/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /http://4.bp.blogspot.com/-64lFCmprlo4/UlIK93uB36I/AAAAAAAAANM/xlqs8O3Iljg/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg
Thursday, July 31, 2014
လုပ်ကြံမှုမှ လွတ်ရာလမ်း
 လုပ်ကြံမှုမှ လွတ်ရာလမ်း
******************
လုပ်ကြံမှုမှ လွတ်မြောက်ဖို့အတွက်
အစွန်းမထွက်သော
မဇ္ဈိမပဋိပဒါလမ်းကို ရွေးချယ်၍
လျှောက်ရမည်။
 အမြင်မှန်ရမည်၊။
တိပိဋကဓရ ယောဆရာတော်လောကဓံဆိုးနှင့် ကြုံသော်
တိပိဋကဓရ ယောဆရာတော်လောကဓံဆိုးနှင့် ကြုံသော်
ပုထုဇဉ်လူသား မှန်သမျှ လောကဓံတရားစက်ကွင်းမှ ရှောင်၍မရ။ ပုန်း၍ မလွတ်။ ဆင်းရဲ ချမ်းသာ လောကဓံတရားနှင့် ကြုံဆုံနေရသည်ချည်းသာ ဖြစ်ပါသည်။ "နိမ့်တုံ မြင့်တုံ ဤလူ့ဘုံ" ဟူသောစကားသည် လည်းကောင်း " ခေါက်ရှာငှက်ပျံလောကဓံ" ဟူသောစကားသည် လည်းကောင်း လူသည် လောကဓံတရား အဖုံဖုံကို ကြုံတွေ့ရကြောင်း ဖော်ပြလျက်ရှိပါသည်။ 
သောကအမာရွတ်
သောကအမာရွတ်
**************
`မရှိတောင့်တ၊ ရှိ-ကြောင့်ကြ´တဲ့။
ဒီစကားက ကာမဝိတက်နဲ့ ဗျာပါဒဝိတက်တို့ရဲ့
နှစ်ပါးသွားခန်းကို ဖော်ပြပေးနေသလိုပဲ။
တစ်နည်းအားဖြင့်တော့
လောဘနဲ့ သောကတို့ကို ဖော်ပြနေတာ။
သောကဆိုတာ သူ့အလိုလို
ရောက်လာတာ မဟုတ်ဘူး။
ချစ်စွာမယား သမီးသားနှင့်
ချစ်စွာမယား သမီးသားနှင့်
*****************
` နင်နင့်အညီ၊ ချစ်ကြိုးသီထား၊
ပလီပလာ၊ အပြစ်ကွာသည့်
ချစ်စွာမယား၊ သမီးသားနှင့်၊
စီးပွားဥစ္စာ၊ ဉာတကာတို့၊
ဘယ်ခါမခွဲ၊ အတူတွဲ၍၊
အပြုံးချိုချို၊ နေရလိုလည်း၊
`အိမ်´ ကို `ရှင်´ အောင် * `မ´ နိုင်မှ အိမ်ရှင်မ
`အိမ်´ ကို `ရှင်´ အောင်
*******************
`မ´ နိုင်မှ အိမ်ရှင်မ
***************
`အိမ်ရှင်မ´ ဆိုတာ
`အိမ်´ ကို `ရှင်´ အောင်
`မ´ ရတဲ့သူပါ။
`အိမ်´ မှာ မေတ္တာတရားတွေ
`ရှင်´ သန်နေအောင်
`မ´ ရတဲ့သူ၊
`အိမ်´ မှာ ကုသိုလ်တရားတွေ
`ရှင်´ သန်နေအောင်
`မ´ ရတဲ့သူ၊
`အိမ်´ မှာ ပျော်ရွင်မှု၊ အေးချမ်းမှုတွေ
`ရှင်´ သန်နေအောင်
`မ´ ရတဲ့သူကို
`အိမ်ရှင်မ´ လို့ခေါ်ပါတယ်။
အန္တရာယ်ပေးသော အဆိပ်နှင့် အဆိပ်မမည်သော အဆိပ်များ
လူနှင့်ပတ်ဝန်းကျင်တွင် လူတို့အသက်ကို လက်တလော သေကြေ ပျက်စီးစေတတ်သော အဆိပ်များ၊ တစ်ဖြည်းဖြည်း သေကြေပျက်စီး စေတတ်သော အဆိပ်များနှင့် မူရင်းအားဖြင့် အဆိပ်မမည်ပေ။ သို့သော် အဆိပ်ကဲ့သို့ပင် ထပ်တူ အန္တရာယ်ပေးတတ်သော အဆိပ်မမည်သော
အဆိပ်များ လွန်စွာ ပေါများလှပါသည်။ နေ့စဉ် မှီဝဲစားသောက်နေသော အစာအာဟာရမှလည်း အဆိပ်ဖြစ်နိုင်၏။
ဥပမာ။ ။ ပလောပီနံနှင့် ဥဒေါင်းသား၊
ခွင့်လွှတ်ခြင်း တရားတော်
ကိုယ်နဲ့ရင်းနှီးတဲ့သူ ခင်မင်တဲ့သူကပဲ ကိုယ်ကိုအများဆုံး ဒုက္ခပေးနိုင်တာနော်။ ကိုယ်ကိုတခါမှ မမြင်ဘူးတဲ့သူ တခါမှမကြားဖူးတဲ့သူက ကိုယ်ကိုစိတ်ဆင်းရဲအောင်
လုပ်ပါတယ်ဆိုတာ ဘယ်နှစ်ခါကြုံဖူးသလဲ။ အင်မတန် ရှားပါတယ်။ အဲဒီလူအားလုံးကိုနားလည်ပြီးတော့ ခွင့်လွှတ်ဖို့ လိုတယ်။
ဒယ်အိုးဆရာတော်၏ ဖြစ်သမျှအကြောင်း ကောင်းအောင်လုပ်ပါ။
  ဗုဒ္ဓမြတ်စွာဘုရားက “သတ္တာနံ ၀ိသုဒ္ဓိယာ ” သတ္တ၀ါတို့ရဲ့ စင်ကြယ်ဖို့ရာ “ဧကယနော ယံဘိက္ခဝေ မဂ္ဂေါ” တဲ့၊ ဘိက္ခဝေ ငါ၏ချစ်သား တပည့်များတို့ ဧကယနော တစ်ကြောင်းတည်းသော
လမ်းသည် မဂ္ဂင်လမ်းပဲရှိပါတယ်။ ဒို့တွေကိုးကွယ်နေတဲ့ ဗုဒ္ဓဘုရားရှင်ဟာ လမ်းပြပုဂ္ဂိုလ်ကြီးပါ။
မဂ္ဂင်တရားလက်ကိုင်ထားရင် ချမ်းသာအစစ်ကို ရနိုင်ပါတယ်။ လွတ်မြောက်မှုကို ရနိုင်ပါတယ်။
ပါရမီဖြည့်ခြင်း အနုပညာ
ပါရမီဖြည့်ခြင်း အနုပညာဆိုတာ နှလုံးသားနဲ့ အသိဥာဏ် ကြီးကျယ်မြင့်မြတ်မှုက စတင်ဖြစ် ပေါ်လာတာပါ။အတ္တခြံစည်းရိုးကို ချိုးဖျက်ပြီးတစ်လောကလုံးကို နေရာပေး မြတ်နိုးနိုင်လောက်အောင် မိမိရဲ့ နှလုံးသားက ကြီးမားကျယ်ပြန့်လာတဲ့အခါ လောက ကျေးဇူးကို သိမြင်ပြီး လောကနဲ့ဝန်းကျင်ကို ကောင်းကျိုးပြု မြှင့်တင်နိုင်လောက်အောင် မိမိရဲ့အသိဥာဏ်ပညာကကြီးကျယ်မြင့်မြတ်လာတဲ့အခါ လူသားတစ်ဦးဟာ သူ့ရဲ့ပါရမီခရီးကိုစတင်တော့တာပါပဲ။
ဘုန်းကြီးကျောင်းဝင်းအတွင်း ဖိနပ်စီးခြင်းပြဿ နာ
ယနေ့ခေတ်၌ ဘုန်းကြီးကျောင်းဝင်းအတွင်း ဖိနပ်စီးခြင်းနှင့်ပတ်သက်၍ စီးသင့်/မစီးသင့် ဦးဇင်းအမြင်နဲ့ ဖြေကြားပေးပါလို့ ခဏခဏ လျှောက်ထားကြတဲ့အတွက် ဦးဇင်းလေ့လာမိသမျှကိုထောက်ဆပြီး ဖြေကြားပေးပါမယ်။ ဤကဲ့သို့ ဖြေကြားရာ၌ ကိုယ်ပိုင်အယူအဆကိုလည်း ထည့်သွင်းပြီး ဖြေကြားသွားမှာဖြစ်ပါတယ်။
ဇိဝှါဒွါရဆိုင်ရာ ရှုမြင်ပုံ။
