ကျိုက်ခမီရေလယ်ဘုရားကိုအဝေးမှ ဖူးမြင်နိုင်သော ညမြင်ကွင်း
ကျိုက်ခမီရေလယ်ဘုရားအတွင်းရှိ ရုပ်ပွားတော်များ
ကျိုက်ခမီရေလယ်ဘုရားအား ညမီးပူဇော်ထားသောမြင်ကွင်း
ကျိုက်ခမီရေလယ်ဘုရား ငါးစားကျွေးသောနေရာတွင် ဘုရားဖူးများငါးစားကျွေးနေသောမြင်ကွင်း
ကျိုက်ခမီရေလယ်ဘုရား ဂန္ဓကုဋီတိုက်
ကျိုက်ခမီရေလယ်ဘုရား မီးပြတိုက်
ရှင်ဥပဂတ္တအရှင်မြတ်အား ဆက်ကပ်သည့် အာရုံဆွမ်းအိုး သပိတ်အိုးများ
ရှင်ဥပဂတ္တအရှင်မြတ်အား ဆက်ကပ်သည့် အာရုံဆွမ်းအိုး သပိတ်အိုးများ
ဆင်ပုန်းဂူ ရေတတ်ရေကျ နေ၀င်ချိန်ရှုခင်း
နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
အရဟတော။ လူမင်းနတ်မင်းဗြဟ္မာမင်းတို့၏ပစ္စည်းလေးဖော်
ပူဇော်သက္ကာယ။ဝိသေသအထူးကိုခံတော်မူထိုက်သော
သမ္မာသမ္ဗုဒ္ဓဿပယ်အပ်ပြီးသောကိလေသာတို့သည်
မဖြစ်ပြန်သဖြင့်ကောင်းစွာမိမိအလိုလိုသစ္စလေးပါးမြတ်တရားကို
ပိုင်းခြားကုန်စင် သိမြင်တော်မူပြီးသော
တဿဘဂ၀တော
ထိုမြတ်စွာဘုရားအား။
နမော-ရိုသေမြတ်နိုး
လက်စုံမိုး၍ရှိခိုးပူဇော်ဖူးမြော်မာန်လျော့ကန်တော့ပါ၏။
အာသီသပထနာ။ဇိနစက္က့သဗ္ဗသောဇေယျတုဇိနစက္ကံသုံး
လူ့ထွဋ်ထားမြတ်
သဗ္ဗညုမြတ်စွာဘုရား၏တန်ခိုးဓေါဇော်အာဏာတော်စက်ကြောင့်
သဗ္ဗသော
ဤကျိုက်ခမီမြို့ရေလယ်ဘုရားကြီးသမိုင်းကို
ရေးသားပြုစုခြင်းနှင့်
ပတ်သက်သော
ခပ်သိမ်းဥဿုံအလုံးစုံကိစ္စတို့သည် ဇေယျတုချောမောဖြောင့်စင်း
မငြိုငြင်ရဘဲ အောင်မြင်ပြီးမြောက်ပါစေသတည်း။
ကျိုက်ခမီရေလယ်ဘုရားသမိုင်းကြောင်း
သုံးလူ့ထွဋ်ထား သဗ္ဗညုရှင်တော်ဘုရားသည်
ဘုရားအဖြစ်သို့ရောက်ရှိတော်မမူမှီ၊
ရှည်ကြာသောကာလက၊ရာမညကရန္နကတိုင်း၊သုတိန္နနဂရ
ဟုထင်ရှညးစွာရှိလေသတည်း။
ထိုတိုင်းပြည်တွင်၊
မြတ်စွာဘုရားပွင့်တော်မမူမှီ နှစ်ပေါင်း
(၅၀) လောက်ကပင်၊ တိဿရာဇာ အမည်တော်
ရှိသော ဘုရင်မင်းမြတ်သည်၊
ထီးနန်းကနတ်ပျောက်စိုးစံတော်မူရာ၊
သီရိကပ္ပါမဟာဒေ၀ီ။
မဟောသီနာမံ၊ ထောင်နန်းစံမိ ဖုရားကြီးမှာ
သားတော်နှစ်ပါး
ထွန်းကားတော်မူလေ၏။
သားတော်အကြီးမှာ ဖွားတော်မူမြင်ပြီးစကပင် လက္ခဏာတတ်
ပရောဟိတ်ပုဏ္ဏားတော်တို့က၊ ထိုမင်းသားသည် နူးညံ့သိမ်မွေ့ခြင်း၊
သိပ္ပပညာအရာရာတို့ကိုတတ်မြောက်ကျွမ်းကျင်ခြင်း၊
သူတော် သူတော်မြတ် အလေ့အထ၊
သိက္ခာသီလနှင့်၊ ပြည့်စုံသည်ဖြစ်မည့်အကြောင်း၊
ကောင်းစွာပြောဟော
နိမိတ်တတ်ကြသောကြောင့် ခမည်းတော် ဘုရင်က
အလွန်ပင်ချစ်မြတ်နိုးတော်မူသဖြင့်
တိဿကုမာရ
ဟုမိမိ၏ဘွဲ့နာမတတ်လျက် ပေးအပ်သနားတော်မူ၏။
သားတော်အငယ်မှာ ခြင်္သေ့၏ စက်လက္ခာပါလျက်
ဖွားတော်မူသောကြောင့် သီဟကုမာရ ဟုအမည်နာမ
ခတ်နှိပ်တော်မူလေသတည်း။
ထိုသိဿကုမာရမင်းသား သက်တော် (၂၃)နှစ် သီဟကုမာရမင်းသား
သက်တော်
(၂၁) နှစ် ရှိကြသောအခါ တစ်နေ့သ၌
တိဿကုမာရနောင်တော်ကြီးက သမ္မာသတိ
ဥာဏ်အကြံဖြစ်တော်မူ၍ ညီတော် သီဟကုမာရ ကိုခေါ်ပြီးလျှင်
တိုင်ပင်တော်မူသည်မှာ
နောင်တော်နှင့်ညီတော်တို့သည် ဒုလ္လဘ
ငါးပါးတွင် လူ့ဘ၀ကိုရရန် အလွန်ခဲယဉ်းခြင်းဖြစ်ပါလျှက်၊
ကုသိုလ်ကံအကြောင်းမြတ်သဖြင့်၊ ယခုလူ့ဘ၀ရပေသည်။
ထိုသို့ရကြသည့်အတိုင်း နောင်အနာဂတ်အခါ
ဘ၀များစွာတို့၌ လည်း
ယခုထက်တိုး၍ ကောင်းကျိုးမြင့်မြဲ ဆင့်ထက်ကဲလျှက်
မဂ်ဖိုလ်နိဗ္ဗာန်အခြေပြု၊
ရုက္ခမူလ
ဧကစာရတည်းဟူသော တောတောင်ပျော်မွေ့
ရသေ့ရဟန်းပြုလုပ်ကြပီးလျှင် သိက္ခာ သီလနှင့်သမထ၀ိပဿသနာ
ဘာဝနာကမ္မဌာန်းတို့ကို ကြိုးပန်းစွာ
အားထုတ်ရသော်၊ လျော်ကန်သင့်မြတ်မည်။
ထင်မြင်သဘောရတော်မူသည်။
အကယ်၍ တိုင်းပြည်နိုင်ငံနှင့်ကတွ
ထီးမွေနန်းမွေဆက်ခံလေက ယွင်းသွေတိမ်းပါး မတရားကဲ့သော်
ရှည်လျားသံသရာ။ ၀န်လေးစွာသောအကြောင်းများကို
မိန့်ဆိုမြွက်ဟ တိုင်ပင်တော်မူရာ၊ ထိုအခါ
ညီတော်
က နောင်တော်ဘုရား မိန့်ကြားတော်မူသည့်အတိုင်း
လိုက်နာသဘောတူသဖြင့်
ညီတော် နောင်တော် နှစ်ပါးတို့သည် ခမည်းတော် မယ်တောဘုရာ်းတို့ထံ
ခွင့်ပန်လျှောက်ထားရာ
ခွင့်ရသဖြင့် သုတိန္နနဂရပြည်မှ အရှေ့တောင်အရပ်ဖြစ်သော၊
ဂစ္ဆဂီရိတောင်စခန်းသို့
မြန်းထွက်ဆိုက်ရောက်၍ ရသေ့ပြုလျက်နေကြကုန်၏။
ဤသို့နေထိုင်ရာ
သီလသိက္ခာပြည့်စုံစွာနှင့် သမထ၀ိပဿနာ၊ ဘာဝနာကမ္မဌာန်းများကို၊
ကြိုးစားပမ်းစားပွးများကြတော်မူသောကြောင့်
လရက်မရှည်မကြာမှီပင် လောကီဈာန်သမာပါတ်ကိုရကြလေ၏။
ထိုဈာန်သမာပါတ်ကို
ရကြပြီးသောအခါ၊
နောင်တော်က တစ်ဖန် အကြံဖြစ်တော်မူသည်မှာ၊
ငါတို့ညီနောင်နှစ်ပါးအတူတကွ နေတော်မူသည်မှာ
သင့်လျောမည်မဟုတ်၊
တော်သင့်တော်ရာ တစ်ခြားဆီ
ခွဲခွာနေထိုင်မှသာ သင့်လျောမည်ဟု ညီတော်အား မိန့်ကြားလေသော်၊
ညီတော်ကလည်း နောင်တော်မိန့်သမျှကို
သဘောကျသဖြင့် နောင်တော်မှာ ယခုအခါ
ဇင်းကျိုက်ဟုခေါ်ဝေါ်သမုတ်သော
ဂစ္ဆဂီရိတောင်တွင်
ခွဲခွာလျက်သီးခြားနေထိုင်ကြလေ၏။
အကြောင်းတစ်စုံတစ်ရာ ရှိခဲ့သော် မီးကိုပြရန်
အမှတ်သညာထားကြကုန်၏။
ထိုဂစ္ဆာဂီ၇ီတောင်အနောက်ဘက်၊ တောင်ခြေကမ်းပါးနှင့်
မနီးမဝေးထဲတွင်
