/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /http://4.bp.blogspot.com/-64lFCmprlo4/UlIK93uB36I/AAAAAAAAANM/xlqs8O3Iljg/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

မုံရွာမြို့အရှေ့ဘက် ကျောက္ကာရွာရှိ ကျောက္ကာရွှေဂူနီဘုရား


မုံရွာမြို့အရှေ့ဘက် ကျောက္ကာရွာရှိ ကျောက္ကာရွှေဂူနီဘုရား
အညာမြေဘုရားဖူးနှင့် ရွှေဆံပင်တံတားလမ်း လေ့လာရေးအဖွဲ့သည် ဖေဖော်ဝါရီ ၈ ရက်ညနေတွင် ဟီးနိုးကားကြီးလေးစီးဖြင့် ခရီး ထွက်ခဲ့ပြီး ဖေဖော်ဝါရီ ၉ ရက် စနေနေ့တွင် မုံရွာမြို့အရှေ့ဘက် ၉ မိုင်အကွာရှိ ကျောက္ကာရွှေဂူနီဘုရားကို ပထမဆုံး ဖူးရပါသည်။
ကျွန်တော်တို့အဖွဲ့သည် တစ်ညလုံး ခရီးရှည်မော်တော်ကား စီးလာရသဖြင့် ပင်ပန်းနေသော်လည်း အညာမြေတွင် ပထမဆုံး ဖူးရသော အညာဘုရား ကျောက္ကာရွှေဂူနီကို အားပါးတရ ဖူးမြော်ကန်တော့ကာ အပန်းဖြေနိုင်ခဲ့ပါသည်။ ကျွန်တော်တို့သည် အလောင်းတော်ကဿပ အမျိုးသား ဥယျာဉ်ကြီးရှိ အလောင်းတော် ကဿပရုပ်ပွားတော်ကို ရည်စူးပူဇော်ရန် လေးညအိပ် သုံးရက် ဘုရားဖူး ထွက်လာခြင်းဖြစ်သော်လည်း ရှေးမြန်မာမင်းများ လက်ထက်ကတည်းက ကျော်ကြား ထင်ရှားသော ကျောက္ကာ ရွှေဂူနီ ဘုရားကြီးကို ဖူး၍မဝနိုင်အောင် ဖြစ်နေခဲ့ပါသည်။
ရွှေစင်ရွှေသားများ ဝင်းအိတောက်ပကာ ပကတိရွှေတောင်ကြီးအလား ဖြစ်နေသော ကျောက္ကာရွှေဂူနီရုပ်ပွားတော်ကြီးကို ပထမ အကြိမ် ဖူးရခြင်းဖြစ်သဖြင့် ဘုရားဖူးအားလုံး အံ့သြမဆုံး၊ ဝမ်းမြောက်မဆုံး ဖြစ်ခဲ့ပါသည်။ ယွန်းထည်လုပ်ငန်းဖြင့် အသက်မွေးသော ကျောက္ကာရွာကြီးကို အစွဲပြု၍ ကျောက္ကာရွှေဂူနီ ဘုရားကြီးဟု ခေတ်အဆက်ဆက် ကျော်ကြားသော် တန်ခိုးကြီး ဘုရားကို ယခုမှ ဖူးရသည့်အတွက် အားမလို အားမရပင် ဖြစ်မိပါသည်။ မြန်မာနိုင်ငံတွင် ဒေသအလိုက် ထင်ရှားကျော်ကြား တန်ခိုး ကြီးသော ဘုရားစေတီများ ရှိသည့်အနက် ဘုရားဘွဲ့တော်နှင့် မြို့အမည်တွဲ၍ ထင်ရှားသောဘုရား အနည်းငယ်သာ ရှိပြီး ကျောက္ကာ ရွာတွင် ရှိသော ကျောက္ကာရွှေဂူနီဘုရား ကြီးသည် ထူးခြားစွာ ပါဝင်လျက်ရှိပါသည်။
