/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /http://4.bp.blogspot.com/-64lFCmprlo4/UlIK93uB36I/AAAAAAAAANM/xlqs8O3Iljg/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg
Monday, June 30, 2014
အမှန်ကန်ဆုံး ဘဝနေနည်း (၄ချက်)
 Photo: အမှန်ကန်ဆုံး ဘဝနေနည်း (၄ချက်)
==================
၁။ ဥစ္စာစီးပွားအရာမှာ 
ကိုယ့်အတွက်လိုအပ်သလောက်ရှိပြီးရင်
အများအကျိုးအတွက်စွန့်ကြဲပါ။
၂။ ဘဝဟာပိုမရှုပ်ထွေးလာဖို့
သီလ မပျက်အောင်စောင့်တည်ပါ။
၃။ ကိလေသာ အာရုံနောက်
အလွယ်ကလေးမပါသွားဖို့
သမာဓိအားကောင်း အောင်ကျင့်ပါ။
၎။ လောကရဲ့ အမှန်တရားကို 
ဝိပဿနာအားထုတ်ပြီး သိမြင်အောင်လုပ်ပါ။
ဒီလောက်ပါပဲ
ဒီလေးချက်နဲ့သာ နေထိုင်ရင် လူဖြစ်လာရတာ
ထိုက်တန်သွားမှာပါ။
ကုသိုယ်ကံအရင်းနှီးများစွာစိုက်ထုတ်ခဲ့လို့ 
လူဖြစ်လာခဲ့ပြီပြီး။
ဘဝကို ရှာရင်းဖွေရင်း သုံးရင်းဖြုန်းရင်းနဲ့ပဲ
လူ့အဖြစ်မှ သေဆုံးသွားမယ်ဆိုရင်
တော်တော်နှမြောစရာအဖြစ်ကြီး ဖြစ်နေတယ်။
သံသရာတလျှောက်
ဒုက္ခတွေ အထပ်ထပ်ရကြောင်းဖြစ်တဲ့
အမြစ်တွယ်နေတဲ့ ဒိဌိအမြစ်ကြီးကို 
ဒီလူဖြစ်လာတုန်း အခွင့်အရေးမှာ 
ခုတ်ထွင်ဖို့ အသင့်ဆုံးအခါ ပဲဖြစ်တယ်ဆိုတာ 
လေးလေးနက်နက်ခံယူထားဖို့ လိုအပ်လှပါကြောင်း။
 အမှန်ကန်ဆုံး ဘဝနေနည်း (၄ချက်)
==================
၁။ ဥစ္စာစီးပွားအရာမှာ
ကိုယ့်အတွက်လိုအပ်သလောက်ရှိပြီးရင်
အများအကျိုးအတွက်စွန့်ကြဲပါ။
လောကဓံ (၈)မျိုး
Photo: လောကဓံ (၈)မျိုး
=============
မြတ်စွာဘုရားက လောကသဘာဝကို ရှစ်မျိုးခွဲပြီး လောကဓမ္မသုတ် မှာ လောကဓံ(၈)မျိုးဆိုပြီး ဟောကြားခဲ့ပါတယ်။ 
..
မြန်မာလူမျိုးတိုင်းလည်း လောကဓံဆိုတဲ့စကား၊ လောကဓံရှစ်ပါးဆိုတဲ့စကား အမြဲတစေ ကြားဖူး ပြောဖူးကြမှာပါ။
လောကဓံ(၈)မျိုးဆိုတာ 
လောကမှာ သတ္တ၀ါ တွေကြုံ တွေ့နေ ရတဲ့၊ လူသားတွေ ကြုံတွေ့နေရတဲ့ သဘာဝရှစ်မျိုးရှိတယ်လို့အနက်ဖော်ဆောင်ပါတယ်။
...
ဒီလိုဆိုရင် ဘယ်လိုသဘာဝရှစ်မျိုးလဲ၊
လောကဓံရှစ်ပါးဆိုတာဘာတွေပါလဲ ဆိုတာကို
မသိသေးသူများလည်း မှတ်သားဖို့
သိပြီးသူများလည်း ပြန်လည်နှလုံးသွင်းဖို့အတွက်
ဖော်ပြပေးလိုက်ပါတယ်။
...
သက်ရှိသတ္တ၀ါတွေ ကြုံတွေ့နေရတဲ့ အတွေ့အကြုံ ရှစ်မျိုးရှိတယ်။ အဲဒီ ရှစ်မျိုးက တော့-
၁။ “လာဘော”       ကိုယ်လိုချင်တာ ရတယ်၊
.
၂။ “အလာဘော”    ကိုယ်လိုချင်တာ မရဘူး၊
.
၃။ “ယသော”         အခြံအရံရှိတယ် (သို့) ကျော်စောထင်ရှားတယ်၊
.
၎။ “အယသော”      အခြံအရံကင်းမဲ့တယ်၊ မကျော်စောဘူး၊
.
၅။ “နိန္ဒာ”              ကဲ့ရဲ့မှုကိုခံရတယ်၊
.
၆။ “ပသံသာ”        ချီးမွမ်းခံရတယ်
.
၇။ “သုခ”            ကိုယ်စိတ်နှစ်ပါး ချမ်းသာတယ်၊ အဆင်ပြေတယ်၊
.
၈။ “ဒုက္ခ”            ကိုယ်စိတ်နှစ်ပါး မချမ်းသာဘူး၊ ဆင်းရဲတယ်၊ အဆင်မပြေဘူး၊။
.
အားလုံးပေါင်းလိုက်ပြီး လောကဓံရှစ်မျိုးရယ်လို့ ခေါ်ပါတယ်။
..
လောကထဲမှာ နေထိုင်တာဖြစ်တော့ လောကဓံရှစ်မျိုးက တစ်မျိုးမျိုးနဲ့ လူတွေကြုံတွေ့မှာပါပဲ။ မကြုံ တွေ့တဲ့လူ မရှိပါဘူး။ 
မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီးလည်း လောကဓံနဲ့ ကြုံရတာပါပဲ။ 
အရှင်သာရိပုတ္တရာ, အရှင်မဟာမောဂ္ဂလန် စတဲ့ ရဟန္တာတွေလည်း လောကဓံနဲ့ ကြုံတွေ့ရတာပါပဲ။ 
မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်သတ္တ၀ါဖြစ်စေ၊ လောကထဲမှာနေရင် လောကရဲ့သဘာဝနဲ့ဆက်စပ်နေမှာပါပဲ။
..
ဒါကြောင့်မို့ မိတ်ဆွေအာလုံးလည်း ဒီလောကရဲ့သဘာဝကို နားလည်သူများ၊
တရားဓမ္မနဲ့နေထိုင်သူများပီပီ..
အဆိုးလောကဓံနဲ့ပဲတွေ့တွေ့၊
အကောင်းလောကဓံနဲ့ပဲကြုံကြုံ
ကောင်းတာဆိုးတာ ကြုံတွေ့လာတိုင်း မြတ်စွာဘုရားရဲ့တရားတော်များနဲ့အညီ
နှလုံးသွင်းမှန်ကန်စွာနဲ့ တည်တည်ငြိမ်ငြိမ်ရင်ဆိုင်နိုင်ကြပါစေ။
 လောကဓံ (၈)မျိုး
=============
မြတ်စွာဘုရားက လောကသဘာဝကို ရှစ်မျိုးခွဲပြီး လောကဓမ္မသုတ် မှာ လောကဓံ(၈)မျိုးဆိုပြီး ဟောကြားခဲ့ပါတယ်။
..
မြန်မာလူမျိုးတိုင်းလည်း လောကဓံဆိုတဲ့စကား၊ လောကဓံရှစ်ပါးဆို
တဲ့စကား အမြဲတစေ ကြားဖူး ပြောဖူးကြမှာပါ။
မဟာစည်ဆရာတော်ဘုရားကြီးနှင့်မင်းကွန်းဆရာတော်ဘုရားကြီးတို့၏ မှတ်သားဖွယ်ရာ သြဝါဒ ရတနာများ
Photo: မဟာစည်ဆရာတော်ဘုရားကြီးနှင့် မင်းကွန်းဆရာတော်ဘုရားကြီးတို့၏
------------------------------------------------------------
မှတ်သားဖွယ်ရာ သြဝါဒ ရတနာများ
-------------------------------
မဟာစည်ဆရာတော်ဘုရားကြီး၏ သြဝါဒ
----------------------------------
ကြည်ညိုသင့်တဲ့ ပုဂ္ဂိုလ်ကို ……
ကြည်ညိုအောင် အကြည်ညိုမပျက်အောင်
ကွဲပြားစပြုနေတဲ့သူတွေကို မကွဲပြားအောင်
ညီညွတ်လာအောင် ပြောဆိုရမယ်။
ပုဂ္ဂိုလ်တစ်ယောက်ကို အထင်လွဲပြီး
အပြစ်ပြောသံကို ကြားရင် တားမြစ်ရမယ်။
ဖျောင်းဖျဖြေရှင်း ပြောရမယ်။
- မဟာစည်ဆရာတော်ဘုရားကြီး
အမျိုးသားစာပေဆုရ တင်မော် ( ဓာတု ) ၏
" ဆရာတော်ကြီးများ၏ သြဝါဒအဆီအနှစ်များ " မှ။
တိပိဋက မင်းကွန်းဆရာတော်ကြီး၏ သြဝါဒ
------------------------------------
ဘုန်းကြီး ရဟန်းဖြစ်စကပေါ့။
သီတင်းသုံးဖော် ရဟန်းတစ်ပါးက ……
ဦးပဉ္ဇင်းကို ခင်မင်လွန်း၍ စကားတစ်ခွန်းလောက် ပြောချင်ပါသည်တဲ့။
ဒါနဲ့ ဘုန်းကြီးကလည်း ပြောပါပေါ့လေ။
သူပြောတာက-
" ဦးပဉ္ဇင်း
ဦးပဉ္ဇင်း မိခင်က သူမကျေနပ်တာ တွေ့လို့ ဦးပဉ္ဇင်းကို ဆူဆူ
ပူပူ ပြောလာရင် ဦးပဉ္ဇင်းက ခွန်းကြီးခွန်းငယ် ဘာမှ မပြောပါနှင့်။
ပြံး၍သာနေလိုက်ပါ " တဲ့။
ပြီးတော့ အမေက ဝါးလုံးမှန်းသိလျက်သားနဲ့ " ဒါ ဝါးခြမ်း " လို့ ပြောလာ
ရင်လည်း " ဟုတ်ကဲ့ အမေ။ ဝါးခြမ်းပါ " လို့ ခေါင်းငြိမ့်လိုက်ပါတဲ့။
" အမေဆိုတာ ကျေးဇူးရှင် " တဲ့လေ။
သီတင်းသုံးဖော်စကား အလွန်တန်ဖိုးရှိတယ်။ ဒါကြောင့် ဘုန်းကြီး
အသက် (၂၀) အရွယ်က စပြီး အဲဒီအတိုင်း လိုက်နာကျင့်သုံးခဲ့တယ်။
- တိပိဋက မင်းကွန်းဆရာတော်ဘုရားကြီး
လေးအိမ်စုအရှင်ဝိစိတ္တသာရ၏ " စကားလက်ဆောင် တရားလက်ဆောင် " မှ။
Posted by Words of Buddha
 မဟာစည်ဆရာတော်ဘုရားကြီးနှင့်မင်းကွန်းဆရာတော်ဘုရားကြီးတို့၏
မှတ်သားဖွယ်ရာ သြဝါဒ ရတနာများ
မဟာစည်ဆရာတော်ဘုရားကြီး၏ သြဝါဒ
----------------------------------
ကြည်ညိုသင့်တဲ့ ပုဂ္ဂိုလ်ကို ……
ကြည်ညိုအောင် အကြည်ညိုမပျက်အောင်
ကွဲပြားစပြုနေတဲ့သူတွေကို မကွဲပြားအောင်
ညီညွတ်လာအောင် ပြောဆိုရမယ်။
အားကိုးစရာ ဟုတ်ရဲ့လား
Photo: အားကိုးစရာ ဟုတ်ရဲ့လား
******************
ပိုက်ဆံတွေ ဘယ်လောက် ချမ်းသာ၊ချမ်းသာ ထို ပိုက်ဆံက “နတ်ပြည်” မပို့နိုင်ဘူး။
ပစ္စည်းဥစ္စာက နတ်ပြည် မပို့နိုင်ဘူး။ ပစ္စည်းဥစ္စာကို အကြောင်းပြုပြီး “ဒါနကောင်းမှု”လုပ်မှ၊
သီလဆောက်တည်မှ နတ်ရွာသုဂတိဆိုတာ ရောက်တာ။
လောကမှာ ပစ္စည်းဥစ္စာရှိတဲ့သူ ထိုပစ္စည်းဥစ္စာကို အကြောင်းပြုပြီးလူတိုင်း ချမ်းသာ သုခရတယ်လို့ မအောက်မေ့နဲ့။ ဒီဘဝမှာလည်း ဆင်းရဲ ကြပြီး ၊ နောင်ဘဝမှာလည်း
ဒုက္ခရောက်ကြတယ်။ဒါကြောင့် မြတ်စွာဘုရားက。。。“ဟနန္တိ ဘောဂါ ဒုမ္မေဓံ၊ နော စ ပါရဂဝေသိနော”
“အသိဉာဏ်မရှိတဲ့သူကို ပစ္စည်းဥစ္စာက ဖျက်ဆီးတတ်တယ်” တဲ့။
●ပစ္စည်း ဥစ္စာကြောင့် ထိုပုဂ္ဂိုလ်ဟာ ပျက်ဆီးရတယ်။
●ပစ္စည်းဥစ္စာကြောင့် ထိုပုဂ္ဂိုလ်ဟာ သေရတယ်။
●ပစ္စည်းဥစ္စာက ဒုက္ခပေးလို့ လူတွေမှာ ဒုက္ခအမျိုးစုံဖြစ်တယ်။
●ပစ္စည်းဥစ္စာက “ပညာမဲ့တဲ့ပုဂ္ဂိုလ်တွေ”ကို ဖျက်ဆီးနိုင်တယ်။
သို့သော် . . . ပစ္စည်းဥစ္စာကို အသုံးချပြီး နိဗ္ဗာန် တစ်ဖက်ကမ်းကို တက်လှမ်းတဲ့ သူတော်စင်တွေကိုတော့
ပစ္စည်းက အနှောင့်အယှက် မဖြစ်ဘူး။ သူတို့က ပစ္စည်းဥစ္စာကို အကြောင်းပြုပြီးတော့ 
ကောင်းမှုတွေ ပြုကြတယ်။ဒီလိုမဟုတ်ရင် ဒီဘဝမှာလည်း ပစ္စည်းကြောင့် အန္တရာယ် ဖြစ်ရတယ်။
ထိုပစ္စည်းကို တပ်မက်ပြီးတော့ သေရသည့်အတွက် ၊ နောင်ဘဝမှာလည်း ပြိတ္တာဖြစ်ရတယ်။ငရဲရောက်တယ်။ဒုက္ခတွေဖြစ်ကုန်တယ်။ ဒီတော့ ပစ္စည်းဥစ္စာဟာ အားကိုးစရာ ဟုတ်ရဲ့လား။
-【ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ】
Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm
 အားကိုးစရာ ဟုတ်ရဲ့လား
******************
ပိုက်ဆံတွေ ဘယ်လောက် ချမ်းသာ၊ချမ်းသာ ထို ပိုက်ဆံက “နတ်ပြည်” မပို့နိုင်ဘူး။
ပစ္စည်းဥစ္စာက နတ်ပြည် မပို့နိုင်ဘူး။ ပစ္စည်းဥစ္စာကို အကြောင်းပြုပြီး “ဒါနကောင်းမှု”လုပ်မှ၊
သီလဆောက်တည်မှ နတ်ရွာသုဂတိဆိုတာ ရောက်တာ
"ဓမ္မဒူတ ဆရာတော်ဘုရားကြီး ၏ ချမ်းသာ သက်ရှည်နည်း "
"ဓမ္မဒူတ ဆရာတော်ဘုရားကြီး ၏ ချမ်းသာ သက်ရှည်နည်း "
၁။ အများနှင့်သာ အရာရာ
လျှော်စွာ နေထိုင်တတ်ရမည်။
၂။ အများအကျိုး မြတ်တနိုး
သယ်ပိုး ဆောင်ရွက်ရပေမည်။
အတင်းပြောတာ အကုသိုလ်
Photo: အတင်းပြောတာ အကုသိုလ်
*******************
အတင်းပြောတာလည်း စွဲတတ်ပါတယ်။ စွဲသွားရင် ဖြတ်ရခက်ပါတယ်။
တစ်စုံတစ်ယောက်နဲ့ မတွေ့လိုက်နဲ့  ၊အတင်းပြောဖို့ကိုပဲ စိတ်က ညွတ်နေတော့တာပါ။
တော်တော်များများက “အတင်းပြောတာကို အကုသိုလ်”လို့မထင်ပါဘူး။ ပြောရိုးပြောစဉ် အလုပ်တစ်ခုလို့ ပဲ ထင်ထားတာပါ။ အတင်းပြောတာဟာ ပေါ့သေးသေး မဟုတ်ပါဘူး။
မြတ်စွာဘုရားက -
“ပရ၀ဇ္ဇာနုပဿိဿ၊
နိစ္စံ ဥဇ္ဈာန သညိနော။
အာသ၀ါ တဿ ၀ဎုန္တိ၊
အာရာ သော အာသ၀က္ခယာ။”လို့  ဟောပြပေးထားပါတယ်။အဓိပ္ပါယ်ကတော့ သူတစ်ပါးအတင်းပြောနေတဲ့သူမှာ အာသဝေါတရားတွေ တိုးပွားပြီး ၊ နိဗ္ဗာန်နဲ့ ဝေးနေတတ်ပါတယ်တဲ့။
ဒါကိုထောက်ပြီး နိဗ္ဗာန်လိုချင်တဲ့သူဟာ သူတစ်ပါးအတင်းကို မပြောရပါဘူး။
အတင်းပြောရင် နိဗ္ဗာန်နဲ့  ဝေးဝေးနေပါလိမ့်မယ်။
တရားသဘောမသိခင်က ပြောခဲ့တာတွေကတော့
ထားလိုက်ပါတော့။ သိပြီးနောက်ပိုင်း မပြောမိအောင် အထူးစောင့်ထိန်းရပါမယ်။
တချို့ဆို အတင်းပြောရတာကို အရသာတစ်ခုလိုကို သဘောထားပြီး ပြောနေကြတာပါ။
ဝါသနာတူချင်း တွေ့လိုက်လို့ ကတော့ ပြောလို့ မဆုံးတော့ပါဘူး။
ဒါဟာ အရက်သမားတွေ “အရက်စွဲ”သလို ၊“အတင်းစွဲ”သွားတော့တာပါ။
အတင်းပြောတဲ့ရောဂါစွဲသွားရင် ကုရခက်ပါတယ်။ မြတ်စွာဘုရားအဆုံးအမတွေနဲ့  သေချာပြန်ကုယူရပါတယ်။
မကုဘဲပစ်ထားရင် ရောဂါသည်းပြီး ဆိုးကျိုးတွေ ဖြစ်လာတတ်ပါတယ်။
လိုရင်းကတော့ အတင်းပြောတာ “အကုသိုလ်”ဆိုတာကို သေချာနှလုံးသွင်းထားလိုက်ဖို့ပါ။
-【ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)】
Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm
 အတင်းပြောတာ အကုသိုလ်
*******************
အတင်းပြောတာလည်း စွဲတတ်ပါတယ်။ စွဲသွားရင် ဖြတ်ရခက်ပါတယ်။
တစ်စုံတစ်ယောက်နဲ့ မတွေ့လိုက်နဲ့  ၊အတင်းပြောဖို့ကိုပဲ စိတ်က ညွတ်နေတော့တာပါ။
တော်တော်များများက “အတင်းပြောတာကို အကုသိုလ်”လို့မထင်ပါဘူး။ ပြောရိုးပြောစဉ် အလုပ်တစ်ခုလို့ ပဲ ထင်ထားတာပါ။ အတင်းပြောတာဟာ ပေါ့သေးသေး မဟုတ်ပါဘူး။
ဘုရားရှိခိုးခြင်း ဟူသည်
Photo: ဘုရားရှိခိုးခြင်း ဟူသည်
****************
ဘုရားရှိခိုးခြင်းသည် စိတ်တည်ငြိမ်အောင်ပြုလုပ်သည်ဟု မှားယွင်းစွာ ထင်မြင်သူအချို့ ရှိကြလေသည်။ အမှန်စင်စစ် ယင်းထက် အဓိပ္ပါယ်များစွာ ကျယ်ဝန်းသည်ကို သိရှိရန် လိုအပ်ပါသည်။
ဘုရားရှိခိုးပူဇော်ရန် နည်းလမ်းမှာ - ရတနာသုံးပါးအပေါ် ယုံကြည်မှုထက်သန်သော သဒ္ဒါ၊ စင်ကျယ်သော သီလ၊ တည်ငြိမ်သော သမာဓိ၊ မပြန့်လွင့်သော သတိ၊ သစ္စါလေးပါးနှင့် မြတ်တရားအကျိုး အကြောင်းတို့ကို သိမြင်သော ပညာ စသည့် ဗိုလ် အင်္ဂါ ငါးပါး ကပ်၍ ရှိခိုးရမည်ဟု အဘိဓမ္မာကျမ်းတွင် မြတ်စွာဘုရားရှင်ကိုယ်တိုင် အတိအလင်း ဟောကြားထားပါသည်။
အချိန်မှန်ကိုက် အဓိဌာန်ပြီး ဘုရားရှိခိုးခြင်း၊ ဂါထာရွတ်ခြင်း၊ မေတ္တာသုတ် ရွတ်ဖတ်ပူဇော်ခြင်း အစရှိသဖြင့်တို့က သဒ္ဒါ၊ သတိ၊ သီလ၊ သမာဓိ၊ ပညာ စသည်တို့ အမြဲစွဲကပ်၍ သာသနာ အဓွန့်ရှည်ရန်၊ ဘုရားဟော တရား မပျောက်ပျက်ရန် အကျိုးဆောင်ခြင်းတစ်မျိုးဖြစ်ရာ အမြဲပြုသော မဟာကုသိုလ်မျိုး ဖြစ်ရသည်။ သို့သော်လည်း ယခုခေတ်အခါ ယင်းသို့ အကျိုးသိမြင် ရှိခိုးခြင်းထက် အခြားရည်ရွယ်ချက်များ ဖြင့် ရှိခိုးနေကြသည်။ ဥပမာ- ကံ့ညံ့များ ပျောက်ရန်၊ ချမ်းသာရန်၊ အသက်ဘေးလွတ်မြောက်ရန်၊ စီးပွားဥစ္စာ တိုးပွားရန်၊ စာမေးပွဲအောင်ရန်၊ ရာထူးတိုးရန် ဟူ၍ ဖြစ်သည်။ အမှန်စင်စစ် ယင်းသို့ အကျိုးမျော်၍ ရှိခိုး ခြင်းသည် လောဘစိတ် အခြေခံခြင်းဖြစ်သောကြောင့် ကိလေသာပို၍ စွဲမြဲရသည်။ အကုသိုလ်ဖြစ်တတ်သည်။ သို့တည်းမဟုတ် ညံ့ဖျင်းသော ကုသိုလ် ဖြစ်ရသည်။
ထို့ပြင် ဘုရားရှိခိုးခြင်းဟူသည် ပြုခဲ့သော အပြစ်၊ အကုသိုလ်များ ပျောက်စေ ရန်လည်း မဟုတ်ပါ။ မည်သည့် ကံကိုမှ ဘုရားက ပြန်လည် ပြုပြင် စီရင်ပေး၍မရ။ ဘုရားရှိခိုးခြင်းက မိမိဟာ သဒ္ဒါ၊ သတိ၊ သမာဓိ၊ ပညာ၊ သီလ စတာတွေနဲ့ ပြည့်စုံနေသေးပြီး ရတနာသုံးပါးကို အမြဲပူဇော်ဆည်း ကပ်တယ်ဆိုတာကို ပြန်လည် အမှတ်ရ သတိကပ်စေခြင်း၊ သာသနာ မကွယ်ပျောက်စေရန် ဘုရားဟော ဂါထာများကို ပြန်လည် ရွတ်ဖတ်ခြင်း၊ နတ်လူ အပေါင်း အမျှဝေသည်က မေတ္တာ ဘာဝနာ ကုသိုလ်ယူခြင်း၊ စသည်ဖြင့် စသည်ဖြင့်ဘုရားရှိခိုးခြင်း၏ အကြောင်းတရား များက အင်မတန် ပေါများလှပါတယ်။ အကြောင်းတရားများသလောက် အကျိုးတရား အဖြင့် မဟာကုသိုလ်ထူးများ ရသည်။
ထို့ကြောင့် ဘုရားရှိခိုးခြင်းဟူသည် စိတ်တည်ငြိမ်အောင်လုပ်သည် ဆိုသော သေးသိမ်သည့်အတွေးကို ပျောက်ပျက်စေပြီး ဘုရားဟောတရား အတိုင်း ကြောင်းကျိုးသိမြင် ရှိခိုးပူဇော်ရန် လိုအပ်ပါသည်။
ဘုရားဟောတရား၊ သုတ်၊ ဂါထာ၊ ကျမ်းများကို မကွယ်ပျောက်စေခြင်းငှာ အဓိပ္ပါယ်လေ့လာသိရှိပြီး ရွတ်ဖတ်ပူဇော်ခြင်းက သာသနာကို တည်တံ့စေသကဲ့သို့ မဂ်ဖိုလ်၊ နိဗ္ဗာန် ရောက် အကျိုးထူးလှပါသည်။ အမှန်ကိုသိ ဥာဏ်မျက်စိဖြင့် လေ့လာသိမြင် ကျင့်ကြံနိုင်ကြပါစေသော်။
---
အောင်ခမ်း (ရိုးရာလေး)
 ဘုရားရှိခိုးခြင်း ဟူသည်
****************
ဘုရားရှိခိုးခြင်းသည် စိတ်တည်ငြိမ်အောင်ပြုလုပ်သည်ဟု မှားယွင်းစွာ ထင်မြင်သူအချို့ ရှိကြလေသည်။ အမှန်စင်စစ် ယင်းထက် အဓိပ္ပါယ်များစွာ ကျယ်ဝန်းသည်ကို သိရှိရန် လိုအပ်ပါသည်။
ဘဝ ရည်မှန်းချက်
The Aim of Life.
--------------------
ဘဝ ရည်မှန်းချက်
-------------------
Our aim is to enlighten people on how to seek inner peace and happiness and to
practise their own noble way of life with firm conviction.
The aim of life is nothing but finding the end of physical and mental suffering.