သောင်ပတ်လည်ဝိုင်းလျှက်
ကျွန်းတစ်ကျွန်းရှိလေ၏။ ဤကျွန်း၌ကား သစ်ပင်ပန်းပင်တို့သည်
ရာသီအလိုက်
တင့်တယ်စွာ
သီးပွင့်ခြင်းနှင့်ပြည့်စုံသည့်အပြင် ချမ်းအေးကြည်စွ အရိပ်အာဝါသနှင့်
အလွန်တင့်တယ်သာယာလေသောကြောင့်ရေသတ္တ၀ါ
အဟိတ်သားနဂါးမသည်ထိုကျွန်းသို့လာရောက်ပျော်
မွေ့နေထိုင်တော်မူရာ၊
တစ်ရံသောအခါ ဂစ္ဆဂီ၇ီတောင်ခြေကမ်းပါး
သို့လှည့်လည်သွားလာတတ်၏။
လူသဏ္ဍန်ဖြင့်ကြံအင်ရူပတင့်တယ်လှပစွာ ဖန်ဆင်းခါနေထိုင်လေံ့ရှိ၏။
ဤအခါဤကာလ ဟိမ၀န္တာမှ ၀ိဇ္ဇာရိရ်လုလင်သည်
ထိုဂစ္ဆဂီ၇ိတောင်သို့ အစဉ်မပျက်လှည့်ပတ် သွားလာနေထိုင်လေ၏။
ထိုသို့သွားလာလှည့်ပတ်နေရာတွင်အခါတစ်ပါး နဂါးမနှင့်
ဝိဇ္ဇရိရ်တွေ့ကာလ ပရံပရရှေးဘ၀က၊
ကုသလ
ထူးပြုချဖူးသောရေစက်၊ ပနက်ဘူးသောသစ္စာကြောင့် မေတ္တာယိုဖိတ်
ရာဂစိတ်စောသဖြင့် ကိုယ်လက်နှီးနှောလေရာ
နဂါးမ၌ပဋိသန္ဓေတည်နေစွဲကပ်လေ၏။
နဂါးမတို့ထုံးစံမှာ မနုဿလူ့ဇာတ်နှင့် စွဲကပ်သောပဋိသန္ဓေကို
လူ့ပြည်တွင်မချပဲ နဂါးပြည်သို့ပြန်ရန်ထုံးစံမရှိ၍
ပဋိသန္ဓေရင့်မာသည့်တိုင်အောင် စောင့်လင့်ဆိုင်းငံ့ပြီးမှ
ဥကိုချချိန်ကျသဖြင့် ထိုကျွန်းမှာပင်
ရင်သွေးရင်နှစ်အစုံဥနှစ်လုံးကိုဥထားစွန့်ပစ်ထားပြီးလျှင်
နဂါးပြည်သိုံပြန်လည်သွား၏။
ထိုနဂါးမပြန်သွားပြီးနောက်များမကြာမှီပင်
တိဿရှင်ရသေ့သည် ခြေညောင်းထက်ဆန့်လှည့်ဖြန့်
သွားလာခိုက်တွင် ပင်လယ်ကမ်းပါး၌ ဥနှစ်လုံးကိုမြင်လျှင်
အလွန်ပင်ထူးဆန်းသော ဥများဖြစ်သည်ဟူ၍ ယူဆောင်ပြန်လာခဲ့ရာ
မိမိကျောင်းသင်္ခမ်းသို့ရောက်ကာလ၊
ညီတော်ကိုမီးရှိုးပြ၍ခေါ်သည်တွင်
ညီတော်လာရောက်လျှင်၊ နောင်တော်က ညီတော်သို့၊
ဥတစ်လုံးကိုပေးအပ်သနားတော်မူလိုက်လေသော်၊
ဘိုးတော်အဉ္ဇနမင်းကြီးသည် သက္ကရာဇ် (၈၆)
လေးငါးရက်ကိုပြိုပြီးနောက် (၈၉) ခုမြောက်တွင်
ညီတော်၏ဥမှာ ယောကျာင်္းငယ်ဖွားမြင်၏။
ထို့အတူ နောင်တော်၏ဥသည် ညီတော်ဒဥပေါက်ဖွားချိန်ထက်
တစ်နာရီခန့် အရင်ကြိုတင်၍ ယောကျာင်္းငယ်ပင်ပေါက်ဖွားလေ၏။
အမိမဲ့သား ဖွားခဲ့ပါသော်လည်း ညီနောင်နှစ်ဖော်
ကုသိုတော်အဟုန်း
ရသေ့မြတ် ညီနောင်တို့၏
သီလတော်ဂုဏ်ကြောင့် ထိုရသေ့ရဟန်းနှစ်ပါးတို့
အဓိဌာန်ပြုခြင်းအားဖြင့်
လက်ညှိုးမှထွက်သောနို့ရည်များနှင့်
တိုက်ကျွေး မွေးမြူကြပြီးနောက်၊
ထိုသူငယ်နှစ်ယောက်
ဆယ်နှစ်အရွယ်ရောက်သောအခါ
ညီတော်ရသေ့ မွေးမြူထားသောသူငယ်သည် ကျောက်ရောဂါစွဲကပ်
သေဆုံးပြီးလျှင် မိထီလာပြည်၌
အတုလသူဌေးသမီးသုမန၀မ်းတွင် သန္ဓေစွဲကပ်ပြီးသော်၊
(၁၀၀) ပြည့်မြောက်သောနှစ်တွင်
ဖွားမြင်ပြန်၏။
ထိုသူငယ်ရှစ်နှစ်အရွယ်သို့ရောက်သောအခါ မြတ်စွာဘုရားရှင်သည်
{သက္ကရာဇ် ၁၀၃ ခုနှစ်တွင် ပွင့်တော်မူပြီး၊ ၅ ၀ါမြောက်တွင်}
မိထီလာပြည်သို့ ဒေသစာရီကြွချီတော်မူ၍
ပြည်သူပြည်သား
အပေါင်းတို့အား တရားဓမ္မတိုက်ကျွေးလျက် ဟောပြချွတ်တော်မူရာ
ထိုသူငယ်သည်
မြတ်စွာဘုရားထံ ဆည်းကပ်ခစား၍
တရားရေအေးသောက်စို့ရသဖြင့် ပါရမီသမ္ဘာရင့်သောကြောင့်
မကြာမှီပင်ဂ၀ံပတိသာမဏေဖြစ်လေ၏။
ထို့နောက်
ဂ၀ံပတိရဟန္တာ ဟုထင်ရှားစွာဖြစ်ပြန်လေသည်။
သက္ကရာဇ် ၁၁၀ ပြည့်နှစ်တွင် သုတိန္နနဂရပြည့်ရှင်
ဘုရင်တိဿမင်းကြီးသည်
နတ်ရွာစံတော်မူသဖြင့်
မှုးမတ်သေနာပတိတို့က
ယခုရွှေနန်းသခင်ဘုရင်မင်းမြတ်နတ်ရွာစံလွန်တော်မူချေပြီ။
ထီးနန်းမွေနှစ်ကို ညီနောင်ဖြစ်သောရသေ့များမှ တစ်ပါး
အခြားဆက်ခံစိုးစံသူမရှိဖြစ်လေသည်။
ထို၇သေ့ညီနောင်နှစ်ပါး
အမြန်သွားရောက်လျောက်ထားမှသင့်မည်ဟု
တိုင်ပင်နှီးနှောသဘောတူညီကြပြီးသော်
နောင်တော်
တိဿရသေ့ရှိရာ ဂစ္ဆဂီရိတောင်သို့သွားကြကုန်၏။
ကျောင်းတော်သို့ရောက်ကြပြီးသကာလ
မှုးမတ်များကလျှောက်ထားသည်မှာ
ယခုအခါတွင်
အရှင်မင်းမြတ်တို့၏ ခမည်းတော်ရွှေနန်းသခင်
ဘုရင်မင်းတရားကြီးသည် လူ့ပြည်ညောင်း၍
နတ်ရွာသို့ပြောင်းစံတော်မူပြီး ကျန်ရစ်သည့် ထီးနန်းမွေနှစ်ကို
အရှင်သူမြတ်တို့မှ
တစ်ပါး အခြားဆက်ခံစိုးစံထိုက်သူမရှိပါ။
သို့အတွက်တာကြောင့် တိုင်းနာဂရာသို့ မြန်းထွက်၍
ထီးနန်းဆက်ခံစိုးစံတော်မူပါမည့်အကြောင်း
မှုးမတ်အပေါင်းခညောင်းဝပ်လျှိုးရှိခိုးတင်လျှောက်
တောင်းပန်အသနားခံကြကုန်၏။
ထို့သို့လျှောက်ထားတောင်းပန်အသနားခံကြသည်အခါ နောင်တော်
ရသေ့က ငါတို့ညီနောင်နှစ်ပါးသည်
တရားနှင့်ပျော်မွေ့လို၍ အလေ့ဝသီလောကီရိပ်ငြိမ်
စည်းစိမ်ချမ်းသာညွှန်တဏှာကို
လွန်စွာစက်ဆုပ်ခြင်းကြောင့် ထီးနန်းမွေနှစ်ကို မအုပ်ချုပ်မခံစံလိုပဲ
ခွဲခွာစွန့်ပစ်ပြီးဖြစ်လေသည်။
ယခုမှတစ်ဖန်ထီးမွေနန်းမွေကို ပြန်၍ခံစံ၇မည်ဆိုသော် မခံစံလိုပါ
သို့ရာတွင်ငါတို့၏ကိုယ်စားကိတ္တမသား
ဥကဘွားသော ယောကျာင်္းမြတ်ကိုထီးနန်းအပ်ပေးလိုသည်။
အမတ်မင်းတို့က သဘောတူကြမည်လောဟု မိန့်တော်မူလေ၏။
ယင်းသို့မိန့်တော်မူသောအခါ မှုးမတ်သေနာပတိတို့က
ခမည်းတော်ရွှေနန်းရှင်ဘုရင်မင်းမြတ်တွင်
ထီးနန်းတိုင်းပြည်၏အမွေကို ဆက်ခံမည့်သားတော်များမှာ
