပါးဖြင့်သတိမူနိုင်ပေသည်။
သံသရာ၏ထောက်ရာတည်ရာသည် မြတ်ဗုဒ္ဓဟူ
သောဆရာကောင်း၏ အဆုံးအမသာဖြစ်သည်။
သံသရာမှထွက်မြောက်ရာ တစ်ခုတည်းသော
လမ်းမှာ ဝိပဿ      နာလမ်းကြောင်းသာဖြစ်၏။သတိ
ပဋ္ဌာန်လမ်းကြောင်း မဂ္ဂင်လမ်းကြောင်းလည်းဖြစ်
သည်။ဝိပဿ      နာလုပ်ငန်းကို မဂ္ဂင်ရှစ်ပါးဖြင့်သာ
တည့်ပေးနိုင်ပါက အဝိဇ္ဇာပစ္စယာ ဇာတိသံသရာ
ဟူသောပဋိစ္စသမုပ္ပါဒ်သံသရာကိုလည်းကောင်း
နာမ်တရား ရုပ်တရားတို့၏ ဖြစ်မှုပျက်မှု ပရမတ်
သံသရာကိုလည်းကောင်း လူနတ် ဗြဟ္မာ အပါယ်
ငရဲ သံသရာဟူသော ပညတ်သံသရာကြီးကို
လည်းကောင်း လွန်မြောက်ချမ်းသာ အေးငြိမ်းနိုင်
ပေလိမ့်မည်။ထို့ကြောင့် မရေမရာသံသရာဆင်း
ရဲခြင်းကနေလွတ်မြောက်ဖို့ သေချာသောမြတ်ဗုဒ္ဓ
သာသနာတွင် နည်းကောင်းလမ်းမှန်များကို
အပြည့်အစုံသွန်သင်ထားပါကြောင်း သူတော်
ကောင်းအပေါင်းတို့ကို သတိပေးတိုက်တွန်းလိုက်
ရပါပေသည်။


အရိယာတို့၏ မြင့်မြတ်သောနေနည်းများ
***************************

အရိယာ ဆိုတာ ကိုယ်အားဖြင့်၎င်း
နှုတ်အားဖြင့်၎င်း ထိုမှတဆင့်စိတ်အားဖြင့်၎င်း
စောင့်စည်းမှုရှိခဲ့ပြီးသူ။ အရင်းမူလ အနုသယနှင့်
တပ်မက်မှု တဏှာကို နှုတ်ပယ်လျှက်
ကိလေသာမီးချုပ်ငြိမ်းပြီးသူ။

****** ကြို တင်ပြင်ဆင် မအိုခင်တည့် *******

Photo: ကြို တင်ပြင်ဆင် မအိုခင်တည့်
**********************
  အာရောဂျ ပရမာလာဘာ ကျန်းမာခြင်းသည်
လာဘ်တစ်ပါးဆိုပြီး ကျန်းကျန်းမာမာ ချမ်းချမ်းသာ
သာဖြင့် အသက်ရှည်ရှည်နေချင်ကြတာ လူတိုင်း
လူတိုင်း၏ဆန္ဒဖြစ်လေသည်။အသက်ရှည်ရှည်
နေလိုကြသော်လည်း ကုသိုလ်သက်ရှည်အောင်
နေမှာလား အကုသိုလ်သက်ဖြင့် ရှည်အောင်နေ
မှာလား ကွဲပြားစွာတွေးထားသူကတော့နည်းမည်
ထင်သည်။သီလမရှိပဲ အများအကျိုးမဆောင်နိုင်ပဲ
အကျင့်မြတ်ကိုမကျင့်သုံးနိုင်ပဲ အသက်တစ်ရာနေ
ရခြင်းထက် သီလကိုစောင့်သုံးရင်း အများအကျိုး
ဆောင်ရွက်ရင်း အကျင့်မြတ်ကိုကျင့်သုံးရင်း တစ်
ရက်မျှ အသက်ရှင်ရခြင်းကသာ၍မြတ်၏ဟုခံယူ
ချက်မျိုးဖြင့် အသက်ရှည်အောင်နေသင့်ပေသည်။
ငါ့အသက်တွေကြီးလာသလို ငါ့အတ္တ ငါ့မာန ငါ့
လောဘတွေပါလိုက်ကြီးနေရင်ဖြင့် အသက်ကြီး
သလောက်တန်ဖိုးကြီးတဲ့ဘဝမျိုးတော့မဟုတ်ပေ။
မတ်တက်စာရှိပေမယ့် တုံးလုံးစာရှာရသေးတယ်
ဟုဆိုကာဥစ္စာပစ္စည်းကိုပဲအိုစာမင်းစာဆိုပြီးစုနေ
ကြခြင်းမှာ အမြင်မှန်မဟုတ်သေးပေ။တရားဓာတ်
ခံကောင်းအောင်ကြို တင်ပြင်ဆင်ထားခြင်းသာ
အိုစာမင်းစာအစစ်ဖြစ်ကြောင်းကို သတိမူသင့်ကြ
ပေသည်။