Friday, June 20, 2014
မယုံရခြင်းများ
Photo: မယုံရခြင်းများ
(၁)မိရိုးဖလာ ရှေးအစဉ်အဆက်ကပြောကြားသိမှတ်လာခဲ့တာပဲလို့
ရှေးစကား ဖြစ်ရုံနဲ့လည်း အယူဝါဒ တစ်ခုကို လက်မခံလိုက်ပါနဲ့ဦး။
(၂)ဘိုးစဉ်ဘောင်ဆက် ကျင့်သုံးလာခဲ့တဲ့ ဓလော့ထုံးစံ ဖြစ်ရုံနဲ့ပဲ
အားလုံးကို အမှန်ဖြစ်တယ်လို့ ယူဆပြီး လက်မခံလိုက်ပါနဲ့ဦး။
(၃)လူအများကပြောနေကြတာပဲဆိုပြီးတော့ လူသိထင်ရှား နာမည်
ကျော်ကြားရုံ မျှနဲ့ မစူးစမ်းမဆင်ခြင်ဘဲ အဲဒီ အယူဝါဒကို လက်
မခံလိုက်ပါနဲ့ဦး။
(၄)ရှေးဟောင်းစာပေကျမ်းဂန်တွေထဲမှာ ရေးထားတာပဲဆိုပြီး
အလွယ်တကူ လက်မခံလိုက်ပါနဲ့ဦး။
(၅) မိမိဥာဏ်ရှိသမျှ တွေးခေါ်ကြံဆထားတဲ့ အယူအဆ ကိုလည်းပဲ
မှန်လှပြီလို့ မသတ်မှတ်လိုက်ပါနဲ့ဦး။
(၆)အဲဒီတရားအယူအဆဟာဖြင့် ထောက်ပံအမှီပြုအပ်တဲ့ နည်းနာ
နိသာရတွေ အကြောင်းပြချက်တွေ ရှိနေတာဘဲဆိုပြီးတော့လည်း
အလွယ်တကူ လက်မခံလိုက်ပါနဲ့ဦး။
(၇)မိမိဘာသာ တွေးခေါ်ကြံစည်ဆင်ခြင်ပြီး ဟုတ်လှပြီလို့
သဘောကျ နှစ်ခြိုက်ရုံနဲ့လဲ မှန်လှပြီ လို့မယူဆလိုက်ပါနဲ့ဦး။
(၈)ဒီတရားအယူအဆတွေဟာဖြင့် မိမိစဉ်းစားတွေးတော
ထားတာတွေနဲ့ တူညီတာပဲ ဟုဆိုရုံမျှနဲ့လည်း အမှန်တွေ
ပဲလို့ လက်မခံလိုက်ပါနဲ့ဦး။
(၉)အများက လေးစားရိုသေအပ်တဲ့ လူပုဂွို့လ်ကြီး ရဲ့ ပြောတဲ့
စကားပဲ ဆိုပြီးတော့လည်း မဆင်မခြင်ပဲ မယုံကြည်လိုက်ပါ
နဲ့ဦး။
(၁၀)ငါတို့ရင်းနှီးကျွမ်းဝင်ချစ်ခင်တဲ့ ငါတို့ဆရာသမား ပြောကြား
တဲ့ စကားပဲဆိုပြိးတော့လည်း အပြီးသတ် လက်ခံမှုကို
မပြုလိုက်ပါနဲ့ဦိး။
ကာလမ လူမျိုးတို့… ကိုယ်ပိုင်ဥာဏ်ဖြင့် ဦးစွာဆင်ခြင်သုံးသပ်ကာ
ဒီတရားဟာဖြင့် မကောင်းမှု တရားတို့ပေတည်း။
ဒီတရားတို့ကား .. အကျိုးမဲ့ အပြစ်ကိုသာဖြစ်စေသော 
တရားပေတည်း။
ဒီတရားတို့ကား.. ပညာရှိတို့ ကဲ့ရဲ့အပ်သော တရားတို့တည်း။
ဒီတရားတို့ကား..ဆင်းရဲအပေါင်းမှ လွတ်မြောက်ရာမဟုတ်
ကြောင်းတရားပေတည်း။
ဟုရှောင်ရားပယ်စွန့်သင့်သည်တို့ကိုစွန့်ပစ်ကာ
လက်ငင်းအကျိုးကျေးဇူးအမှန်တကယ်ပြုနိုင်သော တရားတို့ကိုသာ
လက်တွေ့ကျင့်သုံးပြီးမှ ယုံကြည်လက်ခံကြပါ လို့
မြတ်စွာဘုရား မိန့်ကြားခဲ့လေသည်။
မယုံရခြင်းများ
(၁)မိရိုးဖလာ ရှေးအစဉ်အဆက်ကပြောကြားသိမှတ်လာခဲ့တာပဲလို့
ရှေးစကား ဖြစ်ရုံနဲ့လည်း အယူဝါဒ တစ်ခုကို လက်မခံလိုက်ပါနဲ့ဦး။
(၂)ဘိုးစဉ်ဘောင်ဆက် ကျင့်သုံးလာခဲ့တဲ့ ဓလော့ထုံးစံ ဖြစ်ရုံနဲ့ပဲ
အားလုံးကို အမှန်ဖြစ်တယ်လို့ ယူဆပြီး လက်မခံလိုက်ပါနဲ့ဦး။
"အပျက်နဲ့အမြတ် ‌‌"
Photo: "အပျက်နဲ့အမြတ်  ‌‌"
★ ပုံမှန်‌ထက်‌လွန်‌ကဲလာတဲ့အခါ
ပုံပျက်‌သွားတတ်‌တာဓမ္မတာပဲ
★ သူရှိကိုယ်‌ရှိ‌လောဘ၊‌ဒေါသ၊‌မောဟတို့ထက်‌
လွန်‌ကဲပို‌မောက်‌သွားတဲ့အခါ
‌ပေါက်‌တတ်‌ကရ‌တွေဖြစ်‌သွားကြတယ်‌။
★ ပိုပိုပြီးဖြူစင်‌လာရမယ့်‌အစား
ပိုမိုပြီး ညစ်‌နွမ်းလာကြတာကို
အ‌ရောင်‌ထွက်‌‌နေတယ်‌လို့ထင်‌‌နေကြတာ‌တွေ
★ ပိုပိုပြီး မြင့်‌မြတ်‌လာရမယ်‌လို့ 
ခံယူနားလည်‌ထားကြရမယ့်‌အစား
ပိုမိုပြီးယုတ်‌‌လျော့ပါးလျလာကြတာကို
မိုးခါး‌ရေ အ‌သေမှတ်‌ပြီး
ဝိုင်းဝန်း‌သောက်‌သုံးလာကြကာ
သူရဲ‌ကောင်းအဖြစ်‌မြင်‌လာကြတာ‌တွေက
★ အပျက်‌ဆီကို ဦးတည်‌‌နေတဲ့လမ်းမှာ
‌မှောင်‌မဲ‌နေတဲ့‌တောအုပ်‌ထဲကို
ဗရမ်းပတာ တိုးဝင်‌‌နေတာနဲ့တူ‌နေတယ်‌။
★ ဆိုရလျှင်‌
အပျက်‌နဲ့အမြတ်‌ကိုေ၀၀ါး‌နေသမျှ‌တော့
တစ်‌‌နေ့သွားရမယ့်‌လမ်းကပဲ
တိကျ‌သေသပ်‌စွာ
ဆုံးဖြတ်‌‌ပေးသွားမှာပဲဖြစ်‌သည်‌။
Tay Mi  
"အပျက်နဲ့အမြတ် ‌‌"
★ ပုံမှန်‌ထက်‌လွန်‌ကဲလာတဲ့အခါ
ပုံပျက်‌သွားတတ်‌တာဓမ္မတာပဲ
★ သူရှိကိုယ်‌ရှိ‌လောဘ၊‌ဒေါသ၊‌မောဟတို့ထက်‌
လွန်‌ကဲပို‌မောက်‌သွားတဲ့အခါ
‌ပေါက်‌တတ်‌ကရ‌တွေဖြစ်‌သွားကြတယ်‌။
သာသနာတော် နှစ် လ ရှိ မရှိ
Photo: သာသနာတော် နှစ် လ ရှိ မရှိ
ဟောဒီ အမေးစာလွှာက မန္တလေးမြို့
မြ၀တီစာသင်တိုက်က သောတုဇန
ဆရာလေး မဥမ္မာသီရိရဲ့ အမေးစာ
လွှာဖြစ်ပါတယ် ဘုရား။
မဥမ္မာသီရိက ဘာအကြောင်းကို မေး
ထားတာလဲကွယ့်။
မဥမ္မာသီရိက သာသနာတော်နှစ်ဟာ
ကောဇာ သက္ကရာဇ် ခရစ် သက္ကရာဇ်
တို့လို လအမည်များ ရှိပါသလားလို့
မေးထားပြီး သာသနာတော် တစ်နှစ်
ပြောင်းလဲပုံကို သိလိုပါတယ်ဘုရားတဲ့။
မဥမ္မာသီရိအမေးမှာ အတိုချုပ်ပြော
လိုက်ရင်တော့ စာငါးကြောင်းနှင့်ပြီး
ပါတယ်။  သို့သော်လည်း မရှင်းလင်း
သူများပါ ရှင်းလင်းသွားအောင် သက္က
ရာဇ်ပြောင်းလဲပုံကစပြီး ဖြစ်ပေါ်လာပုံ
ကိုပြောပြမှဖြစ်မယ်။
မှန်ပါ။ ပြည့်စုံတော့ စာဖတ်ပရိသတ်
လည်း ရှင်းသွားတာပေါ့ ဘုရား။
ဘုရားကိုယ်တော်မြတ် ပရိနိဗ္ဗာန်ပြု
တော်မူတာက မဟာသက္ကရာဇ် ၁၄၈
ခု၊ ကဆုန်လပြည့်နေ့ အင်္ဂါနေ့နော်။
မှန်ပါ။ မှတ်သားထားပါတယ် ဘုရား။
မဟယသက္ကရာဇ်ဆိုတာ ဘယ်သက္က
ရာဇ်ပါလဲ ဘုရား။
မဟာသက္ကရာဇ်ဆိုတာ ဘုရားကိုယ်
တော်မြတ်ရဲ့ဘိုးတော် ဒေ၀ဒဟပြည့်
ရှင် ဘုရင်အဉ္ဇနမင်းကို ဘိုးတော်အဉ္ဇ
နလို့ ခေါ်တယ်။ ဘိုးတော် အဉ္ဇနမင်း
က ကောဇာသက္ကရာဇ် ၈၆၄၉ ခု ဖြစ်
နေတော့ သက္ကရာဇ်အခေါ်များခြင်းက
တစ်ကြောင်း သက္ကရာဇ်မဖြိုရင်တိုင်း
သူပြည်သားတွေ ငတ်မွတ် ခေါင်းပါး
ဘေး အန္တရာယ်များခြင်းစတဲ့
အကြောင်းတွေ ပေါ်နေလို့ ဘယ်လို
မှပြုပြင်လို့ မရရင် သက္ကရာဇ်ဖြိုရသ
တဲ့။
သက္ကရာဇ် ဖြိုတယ်ဆိုတာ သက္ကရာဇ်
အဟောင်းကို ဖျက်ပြစ်လိုက်တာ။
ဥပမာ ၁၃၆၉ကို ၂ ခုပဲထားပြီး ဖြိုမယ်
ဆိုရင် ၁၃၆၃ ခုကို ပယ်ပြီး ၂-ခုတည်း
ထားပြီး သက္ကရာဇ် ၂ ခု တန်ခူးလ စ
သည်ဖြင့် ပြောင်းလဲလိုက်တာကို သ
က္ကရာဇ်ဖြိုတယ်လို့ ခေါ်တာပါပဲ။ ဘိုး
တော်  အဉ္ဇနမင်းဟာ ၈၉၄၉ခု၊  တ
ပေါင်းလကွယ် စနေနေ့မှာ သက္ကရာဇ်
အဟောင်းကို မင်းမိန့်နှင့်ပယ်ဖျက်ပစ်
လိုက်ပြီး အကြွင်းမထားပဲဖြိုတယ်။
သက္ကရာဇ် ၁ ခု၊ တန်ခူးလဆန်း ၁
ရက် တနင်္ဂနွေနေ့လို့သတ်မှတ်လိုက်
တယ်။ လ ရက် နေ့ကို မပြောင်းဘူး။
သက္ကရာဇ်ကိုပဲ ဖျက်လိုက် ဖြိုလိုက်
တာဖြစ်တယ်။ အဲဒီ သက္ကရာဇ်ကို
မဟာ သက္ကရာဇ်လို့ ခေါ်လိုက်ခြင်း
ဖြစ်တယ်။
အဲဒီ တစ်ခုကစတဲ့ နှစ်ပေါင်း ၆၈ ခု
နှစ် ကဆုန်လပြည့်နေ့ သောကြာနေ့
မှာ ဘုရားအလောင်းတော်ကိုဖွားမြင်
တယ်။ မဟာသက္ကရာဇ် ၁၀၃ ခု၊ က
ဆုန်လပြည့် ဗုဒ္ဓဟူးနေ့မှာ ဘုရားအ
ဖြစ် ရောက်တော်မူတယ်။ မဟာသ
က္ကရာဇ် ၁၄၈ ခု၊ ကဆုန်လပြည့်
အင်္ဂါနေ့ အရုဏ်တက်ချိန် ပရိနိဗ္ဗာန်
ပြုတော်မူတယ်။ အလောင်းတော်ကို
ကဆုန်လပြည့်ကျော် ၁၂ ရက်၊ တန
င်္ဂနွေနေ့မှာ တေဇောဓာတ် လောင်
တော်မူတယ်။ နယုန်လဆန်း ၅ရက်
နေ့မှာ ရှစ်ပြည်ထောင်ဓါတ်တော်ဝေ
ကြတယ်။ မဟာသက္ကရာဇ် ၁၄၈ ခု
ဝါခေါင်လပြည့်ကျော် ၁ ရက်နေ့မှာ
ပထမသင်္ဂါယနာ စပြီးတင်တယ်။
၇ လကြာ တပေါင်းလပြည့်နေ့မှာ
ပြီးဆုံးတယ်။ သင်္ဂါယနာတင်ပွဲပြီး
ဆုံးတဲ့အခါ အရှင်မဟာကဿပနဲ့
အဇာတသတ်မင်းတို့ တိုင်ပင် ညီ
ညွတ်ပြီး သာသနာတော်သက္ကရာဇ်
နှင့် ကောဇာသက္ကရာဇ်တူညီစေခြင်း
ငှါ ၁၄၈ ခုကို ချေဖျက်ပြီး ကိန်းသစ်
သက္ကရာဇ် ၁ ၊ သာသနာနှစ် ၁ ခု
အဖြစ် ထားတော်မူတယ်။
မှန်ပါ။ သာသနာသက္ကရာဇ်မှာ သာ
သနာ လ ရက်ရှိပါသလား ဘုရား။
သာသနာသက္ကရာဇ်မှာ လ ရက်မရှိ
ပါဘူး။ ခုနှစ်တစ်ခုပဲရှိပါတယ်။
မှန်ပါ ဒီလိုဆိုရင် သာသနာ ၂၅၄၉
ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၆၇ ခု
ဟာ အတူတူကနေ ဘယ်လိုကွာ
သွားရတာလဲ ဘုရား။
အစောတုန်းက ဘိုးတော်အဉ္ဇန
သက္ကရာဇ်ဖြိုခဲ့တယ် မဟုတ်လား။
မှန်ပါ။ ဖြိုခဲ့ပါတယ် ဘုရား။
အဇာသတ်က ဘိုးတော်အဉ္ဇနရဲ့
သက္ကရာဇ်ဖြိုခဲ့တယ် မဟုတ်လား။
၁၄၈ ကိုမဖြိုခဲ့ရင် ဒီကနေ့ ကောဇာ
သက္ကရာဇ်ဟာ ၂၆၉၇ ခု၊ သာသနာ
၂၅၄၉ ခု လို့ဖြစ်နေမှာပါပဲ။ သာသနာ
သက္ကရာဇ်က ဘုရားပရိနိဗ္ဗာန်ပြုပြီးမှ
စတာကိုး။
အဇာတသတ်နှင့် အရှင်မဟာကဿပ
တို့တိုင်ပင်ညီညွတ်ပြီး သာသနာ ၁ ၊
ကောဇာ ၁ ထားခဲ့တဲ့ သက္ကရာဇ် ၆၂၄
အရောက်မှာ သရေခေတ္တရာပြည် သု
မုန္ဒရီမင်းက ဒေါဒေါရသကိန်း ၆၂၂ကို
ဖြိုပြီး ၆၂၄ နှစ်က ၂ နှစ်ကို သက္ကရာဇ်
၂ ခုလို့ ဖြိုလိုက်တဲ့အတွက် ကောဇာ
သက္ကရာဇ် ၂ ခု သာသနာ ၆၂၄ခုနှစ်
လို့ သာသနာနှစ်က ကျန်ခဲ့တယ်။
ကောဇာသက္ကရာဇ် ၆၂၂ကဖျက်ပြစ်
လိုက်တယ်။ မင်းမိန့်နှင့် ၂ ခုနှစ်လို့
သတ်မှတ်ခဲ့ကြတယ်။
အဲဒီ သက္ကရာဇ် ၂ ခုနှင့် ရေတွက်လာ
လိုက်ကြတာ ၅၆၂ ခုနှစ်ရောက်ပြန်
တော့ ကောဇာသက္ကရာဇ် ၅၆၂ ခု
သာသနာ ၁၁၈၆ နှစ်ဖြစ်လို့ဖြစ်ခိုက်မှာ
ပုဂံပြည် ပုပ္ပါးစောရဟန်းမင်းလို့ခေါ်တဲ့
ရဟန်းလူထွက်မင်းက ခ-ဆ၊ ပဉ္စကိန်း
ဆိုပြီး ၅၆၂ခုနှစ်က ၅၆၀ကို ပယ်ပြီး
၂ ခုနှစ်လို့ပြန်ပြီး သတ်မှတ် သက္ကရာဇ်
ဖြိုခဲ့လို့ သာသနာ ၁၁၈၆ နှစ်၊ ကောဇာ
သက္ကရာဇ် ၂ ခုလို့ဖြစ်လာခဲ့ပြန်တယ်။
ဒီ သက္ကရာဇ်နှစ်ခုက နှစ် ၈၀၀ ရောက်
တော့ မိုးညှင်းမင်းတရားက ၂ ခုဆိုပြီး
ဖြိုသေးတယ်။ သက္ကရာဇ်မပြိုဘူးလို့
ဆိုကြတယ်။ ဒါကြောင့် ဒီနေ့သက္ကရာဇ်
၁၃၆၇ ခုဟာ ပုပ္ပါးစောရဟန်းမင်းဖြိုခဲ့
တဲ့ သက္ကရာဇ်ဖြစ်ပြီး ဒီနေ့အထိခေါ်နေ
တဲ့ ၁၃၆၇ ခုပဲ။ သာသနာကတော့
၂၅၄၉ ကောဇာသက္ကရာဇ်သိပြီး သာ
သနာတော် သက္ကရာဇ်ကိုသိလိုရင်
မူလက သုမုန္ဒရီမင်းဖြိုခဲ့တဲ့ ၆၂၂ ခုနှင့်
ပုဂံပုပ္ပားစောရဟန်းမင်း ဖြိုခဲ့တဲ့ ၅၆၀၊
အဲဒီဖြိုလို့ပျောက်လာခဲ့တဲ့ သက္ကရာဇ်
တွေဟာ ပါမလာတော့ဘဲ ပျောက်ကွယ်
နေတဲ့ သက္ကရာဇ်ဖြစ်လို့ ယခုရောက်ဆဲ
ကောဇာသက္ကရာဇ် ၁၃၆၇ ခုမှာ ပေါင်း
လိုက်ရင် သာသနာတော်နှစ် ၂၅၄၉ဆို
တာ အမှန်ထွက်လာတယ်။ ဒီသာသနာ
သက္ကရာဇ်ဟာ ဘုရားကိုယ်တော်မြတ်
ပရိနိဗ္ဗာန်စံတော်မူသွားတဲ့ နှစ်ပေါင်းပဲ
ဖြစ်လို့ ဒီသက္ကရာဇ်ကို သာသနာသက္က
ရာဇ်လို့ ခေါ်ရတယ်။
အဇာတသတ်မင်းက ၁ ခုလို့မသတ်
မှတ်ပဲ ဘိုးတော်အဉ္ဇနမင်း ဖြိုခဲ့တဲ့သ
က္ကရာဇ်အတိုင်းဆိုရင် ကောဇာသက္က
ရာဇ်ဟာ ၂၆၉၅ ခု၊ သာသနာတော်
၂၅၄၉ ခုလို့ ဖြစ်နေမှာပါပဲ။
မှန်ပါ။ ဒီလိုဆို သာသနာတော်သက္က
ရာဇ် ပြောင်းတဲ့လကော ရှိပါသေးလား
ဘုရား။
သာသနာသက္ကရာဇ်ပြောင်းတဲ့လ အထူး
မရှိဘူး။ မူလကကောဇာနဲ့သာသနာအ
တူတူ    အဇာတသတ် ပြဌာန်းခဲ့တာမို့
ကောဇာသက္ကရာဇ် နှစ်သစ်ပြောင်းတိုင်း
သာသနာတော်နှစ်လည်း ကောဇာသက္က
ရာဇ်နှင့်အတူ ပြောင်းလဲသွားတယ်လို့ပဲ
သတ်မှတ်ကြပါတယ်။ သို့သော်လည်း
မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတာဟာ
ကဆုန်လပြည့်ဖြစ်တာကြောင့် သာသ
နာတော်နှစ်ကို ကဆုန်ကဆုန်လဆုတ်
၁ ရက်နေ့မှ ပြောင်းလဲသတ်မှတ်ကြ
တာလည်းရှိကြောင်း မန္တလေးမြို့၊ မြ
ဝတီစယသင်တိုက် သောတုဇနမဥမ္မာ
သီရိကို ပြန်ကြားပေးလိုက်ပါတယ်။
ဝမ်းမြောက်လှပါပြီ ဘုရား။
သာဓု သာဓု သာဓု။
ကသာမြို့ ရွှေလီငါးတဲဆရာတော်။
ဓမ္မဗြူဟာ၊ အတွဲ ၄၄ ၊ အမှတ် ၇။
 သာသနာတော် နှစ် လ ရှိ မရှိ
ဟောဒီ အမေးစာလွှာက မန္တလေးမြို့
မြ၀တီစာသင်တိုက်က သောတုဇန
ဆရာလေး မဥမ္မာသီရိရဲ့ အမေးစာ
လွှာဖြစ်ပါတယ် ဘုရား။
မှန်သောစကားကိုဆိုခြင်း
Photo: မှန်သောစကားကိုဆိုခြင်း
မိမိ အကျိုးစီးပွားကို ပျက်စီးအောင်ဆိုပြီး မသမာသူတွေက လုပ်ကြံဖန်တီးထားတဲ့ အခြေအနေမျိုးကို မြင်နိုင်ဖို့ဟာ ခက်လှပါတယ်။ အဲဒီ အခြေအနေမျိုးမှာ စကားဆိုဖို့ ခက်မှာပါ။ အပြစ်မရှိဘဲနဲ့ အပြစ်ရှာ ၊ အကြောင်းမရှိဘဲနဲ့ အကြောင်းရှာပြီး ကိုယ့်ကို ဖျက်ဆီးဖို့ ကြိုးစားနေသူမျိုးကို စကားဆိုရမှာ သိပ်ခက်ပါလိမ့်မယ်။
တစ်ခါတုန်းက ဆိတ်တစ်ကောင်ဟာ အဖော်တွေနဲ့ကွဲပြီး ကျန်ခဲ့ရှာပါတယ်။ အဖော်တွေနောက်ကို လိုက်မယ်လဲ လုပ်ရော သူ့ရှေ့မှာ ကျားသစ်တစ်ကောင် သူ့ကို စားဖို့ စောင့်နေတာ တွေ့ရတယ်။ ဆိတ်ဟာ ချောင်ပိတ်မိနေတော့ ပြန်လှည့်ပြီး ပြေးဖို့ မတက်နိုင်ဘူးဖြစ်နေတယ်။
ကျားသစ်ကို သာသာယာယာ တောင်းပန်စကား ဆိုရင်း အသက်ဘေးက လွတ်လေမလားလို့ ဆိတ်ကတွေးပြီး 
ဦးရီး . . ဦးရီး ကို အမေက နေကောင်းရဲ့လား ၊ ကျန်းမာရဲ့လား လို့မေးလိုက်ပါသေးတယ်။ ကျွန်တော့အမေက ဦးရီးကို အင်မတန် ကျန်းမာချမ်းသာစွာနဲ့ရှိနေတာကို မြင်ချင်နေသူပါ ။ကျွန်တော်ကလဲ ဦးရီးကို ကိုယ်ကျန်းမာခြင်း စိတ်ချမ်းသာခြင်းနဲ့ ပြည့်စုံတာကို မြင်ချင်ပါတယ် လို့ဆိုတယ်။
ဒီလိုဆိုတဲ့စကားကို ကြားရတဲ့အခါမှာ ကျားသစ်က အင်း ဒီဆိတ်က ငါ့ကို ဦးရီးတဲ့ ၊ ငါ့ကို အချိုသတ်ပြီး လှည့်စားနေပြီ ဒီလိုတွေးပြီးတော့ . . ဘာအခုမှ ငါ့ကို ဦးရီးလဲ ၊ ငါ့အမြီးကို စောစောက နင် တက်နင်းသွားတယ် ။ ဘယ်လောက် ငါ့မှာခံလိုက်ရတယ်မှတ်လဲ။ ခုမှ ငါ့ကို ဦးရီး ၊ ဘာညာနဲ့ မျက်နှာချိုသွေးမနေနဲ့ ၊သေပြီသာမှတ်  . လို့ ကျားသစ်က ဆိတ်ကိုသက်သက်မဲ့ အပြစ်ရှာစကားဆိုတယ်။ ဒီလို အပြစ်ရှာ စကားဆိုတော့ ဆိတ်က
ဦးရီး . . . ဦးရီး ဒီလိုမပြောပါနဲ့ ၊ ဦးရီးက အရှေ့ဘက်ကို မျက်နှာပြုပြီးနေတယ် ၊ ကျွန်တော်က ဦးရီးရှေ့က လာတာ ၊ ကျွန်တော် ဘယ်လိုလုပ်ပြီး ဦးရီးအမြီးကို နင်းမိမှာလဲ လို့ ပြောတော့ ကျားသစ်က . . ဟဲ့ ဆိတ်ရဲ့ . . နင် မသိသား ဆိုးရွားလိုက်တာ . . ငါ့အမြီးဟာ တစ်တောလုံး မရောက်တဲ့ နေရာမရှိဘူး ။ ငါ့အမြီး ရှည်ကြောင်းနင်မသိသေးဘဲကိုး ။ ဒီတော့ နင်ဘယ်ကလာလာ ငါ့အမြီးကို နင်းမိမှာပဲ    ကျားသစ်ဟာ မဟုတ်တာတွေကို တမင်လုပ်ကြံပြီးပြောနေပြီ။ ငါလဲမဟုတ်တာ ပြောမှပဲလို့ တွေးပြီး ဆိတ်က. . . ဦးရီး . . ကျားသစ်ရဲ့ အမြီးဟာ သိပ်ရှည်တယ်ဆိုတာကို ကျွန်တော့ အဖေ အမေတို့ ပြောတာကို ကြားဖူးပါတယ်။ ဒါကြောင့် ကျွန်တော်ဟာ ဒီနေရာကို ကျားသစ်အမြီးက လွတ်အောင် ကောင်းကင်ကနေ လာခဲ့တာပါ လို့ပြောတယ်။
 ဒီလိုပြောတော့လဲ အပြစ်က ဘယ်လွတ်မလဲ ၊ တမင်အပြစ်ရှာနေတဲ့ ကျားသစ်ဆိုတော့ . . . 