ဥပမာအားဖြင့် မိုးညှင်းသမ္ဗုဒ္ဓေဘုရား၊ စစ်ကိုင်းကောင်းမှုတော်ဘုရား၊ မန္တလေးမဟာမြတ်မုနိဘုရားဟူ၍ ရှိသော်လည်း ထိုဘုရား များ၏ ဘွဲ့တော်ရှေ့မှ မြို့အမည်များကို ဖြုတ်၍ ဘွဲ့တော်သက်သက်ခေါ်လျှင် ရပါသည်။ သမ္ဗုဒ္ဓေဘုရား၊ ကောင်းမှုတော်ဘုရား၊ မဟာမြတ်မုနိဘုရားဟူ၍ ဘွဲ့တော်ချည်းခေါ်လျှင်လည်း အနက်အဓိပ္ပာယ် ပေါ်လွင်ပါသည်။ သို့သော် လည်း ကျောက္ကာရွှေဂူနီဘုရား ၏ ထူးခြားချက်မှာ ရွာအမည်ကို ဖြုတ်၍မရခြင်း ဖြစ်ပါသည်။ ဘုရားဘွဲ့ရှေ့မှ ကျောက္ကာကိုဖြုတ်၍ ရွှေဂူဘုရားဟု မည်သူမျှ မခေါ် ခဲ့ကြောင်း၊ ကျောက္ကာရွှေဂူနီဘုရားဟူ၍ ဘွဲ့တော် အပြည့်အစုံခေါ်ကြောင်း၊ ကျောက္ကာနှင့်ရွှေဂူနီသည် သမိုင်းဝင် ဘွဲ့တော် ဖြစ်ကြောင်း၊ ခေတ်အဆက်ဆက် မင်းအဆက်ဆက် အပြည့်အစုံခေါ်၍ ပူဇော်ချဲ့ကြာင်း ဒေသခံများက ပြောပြ၍ မှတ်သား ခဲ့ရပါသည်။
ယွန်းထည်လုပ်ငန်းဖြင့် အသက်မွေးသော ကျောက္ကာရွာသည် အလုံမြို့နှင့် စစ်ကိုင်းဆက်သွယ်ရာတွင် အဓိကကျပြီး ခရီး တစ်ထောက် နားနေသည့်စခန်းဖြစ်ပါသည်။ ကျောက္ကာရွာတွင် ဤမျှတန်ခိုးကြီးသော ဘုရား တစ်ဆူရှိခြင်းကြောင့် ကျောက္ကာဒေသ ခံများ အလွန်ဂုဏ်ယူနိုင်ခဲ့ကြပါသည်။ သမိုင်းကို ပြန်လည်လေ့လာသောအခါ ကျောက္ကာရွာကြီးသည် ရှေးအခါက သံတောင်မြို့ဟု ထင်ရှားခဲ့ပြီး သံတောင်မြို့ဦးရှိ အသောကစေတီသည် သီရိဓမ္မာသောကမင်းကြီး၏ စေတီပေါင်း ရှစ်သောင်းလေးထောင်တွင် ပါဝင်ခဲ့ကြောင်းသိရပါသည်။ ကျောက္ကာရွာတွင် သရီရဓာတ်တော်အစစ်ကို ဌာပနာပြီး တည်ထားသော အသောက ကောင်းမှုစေတီ သည် နှစ်ပေါင်းများစွာ ကြာမြင့်သောအခါ လေဒဏ်မိုးဒဏ် သဘာဝဘေးရန်ကြောင့် ပြိုကျပျက်စီးကာ တောဖုံးအုပ်ခြင်း ခံခဲ့ရပါ သည်။
သို့သော်လည်း မြတ်ဗုဒ္ဓ၏ ဓာတ်တော်မွေတော်များ ဌာပနာ၍ တည်ထားသော ဘုရားစေတီများသည် အချိန်ရောက် လျှင် ပြန် လည်ပေါ်လာသောထုံးစံ ရှိပါသည်။ ကျောက္ကာ ရွာဦး ခြုံနွယ်ပိတ်ပေါင်းများကြားတွင် ရှေးဟောင်းစေတီငယ်တစ်ဆူ ရှိသည် ဟူသော စကားကို သိကြားမင်းက နွားကျောင်းသားလေး မောင်ဆုအောင်ကို ပူးကပ်ပြောသဖြင့် ကျောက္ကာဆရာတော်နှင့်ရပ်ရွာလူကြီးများ ပူးပေါင်းရှာဖွေသောအခါ သီရိဓမ္မာသောကမင်းကြီး တည်ထားသည့် ဝါးပတ် ခြင်း ပမာဏခန့်ရှိသည့် မူလအသော ကစေတီငယ်ကို ထူးဆန်းစွာ တွေ့ရှိ ခဲ့ကြသည်။