   ခင်းဗျားတို့လက်ရှိရထားတဲ့ဘဝတွေကိုကြည့်
စမ်း။အသက်ရှည်ရှည်နေပါရစေလို့ဆုတောင်းရင်
အိုဆင်းရဲ နာဆင်းရဲခံစားပါရစေဆိုပြီးဆုတောင်း
သလိုဖြစ်နေတယ်။တစ်ခါ မဂ်ဖိုလ်နိဗ္ဗာန်ရက်တို
တိုနဲ့ရောက်ပါရစေဆိုပြန်တော့လည်း မြန်မြန်
သေပါရစေလို့ဆုတောင်းသလိုဖြစ်ပြန်ရော။ဘုံဘ
ဝတွေကိုလိုချင်လို့ ဆုတောင်းနေသမျှ ဒုက္ခ
ရောက်ချင်လို့သာမှတ်ကြ ဟု မိုးကုတ်ဆရာတော်
ဘုရားကြီးဆုံးမဘူးသည်။တရားဓာတ်ခံသာမ
ကောင်းရင် အရှင်ခက် အသေခက် အသက်ကြီး
မှာပင်ကြောက်စရာဖြစ်ချေမည်။သို့သော်လည်း
အိုဒုက္ခ နာဒုက္ခ သေဒုက္ခတွေကတော့ ဘဝတစ်ခု
ရလာခဲ့သူတိုင်း မလွဲမသွေကြုံ ကြရမှာ ဓမ္မတာ
ဖြစ်လေသည်။သေစာ ရှင်စာမဖတ်တတ်တာအ
ရေးမကြီးပေမယ့် အနေမတတ် အသေမတတ်
ရင် ပို၍ဆိုးဖွယ်ရှိ၏။ထို့ကြောင့် တရားအသိတွေ
တိုးလာအောင် နာယူ မှတ်သား လေ့လာ ကျင့်သုံး
နေကြခြင်းမှာ သေစာ ရှင်စာအစစ်ကို သင်ယူနေ
ကြခြင်းဟု မြင်မိပေသည်။

   ဇရာအိုတို့ရဲ့သဘောကို ပေါ်လွင်အောင်ရေးဖွဲ့
ထားတဲ့ လယ်တီပဏ္ဍိတဦးမောင်ကြီးရဲ့ ကဗျာ
တစ်ပုဒ်က သံဝေဂဖြစ်ဖို့ကောင်းလှသည်။
ရွတ်တွယွင်းယို ခွေယိုင်နွဲ့လို့ တွေမှိုင်သနဲ့လက်
ခြေတုန် နေထိုင်မတဲ့ရက်တွေကုန်ပြီ သက်မသေ
ယုံကျန်ပါတော့။
အရိုးခေါက်ခက် အသားအရေ သွားကြွေအားတွေ
မသန်ပျော့ စားလေဝါးလေအန်တအော့နဲ့ တန်
ပေါ့ မာန်လျှော့ ဇရာကောင် တောင်ဝှေးလက်ကိုင်
အဖော်နွဲ့နဲ့ ကချော်ကချဲ့ ယောင်တီးယောင်
တောင် နတီးနတ ပိန်ချောင်ချောင်ငယ် မှိန်တ
မှောင်မှောင် အမြင်မှေးလို့ ဘဝင်သွေးကခုန်ဆွ
ခုန်ဆွနေ ကြုံမှကြုံရပလေ။
ရင်အုံချိုင့်လို့ ခါးကိုင်းချေ ပြီ နားထိုင်းဝေတေ
ယောင်ငေးမှိုင်လို့လေး။ဆံဖြူ ကြီးနဲ့ သုံးမဝင်တယ်
မုန်းချင်စဖွယ်လွန်ကောင်းပါဘိလေး။
ကျွန်တော့်မှာမူ အဘိုးအဘွားတွေနဲ့ငယ်စဉ်က
တည်းက အတူနေခဲ့ဘူး၍ ဇရာအိုတို့ဟာ အင်မ
တန်သနားစရာကောင်းမှန်းသိသည်။ဝါတွင်း
ဥပုသ်နေ့များဆိုရင် အဘိုးအဘွားတွေ ဥပုသ်
စောင့်ရာ ရွာဦးကျောင်းကို တကူးတကရောက်
အောင်သွား၍ ကျောင်းပေါ်က နှဲကျိုးဆရာတော်
ဘုရားကြီးရေးသားတော်မူခဲ့တဲ့ ဝဋ္ဋဘေဒနီ ယပ်
လှဲတရားစာအုပ်ကြီးကို စိတ်ပါလက်ပါဖတ်ပြပေး
လေသည်။သူတို့တစ်တွေမရှင်းလင်း၍မေးလာ
ရင်လည်းကျွန်တော် သေချာရှင်းပြပေးသည်။သူ
တို့တစ်တွေမှာ တရားအသိကိုယူလိုကြသော်
လည်း မျက်စိကမကောင်း စာကလည်းမဖတ်နိုင်
ဦးပဉ္စင်းလေးကလည်း သီလသာပေးနိုင်၍ တရား
မဟောပေးနိုင်ပေ။ထိုကွက်လပ်ကလေးကို ကျွန်
တော်က ဝင်၍ ကုသိုလ်ယူခြင်းမို့ ပီတိဖြစ်ရသလို
သူတို့တစ်တွေကလည်းကျွန်တော့်ကိုအင်မတန်
ကျေးဇူးတင် ချစ်ခင်ကြလေသည်။

    ငယ်စဉ်ကပင် အဘိုးအဘွားတို့ကို ချစ်ခဲ့တဲ့
ကျွန်တော်ဟာ အခုလိုအရွယ်ရောက်လာတော့
လည်း ဘိုးဘွားပူဇော်ပွဲ တရားစခန်းပွဲတွေကျင်းပ
ပေး၍ ချစ်ခင်ဆဲပင်ဖြစ်သည်။သို့သော်လည်း နှစ်
စဉ် ဘိုးဘွားပူဇော်ပွဲ၌ ဘိုးဘွားတွေကလည်းနှစ်
စဉ်လျော့သွားမြဲသာဖြစ်သည်။ဘဘဦးတင်ပိုင်
ဆုံးစဉ်က တော်တော်စိတ်မကောင်းဖြစ်ခဲ့ရသည်။
ဆင်းရဲတဲ့သူတွေမို့ အသက်တွေကြီးပေမယ့် ယာ
ထဲကိုင်းထဲ ပေါက်တူးလေးထမ်း ဓားမလေးခါးထိုး
ကာ သွားနေဆဲဖြစ်သည်။တစ်နေ့တော့ ပေါက်
တူးလေးကိုင်ရက် ယာကဇင်းပေါ် ခွေခွေလေးလဲ
ကာ ဆုံးသွားလေသည်။သနားစရာကောင်းလှပေ
သည်။တရားအလုပ်ကိုသာ ဖြောင့်ဖြောင့်တန်း
တန်း အားထုတ်သင့်တဲ့အရွယ်ကိုရောက်နေ
လျှက် ဒီလို ယာချောင်းအလုပ်တွေလုပ်ရင်းသေ
ရသည်မှာ ရင်နင့်ဖွယ်ကောင်းလှသည်။လမ်းမ
လျှောက်နိုင်၍ မျက်စိမမြင်တော့၍ ကန်တော့ခံမ
လာနိုင်တော့တဲ့ဘိုးဘွားတွေကို အိမ်တိုင်ယာ
ရောက် ကန်တော့ရလေသည်။ငါတို့လည်းတစ်
နေ့အိုကြရင် ဒီလိုနေမှာပဲ။အသိဥာဏ်လေးရှိ
တုန်း လုပ်နိုင်စွမ်းလေးရှိတုန်း ဒီလိုအလုပ်လေး
တွေတော့ မပြတ်အားထုတ်နေရဦးမည်ဟု အမြဲ
နှလုံးသွင်းမိလေသည်။လူ့ဘဝရောက်လာခိုက်
ဒီလို အလုပ်မျိုးတွေကိုမလုပ်နိုင်ရင်လည်း 
အသက်ရှည်ရတာအချ ည်းအနှီးသာဖြစ်၏ဟု
လည်းခံယူမိပေသည်။