သြော် . . ဒါကြောင့်ကိုး ၊ နင် ကောင်းကင်ကနေလာတာ မြင်လို့ ငါစားရမယ့် သားကောင်တွေဟာ လန့်ဖျပ်ပြီး ထွက်ပြေးကုန်ကြတယ် ၊ တကယ်တော့ နင်ဟာ ငါ့အစာကို ဖျက်ဆီးသူပဲ 
လို့ ပြောပြီး ဆိတ်ကို ဖမ်းတယ် ။ ဆိတ်ကအသက်ချမ်းသာ ပေးပါလို့တောင်းပန် မြည်တမ်းနေစဉ်မှာပဲ ကျားသစ်ဟာ ဆိတ်ရဲ့ လည်ကုပ်ကို ကိုက်သတ်ဝါးစားတယ်။
တမင်အပြစ်ရှာနေတဲ့ သူကို ဘယ်လိုစကားမျိုးပဲပြောပြော အပြစ်လွတ်မှာ မဟုတ်ပါဘူး။
နန္ဒသိန်းဇံ
 မှန်သောစကားကိုဆိုခြင်း
မိမိ အကျိုးစီးပွားကို ပျက်စီးအောင်ဆိုပြီး မသမာသူတွေက လုပ်ကြံဖန်တီးထားတဲ့ အခြေအနေမျိုးကို မြင်နိုင်ဖို့ဟာ ခက်လှပါတယ်။ အဲဒီ အခြေအနေမျိုးမှာ စကားဆိုဖို့ ခက်မှာပါ။ အပြစ်မရှိဘဲနဲ့ အပြစ်ရှာ ၊ အကြောင်းမရှိဘဲနဲ့ အကြောင်းရှာပြီး ကိုယ့်ကို ဖျက်ဆီးဖို့ ကြိုးစားနေသူမျိုးကို စကားဆိုရမှာ သိပ်ခက်ပါလိမ့်မယ်။
ရာဇဂြိုလ်က ၀က်မကလေး
Photo: ရာဇဂြိုလ်က ၀က်မကလေး
    သမထ ကုသိုလ်ကြောင့် ဗြဟ္မာ့ဘုံ
ရောက်ရသော်လည်း ၀ိနိပါတဘေးက
မလွတ်နိုင်ပုံကို ပြောပြပါဦးမယ်။
ဓမ္မပဒအဋ္ဌကထာမှာလာတဲ့ ရာဇဂြိုလ်
မြို့က သူကပေါရောသိကာအမည်ရှိတဲ့
ဝက်မကလေးတစ်ကောင်အကြောင်းပါ။
တစ်နေ့ ဘုရားရှင် ကိုယ်တော်မြတ်ကြီး
သံဃာတော်များစွာ ခြံရံပြီး ရာဇဂြိုလ်မြို့
ထဲ ဆွမ်းခံကြွတော်မူပါတယ်။
မြို့အ၀င်မှာ ၀က်မကြီးတစ်ကောင်လူတွေ
စွန့်ထားတဲ့ မစင်တွေ အားပါးတရစားနေ
တာမြင်တော့  ဘုရားရှင်က ပြုံးတော်မူပါ
တယ်။   ဒီအခါမှာ အရှင်အာနန္ဒာက ပြုံး
တော်မူရခြင်း အကြောင်းကို  မေးလျှောက်
တဲ့အခါ   ဘုရားရှင်က အာနန္ဒာ ဒီဝက်မက
လေးဟာ ကကုသန်မြတ်စွာဘုရားရှင်လက်
ထက်တုန်းက    ဆွမ်းစားကျောင်း အနီးမှာ
ကြက်မတစ်ကောင် ဖြစ်ခဲ့ရတယ်။
ရဟန်းတော်များရဲ့ တရားဒေသနာရွတ်ဖတ်
သံ နားထောင်ခဲ့ရတဲ့ ကုသိုလ်ကြောင့်ကြက်
မဘ၀ကသေတဲ့အခါ ဥဗ္ဗရီအမည်ရှိတဲ့မင်းမျိုး
သတို့သမီးတစ်ယောက်သွားဖြစ်တယ်။ တစ်
နေ့သောအခါမှာ ရေအိမ်ဝင်ရင်း ပိုးလောက်
တို့ကို တွေ့မြင်ရတဲ့အခါ ပိုးလောက်ဟူသော
အမှတ်သညာကို အခြေခံထားပြီး သမထရှု
ပွားလိုက်တာ ပထမဈာန်ကို ရရှိသွားပါတယ်။
အဲဒီဈာန်တန်ခိုးကြောင့် သေတဲ့အခါ ဗြဟ္မာ
ဘုံကို ရောက်ရတယ်။ တစ်ဖန်ဗြဟ္မာဘုံက
စုတေပြီး လူ့ပြည်မှာ မိန်းကလေးတစ်ယောက်
ဖြစ်တယ်။ မိန်းကလေးဘ၀က စုတေတဲ့အခါ
မှာတော့ အခုလို ၀က်မကလေးတစ်ကောင်
လာဖြစ်ရတယ်လို့ မိန့်တော်မူတာကြောင့်အရှင်
အာနန္ဒာနှင့်အတူရဟန်းများစွာဟာ ပုထုဇဉ်မှန်
သမျှ ၀ိနိပါတဘေးက မလွတ်နိုင်ပုံကိုတွေးပြီး
ကြီးစွာသံဝေဂဖြစ်ကြပါတယ်။
ဒါကြောင့် သမထကုသိုလ်ဟာလည်း ဘဝ
သံသရာအတွက် စိတ်မချရသေးဘူးဆိုတာ
ပေါ်လွင်နေပါတယ်။
မေတ္တာရှင် ရွှေပြည်သာ
မဂ်တား ဖိုလ်တား အန္တရာယ်များ
ရာဇဂြိုလ်က ၀က်မကလေး
သမထ ကုသိုလ်ကြောင့် ဗြဟ္မာ့ဘုံ
ရောက်ရသော်လည်း ၀ိနိပါတဘေးက
မလွတ်နိုင်ပုံကို ပြောပြပါဦးမယ်။
ဓမ္မပဒအဋ္ဌကထာမှာလာတဲ့ ရာဇဂြိုလ်
မြို့က သူကပေါရောသိကာအမည်ရှိတဲ့
ဝက်မကလေးတစ်ကောင်အကြောင်းပါ။
"သံဝေဂဖြစ်ဖို့အရင်လုပ်ကြ"
Photo: "သံဝေဂဖြစ်ဖို့အရင်လုပ်ကြ"
★  ဘ၀ကို ကြဲကြဲကြည့်ရင် သံဝေဂဉာဏ်ဖြစ်တယ်။ ခပ်စိပ်စိပ် အသေးစိတ်ကြည့်နိုင်ရင်
ဝိပဿနာဉာဏ် ဖြစ်တယ်။သံဝေဂ ဖြစ်မှ ၀ိပဿနာ အားထုတ်ချင်တာ။ 
သံဝေဂဆိုတာ ဘ၀ကိုတွေးကြောက်တာ ဘ၀ကိုတွေးပူတာ ဘ၀ကိုရွှံမုန်းတာ
ဘ၀ကိုငြီးငွေ့တာ ။ငြီးငွေ့ပြီး ဒီဘ၀အဆုံး  ဒီဒုက္ခရဲ့အဆုံး ဒီကိလေသာရဲ့အဆုံး
ကိုရှာတာ။ ဘုန်းကြီးတို့ ဆရာတော် အနီးစခန်းရှိစဉ်က ဆရာတော်ကို
မစိုးရိမ်းတိုက်အုပ် သံဃာယတနာ ဒုတိယ ဥက္ကဋ္ဌ ဦသူရိယ ကမေးတယ် 
မင်းတို့ ဘာတရားတွေဟောလဲ ဆိုတော့ ဆရာတော်က ဖြေတယ် အလှူဆိုရင် အလှူ
အကြောင်းပေါ့ဘုရား ဒါနဆိုရင် ဒါန အကြောင်းလေးပေါ့ဘုရား ဆက်စပ်တာကိုဟော
ပါတယ် ဘုရားလို့ လျောက်တယ်။ ဆရာတော်ကြီးက ထပ်မေးတယ်
ဝိပဿနာရော ဟောလားဆိုတော့ ရံဖန်ရံခါဟောတယ်ဘုရား လို့လျောက်တယ်။
မစိုးရိမ်ဆရာတော်ကြီးက ၀ိပဿနာကိုနည်းနည်းပဲဟော သံဝေဂကထာ
များများဟောဆိုပြီး ပြောတော်မူတယ်။
★  မှန်တယ်ဆရာတော်ကြီးပြောတာ ဘုန်းကြီးတို့ သပိတ်အိုင်တောရက ထွက်တော့
ဝိပဿနာတွေ တအားဟောတယ်။ အဲ့ဒီအခါ သပိတ်အိုင်ဆရာတော်ကြီးကပြောတယ်
မင်းဘာတွေဟောလဲ ဘယ်နေရာတွေဟောလဲဆိုတော့ ဆရာတော်က "တပည့်တော်
တစ်နိုင်ငံလုံး လိုက်ပြီးဟောပါတယ် ဘုရားလို့" သီတဂူဆရာတော်က လျောက်သောအခါ
သပိတ်အိုင်ဆရာတော်ကြီးက "မင်းတို့က အိုးကွဲတွေကိုရေလောင်းနေတာကွ"
လို့ပြောတော်မူတယ် မှန်တယ် ဘုန်းကြီးက ရေအိုးထဲ ရေတွေလောင်းပေးတယ်
အိုးတွေက ကွဲတော့ တရားပွဲပြီးလို့ သာဓုဆိုရင် အားလုံးပြီးသွားရော ပျောက်သွားရော
နောက်ပိုင်း ဘုန်းကြီးတို့ ကိုယ့်စီမံကိန်းနဲ့ဆိုင်တာတွေပဲ ဟောပါတော့တယ်။
သံဝေဂမဖြစ်ဘဲနဲ့တော့ တိုက်တွန်းလည်း အားထုတ်မှာ မဟုတ်ပါဘူး။
အဲ့ဒီတော့ ဘုန်းကြီးတို့ရဲ့ ဘ၀ကို (၁၀၀)တမ်းကို (၁၀)ပုံ ပုံပြီး
သံဝေဂဖြစ်အောင်ကြည့်ကြရအောင်။
၁။ မွေးစမှသည် ၁၀ နှစ်ထိ  မန္ဒဒသက =မန္ဒ ဆိုတာ ထုံထိုင်းတဲ့ အရွယ်
ဉာဏ်နည်းတဲ့ အရွယ် နုနယ်တဲ့အရွယ် လို့ခေါ်တယ်။
၂။ ၁၁ နှစ်မှသည် ၂၀ နှစ်ထိ ခိဍ္ဋာ ဒသက = ရွှင်မြူးခုန်ပေါက်တဲ့ အရွယ် 
ပျော်ရွှင် မြူထူးတဲ့အရွယ် လို့ခေါ်တယ်။
၃။ ၂၁ နှစ်မှသည် ၃၀ နှစ်ထိ ၀ဏ္ဏဒသက =ရုပ်အဆင်းတိုးတက်တဲ့အချိန် 
ခေါ်တယ်။
၎။ ၃၁ နှစ်မှသည် ၄၀ နှစ်ထိ ဗလဒဿက = ခွန်အားတိုးတက်တဲ့အချိန်လို့
ခေါ်တယ်။
၅။ ၄၁ နှစ်မှသည် ၅၀ နှစ်ထိ ပညာဒသက =ပညာသင်လို့
အကောင်းဆုံးအချိန်ပညာရှာလို့ အကောင်းဆုံးအချိန်လို့ ခေါ်တယ်။
၆။ ၅၁ နှစ်မှသည် ၆၀ နှစ်ထိ ဟာနိဒသက =ရုပ်အားတွေ 
ဉာဏ်အားတွေ ရပ်တန့်သွားပြီး ရုတ်လျော့သွားတဲ့ အချိန်လို့ခေါ်တယ်။
၇။ ၆၁ မှသည် ၇၀ နှစ်ထိ ပဗ္ဘာရ ဒသက =လမ်းလျှောက်ရင် 
ကိုင်းသွားတဲ့အရွယ်လို့ ခေါ်တယ်။
၈။ ၇၁ နှစ်မှသည် ၈၀ နှစ်ထိ ၀င်္ကဒသန =ခါးတွေကောက်သွားတယ် 
ဇက်တွေ ကိုင်းသွားတဲ့အရွယ်လို့ ခေါ်တယ်။
၉။ ၈၁ နှစ်မှသည် ၉၀ နှစ်ထိ မောမူဟ ဒသက= တွေဝေထိုင်မှိုင်းသွားပြီ 
မေ့ကုန်ပြီစားပြီးမှန်လည်း မသိဘူး မေ့တဲ့အရွယ်လို့ ခေါ်တယ်။
၁၀။ ၉၁ နှစ်မှသည် ၁၀၀ နှစ်ထိ သယန ဒသက = အိပ်ရာထဲမှာ လဲပြီး 
မထနိုင်တော့တဲ့အရွယ်လို့ ခေါ်တယ်။
တို့တစ်တွေ ဘ၀ (၁၀)ပုံပုံပြီးတော့ သံဝေဂယူပြီးတော့ ဘယ်အပိုင်းထဲရောက်နေပြီလဲ
ဘာလုပ်သင့်လဲ ဆိုတာသိပြီး ၀ိပဿနာဉာဏ်သို့ တက်လှမ်းနိုင်ကြပါစေသတည်း။
(သီတဂူဆရာတော် ဘုရားကြီး သင်္ကြန်တွင်းသတိပဋ္ဌာန် တရားမှကောက်နုတ်ချက်
စာလုံးပေါင်းမှာပါက သည်းခံပေးကြပါရန် )
%၅၈၄၇၁%
ဓမ္မမိတ်ဆွေသူတော်စဉ်များ ကျန်းမာချမ်းသာကြပါစေဗျာ _/\\_ _/\\_ _/\\_
 "သံဝေဂဖြစ်ဖို့အရင်လုပ်ကြ"
★ ဘ၀ကို ကြဲကြဲကြည့်ရင် သံဝေဂဉာဏ်ဖြစ်တယ်။ ခပ်စိပ်စိပ် အသေးစိတ်ကြည့်နိုင်ရင်
ဝိပဿနာဉာဏ် ဖြစ်တယ်။သံဝေဂ ဖြစ်မှ ၀ိပဿနာ အားထုတ်ချင်တာ။
သံဝေဂဆိုတာ ဘ၀ကိုတွေးကြောက်တာ ဘ၀ကိုတွေးပူတာ ဘ၀ကိုရွှံမုန်းတာ
ဘ၀ကိုငြီးငွေ့တာ။
"ပရဟိတသမား"
Photo
"ပရဟိတသမား"
★★★★★★★
★ ပန်းဆိုတာ လန်းသည်ဖြစ်စေ
နွမ်းသည်ဖြစ်စေ
လောကကိုရနံ့တွေဝေပြီး
လှစေတယ်။
"ကံစီမံခြင်း မခံရလေအောင် (၁)"
Photo: "ကံစီမံခြင်း မခံရလေအောင် (၁)"
★ ကြားဖူးတာလေး တစ်ခုက သားသတ်လိုင်စင်ရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ သတ်ဖြတ်
နေရင်း စီးပွားတွေ တက်နေပြီး မကောင်းမှန်းသိလို့ အခြားသမ္မာအာဇီဝ အလုပ်လုပ်ရင်း 
စီးပွားတွေ ကျပါသတဲ့။အဲဒါ ဘာကြောင့်ပါလဲ၊ ကံက စီမံနေလို့ပါပဲ..။
ချမ်းသာတာဟာ အတိတ်က ကောင်းမှုကြောင့်ဆိုရင် ပစ္စုပ္ပန်မကောင်းမှုက အတိတ်
ကောင်းမှုကိုထောက်ပံ့လို့ ချမ်းသာတာလား။ မဟုတ်ပါဘူး။ နှိပ်စက်လို့ ချမ်းသာတာပါ။
ဘယ်လိုနှိပ်စက်လဲဆိုရင်ကောင်းမှုအကျိုးတွေမြန်မြန်ကုန်သွားအောင် နှိပ်စက်တာပါ။ 
ဒါမှ မကောင်းမှုအသစ်ရဲ့အကျိုးတွေ မြန်မြန်ဝင်နိုင်ပါမယ်။ 
(ပျားရည်သုတ်ထားတဲ့ ဓားသွားကိုလျှက်နေသလို ပျားရည်ကပါးပါးလေးရယ်ပါ။ 
အဲဒါကို အဟုတ်ထင်ပြီးဆက်လျှက်နေရင် လျှာပြတ်ဖို့ပဲရှိပါတယ်။)
★ (အကျိုးမပေးသေးခင်တော့ မကောင်းမှုကို ပျားသကာလို ထင်ကြတယ်လို့ ဓမ္မပဒထဲမှာ
ဥပ္ပလဝဏ္ဏာထေရီကို ဖျက်ဆီးတဲ့ နန္ဒလုလင်နဲ့ ပက်သတ်ပြီး 
မြတ်စွာဘုရားရှင်ကဟောတော်မူခဲ့ပါတယ်။)
ဒါဆို ကောင်းတာလုပ်ပြီး ဆင်းရဲတာကရော။ ပစ္စုပ္ပန်ကောင်းမှုက ချမ်းသာကို နှိပ်စက်လို့ 
ဆင်းရဲတာလား။ မဟုတ်ပါဘူး။ ထောက်ပံ့တာပါ။ ဆင်းရဲတွေကုန်သွားပြီး ချမ်းသာမှု
မြန်မြန်ရောက်အောင် ထောက်ပံ့တာပါ။
(အစွမ်းထက်တဲ့ ဆေးခါးကြီး သောက်ရသလိုပါပဲ။ ခဏသာ ခါးပေမယ့် ပြီးရင် နာကျင်
ဆင်းရဲမှုတွေပျောက်ပြီး ချမ်းသာရာ ရောက်ရမှာပါ။) 
★ ရှင်သာရိပုတ္တရာ ပရိနိဗ္ဗာန်စံတော့ ရွှေပန်းခိုင်လေးနဲ့ ပူဇော်ဖို့လာတဲ့ရေဝတီဆိုတဲ့ ကလေး
မလေး လူအုပ်ကြီးနင်းခံရလို့ သေသွားသလို၊ ဥပုသ်စောင့်ပြီး ပြန်လာတဲ့ ဥပါသကာကြီး
လူသတ်ခံရလို့ သေသွားသလို မျက်မြင်အားဖြင့် (ကောင်းတာလုပ်ရင်းက) ကံဆိုးရသလို
လိုနဲ့ အမှန်က သူတို့ ဝဋ်ကြွေးမြန်မြန်ကျေပြီး ပိုကောင်းတဲ့ ဘဝကို ရရှိသွားကြတာမျိုးပါ။
★ သတ္တဝါတို့ကို စီမံတတ်တဲ့ ကံက (၄) မျိုးရှိပါတယ်။
အဲဒါတွေကတော့-
(၁) ဖြစ်စေတတ်တဲ့ကံ (ဇနကကံ)
(၂) ထောက်ပံ့တတ်တဲ့ကံ (ဥပတ္ထမ္ဘကကံ)
(၃) ညှင်းပန်းနှိပ်စက်တတ်တဲ့ကံ (ဥပပီဠကကံ)
(၄) သတ်ဖြတ်တတ်တဲ့ကံ (ဥပဃာတကကံ) တို့ပါပဲ။
(၁) ဇနကကံ - ကောင်းတဲ့အကျိုးကိုပဲဖြစ်ဖြစ်၊ မကောင်းတဲ့အကျိုးကိုပဲဖြစ်ဖြစ် ဖြစ်စေ
တတ်တဲ့ကံပါ။
(၂) ဥပတ္ထမ္ဘကကံ -ပေးပြီးသားကောင်းကျိုးကိုပိုကောင်းအောင်၊ 
မကောင်းကျိုးကို ပိုဆိုးအောင်ထောက်ပံ့တတ်တဲ့ကံပါ။
(၃) ဥပပီဠကကံ -ပေးပြီးသား ကောင်းကျိုးကို အားနည်းအောင်၊ မကောင်းကျိုးကိုလည်း
အားပျော့အောင်နှိပ်စက်တတ်တဲ့ကံပါ။
(၄) ဥပဃာတကကံ -ကောင်းကျိုးကိုပြတ်တောက်စေပြီး မကောင်းကျိုးကိုဖြစ်စေတတ်၊ 
မကောင်းကျိုးကို ပြတ်တောက်စေပြီး ကောင်းကျိုးကို ဖြစ်စေတတ်တဲ့ကံပါ။
★ ဥပမာ -
(၁) လူဘဝကိုရခြင်းဟာ ကုသိုလ်ဇနကကံကြောင့်ပါ။
(၂) ထိုလူ ကျန်းမာ၊ ချမ်းသာနေခြင်းဟာ ကုသိုလ် ဥပတ္ထ မ္ဘကကံက 
ထောက်ပံ့ လို့ပါ။
(၃) ထိုလူ ရောဂါထူ၊ ဆင်းရဲနေခြင်းဟာ အကုသိုလ်ဥပပီဠကကံက ညှင်းဆဲလို့ပါ။
(၄) ထိုလူသေဆုံးသွားခြင်း၊ လူ့ဘဝပြတ်သွားခြင်းဟာ အကုသိုလ် ဥပဃာတကကံ
က သတ်ဖြတ်လို့ပါ။
★ နောက်ဥပမာတစ်ခု -
(၁) ခွေးဘဝရခြင်းဟာ အကုသိုလ် ဇနကကံကြောင့်ပါ။
(၂) ခွေးပိန်၊ ခွေးဝဲစားဖြစ်ခြင်းဟာ အကုသိုလ် ဥပတ္ထမ္ဘကကံက ထောက်ပံ့လို့ပါ။
(၃)ချမ်းသာတဲ့သူက အဲဒီခွေးကို ကောက်ယူမွေးစားပြီး ကောင်းမွန်စွာ စားသောက်
နေထိုင်ရခြင်းဟာ ကုသိုလ်ဥပပီဠကကံက (ခွေးရဲ့အကုသိုလ်ကံကို အားနည်းသွားအောင်)
နှိပ်စက်လို့ပါ။
(၄) ခွေးဘဝ ပြတ်စဲသေဆုံးသွားပြီး ကောင်းရာဘဝရောက်ခြင်းဟာကုသိုလ်ဥပဃာတက
ကံက(အကုသိုလ်ကံကို)ဖြတ်တောက်လိုက်လို့ပါ။
★ ကုသိုလ်ဇနကကံကြောင့် ထီပေါက်တယ်။
ကုသိုလ် ဥပတ္ထမ္ဘကကံက ထောက်ပံ့လို့ ဆုကြီးကြီး ပေါက်တယ်။
အကုသိုလ်ဥပပီဠကကံကနှိပ်စက်လို့ ဆုသေးသေးလေးပဲ ပေါက်တယ်။
အကုသိုလ်ဥပဃာတကကံကဖြတ်တောက်လိုက်လို့ ထီလက်မှတ်ပျောက်လို့ 
တစ်ပြားမှမရဖြစ်ရပါတယ်။
★ အကုသိုလ် ဇနကကံကြောင့် ကားမှောက်တယ်။
အကုသိုလ် ဥပတ္ထမ္ထကကံက ထောက်ပံ့လို့ ပြင်းပြင်းထန်ထန် ဒဏ်ရာရတယ်။
ကုသိုလ် ဥပပီဠကကံက နှိပ်စက်လို့ ဒဏ်ရာအနည်းငယ်သာ ရတယ်။
ကုသိုလ် ဥပဃာတကကံကဖြတ်တောက်လိုက်လို့ ဘာဒဏ်ရာမှ မရဘဲ အနာလွတ်ကင်း
ချမ်းသာရတယ်။
★ ဒီလိုပါပဲ ကုမ္ပဏီတစ်ခုဖြစ်ပေါ်လာခြင်း၊ တိုးတက်လာခြင်း၊ ဆုတ်ယုတ်လာခြင်း၊ ပျက်စီး
သွားခြင်းများ စသည်ဖြင့် အကျိုးတရားတွေကို မိမိဥာဏ်နဲ့ ချိန်ထိုးကြည့်နိုင်ပါတယ်။
ဖြစ်စေတတ်တဲ့ ဇနကကံပေါ် မူတည်ပြီး တိုးတက်မှာလား၊ ဆုတ်ယုတ်မှာလား၊ 
ပျက်စီးသွားမှာလားဆိုပြီး ကျန်တဲ့ကံ(၃)ပါးအနက် တစ်ပါးပါးက လာတွဲမှာပါ။
ဖြစ်စေတတ်တဲ့ကံကို - အမျိုးတူတဲ့ကံက (ကုသိုလ်ကို ကုသိုလ်က) (အကုသိုလ်ကို အကုသိုလ်က)ထောက်ပံ့ပြီး၊အမျိုးမတူတဲ့ကံက (ကုသိုလ်ကို အကုသိုလ်က) 
(အကုသိုလ်ကို ကုသိုလ်က) ညှင်းဆဲနှိပ်စက်၊သတ်ဖြတ်ကြပါတယ်။
(" NANDA THITSA THERAVADA BUDDHISM & MEDITATION CENTER
2119, West 6th Street, Brooklyn, New York 11223,USA" စာမျက်နှာမှ)
ဆက်လက်ကူးယူဖော်ပြပါမည် အားလုံးကျန်းမာချမ်းသာကြပါစေဗျာ။
_/\\_ _/\\_ _/\\_ 
%၅၈၄၇၁%
" NANDA THITSA THERAVADA BUDDHISM & MEDITATION CENTER
2119, West 6th Street, Brooklyn, New York 11223,USA" စာမျက်နှာမှ
 "ကံစီမံခြင်း မခံရလေအောင် (၁)"
★ ကြားဖူးတာလေး တစ်ခုက သားသတ်လိုင်စင်ရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ သတ်ဖြတ်
နေရင်း စီးပွားတွေ တက်နေပြီး မကောင်းမှန်းသိလို့ အခြားသမ္မာအာဇီဝ အလုပ်လုပ်ရင်း
စီးပွားတွေ ကျပါသတဲ့။အဲဒါ ဘာကြောင့်ပါလဲ၊ ကံက စီမံနေလို့ပါပဲ..။
"ကံစီမံခြင်း မခံရလေအောင် (၂)"
Photo: "ကံစီမံခြင်း မခံရလေအောင် (၂)"
★ ဖြစ်စေတဲ့ကံရယ်၊ ထောက်ပံ့တဲ့ကံရယ်က တစ်တွဲ
နှိပ်စက်တဲ့ကံရယ်၊ သတ်ဖြတ်တဲ့ကံရယ်က တစ်တွဲ 
ဆိုပြီး အမျိုးအစားကွဲကြပါတယ်။
ကောင်းကျိုးကို ဆိုရင်-
ကုသိုလ်က - ဖြစ်စေတယ်၊ ထောက်ပံတယ်။
အကုသိုလ်က - နှိပ်စက်တယ်။ ဖြတ်တောက်တယ်။
မကောင်းကျိုးကို ဆိုရင်-
အကုသိုလ်က - ဖြစ်စေတယ်၊ ထောက်ပံ့တယ်။
ကုသိုလ်က - နှိပ်စက်တယ်။ ဖြတ်တောက်တယ်။
အတိတ် ဇနကကုသိုလ်ကံကြောင့် ကောင်းကျိုးရတာကို-
(၁) ပစ္စုပ္ပန် ကုသိုလ်ကံက ထောက်ပံ့မယ်။
(၂) ပစ္စုပ္ပန် အကုသိုလ်ကံက ကောင်းကျိုးအားနည်းအောင် နှိပ်စက်မယ်။
(၃) ပစ္စုပ္ပန် အကုသိုလ်ကံက ကောင်းကျိုးပြတ်သွားအောင် ဖြတ်တောက်မယ်။
အတိတ် ဇနက အကုသိုလ်ကံကြောင့် မကောင်းကျိုးရတာကို-
(၁) ပစ္စုပ္ပန် အကုသိုလ်ကံက ထောက်ပံ့မယ်။
(၂) ပစ္စုပ္ပန် ကုသိုလ်ကံက မကောင်းကျိုး အားနည်းအောင် နှိပ်စက်မယ်။
(၃) ပစ္စုပ္ပန် ကုသိုလ်ကံက မကောင်းကျိုး ပြတ်သွားအောင် ဖြတ်တောက်မယ်။
★ တစ်နည်းအားဖြင့် -
ဖြစ်စေတတ်တဲ့ ပစ္စုပ္ပန်ဇနကကံကို အတိတ်ကံတို့က ထောက်ပံ့၊ ညှင်းဆဲ၊ သတ်ဖြတ်ကြတယ်။
ပစ္စုပ္ပန် ကောင်းမှု / မကောင်းမှုတို့ကို အတိတ်ကောင်းမှု / မကောင်းမှုတို့က ထောက်ပံ့တဲ့အခါ
ကုသိုလ်/ အကုသိုလ်လေး နည်းနည်းပြုရုံနဲ့ ကောင်းကျိုး / ဆိုးကျိုး များစွာရနိုင်ပါတယ်။ 
'ရေလာမြောင်းပေး' ဆိုသလိုပဲ အတိတ်ကံ ရေလာချင်ပေမယ့် ပစ္စုပ္ပန်မြောင်း
မဖောက်ရင် လာနိုင်မှာ မဟုတ်ပါဘူး။
★ ဒါ့ကြောင့် ...
