/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /http://4.bp.blogspot.com/-64lFCmprlo4/UlIK93uB36I/AAAAAAAAANM/xlqs8O3Iljg/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

ပဲခူးမြို့ရှေးဟောင်းသမိုင်းဝင် မဟာဇိနကျိုက်ကလွန်ပွန်းစေတီတော်မြတ်ကြီး

 
   
ပဲခူးမြို့ရှေးဟောင်းသမိုင်းဝင် မဟာဇိနကျိုက်ကလွန်ပွန်းစေတီတော်မြတ်ကြီး
ဟံသာဝတီ (ပထမ) ခေတ်
ဟံသာဝတီ (ပထမ)ခေတ်ကို သမလ၊ ဝိမလမင်းတို့က ကောဇာသက္ကရာဇ် ၁၈၇၊ ခရစ်သက္ကရာဇ် ၈၂၅ ခုနှစ်တွင် စတင် တည်ထောင် ခဲ့သည်။
ဟံသာဝတီ(ပထမ)ခေတ်၏ နောက်ဆုံးမင်းဆက်ဖြစ်သော တိဿရာဇာမင်းသည် ခမည်းတော် ပုဏ္ဏရိကရာဇာမင်း ကံကုန်သော အခါ ဟံ သာဝတီထီးနန်းကို ကောဇာသက္က ရာဇ် ၄ဝ၅၊ ခရစ်သက္ကရာဇ် ၁ဝ၄၃ ခုနှစ်တွင် စိုးစံခဲ့သည်။
ဗုဒ္ဓအယူဝါဒနှင့် ဗြဟ္မဏ အယူဝါဒ အားပြိုင်မှု
တိဿရာဇာမင်း၏ ခမည်းတော် ပုဏ္ဏရိကရာဇာမင်းလက်ထက်တွင် ဟံသာဝတီ(ပထမ) မြို့ပြနိုင်ငံတော်သည် ကမ္ဘာ့အရှေ့ အနောက် ရေကြောင်းကုန်သွယ်ရာလမ်းခရီးတွင် အရေးပါသည့်  ဆိပ်ကမ်းမြို့ကြီးတစ်မြို့ ဖြစ်ခဲ့သည်။ ထိုစဉ်က အိန္ဒိယနိုင်ငံတော် တွင် ခေတ်စားခဲ့သော ဟိန္ဒူတို့၏ နတ်ဘုရားကိုးကွယ်သော ဗြဟ္မဏ အယူဝါဒသည် ဟံသာဝတီ (ပထမ) မြို့ပြနိုင်ငံတော်တည်ရှိရာ 'ရာမည တိုင်း'သို့ ရေလမ်းခရီးမှ ဝင်ရောက် လာသည်။ ပုဏ္ဏရိကရာဇာမင်းလက် ထက်တွင် ဗုဒ္ဓဘာသာနှင့် အားပြိုင် လာသည်အထိ အင်အားကောင်းလာသည်။
ခရစ် ၁ဝ၄၃ ခုနှစ်တွင် ခမည်းတော် ပုဏ္ဏရိကရာဇာမင်း နတ်ရွာစံသောအခါ မဟာဥပရာဇာ အိမ်ရှေ့မင်းသားတိဿသည် ဟံသာဝတီ (ပထမ) မြို့ပြနိုင်ငံတော်တွင် မင်း ဖြစ်လာသည်။
တိဿရာဇာမင်း မင်းမဖြစ်မီ အချိန်က မင်းသား၏ ဆရာများဖြစ်ကြသော ဗြဟ္မဏပုဏ္ဏားများ အကြံ ပြုသည့်အတိုင်း ဗြဟ္မဏတို့၏ အယူဖြစ်သော 'ကမ္ဘာနတ်ကြီး'များထံ ဘုရင်ဆုပန်ခဲ့သည်။ အကယ်၍ မင်း အဖြစ်ရရှိပါက အဆိုပါ နတ်ကြီးများအား အသက်ထက် ဆုံး ပူဇော်ပသ ကိုးကွယ်ပါမည်ဟု အဓိဋ္ဌာန်ပြုခဲ့သည်။ အဆိုပါ မင်းဆရာ ပုဏ္ဏားတို့၏ အကြံပြုသည့်အတိုင်း လိုက်နာ ဆောင်ရွက် ခဲ့၍သာ ယခုလို ဟံသာဝတီထီးနန်းကို စိုးစံရသည်ဟု တိဿ ရာဇာမင်း ယုံကြည်ပြီး ဗုဒ္ဓအယူဝါဒမှ ဗြဟ္မဏ အယူဝါဒသို့ ကူးပြောင်း ကိုးကွယ်ခဲ့သည်။