မနက်စာစားမယ်။ နေ့လည်စာ စားမယ်၊ စားပြီဆိုပါစို့။ စားတဲ့အခါ အစာက ပါးစပ်ထဲ ၀င်လာတယ်၊ ပါးစပ်ထဲ လျှာနဲ့ ထိတွေ့တယ်၊ လျှာနဲ့ ထိတွေ့တဲ့အခါ အရသာ ပေါ်လာတယ်။
အရသာ ပေါ်လာတဲ့အခါ  အာရုံနဲ့ ဆက်သွယ်မှုဆိုတဲ့ ဖဿ ပေါ်လာတယ်။ ဆက်သွယ်မှုကို အကြောင်းပြုပြီး ခံစားမှုဆိုတဲ့ ဝေဒနာ ပေါ်လာတယ်။ စားလို့ရှိရင်လည်း လျှာရယ်၊ အရသာရယ်၊ လျှက်သိစိတ်ရယ်၊ ထိတွေ့မှု ဖဿရယ်၊ ခံစားမှုဝေဒနာရယ် လာတာပါပဲ။ 
ထွဋ်ခေါင်ဆရာတော်ဘုရားကြီး၏ သံပေါက် လင်္ကာများ
၀၁။ သဗ္ဗေသတ္တာ၊ ဝေနေယျာ၊ သံသာ ရှည်လှပြီ။
၀၂။ အတည်ကျကျ၊ ဘယ်ဘ၀၊ ရကြ မရှိပြီ။
၀၃။ ရအံ့နိုးနိုး၊ လောဘမျိုး၊ အကျိုး ယုတ်လှပြီ။
၀၄။ သုံးပါးညီးညီး၊ လောင်မီးကြီး၊ ဖိစီး လှလေပြီ။
၀၅။ လောင်မှန်းမသိ၊ မောဟဖိ၊ မိုက်မိ လှလေပြီ။
သည်းခံခြင်း ခန္တီပါရမီ
နေပူပြစ်ကျဲကျဲထဲတွင် ဒေါသကို စိတ်ထဲ တင်းတင်းကြပ်ကြပ် ထည့်သွင်းထားပြီးမျက်နှာကို အကြောပြတ်လုမတတ် တင်းလျှက် ပုဏ္ဏားတစ်ယောက်သည် ဘုရားရှင်ရှိရာကျောင်းတော်သို့ ခြေလှမ်းကို ကျဲနိုင်သမျှ ကျဲကာ ခပ်မြန်မြန်လေး လျှောက်နေသည်။ 
 သူ့ရင်ထဲတွင် ဤမနက် သူ့ဇနီး၏ အပြုအမူ ၀င်ရောက်လာသည်နှင့် တပြိုင်နက် သူကခြေလှမ်းကို ထပ်ဆင့် မြင့်တင် လိုက်သည်။ တော်တော်လေးကို ခံပြင်းစရာ
ကောင်းသည်။ သူ့ဇနီးသည် သူကိုးကွယ်သည့် ရဟန်းများကို နှင်ထုတ်ပြီး
ဘာမဟုတ်သည့် ဂေါတမ၏ တပည့်ရဟန်းတွေ ကိုကျတော့ ဆွမ်းကပ်လိုက်သည့် အပြင်တရားပါ နာယူလိုက် သေးသည်။ သူ အတော်လေး စိတ်တိုမိသည်။
Wednesday, July 30, 2014
ကပ်မလိုက်နဲ့၊ ငြိသွားမယ်
ကပ်မလိုက်နဲ့၊ ငြိသွားမယ်
*******************
ကာမဂုဏ်ရဲ့ အပြစ်ကို
ဆင်ခြင်မယ်။
သွားနေစဉ်၊ ရပ်နေစဉ်၊
ထိုင်နေစဉ်၊ လျောင်းနေစဉ်၊
သတိပဋ္ဌာန် အမှတ်လေးနဲ့ နေမယ်။
ပထမဦးစားပေး
 ပထမဦးစားပေး
*************
လူတစ်ယောက်ဟာ
စိတ်ချမ်းသာဖို့
သိပ်အရေးကြီးပါတယ်။
စိတ်ချမ်းသာနေမှ
လောကီအလုပ်ပဲလုပ်လုပ်၊
လောကုတ္တရာအလုပ်ပဲလုပ်လုပ်
အဆင်ပြေတာပါ။
ဃာနဒွါရဆိုင်ရာ ရှုမြင်ပုံ။
 နှာခေါင်းကနေ အနံ့ကလေး ရလိုက်ပြီ- မီးဖိုချောင်က ဟင်းချက်လို့ရတဲ့ အနံ့ ဆိုပါစို့။ ကြက်သားကြော်အနံ့ ရတာတို့၊ ချဉ်ပေါင်ဟင်းအနံ့ ရတာတို့။ အဲဒီလို အနံ့တစ်ခု ရလိုက်ပြီဆိုတာနဲ့
တစ်ပြိုင်နက် အကြော်နံ့က နှာခေါင်းထဲဝင်လာတယ်၊ နံလိုက်တယ်။ နံလိုက်တဲ့ အခါမှာ နံသိစိတ် ပေါ်လာတယ်၊ နံသိစိတ် ပေါ်လာတော့ အာရုံနဲ့ ဆက်သွယ်မှုဆိုတဲ့ ဖဿ
 ပေါ်လာတယ်။ ဆက်သွယ်မှုကို အကြောင်းပြုပြီး ခံစားမှုဆိုတဲ့ ဝေဒနာ ပေါ်လာတယ်။ သြော် ဒီ ငါးမျိုးလာတာပါပဲ။  
အတွင်း (၃၇) မင်း၊ အပြင် (၃၇) မင်း ဟူသည်မှာ။
   မြန်မာနိုင်ငံ အိမ်အချို့၌ နတ်ရုပ်များကို ထားကြ၏။ ပူဇော်ပသကြ၏။ သုတ်ပါထေယျ ပါဠိတော် အာဋာနာဋိယသုတ်တော်၌ နတ် (၃၇) ပါးကို ဖော်ပြ၏။ ယင်းကို အတွင်း (၃၇) မင်းဟု ခေါ်
ကြ၏။ သာသနာတွင်းဟု ယူရန် ရှိဟန်၏။ 
ယင်းတို့မှာ 
၁။ ဣဌနတ်။ 
၂။ သောမနတ်။ 
၃။ ၀ရုဏနတ်
Tuesday, July 29, 2014
မြတ်ဗုဒ္ဓ ၏ မဟာကရုဏာတော်ကြီးမားပုံ
Photo: မြတ်ဗုဒ္ဓ ၏ မဟာကရုဏာတော်ကြီးမားပုံ
      ....................................................... 
 အခါတစ်ပါး၌ အရှင် အာနန္ဒာနှင့်အတူ  ကျောင်းစဉ်လှည့်လည်တော်မူစဉ် ၀မ်းပျက်ရောဂါ ကြောင့် မိမိ၏  ကျင်ကြီးကျင်ငယ်ကိုမျှ  မသုတ်သင်နိုင်သော ရဟန်းတစ်ပါးကို မြင်တော်မူ၏ ၊
  ထိုရဟန်းတော်သည် ပင်ကိုက သူတစ်ပါးကိစ္စကို ရွက်ဆောင်ဖော် မရသောကြောင့်  သူကိစ္စ ကြုံသောအခါ  ပြုစုမည့်သူ မရှိဘဲ ဖြစ်နေရှာ၏ ၊
 ဘုရားရှင်သည်  ရေလောင်းပေးတော်မူပြီးလျှင် ၊ သန့်စင်ပြီးသော ထိုရဟန်းကို ဦးခေါင်းဘက်၌  ဗုဒ္ဒမြတ်စွာဘုရားက ကိုင်တော်မူ၍ ခြေရင်းဘက်၌  အရှင်အာနန္ဒာကို ကိုင်စေတော်မူကာ ညောင်စောင်းပေါ်သို့  သာသာယာယာ တင်ပေးတော်မူပါသည် ၊
 ထိုနောက် ရဟန်းတော်ကို ပြုစု ဖော်မရသော ရဟန်းတို့အား "  သင်တို့မှာ ပြု စုမည့်မိဘများ ရှိကြသည် မဟုတ် ၊  အချင်းချင်း မပြုစုလျှင်  မည်သူက လာ၍ ပြုစုမည်နည်း ၊  ထိုကြောင့် ဆရာ ဥပဇ္ဈာယ်  ၊ တပည့်တပန်း ၊  ရဟန်းသံဃာချင်းချင်း ပြုစုကြရမည် ၊ မပြုစုလျှင်  မကောင်းမှူ   "ဒုက္ကဋ် "အာပတ်သင့်စေ"ဟု ပညတ်တော်မူကာ ပြုစု၍  လွယ်သော ဂိလာန ၊ မလွယ်သော ဂိလာန အကြောင်းကိုပါ စုပေါင်း၍  မိန့်တော်မူပါသည် ။
 မြတ်ဗုဒ္ဓ ၏ မဟာကရုဏာတော်ကြီးမားပုံ
.......................................................
အခါတစ်ပါး၌အရှင်အာနန္ဒာနှင့်အတူ ကျောင်းစဉ်လှည့်လည်တော်မူစဉ်
ချမ်းသာစွာ အိပ်စက်ရသူ
Photo: ချမ်းသာစွာ အိပ်စက်ရသူ 
     ...............................................