ကောင်းကျိုးလိုလားရင် ပစ္စုပ္ပန်မှာ ကောင်းမှု လုပ်မှသာ အတိတ်ကောင်းမှုကံတို့
ထောက်ပံ့ခွင့်ကို ရပါမယ်။
မကောင်းကျိုး မလိုလားရင် ပစ္စုပ္ပန်မှာ မကောင်းမှု မလုပ်မှသာ အတိတ်မကောင်းမှု
ကံတွေလည်းအကျိုးပေးခွင့်မသာမှာပါ။ ပစ္စုပ္ပန် ကောင်းမှုတွေ ပြုနေပေမယ့်လည်း
အတိတ်အကုသိုလ်ကံတွေ ဝင်ရောက် နှိပ်စက်ရင် ကောင်းကျိုးတွေ အားနည်းပြီး 
★ မှန်းသလောက် မပေါက်မြောက်ပဲဖြစ်တတ်ပါတယ်။
အတိတ်အကုသိုလ်ကံက ဝင်ရောက်ဖြတ်တောက်ပစ်ရင်တော့ ကောင်းကျိုးတွေ 
လုံးလုံးပြတ်တောက်သွားပြီးကောင်းမှုတွေပြုနေပေမယ့်လည်း မကောင်းကျိုးတွေပဲ 
ခံစားနေရတဲ့ အဖြစ်မျိုးနဲ့ ကြုံရတတ်ပါတယ်။ပစ္စုပ္ပန် မကောင်းမှုတွေ ပြုနေပေမယ့်လည်း 
အတိတ်ကုသိုလ်ကံတွေက အဲဒီ့မကောင်းမှုကံကို နှိပ်စက်ရင် မကောင်းကျိုးတွေ 
★ အားနည်းပြီး ထင်သလောက် ဆိုးဆိုးဝါးဝါး မဖြစ်ပါဘူး။ အတိတ်ကုသိုလ်ကံက ဝင်ရောက်
ဖြတ်တောက်ပစ်ရင်တော့ မကောင်းကျိုးတွေ လုံးလုံးပြတ်တောက်သွားပြီး မကောင်းမှုပြု
နေပေမယ့် ကောင်းကျိုးတွေ ခံစားနေကြရတဲ့ အဖြစ်မျိုး ဖြစ်တတ်ပါတယ်။
အဲဒီတော့ သတ္တဝါတွေကို စီမံနေတာက မိမိတို့ရဲ့ ကုသိုလ်ကံ၊ အကုသိုလ်ကံတွေပါ။
ဒီကံတွေကလည်း အတိတ် နဲ့ ပစ္စုပ္ပန်ပေါင်းပြီး ခြယ်လှယ်နေကြတာပါ။
အတိတ်ကံက အမေနဲ့တူပြီး၊ ပစ္စုပ္ပန်ကံက အဖေနဲ့တူပါတယ်။ တစ်နည်းပြောရရင်... ပစ္စုပ္ပန်
ကံက အမေနဲ့တူပြီး၊ အတိတ်ကံက အဖေနဲ့ တူပါတယ်။ အမေက မွေးထုတ်လိုက်ပြီး တိုးတက်ခြင်း၊
★ ဆုတ်ယုတ်ခြင်း၊ ပျက်စီးခြင်းဟာ အဖေ့ရဲ့စီမံဆောင်ရွက်ချက်တွေ အပေါ်မှာ အများကြီးမှီ
သလိုပါပဲ။မိမိတို့က ကံတွေကို ပြုလုပ်စီမံခဲ့တော့ ကံတွေရဲ့ စီမံပြုလုပ်ခြင်းကို 
မိမိတို့ပဲ ပြန်ခံကြရတာပေါ့။ကံစီမံတာ မခံချင်ဘူးဆိုရင်တော့ ကံကို မစီမံမှ ဖြစ်မှာပါ။ 
ကံကို မစီမံ မပြုလုပ်ရဘူး ဆိုတော့ ဘယ်လိုလုပ်ရမှာလဲ။ သတ္တဝါတွေဆိုတာ 
အချိန်နဲ့အမျှ ကုသိုလ်ကံမပြုရင် အကုသိုလ်ကံတွေ ပြုနေကြတာပါ။ (ကာယ၊ ဝစီ၊ မနောမှာ 
ကုသိုလ်ကံ မဖြစ်သမျှ အကုသိုလ်ကံတွေ ဖြစ်နေတာပါ။)
★ ကံကို မစီမံချင်ရင်၊ မပြုလုပ်ချင်ရင် ကံကို ဖြတ်တောက်ပစ်ရမှာပါ။ ကုသိုလ်ကံ၊ အကုသိုလ်ကံ 
၂-မျိုးလုံးကိုဖြတ်တောက်ပစ်ရမှာပါ။ ဖိနပ်အကောင်းစားစီးပြီး ပြေးတဲ့လူနဲ့ ဖိနပ်အစုတ်/
ဖိနပ်မပါဘဲပြေးတဲ့လူ မောတာချင်းကတော့ အတူတူပါပဲ။ အပြေးရပ်မှကို ချမ်းသာမှာပါ။
အပြေးရပ်သလို ကံဖြတ်ဖို့ဆိုရင် ရဟန္တာဖြစ်မှ ကံကပြတ်မှာပါ။
★ ရဟန္တာဟာ ကုသိုလ်ကံကိုလည်း ဖြတ်ပြီးပါပြီ။ အကုသိုလ်ကံကိုလည်းဖြတ်ပြီးပါပြီ။
ရဟန္တာကို ကုသိုလ်၊ အကုသိုလ် မပြုသူလို့ ခေါ်ပါတယ်။ ရဟန္တာများပြုတဲ့ ကုသိုလ်များဟာ
ကုသိုလ်မမည်တော့ဘဲပြုကာမတ္တ ကြိယာသာ မည်ပါတော့တယ်။ 
အဆံမအောင်တဲ့ မျိုးစေ့လို အပင်ကို မဖြစ်စေတော့
တဲ့အတွက် မျိုးစေ့အဖြစ်သုံးလို့ မဖြစ်တော့ပါဘူး။ 
မျိုးစေ့မဟုတ်တဲ့ သစ်စေ့လို ကုသိုလ်မဟုတ်တဲ့ကြိယာ ဖြစ်သွားပါတယ်။
★ အဲဒီတော့ ရဟန္တာတွေလို ကံပြတ်သွားအောင် ကံဖြတ်ရပါမယ်။ ကံကို ဘယ်လိုဖြတ်မလဲဆိုတော့...
ဝိပဿနာကုသိုလ်ကံကိုပြုရင်းနဲ့ပဲဖြတ်ရမှာပါ။ ဝိပဿနာကုသိုလ်ကံတွေပြုပါများတော့ ဝိပဿနာ
ဥာဏ်တွေ ရင့်သန်လာပြီး အဆင့်ဆင့် အရိယာမဂ်၊ ဖိုလ်တို့ရဲ့ နောက်ဆုံး အရဟတ္တမဂ်ဥာဏ်ကိုရပြီး
သံသရာလည်စေတတ်တဲ့ ကံအားလုံး ပြတ်သွားတော့တာပါပဲ။
မရှိတော့တဲ့ကံက ဘာကိုများ စီမံနိုင်ဦးမှာတဲ့လဲ ...။
 အားလုံးကျန်းမာချမ်းသာကြပါစေဗျာ။
_/\\_ _/\\_ _/\\_ 
%၅၈၄၇၁%
" NANDA THITSA THERAVADA BUDDHISM & MEDITATION CENTER
2119, West 6th Street, Brooklyn, New York 11223,USA" စာမျက်နှာမှ
"ကံစီမံခြင်း မခံရလေအောင် (၂)"
★ ဖြစ်စေတဲ့ကံရယ်၊ ထောက်ပံ့တဲ့ကံရယ်က တစ်တွဲ
နှိပ်စက်တဲ့ကံရယ်၊ သတ်ဖြတ်တဲ့ကံရယ်က တစ်တွဲ
ဆိုပြီး အမျိုးအစားကွဲကြပါတယ်။
"မျက်လုံး၊အမြင်နှင့် မျဉ်းများ"
Photo: "မျက်လုံး၊အမြင်နှင့် မျဉ်းများ"
★ တစ်ချို့တွေက
အကောက်ကို အဖြောင့်ထင်တယ်
အကောက်ကို အဖြောင့်မြင်တယ်
တစ်ချို့တွေက
အဖြောင့်ကို အကောက်ထင်တယ်
အဖြောင့်ကို အကောက်မြင်တယ်
★ တစ်ချို့တွေက
အကောက်ကို ဖြောင့်အောင်ကြည့်တယ်
တစ်ချို့တွေက
အဖြောင့်ကို ကောက်အောင်ကြည့်တယ်
★တစ်ချို့တွေက
အဖြောင့်ကို ကောက်အောင်ကြိုးပမ်းကြတယ်
တစ်ချို့က
အကောက်ကို ဖြောင့်အောင်ကြိုးပမ်းကြတယ်
★ ဖြောင့်ချင်သူ
ကောက်ချင်သူတွေကြားမှာ
ဖြောင့်တဲ့သူတွေက ဖြောင့်မြဲမှ သွေဖီသွားကြသလို
ကောက်မြဲသူတွေက ကောက်မြဲမှာ ပျော်နေကြပြန်တယ်
★အကောက်ကို
အဖြောင့်မြင်သူ၊
ဖြောင့်အောင် ကြိုးပမ်းနေသူ၊
ဖြောင့်တန်းနေသူတို့အတွက်
သမာသမတ်ကျ
အဖြောင့်မျက်လုံးတစ်စုံတော့
အတိအကျ လိုနေပေသေးသည်
ထို့အတူ
ဖြောင့်သူတွေလည်း လိုနေပေသေးသည်။
(Tay Mi)
 "မျက်လုံး၊အမြင်နှင့် မျဉ်းများ"
★ တစ်ချို့တွေက
အကောက်ကို အဖြောင့်ထင်တယ်
အကောက်ကို အဖြောင့်မြင်တယ်
တစ်ချို့တွေက
အဖြောင့်ကို အကောက်ထင်တယ်
အဖြောင့်ကို အကောက်မြင်တယ်။
"ငါတို့ရဲ့မြတ်ဗုဒ္ဓ ဘာတွေထားခဲ့သလဲ (၁) "
Photo: "ငါတို့ရဲ့မြတ်ဗုဒ္ဓ ဘာတွေထားခဲ့သလဲ (၁) "
★ တိုတောင်းလှတဲ့ ဘ၀ကြီးထဲမှာ ကာလကိုနိုင်ဖို့ ကာလက စားတာမခံရစေဖို့ 
အဆက် မပြတ် အလုပ်လုပ်ကြရမယ် (နိရန္တရဘာဝနာ) ဒီလိုပြောတယ် (continuously)
လုပ်ရမယ် ဘယ်လောက်ကြာကြာလုပ် နိုင်မလဲဆိုရင် နှစ်တစ်ရာအတွင်းမှာပဲလုပ်နိုင်မယ်။
ဘုရားအလောင်းရဲ့ ကျင့်စဉ် (၅)ပါး အလုပ်များများလုပ် ၊မရပ်မနားလုပ် ၊ကောင်းတာတွေ
မှန်သမျှသိမ်းကြုံးလုပ် ၊ရိုရိုသေသေလုပ် ၊ပျော်ပျော်ပါးပါးလုပ်။
အဲ့ဒီလောက်လုပ်တာတောင် တခြားသော ဘုရားရှင်မြတ်တွေ အသာထား ဂေါတမ ဘုရားရှင်
ကိုယ်တော်မြတ်ဟာ (၄၅) နှစ်ပဲနေလိုက်ရတယ် ဘုရားအဖြစ်နဲ့။ 
★ (၄၅)နှစ်အတွင်း အိန္ဒိယ ပြည်ကြီးရဲ့ အရှောက်မြောက် တခွင် 
အိန္ဒိယပြည်ကြီးရဲ့ ဗဟိုချက်ပေါ့ဗောဓိပင်ကို ဗဟိုထား ပတ်ဝန်းကျင်ယူဇနာ (၉၀၀)၀န်းကျင်အတွင်း (၄၅)နှစ်ကာလပတ်လုံးမြတ်စွာဘုရားဟာ မရပ်မနား ဓမ္မစက် ကိုလှည့်လည်ခဲ့တယ်။ပြင်ဘက်ထွက်တာတော်တော်နည်းတယ်။
ကျင်ခဲ့တာတွေလည်း ဘုရားမဖြစ်ခင် ကမ္ဘာပေါင်းမရေမတွက်နိုင် ၊ဖြစ်ခါနီးကပ်လျှက်ကျတော့လည်း(၆)နှစ် တိုင်တိုင် ၊ ဘုရားဖြစ်ပြီးတော့လည်း 
(၄၅) နှစ်လုံးလုံးမရပ်မနားနဲ့ အလုပ်တွေလုပ်ခဲ့တယ်။
★ ဒါဆိုရင်အဲ့ဒါလောက် ကျင့်ပြီးလုပ်ပြီးသွားတာ ဘာချန်ထားခဲ့သလဲလို့ မေးရင် 
တိုအောင်ပြောရင် တစ်လုံးထဲ "ဓမ္မ"  ပဲကျန်ခဲ့တယ်။ ယနေ့ကမ္ဘာမှာ 
လူဦးရေ သန်းပေါင်း (၉၀၀၀) လောက်ရှိတယ်။ အဲ့ဒီဓမ္မကိုစားစရာလိုသဘောထား
ပြီးတော့ သန်း(၉၀၀၀) လောက်သောလူတွေ ၀ိုင်းစားကြည့် စားလို့မကုန်ဘူး။
မြတ်ဗုဒ္ဓက အဲ့ဒီလောက်အလုပ်လုပ်ပြီးထားခဲ့တာ အဲ့ဒီလူတွေ စားလို့မကုန်ဘူး
သုံးလို့မကုန်ဘူး ကျင့်လို့မကုန်အောင် ဓမ္မဆိုတဲ့တစ်ခု ကျန်ရစ်ခဲ့တယ်။
★ အဲ့ဒါကြောင့် ဗမာ စကားမှာကျေးဇူးရှင် ကျေးဇူးတော်ရှင်ဆိုတဲ့ (Great Benefactor) ဆိုတဲ့လောကကြီးရဲ့
ကျေးဇူးရှင်ဟာ မြတ်ဗုဒ္ဓပဲ။ဓမ္မကိုစားလို့ အဆပ်သင့်သွားတာ တစ်ယောက်မှ မရှိဘူး။
ဓမ္မကို သုံးလို့ကျင့်လို့ ဒုက္ခရောက်သွားတာ သတ္တ၀ါတစ်ယောက်မှ မရှိဘူး။
သိပ္ပံဆရာအမျိုးမျိုးပေါ့ နည်းပညာဆရာ အမျိုးမျိုးပေါ့ နည်းမျိုးစုံ စနစ်မျိုးစုံနဲ့ 
သိပ္ပံနည်းစနစ်မျိုးစုံ ကိုတည်ထွင်ခဲ့ကြတယ်။နောက်လူတွေ စားကြ သုံးကြတယ်
ဒါပေမယ့် ( Side-effect) တွေအများကြီးဖြစ်တယ်။ ဘုန်းကြီးကိုဆရာဝန်တွေက 
နှလုံးရောဂါ အဆီကို ဖယ်ရှားဖို့ ဆေးတစ်မျိုးကြိုတင်ပြီးစားခိုင်းတယ်။
တစ်နှစ်လောက်နေတော့ ကြွက်သားတွေမာတောက်လာတယ် လမ်းတောင်ပြည့်ပြည့်မလျှောက်နိုင်တော့ဘူး။
(Side-effect )တွေလေ။
★ Science တို့ Scientists တို့ ဓာတ်ခွဲခန်းထဲ ရူပ ဗေဒပညာရှင်တွေ ဓာတုဗေဒ 
ပညာရှင်တွေဓာတ်ခွဲကြတယ်။ electron လေးကို ခွဲတယ် proton လေးရတယ် ။
proton ကိုထပ်ခွဲတယ် neutron လေးရတယ်။neutron လေးကိုထပ်ခွဲတယ် 
atom လေးရတယ်။atom ကိုထပ်မခွဲတတ်တော့ဘူး။
မြတ်ဗုဒ္ဓကိုလာပြပါလား Atom ဆိုတဲ့ဓာတ်ကလေးတစ်ခုကို 
ဘုရားရှင်ကထပ်ခွဲပြလိုက်မယ် အဲ့ဒီမှာ (၈)မျိုးရှိသေးတယ်ဆိုတာ။
အဲ့ဒီလောက် သေးငယ်တဲ့ဓာတ်လေးတစ်ခုမှာ 
ရုပ်(၈)မျိုး ပါဝင်နေသေးတယ်ဆိုရင် Universe 
တစ်ခုတည်ဆောက်လို့ ရသေးတယ်။
★ မြေဓာတ်ကိုမှီပြီးတော့ ရေ၊ လေ၊ မီး ၊ သုံးမျိုး ရှိနေကြတယ်။ 
မြေကိုမှီပြီးတော့ ကျန်တဲ့သုံးခုက ရပ်တည်းကြတယ်။ 
(၁) ခုက (၃) ခု၊ (၃) ခုက (၁) ခု ၊(၂)ခု က (၂)ခု အပြန်အလှန်
ထောက်ပံ့နေကြတယ်။ ပစ္စယောဆိုတာ အထောက်အပံ့ပေးနေကြတာ။
အဲ့ဒါကိုစနစ်တကျ မြင်သွားပြီးဆိုရင် ဘ၀လွတ်မြောက်ရေး
ရတာပဲ။ဝိပဿနာ စခန်းမှာ ဓာတု မနသီကာရ ကမ္မဋ္ဌာန်းပေးမှာပေါ့။
ဓာတ်တွေကို အမျိုးမျိုးကွဲအောင်ရှု့တာပေါ့ဓာတ်ကမ္မဋ္ဌာန်းပေါ့။အဲ့ဒီဓာတ်ဆိုတဲ့  
ဒီ element ကို  သိပ္ပံဆရာကလုပ်လိုက်တာ atom ဆိုတဲ့ဓာတ်ကိုရတယ်။
အဲ့ဒီ atom ကနေ atomic bomb ဖြစ်သွားလိုက်တာ ၁၉၄၇ သြဂုတ် (၅) ရက်နေ့ ကမ္ဘာမှာလူပေါင်း (နှစ်သိန်း)တစ်ပြိုင်တည်းသေတယ်လေ။ 
Benefactor of the World ဖြစ်မလာဘူး Enemy  the world ဖြစ်လာတယ်။
(ကျေးဇူးတော်ရှင် သီတဂူဆရာတော် ဘုရားကြီး)
%၅၈၄၇၁%
ဆက်လက်ကူးယူဖော်ပြပါမည် _/\\_ _/\\_ _/\\_ 
(အသံနားထောင်ပြီး ပြန်ရေးရသောကြောင့် စာလုံးပေါင်းမှားပါက ခွင့်လွတ်ပေးကြပါရန်)
(ဓမ္မမိတ်ဆွေသူတော်စဉ်များ ကျန်းမာချမ်းသာကြပါစေဗျာ)
(Thidagu Sayadaw gave this Dhamma at the home of 
one of the his follower and supporter
at Wakefield Town in the Uk on 25th July 2010)
"ငါတို့ရဲ့မြတ်ဗုဒ္ဓ ဘာတွေထားခဲ့သလဲ (၁) "
★ တိုတောင်းလှတဲ့ ဘ၀ကြီးထဲမှာ ကာလကိုနိုင်ဖို့ ကာလက စားတာမခံရစေဖို့
အဆက် မပြတ် အလုပ်လုပ်ကြရမယ် (နိရန္တရဘာဝနာ) ဒီလိုပြောတယ် (continuously)
လုပ်ရမယ် ဘယ်လောက်ကြာကြာလုပ် နိုင်မလဲဆိုရင် နှစ်တစ်ရာအတွင်းမှာပဲလုပ်နိုင်မယ်။
"ငါတို့ရဲ့မြတ်ဗုဒ္ဓ ဘာတွေထားခဲ့သလဲ (၂) "
Photo: "ငါတို့ရဲ့မြတ်ဗုဒ္ဓ ဘာတွေထားခဲ့သလဲ (၂) "
★ မြတ်ဗုဒ္ဓကသူ့ဓမ္မကိုထားဖြစ်ခဲ့တယ် ဘယ်သူကိုမှ ဘယ်ဘက်ကမှဒုက္ခမပေးဘူး။
ဂျီဆက် (Jesus)ပေါ်လာတယ် သမ္မာကျမ်းစာကို ထားခဲ့တယ် လောကကြီးကို ဘယ်သူ့မှဒုက္ခမပေးဘူး။ကမ္ဘာပေါ်မှာသိပ်ချစ်စရာကောင်းတဲ့ 
ဘာသာရေးခေါင်းဆောင် (၂)ယောက်၊ အစ္စလာမ် ဘာသာ-တည်ထောင်သူမှာ မိုဟာမက်
သည်လည်း (originally) ကတော့သူတော်ကောင်းပဲ ဖြစ်မှာပါပဲ။
သို့သော်  သူ့နောက်လိုက်တွေ နောက်လူတွေက တယ်ပီးမှ မိုက်တာ။သူသေပြီးနောက် 
နှစ်(၆၀)လောက်ကြာတော့ (ကုရ်အံ ) ပြန့်ပွားရေးအတွက် မြင်းတပ်တွေနဲ့ 
ဓားတွေ လှံတွေနဲ့ တပ်ကြီးစုဖွဲ့ပြီးတော့  (ဆော်ဒီအာရေဗျနိုင်ငံ  မက္ကာ)ကနေပြီး 
မြောက်ဘက်ကိုချီတက် ပြီးဓားတချင်းချင်းနဲ့ သိမ်းပိုက်တိုက်ခိုက်လိုက်ကြတာ ရုရှားပြည်ကြီးတ၀က်လောက်ကုန်ရော။
★ တရားနာပရိတ်သတ်တွေ ကြည့်ပါ  (ဥစဘက်ကစ်စတန်) 
(တာဂျစ်ကစ်စတန်) စသည့် (စတန်) (စတန်) နဲ့ 
ဆုံးတဲ့တိုင်းပြည်တွေ လှမ်းကြည့်လိုက်စမ်း 
(Converted into  Islamism by force (or) by Source) ပဲလေ။
အရှေ့ဘက်ကိုလည်း ချီတက်လာသေးတယ် အိန္ဒိယ ပြည်တစ်ပြည်လုံး 
ရှိသမျှ ဗုဒ္ဓဘာသာ ရှေးဟောင်းဘုန်ကြီးကျောင်းတွေ
ဟိန္ဒြူဘုရားရှိခိုးကျောင်း အကုန်လုံးမီရှို့ အကုန်ဖျက်ပြီး 
သံဃာတော်မြတ်တွေ အကုန်သတ် ဗောဓိပင်ကို အမြစ်ကလှဲ၊
ဗီဟာ (Viha) ဆိုတာ ၀ိဟာရပဲ Monestary တွေသိပ်ပေါတဲ့ဒေသကို ၀ိဟာရနယ်ခေါ်တာပဲ။အကုန်မီးရှို့ပစ်တာပဲ။
ဘုရားရှင် ပရိနိဗ္ဗာန်စံ ပြီးနှစ်(၂၀၀)အကြာမှာပေါ်လာတဲ့ 
အသောကမင်းကြီးတည်ထားခဲ့တဲ့ ဓမ္မခန္ဓာ (၈၄၀၀၀) ကုန်တာပဲအဲ့ဒီမှာ။
★ ပြီးတော့အနောက်ဘက်ကို ချီတက်ရော ခရစ်ယာန်ဘာသာက 
မိုဟာမက်ထက် နှစ်(၆၀၀) လောက်စောပြီးပေါ်နေပြီလေ။
အနောက်ဘက်မှာက ခရစ်ယာန်ဘာသာက နေရာယူပြီးသွားပြီ လွှမ်းမိုးထားပြီ။
မြင်းတပ်တွေနဲ့ချီတက်လာတော့ ဟိုဘက်ကလည်း မခံတော့ဘူးလေ ပြန်ပြီးတိုက်ခိုက်လိုက်ကြတာ။ဘာသာရေး (၂)ခု စစ်ဖြစ်လိုက်တာ 
နှစ်(၄၀)တောင်ကြာတယ်။ဗုဒ္ဓဘာသာကြောင့် ကမ္ဘာလူသားတွေ
သွေးတစ်စက်တစ်ပေါက်မှ ကျခဲ့ဖူးတယ်လို့ (History of Religion) 
ဘယ်ဘာသာရေး သမိုင်းမှာမမရှိပါဘူး။အတိုပြန်ချုံးလိုက်ပါ။
လောကကြီးရဲ့ ကျေးဇူးရှင်မြတ်ဗုဒ္ဓဟာ သူ့အသက်ကိုပဓာန မထားပဲကျင့်ပြီးတော့
မနားမနေလုပ်ကိုင်ပြီး ထားခဲ့တာ ဒီဓမ္မကိုလူသားတွေ ကျင့်လို့ သုံးလို့မကုန်နိုင်ဘူး။
★ ဘုန်ကြီးတော့အသက် (၂၀၀)လောက်ရှည်ချင်တယ်။
ဘာလို့လဲဆိုတော့သတ္တ၀ါတွေကိုလည်း ကိုယ်စိတ်ချမ်းသာစွာနဲ့
အသက်ရှည်ကြပါစေ။လို့အမြဲဆုတောင်းတယ်။ ဘာလို့လဲဆိုတော့ 
စည်းစိမ်းခံချင်လို့မဟုတ်ဘူး။လောကကြီးကိုအကျိုးပြုတဲ့ 
ပုဂ္ဂိုလ်တွေက သိပ်ပြီးတော့နည်းတယ်။ ဖျက်ဆီးနှောက်ယှက်တဲ့သူတွေသိပ်များတယ်။
လောကကြီးကိုကျေးဇူးများများပြုချင်လို့  အသက်ရှည်ချင်တယ်။နောက်တစ်နည်းက ကိုယ့်အတွက် ဓမ္မကိုအချိန်များများကျင့်ချင်လို့ 
ဒါကတော့မွန်မြတ်သောရည်ရွယ်ချက်။လောကကြီးမှာ ကျေးဇူးပြုတဲ့သူနဲ့ 
ဖျက်ဆီးတဲ့သူဖျက်ဆီးတဲ့သူကပိုများတယ်။
★ ဒို့တတွေ လောကကြီးကို ကျေးဇူးပြုတဲ့ထဲမှာပါရမယ်။ဒီလိုလေး experience လုပ်ကြစမ်းပါ။
Encourage လုပ်ကြစမ်းပါ။ ဘုန်းကြီးတို့ စစ်ကိုင်း သီတဂူ အာယုဒါန ဆေးရုံ ကုတင် (၁၀၀)ကို
ဝန်ထမ်း (၈၀)ရှိတယ်။ ၀န်ထမ်းနဲ့ ဆေးဖိုး ဆွမ်းဖိုး လျှပ်စစ်မီတာဖိုး မော်တော်ကားဖိုး
ဆီဖိုး အားလုံးကို တစ်လကို သိန်း(၁၀၀) လောက်ကုန်ကျပါတယ်။ 
ဘုန်းကြီးတို့ Successfully Runningပဲ။ဘာလို့ဆိုရင် တိုင်းပြည်က 
ဒကာ ဒကာမတွေရဲ့ နှလုံးထဲက သဒ္ဓါက သိပ်အံသြစရာကောင်းပါတယ်။