အရှင်မြတ်ညီနောင်နှစ်ပါးသာရှိပါသည်။
သို့ပါသော် အရှင်မင်းမြတ်တို့ရှိနေသမျှ
ကိတ္တိမသားကိုခန့်ထားပေးအပ်မည်ဖြစ်လျှင်လည်း
မပယ်မလှန်မငြင်းဆန်ဘဲ
သဘောတူညီပါကြောင်းကိုကောင်းမွန်စွာလျှောက်ထားကြကုန်၏။
ထိုသို့ကလျှောက်ထားကြပြီးနောက် နေ့ရက်မကြာမှီ ဒေ၀ါသနင်း
သိကြားမင်းသည်(လပြည့်
လကွယ်) နေ့တိုင်း တိဿရသေ့ထံ တရားတော်နာ
လာရောက်မြဲဖြစ်သည်နှင့်အညီ
ရှေကတော်မှောက်သို့ ချဉ်းကပ်ရောက်လာလေ၏။
ထိုအခါတိဿရသေ့က ကျွန်ုပ်သည်
ကိတ္တိမသားသူငယ်တို့အတွက်
ထီးနန်းကနက်ကိုစိုးစံစေရန်၊
စီမံနေရာချထားလိုသောဆန္ဒကြောင့်
အလွန်စိတ်လက်မကြည်သာရှိကြောင်း
ထို့အပြင်ခမည်းတော်မင်းဘုရားသည်
ယိုးယွင်းခန္ဓာနတ်ရွာစံတော်မူလေရာ ကျွန်ုပ်တို့သာ
ဆက်လက်စိုးပိုင်ရန်
အမွေဆိုင်ဖြစ်သောဤ ထီးနန်း
ခရိုင် နိုင်ငံတိုင်းပြည်ကို ကိတ္တိမသားသူငယ်အားပေးအပ်လိုကြောင်း
ထိုပေးအပ်မည့်စီမံချက်အရ
မှုးမတ်များကလည်းအားတတ်ရွှင်ပြ စိတ်နှလုံးတူမျှကြကြောင်းကို
သိကြားမင်းအား ပြောကြားတိုင်ပင်တော်မူ၏။
သိကြားမင်းက တိဿရသေ့စကားကြားရသည့်အလျောက်
ဝမ်းမြောက်တော်မူရကား
ရှင်ရသေ့နှစ်ပါး
စကားမြဲခိုင်တိုင်ပင်တော်မူပြီးသကာလ သက္ကရာဇ် ၁၁၀ ပြည့်နှစ်တွင်
သုတိန္နထီးနန်းဟောင်းကို
ထပ်လောင်းပြုပြင်ဖန်ဆင်း၍ ရေနတ်မယ်လျနဂါးမရင်နှစ်
တိဿရသေ့၏
ကိတ္တိမသားဖြစ်သော အသက် ၂၁ နှစ်အရွယ်ရှိသူငယ်ကို
ဘုရင်ဥက္ကဌ်သမု နတ်အရာတင်မြှောက်ခါ ပေးအပ်တော်မူကုန်၏။
ဘွဲ့တော်မှာ ရသေ့နှစ်ပါး၏
ဘွဲ့တော်နှစ်ခုကို တစ်စုတည်းပေါင်းစပ်၍ တိဿဓမ္မသီဟရာဇာ
ဟုဘွဲ့နာမ ခတ်နှပ်တော်မူလေ၏။ တိုင်းပြည်၏ အမည်မှာ
အလယ်ချက်၌ ရွှေထွက်သောချောင်းရှိသဖြင့် သုဝဏ္ဏဘုမ္မိ
ဟုအမည်နာမ ခတ်နှိပ်လေသတည်း။
ဂ၀ံပတိရဟန္တာသည်
အတိတ်ဘ၀ဟောင်းက နောင်တော်ဖြစ်ခဲ့ဖူးသူမှာ
မင်းအဖြစ်သို့ရောက်ကြောင်း
သိတော်မူလေလျှင် တွေ့မြင်လိုသောဆန္ဒရှိ၍ မြတ်စွားဘုရား
ထံခွင့်ပန်လျှောက်ထားပြီး တစ်ပါးတည်းပင်
သက္ကရာဇ် ၁၁၀ပြည့်နှစ်အတွင်း
ကောင်းကင်ခရီးဖြင့် ဈာန်ယာဉ်စီးကြွလျှက်
နန်းတော်သို့ရောက်ကာလ
တင့်တယ်လျှောက်ပတ်သော နေရာ၌ထိုင်တော်မူ၏။
ထိုအခါတိဿဓမ္မသီဟရာဇာမင်းက သင်သည် အဘယ်အမျိုးအနွယ်
ဘယ်သူဖြစ်သနည်းဟု မေးမြန်းတော်မူရာ
ငါကားအခြားမဟုတ် အတိတ်ဘ၀က
အကြောင်းဆုံစီး၍
တကာမင်းကြီးနှင့် ညီအကိုတော်ခဲ့ဘူးကြောင်း ငါကားညီ
တကာတော်ကားအကိုဖြစ်ကြောင်း၊
အပေါင်းဥဿုံလုံးစုံဖြစ်ပျက်သမျှကို မြွက်ဟမိန့်တော်မူပြီးခါ။
ယခုပစ္စက္ခဘ၀မှာ
သမ္မာသဗ္ဗုဒ္ဓသုံးလောကထွဋ်ထား၊ဘုရားကိုယ်တော်မြတ်နှင့်
တွေ့လေသဖြင့် တရားရေအေး အမြိုက်ဆေးကို
တိုက်ကျွေးသည့်အလျောက် သောက်မျိုရပါသောကြောင့်
ဂ၀ံပတိသာမဏေ၊ထို့နောက်ဂ၀ွပတိရဟန္တာဖြစ်ကြောင်းများကို
ပြန်ကြားမိန့်တော်မူလေ၏။
တိဿဓမ္မသီဟရာဇာမင်းက တစ်ဖန်ဤသို့ဆိုလျှင်အရှင်မြတ်သည်
လူတို့၏အထွဋ်အထိပ်ဖြစ်ပေတော့သည်ဟု
လျှောက်ထားပြန်ရာ
ဂ၀ံပတိရဟန္တာကတစ်ဖန်
ငါသည်လူတို့၏ အထွဋ်အထိပ်မဟုတ်ပေ။
လူ့ပြည်နတ်ရပ်
မနှိုင်းအပ်မနှိုင်းရာ
ဘ၀ငါရှင်စောသုံးလောကဓမ္မရာဇ်ကျစ်သယမ္ဘူဖြစ်တောမူသော
ဘုရားကိုယ်တော်မြတ်သည်
လူတို့၏ အထွဋ်အထိပ်
တံဆိပ်နာမအရဟံစေ ဘဂ၀ါအဆုံးရှိသော ကိုးပါးသော
ဂုဏ်တော်တို့နှင့်ပြည့်စုံတော်မူကြောင်း
ရာဇဂြိုလ်ပြည်၌ဝေနေယျသတ္တ၀ါ
အများတို့အား
တရားရေအေးတိုက်ကျွေးလျက်ရှိနေကြောင်းကို
လုံးပေါင်းအစုံကုန်စင်အောင်
မြွက်ဟပြောဆိုတော်မူလေလျှင်
တိဿဓမ္မသီဟရာဇာမင်းနှင့်တကွ
မှုးမတ်ပြည်သူဆင်းရဲသားများအပေါင်းတို့မှာ
ဆီထိပမာပီတိမနုဿအဖြာဖြာနှင့်၊ သဒ္ဓါဟုံကြွ၍
သရဏဂုဏ်ပဉ္ဓသီခံယူကြပြီးလျှင်၊
အသနားတော်ခံ
လျှောက်ထားတောင်းပန်လေကြသည်မှာ၊
“ အရှင်မြတ်ဘုရား တိလောကဓမ္မရာဇ်
သင်းကျစ်သယမ္ဘူ ဖြစ်တော်မူသောသုံးလောကသခင်
ဘုရားရှင်ကိုယ်တော်မြတ်ကို တပည့်တော်တို့ဖူးမြော်လိုပါသည်။
ပင့်လျှောက်ပေးတော်မူပါ
ဘုရား “
ဟုဝပ်တွားတောင်းပန်အသနားခံကြကုန်၏။
ထိုသိုကလျှောက်ထားတောင်းပန်သည်ကို ကောင်းပြီဟုဝန်ခံတော်မူ၍
ရာဇဂြိုလ်ပြည်သို့ကြွပြီးသော်
ဘုရားရှင်ထံသို့ ၀င်ရောက်ချဉ်းကပ်လေပြီးလျှင် ဂ၀ံပတိရဟန္တာသည်
တိဿဓမ္မသီဟရာဇာမင်းနှင့်တကွ
မှုးမတ်ပြည်သူဆင်းရဲသားတို့၏ လျှောက်ထားတောင်းပန်
အသနားခံချက်အရသုဝဏ္ဏဘုမ္မိပြည်သို့ ဒေသစာရီကြွချီတော်
မူပါမည့်အကြောင်းခညောင်းဝပ်လျှိုးရှိခိုးလျှောက်ထားလေလျှင်
သုံးလောကထွဋ်ထားဘုရားရှင်က
သမန္တစက္ခူသဗ္ဗညုတရွှေဥာဏ်တော်ဖြင့် ဆင်ခြင်တော်မူပြန်ရာ
သုဝဏ္ဏပြည်နှင့်ယောနကတိုင်း
သာဂလပြည်များမှာ ဘုရားသာသနာတော်
ထွန်းပေါ်မည့်အကြောင်းကို မြင်တော်မူသောကြောင့်
ဒေသစာရီကြွချီတော်မူမည့်
အကြောင်းမိန့်ကြားညွှန်ပြဗျာဒိတ်ခတ်နှိပ်တော်မူလေ၏။
တို့နောက်မြတ်စွာဘုရားသည်(ရာဇရြိုလ်ပြည်တွင်
သီတင်းသုံးတော်မူရာ၊ ရှစ်ဝါအလွန်)
သက္ကရာဇ် (၁၁၁)-ခုနှစ်၊ ဟေမန္တဥတု
တန်ဆောင်မုန်းလအတွင်း၊ရဟန္တာအပါး(၅၀၀)-နှင့်တကွ
ဒေသစာရိဘကွချီတော်မူလေရာ၊