 အခါတစ်ပါး၌ မြတ်စွာဘုရားသည်  အာဠ၀တီပြည်  နွားတို့သွားရာလမ်းခရီး ယင်းတိုက်တောဝယ် သစ်ရွက်အခင်း၌  သီတင်းသုံးတော်မူ၏ ။
 ထိုအခါ ဟတ္ထက အာဠာဝက မင်းသားသည် အညောင်းပြေ လမ်းလျှောက်လှည့်လည်ခဲ့ရာ ၊ မြတ်စွာဘုရားကိုမြင်သောကြောင့် ၊ အနီးသို့ချဉ်းကပ်ပြီး ၊ရှိခိုး၍  " အရှင်ဘုရား အသို့ပါနည်း ၊ မြတ်စွာဘုရားသည် ချမ်းသာစွာ ကျိန်စက်တော်မူရပါ၏လော့ ဟု လျှောက် ။ " မြတ်စွာဘုရားက  ငါသည်ချမ်းသာစွာ ကျိန်စက်ရ၏ ၊ လောက၌ ချမ်းသာစွာ အိပ်စက်ရသူတို့တွင်ငါသည် တစ်ဦးအပါအ၀င်ဖြစ်သည် ၊ မိန့်တော်မူ၏ ။
မင်းသား ။  ။  အရှင်ဘုရား ဆောင်းရာသီ ညာဉ့်ဖြစ်၍ အေးချမ်းလှပါ၏ ၊တပိုတွဲနှင့်တပေါင်းအကူးကြားရှစ်ရက်သည် ဆီနှင်းများကျသောအခါဖြစ်ပါ၏ ၊မြေပြင်သည်နွာခွါရာတို့ဖြင့် ကြမ်းတမ်းလှပါ၏ ၊သစ်ရွက်အခင်းသည် ပါးလှပါ၏ ၊ သစ်ပင်၏ အရွက်တို့သည် ကျဲလှပါကုန်၏ ၊သင်္ကန်တော်များသည် အေးလှပါကုန်၏ ၊အရပ်လေးမျက်နှာမှ လေအေးသည် ၊တိုက်ခတ်နေပါ၏ ၊သို့စဉ်လျှက် ငါသည် ချမ်းသာစွာအိပ်စက်ရသည်ဟု အရှင်ဘုရား ၊မိန့်တော်မူဘိ၏ ။
 ဘုရား ။   ။    "မင်းသား .. ရာဂ ၊ဒေါသ ၊ မောဟ ကြောင့်ဖြစ်ကုန်သော ကိုယ်စိတ် ပူလောင်ခြင်းတို့သည် ၊ပူလောင်သောသူသည် ၊ဆင်းရဲစွာ အိပ်ရ၏ ၊ ငါသည် ထိုရာဂ ၊ဒေါသနှင့် မောဟ တို့ကို အမြစ်ရင်းနှင့်တကွ အကြွင်းမဲ့ပယ်ပြီးဖြစ်၏ ၊ ထိုကြောင့် ငါသည် ချမ်းသာစွာ ၊ကျိန်းစက်ရ၏ "။
                          (အင်္ဂုတ္တရနိကာယ် ၊တိကနိပါတ် ၊ဒေ၀ဒူတ၀ဂ် ၊ ဟတ္တကသုတ် )       မှတ်ချက်းးး  ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော်ပုံဖြင့် ပူဇော်ပါသည် အထူး ကြည်ညိုမိတော့သည်  ဆရာတော်ခရီးသွားခိုက် ကားပျက်နေလို့ သစ်ပင်ရိပ် ယင်းသို့လျှောင်းစက်တော်မူခဲ့သည် ။ 
ချမ်းသာစွာ အိပ်စက်ရသူ
......................................
 အခါတစ်ပါး၌ မြတ်စွာဘုရားသည် အာဠ၀တီပြည် နွားတို့သွားရာလမ်းခရီး ယင်းတိုက်တောဝယ် သစ်ရွက်အခင်း၌ သီတင်းသုံးတော်မူ၏ ။
မကိုးကွယ်ချင်နေ မပြစ်မှားကြနဲ့
Photo: မကိုးကွယ်ချင်နေ မပြစ်မှားကြနဲ့
*****************************
အခုခေတ်မှာ
သိပ္ပံပညာတွေ ထွန်းကားနေတယ်
ဆိုပြီး. .
ဘုရားကို ခေတ်မမှီသလိုလို
သိပ္ပံလောက် လက်တွေ့မပြနိုင်
သလိုလို ။ သဗ္ဗညုတဥာဏ်တော်
ကိုတောင် ကွန်ပျူတာစက်လောက်
မတိကျသလိုလို ပြောတတ်ကြတယ်
ပြောမှ ပြောရက်ပလေလို့
အောက်မေ့မိတယ်။
သူတို့စကားတွေဟာ ရင့်သီးလွန်း
တယ်။နားထဲမှာ မခံသာအောင်ဘဲ။
သူတို့က ဘုရားအဖြစ်ကို
ခြေခြေမြစ်မြစ်မှ မသိကြဘဲ။
အဲဒိ ပုဂ္ဂိုလ်တွေအနေနဲ့
မကြည်ညိုချင်နေပါ။
မကိုးကွယ်ချင်နေပါ။
မပြစ်မှားကြနဲ့။
အရိယူပဝါဒ" ကံထိုက်ရင်
သိပ်ကြောက်စရာကောင်းတယ်။
ကုရာ "နတ္ထိ ဆေးမရှိဘူး။
မဟာဂန္ဓာရုံဆရာတော်။
Ashin Dhama - မှ ပြန်လည် မျှဝေလိုက်ပါတယ်...။
မကိုးကွယ်ချင်နေ မပြစ်မှားကြနဲ့
************************
အခုခေတ်မှာ
သိပ္ပံပညာတွေ ထွန်းကားနေတယ်
ဆိုပြီး. .
ဘုရားကို ခေတ်မမှီသလိုလို
သိပ္ပံလောက် လက်တွေ့မပြနိုင်
သလိုလို ။ သဗ္ဗညုတဥာဏ်တော်
ကိုတောင် ကွန်ပျူတာစက်လောက်
မတိကျသလိုလို ပြောတတ်ကြတယ်။
ဗုဒ္ဓသာသနာ့အလံ တီထွင်ခဲ့တဲ့သူနှင့် နိုင်ငံတော်ဘာသာနေ့။
Photo: ဗုဒ္ဓသာသနာ့အလံ တီထွင်ခဲ့တဲ့သူနှင့် နိုင်ငံတော်ဘာသာနေ့။
==================
ဗုဒ္ဓမြတ်စွာ ဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ဘီစီ ၅၈၉ ခု၊ ကဆုန်လပြည့်၊
ဗုဒ္ဓဟူးနေ့တွင် ဘုရားဖြစ်တော်မူပြီးနောက် ဗုဒ္ဓဂယာ မဟာဗောဓိ ပတ်ဝန်းကျင်၌ သတ္တသတ္တာ
ဟ စံတော်မူပြီး သီတင်းသုံးနေတော်မူခဲ့ပါသည်။
မဟာဗောဓိစေတီတော်၏ အနောက်မြောက်ဘက် ပေ ၇၀ ခန့် အကွာတွင်ရှိသော 
(ရတနာဃရ) ရွှေအိမ်တော်တွင် ဗုဒ္ဓမြတ်စွာဘုရားရှင်သည် စတုတ္ထသတ္တဟစံတော်မူလျက် ထို
နေရာ၌ သီတင်းသုံးကာ အဘိဓမ္မာဒေသနာတော်ကို ဆင်ခြင်တော်မူစဉ် ဗုဒ္ဓရှင်တော်မြတ်ဘုရား
ကိုယ်တော်မှ ခြောက်သွယ်သော ရောင်ခြည်တော်များ ကွန့်မြူးလျက် ရှိနေပေသည်။
ယနေ့ ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့ အသုံးပြုလျက်ရှိသော ဗုဒ္ဓသာသနာ့ အလံ
တော်မှာ ထိုရောင်ခြည်တော် ၆ ပါးကို ဖေါ်ပြထားသော အထိမ်းအမှတ် အလံတော် ဖြစ်ပါသည်။
ဗုဒ္ဓ သာသနာ့အလံ စတင်ပေါ်ပေါက်လာပုံမှာ ခရစ်နှစ် ၁၈၈၅ ခုနှစ်၊ သီဟိုဠ် (သီရိလင်္ကာ) နိုင်ငံ
တော်အစိုးရအဖွဲ့က ကဆုန်လပြည့်နေ့ကို “ဗုဒ္ဓနေ့” အဖြစ် နိုင်ငံတော် ဥပဒေတစ်ရပ်ဖြင့် သတ်
မှတ်အတည်ပြု ကြေညာခဲ့သည်။ ကဆုန်လပြည့်နေ့ကို “ဗုဒ္ဓနေ့” အဖြစ် ခမ်းနားကြီးကျယ် သိုက်
မြိုက်စွာ ကျင်းပရာတွင် သာသနာတော် အထိမ်းအမှတ် တစ်မျိုးမျိုးနှင့် အခမ်းအနားပြင်ဆင်ရန်
သို့မဟုတ် ဗုဒ္ဓသာသနာ့အလံတော်များ ဝေေ၀ဆာဆာ လွှင့်ထူရန် အထူးလိုအပ်လျက်ရှိရာ သီရိ
လင်္ကာအစိုးရက ဗိုလ်မှူးကြီးအိုလ်လော့ကို တာဝန်ပေးလိုက်ခြင်း ဖြစ်သည်။