ဒီသဒ္ဓါထဲမှာ မေတ္တာလည်းပါတယ်။ ကရုဏာလည်းပါတယ်။ ပညာလည်းပါတယ်။
ဒီလေးခုကို Quality of the Heart ပဲ။အဲ့ဒါရှိရင် လူဖြစ်ရကျိုးနပ်ပြီ။ 
(ကျေးဇူးတော်ရှင် သီတဂူဆရာတော် ဘုရားကြီး)
%၅၈၄၇၁%
ဆက်လက်ကူးယူဖော်ပြပါမည် _/\\_ _/\\_ _/\\_ 
(အသံနားထောင်ပြီး ပြန်ရေးရသောကြောင့် စာလုံးပေါင်းမှားပါက ခွင့်လွတ်ပေးကြပါရန်)
(ဓမ္မမိတ်ဆွေသူတော်စဉ်များ ကျန်းမာချမ်းသာကြပါစေဗျာ)
(Thidagu Sayadaw gave this Dhamma at the home of 
one of the his follower and supporter
at Wakefield Town in the Uk on 25th July 2010)
"ငါတို့ရဲ့မြတ်ဗုဒ္ဓ ဘာတွေထားခဲ့သလဲ (၂) "
★ မြတ်ဗုဒ္ဓကသူ့ဓမ္မကိုထားဖြစ်ခဲ့တယ် ဘယ်သူကိုမှ ဘယ်ဘက်ကမှဒုက္ခမပေးဘူး။
ဂျီဆက် (Jesus)ပေါ်လာတယ် သမ္မာကျမ်းစာကို ထားခဲ့တယ် လောကကြီးကို ဘယ်သူ့မှဒုက္ခမပေးဘူး။ကမ္ဘာပေါ်မှာသိပ်ချစ်စရာကောင်းတဲ့
ဘာသာရေးခေါင်းဆောင် (၂)ယောက်၊ အစ္စလာမ် ဘာသာ-တည်ထောင်သူမှာ မိုဟာမက်
သည်လည်း (originally) ကတော့သူတော်ကောင်းပဲ ဖြစ်မှာပါပဲ။
"ငါတို့ရဲ့မြတ်ဗုဒ္ဓ ဘာတွေထားခဲ့သလဲ (၃)"
Photo: "ငါတို့ရဲ့မြတ်ဗုဒ္ဓ ဘာတွေထားခဲ့သလဲ (၃)"
★ မေတ္တာက သူတစ်ပါးအကျိုးလိုလားတာ သူတစ်ပါးအကျိုးဆောင်ရွက်ချင်တဲ့စိတ်။
ချစ်တာလို့ ဘာသာမပြန်နဲ့ (love) လို့မပြောနဲ့ (Pure love ) 
(or) (Lovigkindness)(or)(Universal Love) ဒီလိုပြန်ပါ။ကရုဏာက ဒုက္ခရောက်သူတိုင်းကိုကူညီစောင်ရှောက်မယ်ဆိုတဲ့ စိတ်ဓာတ်။
ထိုဒုက္ခကိုဖယ်ရှားပေးမယ်ဆိုတဲ့ စိတ်ဓာတ် (Felling for other Suffering)။
သဒ္ဓါဆိုတာ (Confidence) ပဲတိုက်ရိုက်ကိုယ်နှုတ်စိတ် သုံးပါးလုံးရဲ့
စွမ်းရည်သတ္တိကိုအသုံးချတာ။ဒါလုပ်ရင်ဒါဖြစ်မယ်လို့ ယုံကြည်တာ။
★ မိမိရဲ့ ကိုယ်နှုတ်စိတ်ကိုလွှမ်းမိုးနေတာ စေတနာ ဆိုတဲ့တစ်လုံးရှိတယ်။
အဲ့ဒီစေတနာက အလုပ်လုပ်တယ်။ကိုယ်ပေါ်မှာရော နှုတ်ပေါ်မှာရော
စိတ်ပေါ်မှာရော လွှမ်းမိုးထားတဲ့စေတနာ အဲ့ဒီစေတနာပေါ်မှာစိတ်ကထပ်မှီပြီးတော့
စီမံကွပ်ကဲတယ်။အဲ့ဒီစေတနာက အလုပ်တစ်ခုကိုထလုပ်လိုက်တော့ အဲဒါကိုပဲ
0(Action)။သိုသော် စေတနာကဘာနဲ့တွဲလုပ်မှာလဲ။ခုနကပြောတဲ့(၄)မျိုး 
သူတစ်ပါးကောင်းကျိုးလိုလားတဲ့ မေတ္တာ။ ဒုက္ခရောက်သူကိုကာကွယ်စောင်ရှောက်
ချင်တဲ့ ကရုဏာ ။ ဒါလုပ်ရင် ဒါဖြစ်မယ်ဆိုတဲ့ ယုံကြည်မှုသဒ္ဓါ။ဘ၀ကိုတောက်ပြောင်စေတဲ့
ပညာ တွေပါမယ်။
★ Believe in worship of a God တို့လို ယုံကိုယုံရမယ် 
မယုံရင် အပြစ်ဖြစ်မယ်။ယုံရင် စောင့်ရှောက်မယ် မစမယ်ဒီလိုမဟုတ်ပါဘူး။
မြတ်ဗုဒ္ဓကတော့ မိမိရဲ့စေတနာကမိမိကအကျိုးပေးမယ်။ မိမိရဲ့စေတနာ မိမိပြင်လို့ရတယ်။ဘုရားသခင်လည်းပြင် ပေးလို့မရဘူး။စေတနာကမေတ္တာနဲ့တွဲရင်
လောကလူသားတွေကောင်းကျိုးကိုပဲ ဆောင်ရွက်မယ်။စေတနာက ကရုဏာနဲ့တွဲရင်
ဒုက္ခကမ္ဘာ ကူညီစောင့်ရှောက်မယ်။ စေတနာက ပညာနဲ့တွဲရင် အမြင့်ဆုံးပြောရင်
Realistic Nature နဲ့ True Nature ကိုရှာဖွေတာ။ စာလိုပြောရမလား
ပရမတ္ထတရားနဲ့ သစ္စာတရားကိုရှာဖွေတာ။ပညာက အရှိတရားနဲ့အမှန်တရားကိုရှာတယ်
အဲဒါကိုပညာကလုပ်တယ်။
★ ပညာဆိုတဲ့စကားဟာနှုတ်မှာယဉ်နေတယ် ဗမာစကားလုံးထင်နေကြတယ်။
မဟုတ်ပါဘူးဗုဒ္ဓစကားပါ။ "ပ" ဆိုတာ အသေးစိတ် "ညာ" သိတယ်လို့အဓိပ္ပယ်ရတယ်။
(Understand in Detail) ဒီတော့ပညာဆိုတာ အသေးစိတ်မှ ပညာတတ်တယ်။
လုံးထွေးသိရင် ပညာမတတ်ဘူး။ဒီမယ် ဘုန်းကြီးကမေးမယ် ပန်းအိုးထဲက ပန်းကို
ဒါဘာလဲဆိုရင် ဘာဖြေမလဲ ပညာမတတ်တဲ့သူကပြောမယ် ပန်း(flower)ဆိုပြီး။
ဒါဆိုပြောမယ် အားလုံးမြင်နေရတယ် အ၀ါရောင်လေး အ၀ါရောင်ကပန်းလား
(၀ဏ္ဏ)(colour) အရောင်(colour) သည်ပန်းမဟုတ်ဘူး။နမ်းကြည့် အနံ့ရှိတယ်(Smell)
(ဂန္ဓာ) အနံ့ကရော ပန်းလား မဟုတ်ဘူး။ စားကြည့် သူ့အရသာတော့ရှိမှာပဲ
(ရသာ) ရှိတယ် အရသာကရောပန်းလား။အာဟာရဓာတ်လည်းရှိမယ် ပြားတွေစားကြတယ်လေ (သြဇာ) ဟာရကရောပန်းလား။
★ ဆုပ်ကိုင်ပြီးတောထားကြည့် (နွေးလာမယ်)မူကက အေးနေတယ် ဒါဆို
ပူအေး(တေဇော) ကရောပန်းလား။ညစ်ကြည့်လိုက် အရည်တွေထွက်လာမယ်
(အာပေါ) အဲဒါကရော ပန်းလား။ကိုင်ကြည့်လိုက် မာတယ် ပျော့တယ်(ပထ၀ီ)
အဲ့ဒါကရောပန်းလား။စသည်ဖြင့် အသေးစိတ်  ရုပ်ဓာတ်(၈)မျိုး ရှိတယ်ဆိုပြီး ဗုဒ္ဓ
ကခွဲပြထားတယ်။အဲ့ဒီ (၈)မျိုးဟန်ချက်ညီရင် ပန်းပွင့်ဟာလန်းစန်းနေမယ် ဟန်ချက်မညီရင်
ပျက်စီးမယ်။ဒီလိုအသေးစိတ်သိမှပညာ။ဒီပညာမျိုးတတ်အောင်သင်ထားကြ။
★ တစ်လံမျှရှိတဲ့ခန္ဓာကိုယ်ထဲမှာ ဒီပညာတွေရှိတယ်တွေ့အောင်ရှာကြ။ရုပ်နာမ် တွေရဲ့
ဖြစ်ပျက်ကို တွေ့အောင်နှိုက်ကြည့် တခုပျက်ရင် အခုတစ်ရာ တစ်ထောင် လောက်အစားတွေပြန်ဖြစ်တယ်။ရုပ်နာမ်တွေကို သေချာစိုက်ကြည့် 
ရုပ်ဘယ်နှမျိုးပေါင်း နာမ်ဘယ်နှစ်ပေါင်းသိရင် ပညာတတ်ပြီး။ရုပ်နာမ် တရားတွေကမမြဲဘူး
ဆိုတာသိတော့ အနိစ္စ။ ဖြစ်လိုက်ကတည်းက ဒုက္ခတွေပဲဖြစ်တော့ ပျက်တော့လည်း
ဒုက္ခတွေပဲ ပျက်မယ် ဆိုတာသိတော့ ဒုက္ခ။ မဖြစ်နဲ့မပျက်နဲ့ဆိုပြီး တားလို့မရ
ထိန်းလို့မရတော့ အနတ္တ။
★ အဲ့ဒီလိုလောကကြီးရဲ့ အရှိသဘာဝ အမှန်သဘာဝကို မြင်သွားပြီဆိုရင်
(Clear Vision) ဖြစ်ပြီ။ ဒီ (clear vision)ဖြစ်မှ Leading to Libration ကိုရမယ်။
ဒီလိုမြတ်ဗုဒ္ဓကသင်ပေးခဲ့တာ။ ဒီဓမ္မကိုမြတ်ဗုဒ္ဓထားခဲ့တာ။၄၅ နှစ်လုံး လုံးမြတ်ဗုဒ္ဓ
မနားမနေလုပ်ပြီးထားခဲ့တာ ဒီဓမ္မပါ။မြတ်ဗုဒ္ဓကိုလက်ခံတတ်တဲ့ဉာဏ်ရှိတာ
သာသနာတော်မှာသင်လိုတဲ့ စိတ်ရှိတာ ၊ လေ့ကျင့်လိုက်နာလိုတဲ့စိတ်ရှိတာ၊
Learning ရဲ့အကျိုးက Understanding ပဲ အဲ့ဒါတွေစုစုပေါင်းလိုက်ရင်
ပါဠိ လိုပြောရင် ၀ိမုတ္တိ လွတ်မြောက်ခြင်းကိုရမယ်။ဒီလို လွတ်မြောက်မှုလမ်းစဉ်ကို မြတ်ဗုဒ္ဓမှတစ်ပါး ဘယ်သူမှ မပေးနိုင်ပါဘူး။ဒီလို ဓမ္မ ဆိုတဲ့ သုံးလို့မကုန်တဲ့
ကျင့်လို့မကုန်တဲ့ ကျင့်တိုင်း သုံတိုင်း အကျိုးများတဲ့ (Size-effect) လုံးဝမရှိတဲ့
ဓမ္မကို  မြတ်ဗုဒ္ဓထားခဲ့တယ်။ 
ဓမ္မမိတ်ဆွေသူတော်စဉ်များ ဓမ္မကိုလိုက်နာကျင့်သုံးပြီး ၀ိမုတ္တိကို ရှာဖွေနိုင်ပါစေဗျာ။
သာဓု သာဓု သာဓု
(ကျေးဇူးတော်ရှင် သီတဂူဆရာတော် ဘုရားကြီး)
%၅၈၄၇၁%
_/\\_ _/\\_ _/\\_ 
(အသံနားထောင်ပြီး ပြန်ရေးရသောကြောင့် စာလုံးပေါင်းမှားပါက ခွင့်လွတ်ပေးကြပါရန်)
(ဓမ္မမိတ်ဆွေသူတော်စဉ်များ ကျန်းမာချမ်းသာကြပါစေဗျာ)
(Thidagu Sayadaw gave this Dhamma at the home of 
one of the his follower and supporter
at Wakefield Town in the Uk on 25th July 2010)
"ငါတို့ရဲ့မြတ်ဗုဒ္ဓ ဘာတွေထားခဲ့သလဲ (၃)"
★ မေတ္တာက သူတစ်ပါးအကျိုးလိုလားတာ သူတစ်ပါးအကျိုးဆောင်ရွက်ချင်တဲ့စိတ်။
ချစ်တာလို့ ဘာသာမပြန်နဲ့ (love) လို့မပြောနဲ့ (Pure love )
(or) (Lovigkindness)(or)(Universal Love) ဒီလိုပြန်ပါ။ကရုဏာက ဒုက္ခရောက်သူတိုင်းကိုကူညီစောင်ရှောက်မယ်ဆိုတဲ့ စိတ်ဓာတ်။
ထိုဒုက္ခကိုဖယ်ရှားပေးမယ်ဆိုတဲ့ စိတ်ဓာတ် (Felling for other Suffering)။
"ကျောင်းအလှူသည် ကောင်းကျိုးချမ်းသာအားလုံးကိုလှူရာရောက်သည်"
  Photo: "ကျောင်းအလှူသည် ကောင်းကျိုးချမ်းသာအားလုံးကိုလှူရာရောက်သည်"
" ကျောင်းလှူတယ်ဆိုတာ သူတစ်ပါးကိုနေရာကောင်း တစ်ခုရအောင် 
ဖန်တီးပေးတာဖြစ်လို့တုံ့ပြန်မှု နိယာမ အရ ကိုယ့်ဘ၀မှာလည်းနေရာ တွေနဲ့ချည်း 
တွေ့ကြုံဆုံစည်းရမှာမလွဲပါဘူး။ဘယ်လောက်တောင်နေရာကောင်းလိုက်သလဲဆိုရင် ကျောင်းအလှူလှူဖူးတဲ့သူအမိဝမ်းတွင်းမှာ ပဋိသန္တေနေတဲ့အခါ သူတခါတွေလို 
ကျဉ်းကျဉ်းကျုတ်ကျုတ် မနေရဘဲ ဆယ့်နှစ်တောင်တိုက်ခန်းမှာ နေရသလို 
ချောင်ချောင်ချိချိ သက်သာစေတာ ကျောင်းအလှူတစ်ခုတည်းရှိပါတယ်။" 
ထို့အပြင်................................
"ကောင်းရာလားရောက်၊ ဗိမာန်ပေါက်၍၊ လန့်ကြောက်ကင်းစွာ၊သားရဲခွာလျက်။
အိမ်မက်ကောင်းမြင်၊သတိထင်သည်၊စံဝင်နိဗ္ဗာန်ကျောင်းကျိုးတည်း"
"ကောင်းရာလားရောက်"  
★ ကျောင်းအလှူရှင်ဟာ နိဗ္ဗာန်ရောက်တဲ့ဘ၀တိုင်အောင် ဘ၀တိုင်း
ဘ၀တိုင်း ကောင်းရာသုဂတိမှာပဲ ကျင်လည်ရပါတယ်။တစ်ကြိမ်တစ်ခါ
ကျောင်းလှူခဲ့ဖူးတဲ့ကုသိုလ်က ဘ၀တိုင်း ဘ၀တိုင်းရဲ့ သေခါနီးမှာနိမိတ်
လာထင်လို့ ကမ္ဘာပေါင်းများစွာ ကောင်းရာသူဂတိချည်းရောက်ရတာ
မဟုတ်ပါဘူး။ကျောင်းအလှူကြောင့်ရလာတဲ့ ကောင်းကျိုးချမ်းသာတွေကို 
အသုံးပြုပြီး ကုသိုလ်အသစ်အသစ်တွေ ဘ၀တိုင်းထပ်ဆင့်ပြုလုပ်သွားနိုင်တဲ့
အတွက် ဘ၀တိုင်းရဲ့ စုတိစိတ်တိုင်းမှာ ယူစရာကုသိုလ်အာရုံ တစ်ခုမဟုတ်တစ်ခု
ရှိသွားလို့ပါ။
"ဗိမာန်ပေါက်"
★ ကျောင်းအလှူရှင်ဟာဖြစ်လေရာဘ၀တိုင်း အဆောက်အအုံကောင်းကောင်းနဲ့
နေရပါတယ်။နတ်ဖြစ်လည်း နတ်ဗိမာန်ကောင်းကောင်း လူဗိမာန်ကောင်းကောင်းပေါ့။
ကိုယ်ကိုမမွေးခင်ကတည်းက ကိုယ့်မိဘက အိမ်ဟောင်းတိုက်ဟောင်းကိုဖျက်ပြီး
နတ်ဗိမာန်တမျှ ခမ်းနားကြီးကျယ်တဲ့ အိမ်သစ် တိုက်သစ် ကြိုတင်ဆောက်လုပ်ပြီးသား
ဖြစ်နေပါလိမ့်မယ်။
"လန့်ကြောက်ကင်းစွာ"
ကျောင်းအလှူရှင်ဟာ ကျောင်းအလှူအကျိုးပေးရာဘ၀တိုင်း ကြောက်ရွံ့ခြင်းကင်းတင်းတဲ့သူ
ရဲစွမ်းသတ္တိရှိတဲသူဖြစ်နိုင်ပါတယ်။ဟင်းလင်းပြင်မှာနေတာထက် အဆောက်အဦးတွင်းမှာနေတာက ကြောက်စိတ်ပိုကင်းစေတာမို့ ကျောင်းလှူခြင်းဖြင့်
ကျောင်းနေပုဂ္ဂိုလ်ကို ကြောက်စိတ်ကင်းအောင် ပြုလုပ်ပေးရာရောက်တဲ့အတွက်
တူသောအကျိုးပေးတာပါပဲ။ကျောင်းတိုင်နဲ့အမိုးအကာအခင်းတွေ ခိုင်မာရင် ခိုင်မာသလောက် စိတ်ဓာတ်လည်း ပိုပြီးခိုင်မာလာပါတယ်။ စိတ်ဓာတ်ခိုင်မာလေ 
ကြောက်ရွံ့ခြင်းကင်းလေပါပဲ။
"သားရဲခွာလျက်"
★ ခြင်္သေ့ သစ် ကျား စတဲ့သားရဲတိရိစ္ဆာန်တွေ မြွေ ၊ကင်း စတဲ့အဆပ်ရှိတဲ့ သတ္တ၀ါတွေ
မင်စာ ၊တစ္ဆေ ၊မြေဘုတ် ၊ဘီလူး၊ နဂါး၊ကုမ္ဘဏ် စတဲ့ မကောင်းဆိုးဝါးတွေဟာ 
ကျောင်းအလှူ လှူခဲ့ဖူးသူရဲ့ ထံပါးကနေ ဝေးရာကို ပြေးခွာရှောင်ကွင်း သွားကြလိမ့်မယ်။
တကယ်လို့ ရှောင်ကွင်းမသွားခဲ့ရဲ့တောင်မှ ဘာမှအန္တရာယ်မပြုနိုင်ပါဘူး။
"အိမ်မက်ကောင်းမြင်"
လုံခြုံတဲ့ အဆောက်အဦတစ်ခုဟာ နေထိုင်သူကို ဘ၀အိမ်မက် ပန်းအိမ်မက်
တွေကိုစိတ်တိုင်းကျ မက်ခွင့်ရစေနိုင်တဲ့အတွက် ကျောင်းအလှူရှင်ဟာ
ဖြစ်လေရာဘ၀တိုင်း အိမ်မက်လှလှလေးတွေပဲ မြင်မက်ရပါတယ်။
အိပ်စက်နားနေချိန်မှာလည်း အိမ်မက်လှသလို နေ့စဉ်လက်တွေ့ဘ၀ရဲ့
စိတ်ကူးယဉ်အိမ်မက်(ဘ၀မျှော်လင့်ချက်) တိုင်းဟာလည်း မျှော်လင့်ရင်
မျှော်လင့်သလို ဖြစ်လာတဲ့အတွက် အချိန်တိုင်းမှာ အိမ်မက်လှနေပါတယ်။
"သတိထင်သည်"
★ အိမ်တစ်ဆောင် ကျောင်းတစ်ဆောင်စတဲ့ အဆောကအဦတစ်ခုဟာ 
အလွယ်တကူမေ့ပျော်သွားနိုင်တဲ့  လှူဖွယ်ဝတ္ထုမျိုးမဟုတ်တဲ့ အတွက်
အလှူရှင်ကလည်း လှူဖွယ်ဝတ္ထုကို အမြဲသတိရသလို အလှူခံပုဂ္ဂိုလ်
အဆက်ဆက်ကလည်း အလှူရှင်ကလည်း အမြဲသတိရနေတတ်ပါတယ်။အကြာကြီးသတိရစရာ လှူဖွယ်ဝတ္ထုမျိုး ပေးလှူခဲ့တာမို့ ကျောင်းအလှူရှင်ဟာ 
အကျိုးပေးရာဘ၀တိုင်း သတိအားကောင်းတဲ့သူ ဖြစ်ရပါတယ်။မှတ်ဉာဏ်အားကောင်းတဲ့အတွက် ပညာရေး စီးပွားရေးတွေမှာ အလွယ်တကူနဲ့အောင်မြင်သလို အသက်ကြီးတဲ့အခါမှာလည်း
ဘယ်တော့မှသူငယ် မပြန်တော့ပါ။
"စံဝင်နိဗ္ဗာန်"
ကျောင်းလှူကတည်းက ဒီကျောင်းအလှူဟာ နိဗ္ဗာန်ရဲ့အထောက်ပံ့ဖြစ်ပါစေ
ဒီကျောင်းအလှူကြောင့် သံဃာတော်အရှင်မြတ်များ ထိုးထွင်းသိတဲ့ 
သစ္စာလေးပါးတရားကို သိခွင့်ရပါစေ လို့ဆုတောင်းစိတ်ညွှတ်ခဲ့အတွက်
နောက်ဆုံးပါရမီပြည့်တဲ့ဘ၀မှာ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုပြီး ဆင်းရဲခပ်သိမ်းချုပ်ငြိမ်းရပါတယ်။နိဗ္ဗာန်ကိုမရည်စူးဘဲကျောင်းလှူရင်တော့ 
နိဗ္ဗာန်မရောက်ပါဘူး။
ဒီအကျိုးခုနှစ်မျိုးဟာ ကျောင်းအလှူကြောင့် ရနိုင်တဲ့ အကျိုးတရားများစွာထဲက အထူးနှစ်သက်ဖွယ်ကောင်းတဲ့ ၀ိသေသအကျိုးတွေပါပဲ  ၀ိသေသအကျိုးတွေပါပဲ။
" ကျောင်းလှူတယ်ဆိုတာ သူတစ်ပါးကိုနေရာကောင်း တစ်ခုရအောင် ဖန်တီးပေးတာဖြစ်လို့
တုံ့ပြန်မှု နိယာမ အရ ကိုယ့်ဘ၀မှာလည်းနေရာ တွေနဲ့ချည်း တွေ့ကြုံဆုံစည်းရမှာ
မလွဲပါဘူး။ဘယ်လောက်တောင်နေရာကောင်းလိုက်သလဲဆိုရင် ကျောင်းအလှူလှူဖူးတဲ့သူ
အမိဝမ်းတွင်းမှာ ပဋိသန္တေနေတဲ့အခါ သူတခါတွေလို ကျဉ်းကျဉ်းကျုတ်ကျုတ် 
မနေရဘဲ ဆယ့်နှစ်တောင်တိုက်ခန်းမှာ နေရသလို ချောင်ချောင်ချိချိ သက်သာစေတာ 
ကျောင်းအလှူတစ်ခုတည်းရှိပါတယ်။" 
★ တစ်လောကလုံးရဲ့ အနှိုင်းမဲ့ကျေးဇူးရှင်ဖြစ်တဲ့ မြတ်စွာဘုရားရှင်က 
သံဃိကကျောင်းအလှူဟာ အနိုင်းမဲ့အလှူဖြစ်ပါတယ်လို့ 
"၀ိဟာရဒါနံ သံဃဿ အဂ္ဂံ ဗုဒ္ဓေန ၀ဏ္ဏိတံ  "
ဆိုတဲ့ စကားတော်နဲ့အညီ ဟောကြားညွှန်ထားတာမို့ သဒ္ဓါတရားရှိသူတိုင်း သံဃိကကျောင်းအလှူဆိုတဲ့ အနှိုင်းမဲအလှူကို လှူဒါန်းနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
(အရှင်ဆန္ဒဓိက) 
{ကျောင်းအလှူသည် ကောင်းကျိုးချမ်းသာအားလုံးကိုလှူရာရောက်သည် စာ(၂၂ မှ ၂၇)ထိ}
%၅၈၄၇၁%
"ဓမ္မမိတ်ဆွေများ ကျောင်းတစ်ဆောင် တိုက်တစ်လုံးမလှူနိုင်သော်မှ ထိုအလှူမျိုးနှင့် ကြုံလာလျှင်ပါဝင်လှူဒါန်းနိုင်ကြပါစေ ကျောင်းအို အဟောင်းများကိုပြင်ဆင်ပေးနိုင်ကြပါစေဗျာ" 
"ကျောင်းအလှူသည် ကောင်းကျိုးချမ်းသာအားလုံးကိုလှူရာရောက်
သည်"
" ကျောင်းလှူတယ်ဆိုတာ သူတစ်ပါးကိုနေရာကောင်း တစ်ခုရအောင်
ဖန်တီးပေးတာဖြစ်လို့တုံ့ပြန်မှု နိယာမ အရ ကိုယ့်ဘ၀မှာလည်းနေရာ တွေနဲ့ချည်း
တွေ့ကြုံဆုံစည်းရမှာမလွဲပါဘူး။
"အားပေးစကား"
Photo: "အားပေးစကား"
လူတွေဘယ်အချိန် အားပေးစကား ပေးဖို့လိုတာလဲ ။ဘယ်လိုအားပေးမလဲ
★ လူတွေ စိတ်ဓာတ်အကျဆုံးအချိန်ဟာ ဘယ်အချိန်လဲလို့တရားချစ်ခင် 
သူတော်စင်ပရိသတ်တို့  သိဖို့လိုတယ်နော်၊ လူတိုင်းလူတိုင်း 
နောက်ဆုံးကြုံတွေ့ရမယ့်  “တစ်နေ့သောအချိန်” ဆိုတာဘယ်အချိန်လဲ? 