ယောနကတိုင်းသာဂလပြည်ကြင်းမိုင်မြို့သို့ဆိုက်ရောက်
တော်မူလေ၏။
ကြင်းမိုင်မင်းမှာ
တောင်နန်းစံမိဖုရားကြီးမှဖွားမြင်တော်မူသော
သားတော်တစ်ကျိပ်၊ မြောက်နန်းစံမိဖုရားမှဖွားမြင်တော်မူသော
သားတော်တစ်ကျိပ် ပေါင်းသားတော်နှစ်ကျိပ် ရှိတော်မူ၏။
ထိုမင်းတို့ကိုးကွယ်ဆည်းကပ်သော
ကပ္ပိန္နမည်တွင် ရှင်ရသေ့တစ်ပါးလည်းရှိ၏။
ထိုမင်းညီနောင်နှစ်ကျိပ်တွင် အကြီးဆုံးသောမင်းသားသည်
မြတ်စွာဘုရား ကြင်းမိုင်မြို့သို့
ဆိုင်ရောက်လျှင် ရှေ့ဦးစွာပင် ဘုရားရှင်ကိုယ်တော်မြတ်ကိုဖူးမြင်တွေ့ကြုံလေ၏။
သို့ကာလ သုံးလောကသခင်နိဗ္ဗာန်ခွင်သို့ ကယ်တင်နိုင်သောရှင်တော်မြတ်ဘုရားဖြစ်ကြောင်း
စုံစမ်းမေးမြန်းသိရှိရလေသော်ရှိခိုးပူဇော်ပြီးလျှင်
နောင်အစဉ်မပြတ်
ရည်မှတ်ကိုးကွယ်ရန်ကိုယ်တော်အစားအဖြစ် တစ်စုံတစ်ရာပေးသနားတော်မူပါမည့်
အကြောင်းတောင်းပန်လျှောက်ထားသည်တွင်
ဘုရားရှင်ကိုယ်တော်မြတ်က တွေးဆတစ်ဖန် ရွှေဥာဏ်တော်
စက္ခူဖြင့်မျှော်ရှုထောက်စပြိးသော်
ဆံတော်တစ်ဆူပေးသနားတော်မူလေ၏။
ထို့ပြင်ကျန်သောမင်းတစ်ကျိပ်ကိုးပါးနှင့်တကွ
ကပ္ပိန္နရှင်ရသေ့တို့ကလည်းဘုရားရှင်ထံဆည်းကပ်ခိုဝင်ပြီးသော်
နောင်တော်ကြီးနည်းတူ
ဆံတော်တစ်ဆူဘကစီရလိုပါကြောင်းဖြင့်။
ခညောင်းဝပ်တွား လျှောက်ထားတောင်းပန်အသနားခံကြပြန်လေလျှင်
မြတ်စွာဘုရားရှင်သည် ရသေ့ကြီးနှင့်တကွ
မင်းသားတို့အားရွှေကြုပ်တစ်ခုစီလုပ်၍ရသေ့ကြီးနှင့်တကွ
မင်းတစ်ကျိပ်ကိုးယောက်တို့သည်
ရှေ့တော်မှောက်သို့
ရောက်ကြပြန်ရာ၊ဘဂ၀ါအတုလသမ္မာသမ္ဗုဒ္ဓသုံး
လောကထွဋ်ထားရှင်တော်ဘုရားကဆံတော်တစ်ဆူစီ
ပေးသနားတော်မူလေသတည်း။
ထို့နောင်ဘရားရှင်တော်မြတ်သည်
ကြင်းမိုင်မြို့မှ၊(ယခုအခါ ကျိုက်ခမီမြို့နှင့် ခရီး ၃
မိုင်ခန့်အကွာတောင်အရပ်တွင်ရှိ)
တောင်ဝိုင်းခေါ်တောင်ပေါ်
သို့ကြွရောက်နေသန့်တော်မူပြီးမှတစ်ဖန်ဆက်လက်၍
မြောက်ဘက်သို့ရောက်ပြန်တော်မူရာ
နောင်အခါတွင်ဆံတော်ကို
ဌာပနာပြီးလျှင် စေတီတည်လတံ့သောကြောင်းခြင်းရာ
ကိုမြင်တော်မူ၍
အောက်အတို့၌ကောင်းမြတ်ဆန်းကြယ်
တင့်တယ်စွာဂူရှိသော(ယခုရေလယ်ဘုရားတည်ထားသည့်)
ကျောင်းဆောင်ပေါ်၌တစ်ဖန် နေသန့်ပြန်ပြီးသော်
သုဝဏ္ဏဘူမိ(သထုံ)
မြို့သို့ ကြွချီတော်မူလေသတည်း။
ရွှေဆံတော်တစ်ဆူစီရရှိထားသောရသေ့ကြီးနှင့်တကွ
မင်းသားနှစ်ကျိပ်တို့သည်မိမိတို့ကိုဆီကိုငှရထားကြသော
ဆံတော်မြတ်တို့ကို
မြစ်ဆိပ်ကမ်းနားထူးခြားသောနေရာအရပ်မှာ
ဌာပနာ၍ စေတီတည်ကိုးကွယ်ကြမည်ဟု
ရည်ရွှယ်စိတ်တမ်းရွှင်လန်းဝမ်းသာ
စေတနာရှိသည့်အတိုင်း
ကျေးကျွန်သင်းပင်းမင်းချင်းဗိုလ်ပါများနှင့်တကွ စေတီတည်အံ့သော
နေရာရှာတွေ့ကြသောအခါယခုရေလယ်ကျောက်ဆောင်အတွင်း၌
သန့်ရှင်းစင်ကြယ်ထူးဆန်းတင့်တယ်သောဂူ
ကိုတွေ့မြင်ကြရလေ၏။
ထိုအခါ ကပ္ပိန္နရသေ့ကြီးနှင့်တကွ မင်းသားနှစ်ကျိပ်တို့သည် အထူထူးသောပွဲလမ်းသဘင်ဆင်ယင်ကျင်းပလျှက်
အထူးထူးသောအမွှေးအကြိုင် ပန်းနံ့သာတို့ဖြင့် တစ်လပတ်လုံး ပူဇော်လှုဒါန်းကြပြီးမှ ရသေ့ကြီးနှင့်မင်းသားတို့သည်
မိမိတို့အသီးသီးရရှိကိုးကွယ်ကြသော
ဆံတော်(၁၁)ဆူကိုဌာပနာရန်ထပ်မံ၍ရွှေကြုပ်(၁၁)လုံးနှင့်
အောက်ခံကလပ်(၁၁)ချပ် တို့ကိုပြုလုပ်ကြကုန်၏။ ကလပ်ပမာဏမှာ
အမြင့် (၁၆)လက်သစ်။
အကျယ်(၁၆)လက်သစ်။
ရွှေကြုပ်ပမာဏမှာ
အမြင့်လက်သစ်(၂၀)။
အကျယ်(၁၄)လက်သစ်။
ကလပ်တစ်ခုလျှင်ရွှေချိန်(၉)ပိဿာ။
ကြုပ်တစ်ခုလျှင်ရွှေချိန်(၉)ပိဿာ။
ရွှေကလပ်တစ်ခုနှင့်
ရွှေကြုပ်တစ်ခုစီချယ်သောရတနာများမှာ(၁၀)ရတီရှိသော
စိန်လုံးရေ(၃၈၅)လုံး။တန်ဖိုးငွေ
(၅၇၇၅၀၀)။
ရှစ်ရတီခွဲရှိသော ပတ္တမြားအလုံးရေ(၂၇၈)လုံး တန်ဖိုးငွေ (၂၇၈၀၀၀၀၀)။
(၁၃)ရတီရှိသောမြအလုံးရေ
(၁၅၉)လုံး တန်ဖိုးငွေ (၂၈၅၂၀၀၀၀)။
(၁၅)ရတီရှိသောကျောက်မျက်ရွှဲလုံးရေ(၂၅၀)လုံး တန်ဖိုးငွေ
(၃၅၀၀၀၀၀)။
(၉)ရတီခွဲရှိသောပတ္တမြားပြောက်လုံးရေ(၁၇၉)လုံး တန်ဖိုးငွေ(၇၁၆၀၀၀၀၀)။
ကြုပ်လေးမျက်နှာတွင်စီချယ်ထားသော
ဂုံညင်းပမာ(၇၉)ရတီရှိသော အဖိုးမဖြတ်နိုင်သောပတ္တမြားကြီးလေးလုံး ပေါင်း
ရတနာအမျိုးမျိုး(၈၈၅)လုံးတန်ဖိုးငွေ
(၁၃၀၉၉၀၅၀၀)။ ဖြစ်သည့်ရွှေကလပ်(၁၁)ချပ်နှင့် ရွှေကြုပ်(၁၁) လုံးမှာ ရတနာအမျိုးမျိုး
(၉၇၃၅) လုံး တန်ဖိုးငွေ (၁၄၄၀၉၇၂၅၀၀)နှင့်။ အဖိုးမဖြတ်နိုင်သော(၇၉)ရတီကျဆီရှိသည့် ပတ္တမြားကြီး
(၄၄)လုံးဖြစ်လေသည်။
ထိုသို့များပြားလှစွာသောရတနာအမျိုးမျိုးနှင့်တကွ
အဖိုးတစ်သိန်းထိုက်တန်သော ကေတုမ္ပရာဇ်တိုင်းဖြစ်
အ၀တ်ပုဆိုးများပေါ်တွင် အဖိုးတစ်သိန်းထိုက်တန်သော
စန္ဒကူးမှုံတို့ကိုဖြန့်ခါထားလျက် ပထမရွှေကြုပ်ငယ်များကို နောက်ထပ်ပြုလုပ်သောရွှေကြုပ်ကြီးမျာ
အတွင်းသို့ထည့်သွင်းပြီးလျှင်
ဂူထဲ၌ဌာပနာကြခြင်း။
ထိုမှတစ်ပါးလေးလက်မခန့်ရှိသောစိန်နှင့်ပတ္တမြားကို
မြတ်စွာဘုရားသဏ္ဍန်တော်နှစ်ဆူထုလုပ်၍
ဌာပနာကြခြင်း၊ ထို့ပြင်ရသေ့ကြီးနှင့်တကွမင်းသားနှစ်ကျိပ်တို့သည်
စိန်ပန်း ပတ္တမြားပန်း