အမေရိကန်သားဗိုလ်မှူးကြီးအိုလ်ကော့သည် မူလက သီအိုဆိုဖီအသင်းသားတစ်ဦး ဖြစ်၏။ 
နောက်တွင် စာပေကျမ်းဂန် တတ်မြောက်သည့် ဗုဒ္ဓဘာသာဝင်စစ်စစ်တစ်ဦး ဖြစ်လာခဲ့သည်။
သီဟိုဠ် (သီရိလင်္ကာ) အစိုးရ ဦးစီးကျင်းပခဲ့သည့် ကဆုန်လပြည့် “ဗုဒ္ဓနေ့” အဖြစ်သတ်မှတ်ကျင်း ပမည့် အခမ်းအနားကြီးတွင် လွှင့်ထူရန်အတွက် ဗိုလ်မှူးကြီးအိုလ်လော့က ရောင်ခြည်တော် ၆ ပါး
ကို ဖေါ်ပြသည့် ဗုဒ္ဓသာသနာ့အလံတော်အား တီထွင်ပေးခဲ့သည်မှစ၍ ဗုဒ္ဓဘာသာနိုင်ငံတိုင်းတွင်
ဘာသာရေးအခမ်းအနားများ၌ သာသနာ့အလံတော်များကို ဝေေ၀ဆာဆာ ချိတ်ဆွဲလျက် ရှိကြ
ပါသည်။ 
မြန်မာနိုင်ငံတွင်လည်း ၁၉၆၁ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်၊ ကောဇာသက္ကရာဇ် ၁၃၂၃ ခု
နှစ်၊ ၀ါခေါင်လပြည့်နေ့တွင် လွှတ်တော်နှစ်ရပ် တွဲဖက်ညီလာခံ အစည်းအဝေးက ထောက်ခံမဲ
၃၂၄ မဲ၊ ကန့်ကွက်မဲ ၂၈ မဲဖြင့် ဗုဒ္ဓဘာသာသည် မြန်မာနိုင်ငံ၏ နိုင်ငံတော်ဘာသာအဖြစ် အ
တည်ပြု ပြဌာန်းခဲ့သည်။ ထိုနေ့ နေ့လည် ၁ နာရီတိတိတွင် နိုင်ငံတော်သမ္မတအိမ်တော်၌ သမ္မတ
ဦးဝင်းမောင်က အခမ်းအနားဖြင့် လက်မှတ်ရေးထိုး အတည်ပြုခဲ့သည်။
ထို့ကြောင့် ၂၆.၈.၁၃ နေ့၊ ၅၂ နှစ်မြောက် နိုင်ငံတော်ဘာသာနေ့အဖြစ် မြန်မာနိုင်ငံရှိ
ဗုဒ္ဓဘာသာနေအိမ်တိုင်းတွင် သာသနာ့အလံတော်အား လွှင့်ထူထားကြပါသည်။
{နန္ဒာမိုးကြယ်၏ မြန်မာ့သမိုင်းဝင်ဖြစ်ရပ်များနှင့်www.alodawpyei.org တို့ကို ကိုးကား
ရေးသားပါသည်။}
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် 
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
ဗုဒ္ဓသာသနာ့အလံ တီထွင်ခဲ့တဲ့သူနှင့် နိုင်ငံတော်ဘာသာနေ့။
=================================
ဗုဒ္ဓမြတ်စွာ ဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ဘီစီ ၅၈၉ ခု၊ ကဆုန်လပြည့်၊ဗုဒ္ဓဟူးနေ့တွင် ဘုရားဖြစ်တော်မူပြီးနောက် ဗုဒ္ဓဂယာ မဟာဗောဓိ ပတ်ဝန်းကျင်၌ သတ္တသတ္တာဟ စံတော်မူပြီး သီတင်းသုံးနေတော်မူခဲ့ပါသည်။
စိတ်ကို ဗဟိုပြု ပြီး ဆုံးမ
မြတ်စွာဘုရားရဲ့ အဆုံးအမကို ``Mind Centred Teaching´´ လို့ခေါ်တယ်၊ စိတ်ကို ဗဟိုပြု ပြီး ဆုံးမတာ၊ အရာရာကို စိတ်ဓာတ်နဲ့ တိုင်းတာရတယ်။
စိတ်ကောင်းနှလုံးကောင်း မွေးတဲ့ နေရာမှာ ဒါက အရေးကြီးတယ်၊ ဘယ်သူ့အပေါ် ဖြစ်ဖြစ် စိတ်ကောင်းနှလုံးကောင်း ထားရမယ်၊
လူတွေက စိတ်ကောင်းနှလုံးကောင်း ထားရင် အရှုံးပေးတယ်လို့ ထင်နေကြတယ်၊ အဲဒါကိုက အထင်မှားနေကြတာ၊
မိစ္ဆာဒိဋ္ဌိပဲနော်။
ဘဝကိုပုံသေတွက်မထားနဲ့
ဘဝကိုပုံသေတွက်မထားနဲ့
•●•●•●•●•●•●•●•●•●•
(၁) ပစ္စည်းဥစ္စာတွေ ရှာဖွေလို့ရတဲ့
အခါမျိုးတွေရှိသလို မရတဲ့ အခါမျိုး
တွေလဲဘဲရှိမယ်။
(၂) မိဘဆွေမျိုး အပေါင်းအသင်း
သူငယ်ချင်းတွေနဲ့ သိုက်သိုက်ဝန်းဝန်း
ပျော်ပျော်ပါးပါး နေရတဲ့ အခါမျိုးတွေ
ရှိသလို တစ်ယောက်ထီးတည်း နေရတဲ့
အခါမျိုးတွေလဲဘဲ ရှိမယ်။
** ကြိုတင်မသိနိုင်သော တရားငါးမျိုး**
** ကြိုတင်မသိနိုင်သော တရားငါးမျိုး**
ဇီဝိတံ ဗျာဓိကာလောစ ဒေဟနိက္ခေပနံ ဂတိ
ဟု ( ဝိသုဒ္ဓိမဂ် ) မှာ မြတ်ဗုဒ္ဓက ဟောကြား
သည်။
(၁) မည်သူမျှ မည်သည့်အရွယ်တွင် သေရ
မည်ကို မသိနိုင်ခြင်း။
အိမ်ထောင်ရေးနှင့် မေတ္တာ
 အိမ်ထောင်ရေးနှင့် မေတ္တာ
*******************
``မေတ္တာချစ်နှင့် တဏှာချစ်
ထက်ဝက်စီညီမျှစွာထားပြီး
  နေလေ့ရှိကြတဲ့ အိမ်ထောင်မျိုးဟာ
တစ်သက်ပန် တည်မြဲလေ့ရှိကြတယ်။
Monday, July 28, 2014
သတိအစောင့်အရှောက်
သတိအစောင့်အရှောက်
*****************
  မြင် မြင်ကာမျှ၊
ကြား ကြားကာမျှ၊
နံ နံကာမျှ၊
စား စားကာမျှ၊
ထိ ထိကာမျှ၊
သိ သိကာမျှ၊
အဲဒီလို `မျှ´ ကလေးတွေနဲ့ပဲ
  နေသွားနိုင်တယ်ဆိုရင်
ပတ်ဝန်းကျင်နဲ့ အဆင်ပြေတာပဲ။
သား မယားကို ကောင်းစွာ ကျွေးမွေးစောင့်ရှောက်ခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်၏။
ရှေးသရောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မာဒတ်မင်းသည် မင်းပြု၏။ ထိုအခါ ဗာရာဏသီပြည်၏ အနောက် နိဂုံးရွာ၌ သုဒဿနအမည်ရှိသော ယောက်ျားသည် သုဇာတာအမည်ရှိသော ဇနီးနှင့် အတူ ပေါင်းသင်း နေထိုင်၏။
တောင်ဖီလာ ဆရာတော်။
 အင်းဝခေတ် ဓမ္မစာဆိုတော်ကြီး တစ်ဦးဖြစ်တဲ့ တောင်ဖီလာ ဆရာတော်ရဲ့ မွေးဇာတိကစလင်းမြို့ဖြစ်ပြီး ပြည်မြို့မှာ စာပေသင်ကြားတတ်မြောက်လို့ ပြည်ပဉ္ဇင်းကျော်အဖြစ် ထင်ရှားပါ
တယ်။ ဆရာတော်မှာ=
 (၁) ။ သူငယ်ဘ၀တွင်လည်း  ကျော်။
  (၂) ။ သာမဏေဘ၀တွင်လည်း  ကျော်။
 (၃) ။ ပဉ္ဇင်းဘ၀တွင်လည်း  ကျော်။
 (၄) ။ မထေရ်ဘ၀တွင်လည်း  ကျော်။ 
မှန်သောဗေဒင် မှားအောင်လုပ်နည်း "ယတြာ"
မှန်သောဗေဒင် မှားအောင်လုပ်နည်း "ယတြာ"
==========================
လွန်ခဲ့သော နှစ်ပေါင်း[ ၂၅၀၀ ] ကျော်က မှန်ပါတယ်ဆိုတဲ့ ဗေဒဝိဇ္ဇာပါရဂူ ရသေ့ကြီးများပင် အံ့သြစရာအဖြစ် မှတ်တမ်း တစ်ခု တင်ခဲ့ရကာ " ယတြာ "ဟူသောစကားကို စတင်ကြားခဲ့ရသော အချိန်အခါ ဖြစ်ခဲ့ပါတယ်။