ထိုအချိန်က နိုင်ငံကို အုပ်ချုပ်နေသော သာလွန်မင်းကြီးသည် စေတီငယ် ရှာတွေ့သဖြင့် အလွန်ဝမ်းမြောက်ပြီး မောင်ဆုအောင်ကို ဆုလာဘ်များ ပေးသနားခဲ့သည်။ ဤသို့ဖြင့် ကောဇာသက္ကရာဇ် ၉၉၉ ခုနှစ် တွင် မူလအသောကစေတီငယ်ကို ဌာပနာပြီး အုတ်ဖို ငါးဖိုဖြင့် ဘုရားတည် ခဲ့ကြသည်။ ရှေးဟောင်းစေတီအား ငုံ၍ ဘုရားတည်ခြင်းကို တစ်နယ်လုံး စိတ်ဝင်စားပြီး စေတနာထက်သန်စွာ လှူဒါန်းကြသည်။ ပန်းရန်အဖွဲ့၃ဖွဲ့ဖြင့် နေ့မအားညမအား စေတီတည်ကြရာ သက္ကရာဇ် ၁ဝဝဝပြည့်နှစ်တွင် ပြီးစီး အောင်မြင်ကြောင်း မှတ်သားရပါသည်။ ကျောက္ကာရွှေဂူနီဘုရားကြီးမှာ ကျွန်တော်တို့အဖွဲ့သွားရောက်ချိန်တွင် လုံးတော်ပြည့် ရွှေချရန်ငြမ်းများ ဆင်ထား သဖြင့် ဖူးခွင့်မရခဲ့ပါ။ ကျောက္ကာရွှေဂူနီဘုရားကြီးသည် ဖိနပ်တော် ၃၄ တောင်၊ ဥာဏ်တော် အမြင့် ၇၂ တောင်၊ ရံစေတီပေါင်း ၄၃ ဆူရှိရာ ရွှေချပြီးလျှင် နေရောင် အောက်တွင် တဖိတ်ဖိတ် ဝင်းလက် တောက်ပနေပါလိမ့်မည်။ ပစ္စယာလေး ဆင့်တွင် ရံစေတီများကို အုတ်တိုက်ခံ ၍ တည်ထားပုံမှာ ထူးခြားပြီး ရံစေတီများသည် ကျောက္ကာရွှေဂူနီစေတီတော်ကြီးနှင့် ပုံစံတူဖြစ်ကြောင်း သိရပါသည်။
ကျောက္ကာရွှေဂူနီဘုရားကြီး မြောက်ဘက်မုခ်ရှိ လိုဏ်ဂူအတွင်း စံပယ်နေသော ကျောက္ကာရွှေဂူနီဘုရား ရုပ်ပွားတော်ကြီးမှာ ဥာဏ်တော် အမြင့် ၄ တောင်ရှိသည်ဟု အဆို ရှိသော်လည်း ပလ္လင်ပေါ်တက်၍ ရွှေသင်္ကန်းကပ်နေသူများ၏ အရပ်နှင့် နှိုင်းယှဉ် ကြည့်လျှင် ဥာဏ်တော် မြင့်မားကြောင်းသိသာပါသည်။ ကျောက္ကာရွှေဂူနီဘုရားသို့ ရောက်ရှိလာသော ဘုရားဖူးများသည် ရွှေဆိုင်း များဝယ် ယူကာပလ္လင်ပေါ်တက်၍ ကိုယ်တိုင်  ကိုယ်ကျ ရွှေသင်္ကန်း ကပ်လှူပူဇော်လေ့ရှိပါသည်။ ခေတ်အဆက်ဆက် ရွှေသင်္ကန်း ကပ်လှူသူ များပြားသဖြင့် ရွှေတုံးရွှေခဲကြီးပမာ ဖြစ်နေသော်လည်း ဘုရားဖူးများသည် ရွှေသင်္ကန်းများ ဆက်လက်ကပ်လှူနေ ကြဆဲ ဖြစ်ပါသည်။
ကျောက္ကာရွှေဂူနီဘုရားတွင် လိုဏ်ဂူရှိပြီး လိုဏ်ဂူနံရံနှင့် အမိုးတွင် အနီရောင်ဆေးခြယ်ထားသဖြင့် ရွှေဂူနီဘုရားဟု ဘွဲ့တော် တွင်ခြင်းဖြစ်ပြီး အရှေ့တွင် ကျောက္ကာရွာအမည် ထည့်လိုက်သောအခါ ကျောက္ကာရွှေဂူနီဘုရားဟူသော ဘွဲ့တော် ထူးခြားစွာ ဖြစ်ပေါ် လာခဲ့ပါ သည်။ ကျောက္ကာရွှေဂူနီဘုရားကြီးတွင် အံ့ဖွယ် ၉ ပါး ရှိသည်ဟု သိရပြီး ထိုအံ့ဖွယ်များမှာ (၁) သိကြားမင်း ညွှန်ပြသော အသောကစေတီငယ်ကို ငုံ၍တည်ထားခြင်း (၂) အခြားဘုရားများနှင့်မတူဘဲ လိုဏ် ဂူတော်ကို ကျောက္ကာရွာ ရှိသော မြောက်ဘက် သို့ မျက်နှာမူထားခြင်း (၃) သာလွန်မင်းနှင့် မှူးမတ်များ ဘုရားဖူး လာရောက်၍ ရတနာဆင်တော် တိုးဝှေ့ပူဇော်ခြင်း (၄) လိုဏ် ဂူတော်အတွင်း အင်း၊ အိုင်၊ လက်ဖွဲ့၊ ဂါထာ၊ မန္တန်များ အောင်မြင်ထွန်း ပေါက်ခြင်း၊ အဓိဋ္ဌာန်ပုတီးစိပ်လျှင် အောင်မြင်ခြင်း (၅) အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးများ စည်ကားစွာ လာရောက်၍ ပန်း၊ ဆီမီး၊ ရေ ချမ်း၊ ဆွမ်းများ ဆက်ကပ်ပူဇော် ခြင်း (၆) မင်းပြစ် မင်းဒဏ် ခံနေရသူများ လာရောက်ဆုတောင်းလျှင် ပြည့်ဝခြင်း (၇) ကျောက္ကာရွှေဂူနီစေတီတော်ကြီး တွင် ဓာတ်တော် မွေတော်များ ကိန်းအောင်းနေသဖြင့် ဘုရားဖူးများ မကြာခဏ လာရောက်ဖူးမြော်ခြင်း (၈) ကျောက္ကာရွှေဂူနီ ရုပ်ပွားတော်ကြီးတွင် ရွှေသင်္ကန်း ကပ်လှူပူဇော်သူ များပြားသဖြင့် ရွှေတုံးရွှေခဲကြီးပမာ ဖြစ်နေခြင်း (၉) စေတီတော်တွင်းရှိ အဓိဋ္ဌာန် ကျောက်တုံးကို မ၍ သစ္စာဆို လျှင် ဆုတောင်းလျှင် အကျိုးအကြောင်း အဆိုးအကောင်း တိကျစွာ သိနိုင်ခြင်း တို့ ဖြစ်ပါသည်။
ရှေးဟောင်းသမိုင်းဝင် ကျောက္ကာရွှေဂူနီဘုရားကို ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံခဲ့ရာ ကောဇာသက္ကရာဇ် ၁ဝဝဝ ပြည့်နှစ်မှ ၁၃၃၃ ခုနှစ်အထိ နှစ်ပေါင်း ၃၃၄ နှစ်အတွင်း လေးကြိမ် ရင်ပြင်တော် ချဲ့ထွင်မွမ်းမံခဲ့ပြီး ရွှေသင်္ကန်းလည်း လုံးတော်ပြည့် လေးကြိမ် ကပ်လှူ ပူဇော်နိုင်ခဲ့ပါသည်။ ထို့နောက် ရွှေသင်္ကန်းများ ဆက်လက်ကပ်လှူသော အကြိမ်ပေါင်းမှာ သုံးကြိမ်ရှိရာ စုစုပေါင်း ခုနစ်ကြိမ်ရှိပြီ ဖြစ်ပါသည်။ ယခုအကြိမ် ရွှေသင်္ကန်း ကပ်လှူပူ ဇော်ခြင်းမှာ အဋ္ဌမအကြိမ် ဖြစ်ပါသည်။
ကျောက္ကာရွှေဂူနီဘုရားသို့ ရောက်ရှိလာသော ဘုရားဖူးများ (အထူးသဖြင့် အမျိုးသမီးများ) သည် ဘုရားဖူးပြီးလျှင် ဒေသထွက် သနပ်ခါးတုံးများ အလုအယက် ဝယ်လေ့ရှိပါသည်။ အတူပါလာသော ဘုရားဖူးအမျိုးသမီး တစ်ယောက်က ''ဒီဒေသ မှာ ကျောက္ကာ ရွှေဂူနီ ဘုရားဈေးက သနပ်ခါး နာမည်ကြီးတယ်။ ပစ္စည်းမှန် ဈေးမှန်ဖြစ်တဲ့အတွက် ကျော်ကြားခြင်း ဖြစ်ပါ တယ်။ ကျောက္ကာရွှေဂူနီဘုရားကို ရောက်ရင် သနပ်ခါးဝယ်တာဟာ ထုံးစံ ဖြစ်နေ ပါတယ်'' ဟု ပြောပြပါသည်။

No comments:

Post a Comment