သေခါနီးအချိန်ပေါ့။ လူတိုင်းလူတိုင်း မရှောင်လွှဲနိုင်ဘူး၊ တစ်နေ့ကျတော့ 
ကြုံတွေ့ရမယ်ဆိုတဲ့ နောက်ဆုံးအချိန်မှာ စိတ်အားအငယ်ဆုံး၊ စိတ်ဓာတ်အကျဆုံး 
အချိန်လို့ ဆိုလိုတယ်။အဲဒီအချိန်မှာ ကျန်တဲ့သူတွေက ဘာလုပ်သင့်သလဲ၊ 
လုပ်သင့်လုပ်ထိုက်တယ်ဆိုတာ ဘာတွေလဲ၊ 
အားပေးစကားပြောတာမျိုး မဟုတ်ဘဲချောက်တွန်းတာမျိုး 
ဖစ်နေသလားလို့ စဉ်းစား ဆင်ခြင်သင့်တယ်။ 
★ မစဉ်းစားဘဲလုပ်တဲ့ လုပ်ရပ်မှန်သမျှဟာ ကောင်းကျိုးချမ်းသာကို 
မပေးနိုင်ဘူး၊ အရာရာဟာ  ပညာနဲ့ဆင်ခြင်ပြီးတော့မှလုပ်သင့်တယ်။
စဉ်းစားဖွယ်မဟာနာမဆိုတဲ့ သာကီဝင်မင်းဟာမြတ်စွာဘုရားနဲ့ 
ညီအစ်ကိုတစ်ဝမ်းကွဲတော်တယ်၊ ရှင်အနုရုဒ္ဓါ မထေရ်မြတ်နဲ့ ညီအစ်ကိုအရင်းတော်တယ်။
အဲဒီ မဟာနာမသာကီဝင်မင်းကြီးဟာ သုဒ္ဓေါဒနမင်းကြီးတို့ ဘဒ္ဒိယမင်းတို့ မရှိတဲ့နောက်မှာကပိလ၀တ်ကို အုပ်ချုပ်တဲ့နောက်ဆုံးမင်းလို့ပြောရမှာပေါ့။ 
အဲဒီ မဟာနာမ မင်းဟာ သာသနာတော်အဆင့်အတန်းနဲ့ပြောရမယ်ဆိုရင် သကဒါဂါမ်အဆင့်ဖြစ်တယ်။ သကဒါဂါမ်အဆင့် နဲ့ကံကုန်သွားတယ်။ 
ဘ၀တစ်သက်တာမှာသကဒါဂါမ်အဆင့်အနေနဲ့ တိုင်းပြည်အုပ်ချုပ် မင်းလုပ်တယ်။ 
နောက်ဆုံး ၀ိဋဋူပကျးကျော်တိုက်ခိုက်ပြီး သာကီဝင်မင်းတွေ 
အပြတ်ချေမှုန်းရေးစစ်ပွဲမှာ မဟာနာမမင်းကြီးအဖမ်းခံရတယ်၊ အဖမ်းခံရတယ်ဆိုသော်လည်း 
ဝိဋဋူပ ကသူ့ရဲ့မြေးတော်နေသည့် အတွက်ကြောင့်ကောင်းကောင်းမွန်မွန်ထားတယ်၊ 
သို့သော်လည်းစာပေထဲမှာ သာဝတ္ထိအပြန်လမ်းခရီးမှာ ဆံထုံးကိုခြေမကြားမှာညှပ်ပြီး 
ရေအိုင်ထဲမှာ ငုပ်လျှိုးသွားတယ်လို့ပါတယ်။
★ ဒီနေရာမှာ စဉ်းစားစရာကောင်းတာကသူကသကဒါဂါမ်လို့လည်းဆိုသေးတယ်၊
ရေထဲမှာနှစ်မြှုပ်ပြီး ကိုယ့်ကိုယ်ကို သေကြောင်းကြံတယ် Suicide လုပ်တယ်၊ဒါမျိုးမဖြစ်နိုင်ဘူးလို့ထင်တယ်၊သောတာပန် ပုဂ္ဂိုလ်တောင် ကိုယ့်ကိုယ်ကို 
လုပ်ကြံသတ်ဖြတ်တာမျိုးမလုပ်တော့ဘူး။ ဒီတော့မဟာနာမ မင်းကြီးဟာ သူ့ကိုယ်သူ 
သေကြောင်းကြံသွားတယ်ဆိုတာ ဟုတ်ချင်မှဟုတ်မယ်ပေါ့။ 
ရေကန်ထဲရေဆင်းချိုးရင်း သူ့ရဲ့သီလအစွမ်းတန်ခိုးတွေကြောင့်
သူ့ကိုကြည်ညိုတဲ့လူသားမဟုတ်တဲ့ ရေကန်စောင့်နတ်တွေနဂါးတွေ က 
(စာထဲမှာပါတာနဂါးတွေက နဂါးပြည်ကို)
ခေါ်သွားပြီးတော့နဂါးပြည်မှာ  ၁၂ နှစ်ကြာနေထိုင် တယ်လို့ ပြောတယ်။ 
အဲဒီလို ခေါ်သွားတာဖြစ်လောက်တယ်၊  ရေကန်ထဲမှာဆင်းပြီးတော့ 
ရေချိုးရင်းကနေပြီး  ပျောက်ဆုံးသွားတယ်ပေါ့။ အဲဒီ မဟာနာမမင်းကြီးနဲ့ 
ပတ်သက်တဲ့သုတ္တန်တွေဟာ စာပေကျမ်းဂန်မှာ တော်တော်များများရှိတယ်။
★  မြတ်စွာဘုရားက မဟာနာမကိုဘာအဆုံးအမ ပေးထားသလဲဆိုရင်
 “အမျိုးသားဥပါသကာ တစ်ယောက်ဖြစ်စေ၊ အမျိုးသမီးဥပါသိကာမတစ်ယောက်ဖြစ်စေ
စဉ်းစားဥာဏ်ရှိတဲ့ ပုဂ္ဂိုလ်ဟာစဉ်းစား ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တစ်ယောက် 
နေမကောင်းထိုင်မသာဖြစ်လို့အသက်အန္တရာယ်  စိုးရိမ်ရလောက်တဲ့ 
အချိန်အခါမျိုးမှာ အားပေးစကားပြောရမယ်၊ ဆုံးမစကားပြောရမယ်”လို့ပြောတာ။
အဲဒီအချိန်မှာ စိတ်ဓါတ်အကျဆုံး၊အားအငယ်ဆုံးဖြစ်တတ်သည့်အတွက် 
အားပေးစကားပြောဖို့လို တယ်၊ ဒါကိုလူတိုင်းလူတိုင်း တစ်နေ့မကြုံတစ်နေ့တော့ကြုံတွေ့ကြရမှာပဲ။လူတိုင်းလူတိုင်းမွေးလာတဲ့
အချိန်ကနေစပြီး တစ်နေ့တစ်နေ့ ဘယ်ကိုသွားနေတာ တုန်းဆိုရင် အိုခြင်း 
ဆီသွားနေတာ။ အိုခြင်းကနေဘယ်ကိုသွားနေတာတုန်းဆိုရင် 
နာခြင်းဆီသွားနေတာ၊ နာခြင်းကနေ ဘယ်ကိုသွားနေတာတုန်းဆိုရင်သေခြင်း
ဆီသွားနေတာ၊ ဒါကြောက်စရာစကားမဟုတ်ဘူး၊ တချို့ကသေ စကားပြောရင် 
မင်္ဂလာမရှိဘူး နိမိတ်မရှိဘူး၊ဒီလိုထင်တယ်၊ မသေမှာကျနေတာပဲနော်။
★  ကိုယ်ဘယ်ကို သွားနေတာတုန်းဆိုတာ သိဖို့မလိုဘူးလား၊ ကိုယ်ဘယ်သွားနေတယ်ဆိုတာ 
သိရမယ်။ မသိတာကတော့ ပညာမဲ့လွန်းအားကြီးတာပေါ့။
လူတွေကပြောကြတယ် “ဘယ်မှမသွားဘူး အိမ်မှာ နေတာ”။ သို့သော် အိမ်နေရင်း 
အသက်ကကြီးကြီးမသွားဘူးလား၊ကြီးသွားနေတော့ ဘယ်သွားနေ 
သလဲလို့ထင်တုန်း၊ အိုတဲ့ဆီသွားနေတာ၊ အိုတဲ့ဆီကနေပြီးတော့
နာတဲ့ဆီမရောက်ဘူးလား၊ အေးနာတဲ့ ဆီကနေ နောက် ဘယ်ရောက်သွားတုန်း။
ဆရာတော်ကြီးတစ်ပါးကကမ္မဋ္ဌာန်း နှလုံးသွင်းခိုင်းသလိုပဲ၊ “ခံနိုင်ရင်ခံမခံနိုင်ရင်သေ” 
ဆိုတာ၊ဟုတ်တယ်မဟုတ်လား၊ အိုခြင်းဆင်းရဲ နာခြင်းဆင်းရဲကို ခံနိုင်တဲ့အခြေအနေရှိတဲ့အချိန်မှာခံနေပြီး တော့မခံနိုင်တဲ့ အခြေအနေမှာသေသွားတာပေါ့။ 
အဲဒီသေခြင်းဆင်းရဲနဲ့ လူ့ဘ၀ဟာအဆုံးသတ်ကြရတယ်၊ မြတ်စွာဘုရားလည်း 
ဒီလိုပဲ အဆုံးသတ်တယ်၊ ရှင်သာရိပုတ္တရာ၊  ရှင်မောဂ္ဂလာန်တို့လည်းဒီလိုပဲ အဆုံးသတ်တယ်။ 
သို့သော် အဆုံးသတ်ကလေးကောင်း အောင်လုပ်ပေးလို့ရတယ်။ လူတွေဟာ 
အဆုံးသတ်ကောင်းဖို့အတွက်၊အသေကောင်းဖို့အတွက် အနေကောင်းဖို့ဆိုတာ လည်း 
လိုအပ်တယ်လို့ ပြောကြတယ်နော်။ လူတွေရဲ့စိတ်ဓာတ်ဆိုတာကနောက်ဆုံးအချိန်ရောက်လို့ရှိရင်
အားငယ်တတ်တယ်၊ ဒီလိုအားငယ်လာ လို့ရှိရင် အားပေးစကားပြောရမယ်။
★  ရောဂါရှိတယ်ဆိုရင်လည်းဝမ်းမနည်းနဲ့၊ ရောဂါမရှိဘူးဆိုလို့လည်းမပျော်နဲ့၊ 
ရောဂါမရှိဘူးဆိုလည်း တစ်နေ့သေမှာပဲ၊ရောဂါရှိတဲ့သူလည်း တစ်နေ့သေမှာပဲ၊ 
တစ်ခါတစ်လေ ရောဂါမရှိဘူး ဆိုတဲ့သူကတောင် အရင်သေချင်သေတတ်တယ်မဟုတ်ဘူးလား၊ 
ဘာပဲဖြစ်ဖြစ် လူ့ဘ၀ရောက်တယ်ဆိုတာ နောက်ဆုံးတော့ သေခြင်းနဲ့အဆုံးသတ်ရတယ်၊
ဒါကိုသိထားသည့် အတွက်ကြောင့် မသေခင် ကိုယ်ဘာတွေလုပ်သင့်သလဲ? 
မစဉ်းစားသင့်ဘူးလား စဉ်းစားသင့်တယ်၊ဒီအတိုင်းမနေသင့်ဘူး၊ မှန်မှန်ကန်ကန် ရင်ဆိုင်ရဲရမယ်။
လူဆိုတာ တစ်နေ့သေမှာ၊ကြီးလည်းသေတာပဲ၊ ငယ်လည်းသေတာပဲ။ မြတ်စွာဘုရားက ဟောထား တယ်လေ 
“ဒဟရာ စ မဟန္တာစယေ ဗာလာယေစ ပဏ္ဍိတာ။ သဗ္ဗေမစ္စု ၀သံယန္တိ” တဲ့၊ 
“ဒဟရာစ” -ငယ်ငယ်လည်းသေတာပဲတဲ့၊ “မဟန္တာစ” - အသက်ကြီးမှလည်း သေတာပဲတဲ့၊
 “ယေ ဗာလာယေစ ပဏ္ဍိတာ” - မသိနားမလည်တဲ့သူလည်းသေတာပဲတဲ့၊ 
ပညာတတ်တဲ့သူလည်းသေတာပဲတဲ့၊ မသေတဲ့သူမရှိဘူး။
★  ဒါကိုသိထားပြီးတဲ့နောက်မှာကိုယ်ဘာလုပ်သင့်သလဲ? ကြောက်နေဖို့မဟုတ်ဘူးနော်၊ 
ရင်ဆိုင်ရဲဖို့ သေခြင်း တရားဟာ ကြောက်ဖို့မဟုတ်ဘူး၊ရင်ဆိုင်ရဲဖို့ပဲ၊ 
မှန်မှန်ကန်ကန် ရင်ဆိုင်ရဲရမယ်လို့ ဆိုလိုတာ။တခြားဘာသာဝင်တွေအနေနဲ့သူတို့ရဲ့ 
စာပေကျမ်းဂန်ကို သူတို့ရဲ့ ဘာသာတရား အရသူ တို့ရဲ့ဘုရားကို အားကိုးရမယ်လို့သူတို့ယုံကောင်းယုံကြလိမ့်မယ်၊ သို့သော် စိတ်ကောင်းနှလုံး 
ကောင်းထားမယ်၊ ကိုယ်ကျင့်တရားကောင်းမယ်ဆိုရင်ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် 
ကောင်းရာသုဂတိ ရောက်ဖို့ မခဲယဉ်းဘူး။
(ပါချုပ်ဆရာတော်ဘုရားကြီး ဒေါက်တာနန္ဒမာလာဘိဝံသ)
(ဓမ္မမိတ်ဆွေသူတော်စဉ်များကျန်းမာချမ်းသာကြပါစေဗျာ)
{ “အားပေးစကား“စာအုပ်မှကော်နှုတ်ချက်}
_/\\_ _/\\_ _/\\_  
 "အားပေးစကား"
လူတွေဘယ်အချိန် အားပေးစကား ပေးဖို့လိုတာလဲ ။ဘယ်လိုအားပေးမလဲ
★ လူတွေ စိတ်ဓာတ်အကျဆုံးအချိန်ဟာ ဘယ်အချိန်လဲလို့တရားချစ်ခင်
သူတော်စင်ပရိသတ်တို့ သိဖို့လိုတယ်နော်၊ လူတိုင်းလူတိုင်း
နောက်ဆုံးကြုံတွေ့ရမယ့် “တစ်နေ့သောအချိန်” ဆိုတာဘယ်အချိန်လဲ?
သေခါနီးအချိန်ပေါ့။
"အပြစ်ဆိုသည်မှာ"
Photo: "အပြစ်ဆိုသည်မှာ"
★ အပြစ်ဆိုသည်မှာ မကောင်းတဲ့အကျိုးကို သယ်ဆောင်လာတတ်တဲ့ သဘောကိုပြောတာ။
လောဘရှိလို့ကိုယ့်ပစ္စည်းကိုနှမျောတာ ကိုယ့်ပစ္စည်းကိုတွယ်တာတာ ကိုယ့်မိသားစုအပါ်
တွယ်တာတာ။ အပြစ်မရှိဘူးလို့ထင်သလား ။အပြစ်ရှိတယ် ဘယ်လိုအပြစ်ရှိလဲဆိုရင်
အဲ့ဒီတွယ်တာမှုက သောကဆိုတဲ့ဆိုးကျိုးကိုယူဆောင်လာတတ်တယ်။ ဘယ်သူကယူလာလဲဆိုတော့လောဘကယူလာတာ ဒါအနည်းဆုံးအပြစ်ပဲ။ 
တွယ်တာတဲ့နေရာမှန်သမျှ သောကဆိုတာလာတာပဲ။
သောကဆိုတာကောင်းသလားဆိုတော့မကောင်းဘူး။ စိတ်ပူစေတယ်။
★ အသက်အရွယ်ကြီးသူ တွေဆိုပိုဆိုးတယ်။ မိဘတွေဟာ သားသမီးတွေနဲ့ပက်သတ်လာရင် 
အချိန်တန်လို့ အိမ်ပြန်ရောက်ရင်ရောက် အိမ်ပြန်မရောက်ဖူးဆိုရင် တမျှော်မျှော်နဲ့
အိပ်မပျော်ဖြစ်လာတယ်။ အမျိုးမျိုးတွေးတယ်လေ။အပြင်ထွက်သွားပြီးဆိုရင် ဟဲ့
ဘာများဖြစ်လာမတုန်းတဲ့။
★ ပစ္စည်းရှိတဲ့သူတွေကလည်း ပစ္စည်းအတွက်ကြောင့်ကြ 
သားသမီးရှိတဲ့သူတွေကလည်း သားသမီးအတွက်ကြောင့်ကြ ။
အဲ့ဒါလောဘက ပေးတဲ့ ပြဿနာတွေပေါ့။ လောဘကပေးတဲ့ Problem တွေပဲ။
လောဘမရှိဘူးဆိုရင် ဒါတွေငြိမ်းနေမှာသေချာတယ်။ မြတ်စွာဘုရားက ဟောထားတယ်
"ပီယတော ဇာယတေ သောကော" တဲ့ ဟောရှင်းးရှင်းလေးပဲ။ ချစ်ခင်တွယ်တာမှုသည် 
သောကကိုမွေးဖွားတတ်သည်တဲ့ ။လူတွေကတော့ သောကကင်းဝေး နေထိုင်ရေး ဆိုကာ
ကြိုးစားကြတယ်။ သို့သော်ချစ်ခင် တွယ်တာမှုကိုတော့ မလျှော့ကြဘူး။ သောကကိုဘယ်လိုလျှော့ရမှာတုန်း။အကြောင်းနဲ့အကျိုးကဆက်နေတာကိုး။
★ ကဲအဲ့ဒီတော့ကိုယ့်လောဘကို ကိုယ်(Control)လုပ်ရင် လုပ် ။
မလုပ်ရင်ဘာဖြစ်လာမလဲ ဆိုတော့ ကိုယ့်ပစ္စည်းကိုလိုချင်တဲ့ လောဘတင်မကဘူး 
သူများပစ္စည်းကိုလိုချင်တဲ့ လောဘ ဖြစ်လာပြီဆိုရင်တော့ပြဿနာတွေဖြစ်လာမှာပဲ။
ခိုးမှုတွေ ဓားပြတိုက်မှုတွေ ရာဇ၀တ်မှု ကျူးလွန်မှုတွေဟာ အဲ့ဒီလောဘကြောင့်
ဖြစ်ရတာ။အဲ့ဒီတော့လောဘရဲ့ အပြစ်က ဘယ်လောက်ထင်ရှားလဲ အဲ့ဒါကြောင့်မို့လို့ ပညာရှိတွေဟာ လောဘကိုမကောင်းဘူးလို့ပြောကြတာ။ဒါလက်တွေ့ပဲလေ။
★ မကောင်းတဲ့လောဘကို မထိန်နိုင်းဘူးဆိုရင် ထိုပုဂ္ဂိုလ်သည်သာမန်
လူကောင်းတစ်ယောက်ကနေ သူခိုးသို့ ရောက်အောင်ပို့လိမ့်မယ်။ သူခိုးဘ၀ကနေ ဓားပြ ဘ၀ကိုရာက်ပြီ။ဘယ်သူကပေးလိမ့်တဲ့နာမည်လဲဆိုတော့ လောဘကပေးလိုက်တဲ့နာမည်ပဲ။ 
အကယ်၍သာ သူများပစ္စည်းလိုချင်တဲ့လောဘမျိုးမရှိဘူးဆိုရင် သူသည် 
သူခိုးဓားပြ အဖြစ်ဘယ်နည်းနဲ့မှ မရောက်နိုင်ဘူး။
★ထို့အတူပဲမောဟဆိုတဲ့သဘာဝတရားရှိတယ်။ သူကယဉ်ယဉ်ကလေးရယ်။
မောဟဆိုတာ တွေဝေနေတာ ဘာပြဿနာမှ မရှိဘူးလို့ ထင်ရတယ်။ 
မောဟကမှ ပိုပြဿနာကြီးတာ ။သူက လုပ်သင့်တာရယ် မလုပ်သင့်တာရယ် မသိဘူး။
မသိတော့ဘာတွေဖြစ်လဲဆိုတော့ မလုပ်သင့်တာတွေလုပ်တယ်။ လုပ်သင့်တာတွေမလုပ်ဘူး။
အဲ့ဒီတော့ မလုပ်သင်တာကို လုပ်လို့ရှိရင် အပြစ်ဖြစ်သလို လုပ်သင့်တာကို မလုပ်ရင်လည်း
အပြစ်ဖြစ်တယ်။ အဲ့ဒီနှစ်ခုဟာအတူတူပဲ။
★ ဟောဒီလောဘတို့ ဒေါသတို့ မောဟ တို့ဆိုတဲ့ လူတွေသန္တာန်မှာဖြစ်တဲ့ 
သဘာဝတရားတွေဟာ ကုသိုလ်လား အကုသိုလ်လားဆိုတာ ကိုယ့်ကိုယ့် 
ဆန်းစစ်ကြည့်။ကုသိုလ်ဆိုတာ ကောင်းကျိုးချမ်းသာကိုပေးတဲ့သဘောတရား။
အကုသိုလ်ဆိုတာ မကောင်းကျိုးကိုပေးတဲ့သဘောတရား။လောဘ ဒေါသ မောဟ
မကောင်းတဲ့ အကျိုးကိုသယ်ဆောင်လာတယ်။ 
ဒါ့ကြောင့်အပြစ်ရှိသလား မရှိဘူးလားဆိုရင် အပြစ်ရှိတယ်။
ပြဿနာမဖြစ်စေဘူးလားဆိုရင် ဖြစ်စေတဲ့ တရားတွေချည်းပဲ။ပညာရှိတွေ ကဲ့ရဲ့တဲ့တရား။
ဒီတရားမျိုးကိုလက်ခံကျင့်သုံးတဲ့ လူတစ်ယောက်ဟာ ကျောင်းကျိုးချမ်းသာတွေ ဘယ်တော့မှရမှာမဟုတ်ဘူး။ဒါလက်တွေ့ ကိုယ်ကိုယ်တိုင် ဆင်ခြင်စဉ်းစားလို့ရတဲ့ အချက်နဲ့အဖြေထုတ်တာ။
(ကျေးဇူးတော်ရှင် ဒေါတာနန္ဒမာလာဘိဝံသ)
(ဘ၀ခရီးဝယ်ရွေးချယ်ရမည့်လမ်းတရားမှ ကောက်နှုတ်ချက်)
ဓမ္မမိတ်ဆွေများ အပြစ်ဖြစ်စေသော သဘာဝတရားတွေကို ဓမ္မအသိကို ကျင့်သုံးခြင်းဖြင့်ပယ်ဖြောက်နိုင်ပါစေဗျာ။
%၅၈၄၇၁%
ဓမ္မမိတ်ဆွေသူတော်စဉ်များ အသိဉာဏ်တိုးပြီး ကျင်ကြံအားထုတ်နိုင်ကြပါစေဗျာ
_/\\_ _/\\_ _/\\_
 "အပြစ်ဆိုသည်မှာ"
★ အပြစ်ဆိုသည်မှာ မကောင်းတဲ့အကျိုးကို သယ်ဆောင်လာတတ်တဲ့ သဘောကိုပြောတာ။
လောဘရှိလို့ကိုယ့်ပစ္စည်းကိုနှမျောတာ ကိုယ့်ပစ္စည်းကိုတွယ်တာတာ ကိုယ့်မိသားစုအပ်ါတွယ်တာတာ။ အပြစ်မရှိဘူးလို့ထင်သလား ။အပြစ်ရှိတယ် ဘယ်လိုအပြစ်ရှိလဲဆိုရင်
အဲ့ဒီတွယ်တာမှုက သောကဆိုတဲ့ဆိုးကျိုးကိုယူဆောင်လာတတ်တယ်။
"ဘ၀ခရီးဝယ်လျှောက်လှမ်းရမည့်လမ်း -၁"
Photo: "ဘ၀ခရီးဝယ်လျှောက်လှမ်းရမည့်လမ်း -၁"
★ လူတိုင်းဘ၀တစ်ခုခုကို ရထားကြတယ်၊ ရထားကြတဲ့ဘ၀မှာ ကိုးကွယ်ရာ 
ဘာသာတရားတွေကအမျိုးစုံအောင်ရှိနေကြတယ်။ 
ဘာသာတရားဟောပြောတဲ့ပုဂ္ဂိုလ်တွေများသလို ယုံကြည့်ချက်တွေက
များလည်းများ အမျိုးလည်းစုံတယ်။ဥပမာ ဘာနဲ့တူသလဲဆိုတော့ မြေပုံကြီးတစ်ချပ်မှာ
လမ်းဆုံတွေ အများကြီးပါနေတာမျိုးနဲ့တူတယ်။မရောက်ဘူးတဲ့ဒေသ ခရီးသွားရင်း
လမ်းဆုံရောက်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ဘယ်လမ်းက လျှောက်ရမယ်ဆိုတာကို 
ရွေးချယ်ဖို့တော်တော် ခဲယဉ်းတယ်။
★ ဘာသာတရား တစ်ခုနဲ့တစ်ခု ယုံကြည်ချက်တွေ ဟောပြောချက်တွေ ကွဲပြားခြားနားနေကြတယ်။အမှန်တရားလို့ပြောတဲ့ အရာတောင်မှ 
တစ်ခုနဲ့တစ်ခု ဆန့်ကျင်နေတာတွေ့ရတယ်။ဘာသာတစ်ခုက အမှန်လို့ ပြောတဲ့အရာဟာ 
အခြားဘာသာတစ်ခုမှာ အမှားဖြစ်နေပြန်တယ်။
★ အမှားနဲ့အမှန် ရွေးချယ်နိုင်ဖို့ရန် စံမရှိဘူးဆိုလို့ရှိရင် ရွေးချယ်တတ်ဖို့ အင်မတန်မှခဲယဉ်းပါလိမ့်မယ်ဒီလိုအခြေအနေမျိုးမှာ ဘ၀ခရီးကို ဘယ်လမ်းက လျှောက်ရမလဲ 
ဆိုတာ ကိုယ့်ဟာကိုယ်ရွေးချယ်တတ်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။ 
ဗုဒ္ဓဘာသာ အသိုင်းအ၀ိုင်းထဲမှာတောင်မှပဲ အရွေးခက်နေတာတွေရှိနေတာပဲ။
★ အမှားအမှန်ရွေးချယ်ဖို့ခက်နေတဲ့ ပုဂ္ဂိုလ်တွေအတွက် ဗုဒ္ဓမြတ်စွာက လျှောက်လှမ်းစရာ လမ်းကြောင်းလေးတစ်ခုကို ရွေးချယ်ပေးတော်မူခဲ့တယ်။ တို့တတွေ 
ဘ၀ခရီးကိုလျှောက်လမ်းတဲ့အခါ ဘုရားရွေးပေး တဲ့လမ်းက လျှောက်ကြရမှာဖြစ်တယ်။ 
အမှန်တရားနဲ့ပတ်သက်ပြီး တွေဝေစရာတွေ တွေ့လာလို့ရှိရင်မှန်ကန်တဲ့လမ်းကို 
ဘယ်လိုရွေးမလဲဆိုတာကို  ဗုဒ္ဓမြတ်စွာက ကေသမုတ္တိသုတ် မှာဟောထားခဲ့တယ်။
အဲ့ဒီသုတ်ကို ကာလာမသုတ်လို့လည်းခေါ်တယ်။
★ ဒီသုတ်ကို ဟောတဲ့နေရာက ကောသလတိုင်းထဲမှာ အပါအ၀င်ဖြစ်တဲ့ 
ကေသမုတ္တိရွာမှာဖြစ်တယ်။ ဘာသာတရားဟောပြောတဲ့ပုဂ္ဂိုလ်တိုင်းဟာ 
သူ့အယူဝါဒကိုမှန်ကန်ကြောင်း တခြားဝါဒတွေ မကောင်း
ကြောင်း မမှန်ကြောင်းဟောပြောလေ့ရှိတယ်။မိမ၀ါဒကိုအကောင်းပြောပြီး 
တခြားဝါဒကို ပြစ်တင်ရှုတ်ချတယ်ပြောဟောတယ်။ကေသမုတ္တိရွာက 
ကာလာမလူမျိုးတွေဟာ မြတ်စွာဘုရားရောက်လာတော့
"ရင်ထဲက သံသယ စကားတွေ"ကိုလျှောက်ထားကြတယ်။
★ " အရှင်ဘုရားတဲ့ ဘာသာရေး ဂိုဏ်းအသီးသီးက ဘာသာရေးဆရာတွေဟာ ဒီဒေသကိုရောက်လာကြတယ်ဘုရား။ရောက်လာတဲ့အခါ သူတို့ရဲ့ဘာသာတရား သူတို့ရဲ့အယူဝါဒ ကောင်းကြောင်း ဟောပြောကြပါတယ်။တခြားအယူဝါဒတွေကိုတော့
 ပြစ်တင်ရှုံ့ချကြတယ်ဘုရား။ အဲ့ဒီတော့တပည့်တော်တို့မှာ
ဘယ်ဟာက မှန်တယ် ဘယ်ဟာကမှားတယ် ဆိုတာ သိဖို့ခက်ပါတယ်ဘုရား"