ကမ္မသတ္တိလေးတွေ
ကမ္မသတ္တိလေးတွေ
******************
ကောင်းတဲ့ကမ္မသတ္တိပဲ ဖြစ်ဖြစ်၊ မကောင်းတဲ့ကမ္မသတ္တိပဲ ဖြစ်ဖြစ် ကိုယ့်သန္တာန်မှာ ကမ္မသတ္တိမြောက်သွားပြီဆိုရင်တော့ ဘဝတစ်ခုမှာ ဧကန်မုချ အကျိုးပေးတော့မှာပါ။ 
အကျိုးပေး နီးတာနဲ့ ဝေးတာပဲ ကွာမှာပါ။
ကောင်းတဲ့အစိုးရအဖွဲ့
ကောင်းတဲ့အစိုးရအဖွဲ့
*****************
ကောင်းတဲ့အစိုးရအဖွဲ့ဟာ
လူများစုရဲ့ဘဝမှာ
မျှော်လင့်စရာ မျှော်မှန်းစရာတွေ
များများရှိအောင် စီစဉ်ပေးတယ်။
စိုးရိမ်စရာ ကြောက်စရာ
နည်းအောင် လုပ်တယ်။
လူစွမ်းကောင်းဆိုတာ
 လူစွမ်းကောင်းဆိုတာ
****************
ငါ့တပည့်တွေ အလုပ်လုပ်ကြ။
လူ့အစွမ်းသတ္တိဆိုတာ
အလုပ်ကို ပြောတာပဲ။
လူစွမ်းကောင်းဆိုတာ
အလုပ်က ကိုယ့်ဆီလာတာကို
မစောင့်ဘူး။
မာန
 မာန
*******
မာနကို ကိုယ့်ရင်ထဲက
မဖယ်ရှားနိုင်ရင်
မာနဆူးငြောင့်
စူးဝင်ခံနေရမှာပါ။
“ပုဂ္ဂိုလ်စွဲနဲ့ အကျင့်လွဲ”
“ပုဂ္ဂိုလ်စွဲနဲ့ အကျင့်လွဲ”
••••••••••••••••••••
 မြန်မာပြည်အနှံ့ နယ်လှည့်တရားပွဲတွေ ကြွတဲ့အခါ
တစ်ချို့ဒေသက တရားပွဲ ဦးဆောင်ဒကာဒကာမတွေက
သူတို့ကြုံတွေ့ဖူးတဲ့ ဒကာဒကာမ တစ်ချို့အကြောင်းကို
လျှောက်ထားကြပါတယ်။ 
အရှိနဲ့ အသိ
အရှိနဲ့ အသိ
**********
ဘဝဆိုတာ ရှိတိုင်း
ချမ်းသာတာမှ မဟုတ်ပဲ။
လူချမ်းသာရဲ့ အနှစ်သာရဆိုတာ
`အသိ´ ပဲ။
ချိန်ခါမရွေးရှု ရင် ဝိပဿနာဖြစ်ပါတယ်
ချိန်ခါမရွေးရှု ရင် ဝိပဿနာဖြစ်ပါတယ်
**************************
`ချိန်ခါမရွေး´
ဆိုတာကတော့ ရှင်းပါတယ်။
အချိန်မရွေး ရှုမှတ်ရမယ်လို့
ဆိုလိုပါတယ်။
သတိပဋ္ဌာန် ဝိပဿနာတရားဟာ
အချိန်မရွေး ရှုမှတ်လို့ရတဲ့တရားပါ။
သောတပန်
သောတပန်
**********
`သောတပန်ဆိုသည်မှာ
နိဗ္ဗာန်သို့သွားရာ
လမ်းမကြီးပေါ်သို့
ရောက်ရှိသွားပြီးသူဖြစ်၏။
အပါယ်လေးပါးအတွက်
တံခါးပိတ်၍
နိဗ္ဗာန်ရောက်ဖို့စိတ်ချရသူဖြစ်၏။
ပင်လယ်ရေ ဘယ်မခန်း
ပင်လယ်ရေ ဘယ်မခန်း
*****************
ပုထုဇဉ်ဒုက္ခဟာ
သောတာပတ္တိမဂ်မရသေးသမျှ
နောင်အခါကာလ
ဘဝပေါင်းမည်မျှဖြစ်ကြရမည်ဟု
အကန့်အသတ်မရှိဘူး။
Sunday, July 27, 2014
*** ရေဆန်လမ်းကို လိုက်ပါ ***
*** ရေဆန်လမ်းကို လိုက်ပါ ***
ြ မြတ်စွာဘုရားက ပညာဇီဝံ- လူ့ဘဝရလာ
တယ်ဆိုလို့ရှိရင် အသိပညာနဲ့ အသက်မွေး
ရမယ်တဲ့။
အသိပညာနဲ့ အသက်မွေးတာဟာ
အကောင်းဆုံးပဲတဲ့ အရာရာမှာ အကောင်း
အဆိုး အကြောင်းအကျိုး စဉ်းစားဆင်ခြင်ပြီး
  တော့ နေထိုင်ရမယ်တဲ့။ 
* မေတ္တာပေးလေ* - * မေတ္တာရလေ*
* မေတ္တာပေးလေ*
-------------------
* မေတ္တာရလေ*
----------------
*အချစ်ကံကောင်းစေတဲ့
*အဓိက အကျဆုံး
*အကောင်းကံကတော့
*မေတ္တာတရား
*လက်ကိုင်ထားခြင်းပါပဲ။
သီသီကလေးနှင့် တစ်သက်လုံး လွှဲချော်တတ်၏
သီသီကလေးနှင့်
**************
တစ်သက်လုံး လွှဲချော်တတ်၏
********************
`` ရုပ်မှန်း, နာမ်မှန်း၊ အနိစ္စအချက်မှန်း၊
ဒုက္ခအချက်မှန်း၊ အနတ္တအချက်မှန်း
မသိဘဲလျှက် ထွက်သက်လေ၊
ဝင်သက်လေကိုသာ အာရုံပြု၍
မှတ်နေလျှင် `သမထ´ ပင်ဖြစ်သည်။
"ပုထုဇဉ်'' ဆိုတဲ့ အခေါ်လေးနဲ့ ကျေနပ်မ နေကြပါနဲ့
"ပုထုဇဉ်'' ဆိုတဲ့ အခေါ်လေးနဲ့ ကျေနပ်မ နေကြပါနဲ့
------------------------------------------------------
တို့လူတွေက တယ်ခက်တယ်။ တစ်ခါ
တစ်ရံ အဆင်မပြေတာကြုံရတဲ့အခါ ဒေါသ
ဖြစ်ချင်ကြတယ်။ အချို့များမှာ ပုထုဇဉ်ပဲဖြစ်
မိတာပေါ့ ဆိုတဲ့ဆင်ခြေလေးနဲ့ ဖြေတတ်ကြ
တယ်။ ပုထုဇဉ်မို့ဆိုတာလေး ပြောရတော့
သိပ်ကျေနပ်နေပုံပဲ။ ဘာပြုလို့ ပုထုဇဉ်လို့
ခေါ်တာလဲဆိုတာတော့ ထည့်မစဉ်းစားဘူး။
Saturday, July 26, 2014
ဆင်းရဲဒုက္ခ ၈ ပါး။
ဆင်းရဲဒုက္ခ ၈ ပါး။
========
ဆင်းရဲဒုက္ခ ၈ ပါးမှာ = =
၁။ ဇာတိဒုက္ခ = ပဋိသန္ဓေနေရခြင်း ဆင်းရဲ။
၂။ ဇရာဒုက္ခ = အိုမင်းရင့်ရော်ရခြင်း ဆင်းရဲ။
၃။ ဗျာတိဒုက္ခ = နာမကျန်းဖြစ်ရခြင်း ဆင်းရဲ။
၎။ မရဏဒုက္ခ = စုတေသေလွန်ရခြင်း ဆင်းရဲ။
“သိထားသင့်သည့် ဥပုသ် အမျိုးမျိုး”
Photo: “သိထားသင့်သည့် ဥပုသ် အမျိုးမျိုး”
(ဥပုသ်စောင့်သူများ သတိထားရန်)
•••••••••••••••••••••••••••••••••••••••••••••
“တိကနိပါတ်အဂုင်္တ္တိုရ်” မှာ သီလယူပြီးနောက် 
ဆင်ခြင်နှလုံးသွင်းကွဲပြားပုံကို ကြည့်ပြီး
(၁)။ ဂေါပါလဥပုသ်-နွားကျောင်းသားဥပုသ်၊
(၂)။ နိဂဏ္ဍဥပုသ်- တက္ကတွန်းဥပုသ်၊
(၃)။ အရိယာဥပုသ်- စင်ကြယ်သောဥပုသ် ဆိုပြီး 
၃မျိုးရှိတယ်လို့ ဟောထားပါတယ်။
(၁)။“ဂေါပါလ- နွားကျောင်းသားဥပုသ်” 
••••••••••••••••••••••••••••••••• 
ဆိုတာက
နွားကျောင်းသားတွေဟာ ဒီနေ့တော့ နွားတွေကို 
ဒီတောမှာ ကျောင်းပြီး၊ ဒီချောင်းမှာ ရေတိုက်တယ်။
နက်ဖြန်ကျရင်တော့ ဘယ်တောမှာကျောင်းပြီး၊ 
ဘယ်ချောင်းမှာ ရေတိုက်ကြမယ်လို့ စီစဉ်လေ့ရှိသလို
ဥပုသ်သည်တွေဟာလည်း ဒီနေ့တော့ ဘာဟင်း၊ 