ရွှေပန်း ငွေပန်း များနှင့်တကွပူဇော်ကန်တော့ဟန်
ပုံသဏ္ဍန်များကိုလည်းရွှေစင်ဖြင့် သွန်းလုပ်၍
ဌာပနာကြခြင်း။
ဤကဲ့သို့ဌာပနာကြပြီးသော် တောင်သင့်ရာ လူတစ်ချို့ကို ရွေးချယ်၍
အစောင့်အရှောက်ထားပြီးနောက်
ဆယ်ဆူသော ဆံတော်များဌာပနာရန် စေတီတော်တည်ရာအရပ်ကိုရှာတွေ့ကြသော် ယခု မော်လမြိုင်မြို့အထက်မြစ်မကြီးနှစ်ကွေ့ခွဲအကွာတွင်
အရှေ့ဘက်ကမ်း၌သိုက်မြိုက်တင့်တယ်ရှုမညီးဖွယ်သောတောင်
တစ်တောင်ကို တွေ့မြင်သဘောကျလျက်နေ့ရက်မကြာမှီအတွင်း
ထိုတောင်ပေါ်တွင် ကောင်းစွာရှင်းလင်းခင်းကျင်းလှုဒါန်းပွဲလမ်း
သဘင်တို့ဖြင့်ယခင်ဆံတော်မြတ်များကို
ပူဇော်သည်နှင့်မခြား ပူဇော်လှုဒါန်းကြပြီးထိုကျန်သောဆံတော်မြတ်၉၁၀)ဆူကိုရှေးနည်း
အတူဌာပနာကြလေကုန်၏။
ထို့နောက်မှ
မင်းတစ်ကျိပ်နှင့်တကွ ထက်ဝက်သောဗိုလ်ပါတို့သည် ပထမဆံတော်(၁၁)ဆူကို ဌာပနာသောဂူ၏အပေါ်တွင်
စေတီတည်လုပ်ရန်ပြန်လာကြပြီးလျှင် ဘိနပ်တော်(၁၅)တောင်အမြင့်(၁၈)တောင် ရှိစေတီကိုတည်ထားကြကုန်၏။ဤသို့အားဖြင့်
ဆံတော်(၁၁)ဆူ ဌာပနာထားသောစေတီတော် ကို
ဧကဒဿမစေတီတော်ဟုခေါ်ကြလျက် ဘွဲ့တော်တံဆိပ်ခတ်နှိပ်ကြကုန်၏။
ထိုစေတီတော် နှစ်ဆူကိုဘိနပ်တော်မှလုံးပတ်အကျယ်အ၀န်း အမြင့်ပမာဥတူစွာတည်ကြကုန်ရာ။
သက္ကရာဇ်(၁၁၇)ခုနှစ်အတွင်း၊ ပြီးမြောက်အောင်မြင်ခြင်း
သို့ရောက်လေသည်။ထို့နောက်ကာလရွေ့လျားပြီး ဒဿမစေတီတော်ကို(အလယ်အက္ခရာ”သ”
နှင့် နောက်ဆုံးအက္ခရာ” မ” ကိုပြောင်းပြန်ထား၍ မှားယွင်းခေါ်ကြခြင်းအရ၊ ဒမသ စေတီတော်ဟူ၍လည်းကောင်း၊
ထိုစေတီတော်အနီးရှိ ရွာကိုလည်း ဒမသ ရွာဟူ၍လည်းကောင်း၊ ခေါ်ဝေါ်ကြကြောင်း၊ ထိုရွာသည်ရှေးအခါက
ကျိုက်မရောမြို့နယ်အတွင်းပါဝင်သည်။
လွန်ခဲ့သော(၁၂၇၄)ခုနှစ်လောက်က။ကျိုက်မရော ကြာအင်းနှင့်ကော့ကရိတ်မြို့နယ်များကိုခွဲခြားသည့်အခါ
ကော့ကရိတ်မြို့နယ်အတွင်းတို့ထည့်သွင်းပါဝင်ခြင်းဖြစ်ကြောင်း) ထိုဒမသဘုရား၌နှစ်စဉ်သင်္ကြန်အခါတွင်ပွဲတော်
ကျင်းပပြုလုပ်ကြမြဲဖြစ်လေသတည်း။
အထက်တွင်ဖော်ပြခဲ့သော
ဆံတော်(၁၁)ကိုဌာပနာထားသည့်{ ယခုရေလယ်ဘုရားကြီး} ဂူနှင့် ခရီးတစ်မိုင်ကွာ(တောရကျောင်း)ဆင်ပုန်းဂူ၊
ထိုဂူမှနှစ်မိုင်ကွာသင်္ကန်း(လှန်း)တောင်၊ ထိုတောင်မှ ထားဝယ်မြို့သို့အရေခံတိုးလျှိုးပေါက်ကြောင်း၊ထို့ပြင်ရှေးအခါက
ဘုန်းကြီးကွန်ဒေါင်ဟုခေါ်သော(မွန်)တလိုင်းဘုန်းတော်ကြီးတစ်ပါးသည်၊
ရေလယ်ဘုရားသို့ရှိခိုးပူဇော်ဖူးမြော်ခညွတ်ဝတ်ပြု
အာရုံခံအသွားအပြန်ပင်
ပထ၀ီကသိဏံကိုဆင်ခြင်ရန်အကြောင်းဖြင့် ထိုဘုရားကြီးဂူမှ(တောရကျောင်း) ဆင်ပုန်းဂူ၊ ထိုဂူမှသင်္ကန်း(လှန်း)တောင်သို့
မြေလျှိုး၍ကြွသွားကြောင်း၊ ထိုတောင်၌နေသန့်၍သင်္ကန်း(လှန်း)သောကြောင့်၊
သင်္ကန်း(လှန်း)တောင်ဟုခေါ်ကြောင်း၊
ထိုဘုန်းကြီးသည်လောကီပညာအဖြာဖြာကို ကောင်းစွာ
တတ်မြောက်သည့်အလျောက် ပထမံပေါက်သဖြင့်
ဝိဇ္ဇာမြောက်၍ရွှေငွေရတနာများရှိသည့် နေရာကိုသိမြင်နိုင်သော
အစွမ်းသတ္တိရှိကြောင်း၊။
ထို့ပြင်(တောရကျောင်း)ဆင်ပုန်းဂူတွင်
ရှေးအခါကရွှေငွေရတနာ
များမှစ၍ လူတို့ အသုံးအဆောင်အမျိုးမျိုးရှိ ကြောင်း၊ထိုပစ္စည်းများကို
မည်သည့်အခါပြန်ထားမည်ဟု ဂတိသစ္စာနှင့်ခေတ္တငှားယူလိုလျှင် လိုရာပစ္စည်းများကို ရနိုင်လေရာ၊
ဝိပ္ပတ္တိအခါတွင် လူသတ္တ၀ါအချို့ ရှေးကဲ့သို့ ဂတိသစ္စာတည်ကြည်ခြင်းမရှိပါ၍ ခေတ္တမျှဆိုလျက်
ယူသွားသောပစ္စည်းများကို တစ်ဖန်ပြန်၍ မထားကြသောကြောင့် ထို(တောရကျောင်း) ဆင်ပုန်းဂူသည်ပိတ်သွားပြီဖြစ်ကြောင်း။
ထိုဆင်ပုန်းဂူဟုခေါ်တွင်ရခြင်းအကြောင်းမှာ ဘုရားအလောင်းတော် သည်ကောင်းကင်ပြန်မြေလျှိုးဆဒ္ဒန်ဆင်မင်းသနင်း၊
ဆဒ္ဒါန်ဆင်မင်းတစ်ဘ၀ဖြစ်ပြန်တော်မူစဉ်အခါက (ဤဂူမှသုံးမိုင်အကွာယခုဆင်တောင်ဟူ၍လူအများခေါ်
ဆိုကြသောတောင်တွင်)
ဆဒ္ဒါန်ဆင်မျိုးပေါင်းများစွာနှင့်ပျော်မွေ့ခါစိုးစံနေထိုင်လျက်ရှိလေ၏။
ဒေ၀ဒတ်အလောင်းဆင်မင်းလည်း
ဆင်ပေါင်းများစွာနှင့်(ယခုမီးပြတိုက်ပြုလုပ်ထားသည့်
ဆေးဘိုကျွန်းခေါ်
သောကျွန်းတွင်) သီးခြားအုပ်ချုပ်မင်းလုပ်လျက်နေလေ၏။
အခါတစ်ပါးဘုရားအလောင်းနှင့်တိုင်းပြည်ထောင်ချင်း
မသင့်မတင့်စစ်ခင်းကြလေရာ ဒေ၀ဒတ်အလောင်းနှင့်
ဆင်ပေါင်းများစွာမှာ။ကောင်းကင်ပြန်မြေလျှိုးနိုင်သည့်စွမ်းရည်
သတ္တိမရှိကြသောကြောင့်၊
အရှုံးပေးလျက်ပြေးဝင်ပုန်းအောင်းကြသောဂူဖြစ်၍ ဆင်ပုန်းဂူဟုခေါ်ကြောင်း၊ထိုဂူမြောက်ဘက်အနီးတွင်လည်း၊
ဆဒ္ဒါန်ဆင်မျိုးမှစွန့်ချခဲ့သောကျင်ကြီးတုံးသည် ကျောက်ဖြစ်နေ၍ ထိုကျောက်တုံးပေါ်တွင်
စေတီတော်တစ်ဆူတည်ထားရာ ဘွဲ့တော်မှာကား ဆင်ကျင်ကြီးတုံးပေါ်တွင်တည်ထားသောကြောင့်” ဆင်ကျင်ကြီးတုံးစေတီ”
ဟု ယခုတိုင်ခေါ်ကြလေကြောင့်၊ ၄င်းဆင်ပုန်းဂူတောင်ဘက် တရိပ်ကျော်ကျော်ကွာသော ပင်လယ်ထဲတွင်
အထိကရကျောက်ဆောင်ကြီးတည်လျက်ရှိရာ၊
ထိုကျောက်ဆောင်မှာရေကျမှသာလျှင် ထင်ရှားစွာမြင်နိုင်ကြောင်း၊၄င်းကျောက်ဆောင်ကိုရဲလှကျောက်ဆောင်