   အိုအောင်နေရဖို့သည် သီလကောင်းခဲ့မှသာ
နေရဖို့ရှိ၍ ဆုတ်ယုတ်နေတဲ့ခောတ်အခါကြီးမှာ
ကျွန်တော်တို့တစ်တွေကတော့ မသေချာလှပါပေ။
ဥာဏ်စောင့်၍ အသက်ရှည်အောင်နေသည့်တိုင်
ကံမှောက်ရင် သေရမည်သာဖြစ်၏။တကယ်
တော့အသက်ဥာဏ်စောင့်ဆိုတာထက် အသက်
ကံစောင့်ဟုဆိုမှမှန်ပေမည်။ဒီလိုမမြင်နိုင်တဲ့ကံ
တရားတွေရှိနေပါလျက် တရားဆိုတာ အသက်
ကြီးလာမှလုပ်ရမှာဟု အမှတ်လွဲနေကြသည်။
ဘုရားရှင်လက်ထပ်ကတော့ ဘုရားရှင်ကို အညွန့်
တုံးနေသူ အညွန့်တုံးတရားတွေဟောနေသူဟု
စွပ်စွဲသူတွေပင်ရှိသည်။အခုလည်း ဘာထူး
သနည်း။ဗုဒ္ဓဘာသာဝင်တော်တော်များများပင်
တရားဆိုရင် အညွန့်တုံးစေတယ်ထင်ပြီးငယ်ရွယ်
သူများက ငါနဲ့မဆိုင် ငါ့အလုပ်မဟုတ်သေးဟု
သတ်မှတ်ထားကြတာများသည်။ပထမအရွယ်မှာ
ပညာရှာ ဒုတိယအရွယ်မှာဥစ္စာရှာ တတိယ
အရွယ်မှာတရားရှာဆိုပြီးတရားကိုနောက်တန်းပို့
ထားကြလေသည်။သေမင်းနဲ့အမျိုးတော်၍များ
ပြောကြသလားမသိပေ။တကယ်တော့ ပထမအ
ရွယ်ပဲဖြစ်ဖြစ် ဒုတိယအရွယ်ပဲဖြစ်ဖြစ် တတိယ
အရွယ်ပဲဖြစ်ဖြစ်သေချာနေတဲ့အခိုက်မှာ ဒီအသိ
မျိုးကိုမွေးရမည်သာဖြစ်၏။

   တောင်းရမ်းစားသောက်နေရတဲ့ မဟာဓနသူ
ဋ္ဌေးသား လင်မယားအိုအတွဲကိုတွေ့တော့ဘုရား
ရှင်ပြုံးတော်မူလေသည်။ညီတော်အာနန္ဒာကမေး
လျှောက်တော့ ဒီသူဋ္ဌေးသားလင်မယားဟာ 
ပထမအရွယ်မှာ ကြိုးစားခဲ့ရင် လောကီမှာထိပ်
တန်းသူဋ္ဌေးဖြစ်၍ လောကုတ္တရာမှာ အနာဂါမိ
ဖိုလ်တည်နိုင်တယ်။ဒုတိယအရွယ်မှာကြိုးစားရင်
လောကီမှာဒုတိယတန်းသူဋ္ဌေးဖြစ်၍ လောကုတ္တ
ရာမှာ သကဒါမိဖိုလ်တည်နိုင်တယ်။တတိယအ
ရွယ်ကျ မှကြိုးစားရင်လည်းလောကီမှာတတိယ
တန်းစားသူဋ္ဌေးဖြစ်၍ လောကုတ္တရာမှာ သောတာ
ပတ္တိဖိုလ်တည်နိုင်သေးတယ်။အရွယ်ရှိတဲ့အခိုက်
လုံ့လဝီရိယဖြင့် အားမထုတ်ခဲ့တော့ ဥစ္စာဆုံးရှုံး၍
အချ ည်းအနှီးဖြစ်ချေ ပြီ။ရေကုန်ခန်း၍ ငါးမရှိ
တော့တဲ့ ညွန်အိုင်ထဲမှာ အတောင်ကျွတ်တဲ့ကြိုး
ကြာအိုကြီးလို အခါလွန်မှ ကြံမှိုင်ကြရ၏ ဟု မိန့်
တော်မူလေသည်။မှန်ကန်တဲ့ဥာဏ်အမြင်မျိုးမှမရှိ
သေးရင် အရွယ်ရွေးရင်းသာသနာ့အပြင်ကို
ရောက်မှန်းမသိရောက်နေကြဦးမည်ဖြစ်လေ
သည်။ထို့ကြောင့်ပင် ဆရာတော်ကြီးများက 
မကောင်းကျောင်းပို့ဆိုသလို မျက်စိမကောင်း
နားမကောင်း ဥာဏ်မကောင်းတော့ကျမှ ကျောင်း
ရောက်လာတော့ ကျုပ်တို့က ဘယ်တရားပေးရမှာ
တုန်း။ကာယအား ဥာဏအား ယိုယွင်းမှတရားကို
စလုပ်မယ်ဆိုရင် နှလုံးသွင်းခက်နေမယ်။
ဒါကြောင့် အရွယ်ကောင်းတုန်း ဥာဏ်ကောင်း
တုန်းကို တရားရှာဖို့လုပ်ကြစမ်းပါဟုတိုက်တွန်း
မိန့်ဆိုတော်မူကြခြင်းဖြစ်ပေသည်။