ဘာမုန့်တွေစားပြီး နက်ဖြန် (သို့မဟုတ်) 
နောက်ဥပုသ်မှာ ဘာဟင်းချက်စားမယ်လို့ 
အစားအသောက်ကောင်းတွေ စားဖို့ စဉ်းစားနေတဲ့ 
ဥပုသ်မျိုးကို “နွားကျောင်းသားဥပုသ်(ဂေါပါလဥပုသ်)”
လို့ခေါ်ပါတယ်။
(၂)“တက္ကတွန်းဥပုသ်”
••••••••••••••••••••••••••••••••• 
ဆိုတာက “တိတ္တိတက္ကတွန်း”တွေ စောင့်သုံးတဲ့ 
ဥပုသ်မျိုးဖြစ်ပါတယ်။
ဘယ်နှစ်မိုင် အတွင်းမှာ ရှိတဲ့ သတ္တဝါတွေကိုတော့ 
မသတ်ကောင်း၊ ဒီမိုင်သတ်မှတ်ချက် ဟိုဘက်မှာရှိတဲ့ 
သတ္တဝါတွေကိုတော့ သတ်ကောင်းတယ်လို့ 
ဒုစရိုက်မှုပြုလို့ရအောင် ကြံဖန်စောင့်သုံးတဲ့ 
သီလမျိုး ဖြစ်ပါတယ်။
(၃)။ “အရိယာဥပုသ် စင်ကြယ်တဲ့ဥပုသ်”
••••••••••••••••••••••••••••••••• 
ဆိုတာက မြတ်စွာဘုရားဂုဏ်တော်စသည်ကို 
အဖန်ဖန်နှလုံးသွင်းပြီး မိမိစိတ်မှာ ကိလေသာ
အညစ်အကြေး စင်ကြယ်အောင် စောင့်သုံးတဲ့ 
ဥပုသ်ဖြစ်ပါတယ်။ ဒီဥပုသ်သုံးမျိုးထဲမှာ နွားကျောင်းသားဥပုသ်၊ 
တက္ကတွန်းဥပုသ်မျိုး မဖြစ်စေဘဲ ၊ “အရိယာဥပုသ်မျိုး”
ဖြစ်အောင် စောင့်ထိန်းဖို့ သတိပြုကြပါမယ်။
အရိယာဥပုသ်ဟာ ၆မျိုးရှိပါသေးတယ်။
“အရိယာဥပုသ်ဟာ ၆မျိုး”
••••••••••••••••••••••••••••••••• 
(၁)။ ရှစ်ပါးသီလ ခံယူပြီး ဘုရားရှင်ရဲ့ အရဟံစတဲ့ 
ဂုဏ်တော်တွေကို ဆင်ခြင်အောက်မေ့နေတဲ့ ဥပုသ်ကို 
“ဗြဟ္မဏဥပုသ်”လို့ ခေါ်ပါတယ်။
(၂)။ ရှစ်ပါးသီလခံယူပြီး တရားတော်ရဲ့ သွာက္ခာတစတဲ့ 
ဂုဏ်တော်တွေကို အဖန်ဖန် နှလုံးသွင်းနေတဲ့ 
ဥပုသ်ကို “ဓမ္မဥပုသ်”လို့ခေါ်ပါတယ်။
(၃)။ သံဃာတော်ရဲ့ သုပ္ပဋိပန္တွစတဲ့ ဂုဏ်တော်တွေကို 
အောက်မေ့ဆင်ခြင်နေတဲ့ ဥပုသ်ကို “သံဃဥပုသ်”လို့ 
ခေါ်ပါတယ်။
(၄)။ ရှစ်ပါးသီလခံယူပြီး သီလရဲ့ ဂုဏ်တော်၊
ကျေးဇူးတော်တွေကို အဖန်ဖန် နှလုံးသွင်းနေတဲ့ 
ဥပုသ်ကို “သီလဥပုသ်”လို့ခေါ်ပါတယ်။
(၅)။ နတ်တွေ ဗြဟ္မာတွေဟာ 
သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာဆိုတဲ့ ဂုဏ်ကျေးဇူးတွေ
ရှိကြလို့ နတ်ပြည် ဗြဟ္မာ့ပြည်မှာ ဖြစ်ကြရတယ်။ 
ငါ့မှာလည်း ဒီစင်ကြယ်မွန်မြတ်တဲ့ သီလစတဲ့ ဂုဏ်ကျေးဇူးတွေ 
ရှိပေသည်ဟု နတ်ဗြဟ္မာတို့ကို စံထားကာ စောင့်သုံးတဲ့ 
ဥပုသ်ကို “ဒေဝတာဥပုသ်”လို့ ခေါ်ပါတယ်။
(၆)။ ရှစ်ပါးသီလကိုခံယူကာ ရဟန္တာပုဂ္ဂိုလ်တွေဟာ 
သူ့အသက်ကို လုံးဝမသတ်ဘဲ အမြဲ ကြင်နာသနားတော်မူကြသလို 
ငါလည်းသတ်ဖြတ်ညှဉ်းဆဲ ခြင်းမရှိဘဲ သနားကြင်နာရပေပြီ။ 
ဤကျင့်ဝတ်ဖြင့် ရဟန္တာတွေကို အတုလိုက်ကာ ကျင့်သုံးရပေပြီ။ 
ဤသို့စသည်ဖြင့် ဥပုသ်အင်္ဂါ ၈-ပါးလုံးကို ဆင်ခြင်အောက်မေ့ 
စောင့်သုံးတဲ့သီလကို “အဋ္ဌင်္ဂုပေါသထ အင်္ဂါရှစ်ပါးကို 
ဆင်ခြင်တဲ့ ဥပုသ်” လို့ ခေါ်တယ်။
ဥပုသ်သီလခံယူ စောင့်ထိန်းကြတဲ့လူဟာ 
အထက်မှာပြခဲ့တဲ့ (၆)-မျိုးထဲက တစ်မျိုးမျိုးရအောင် 
စောင့်သုံးကြဖို့ လိုအပ်လှကြောင်း အသိပေးလိုက်၏။
ဓမ္မမိတ်ဆွေများအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး 
လိုရာဆန္ဒများ တစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
-【အရှင်ဝိမလဝံသ(နာလန္ဒာ တက္ကသိုလ် အိန္ဒိယနိုင်ငံ)】  
“သိထားသင့်သည့် ဥပုသ် အမျိုးမျိုး”
(ဥပုသ်စောင့်သူများ သတိထားရန်)
••••••••••••••••••••••••••••••••
“တိကနိပါတ်အဂုင်္တ္တိုရ်” မှာ သီလယူပြီးနောက်
ဆင်ခြင်နှလုံးသွင်းကွဲပြားပုံကို ကြည့်ပြီး
(၁)။ ဂေါပါလဥပုသ်-နွားကျောင်းသားဥပုသ်၊
(၂)။ နိဂဏ္ဍဥပုသ်- တက္ကတွန်းဥပုသ်၊
(၃)။ အရိယာဥပုသ်- စင်ကြယ်သောဥပုသ် ဆိုပြီး
၃မျိုးရှိတယ်လို့ ဟောထားပါတယ်။
ပရိယတ္တိကို မပယ်နဲ့
ပရိယတ္တိကို မပယ်နဲ့
****************
`စာမလိုဘူးပြောခဲ့ရင်
ပရိယတ္တိဆိုတာမလိုဘူးလို့
ပြောတာနဲ့ အတူတူပါပဲ။
ပရိယတ္တိသာသနာတော်ကို
ပယ်ရာရောက်ပါတယ်။
သင်လျှောက်လှမ်းနေတဲ့လမ်းတစ်ခုမှာ
Photo: သင်လျှောက်လှမ်းနေတဲ့လမ်းတစ်ခုမှာ
အဆင်မပြေမှုတွေကြုံလာတိုင်း
စိတ်ပျက် အားငယ်စရာတွေရှိလာတိုင်း
လွယ်လွယ်နဲ့ လဲကျသွားမယ်ဆိုရင်
သင့်အတွက်အောင်မြင်မှုဆိုတာရှိနေတော့မှာ
မဟုတ်ပါဘူး
အခက်အခဲတစ်ခုစီကြုံတွေ့လာရတိုင်း
သင်ယူတတ်မယ်ဆိုရင် သင့်ဘဝအတွက်
အတွေ့အကြုံကောင်း /သင်ခန်းစာကောင်းတစ်ခုကို
သင် ပိုင်ဆိုင်ရမှာပါ
အဆင်မပြေမှုဆိုတာ သင်တစ်ယောက်ထဲမှာပဲ
ရှိနေတတ်တာမဟုတ်သလို / အခက်အခဲဆိုတာလဲ
လူတိုင်းမှာ တစ်မျိုးမဟုတ် တစ်မျိုးစီရှိနေတတ်ကြ
တာပါပဲ
အဲ့ဒါကြောင့် လွယ်လွယ်နဲ့ စိတ်ဓါတ်မကျပဲ
သင်လိုချင်တဲ့ရည်မှန်းချက်ပန်းတိုင်းကို ကြိုးစားပီ
လျှောက်လှမ်းကြည့်ပါ /တစ်နေ့နေ့တော့
အောင်မြင်မှုဆိုတာ သင့်အတွက်ရှိနေပေးမှာပါ
Khin Myo Aye
သင်လျှောက်လှမ်းနေတဲ့လမ်းတစ်ခုမှာ
အဆင်မပြေမှုတွေကြုံလာတိုင်း
စိတ်ပျက် အားငယ်စရာတွေရှိလာတိုင်း
လွယ်လွယ်နဲ့ လဲကျသွားမယ်ဆိုရင်
သင့်အတွက်အောင်မြင်မှုဆိုတာရှိနေတော့မှာ
မဟုတ်ပါဘူး။
" ဥပုသ်စောင့် ခြင်း ဆိုသည်မှာ "