ဗုဒ္ဓသာသနာတော် ပျောက်ကွယ်လုနီး အခြေသို့ ရောက်ရှိသွားခြင်း
တိဿရာဇာမင်းနှင့် မိဖုရား၊ သားတော်၊ သမီးတော်များ နန်းတွင်း မင်းမှုထမ်းများ ဗြဟ္မဏ အယူဝါဒကို ကူးပြောင်းကိုးကွယ်နေသည် ကို မင်း ဆရာပုဏ္ဏားတို့က အားမရလှဘဲ တစ်တိုင်း တစ်ပြည်လုံး ဗြဟ္မဏ အယူဝါဒကို ကူးပြောင်းကိုးကွယ်စေလိုသည်။
ထို့ကြောင့် မင်းဆရာ ပုဏ္ဏားတို့က တိဿရာဇာမင်းကို သွေး ဆောင်တိုက်တွန်းကြသည်။  တိဿရာဇာမင်းကလည်း မင်းဆရာ ပုဏ္ဏားတို့၏စကားကို နားထောင်ပြီး တစ်တိုင်းတစ်ပြည်လုံး ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များကို ကိုးကွယ်ခြင်းမပြုရန် အမိန့်ထုတ်ပြန် သည်။
တိဿရာဇာမင်း၏ အမိန့်ဖြင့် မင်းချင်းတို့သည် စေတီ၊ ရုပ်ပွားတော်၊ ဆင်းတုတော်များအား လိုက်လံသိမ်း ဆည်းပြီး မြစ်ချောင်းများ အတွင်းသို့ ဖျက်ဆီးစွန့်ပစ်ခဲ့သည်။ မင်းအမိန့်ကို ကြောက်ရွံ့သူများကလည်း မိမိတို့အိမ်တွင် ကိုးကွယ်ခဲ့သော ဗုဒ္ဓရုပ်ပွားတော်၊ ဆင်းတုတော်များကို ချိုးဖဲ့ ဖျက်ဆီး၍ မြစ်ချောင်းအင်းအိုင်အတွင်း စွန့်ပစ်ခဲ့သည်။ ရတနာသုံးပါးကို မစွန့်လွှတ်နိုင်သူများက ဗုဒ္ဓ ရုပ်ပွားတော်၊ ဆင်းတုတော်များကို ပုန်းလျှိုး ကွယ်လျှိုး ကိုးကွယ်ကြသည်။ ဤနည်းဖြင့် ဟံသာဝတီ(ပထမ) ခေတ် ၏ နောက်ဆုံး မင်းဆက်ဖြစ်သော တိဿရာဇာမင်းလက်ထက်တွင် ဗုဒ္ဓ သာသနာတော်သည် ကွယ်ပျောက်လုနီး ဖြစ်ခဲ့သည်။
သာသနာ့အာဇာနည် တလထော်
ဟံသာဝတီမြို့တော်၏ အရှေ့ဘက် ၇ မိုင်ကွာ ငါးကြီးဝင်းရွာအနီး၌ 'ပိုင်တရော်'အမည်ရှိ ရွာကြီးတစ်ရွာရှိသည်။ အဆိုပါရွာတွင် သူကြွယ်တစ်ဦး၏ သမီး 'တလထော်'အမည်ရှိ အမျိုးသမီးလေးတစ်ဦး ရှိသည်။ အဆိုပါ အမျိုးသမီးလေးသည် ငယ် စဉ်တောင်ကျေး ကစ၍ ရတနာသုံးပါး အမြဲဆည်းကပ်ကိုးကွယ်ခဲ့သည်။ နေ့စဉ် ပဉ္စသီလကို ဆောက်တည်သည်။ သီတင်းနေ့တိုင်း နဝင်္ဂ ဥပေါ သထ သီလကို ဆောက်တည်သည်။