ဟုခေါ်ကြပါသည်။
ထိုရဲလှကျောက်ဆောင်ခေါ်တွင်ကြောင်းမှာ
အလောင်းစည်သူမင်းတရားကြီးသည် ဇမ္ဗူဒိပ်ကျွန်းများကို ဖောင်တော်နှင့်လှည့်လည်ရှုစားရာ
ထိုအခါကကျောက်ဆောင်သို့ ဖောင်တော်ကိုဆိုက်ကပ်ရှုစားသော် ရဲလှခေါ်မိဖုရားငယ်သည် ဖောင်တော်မှဆင်းသက်ရှုစားနေခိုက်
မိဖုရားကြီးက အကောက်ဥာဏ်ဖြင့်ကြံစီပြီးလျှင်၊ ဖောင်တော်ထွက်ရန်
အမိန့်ပေးရာဖောင်တော်ထွက်ခွာရလေသည်။
ထိုသို့ထွက်ခွာပြီးနောက်မှ ရဲလှမိဖု၇ားသိရလေလျှင် ရှေ့နောက်မြောက်တောင်ဝဲယာ
ရှုကြည့်ပါသော်လည်း၊
ကယ်ဆယ်မည့်သူမမြင်၊ ရေအယဉ်သည် တသွင်သွင်တိုးတတ်လာရာ၊ထိုအခါရဲလှမိဖုရားကဒေါသစိတ်နှင့်
အဓိဌာန်ပြုသည်မှာ ငါသည်မကြာမှီပင်ဤရေးဘေးနှင့်ဘ၀တစ်ပါး
သို့ပြောင်းသွားရတော့မည်။
လားရာဘ၀၌ငါ၏အသံတစ်ကြားသတ္တ၀ါများကို
စားရသောကိုယ်ဖြစ်ရပါစေလို၏ဟုအဓိဌာန်ပြုပြီးနောက်။
ရေနစ်မြုပ်သေဆုံးသဖြင့် အစိမ်းအ၀ါးဖြစ်နေရာမိုးဦးအခါတွင်
၎င်းကျောက်ဆောင်မှ အသံကြီးမားစွာကြားရသော် ရဲလှအော်သည်ဟု ပြောလေ့ရှိကြပါသည်။
ရေလမ်းသွားလာသူတစ်ချို့
လူတစ်ချို့လည်းလှေမှောက်လှေပျက် ရေနစ်သေကြေဆုံးပါးခြင်းကို ရဲလှစားသည်ဟု ရှေးလူကြီးများမှဆင်းသက်လျက်
ယခုလူငယ်များတိုင် ဆက်လက်၍စွဲလန်းချက်သဘောနှင့် အချို့ပြောဆိုကြပါကြောင်း သမိုင်းဟောင်းတစ်ဖြာပေါရာဏ
စကားကို သေချာဥဿုံအလုံးစုံ ဖော်ပြပါသတည်း။
မင်းသားညီနောင်တို့သည်
မိမိတို့တည်ထားသည့် ဒဿမစေတီတော်ကို နေ့စဉ်မပြတ်အာရုံပြု၍
ပူဇော်ကန်တော့ရလေအောင်
ဘုရားအနီးအပါးတွင်
မြို့ရွာတည်ထောင်ရန်သဘောတူညီကြသဖြင့်
၎င်းစေတီတော်မြတ်၏တောင်ဘက်
ခရီးတာပေါင်း(၇၅၀၀)ကွာသော
ကော့ဘိန်းအရပ်တွင်
သက္ကရာဇ်(၁၁၇)ခုနှစ်မှာပင် မြို့ရွာတည်ထောင်ပြီးလျှင်
နောင်တော်အကြီးဆုံးသည် စီမံအုပ်ချုပ်မင်းလုပ် စိုးစံလေ၏။
ထိုမြို့၏အမည်မှာရမ္မာပူရ-ရမ္မ၀တီ ဟူ၍နှစ်မည်တွင်ကြောင်း
၎င်းမြတ်စွာဘုရားပရိနိဗ္ဗာန်စံလွန်တော်ပြီးနောက်
သက္ကရာဇ်(၁၅၇)
ခုနှစ်အတွင်း(မွန်)တလိုင်းမင်း မှိန်းပွန်ဒုရပ်က ထိုမြို့ဒေသသည် ဥတုသပ္ပာသမညီမှရောဂါဝေဒနာထူပြောသည်ဟူ၍
မြို့သစ်တည်ထောင်ရမည်ဟု အမိန်ကတော်အတည်ပြုပြီး၊ အလွန်တောမြိုင်ကြီးသဖြင့် ဥဒေါင်းပေါများသောမြစ်လေးမွှာဆိုင်
ပြွန်ဇလိုင်အနားရှိတောများကို ခုတ်တွင်ရှင်းလင်းပြီးလျှင် မြို့ရွာတည်ထောင်လေ၏။
၎င်းမြို့ကိုလည်း
ပထမအမည်ဖြစ်သော ရမ္မာပူရ-ရမ္မ၀တီ ဟူ၍အမည်နှစ်မည်လုံးပင်ခေါ်တွင်ပြန်လေ၏။နောက်များမဘကာမှီ
ထိုမင်းမျက်စိကွယ်တော်မူသောကြောင့် ၄င်းမြို့ကို တလိုင်းဘာသာဖြင့်ုထုံမွတ်လုံဟုခေါ်ခေါ်ကြပြန်လေ၏။မြန်မာပြန်ဆိုသော်
မျက်လုံးကန်းမြို့ ဖြစ်သည်။
ထိုမြို့တည်ထောင်သည့်နေရာတွင်
ဥဒေါင်းပေါများဥော တောကြီးမြိုင်ကြီးများကို ခုတ်တွင်ရှင်းလင်း တည်ထောင်ရသောကြောင့်
မောရမြိုင်ဟုခေါ်ကြသည်။ ၄င်းအမည်မှာ ကာလရွေ့လျား၍ယခု မော်လမြိုင်ဟုခေါ်ကြပေသည်။
ထို့နောက်
သက္ကရာဇ်(၁၁၇)ခုနှစ်၌ပင် မင်းသားတစ်ကျိပ်တို့သည် မိမိတိုကရေလယ်ကျောက်ဆောင်ပေါ်တွင်တည်ထားသော
ဧကဒဿစေတီတော် အနီးအပါးတွင် မြို့ရွာတည်ထောင်၍နေကြလေ၏။
ထိုမြို့ကို(မွန်-တလိုင်းဘာသာဖြင့်
တုံဇောင်ဟမာဟမစ် တုံဇောင်ပီ ဟူ၍ နှစ်မည်နာမခေါ်ဝေါ်ကြလေသည်။ မြန်မာပြန်သော် သမုဒ္ဒရာနားမြို့-
ပင်လ်ာနားမြို့ ဟုဆိုလိုသည်။
မြတ်စွာဘုရားသခင်
ရှင်ပင်ဘုရား ကြွသွားနိဗ္ဗာန် စံယူတော်မူပြီးနောက် သက္ကရာဇ်(၂၃၇) ခုနှစ် သို့ရောက်လပ်သော်
သီဟိုဠ်ကျွန်းကို ထီးဖြူအုပ်ချုပ်စီုးစံတော်မူသော ဒေ၀ါနံပီယတိဿမင်းမြတ်သည် သမာဓိဥာဏ်ပညာဖြင့်
အကြံဖြစ်တော်မူ၍ သီရိဓမ္မာသောက နာမပြန့်သင်း ဧကရာဇ်မင်းမြတ်၏ သြရဿရင်နှစ် ရဟန္တာဖြစ်တော်မူသော
မဟိန္ဒထေရ်အရှင်မြတ်အား လျှောက်ထားမူလေသည်မှာ ဘုရားရှင်ကိုယ်တော်မြတ်၏ ဆံတော်မှစ၍ သရီယဓါတ်တော်တို့တည်နေကိန်းအောင်းတော်မူသော
အရပ်ဒေသများ၌ မြတ်စွာဘုရားရှင်၏သဏ္ဍာန်ကို မဖူးမမြင်ရသဖြင့် ကြည်ညိုခြင်းနည်းပါးလိမ့်မည်ဖြစ်
သောကြောင့်
မြတ်စွာဘုရားရှင်၏သဏ္ဍာန်တော်ထုလုပ်ပြီးလျှင် အရှင်ဘုရားတို့၏တန်ခိုးတော်တို့ဖြင့်
ထိုထိုသို့သောအရပ်ဒေသများသို့ ရုပ်ပွားတော်များကြွရောက်ပါသော် ဘုရားရှင်ကိုယ်တော်တိုင်ကို
ဖူးမြော်တွေ့မြင်ရသကဲ့သို့ သဒ္ဓါတရားပွားများကြပါလိမ့်မည်။
တကာတော်တာဝန်ခံပါမည်။အရှင်မြတ်က
သာသနာတော်တည်ရာ မြန်မာပြည်သို့ ရုပ်ပွားတော်များ
ကြွရောက်တော်မူပါအောင်
ရွက်ဆောင်ပါမည့်
အကြောင်းနှင့်လျှောက်ထားအသနားခံလေက
အရှင်မဟိန္ဒထေရ်မြတ်သည် ကောင်းပြီဟုဝန်ခံ
ပြီးကာလ
ရဟန္တာထေရ်ဖြစ်တော်မူသော ဥပတိဿမထေရ်အားဆောင်ရွက်ရန်
တာဝန်ခံထားလေရာ ဒေ၀ါနံပီယတိဿမင်းကြီးသည်
ဂွမ်းဆီထိပမာဝမ်းမြောက်ဝမ်းသာဖြစ်၍ နန်းတော်သို့ပြန်လေ၏။
ထိုခဏ၌ တာဝတိံသာနတ်ပြည်ရှင်ဘုရင်သိကြားသည်
ဗဏ္ဍုကမ္ဗလာမြကျောက်ဖျာ၏ တင်းမာပူလောင်မှုကြောင့်
လူ့ပြည်သို့ရှုကြည့်လေလျှင်။ဒေ၀ါနံပီယတိဿမင်းကြီးသည်