★ တလောက ဘုန်းကြီးဆီ ဒကာတစ်ယောက်ရောက်လာတယ် ။ တချို့ပုဂ္ဂိုလ်တွေရဲ့ 
ဘာသာရေးအတွေးအမြင်ဆိုတာကို သူကလျှောက်တယ်။လိုက်နာဖို့လွယ်တယ် လိုက်နာဖို့ခက်တယ်ပေါ့။လူဆိုတာအများစုကတော့ အလွယ်ကြိုက်တယ်။
★ ဗုဒ္ဓဘာသာက ကံ ကံ၏အကျိုးကို အခြေခံထားပြီးဟောတယ်။ကုသိုလ်ကံအကုသိုလ်ကံဆိုတာ ရှိတယ်။ကိုယ်လုပ်တာ ကိုယ်ခံရတယ်။မကောင်းတာလုပ်ရင် မကောင်းတဲ့အကျိုးခံရတယ်။
ကောင်းတာလုပ်ရင်ကောင်းတာစံစားရမယ်။ ကိုယ်လုပ်တာကိုယ်ခံပဲ။ 
ဗုဒ္ဓတရားက  မ, တာဆိုတာ မရှိဘူး။ကယ်တင်တယ်ဆိုတာ မရှိဘူး။
တချို့ဘာသာကျတော့ ဘုရားက မ, တယ် ကယ်တင်တယ်။
လုပ်ချင်တာလုပ် ဘုရားရှေ့ဒူးထောက်ပြီးတော့ ဖြောင့်ဆိုချက် ၀န်ခံချက်(Confession) လုပ်လိုက်တောင်းပန်လိုက်တာနဲ့ ဘုရားက ခွင့်လွှတ်တယ်။
အပြစ်တွေပျောက်တယ်။ မတောင်းပန်ရင်တော့ ဘုရားက ဒဏ်ခတ်တယ်။
အလွန်လွယ်တာကို။
★ အဲ့ဒီဒကာက ဗုဒ္ဓဘာသာက ကိုးသာကိုးကွယ်ရတယ် 
ဘုရားက မ,လည်း  မ, မဘူး။ကိုယ်လုပ်တာ 
ကိုယ်လုပ်တာကိုယ်ခံရမယ်ဆိုရင် ကိုးကွယ်ရတာအလားကားပဲပေါ့တဲ့။
 မ, တဲ့ဘုရား ကိုးကွယ်ရတာပိုမကောင်းဘူးလားတဲ့ ဆိုတဲ့အတွေးတွေဝင်ပြီး 
လာလျှောက်တယ်။
★ အဲ့ဒါနဲ့ပတ်သတ်ပြီး ဘုန်းကြီးကပြောပြလိုက်တယ်။ အေးတကယ်ဟုတ်ရင် ကောင်းတာပေါ့။
တကယ်မဟုတ်ဘဲနဲ့ မ, မဘဲနဲ့ မ, တယ်ထင်ပြီး ကိုးကွယ်ဂင်တော့ ဒါလူဖြစ်ရှုံးတာပဲ။ ဘုရားက
မ, မယ်ထင်ပြီး ဘုရားအားကိုးနဲ့ လုပ်ချင်ရာလုပ် အချိန်ကျလို့ရှိရင် (Confession) လုပ်လိုက် ရှိတဲ့
အပြစ်တွေ အားလုံးပျော်တယ်ဆိုတာ သိပ်လွယ်တာပေါ့။ဒါ ဟုတ်လား မဟုတ်ဘူးလား သေချာစဉ်းစားရမယ်။တကယ်ဟုတ်ရင်တော့ အားကိုးစရာ 
အလွန်ကောင်းတယ်။မဟုတ်ရင်တော့ ကိုယ်ကျိုးနည်းပြီ။
★ ဘုန်းကြီးက ဥပမာတစ်ခုပြောပြတယ်။ လူတစ်ဦးပြစ်မှုတစ်ခုကို 
ကျူးလွန်တယ်ဆိုပါဆို့။ ကျူးလွန်မိတဲ့အခါဥပဒေအရ အရေးယူခံရတယ်။ 
အဲဒီလို အရေးယူတဲ့အခါမှာ ဘုရားထံသွားပြီး ဒီအပြစ်ကခွင့်လွတ်ပါဆိုပြီး 
(Confession) လုပ်လို့ ဘုရားက လက်ခံလို့လက်တွေ့မှာ အပြစ်က 
လွတ်သွားတာရှိသလားဆိုတာ စဉ်းစားရမယ်၊ တကယ်တော့ မရှိဘူးနော်။
★ ဒီလိုလက်တွေ့အားဖြင့် မရနိုင်တာကို ရနိုင်တယ်ထင်ပြီး ပြစ်မှုကျူးလွန်တဲ့ ပုဂ္ဂိုလ် 
ကိုယ်ကျိုးမနည်းပေဘူးလား။ အေးလုပ်ချင်တာလုပ်မယိ တရားရုံးကြရင် ငါဖြာင့်ချက်ပေးလိုက်တာနဲ့  ပြစ်မှုတွေအားလုံးကွင်းလုံးကျွတ် 
လွတ်စေဆိုတာမျိုး ရနိုင်သလား။ လူလုပ်တဲ့ဥပဒေတောင်မရဘူးဆိုရင်
သဘာဝတရားရဲ့ ဥပဒေဆိုရင်ဘယ်လိုလုပ် ရမလဲ။လက်တွေ့ ဘာတစ်ခုမှ မရှိဘဲ အပြောသက်သက်သာဖြစ်ပြီး လူတွေလက်ခံ ယုံကြည်နေကြတဲ့အရာတွေ 
လောကမှာ အများကြီးရှိတယ်။ တကယ့်လက်တွေ့
မှာဖြစ်မလာဘူး။အဲ့ဒီတော့ ကိုယ်မဟုတ်တာလုပ်ရင် ကိုယ်ခံရတယ်။
ကိုယ်ကြိုးစားရင် ကိုယ်စံရတယ်။ဆိုတာ လက်တွေ့ပြနိုင်တာတွေ အများကြီးရှိပါတယ်။
★ အရာရာဟာကိုယ့်အပေါ်မှာ မူတည်တယ်ဆိုတာ မှန်တယ်။အလွန်ကျေနပ်စရာကောင်းတယ်။
ဗုဒ္ဓတရားတော်ဟာ တကယ့်လက်တွေ့ (Pratical) ကျတယ်၊ ကိုယ်လုပ်တာ ကိုယ်ခံရတယ်
ဆိုတာလည်း တကယ့်လက်တွေ့မှာ ဟုတ်တယ်။ကိုယ်ကျိုးစားရင် ကိုယ်ဖြစ်တာပဲ မကြိုးစားရင်
မဖြစ်ဘူး။ ဉာဏ်ရည် ဉာဏ်သွေး ဘယ်လောက်ကောင်းကောင်း IQ ဘယ်လောက်မြင့်မြင့်
မကြိုးစားရင် ဘာမှဖြစ်မလာဘူး။ကြိုးစားပြီးဆိုရင် လုံ့လ၀ီရိယ အကျိုးခံစားရမယ်။
(ကျေးဇူးတော်ရှင်ပါချုပ်ဆရာတော် ဘုရားကြီး)
"ဘ၀ခရီးဝယ်လျှောက်လှမ်းရမည့်လမ်း" တရားမှကောင်နှုတ်ချက်။
ဆက်လက်ကူးယူဖော်ပြမည်။
 (ဓမ္မမိတ်ဆွေသူတော်စဉ်များကျန်းမာချမ်းသာကြပါစေဗျာ)
%၅၈၄၇၁%
_/\\_ _/\\_ _/\\_
"ဘ၀ခရီးဝယ်လျှောက်လှမ်းရမည့်လမ်း -၁"
★ လူတိုင်းဘ၀တစ်ခုခုကို ရထားကြတယ်၊ ရထားကြတဲ့ဘ၀မှာ ကိုးကွယ်ရာ
ဘာသာတရားတွေကအမျိုးစုံအောင်ရှိနေကြတယ်။
ဘာသာတရားဟောပြောတဲ့ပုဂ္ဂိုလ်တွေများသလို ယုံကြည့်ချက်တွေက
များလည်းများ အမျိုးလည်းစုံတယ်။ဥပမာ ဘာနဲ့တူသလဲဆိုတော့ မြေပုံကြီးတစ်ချပ်မှာ
လမ်းဆုံတွေ အများကြီးပါနေတာမျိုးနဲ့တူတယ်။
"ဘ၀ခရီးဝယ်လျှောက်လှမ်းရမည့်လမ်း -၂"
Photo: "ဘ၀ခရီးဝယ်လျှောက်လှမ်းရမည့်လမ်း -၂"
★ ဉာဏ်ရည် ဉာဏ်သွေး ဘယ်လောက်ကောင်းကောင်း IQ ဘယ်လောက်မြင့်မြင့်
မကြိုးစားရင် ဘာမှဖြစ်မလာဘူး။ကြိုးစားပြီးဆိုရင် လုံ့လ၀ီရိယ အကျိုးခံစားရမယ်။
အဲ့ဒီကြားထဲမှာ ဘုရားသခင်က မ,တယ်ဆိုတာ ယုံနေတယ်တဲ့ ပုဂ္ဂိုလ်တွေကျတော့ အချိန်တန်ဘုရားအားကိုးတာဆိုတော့ သူကကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားစရာမလိုဘူး။
ဘာလုပ်သင့်တယ် ဘာ မလုပ်သင့်ဘူး
(What should we done, what should not we done) 
ဆိုတာလည်း ခွဲခြားသိစရာ မလိုဘူး။လူရဲ့ဉာဏ်ရည်ဉာဏ်သွေးဟာလည်း 
ဘာမှတန်ဖိုးမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ အရာရာဟာ ဘုရားသခင်အလိုတော်ကျ 
ဖြစ်ရတာမို့ပဲ။ 
★ လက်တွေ့မှာဒါတွေဖြစ်နိုင်လား။ကိုယ်ပိုင်ဉာဏ်နဲ့ပဲ စဉ်းစားကြည့်။ 
ဗုဒ္ဓမြတ်စွာက စိတ်ကူးယဉ် မျှော်မှန်းရရုံ
ဟောတာမဟုတ်ဘူး။လက်တွေ့လုပ်လို့ ရတဲ့တရားကိုဟောတာ။ 
ဆို့ပါစို့  ဒီလမ်းကလျှောက်ရင် ဒီစခန်းရောက်မယ်ဆိုတာ သိပြီးသားပဲလေ။
လမ်းကြောင်းပေါ်မှာလျှောက်နေရင် ထိုလမ်းအတိုင်းမှန်မှန်သာ
လျှောက် လျှောက်နေမယ်ဆိုရင် စခန်းကိုမြင်ရသည် ဖြစ်စေ မမြင်ရသည် ဖြစ်စေ လမ်းကြောင်းမှန်ရင်ထိုစခန်းကိုရောက်မှာသေချာတယ်။ဆိုပါဆို့ 
ေ၇ွှတိဂုံဘုရားကိုသွားမယ်  ဘုရားကိုဦးတည်နေတဲ့ လမ်းမကြီးကိုသာလျှောက် 
ဘုရားကိုမမြင်ရသည်ဖြစ်စေ ဘုရားကိုရောက်မှာပါ။ မရောက်တဲ့လမ်း 
လျှောက်မယ် ပြောင်းပြန် လျှောက်မယ်ဆိုရင်တော့ ရွှေတိဂုံဘုရားကိုရောက်မှာ 
မဟုတ်ဘူး။ဒါဟာလက်တွေ့ကျတယ်။
★ ဒါ့ကြောင့်မို့ မြတ်စွာဘုရားက ကေသမုတ္တိရွာက 
လူတွေကျကျကိုယ်ပိုင်ဉာဏ် အသုံးချတတ်ဖို့ ဒီသုတ္တံကို
ဟောတာ။ဒီသုတ္တံဟာ လူတိုင်းအတွက် (Guide Line )တစ်ခုပဲ 
(Road map) လို့ပြောနိုင်တယ်။မြတ်စွာဘုရားက ဆက်ပြီးရှင်းပြတယ် ။
အေးဒီလို သံသရဖြစ်နေမယ်ဆိုရင် ငါပြောမယ်တဲ့။
၁။မာ အနုဿဝေန= အမှန်တရားကိုရှာတဲ့အခါမှာ တဆင့်ကြားစကားအပေါ်
အခြေခံပြီးတော့ မရှာနဲ့။ဟိုလူပြောတာ ဒီလူပြောတာဆိုတဲ့ တဆင့်ကြားစကား (Hearsay) 
တွေအပေါ်မှာ အခြေခံပြီးတော့မရှာနဲ့။တဆင့်ကြားစကားဆိုတာ မှန်တာရှိတယ် 
မှားတာရှိတယ် မသေချာဘူး။
၂။မာ ပရမ္ပရာယ=အစဉ်အလာ ကျင့်သုံးလာတဲ့ အချက် အစဉ်အလာ ယုံကြည်ထားတဲ့အချက်အပေါ်အခြေခံပြီးတော့လည်း အမှန်တရားကိုမရှာဖွေနဲ့။
ဘာဖြစ်လို့လဲဆိုတော့ (Tradition) ဆိုတဲ့ အစဉ်အလာကျင့်သုံးလာတဲ့ 
လက်ခံလာတဲ့အချက်ဟာ မှန်တာလည်းရှိတယ် မှားတာလည်းရှိတယ် သေချာပေါက်
အမှန်လို့ချည်းမပြောနိုင်ဘူး။
၃။မာ ဣတိကိရာယ = တစ်ဦးတစ်ယောက်က လာပြီးဒါက ဒီလိုပါဆိုပြီး တင်ပြချက်ကိုအခြေပြီးတော့လည်းအမှန်တရားကို ဆုံးဖြတ်လို့မရဘူးတဲ့။
သူပြောတဲ့ (Report)ဟာ မှန်ရင်လည်းမှန်မယ် မှားရင်လည်းမှားမယ်
မသေချာဘူး။
၎။မာ ပိဋကသမ္ပဒါနေန = ကိုယ်သင်ထားတဲ့စာပေနဲ့ကိုက်ညီတယ် 
ဆိုရုံနဲ့လည်း မှန်တယ်လို့ မဆုံးဖြတ်နဲ့။
ဘာလို့လဲဆိုတော့ စာအုပ်ထဲမှာ ရေးထားတယ်ဆိုပေမယ့် 
မှားရင်မှားမယ် မှန်ရင်လည်းမှန်မယ် ပြောလို့မရဘူး။
ကနေ့ခေတ်မှာ English ဘာသာနဲ့ ရေးပြီး Buddhism 
အမည်တပ်တဲ့ စာအုပ်တွေဟာ ကိုယ့်အယူဝါဒ 
ကိုယ်ထင်ရာရေးပြီး Buddhism အမည်တပ်ထားတာပဲ။
၅။မာ တက္ကဟေတု= လောကမှာအမှန်တရားကို ရှာတဲ့နည်းတစ်နည်းရှိသေးတယ်။
Logic လို့ခေါ်တယ်။အဲ့ဒီ Logic ဆိုတဲ့ နည်းနဲ့ရော အမှန်တရားကို 
ရှာလို့ရလားဆိုတော့ မရဘူး။ Logic ဆိုတာ ကျိုးကြောင်း
ဆင်ခြင်တဲ့နည်း အဲ့ဒီနည်းစနစ်နဲ့ ရှာရင် မှန်တဲ့အခါမှန်တဲ့အခါမှန်တယ် 
မမှန်တဲ့အခါမမှန်ဘူး။
ကျိုးကြောင်း ဆင်ခြင်တယ်ဆိုတာ ဥပမာ-လူဟာသေမျိုးဖြစ်တယ်။ဦးဘဟာ လူဖြစ်တယ်။ဒါကြောင့်ဦးဘဟာ သေမျိုးဖြစ်တယ်။
ဒီအချက်ဟာ မှန်တယ်။ သို့သော် ဗျိုင်းငှက်ဟာ ဖြူတယ်။ကျီးဟာငှက်ဖြစ်တယ်
ဒါကြောင့် ကျီးဟာ ဖြူတယ်ဆိုရင် မမှန်ပြန်ဘူး။Logic နဲ့ဆင်ခြင်တိုင်းလည်း 
အမှန်တရားဆိုတာ မတွေ့နိုင်ဘူး။
၆။မာ နယဟေတု= ရှာဖွေတဲ့နည်းလမ်းတစ်ခုကိုအသုံပြုပြီးတော့ 
အမှန်တရားကို အသုံးပြုလို့မရဘူး။အကျိုးကိုကြည့်ပြီး 
အကြောင်းကို ဖော်ထုတ်တဲ့နည်း အကြောင်းကိုကြည့်ပြီး အကျိုးကိုဖော်ထုတ်တဲ့
နည်းကို အနုမာန( inference) ဆိုတဲ့အရာဟာ အမှန်တရားကို ရှာတဲ့အခါမှာ လုံလောက်တဲ့ 
ဆုံးဖြတ်ချက်ကိုမပေးနိုင်ဘူး။မြတ်စွာ ဘုရားက လောကမှာလူတွေ 
အမှန်တရားဆိုပြီး လက်ခံနေကြတာဟာဒါတွေပေးမှာ အခြေပြုနေကြတယ်တဲ့။
၇။မာ အာကာရပရိဝိတက္ကေန = အခြေအနေအရပ်ရပ်ကို 
သုံးသပ်ဆင်ခြင်တဲ့နည်း အကြောင်းတရားရှာတဲ့နည်း(Reasoning) နဲ့လည်း 
အမှန်တရားကို ရှာလို့မရဘူးတဲ့။အဲ့ဒါကလည်းမသေချာဘူး။
၈။မာ ဒိဋ္ဌိနိဇ္ဈနက္ခန္တိယာ= ကိုယ့်အကြိုက်နဲ့ ကိုက်ညီတယ် ဆိုတာနဲ့လည်းအမှန်တရားကို မရှာနဲ့တဲ့။ကိုယ်ကအမျိုးမျိုးတွေးခေါ်ပြီးတော့ ကြိုက်နှစ်သက်လို့ 
ယူထားတဲ့ အယူဝါဒနဲ့ ကိုက်ညီလို့ရှိရင်လက်ခံကြတယ်။
ဒါဟာ ငါကြိုက်တဲ့ အယူဝါဒနဲ့ကြိုက်ညီတယ် ထင်တဲ့အတိုင်း
ဟုတ်နေတယ်ဆိုပြီးတော့ကိုယ့်အမြင်နဲ့မှန်ရင် အမှန်တရားကိုလက်ခံကြတယ်တဲ့။
အဲ့ဒါလည်းစိတမချရဘူးတဲ့။
၉။မာဘဗ္ဗရူပတာယ =မှတ်သားထိုက်တဲ့အရာ ဆိုရုံနဲ့လည်းအမှန်တရားကို မရှာနဲ့။
လူတွေက ဒါလေးက မှတ်သားစရာကောင်းတယ် ယုတ္တိရှိတယ်ဆိုတာလေးနဲ့ 
အမှန်တရားကိုလက်ခံကြတယ်။ ရှေ့ကိုဆက်ပြီး
မစဉ်းစားဘူး။ဒါလည်းပဲ စိတ်ချရတဲ့ အကြောင်းတစ်ခုမဟုတ်ဘူးတဲ့။
၁၀။မာ သမဏော နောဂရု =ဒို့ကိုးကွယ်တဲ့ဆရာပဲ လေးစားထိုက်တယ် 
သူ့စကားဆိုတာနဲ့လည်းအမှန်တရားကိုမရှာနဲ့။ဒီပုဂ္ဂိုလ်ကြီးကတော့ ဒို့ဆရာကြီး 
ဂုရုကြီးပဲ သူပြောတာမှန်တယ်ဆိုပြီးမဆုံးဖြတ်လိုက်နဲ့။အခုပြောတဲ့ အချက်(၁၀)ချက်ဟာ 
အမှန်တရားကိုဆုံးဖြတ်တဲ့အခါ မှာ အားကိုးယုံကြည်လောက်တဲ့ 
အကြောင်းတရားတွေ မဟုတ်ဘူးတဲ့။
★ဒါဖြင့် အမှန်နဲ့အမှားကို ဆုံးဖြတ်တဲ့အခါမှာ အားကိုးယုံကြည်လောက်တဲ့ အကြောင်းဆိုတာဘာလဲ။ကိုယ်တိုင် လက်တွေ့သိတဲ့အသိဉာဏ်ပဲဖြစ်တယ်။
ကိုယ်တိုင်သိအောင်လုပ် ကိုယ်တိုင်သိအောင်လုပ်တဲ့
အချက်ဟာအသေချာဆုံးပဲ။အေးဥပမာ လောဘဆိုတဲ့သဘောတရား 
ဒေါသဆိုတဲ့သဘောတရားမောဟဆိုတဲ့သဘောတရား ဟာအပြစ်မရှိတဲ့အရာလား။ 
မြန်မာလိုပြောရင် ငရဲကြီးသလား။မကြီးဘူးလား။ကိုယ့ဟာကိုယ် စဉ်းစားကြည့်ပေါ့။
ငရဲကြီးတာ မကြီးတာ ဘာနဲ့တိုင်းတာမလဲ။
(ကျေးဇူးတော်ရှင်ပါချုပ်ဆရာတော် ဘုရားကြီး)
"ဘ၀ခရီးဝယ်လျှောက်လှမ်းရမည့်လမ်း" တရားမှကောင်နှုတ်ချက်။
ဆက်လက်ကူးယူဖော်ပြမည်။
(ဓမ္မမိတ်ဆွေသူတော်စဉ်များကျန်းမာချမ်းသာကြပါစေဗျာ)
%၅၈၄၇၁%
_/\\_ _/\\_ _/\\_
"ဘ၀ခရီးဝယ်လျှောက်လှမ်းရမည့်လမ်း -၂"
★ ဉာဏ်ရည် ဉာဏ်သွေး ဘယ်လောက်ကောင်းကောင်း IQ ဘယ်လောက်မြင့်မြင့်
မကြိုးစားရင် ဘာမှဖြစ်မလာဘူး။ကြိုးစားပြီးဆိုရင် လုံ့လ၀ီရိယ အကျိုးခံစားရမယ်။
အဲ့ဒီကြားထဲမှာ ဘုရားသခင်က မ,တယ်ဆိုတာ ယုံနေတယ်တဲ့ ပုဂ္ဂိုလ်တွေကျတော့ အချိန်တန်ဘုရားအားကိုးတာဆိုတော့ သူကကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားစရာမလိုဘူး။
"ဘ၀ခရီးဝယ်လျှောက်လှမ်းရမည့်လမ်း -၃"
"ဘ၀ခရီးဝယ်လျှောက်လှမ်းရမည့်လမ်း -၃"
★ အပြစ်ရှိတာ မရှိတာ ငရဲကြီးတာမကြီးတာ ဘာနဲ့တိုင်းတာမလဲ။ထင်ရှားတာတစ်ခုပြမယ်။
ဥပမာကိုယ့်စိတ်ထဲမှာ နှလုံးသားထဲမှာ ဒေါသဆိုတာဝင်လာတာနဲ့
တပြိုင်နက် စိတ်အေးချမ်း
မှုတွေ လက်လွှတ်ဆုံးရှုံးသွားတယ်။
အ အေးဓါတ်ပေးနိုင် ကြပါစေ----
 အ အေးဓါတ်ပေးနိုင် ကြပါစေ----
အင်္ဂုလိမာလ ဆိုရင် တော့၊တော်တော်များ
များသိကြမှာပါ။ဟိုတုန်းက တက္ကသိုလ်ဆိုတာ
တစ်ခုထဲပဲရှိခဲ့တယ်နော်---
နိုင် ငံအသီးသီးက လူစွမ်းကောင်းတွေစု
ဝေးရောက် ရှိလာပြီး၊ပညာအသီးသီးသွားသင
ယူ၊ကိုယ့်နေရာ ကိုယ့်ဌာနေ ရောက်တော့မှ ပြန်
လည်မျှဝေ၊ပို့ ချသင် ပေးကြတာ။ 
<*> အမှားနောက်မှာ ... အမှောက်နားမယ် <*>
<*> အမှားနောက်မှာ ... အမှောက်နားမယ် <*>
{*} အမှားဆိုတာ ...
မောဟမကင်းသေးသူတိုင်းရဲ့.
ဘဝမှာ. ဖြစ်လေ့ဖြစ်ထရှိတဲ့ ...
သဘာဝတစ်ခုပါ. ၊၊
မောဟကင်းတယ်ပဲ ထားဦး.
အသိဉာဏ်. မပြည့်စုံရင် ...
ကျွမ်းကျင်မှု အားနည်းရင်လည်း.
မှားတတ်တာပါပဲ ၊၊
Wednesday, June 18, 2014
"စိတ်ပိုင်းလည်း တိုးတက်ပါစေ"
Photo: "စိတ်ပိုင်းလည်း တိုးတက်ပါစေ"
======================
ယနေ့ ကမ္ဘာကြီးတိုးတက်နေတယ် ဆိုတော့ 
အများက သဘောကျသလိုလိုပါပဲ။
တိုးတက်တယ်ဆိုပေမယ့် 
အဝတ်အစား၊ အနေအထိုင်၊ 
အသုံးအဆောင်တွေဘက်မှာသာ
 တိုးတက်နေတာပါ။
သူတော်ကောင်းတရားကျတော့ 
မတိုးတက်ပါဘူး။
ဒီတိုးတက်မှုတွေက
 ကြာရှည်လည်း မခံပါဘူး။
ယခုလို ရုပ်ဝတ္ထုတစ်ဖက်တည်း
 တိုးတက်နေပြီးတော့
အကျင့်စာရိတ္တဆိုတဲ့ 
နာမ်ပိုင်းဆိုင်ရာ တိုးတက်မှုမပါရင်
ဘယ်လောက်ချမ်းသာချမ်းသာ 
စိတ်ရဲ့ ငြိမ်းချမ်းမှုဆိုတာကတော့ မရနိုင်ပါဘူး။
(အရှင်ဇနကာဘိဝံသ ဆရာတော်ကြီး)
မင်းနန်(မော်ကျွန်း)
ဆရာတော်ကြီးများ၏ သြဝါဒတော်များပေါင်းချုပ် (နှာ-၂၃၈) မှ 
ကောက်နုတ်ပူဇော်ပါသည်။
“ ထေရဝါဒ ရနံ့ ” https://www.facebook.com/thefragranceoftheravada
မေတ္တာဖြင့် ဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ
(www.infinitydhamma.com)
 "စိတ်ပိုင်းလည်း တိုးတက်ပါစေ"
======================
ယနေ့ ကမ္ဘာကြီးတိုးတက်နေတယ် ဆိုတော့
အများက သဘောကျသလိုလိုပါပဲ။
တိုးတက်တယ်ဆိုပေမယ့်
အဝတ်အစား၊ အနေအထိုင်၊
အသုံးအဆောင်တွေဘက်မှာသာ
တိုးတက်နေတာပါ။
"သတိနေအိမ်"
Photo: "သတိနေအိမ်"
===========
I have no home.
I make awareness my home.
ငါ့မှာ အိမ်မရှိပါဘူး။
ငါဟာ သတိကို အိမ်လုပ်ပြီးတော့ နေပါတယ်။
I have no life or death.
I make the tides of breathing my life and death.
ငါ့မှာ မွေးဖွားခြင်း သေဆုံးခြင်းဆိုတာ မရှိပါဘူး။
ထွက်လေ ၀င်လေကိုပဲ မွေးဖွားခြင်း သေဆုံးခြင်းလို့ 
သဘောထားပါတယ်။
I have no devine power.
I make honesty my devine power.
ငါ့မှာ တန်ခိုးဣဒ္ဓိပါဒ် မရှိပါဘူး။
ငါဟာ ရိုးသားမှုကို ငါ့ရဲ့ တန်ခိုးဣဒ္ဓိပါဒ်အဖြစ်
လုပ်ထားပါတယ်။
I have no friend.
I make my mind my friend.
ငါ့မှာ မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်း မရှိပါဘူး။
ငါဟာ ငါ့စိတ်ကို မိတ်ဆွေအဖြစ် လုပ်ထားပါတယ်။
I have no armour.