တစ်နေ့ 'တလထော်' အမျိုးသမီးလေးသည် အဖော်မိန်းမပျိုများနှင့် ရေဆိပ်ဆင်း၍ ရေချိုးရာ ရေအောက်တွင် တစ်စုံတစ်ခုနှင့် တိုက်ခိုက်မိသည်။ တိုက်ခိုက်မိသောအရာကို ရေအောက်မှ ဆယ်ယူကြည့်ရာ ဗုဒ္ဓရုပ်ပွားတော် ၇ ဆူကိုတွေ့ရ၍ အိမ်တွင် ကိုးကွယ် ရန် ပင့်ဆောင်ခဲ့သည်။
မိဘများက မင်းပြစ်မင်းဒဏ်ကို ခံရမည်စိုး၍ အဆိုပါရုပ်ပွားတော်များကို ရေတွင် ပြန်လည်စွန့်ပစ်ရန် အပြင်းအထန် တိုက်တွန်း သည်။ ရတနာသုံးပါးအပေါ် ယုံကြည်သည့် သဒ္ဓါတရားတို့က တလထော် အမျိုးသမီးလေး၏ရင်ဝယ် ကိန်းအောင်းနေပြီဖြစ်ရာ မိဘ များ၏ တိုက်တွန်းမှု မအောင်မြင် ဖြစ်ခဲ့သည်။ ဗုဒ္ဓရုပ်ပွားတော်၊ ဆင်းတုတော်များကို စွန့်ပစ်မည့်အစား ပန်း၊ ဆီမီး၊ ရေချမ်း၊ သစ်သီး ဝလံတို့နှင့် အစဉ်မပြတ် ပူဇော်ခဲ့သည်။
မင်းအမိန့်ကိုဆန့်ကျင်ပြီး ဗုဒ္ဓရုပ်ပွားတော်များကို ကိုးကွယ်ဆည်းကပ်နေသည့် အမျိုးသမီးလေး 'တလထော်'၏သတင်းကို တိဿ ရာဇာမင်း ကြားသိသည့်အခါ ပြင်းစွာအမျက်ထွက်ခဲ့သည်။ ထို့ကြောင့် 'တလထော်' အမျိုးသမီးလေးအား နှောင်ကြိုးချည်၍ ဘုရင့်ရှေတော်မှောက် သွင်းရန် အမိန့်တော် ချမှတ်သည်။
ရတနာသုံးပါး ဂုဏ်ကျေးဇူးနှင့် မိမိပြုခဲ့သမျှ ကုသိုလ်ကောင်းမှုကံတို့ကို ယုံကြည်ထားသော  အမျိုးသမီးလေး 'တလထော်'သည် တုန်လှုပ် ချောက်ချားမှုမရှိ။ ပကတိတည်ငြိမ်သော ဣနြေ္ဒဖြင့်  တိဿရာဇာမင်းနှင့် မင်းပရိသတ်ရှေ့သို့ ရောက်ရှိလာရာ အမျိုး သမီးလေး  'တလထော်'၏ သူရသတ္တိကို မြင်ရသူအပေါင်းက အံ့သြကြသည်။
လှပတင့်တယ်သော ရုပ်အဆင်းအင်္ဂါတို့ကြောင့် တိဿရာဇာမင်းသည် 'တလထော်' အမျိုးသမီးလေးကို မြင်မြင်ချင်း မေတ္တာ သက် ဝင်ခဲ့သည်။ ထို့ကြောင့် ဗုဒ္ဓရုပ်ပွားတော်၊ ဆင်းတုတော်များ ကိုးကွယ်ခြင်းကို စွန့်လွှတ်ပြီး ဘုရင်ကြီး ကိုးကွယ်သည့် ကမ္ဘာ နတ်ကြီး များကို ကူးပြောင်းကိုးကွယ်လျှင် မိဖုရားအရာ မြှောက်မည်။ အကယ်၍ ဗုဒ္ဓရုပ်ပွားတော်၊ ဆင်းတုတော်များအား ဆက်လက် ကိုးကွယ်နေပါက မင်းပြစ်မင်း ဒဏ်ခံရမည်ဟု မိန့်ကြားတော်မူသည်။