   ပစ္စည်းရှာအလုပ်နဲ့ နေ့ပုပ်လို့ရက်ကုန် နစ်မျော
လို့အသက်ကုန်တယ် တွက်ပုံဖြင့်မကောင်း။ခုလို
နှင့်သံသာဗွေမှာ ခန္ဓာတွေများခဲ့စတောင်း။သက်
မွေးမှုစခန်းပိုအောင် ဝမ်းကိုသာနင်ကျောင်း  လေး
ဆယ်ကျော်အရွယ်နှောင်းခါမှ သူကြွယ်လောင်း
လုပ်ချင်။ မိုးကုန်ပြီ ထွန်မချ ချင်နဲ့ ရွံစရာများဖို့ဖြစ်
အင် နွားအိုကြီးအမော့သင်သလို မလျှော့လျှင်ဘဝ
ဆုံးရှာတော့ အစတုံးနင့်အဆင် လွဲဖို့သာပြင်။
တရားသို့ မသက်ဝင်လျှင် အခက်နင်ကြုံ တွေ့လေ
လိမ့်လေး။ကျွန်တော်တို့တစ်တွေရဲ့ဒီလိုမှားယွင်း
တဲ့အမြင်မျိုးကိုပြင်စေချင်၍ လယ်တီဆရာတော်
ဘုရားကြီးကလည်း စာချိုးကာဆုံးမခဲ့ပေသည်။
ရမ္မက်ဘုံမှာ အခက်တွေကြုံ နေသမျှ တရားသို့
သက်ဝင်ခြင်းမရှိရင် တစ်ဘဝအခက်ကနေ သံသ
ရာအခက်ကြီးတွေအထိ အခက်တွေကူးစက်နေ
ဦးမည်ဖြစ်၏။ထို့ကြောင့် အအိုခက် အနာခက်
အသေခက် ဆိုတဲ့ အခက်တွေဖြေပေးနိုင်ဖို့အ
တွက် တရားသည်သာအားကိုးရာဖြစ်ပုံကို သတိ
ပညာဖြင့် ဆင်ခြင်သုံးသပ်သင့်လှပါသည်။