I make benevolence my armour.
ငါ့မှာ သံချပ်ကာအကျီ င်္မရှိပါဘူး။
ငါဟာ သူတစ်ပါးကောင်းကျိုးကို လိုလားတယ်ဆိုတဲ့
စိတ်ကိုပဲ သံချပ်ကာအကျီ င်္သဖွယ် လုပ်ထားပါတယ်။
I have no sword.
I make absence of self my sword.
ငါ့မှာ ဓားရှည် မရှိပါဘူး။
ငါဟာ အတ္တမရှိခြင်းကိုဘဲ လက်နက်ဖြစ်တဲ့
ဓားရှည်ကြီးအဖြစ် လုပ်ထားပါတယ်။
ဆရာတော် ဦးဇောတိက
(သတိဆိုတဲ့ နေအိမ် မှ)
မေတ္တာဖြင့် ဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ
(www.infinitydhamma.com)
"သတိနေအိမ်"
===========
I have no home.
I make awareness my home.
ငါ့မှာ အိမ်မရှိပါဘူး။
ငါဟာ သတိကို အိမ်လုပ်ပြီးတော့ နေပါတယ်။
"သဲအင်းဂူဆရာတော်ဘုရားကြီး၏ အတိတ်ဝဋ်ကြွေးတော်နှင့် ယနေ့ ခေတ် ဆင်ခြင်ဖွယ်"
Photo: "သဲအင်းဂူဆရာတော်ဘုရားကြီး၏ 
အတိတ်ဝဋ်ကြွေးတော်နှင့် ယနေ့ ခေတ် ဆင်ခြင်ဖွယ်"
=================================
သူများဆဲတာကို အပြစ်မပြောဘူး။
ဦးဇင်းက အတိတ်က သူများကို ဆဲခဲ့တဲ့ အပြစ်ကိုသိတယ်။
ငါ့ကိုက မကောင်းတဲ့ကံ၊ သူများကို ဆဲခဲ့လို့ အခုငါခံ။
အတိတ်အကြောင်း သိချင်လား ဒကာကြီး။
ဦးဇင်းက ဝေဿဘူဘုရားလက်ထက်က ရှင်ဘုရင်ဖြစ်ခဲ့တယ်။
ထီးနန်းအုပ်ချုပ်သူ ဘုရင်။ ပိဋကတ်သုံးပုံ
 ပြောင်းပြန် ဘယ်ပြန်ညာပြန်
လှန်ခဲ့တယ်။ အတတ်မျိုးစုံလည်း တတ်ခဲ့တယ်။
ဘုရင်ကလည်း အကြီးစား၊ ဦးဇင်းအတိတ်က ကံပြောတာ။
သူများကို ဆဲခဲ့တာ ပြောတာ။
ကိုယ့်ထက် တတ်တဲ့သူ မရှိဘူးလို့ 
ဒီလို မာန်မာနတရားတွေ
လက်မကြီးထောင်ခဲ့တယ်။
 အစွယ်ကြီးချိတ်ခဲ့တယ်။
မာန်တွေ မာန်တွေ၊ ငါ့ထက်တတ်တဲ့သူ
 မရှိဘူးလို့ ဒီလို အစွယ်ကြီး ချိတ်ခဲ့တယ်။
အဲဒီတော့ ဘုရင်လည်း ဖြစ်နေတော့ ဒကာကြီးရဲ့ 
ပိဋကတ်သုံးပုံ နှုတ်ငုံ အာဂုံဆောင်နိုင်တဲ့ ရှင်ဘုရင်။
ပိဋကတ်သုံးပုံ နှုတ်ငုံဆောင်လာတဲ့ ပုဂ္ဂိုလ်ဆိုတော့
သံဃာတော်အရှင်မြတ်များတွေ ကြည့်လိုက်တဲ့
အချိန်ခါကျတော့ ငါ့လောက် စာမတတ်ပါဘူးလို့ 
ဒီလိုသွားပြီးတော့ ပြစ်မှားတယ်၊ သံဃာတွေကို။
ငါုလောက် မတတ်ပါဘူးကွာ၊ ငါမေးလိုက်ချင်တယ်၊
အဲဒီလို ဒကာကြီးရေ။ ငါမေးလိုက်ရင်
 ငါ့အမေး မခံနိုင်ပါဘူး၊ ငါ့လောက် မတတ်ပါဘူး၊
အဲဒီလို သွားပြီးတော့ ၀စီဗေဒကံ မျက်ခြင်းကြောင့်မလို့ 
ဦးဇင်းက အတိတ်ကာလတုန်းက
သံဃာတော်အရှင်မြတ်များ အဲဒီလို ဆဲခဲ့တယ်။
အခုလည်း ဦးပဇင်းကို ဘာတတ်တာလဲကွာဆို
အဆဲခံရတာ။ ဦးပဇင်းကံက အတိတ်က
မကောင်းခဲ့လို့  ဦးပဇင်းက ဆဲခဲ့လို့ အခု
သူများက ကိုယ့်ဆဲတာ။ ကိုယ်က မကောင်းတာ ဒကာကြီး။
သူများက မကောင်းတာ မဟုတ်ပါဘူး။ ဦးပဇင်းရဲ့ ကံပါ။
ငါ့လောက်မတတ်ပါဘူး၊ ငါမေးလိုက်ရင်
အမေးမခံနိုင်ဘူးပါဘူးဆိုတဲ့ လောဘ ဒေါသ
မောဟ မာနတရားတွေ ထောင်လွှားပြီးတော့ လာခဲ့တယ်။
အဲဒီဘ၀က ကျသွားပြန်တော့ ဒကာကြီးရေ
ငါ့လောက်မတတ်ဘူးဆိုတဲ့ဟာ ငရဲကျသွားတာပဲ။
ငရဲမှာ ခံလိုက်ရတာ မပြောချင်ဘူး ဒကာကြီးရေ။
အဲတော့ သိတော့ ကြောက်တာပေါ့ ဒကာကြီးရာ။
အတိတ်က ခံလာရတဲ့ဟာတွေ မြင်တော့ ကြောက်တယ်။
အတိတ်က ခံလာရတဲ့ဟာ မမြင်တော့ ဘယ်သူမှ မကြောက်ဘူး။
လက်ဖက်ရည်ဆိုင်ထိုင်ရောင်းနေတဲ့ ပုဂ္ဂိုလ်ကလည်း
လက်ဖက်ရည်ဆိုင်ထိုင်ရင်း ငါဒီကနေ့ ဘယ်လောက်ရမလဲ
ဒါပဲတွက်ပြီးတော့ နေတာ သေတော့ အပါယ်ဆင်းမှာကို မသိဘူး။
ဘာကြောင့် မသိသလဲဆိုတော့ သွားရာလမ်းကြောင်း မသိဘူး။
မသိကြတော့ ဒီလိုပဲ ပျော်ပျော်ကြီး နေတာပေါ့။
စာတတ်တဲ့ပုဂ္ဂိုလ်တွေက စာနဲ့ နှိုင်းတယ်။
စာနဲ့ မနှိုင်းနဲ့ ခန္ဓာနဲ့ နှိုင်း။ ထိုင်နေတုန်း ခန္ဓာထဲကြည့်
သဘောတွေ့ လိမ့်မယ်။ စာနဲ့ သွားမဟပ်လိုက်နဲ့ ၊
စာက ပညတ်၊ ခန္ဓာက ပရမတ်။
ပရမတ်သဘောတရားကို မြင်အောင်ကြည့်။
ကိုယ်သိရမှာက ခန္ဓာကိုကြည့် သဘောသိမယ်။
ဘုရားအသိကို အဂ္ဂသာဝက မဟာသာဝက မသိနိုင်ဘူး။
အဂ္ဂသာဝကအသိကို ပကတိသာဝက မသိဘူး။
ပကတိသာဝကအသိကို အနာဂမ်က သိပါမလား။
အနာဂမ်အသိကို သကဒါဂမ်က သိပါမလား။
သကဒါဂမ် အသိကို သောတာပန်က သိပါမလား။
သောတာပန်အသိကို အန္ဓပုထုဇဉ်က သိပါမလား။
အဲ အခုပုဂ္ဂိုလ်တွေက သောတာပန်လည်းမဟုတ်
ဘာမှလည်း မဟုတ်ဘဲနဲ့ ပေတံတွေနဲ့ ထောက်လိုက်ကြတာ။
ကိုယ်ကလည်း ဘာမှမသိဘူး။ စာအုပ်ကလေးကြည့်ပြီး
ပေတံနဲ့ ထောက်လို့ ဘယ်ရမလဲ၊ ခန္ဓာကိုကြည့်ပြီး ထောက်။
ခန္ဓာအသိနဲ့ ထောက်လိုက်ရင် သိပ်ကောင်းတယ်။
မကျင့်လည်း မကျင့်ဘဲနဲ့ ပေတံနဲ့ ထောက်လို့ ရမလား။
ဦးပဇင်း ၀စီဗေဒကံထိုက်လို့ အခုထက်ထိ 
စာကို ပါဠိလို မရွတ်တတ်ဘူး။
ဒါကြောင့်မို့ အခုလာရောက်တဲ့ ဒကာဒကာမတွေ
ကိုယ်လည်း မသိဘဲနဲ့ သူများများ
 ပေတံနဲ့ မထောက်လိုက်နဲ့ ၊
ဝစီဗေဒကံများ မမျက်လိုက်နဲ့ ၊ 
စာမတတ်တဲ့ကောင်ပဲ သွားမလုပ်လိုက်နဲ
ဝစီဗေဒကံ မျက်တိုင်းရှိတယ်။ 
အဲဒီတော့ မမျက်ကြနဲ့ ။
ဝိပဿနာဟာ အမြတ်ဆုံးတရားပဲ။ 
ကျင့်တုန်းများ သေသွားနတ်ပြည်သွားတာပဲ။ 
မကျင့်ဘဲနဲ့ နာရုံပဲနာပြီးများ မနေကြနဲ့ ၊
ကျင့်ကြ ကျင့်ရင် အပါယ်ဘယ်တော့မှ မသွားဘူး။
မကျင့်ဘဲပုဂ္ဂိုလ်ကတော့ နာရုံသက်သက်နဲ့ တို့ လည်း
သိထားတာပဲလို့ မလုပ်နဲ့ ၊ သေတော့
 လူးလှိမ့်သေရမယ်သာ မှတ်။
သိလို့ ပြောတာ။ သေမှာကတော့ ကျိန်းသေတယ်၊
ဒီရုပ်နဲ့ ဒီနာမ်ဖြစ်လာ သေမှာပဲ။
 သေပင်သေရငြားသော်လည်း
အသိလေးနဲ့ သေရရင် မမြတ်ဘူးလား။
အသိမရှိတဲ့ပုဂ္ဂိုလ် မောဟနဲ့ သေလို့ ရှိရင်
လူရော နတ်ရော ဗြဟ္မာရော သီလရှင်ရော ဘုန်းကြီးရော
မောဟနဲ့ သေမယ်ဆိုလို့ ရှိရင် ရုပ်လည်းမသိ နာမ်လည်းမသိ
ပညတ် ပရမတ်လည်း မသိ၊ သဘောတရားလည်း မသိ
မသိတဲ့ပုဂ္ဂိုလ် မှန်သမျှကတော့
 လေးဘက်ထောက် လှိမ့်သာချတော့။
လူသေလို့ လူဖြစ်မယ်များ ထင်သလား၊ 
ဘယ်တော့မှ မဖြစ်ဘူး။ လူသေလို့ လူဖြစ်တာ၊
 လူသေလို့ နတ်ဖြစ်တာ၊ လူသေလို့ ဗြဟ္မာဖြစ်တာ၊
လူသေလို့ နိဗ္ဗာန်ဖြစ်တာ၊ ဒါကတစ်မျိုးစီ စိတ်တွေ။
စိတ်တွေ စိတ်တွေ၊ လူသေလို့ အပါယ်ကျတာ စိတ်တွေပဲ။
အဲတော့ လူတော့ လူပဲ ခေါ်ဝေါ်သမုတ်ထားတာ ပညတ်ပဲ။
စိတ်ကရှိသေးတယ် ပြိတ္တာစိတ် တိရစ္ဆာန်စိတ် ငရဲစိတ်၊
လူစိတ် နတ်စိတ် ရှိသေးတယ်၊ ဗြဟ္မာစိတ်ရှိသေးတယ်၊
နိဗ္ဗာန်စိတ် ရှိတယ်။ အဲဒီစိတ်တွေက သူ့ စိတ်နဲ့ သူ
ဘုရားက စိတ်ပဲဟောတယ်။ 
စိတ်ကိုတော့ ဘယ်သူမှမသိဘူး၊ ပညတ်ကြီးကြည့်ပြီးတော့ တောပြော တောင်ပြော
မပြောကြနဲ့ ၊ ကျင့်တဲ့သူတွေက အသေခံကျင့်ပြီးတော့
လုပ်ကြတာ၊ မကျင့်တဲ့သူတွေက တောပြောတောင်ပြော
ပြောတော့ မစားရဘဲနဲ့ အပြစ်ခံရမယ်။ ဒီသာသနာကြီး
မှီတဲ့အချိန်ခါမယ် မဂ်တားဖိုလ်တားတော့ မခံကြနဲ့ ။
ကိုယ်လည်း ဘာမှသိတာမဟုတ်ဘူး၊ 
ကိုယ်ကသိတယ်လို့ ထင်နေတယ်၊ မသိဘူး၊
 သိတယ်ဆိုလို့ ရှိရင် သူများအတင်းမပြောဘူး။
သိရင်ကြောက်တယ် ၊ ကိုယ့်အပြစ်သာပြောတယ်၊
သူများအတင်းမပြောဘူး။
(သဲအင်းဂူဆရာတော်ဘုရားကြီး ၂၆-၃-၁၉၆၉ နေ့ တွင်
ဟောကြားတော်မူသော မဂ်လေးပါးတရားတော်မှ)
မေတ္တာဖြင့် ဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ
(www.infinitydhamma.com)
"သဲအင်းဂူဆရာတော်ဘုရားကြီး၏
အတိတ်ဝဋ်ကြွေးတော်နှင့် ယနေ့ ခေတ် ဆင်ခြင်ဖွယ်"
=================================
သူများဆဲတာကို အပြစ်မပြောဘူး။
ဦးဇင်းက အတိတ်က သူများကို ဆဲခဲ့တဲ့ အပြစ်ကိုသိတယ်။
ငါ့ကိုက မကောင်းတဲ့ကံ၊ သူများကို ဆဲခဲ့လို့ အခုငါခံ။
အတိတ်အကြောင်း သိချင်လား ဒကာကြီး။
ဦးဇင်းက ဝေဿဘူဘုရားလက်ထက်က ရှင်ဘုရင်ဖြစ်ခဲ့တယ်။
"တရားအားမထုတ်ခဲ့ရင်"
Photo: "တရားအားမထုတ်ခဲ့ရင်" 
=================
မသေခင်ကာလမှာ ပြုအပ်တဲ့အမှုတွေ ကို
မပြု ထားခဲ့တဲ့ အတွက်ကြောင့် 
"ငါဆိုတဲ့ ဘဝ"ကို မစွဲလမ်းသွားဘူးလား။
"ငါ့သား ငါ့သမီး နဲ့ ကွေ ကွင်းရ တော့မယ်" 
ဆိုပြီးတော့လည်း စွဲလမ်းမှု မဖြစ်ဘူးလား။
ငါ့ အိုးအိမ်၊ ငါ့ ဘဝ စွန့်ရတော့မယ်ဆိုပြီး 
စွဲလမ်းတော့ ဥပါဒါန် ဖြစ်သွားတယ်။
ဆို့နင့်သွားတာက တော့ ဒေါသ နော်။ 
စိတ်နှလုံးမသာမယာ ဖြစ်သွားတာ။
ဒီတော့ သောက ဗျာပါဒ တွေရောက်မသွားဘူးလား။
စိတ်နှလုံးမသာမယာ ဖြစ်သွားတာက 
ဒေါမနဿ အကုသိုလ်နော်။
စွဲလမ်းတယ်ဆိုတာက လောဘ နော်။
လောဘက အကုသိုလ်။
ကိုယ့်စိတ်ကို မရှုနိုင် တဲ့ အတွက်ကြောင့် 
ကိုယ့်စိတ်မှာ ကုသိုလ်စိတ်၊ အကုသိုလ်စိတ်
ဘာဖြစ်လဲ မဆင်ခြင်နိုင် တဲ့ အတွက်ကြောင့် 
မောဟဆိုတဲ့အဝိဇ္ဇာကြီးက ရော မ ရောက်သွားဘူးလား။
ဒီတော့ လောဘ၊ ဒေါသ၊ မောဟ 
အကုသိုလ်စိတ်တွေ ဖြစ်နေတယ်နော်။
ဒါကြောင့်သေတာ အကုသိုလ်ဇောနဲ့ သေကြတာနော်။
"တရားအားမထုတ်ခဲ့ရင်" ဆိုပြီးသတိပြုကြရမှာနော်။
အားလုံး သေခြင်းနဲ့ ရင် ဆိုင်ရမှာမဟုတ်လား။ 
ဘာလက်နက်လိုသလဲ။ ဥာဏ် လက်နက်လိုတယ်ကွဲ့။ 
မဂ္ဂင် ရှစ်ပါးဆိုတဲ့ ဥာဏ်လက်နက် လိုတယ်နော်။
ကောင်းပြီ... ဝေဒနာတွေ မ ပေါ်တတ်ဘူးလား။
ဆာလောင် မွတ်သိပ်တယ်။ 
ညောင်းတယ်။ ကိုက်တယ်။
ဖိထားတဲ့ အတွက်ကြောင့် နာတယ်ပေါ့။
အဲဒိ ဝေဒနာတွေက ခန္ဓာကလာတာ။ 
ခန္ဓာဟာ ဘယ် က နေ ဖြစ်သလို့ မေးရင် 
သစ္စာ နဲ့ပြောတော့ သမုဒ္ဒယသစ္စာနော်။
သမုဒ္ဒယသစ္စာဟူသော အ ကြောင်းကြောင့် 
ဒုက္ခသစ္စာဟူသော အကျိုးဖြစ်လာတယ်နော်။
အ ကြောင်းတရား နဲ့အကျိုးတရားတွေကို 
သုတမယ ဥာဏ်နဲ့ သိနေတာနော်။
ဆင်းရဲ လှတဲ့၊ ပြင်းထန်လှတဲ့ တရားတွေ
က သေခါနီး မှာမလာဘူးလား။
လာတဲ့အခါ ခုလိုရှာဖွေ ဆည်းပူးအားထုတ်ထားခြင်း
မရှိရင် "သား၊သမီး၊ မယား၊ လင်" တွေကို 
"တဏှာ၊ ဥပါဒါန်" ဆိုတဲ့ ဆိုးကျိုးပေးတဲ့ 
ကိလေသာ အကုသိုလ် တွေနဲ့ မစွဲသွားဘူးလား။ 
ဆိုးကျိုးပေးတဲ့ အပါယ်လေးပါး ကိုပဲသွားရမယ်နော်။
ဒါကြောင့် မြတ်စွာဘုရား က 
`ချစ်သား အာနန္ဒာ သတ္တဝါတွေ သေကြတဲ့ အခါ 
သုဂတိဘုံ ရောက်သွားကြတာ
အလွန်တရာမှ နည်းတယ်။
ဒုက္ခတိ ဘုံ ကို ချည်း ပဲ 
ရောက်သွားကြတယ်´လို့ မိန့်တယ်။
ကဲ... ဒီတော့ အကုသိုလ် ဖြစ်ပြီး 
သေတယ်ဆိုတာ အကုသိုလ် ဖြစ်မှန်း 
မသိကြလို့ မဟုတ်လား။
အဝိဇ္ဇာ ဖုံးတာလေ။
ဒါကြောင့် တရားနာတာ၊ 
တရားအားထုတ်တာ 
ကုသိုလ်၊ အကုသိုလ် မှန်းသိအောင်
လုပ်နေကြရတာမဟုတ်လား။
အ သေမဦးခင် ဥာဏ်ဦးအောင် 
ကြိုးစားအားထုတ်ပါလို့
အားလုံးသော ပုဂ္ဂိုလ် များကို 
ဘုန်းကြီး တိုက်တွန်းပါတယ်။
ဓမ္မဂုဏ်ရည်တောရ ဆရာတော်ဘုရားကြီး
credit - Thandar swe oo
photo - လောကချမ်းသာရုပ်ပွားတော်မြတ်(မိုးဗြဲ)
မေတ္တာဖြင့် ဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ
(www.infinitydhamma.com) 
"တရားအားမထုတ်ခဲ့ရင်"
=================
မသေခင်ကာလမှာ ပြုအပ်တဲ့အမှုတွေ ကို
မပြု ထားခဲ့တဲ့ အတွက်ကြောင့်
"ငါဆိုတဲ့ ဘဝ"ကို မစွဲလမ်းသွားဘူးလား။
"ငါ့သား ငါ့သမီး နဲ့ ကွေ ကွင်းရ တော့မယ်"
ဆိုပြီးတော့လည်း စွဲလမ်းမှု မဖြစ်ဘူးလား။
"တရားအားထုတ်စဉ် အရေးကြီးသောအချက်များ"
Photo: "တရားအားထုတ်စဉ် အရေးကြီးသောအချက်များ"
=================================
၁။ တရားအားထုတ်စဉ် 
အရေးအကြီးဆုံးက သဘောထားမှန်ဖို့။
စိုက်မရှုနဲ့ ၊ ထိန်းမရှုနဲ့ ၊
လုပ်မရှုနဲ့ ၊ ချုပ်မရှုနဲ့ ၊
၂။ ဖြစ်အောင်လည်း မလုပ်နဲ့ ၊
ပျက်အောင်လည်း မလုပ်နဲ့ ၊
ဖြစ်တိုင်း ပျက်တိုင်းလည်း မမေ့နဲ့ သိနေရမယ် ။
၃။ ဖြစ်အောင်လုပ်ရင် လောဘ ၊
ပျက်အောင်လုပ်ရင် ဒေါသ ၊
ဖြစ်တိုင်း ပျက်တိုင်း မသိရင် မောဟ ။
၎။ ရှုမှတ်စိတ်မှာ လောဘ, ဒေါသ,
 သောက မပါမှ ရှုမှတ်စိတ်ဖြစ်မယ် ။
၅။ ဘယ်လိုသဘောထားနဲ့ အားထုတ်နေလဲလို့
 ပြန်စစ်ဆေးကြည့်ရမယ် ။
၆။ ကောင်းတာလည်း ရှုရမှာပဲ ၊
ဆိုးတာလည်း ရှုရမှာပဲ ၊
၇။ ကောင်းတာမှ လိုချင်တယ်
မကောင်းတာဆို နည်းနည်းမှ 
မလိုချင်ဘူးဆိုရင် တရားပါ့မလား ။
၈။ မျှော်လင့်ချက် မပါစေနဲ့
လိုချင်တာ မပါစေနဲ့
ကြောင့်ကြစိတ် မပါစေနဲ့
ဒီသဘောထားတွေ ရှုစိတ်ထဲရှိနေရင် 
တရားအားထုတ်လို့ အဆင်မပြေနိုင်ဘူး ။
၉။ ဘာဖြစ်လို့ ဒီလောက်စိုက်ပြီး ရှုနေရတာလဲ
ဖြစ်ချင်လို့၊ လိုချင်လို့၊ ပျောက်ချင်လို့ တခုခု ဖြစ်နေတတ်တယ် ။
၁၀။ စိတ်က ပင်ပန်း ဆင်းရဲနေရင် 
တရားအားထုတ်တာ တခုခုလိုနေပြီ ။
၁၁။ စိတ်တင်းကျပ်မှုနဲ့ တရားအားမထုတ်နိုင် ။
၁၂။ စိတ်နဲ့ကိုယ် ပင်ပန်းဆင်းရဲလာရင်
တရားအားထုတ်မှုကို ပြန်စစ်ဆေးကြည့်သင့်တယ်၊
မှန်ကန်တဲ့ သဘောထားမျိုး ရှိရဲ့လား ။
၁၃။ တရားအားထုတ်တယ် ဆိုတာ
 သတိ အသိနဲ့ စောင့်ကြည့်နေတာ ။
စဉ်းစားနေတာ, ဆင်ခြင်နေတာ,
 ဝေဖန်နေတာ မဟုတ်ဖူး ။
၁၄။ လိုချင်တဲ့စိတ် ဖြစ်ချင်တဲ့စိတ်နဲ့တော့
 အားမထုတ်နဲ့ ၊ ပင်ပန်းတာဘဲ အဖတ်တင်မယ် ။
၁၅။ တရားအားထုတ်တဲ့စိတ်က
 အေးအေးဆေးဆေးနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ရှိရမယ် ။
၁၆။ စိတ်ရော ကိုယ်ရော 
သက်တောင့်သက်သာရှိရမယ်၊
၁၇။ လွတ်လပ်ပေါ့ပါးတဲ့ စိတ်နဲ့မှ
 တရားအားထုတ်လို့ ရတယ် ။
၁၈။ တရားအားထုတ်တယ်ဆိုတာ
 ကောင်းကောင်းဆိုးဆိုး
ဘာလာလာ လက်ခံပြီး
 အေးအေးဆေးဆေး ကြည့်နေတာဘဲ ။
၁၉။ စိတ်က ဘာလုပ်နေလဲ
တွေးနေသလား, သိနေသလား ။
၂၀။ စိတ်က ဘယ်ရောက်နေလဲ
အတွင်းမှာလား, အပြင်မှာလား ။
၂၁။ သိနေတဲ့စိတ် ရှုနေတဲ့စိတ်က
သေချာသိလား, အပေါ်ယံသိလား ။
၂၂။ ဖြစ်ချင်တဲ့ပုံစံမျိုးဖြစ်အောင် လုပ်နေတာ မဟုတ်၊
ဖြစ်နေတာကို ဖြစ်နေတဲ့အတိုင်း သိအောင် လုပ်နေတာ ။
၂၃။ အတွေးကို ပြဿနာ မရှာနဲ့
မတွေးအောင် လုပ်နေတာ မဟုတ်၊
တွေးရင် တွေးမှန်းသိအောင် လုပ်နေတာ ။
၂၄။ အာရုံကို ပယ်ရမှာ မဟုတ် ၊
အာရုံကြောင့်ဖြစ်တဲ့ ကိလေသာကို 
သိပြီး (ရှုမှတ်ပြီး) ပယ်ရမယ် ။
၂၅။ သဒ္ဓါရှိမှ ၀ီရိယ ရှိမယ်၊ 
ဝီရိယ ရှိမှ သတိမြဲမယ်၊
သတိမြဲမှ သမာဓိ တည်မယ်၊ 
သမာဓိ တည်မှ အမှန်အတိုင်း သိမယ်၊
အမှန်အတိုင်း သိလာတော့ သဒ္ဓါပိုဖြစ်လာတယ် ။
၂၆။ ပစ္စုပ္ပန်တည့်တည့်ကိုသာ 
သတိထားနေရမယ်၊
အတိတ်ကိုလည်း မပြန်နဲ့ ၊ 
အနာဂတ်ကိုလည်း မကြံနဲ့ ။
၂၇။ အာရုံက အရေးမကြီးဘူး ၊
အနောက်က အလုပ်လုပ်နေတဲ့ 
စိတ်က ပိုအရေးကြီးတယ် ၊
ရှုမှတ်စိတ်သာ သဘောထားမှန်ရင်
 အာရုံအမှန်ရမှာပဲ ။
(ရွှေဥမင် ဆရာတော်ဘုရားကြီး)
credit - ပါရမီ ဗိမာန်
မေတ္တာဖြင့် ဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ
(www.infinitydhamma.com)
"တရားအားထုတ်စဉ် အရေးကြီးသောအချက်များ"
=================================
၁။ တရားအားထုတ်စဉ်
အရေးအကြီးဆုံးက သဘောထားမှန်ဖို့။
စိုက်မရှုနဲ့ ၊ ထိန်းမရှုနဲ့ ၊
လုပ်မရှုနဲ့ ၊ ချုပ်မရှုနဲ့ ၊