အမျိုးသမီးလေး 'တလထော်' သည် မိမိအား မိဖုရားအရာ မြှောက်မည်ကိုလည်း တပ်မက် မက်မောခြင်းမရှိ။ သေဒဏ်ထိုက်မည့် မင်းပြစ်မင်းဒဏ်ကိုလည်း မကြောက်ရွံ့ဘဲ သူမ၏  ယုံကြည်ကိုးကွယ်ရာ ရတနာသုံးပါးကိုပဲ ဆက်လက်ကိုးကွယ်မည့် အကြောင်းနှင့် နတ်မိစ္ဆာများကို ကိုးကွယ်ခြင်းသည် အယူမှားကို ကိုးကွယ်ခြင်းသာဖြစ်ကြောင်း ရဲဝံ့စွာ ပြန်လည်လျှောက်ထားသည်။
တိဿရာဇာမင်းသည် မိမိ အမိန့်ကို ငြင်းဆန်နေသော 'တလထော်'အား မြင်တွေ့သည့် အချိန်ကပင် မေတ္တာမျှနေပြီဖြစ်၍ မင်းပြစ် မင်း ဒဏ် ခံစေဆိုသည့် အမိန့်တော်ကို မချရက်ဘဲ သက်ညှာသည့် နည်းလမ်း ကောင်းတစ်ခုကို ရွေးလိုက်သည်။
အဆိုပါနည်းလမ်းမှာ တိဿရာဇာမင်း ကိုးကွယ်သော ကမ္ဘာနတ်ကြီးများနှင့် တလထော် ကိုးကွယ်သည့် ဗုဒ္ဓရုပ်ပွားတော်၊ ဆင်း တုတော်များ တန်ခိုးပြိုင်ရာတွင် တန်ခိုးသာလွန်သော ဘုရားအား ကိုးကွယ်စတမ်းဟု တလထော်ထံမှ ကတိ စကား တောင်းသည်။
အမျိုးသမီးလေး တလထော် ကလည်း ဘုရင်ကြီး၏ ကမ်းလှမ်းချက်ကို ဝမ်းသာအားရလက်ခံပြီး နန်းဦးရင်ပြင်ထက်ဝယ်၊ ပခုံးပေါ် တွင် တင်ထားသော တဘက်ပဝါကို ဖြန့်ခင်းပြီး မိမိအိမ်တွင် ကိုးကွယ်ထားသော ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များ ဘက်လှည့်ပြီး ဦးသုံးကြိမ်ချသည်။ နန်းဦးရင်ပြင်သို့ ဗုဒ္ဓရုပ်ပွားတော်များ ကြွရောက်သီတင်းသုံးရန် ဆန်ပန်းပေါက်ပေါက်တို့ကို ကြဲ၍ အဓိဋ္ဌာန် ပြု လိုက်သည်။
တစ်ချိန်တည်းမှာပင် နတ်မိစ္ဆာတို့ကို ကိုးကွယ်နေသော တိဿရာဇာမင်းကလည်း အားကျမခံ ရာဇမာန်ဖြင့် မင်းမြောက်တန်ဆာ ငါးပါးကို ဝတ်ဆင်ပြီး မင်းဆရာ ပုဏ္ဏားတို့နှင့်အတူ ကမ္ဘာနတ်ကြီးများတည်ရှိရာ နတ်ကွန်းသို့ သွားရောက်သည်။ ပန်း၊ ဆီမီး၊ ရေ ချမ်း၊ အမွှေးနံ့သာများဖြင့် ပူဇော်ပြီး လူသားဘုရား ဗုဒ္ဓရှင်တော်မြတ်နှင့် တန်ခိုးပြိုင်ရန် နတ် ဘုရားများထံတွင် ဆုတောင်းကြ သည်။