    လောကီအမြင် လောကုတ္တရာအမြင် အမြင်နှစ်
မျိုးလုံးမချို့တဲ့စေပဲ  အသိအမြင်ရှိတဲ့အခိုက်မှာ 
အလင်းကိုရှာ၍ အပူတွေကိုငြိမ်းစေသင့်သည်
မဟုတ်ပါလော။ငါ့အတ္တ ငါ့မာန ငါ့လောဘတွေကို
လျှော့နိုင်မှ ငါရနေတဲ့ ငါ့ဘဝ ငါ့အသက်ကလေး
ဟာ ကုသိုလ်နဲ့ပြည့်စုံတဲ့အနေမျိုးကိုရောက်နိုင်
မည်ဖြစ်၏။မူးမူးမေ့မေ့ အရူးလေ့ဖြင့် ရိုးရာသွား
သာသွားနေမိပါက ရိုးရာဆင်းရဲက လွတ်ဖို့လမ်း
လည်းရှိတော့မည်မဟုတ်ချေ ။ရုပ်နာမ်ဓမ္မ သင်္ခါရ
တို့ ကိုယ်ကဤပုံ ဖြစ်လိုတုံလည်း တဖုံဆင်ကွဲ
သူတနဲဖြင့် ဖောက်လွဲတတ်စွာ ဓမ္မတာကို ပညာ
စက္ခု မျှော်ထောက်ရှု၍  ယခုပင်လျှင် မအိုခင်က
ကြို တင်ကောင်းမှု ကြိုးစားပြု လော့။ယခုပင်လျှင်
မနာခင်က ကြို တင်ကောင်းမှု ကြိုးစားပြု လော့။
ယခုပင်လျှင် မသေခင်က ကြို တင်ကောင်းမှုကြိုး
စားပြု လော့။

   ကြို တင်ပြင်ဆင်ထားမှုမရှိပါက တကယ်အိုလာ
တကယ်နာလာ တကယ်သေခါနီးကျရင် နှလုံး
သွင်းစရာမရှိရင် ခက်ချေမည်။ဒီဘေးကြီးသုံးပါး
ကနေလွတ်အောင် ဘယ်တန်ခိုးရှင်ကမှမ မနိုင်
သလို ဘယ်သားသမီး ဘယ်အိမ်သူအိမ်သားဆွေ
မျိုး များကမှ ကယ်တင်နိုင်ဖို့မရှိပေ။အတ္တဟိ အတ္တ
နောနာထော ဆိုသည့်အတိုင်း မိမိတို့နှလုံးသွင်း
ကျင့်သုံးမိတဲ့တရားသာလျှင် မိမိအတွက်အားကိုး
ရာဖြစ်၍ သိသလောက်ကိုကျင့်သုံးသင့်ပေသည်။
ထို့ကြောင့်ပင် မေတ္တာအရင်းခံတဲ့စိတ်ရင်းဖြင့် 
ကြို တင်ပြင်ဆင် မအိုခင်တည့်ဟု အေးချင်သူတို့
အေးဖို့ရာ တိုက်တွန်းမိပါတော့၏။

အားလုံး ကျန်းမာချမ်းသာဘေးရန်ကင်းကြပါစေ။
သူတော်ကောင်းတရားဖြင့် ခန္ဓာဝန်ကိုချမ်းသာစွာ
ရွက်ဆောင်နိုင်ကြပါစေ။  


ကြို တင်ပြင်ဆင် မအိုခင်တည့်
**********************
အာရောဂျ ပရမာလာဘာ ကျန်းမာခြင်းသည်
လာဘ်တစ်ပါးဆိုပြီး ကျန်းကျန်းမာမာ ချမ်းချမ်းသာ
သာဖြင့် အသက်ရှည်ရှည်နေချင်ကြတာ လူတိုင်း
လူတိုင်း၏ဆန္ဒဖြစ်လေသည်။အသက်ရှည်ရှည်
နေလိုကြသော်လည်း ကုသိုလ်သက်ရှည်အောင်
နေမှာလား အကုသိုလ်သက်ဖြင့် ရှည်အောင်နေ
မှာလား ကွဲပြားစွာတွေးထားသူကတော့နည်းမည်
ထင်သည်။သီလမရှိပဲ အများအကျိုးမဆောင်နိုင်ပဲ
အကျင့်မြတ်ကိုမကျင့်သုံးနိုင်ပဲ အသက်တစ်ရာနေ
ရခြင်းထက် သီလကိုစောင့်သုံးရင်း အများအကျိုး
ဆောင်ရွက်ရင်း အကျင့်မြတ်ကိုကျင့်သုံးရင်း တစ်
ရက်မျှ အသက်ရှင်ရခြင်းကသာ၍မြတ်၏ဟုခံယူ
ချက်မျိုးဖြင့် အသက်ရှည်အောင်နေသင့်ပေသည်။

Wednesday, November 12, 2014

အရှင်ကုသလသာမိ (ပျော်ဘွယ်) ကိုယ်ရေးအတ္ထုပ္ပတ္တိအကျဉ်း

 
    