" ဥပုသ်စောင့် ခြင်း ဆိုသည်မှာ "
************************
* မိမိစိတ်မှာ ၊ ဖြူစင်လာအောင် ၊ 
အဂါင်္ရှစ်တန် ၊ သီလခံ၍ ၊ 
ခြိုးခြံအောင့်အည်း ၊ တစ်ဖြောင့်တည်းဖြင့် ၊ 
စောင့်စည်းအားထုတ် ၊ ထိုအလုပ် ၊ 
ဥပုသ်စောင့်ဟုခေါ် ပါသည်...။* 
( ကျေးဇူးတော်ရှင် ဓမ္မဒူတတောရ ဆရာတော်
 ဒေါက်တာအရှင်ပညိဿရ )
ကိုယ့်ကျင့်တရား
ကိုယ့်ကျင့်တရား
**************
သစ်ပင်တစ်ပင်ကို ကြည့်သောအခါ
အမြစ်ပိုင်း၊ ပင်စည်ပိုင်း၊
အကိုင်းအခက်ပိုင်းဟူ၍
သုံးပိုင်းပါဝင်သကဲ့သို့
လူ့ဘဝတွင်လည်း
အပ္ပမာဒတရား
 အပ္ပမာဒတရား
************
  ပစ္စုပ္ပန်ကောင်းကျိုး၊
  တမလွန်ကောင်းကျိုးတွေကို
  ကောင်းမှုကုသိုလ်တွေနဲ့ပဲ
  ရယူနိုင်ပါတယ်။
သပြေကန်ဆရာတော်ဘုရားကြီးအရှင်ဝါသေဋ္ဌာဘိဝံသ ** မဆင်းရဲသူ **
Photo: သပြေကန်ဆရာတော်ဘုရားကြီး
---------------------------------
အရှင်ဝါသေဋ္ဌာဘိဝံသ
-----------------------
**  မဆင်းရဲသူ  **
      -----------
လောက၌ လူအမျိုးမျိုးရှိသည်။ အကျိုးပေးအမျိုးမျိုးရှိသည်။ စရိုက်ဥာဏ်အမျိုးမျိုးရှိသည်။ ဆင်းရဲချမ်းသာ ကွာဟကြသည်။ ရုပ်ဝတ္ထုဆိုင်ရာ ဆင်းရဲချမ်းသာ ကွာဟသည်ရှိသလို ကိုယ်ကျင့်သိက္ခာဆိုင်ရာ ဆင်းရဲချမ်းသာ ကွာဟသည်လည်းရှိပါ၏။
ဓနဥစ္စာတော့ များစွာကြွယ်ဝချမ်းသာပါ၏။ သို့တစေ ကိုယ်ကျင့်သိက္ခာ၌ ချွတ်ခြုံကျနေသူတွေလည်း ရှိ၏။ ဘဝရပ်တည်နိုင်ရေးအတွက် ရုန်းကန်ကြိုးစားရ ဓနဥစ္စာဆင်းရဲသော်လည်း ကိုယ်ကျင့်သိက္ခာခိုင်မာ တည့်မတ်သူတွေလည်း ရှိ၏။ 
ကိုယ်ကျင့်သိက္ခာမရှိသောသူသည် ပစ္စုပ္ပန်တွင် ဓနဥစ္စာ ကြွယ်ဝလင့်ကစား သံသရာအရေး စိတ်အေးစရာမရှိပါ။ ပစ္စုပ္ပန်တွင် ရုပ်ပိုင်းဆိုင်ရာ နွမ်းပါးနေလင့်ကစား ကိုယ်ကျင့်သိက္ခာ ဖြောင့်မတ်သူများကား သံသရာတွင် မဆင်းရဲနိုင် လူကောင်းစင်စစ် ဧကန်ဖြစ်လိုသော် သိက္ခာနှင့်ရိက္ခာကို လဲလှယ်ခြင်း လုံးဝမပြုရန်လိုပါသည်။
စင်စစ် ကိုယ်ကျင့်သိက္ခာနှင့် သူတော်ကောင်းတရားများကို အတွင်းသန္တာန်၌ မြတ်မြတ်နိုးနိုး သိုမှီးသိမ်းဆည်းထားသူများသည် ဥစ္စာပစ္စည်းဆင်းရဲနေစေကာမူ "မဆင်းရဲသူ" များဖြစ်ကြောင်း -
ကျေးဇူးရှင် သပြေကန်ဆရာတော်ဘုရားကြီး အရှင်ဝါသေဋ္ဌာဘိဝံသက ဤသို့ အဆုံးအမပေးတော်မူခဲ့ပါ၏။
&  လောကမှာ သူတော်ကောင်းဥစ္စာ ရတနာတရားများရှိနေရင် မဆင်းရဲတဲ့ပုဂ္ဂိုလ်။ ပစ္စည်းဘယ်လောက် ဆင်းရဲဆင်းရဲ သူဟာ မဆင်းရဲတဲ့ပုဂ္ဂိုလ်။ ဘာကြောင့်တုံးဆိုရင် နောက်ကို ချမ်းသာမှာကိုး။ အဲဒီပုဂ္ဂိုလ်ရဲ့ အသက်ရှင်နေထိုင်ရခြင်းကလည်း အချည်းနှီးအသက်ရှင်နေထိုင်ရခြင်းမျိုး မဟုတ်ဘူး။ တကယ့်ကို အကျိုးရှိတဲ့ အသက်ရှင်နေထိုင်ရခြင်းမျိုး ဖြစ်ပါတယ်။ အဲဒီလိုပဲ ဘုရားရှင်က ဟောခဲ့တယ်။ ဒါကြောင့် ထိုသူတော်ကောင်း ဥစ္စာရတနာတွေ ထူထောင်ကြ။
-------------------------------------------
(မင်းနန်-မော်ကျွန်း)
သပြေကန်ဆရာတော်ဘုရားကြီးအရှင်ဝါသေဋ္ဌာဘိဝံသ
---------------------------------------------------------
** မဆင်းရဲသူ **
လောက၌ လူအမျိုးမျိုးရှိသည်။ အကျိုးပေးအမျိုးမျိုးရှိသည်။ စရိုက်ဥာဏ်အမျိုးမျိုးရှိသည်။ ဆင်းရဲချမ်းသာ ကွာဟကြသည်။ ရုပ်ဝတ္ထုဆိုင်ရာ ဆင်းရဲချမ်းသာ ကွာဟသည်ရှိသလို ကိုယ်ကျင့်သိက္ခာဆိုင်ရာ ဆင်းရဲချမ်းသာ ကွာဟသည်လည်းရှိပါ၏။
သပြေကန်ဆရာတော်ဘုရားကြီး ကြိုက်ရာရွှေး လမ်းနှစ်သွယ်
Photo: သပြေကန်ဆရာတော်ဘုရားကြီး
---------------------------------
   ကြိုက်ရာရွှေး လမ်းနှစ်သွယ်
---------------------------------
လူသားဟူသည် လောက၏ ဧည့်သည်သာလျှင် ဖြစ်ပါ၏။ ဧည့်သည်အဖြစ် လောကအတွင်း သက်ရှင်နေထိုင်ကျင်လည်ရစဉ်အတွင်း သူသည် ဧည့်သည်ကောင်းအဖြစ် နေခဲ့သလော ဧည့်သည်ဆိုးအဖြစ် နေထိုင်ခဲ့သလော ဟူသောအချက်မှာ ထိုသူ၏ လုပ်ရပ်များ အကျင့်စရိုက်များကသာ အဆုံးအဖြတ်ပေးမည် ဖြစ်ပါသည်။ 
လူ့ဘဝခရီးလမ်းကို လျှောက်လှမ်းရာ၌ "အဆန်လမ်း" နှင့် "အစုန်လမ်း" ဟူ၍ရှိပါ၏။ တစ်နည်းအားဖြင့် "အခက်လမ်း" နှင့် "အလွယ်လမ်း" ဟူ၍ဆိုနိုင်ပါလိမ့်မည်။ လူသားအဖြစ် လူသားဘဝကို ဂုဏ်သိက္ခာဖြင့် ထိုက်ထိုက်တန်တန် တန်ဖိုးရှိရှိ မြင့်မြင့်မားမား တည်ဆောက်လိုသူတို့ လျှောက်သောလမ်းသည် ခက်ခဲသော အဆန်လမ်း ဖြစ်ပါ၏။ ခက်ခဲသော အဆန်လမ်းဟု ဆိုရခြင်းမှာ ဥာဏ်ဝီရိယများကို စူးစူးနစ်နစ်အသုံးချခြင်းနှင့် ယုတ်ညံ့သော အကုသိုလ်ဒုစရိုက်များကို ခဲခဲယဉ်းယဉ်း ရှောင်ကြဉ်ရခြင်းတို့ကြောင့် ဖြစ်ပါသည်။
ဂုဏ်ရောင်ပြောင်ရွှန်းသော ဘဝတစ်ခုကို လွယ်လွယ်ပေါ့ပေါ့နှင့် ဖန်တီးတည်ဆောက်၍ မရနိုင်ပါပေ။ မည့်သည့်ရည်ရွယ်ချက်မျှ မထားရှိဘဲ ပေါ့ပေါ့နေ ပေါ့ပေါ့စား အဖြစ်ဖြင့် ဘဝတစ်ခုကို ဖန်တီးရခြင်းကား လွယ်ကူလှပါ၏။ သို့သော် အဓိပ္ပာယ်ရှိသော တန်ဖိုးရှိသော ဘဝတစ်ခုကား မည်သည့်နည်းနှင့်မျှ ဖြစ်မလာနိုင်ပေ။ လူသားတစ်ဦးအနေနှင့် အလွယ်လမ်းနှင့် အခက်လမ်းဟူ၍ လမ်းနှစ်သွယ်ရှိသည့်အနက် မည်သို့သောလမ်းကို ရွှေးချယ်သည်ဆိုခြင်းမှာ သူ့ဘဝ၏ အဆုံးအဖြတ်ဖြစ်ပါ၏။