မြတ်စွာဘုရား၏ကိုယ်စား ရုပ်ပွားတော်များကို
အလိုရှိသည့်အချင်းအရာဖြစ်ကြောင်းသိတော်မူ၍
ဥာဏ်တော်တစ်ထောင်နှင့် ဆယ့်နှစ်လက်သစ်ရှိ ရုပ်ပွားတော်လေးဆူကို စန္ဒကူးသာဖြင့်ပြုပြင်ဖန်ဆင်း၍
ဓါတ်တော် ၇ ဆူစီ ဌာပနာပြီးမှ ရုပ်ပွားတော်များကို ဒေ၀ါနံပီယတိဿမင်းကြီး၏ ရာဇပလ္လင်ပေါ်တွင်တင်ထားလေ၏။
ထိုသည့်လွန်မြောက်မိုဃ်းသောက်ထ၌
မင်းကြီးသည် ရုပ်ပွားတော်လေးဆူကို ဖူးမြင်ရလေလျှင် ပီတိသောမနဿ အလွန်ဝမ်းမြောက်လှသောကြောင့်
ရဟန္တာကိုယ်တော်မြတ်များစွာတို့ကို လျှောက်ထားပင့်ဖိတ်၍ များစွာသောအလှုကြီးကိုပေးပြီးလျှင်
(၁၅)ရက် (တပက္ခ)ပတ်လုံး၊ ရုပ်ပွားတော်လေးဆူကို အထူးထူးသောပူဇော်ခြင်းတို့ဖြင့်ပူဇော်၍
အထူးထူးအပြားပြားများစွာသောပွဲလမ်းသဘင်ဆင်ယင်ကျင်းပပြီး ဥပတိံဿရဟန္တာအရှင်မြတ်သည် ၄င်းရုပ်ပွားတော်လေးဆူအနက်
နှစ်ဆူသောရုပ်ပွားတော်များကို သင်္ကန်းတုံးနှစ်တုံးပေါ်မှာ တစ်ဆူကိုကျွန်းတုံးပေါ်မှာ ကျန်တစ်ဆူကိုကျောက်လှည်းဘီးပေါ်တွင်တင်ပြီးလျှင်
ဇမ္ဗူကောလသဘောင်္ဆိပ်မှ သရိယဓါတ်ဆံတော်မြတ်ကို ကိန်းဝပ်တော်မူသောအရပဌာန်တို့၌ တည်တံ့ပါစေသတည်းဟုအဓိဌာန်ပြီးလျှင်
ပင်လယ်ပြင်သို့မျှောလိုက်လေ၏။
ထိုနောက်
ကျွန်းတုံးနှင့်မျှောလိုက်သောရုပ်ပွားတော်တစ်ဆူသည် ရခိုင်ပြည်နယ်မှာ ၊ကျောက်လှည်းဘီးနှင့်မျှောလိုက်သော
ရုပ်ပွားတော်တစ်ဆူသည် ကျိုက်ထိုမြို့မှာ၊ သင်္ကန်းတုံးတစ်တုံးနှင့်ရုပ်ပွားတော်တစ်ဆူသည်
ထားဝယ်မြို့မှာရပ်တံ့တော်မူသည်။
အခြားသောသင်္ကန်းထုံးတစ်တုံးနှင့် ရုပ်ပွားတော်တစ်ဆူသည်
ယခုရေလယ်ကျောက်ဆောင်နှင့်မနီးမဝေး အလန် (၅၀)အကွာတွင် ရေတက်ရေကျသော်ငြားလည်း မရွေ့လျားဘဲတည်မြဲရပ်တံ့တော်မူလေ၏။
သို့ရပ်တံ့တော်မူသည်ကို တုံဇောင်ပီမြို့သူမြို့သားတို့ ဖူးမြင်တွေ့ရှိကြသောကာလ လှေနှင့်ကူးပြီးလျှင်
သင်္ကန်းတုံးကိုကြိုးတပ်လျက် ကိုယ်တော်မြတ်ကိုကုန်းပေါ်သို့ ၀ိုင်းဝန်းဆွဲကြပါသော်လည်း
အနည်းငယ်မျှမလှုပ်မရှား မကြွတော်မူဘဲတည်မြဲတိုင်းနေရာ၌သာတည်နေတော်မူလေ၏။
၎င်းနောက် အသီးသီးသစ္စာအဓိဌာန်ပြု၍
ဆွဲငင်ကြပါသော်လည်း ရှေးနည်းအတိုင်းတည်နေ၍သာနေလေ၏။
ထို့နောက် ၄င်းမြို့တွင် အကျင့်သီလသမာဓိနှင့်ပြည့်စုံသောမုဆိုးမတစ်ဦးသည်
ချည်ပင်နှင့်သင်္ကန်းတုံးကို ရစ်ပတ်ပြီးလျှင် ဘုရားတပည့်တော်မသည် မှတ်မိသောအရွယ်ငယ်စဉ်ကပင်
ယခုထက်ထိစေတနာနှင့် တကွ ငါးပါးသီလ၌ကြူးလွန်ပျက်ကွက်ခြင်းမရှိပါ ထိုသစ္စာမှန်က ဘုရားကိုယ်တော်မြတ်သည်
ကြွလာတော်မူပါစေသတည်းဟု အဓိဌာန်ပြု၍ ချည်ပင်ကိုင်လိုက်သည်နှင့်တစ်ပြိုင်နက် သင်္ကန်းတုံးနှင့်တကွ
ရုပ်ပွားတော်သည် ယခုဝတ်ကြီးဆောက်တည်ပြုလုပ်ထားသောနေရာအနီးကုန်းပေါ်သို့၊ သာသနာသက္ကရာဇ်(၂၃၇)နှစ်၊
နတ်တော်လဆန်း(၁၅)ရက် (လပြည့်) နေ့တွင် ကြွရောက်ပါလာလေသတည်း။
၎င်းရုပ်ပွားတော်အရှင်မြတ်ကို
ရှေးမင်းသားများတည်ထားသော
ဧကဒဿစေတီတော် အရှေ့မုခ်ထဲတွင်ပင့်၍ကိုးကွယ်ထားလေလျှင်
တောင်အရပ်ဖြစ်သောပင်လယ်ဘက်သို့မျက်နှာတော်မူ၍
စံနေတော်မူ၏။
တစ်ဖန်အရှေ့ဘက်သို့မျက်နှာတော်လှည့်၍ထားပြန်သော်
တောင်ဘက်သို့ပင်မျက်နှာတော်မူလျက်ရှိလေ၏။
ထို့နောက် တောင်ဘက်မုခ်တွင်ပင့်ဆောင်၍ထားမှသာလျှင်
မျက်နှာတော်ကိုဖူးမြင်ကြရလေ၏။ ၄င်းနောက် ဧကဒဿစေတီတော်သည် ပျက်စီးယိုယွင်း ထိုဆံတော်မြတ်(၁၁)ဆူဌာပနာထားသော
ကျောက်ဆောင်
ပတ်လည်တွင် ၀တ်ကျောင်းကြီးတည်ဆောက်ပြုလုပ်ထားပြီးလျှင် ရုပ်ပွားတော်အရှင်မြတ်ကို
ပင့်၍ထားရာ ရှေးကဲ့သို့ပင် တောင်ဘက်ပင်လယ်ပြင်သို့ မျက်နှာတော်မူလျက်သာ စံနေတော်မူပါသတည်း။
မုဆိုးမအဓိဌာန်၍ ရုပ်ပွားတော်ရောက်ပါလာသည်ကိုအစွဲပြုသဖြင့် တုံဇောင်ပီမြို့ကို မုဆိုးမမြို့
ဟုခေါ်တွင်ကြပြန်လေ၏။
ထို့ပြင်
၎င်းရုပ်ပွားတော် မျက်နှာတော်မူသည်ကို အကြောင်းပြု၍ (မွန်-တလိုင်း )ဘာသာဖြင့်”ကျိုက်ဟမီ”
မြန်မာဘာသာနှင့် ပြန်လျှင် “ ဘုရားမျှော် “ ဟု ခေါ်ဆိုလေသည်။
၎င်းမွန်ဘာသာအခေါ် “ ကျိုက်ဟမီ
“ ကိုကာလရွေ့လျှောလာသောကြောင့် မြန်မာတို့ခေါ်သည်မှာ” ကျိုက်ခမီ “ ဟု ဖြစ်လာလေသည်။
(မွန်-တလိုင်း) လူမျိုးတို့သည် ယခုထက်တိုင် “ကျိုက်ဟမီ” ဟူ၍သာ ခေါ်ဝေါ်ကြပါသည်။
“ကျိုက်ခမီရေလယ်ဘုရားသမိုင်းကိုအရပ်ရပ်မှတ်သားရန်
အချက်များ”
၎င်းရုပ်ပွားတော်အရှင်မြတ်မှာ
ဥာဏ်တော် နှစ်တောင်ခန့်ရှိသည်။ ကျောက်ဆောင်ပေါ်တွင် နဂါးရုပ်နှင့်တကွ နဂါးခေါင်းအုပ်လျက်တည်ရှိသည်။
၎င်းကျောက်ဆောင်ကို တောင်သဏ္ဍာန်ပြုလုပ်ထားသောကြောင့် ဘုရားကိုယ်တော်အရှင်မြတ်မှာ တောင်ထွဋ်ဖျားတွင်
တည်နေသီတင်းသုံးတော်မူလေသကဲ့သို့ရှိသည်။
၎င်းဘုရားကိုယ်တော်ကောက်
(ထိုတောင်သဏ္ဍာန်ပတ်လည်အပေါ်တွင်)
ဥာဏ်တော် သုံးတောင်ခန့်စီရှိသော ရုပ်ထုတော်ရှစ်ဆူ၊ အောက်ထပ်တွင် ဥာဏ်တော် (၅)တောင်ထွာခန့်ရှိ
ရုပ်ပွားတော် ရှစ်ဆူ၊ ၄င်းဘုရားရုပ်ထုတော်ကိုယ်တော်မြတ်ကြီး လေးဆူနှင့် မျက်နှာတော်ချင်းဆိုင် ထောင့်လေးထောင့်တွင်။ တစ်ထောင့်လျှင် ဥာဏ်တော် သုံး
တောင်ခန့်ရှိ ရုပ်ပွားတော် ဘုရားတစ်ဆူစီ တည်ထားကိုးကွယ်လျက်ရှိသည်။
သီဟိုဠ်ကျွန်း ဇမ္ဗူကောလသဘောင်္ဆိပ်မှ
ရှင်ဥပတိဿရဟန္တာမြတ် အဓိဌာန်၍ မျှောတော်မူလိုက်သည့် ၄င်းနဂါးခေါင်းအုပ်ထားလျက်ရှိသော
(ယခုရေလယ်ဘုရားကြီးဟု ဘွဲ့နာမ သမုတ်ကြသည့်) ရုပ်ပွားတော် အစစ်မှာ အံ့ဖွယ် ငါးပါးနှင့်
ပြည့်စုံတော်မူပါသည်။
“ ကျိုက်ခမီရေလယ်ဘုရားကြီး၏
အံ့ဖွယ် ငါးငါး “
၁။ ဘုရားပတ်လည်
အနီးအပါးတွင် ကျောက်ခဲငယ်များမရှိဘဲနှင့် ၄င်းအရှေ့ဘက်မုခ် မိန်းမများ အာရုံပြု၍ ပူဇော်ကန်တော့သောနေရာနှင့်တကွ အလျား အတောင်
(၁၀၀) အနအံတောင် (၃၀) ခန့်ရှိသော ထက်ဝန်းကျင်နေရာများတွင် အလိုအလျောက် ကျောက်ခဲငယ်များ
ပြန်နှံ့လျက်
တစ်နှစ်ထက်တစ်နှစ် ပွားများလာခြင်း။
၂။ အခြားတစ်ပါးသော
အရပ်များတွင် ရွှံ့ညွန်များစွာရှိငြား
သော်လည်း ၄င်းကျောက်ဆောင်ငယ်များ ရှိရာအရပ်၌ ရွှံ့ညွန်ကင်းလွတ်ခြင်း။
၃။ ရေတတ်ရေကျသောအခါ
ဘုရားလမ်းတစ်လျှောက်တွင် လှိုင်းများသည်ဘုရားကို ကန်တော့သောသဏ္ဍာန်ဖြစ်ပြီးမှ ရေတတ်ရေကျခြင်း။
၎။ မည်မျှလောက်
လှိုင်းလေနှင့်ရေကြီးမြင့်လွှမ်းမိုး၍ ပင်လယ်ရေတတ်လာသော်လည်း ဘုရားဝတ်ကျောင်းအဆင့်ပေါ်သိုပရေမရောက်ပါ။
ပင်လယ်ရေများမှာ ဘုရားဝတ်ကျောင်းအောက်သို့ ဒယ်အိုးသဏ္ဍာန်ခွက်ပြီးလျှင် အခြားဘက်သို့
လှိုးပုတ်လျက်ထွက်သွားခြင်း။
၅။ ဘုရားဝတ်ကျောင်းပေါ်သို့
မိန်းမများတတ်ခွင့်မရ။ ရှေးအခါကမသိ၍ တတ်မိသောမိန်းမများမှာ တစ်စုံတစ်ရာ ဝေဒနာကပ်ရောက်ခြင်း
အချိန်အခါမဲ့ လေပြင်းမုန်တိုင်းကျခြင်း၊ မိုဃ်းကြီးစွာရွာခြင်း စသည့်အံ့ဖွယ်ငါးပါး ရှိလေသတည်း။
ယခုအခါတစ်စုံတစ်ယောက်သောမိန်းမမျှ
ဘုရားဝတ်ကျောင်းပေါ်သို့ တတ်ဝံ့သူမရှိ ထိုကဲ့သို့ ဝေဒနာအန္တရာယ် ကပ်ရောက်ခြင်းကို ထောက်ထားဆင်ခြင်လျှင်
ဘုရားရှင်တို့၏ထုံးစံဓမ္မတာ စရိယသုံးပါးမှာ ………….
၁။ လောကတ္ထစရိယ….
သတ္တလောကတည်းဟူသော လူနတ်ဗြဟ္မာ သတ္တ၀ါတို့၏ အကျိုးငှာကျင့်တော်မူခြင်း။
၂။ ညာတ္တထစရိယ…..
ဆွေတော်မျိုးတော်တို့အကျိုးငှာ ကျင့်တော်မူခြင်း။
၃။ ဗုဒ္ဓတ္ထစရီယ……..
ကိုယ်တော်တိုင်ဘုရားအဖြစ်သို့
ရောက်အောင် ကျင့်တော်မူခြင်း။
ဤကဲ့သို့စရိယသုံးပါးကို
ထောက်ထားပြုကျင့်တော်မူပါလျက် ဘယ့်အတွက်ကြောင့် မိန်းမများမတတ်ရသည်ကို ဆင်ခြင်စဉ်းစားပါလျှင်
ဆံတော်(၁၁) ဆူတို့သည် ကျောက်ဆောင်အတွင်းရှိ ဂူထဲတွင် ကိန်းဝပ်စပ္ပါယ်နေတော်မူသောကြောင့်
(ဆံတော်ဓါတ်တော်တို့၏ အမြင့်က) ၀တ်ကျောင်းပေါ်မှာ မိန်းမများနေခြင်းကို ဆံတော်စောင့်နတ်များ
မကြိုက်မနှစ်သက်သောကြောင့် နောက်နောင် မတတ်ဝံ့စေခြင်းငှာ နတ်များချောက်လန့်ံသည်ဟု တွေးတောယူဆရန်ရှိလေသည်။
လွန်ခဲ့သော (၁၂၇၅) ခုနှစ်
တန်ဆောင်မုန်းလဆန်း (၅)ရက်နေ့
ညနေ ၄နာရီအချိန် ရေသတ္တ၀ါနဂါးတို့သည်
ရေလယ်မြတ်ဘုရားအား
ဖူးမြော်ရန် လာရောက်သည်ကို
အချို့လူများ တွေ့မြင်ရကြောင်း သမိုင်းဟောင်း၌ဆိုသည်။
သို့ဖြစ်ပါ၍
အဟိတ်သားရေသတ္တ၀ါနဂါးသော်မှ
ဘုရားတည်းဟူသော သရဏဂုံကို ယုံကြည်ခြင်းထူးသဖြင့်
ဖူးမြော်ရန်လာရောက်လေသည်။
ကျွန်ုပ်တို့ လူသတ္တ၀ါဒွိဟိတ်သားမှာ
အဘယ်ဆိုဖွယ်ရာမရှိ ဂွမ်းဆီထိပမာ ပိတိသောမနုဿစေတနာဖြင့် ဖန်ခါခါဆည်းကပ်၍
မပြတ်မလပ်ကြည်ညို ဖူးမြော်ကြပါမည့်အကြောင်း သူတော်ကောင်းစေတနာနှင့် သတိပေးနှိုးဆော်လိုက်ပါသည်။
ကျိုက်ခမီရေလယ်ဘုရားပွဲတော်အခါ
ဘုရားဖူးလာရောက်သူများသည် အောက်တွက်ညွှန်ပြသောအခြားသော ဘုရားများကိုလည်း သွားရောက်ဖူးမြော်ရန်
ကောင်းလေသည်။
(က) ကျိုက်ခမီရေလယ်ဘုရားနှင့်
တစ်မိုင်ကွာ ……..တောရကျောင်း။ ဆင်ပုန်းဘုရား။
(ခ) ကျိုက်ခမီရေလယ်ဘုရားနှင့်
သုံးမိုင်ကွာ ……တောင်ဝိုင်းဘုရား။
(ဂ) ကျိုက်ခမီရေလယ်ဘုရားနှင့်
လေးမိုင်ကွာ …… ဆင်တောင်ဘုရား။
(ဃ) ကျိုက်ခမီရေလယ်ဘုရားနှင့်
ငါးမိုင်ကွာ …… ကျိုက်မူန္ဒဘုရား။ စသည့်ဘုရားများကိုလည်း
သွားရောက်ဖူးမြော်နိုင်ပါသည်။
ကျိုက်ခမီရေလယ်ဘုရားသမိုင်းကြောင်း
ပြီးပါပြီ။
ကျိုက်ခမီရေလယ်ဘုရားသမိုင်းကြောင်းကို ဘုရားသမိုင်းစာအုပ်မှ်ရေးသားဖော်ပြသည်။
“ ကျိုက်ခမီရေလယ်ဘုရားသမိုင်းရေးသားအောင်မြင်၍
ဆုတောင်း “
ပဌနာပြုခြင်း။
။ ဧဒံမေလိက္ခေယ၀ုညံ အာသ၀က္ခယံ နိဗ္ဗာနသုခံ ၀ဟံဟောတု ။
မေ ။လေးဆယ့်ရှစ်ပါးဓါတ်တရားအစု
နှစ်ခုနာမ်ရုပ် အကျွန်ုပ်သည် ဧဒလိက္ခေသ ဤသို့လျှင် ဆံတော်ဓါတ်(၁၁)ဆူနှင့် ရုပ်ပွားတော်အရှင်မြတ်တို့၏
ကိန်းဝပ်စံတည်ရာ ကျိုက်ခမီရေလယ်ဘုရားကြီးသမိုင်းစာကိုရေးရပါသော ပုညံ ကုသိုလ်ရှေ့ရှုမြတ်ကောင်းမှုကြောင့်
အာသ၀က္ခယံ အာသဝေါတရား လေးပါးတို့၏ ကင်းကုန်ချုပ်ဆုံးရာဖြစ်သော နိဗ္ဗာနသုခံ တစ်ကြိမ်ရောက်လျှင်တစ်ခေါက်မပြန်လာ
နိရောဓသစ္စာတည်းဟူသော နိဗ္ဗာန်ချမ်းသာကို ၀ဟံ တည်တံ့ခိုင်မာရွက်ဆောင် နိုင်ရာသည်။
ဟောတု
ဘ၀မကြာ လျှင်မြန်ဆောစွာ ဖြစ်ပါစေသတည်း။
No comments:
Post a Comment