 အရှင်ကုသလသာမိ (ပျော်ဘွယ်) ကိုယ်ရေးအတ္ထုပ္ပတ္တိအကျဉ်း 
အရှင်ကုသလသာမိ(အတည်မဲ့)ကို ၁၉၈၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၇ ရက်နေ့တွင် အဖ ဦးအောင်၊ အမိ ဒေါ်ဝင်းကြည်တို့မှ မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ဃဲကြီးကျေးရွာတွင် ဖွားမြင်ခဲ့ပါသည်။ 

၁၉၉၅ ခုနှစ်မှ ၂ဝဝ၁ ခုနှစ်အတွင်း တောင်ငူမြို့၊ ဝိသုဒ္ဓါရုံမြို့ထောင့်ကျောင်းတိုက်၊ အုတ်တွင်းမြို့၊ ကန်ကလေးတောရကျောင်း၊ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဗြဟ္မနိမ္မိတာရုံ စာသင်တိုက်နှင့် ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက်တို့တွင် ပညာသင်ကြားခဲ့သည်။ 

“ဗုဒ္ဓကမ္ဘာသာသနာဟိတအသင်း” တရားပွဲအလှူ အတွက် နိုးဆော်အသိပေးခြင်း

 

“တရားပွဲအလှူ နိုးဆော်အသိပေးခြင်း”
@@@@@@@@@@@@@@@


သာသနာပြု အထောက်အကူပြု လုပ်ငန်းများတွင် တက်စွမ်းသမျှ ပါဝင်ရွက်ဆောင်ရန်
ရည်ရွယ်ချက်ဖြင့် ဓမ္မဆိုဒ်(www.buddhismworld.ning) ကိုယ်စားပြု
“ဗုဒ္ဓကမ္ဘာသာသနာဟိတအသင်း” သည့် (၁၂)ကြိမ်မြောက်  အလှူ ပွဲကိုတော့ ယခင်အလှူ ပွဲများနဲ့မတူ ကျုံပျော်မြို့ နယ် ၊ သောင်ကြီးကျေးရွာတွင် ၄-ညတိုင်တိုင် ဓမ္မပူဇာသဘင်ပွဲကို မတည်လှူဒါန်း ဆင်ယင်ကျင်းပပေးပါမည်။

Thursday, October 30, 2014

ဓမ္မဒူတ တောရကျောင်း ဆရာတော်၏ထေရုပ္ပတ္တိ


ဓမ္မဒူတ တောရကျောင်း ဆရာတော် (၁၉၃၄ - ၁၉၉၇)


၁။ ဘွဲ့အမည် - အရှင်ပညာဇောတ(ဓမ္မဒူတ)
၂။ မိဘအမည် - ဦးတွတ် + ဒေါ်ငွေတင်
၃။ မွေးသက္ကရာဇ် - ၁၉၃၄ ခုနှစ်
၎။ မွေးဖွားရာဒေသ - ဟင်္သာတမြို့နယ်၊ လက်ပံလှ ကျေးရွာအုပ်စု၊ ပဲခူးစုကျေးရွာ


ကိုယ်ရေးဖြစ်စဉ်


ဆရာတော် လောင်းလျာကို ဟင်္သာတမြို့နယ်၊ လက်ပံလှ ကျေးရွာအုပ်စု၊ ပဲခူးစုကျေးရွာ၌ အဘ ဦးတွတ်၊ အမိ ဒေါ်ငွေတင်တို့က ၁၂၉၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၄ ရက် ကြာသပတေးနေ့ နံနက် ၁၀း၁၅ နာရီတွင် ဖွားမြင်သည်။ မေးချင်း ၈ ယောက်အနက် ဆဋ္ဌမမြောက် သားဖြစ်သည်။ 

Thursday, August 28, 2014

သုဇာတာသေဌေးကတော်။

     
  သုဇာတာသည်ဥရုဝေလတောအုပ်အနီး သေနနိဂုံးနေ
 သေနိယသေဌေးကြီး၏သမီး ဖြစ်သည်။ သူ၏သားမှာ ယသ သတိုးသားဖြစ်၏။ သူ၏ခင်ပွန်းမှာ ဗာရာဏသီသေဌေး ဖြစ်လေသည်။
သုဇာတာသေဌေးကတော်၏ ထူးခြားသော ကြည်ညိုဖွယ်ရာ ဂုဏ်ရည်များမှာ==