အမျိုးသမီးလေး တလထော်၏ အဓိဋ္ဌာန်စွမ်းအားကြောင့် အိမ်ဦးကျောင်းဆောင်တွင် သီတင်းသုံးနေသော ဗုဒ္ဓရုပ်ပွားတော်၊ ဆင်းတုတော်များသည် ရေမီးအစုံ တန်ခိုးပြာဋိဟာတို့ဖြင့် ငှက်အပေါင်းခြံရံ၍ တိဿရာဇာမင်း၏ နန်းဦးပြာသာဒ်ဆီသို့ ကောင်းကင် ခရီးမှ ကြွရောက်တော်မူလာရာ တွေ့မြင်ကြရသော ရဟန်းရှင် လူအပေါင်းတို့က ကြည်နူးဝမ်း မြောက်စွာနှင့် ပူဇော်ကြသည်။
ထိုအချိန်တွင် မင်းဆရာ ဗြဟ္မဏပုဏ္ဏားတို့သည် မိမိတို့၏ ကမ္ဘာနတ်ရုပ်ကြီးများအား တန်ခိုးပြနိုင်ရန် အမျိုးမျိုး ကြိုးစားကြသော် လည်း တစ်စုံတစ်ရာ လှုပ်ရှားခြင်းမပြု၍ တိဿရာဇာမင်းကြီးနှင့်တကွ နတ်မိစ္ဆာ ကိုးကွယ်ကြသူများ ပူပင် သောက ရောက်ကြ ရသည်။
အမျိုးသမီးလေး တလထော် အဓိဋ္ဌာန်ပြု၍ ပင့်ဆောင်ခဲ့သော ဗုဒ္ဓဆင်းတုရုပ်ပွားတော်များမှာ နန်းဦးရာဇာပလ္လင်ထက် ဆင်းသက် သီတင်း သုံးသည်နှင့်တစ်ပြိုင်နက် ကမ္ဘာနတ်ရုပ်ကြီးများသည် ကျွမ်းထိုးမှောက်ခုံ ဖြစ်ကုန်ကြတော့သည်။
ထိုအချင်းအရာများကို မြင်တွေ့သော တိဿရာဇာမင်းကြီးသည် တုနလှုပ်ချောက်ချားပြီး  မိမိ အယူမှားခဲ့သည်ကို ကြီးစွာနောင်တရ ခဲ့သည်။ ထို့ကြောင့် တိဿရာဇာမင်းကြီးသည် ရတနာမြတ်သုံးပါးကို အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်ပါမည်ဟု ဗုဒ္ဓရှင်တော်မြတ်အား ရည်မှန်းပူဇော်ပြီး အဓိဋ္ဌာန်ပြုခဲ့သည်။ ဤနည်း ဖြင့် တိဿရာဇာမင်းကြီးသည် မိစ္ဆာ အယူများကို စွန့်လွှတ်ပြီး ဗုဒ္ဓဘာသာသို့ တစ်ဖန်ကူးပြောင်းကိုးကွယ်ခဲ့ သည်။
တိဿရာဇာမင်းကြီးအား အမှန်တရားကို မြင်စေသော ပိုင်တရော်ရွာသူ သူကြွယ်သမီး 'တလထော်'အား 'မဟာသုဘဒ္ဒါဒေဝီ'ဘွဲ့ ချီးမြှောက်ပြီး အဂ္ဂမဟေသီမိဖုရားကြီးအဖြစ် ထားရှိ တော်မူခဲ့သည်။
ဟံသာဝတီ ကျိုက်ကလွန်ပွန်းစေတီ တည်တော်မူခြင်း