ဤသည်နှင့်စပ်လျဉ်း၍ နိုင်ငံတော်သြဝါဒစရိယ ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ သပြေကန်ဆရာတော်ဘုရားကြီး၏ အဆုံးအမတော်ကို ကြည်ညိုနှလုံးသွင်းအပ်လှပါ၏။
& ကျောက်တုံးကို တောင်ပေါ်တင်ချင်လျှင် အတော်ကြိုးစားတင်ရ၏။ အောက်ချလိုလျှင်တော့ ခဏကလေးနှင့် အလွယ်တကူရနိုင်၏။ 
& ဂုဏ် အပြစ်အရာ၌လည်း ဤအတိုင်းပင်။ ဤကားနီတိစကား။
ဂုဏ်လိုလျှင်…
အတော်ကြိုးစားရ၏။
အပြစ်လိုလျှင်တော့…
အလွယ်ပင်။
သင်……
အခက်လမ်း လိုက်လိုသလား
အလွယ်လမ်း လိုက်လိုသလား။
ကြိုက်ရာရွှေး
လမ်းနှစ်သွယ်။
**************************
(မင်းနန်-မော်ကျွန်း)  
သပြေကန်ဆရာတော်ဘုရားကြီး ကြိုက်ရာရွှေး လမ်းနှစ်သွယ်
---------------------------------------------------------------
လူသားဟူသည် လောက၏ ဧည့်သည်သာလျှင် ဖြစ်ပါ၏။ ဧည့်သည်အဖြစ် လောကအတွင်း သက်ရှင်နေထိုင်ကျင်လည်ရစဉ်အတွင်း သူသည် ဧည့်သည်ကောင်းအဖြစ် နေခဲ့သလော ဧည့်သည်ဆိုးအဖြစ် နေထိုင်ခဲ့သလော ဟူသောအချက်မှာ ထိုသူ၏ လုပ်ရပ်များ အကျင့်စရိုက်များကသာ အဆုံးအဖြတ်ပေးမည် ဖြစ်ပါသည်။
Thursday, July 24, 2014
နိုင်ငံခြားဝန်ထောက်မင်းကြီး ဦးခြိမ့်၏ မိဘနှစ်ပါးကို ပြုစုလုပ်ကျွေးပုံ
မိတ်ဆွေတို့ကို ဖတ်စေချင်လွန်းလို့ ဖတ်ဖြစ်အောင်ဖတ်ပါ
=========================
မိခင်ရဲ့ ထဘီ၊အင်္ကျီတွေကို ကိုယ်တိုင်လျှော်ပေးသည့် လူတိုင်းသိထားရမည့် နိုင်ငံခြားဝန်ထောက်မင်းကြီး ဦးခြိမ့်၏ မိဘနှစ်ပါးကို ပြုစုလုပ်ကျွေးပုံ
ကျမ်းပြုပညာရှင် အမတ်ကြီးဦးခြိမ့် ''ဘယ်လို ကုသိုလ်မျိုးတွေများ လုပ်ခဲ့သလဲ''ရှာဖွေကြည့်တော့
ဦးခြိမ့်ရဲ့ နိဗဒ္ဓဝတ်ကုသိုလ်ဦးခြိမ့်ရဲ့ ကုသိုလ်ကို တွေ့လိုက်ရတာ အခြားဟုတ်ပါရိုးလား။ ငွေကုန်ကျမှုမရှိတဲ့ ကုသိုလ်မျိုးဖြစ်နေတာ တွေ့ရတယ်။ အိမ်ကနေပြီး မင်းတုန်းမင်းကြီးထံ အခစားသွားတဲ့အခါ လမ်းခုလတ်မှာ သူ့မိခင်ရဲ့အိမ်ရှိတယ်။ ဒီအချိန်မှာ ဖခင်ကြီးကတော့ ရှိဟန်မတူတော့ပါဘူး။ 
* * တဏှာကို ပယ်သတ်နည်း * *
* * တဏှာကို ပယ်သတ်နည်း * *
တဏှာက ဘာတွေနှစ်သက်သလဲလို့ခွဲခြား
လိုက်ရင် ကာမတဏှာတဲ့။
ကာမတဏှာဆိုတာ ဘာပြောတာတုန်း
မျက်စိက ပျော်စရာအာရုံတွေကို တွေ့ရင်
နှစ်သက်တာ ကာမတဏှာ
နားက သာယာစရာ အသံလေးကို
နားထောင်ပြီးတော့ နှစ်သက်တာ တွယ်တာ။ 
အပြစ်မရှိသောကဲ့ရဲ့ခြင်း နှင့်ပရာနုဝါဒဘေး
အပြစ်မရှိသောကဲ့ရဲ့ခြင်း နှင့်ပရာနုဝါဒဘေး
ကဲ့ရဲ့ပြစ်တင်ခြင်းသည်
အပြစ်မှ ထမြောက်စေလိုသော
စေတနာကောင်းဖြင့်
ကဲ့ရဲ့ပြစ်တင်ခြင်း၊
မေ့မထားကြပါနဲ့။
မေ့မထားကြပါနဲ့။
●●●●●●●●●●
လူတွေက ဆင်းရဲတယ်လို့
ကိုယ့်ကိုယ်ကို
ထင် မိတတ်ကြတယ်။
အရှင်သြဘာသာဘိဝံသဆရောတော်ကြီးကပြားဗုဒ္ဓဘာသာ
အရှင်သြဘာသာဘိဝံသဆရောတော်ကြီးကပြားဗုဒ္ဓဘာသာ
ထေရဝါဒဗုဒ္ဓဘာသာဝင်တို့၏ ကိုးကွယ်ရာသည် ရတနာသုံးပါးသာလျှင် ဖြစ်ပါ၏။ သရဏဂုံသည် ဗုဒ္ဓဘာသာဝင်တို့၏ အသက်လည်း ဖြစ်ပါ၏။
( သင်စိတ်ညစ်တဲ့အခါ )
( သင်စိတ်ညစ်တဲ့အခါ )
•••••••••••••••••••••••
“စိတ်ညစ်တဲ့အခါ တိတ်ဆိတ်တဲ့ နေရာတစ်ခုမှာ တစ်ယောက်တည်းနေပြီး မျက်လွှာလေးကို အသာချလို့ ကိုယ့်စိတ်ကို ကိုယ့်ခန္ဓာကိုယ် တစ်ခုလုံးကို ခြုံပြီးအာရုံပြုရင်း ပေါ့ပေါ့ပါးပါးလေးပဲ ဝင်လေထွက်လေလေးကို အခြေခံထားပြီး စိတ်နဲ့ရုပ်မှာ ပေါ်လာတဲ့အာရုံတွေကို အရှိအတိုင်း လိုက်သိနေတတ်တဲ့အကျင့်လေးနဲ့ နေနိုင်အောင် ကြိုးစားတယ်”လို့ ပြန်ဖြေဖြစ်မှာပါ။ အရင်တုန်းကတော့ စိတ်ညစ်ရင် တစ်ခြားအာရုံတစ်ခုခုနဲ့ ပြောင်းပြီးစိတ်ညစ် ဖျောက်တတ်ပေမယ့် အခုအချိန်မှာတော့ အကောင်းဆုံးနဲ့ အငြိမ်းချမ်းဆုံးနည်းဖြစ်တဲ့ ဘုရားရှင်ရဲ့အားတွေကိုပဲယူပြီး ညစ်တဲ့စိတ်ကို သစ်အောင်လုပ်ဖြစ်ပါတယ်။
အင်းဝခေတ် ရှင်မဟာသီလ၀ံသ။
  မြန်မာစာပေနယ်မြေမှာ ပေလေးပင်၊ ရှင်လေးပါးအဖြစ် ဂုဏ်ပြုခေါ်ဆိုခြင်း ခံရတဲ့ စာဆို
ပုဂ္ဂိုလ်ကြီးလေးဦး အင်းဝခေတ်မှာ ပေါ်ထွန်းခဲ့ပါတယ်။ အဲဒီပုဂ္ဂိုလ်ကြီး လေးဦးကတော့ ရှင်ဥတ္တမ
ကျော်၊ ရှင်အုန်းညို၊ ရှင်ခေမာနဲ့ ရှင်မဟာသီလ၀ံသတို့ ဖြစ်ကြပါတယ်။
အင်းဝခေတ် ရှင်မဟာရဌသာရ။
ရှင်မဟာရဌသာရဟာ အင်းဝနေပြည်တော်မှာ မွေးဖွားပြီး နန်းတော်ထဲမှာ ကြီးပြင်းခဲ့
ရတဲ့ မင်းဆွေမင်းမျိုးတစ်ဦး ဖြစ်ပါတယ်။ လူနာမည် ကိုမောင်မောက် လို့ခေါ်ပါတယ်။ ငယ်စဉ်
ကပင် ကဗျာပညာ ထူးချွန်ကျော်ကြားလှပါတယ်။
"မတိုင်ပင်အပ်သူ ရှစ်ဦး၊တိုင်ပင်မှုတွင် မလုံခြုံ စိတ်မချရသူကိုးဦး"
"မတိုင်ပင်အပ်သူ ရှစ်ဦး၊တိုင်ပင်မှုတွင် မလုံခြုံ စိတ်မချရသူကိုးဦး"
၁။ ရာဂလွန်သူ
၂။ စိတ်ခတ်ထန်သူ
၃။ တွေဝေထိုင်းမှိုင်းသူ
၎။ ထောင်လွှားတတ်ကြွသူ
၅။ လိုချက်တက်မက်ရှိသူ
၆။ ပျင်းရိသူ
၇။ မိမိတစ်ဦးတည်းသာ ကြံစည်တတ်သူ။