တိဿရာဇာမင်းသည် မိစ္ဆာပုဏ္ဏားတို့၏ ဖြားယောင်းသွေးဆောင်မှုကြောင့် ဗုဒ္ဓမြတ်စွာ ကိုးကွယ်မှုကို တားမြစ်ခဲ့သည်။ ဗုဒ္ဓ ဆင်းတုတော် ရုပ်ပွားတော်များကို ဖျက်ဆီးပြီး မြစ် ချောင်းအင်းအိုင်များတွင် စွန့်ပစ်ခိုင်း ခဲ့သည့် မိမိအပြစ်ကို ကြီးစွာနောင်တ ရမိ သည်။
ထို့ကြောင့် ဖျက်ဆီးစွန့်ပစ်ခဲ့သော ဗုဒ္ဓရုပ်ပွားတော် ဆင်းတုတော်များကို ပြန်လည်စုဆောင်း ပင့်ဆောင်ကြရန် တိဿရာဇာမင်းသည် အမိန့်ထုတ်ပြန်ခဲ့သည်။ အထူးသဖြင့် ဟံသာဝတီ မြို့တော် အရှေ့ဘက် ပင်လယ်ပြင်တွင် ပစ်ချဖျက်ဆီးခဲ့သော ရုပ်ပွားတော် ဆင်းတုတော်များမှာ များပြားလှရာ ပြန်လည်ရှာဖွေစုဆောင်းသည့်အခါတွင် အစုအပုံအားဖြင့် ၁ဝ၄ (တစ်ရာ့နှင့်လေးပုံ)ရရှိသည်။
တိဿရာဇာမင်းနှင့် မိဖုရားကြီးမဟာသုဘဒ္ဒါတို့ ဦးဆောင်ပြီး ရဟန်းရှင်လူ ပြည်သူများနှင့်အတူ ဟံသာဝတီ ကျိုက်ကလွန်ပွန်းစေတီ ကြီးကို ကောဇာ ၄ဝ၇၊ ခရစ် ၁ဝ၄၅၊ တော်သလင်းလဆန်း ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့တွင် အပြီးတည်ထားကိုးကွယ်ကြသည်။ ယခုနှစ် ၂ဝ၁၃ ခုနှစ်တွင် စေတီတော်ကြီး၏ သက်တမ်းမှာ ၉၆၈ နှစ် ရှိတော့မည်ဖြစ်သည်။
စေတီတော်ကြီးကို 'ကျိုက်က လွန်ပွန်း'ဟု ဘွဲ့တော်ပေးခဲ့သည်မှာ မွန်ဘာသာဖြင့် 'ကျိုက်'ကားဘုရား၊ 'ကလွန်' ကား ၁ဝဝ တစ်ရာ 'ပွန်' ကား ၄ (လေး)ဟု အဓိပ္ပာယ်ရသည်။ အဓိပ္ပာယ်အပြည့်အစုံမှာ ဗုဒ္ဓဆင်းတုတော် ရုပ်ပွားတော်များကို ပြန်လည် ရှာဖွေစုဆောင်း ရာ အစုအပုံအားဖြင့် ၁ဝ၄ (တစ်ရာ့လေး)ပုံရရှိ၍ အဆိုပါ ၁ဝ၄ ပုံရှိ ဗုဒ္ဓဆင်းတုတော်များကို ဌာပနာသွင်း၍ တည်ထားကိုး ကွယ်သော စေတီတော်ကြီးဖြစ်သဖြင့် မွန် ဘာသာဖြင့် 'ကျိုက်ကလွန်ပွန်း' စေတီဟု ဘွဲ့တော်ပေးခဲ့ခြင်း ဖြစ် သည်။
ရွှေဂူကြီး ဦးစရဏ (ပျော်ဘွယ်စိုး မြင့်အောင်) ပြုစုသော မဟာဇိနကျိုက်က လွန်ပွန်း စေတီတော်မြတ်ကြီး စိန်ဖူးတော် တင်၊ ရွှေကြာ သင်္ကန်းကပ်နှင့် ဗုဒ္ဓဘိသေ ကအနေကဇာတင်အခမ်းအနားတွင် ဓမ္မ ဒါနပြုသည့် လက်ကမ်းစာစောင်မှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment