/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /http://4.bp.blogspot.com/-64lFCmprlo4/UlIK93uB36I/AAAAAAAAANM/xlqs8O3Iljg/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg
Wednesday, October 30, 2013
အနန္တဂိုဏ်းဝင် ကျေးဇူးရှင် အမေ
ဇမ္ဗူတိုင်းမှာ အဖြေညှိပြရရင်
အပူလှိုင်းဖြာ ဝေဒနိကတွေနဲ့
လူတိုင်းဟာ အမေရှိတယ်။
နင်းပြားခဲ့ရတဲ့ဘ၀တွေ
  ကျွန်မနိုင်ငံရေးဆိုတာကို မည်သည့်အခါမှ စိတ်ဝင်စားခြင်းမရှိခဲ့ပါ။ ရေးလဲ မရေးခဲ့ဖူးပါ။ ဒါပေမယ့် ကြည့်နေမြင်နေ ကြားနေရတာတွေနဲ့တင် စိတ်ထဲမှာရှိနေတဲ့ တင်းကြပ်နေတဲ့ စိတ်တွေ ပေါက်ကွဲကုန်လို့ ဒီလိုပို့(စ်) လေး ကို ရေးမိလိုက်တာပါ။ 
နောင်တမရကြေး
လူတိုင်းလူတိုင်းမှာ အခက်အခဲ အကြပ်အတည်းနဲ့ နဖူးတွေ့ဒူးတွေ့ ကြုံရတဲ့အချိန်မျိုး ရှိခဲ့ကြဖူးမှာပါနော်.. ရွေးချယ်စရာတစ်ခုခုကို ဘယ်လမ်းကို ရွေးချယ်ရမှန်းမသိ ဗျာများခဲ့ကြဖူးပါလိမ့်မယ်.. အဲဒီရွေးချယ်စရာ ၂ခုထဲမှာမှ တစ်ခုခုကို ရွေးချယ်ပြီးပြီဆိုခဲ့ရင်တော့ ဘာကြောင့်ဘဲ ဖြစ်ဖြစ် ပြတ်သားတဲ့
Saturday, October 26, 2013
ဒီလှေခါးလေး တက်နိုင်တုန်း ကုသိုလ်တွေယူထား...
လူကြီးတွေကျောင်းလာရင် အခက်တစ်ခုကတော့ လှေခါးတက်ရတာပါပဲ...
ဘုန်းကြီးကျောင်းဆိုတာကလည်း လူကြီးတွေပဲ အလာများတာ...
ခန္ဓာကိုယ်က နှစ်ပေါင်းများစွာ ခိုင်းထားပြီဆိုတော့ ဒဏ်တွေကပေါ်ပြီပေါ့...
ဒေါသကြီးသူများအတွက်ဒေါသဖြေသိမ့်နည်း
အရှင်ဘုရား
တပည့်တော်မ သားလေး အရမ်းဒေါသကြီးတယ် တရားဟောပေးပါဘုရား...
ကျောင်းကိုလာရင်တော့ ဟောပြောပေးရတာပေါ့ ဒကာမကြီး...
ဒီလိုပြောဆိုပြီးနောက်...
ဗုဒ္ဓဘုရားရှင်(လောင်းလျာ) နုစဉ်တုန်းက ဇာတ်တော်လေးသတိရမိတယ်...
အားလုံးကိုဖတ်စေချင်သောအရမ်းကောင်းတဲ့စာစုလေး....
 (၁) တကယ်လို့ ကိုယ့်ကိုအဖော်ပြုပေးသူမရှိတဲ့
အခါ တစ်ယောက်တည်း
သီချင်းနားထောင်ပါ၊ စာဖတ်ပါ၊ စာရေးပါ။ ဒါဟာ ကောင်းတဲ့အကျင့်ဖြစ်တယ်။ 
Friday, October 25, 2013
လောကဓံတရားတွေ ကောင်းမွေဆိုးမွေ ကိုယ်ပြုခဲ့ပေ...
ငယ်ငယ်ကဆိုရင် အိမ်နားမှာ တွေ့ကရာအပင် အဖျားထိတက်နေကြပဲ ...
ယောက်ကျားလေးအတော်များများ ကလေးဘဝက သစ်ပင်တက်ဖူးကြလိမ့်မယ်...
တစ်ချို့ ကလေးမတွေလည်း အကိုတွေနဲ့ရောပြီး တက်ဖူးကြမှာပါ...
ကလေးတို့ဘာဝ အတော်ပျော်စရာကောင်းပါတယ်...
သစ်ပင်ပေါ် စတက်ခါစတော့ နိမ့်နိမ့်လေးပေါ့...
ဘုရားရှင်၏အံ့ဖွယ်တော် (၁၈) ပါး
(၁) ၀တ်တော်မူသော သင်္ကန်းတော်သည် ဖွပ်ဆိုးရခြင်း၊ ဟောင်းနွမ်းခြင်းမရြှိုခင်း။
(၂) ပရိက္ခရာ (၈)ပါးကို ဆောင်တော်မူလျှင် ကိုယ်နှင့်မထိ လက်လေးသစ်မျှကွာခြင်း။
(၃) တောထွက်တော်မူစဉ်ကပယ်ဖြတ်မူသောဆံတော်သည်လက်နှစ်သစ်မျှသာတစ်သက်ပတ်လုံး တည်တော်မူခြင်း။
(၄) ဆွမ်းစားပြီးသော် သပိတ်တော်ဆေးလျှင် လက်တော်စင် ၊ လက်တော်ဆေး ၊သပိတ်တော်စင်၏။
ဆင်းတုရှိခိုးတာ အကျိုးရှိသလား
ဆင်းတုရှိခိုးတာ အကျိုးရှိသလား
ဂေါတမ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်သွားတာ နှစ် ၂၅၀၀ ကျော်ပြီ။မရှိတော့တဲ့ မြတ်စွာဘုရားကို ဆည်းကပ်ကိုးကွယ်လို့ ရသေးသလား။
Tuesday, October 22, 2013
ဝိပဿနာဆိုတာဘာလဲ
ဝိပဿနာဆိုတာဘာလဲ
◦ ◦ ◦ ◦ ◦ ◦ ◦ ◦ ◦ ◦ ◦ ◦ ◦ ◦ ◦ ◦ ◦ ◦ ◦ ◦ ◦
ဝိပဿနာဆိုတာ -
ပညတ်တွေကိုခွာပြီး ပရမတ်တွေရဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘောတွေကိုသိအောင်
လုပ်တာ ဝိပဿနာ၊
Sunday, October 20, 2013
ဒဏ်ရာမဲ့ နှလုံးသားမုန်းထားဘယ်ခါမရှိပါ
Photo: ဒဏ်ရာမဲ့  နှလုံးသားမုန်းထားဘယ်ခါမရှိပါ ……………………..);*****?
အကြင်လူ၏  စင်ဖြုသေားဘုံ  မေတ္တာဂုဏ်ကို  ဘုံတိုင်းမှာနှိုင်းယဉ်စရာမရှိပေ
မေတ္တာတံခါး  ဖွင့်မထားပဲ  သက်အားငိုချင်မလိုချင်လည်း  ထိုစဉ်ကတည်းက
သက်ဘဝကို  မျက်ကွယ်ပြုလှ  ရှက်ရယ်ပြုကြ  သက်အားကြိုဆို  လိုလိုလားလား
လက်ခံထားပြီး  မိဘကျေးဇူး  အထူးထူးကို  တူးတူးငေါ်ငေါ်ထော်လော်ကန့် လန့် 
မခန့် မလေး  ရည်သွန်းသွေးနေကြတဲ့  ခေတ်  ကြီးမားမေတ္တာမြင့်မိုဦး  ထိုနှစ်ဦးပါပဲ
ဇမ္မုတိုင်းမှာ  အဖြေညှိ့ ကြရရင်  လူတိုင်းမှာ  အမေရှိတယ် ။
အပူလှိုင်းဖြာဝေတဲ့နေ့ ထဲကပင်  လူတိုင်းမှာ  အမေရှိရမယ် ။
မရေမရာ  ဗဟေလိတွေကြောင့်  အသေအချာအဖေမသိရင်တောင်  ငါ့မှာအမေရှိတယ်
ချစ်သဒါဝေကဲ  ပြည့်တဆာအမေဟာလဲ  အမေပါပဲ  အကြောင်းတရားအခြေမွဲ  တတောင်းစား
အမေဟာလဲ  အမေပါပဲ  အကြွေးကြွယ်လှတဲ့  ဈေးသယ်မ  အမေဟာလဲ  အမေပါပဲ
နေ့ ပြန်တိုးယူ  ခေါင်းရွက်ဗျက်ထိုး  ဖိနပ်ပါးအမီးတို  မရပ်မနားသွားရမှ  တကျပ်တပြား
စားရဒါလဲ  အမေပါပဲ ….. ။
သြော်……. ကြက်မကြီးတစ်ကောင်တောင်  သူ့ ကလေး လေးတွေအတွက်ရက်နေတာမြင်ရရင်
သြော်…….ဒါငါ့တို့ အဖေရဲ့  ရုန်းကန်မှုတွေ  လှုပ်ရှားမှုတွေ  အားလုံးဟာ  သူ့ တို့ အတွက်လား
ကျွန်တော်တို့ အတွက်လားဗျာ ……….
သမီးတွေ  သားတွေကြီးပွားစေကြောင်း  စီးပွားအထွေထွေ  စိန်ရွှေ  ပတ္တမြား  အိမ်တွေကားနဲ့ 
ငွေသားအမွေ  ပေးနိုင်မှ  အမေမဟုတ်ဘူးဗျာ ………
ယိုင်နဲ့ နဲ့   တဲအတွင်းလှည်းခင်းအိပ်စရာတိုးဖယ်ကာပေးခဲ့ ………..
အရိုးဟင်း  တဖက်စီဝေ  ထမင်းရည်ကို  အတူတူသောက်  ဗိုက်မှောက်တော့  အတူတူ
ခြင်တောင်မရှိ  ခြုံစောင်မရှိ  ခင်းအိပ်စရာမရှိ  ခြင်ကိုသွေးလှုအတူတူ  ကြမ်းပိုးသွေးလှု
အတူတူ  အပူကိုမျှဝေ  ဒုက္ခကိုပိုမို  လေးနက်စေ  ပညာအမွေ  ရွှေအိုး  ရိုးသားမှုဂုဏ်သိက္ခာ
မေတ္တာအကြင်နာမှတပါး  အခြားပေး  စရာအထွေထွေမွဲသော်လည်း  အမေဟာ  အမေပါပဲ…….
သာရယ်…….. အမေဟာ  ကားလည်းမပေးနိုင်  သာလိုချင်တဲ့  ဆိုင်ကယ်လည်း  မပေးနိုင်
အမေပေးနိုင်တာကတော့  မေတ္တာပါပဲ  (သာလိုချင်တာ ) အပေးချင်တာမဟုတ်ဘူး
အမေ  မပေးနိုင်တာပါ ။ 
လူအပေါင်းတို့ အား  လူသားပြည်ကိုသယ်ယူပို့ ဆောင်  ဒုက္ခတောင်ကြီးအမှောင်စီးလဲ
သားသမီးဒဏ်  ခါးစည်းခံကာ  အန္တရယ်ဘေး  ကာကွယ်ပေးသူ  မွေးမြုဝံ့ရဲ  အသက်နဲ့ လဲသူ
သေးမင်းရဲ့  စစ်တလင်းမှာ  စစ်ခင်းပြီးတော့  အသက်နဲ့ လဲသူ  မေမေရယ်……
အပူမော ၊ မငြုညောသူ ၊ မွေးမြုဝံ့ရဲ ၊ အသက်နဲ့ လဲသူ ၊ မိဘရှိမှ ၊ ဇာတိရ၏ ၊ ဇာတိရှိမှ ၊ ဘဝဖြစ်၏
ဘဝဖြစ်တည် ၊ လူဖြစ်ပြီလား ၊ စဉ်းစား  စဉ်းစား ၊ သူငယ်ချင်တို့ ရယ် ………
သားဘဝ …. စီးပွါးပြည့်စုံ  ကြီးပွါးရုံဖြစ်  လူ့ ဂုဏ်သိက္ခာ  တတ်နိုင်ပါသလား  လက်မှတ်စုံစုံ
ဘွဲ့ ဝတ်ရုံကြောင့်  လူ့ ဂုဏ်သိက္ခာ  တတ်နိုင်ပါသလား  လူဆိုသည်က  လူ့ တရားနဲ့   လူသားတာဝန်
လူမကျွန်ဖို့   လူပီသဖို့   အရာဝထ္ထု  အစုစုကို  အံတုစစ်ခင်ရင်ဆိုင်ချင်းဖြစ်  သေမင်းအပေါ်
စိန်ခေါ်ရခြင်  အသက်ဘေးချင်းပိုပြီနီး၏   ဖီးစီးဒုက္ခပိုပြီးရ၏  (  အာဂမိခင် )  သတ္တိယှဉ်က
မမြင်ရသေး  ရင်မှသွေးကို  ရင်သွေးသက်မှတ်  တံဆိပ်ကပ်ကာ  စိတ်ဓါတ်အရာမှာလည်းထား၏
မေတ္တာရည်သွေး  မွေးလည်း  မွှေး၏  ဘေးအတန်တန်  ရန်အပေါင်းဠ်  ချန်ရန်ဝိုင်းလျက်  တုံ့ ဆိုင်းမသိ
ပဠိသနွေ … သွေးအမွေကို  မွေးမေသယ်ဆောင်  သေမင်းတောင်ဠ်  အောင်လံစိုက်ထူတိုက်ဝံ့သူ  
နိုင်ရန်တရားမရှိငြား  လူသားမိခင်  စွမ်းပကား  သားလှချမ်းသာရ  စိတ်မှာဟု  ( မအီမသာ ၊ ပူခါး  ငံစစ်)
မစားတိုးရ  ထကြွဖြေးဖြေး  ကိုယ့်အရေးထက်  ဆယ်ဆတတ်၏  အသက်ထက်ကြင်နာ သားကိုသာလျှင်
ချမ်းသားမြင်ကြောင်း  လက်ဆယ်ကြောင်းကို  ဦးခေါင်းမှာယှဉ်  တောင်းဆုယှဉ်လျက်  မိခင်တို့ မှာ
မိမေတ္တာဖြင့်  မသာမအီ -  ကြုံလိကိုယ်နှုတ်  -  သွေးပုပ်အောင်းကာ -  ပြစ်နှုတ်လျာနှင့် - ရွံရှာပျို့ အံ -
ပူပန်ကိုက်ခဲ  -  ဝမ်းထဲလှိုက်တိုန် -  တုန်သည့်နှလုံး -  မပြုံးရွှင်၏ -  တငွေ့ ငွေ့ သည် -  ရွှင်အားမရှိ -
မရှိမဝေး  -  သည်းဦးကြွေမျှ  -  မိုးမြေမမြင် -  ခါးတင်းရင်အောက် -  ကျောကုန်းအောင့်လျက် -
ခံခေါက်ခံခဲ -  ဆင်းရဲနက်၏ ………
ငါ့ဘဝရယ်  ငါ့အသက်ရယ်  ငါ့ရဲ့ အောင်မြင်မှု  ပိုင်ဆိုင်မှုအားလုံးကို  ပြန်ကြည့်နေမိတယ်
ကိုယ့်နှလုံးထဲမှာ  ဘယ်နက်  ဘယ်လူ  ဘယ်ဗြမ္မာမှ  မပေးနိုင်တဲ့အသက်ဟာ  အဖေအမေဖြစ်ပါတယ်
မိဘပေးတာ  နှလုံးသားသွေး  ခုန်ထရေးအတွက်  ငါ့အသက်နဲ့   ငါ့ခနွ့ာဖြစ်ပေါ်၏လာ  အရာရာ
ငါဟာ  မိဘကျေးဇူးကြောင့်ပါ ……….
ငါချမ်းသာလာရင်………
ချမ်သာလာတော့ ….. လက်မထောင်ပြီး ငါ့နေ့ င့ါနာမ်  င့ါဘုန်းကံကြောင်ဟု  ငါ့မာန်ကဲဝံ့  ငါ့ဇွဲမော်သူ
မိဝန် - ဖဝန်  မကျေပွန်ပဲ  ရင်ခွင်မဲ့သားဖြင့်စေကြောင်း  ချောင်းမြောင်းကြံစည်  ညဏ်ပလီသူ  
အကြင်လူသား  သင်မူကား  တရာနောင်တ  နောင်မှရလျှက်  နောင်တနောက်ကွယ်  
တောင်စွယ်  နေကွယ်တော့မည်နည်း  သားတို့ သမီး  ဘယ်သို့ နည်း
မိဘကျေးဇူး  ဆပ်ဖြစ်ဦးမည်နည်းသို့  ………………………………………….?
Hlwan  Naung ........ M T M 
အဖေ / အမေ တို့ အား
ဘယ်ဘဝရောက်ရောက်  အဖေ / အမေတို့ နဲ့   အိုးမကွာ  အိမ်မကွာ
အဖေ / အမေနဲ့   ဘယ်သောအခါမှ  မခွဲရပါစေနဲ့ လို့ .......
လောကအထံသို့  အပ်နှံခံဘူး အထူးထူးတွင်ရှေ့ ဦးအစ ကျေးဇူးအလှကိုစတင်ခဲ့သူ
အကြင်လူ၏ စင်ဖြုသေားဘုံမေတ္တာဂုဏ်ကို ဘုံတိုင်းမှာနှိုင်းယဉ်စရာမရှိပေ
မေတ္တာတံခါး ဖွင့်မထားပဲ သက်အားငိုချင်မလိုချင်လည်း ထိုစဉ်ကတည်းက
သက်ဘဝကို မျက်ကွယ်ပြုလှ ရှက်ရယ်ပြုကြ သက်အားကြိုဆို လိုလိုလားလား
လက်ခံထားပြီး မိဘကျေးဇူး အထူးထူးကို တူးတူးငေါ်ငေါ်ထော်လော်ကန့် လန့် 
မခန့် မလေး ရည်သွန်းသွေးနေကြတဲ့ ခေတ် ကြီးမားမေတ္တာမြင့်မိုဦး ထိုနှစ်ဦးပါပဲ
သုဝဏ္ဍဘူမိမြို့ဟောင်းတည်နေရာ
သုဝဏ္ဍဘူမိမြို့ ဟောင်း တည်နေရာ
  ကလေးဘဝကတည်းက ကြားဖူးသည်။ သုဝဏ္ဍဘူမိ သထုံဟုလည်း သိထားသည် ။ အနော်ရထာမင်းသည် သုဝဏ္ဍဘူမိ သထုံမှ ပိဋ္ဋကတ်တော်များကို ဆင်အစီး ( ၃၀ ) ဆယ်ဖြင့် ပင့်ဆောင်ကြောင်း ၊ ပုဂံဒေသတွင် သုဝဏ္ဍဘူမိ သထုံမှ ကြွရောက်တော်မူလာသော ရှင်အရဟံ ကျေးဇူးကြောင့်
ဗုဒ္ဓခေတ် အာဇာနည်အမျိုးသမီး (၁၀)ယောက်
၁။ ရှေးဦးစွာ သရဏဂုံတည်ရာ၌ ဘွဲ့တံဆိပ်ရသူ
သေနိယသူဌေးသမီး သုဇာတာ
၂။ အလှူဒါနအများဆုံးအရာ၌ ဘွဲ့တံဆိပ်ရသူ
ပုဗ္ဗာရုံကျောင်းအမကြီး ၀ိသာခါ
ဒီလို သံယောဇဉ်တွေ….
         သံယောဇဉ်အကြောင်းလေး ဟိုနေ့က ဆိုက်ထဲဆွေးနွေးလက်စ တစွန်းတစ်စလေး မြင်လိုက်ရလို့ ခုလို ချရေးလိုက်မိပါသည်။ အော် နာမည်လေးက လှသလောက် တော်တော်လည်း ဒုက္ခပေးပါလားလို့။ သူများတော့ မပြောတတ်။ ကျနော်တော့ဖြင့် နေ့စဉ်ကျင်လည် လှုပ်ရှား
Wednesday, October 16, 2013
... ဗုဒ္ဓဘာသာဝင်တိုင်းသိသင့်သော အမြတ် ဆုံး ဒါန နှင့် အမြတ်ဆုံးအကျင့် .....
Photo: ....   ဗုဒ္ဓဘာသာဝင်တိုင်းသိသင့်သော အမြတ် ဆုံး ဒါန နှင့် အမြတ်ဆုံးအကျင့်  .....
တို့ ဘာသာဝင်တိုင်း တကယ့်ကိုလေးလေး နက်နက်သိသင့်ပါလားဆိုတာ လေးကိုတွေးတောမိရင်း
မျှဝေ ခံစားစေချင်တဲ့ ဓမ္မ စေတနာရယ် ဗုဒ္ဓ ဘာသာဝင်တိုင်း လေးလေးနက်နက် ကိုယ့်ဘာသာ
တရားကို သိစေချင် ခံစားစေချင်တဲ့ ဂရုဏာ တရား ရယ် ကျင့်သုံးစေချင် တတ်သိနားလည်စေချင်
သော မေတ္တာ တရား ရယ် ပေါ်ထွက်လာတာကြောင့် သီလဆောက်တည်နေစဉ် အတွင်း အင်တာနက်
ပေါ် မှာ စာမေ၇း မသုံးတော့ဘူးလို့ ဆုံးဖြတ်ထားပေမဲ့ စေတနာမေတ္တာ တရားကို ကျွနုပ်ရဲ့ အကျင့်
တရားက မလွန်ဆန်နိုင်ပဲ စာထိုင်ရေး နေမိရင်း ဖတ်သူတိုင်း ကုသိုလ်တရား တွေဆထက်ထပိုး တိုးကာ
ဘာသာ သာသနာကို လေးစားသက်ဝင် ယုံကြည်လွန်းစေချင်တာကြောင့် .........................
မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ် အခါကာလ ....................မြတ်စွာဘုရားရှင်က
အနာထပိဏ် သင် အလှူကော လှူဖြစ်ရဲ့လား လို့ မေးလာစဉ်က ခဏ ..........အရှင် ဘုရား
တပည့်တော်အိမ် မှာ ပဲဟင်း နဲ့ ဆန်ကွဲထမင်း လောက်တော့ လှူဒါန်းနိုင်ပါသေးတယ် ဘုရား လို့
အနာထပိဏ် သူဌေး ကလျောက်ထား စဉ် မှာ ဘုရားရှင် ....အေး ...အနာထပိဏ် အလှူကိုလက်လွတ်
စပယ် ဖြစ်သလို မလှူရဘူး ရိုရိုသေသေ တလေးတစား ပေးလှူ၇တယ် ။ ကိုယ့်လှူတဲ့အလှူ ပစ္စည်း
ဟာ တန်ဘိုးနည်းချင်နည်းမယ် အရသာရှိချင်မှရှိမယ် ဒါပေမဲ့ မိမိတတ်နိုင်တဲ့ ဒါနတရားကို တန်ဘိုး
အနည်းအများနဲ့ မတွက်ပါနဲ့ လှူခြင်း မှာ ရိုရိုသေသေလေးလေးစားစားပေးလှူတတ်ရမယ် ။
နောက် မြတ်စွာဘုရားရှင်က ငါ ...ဝေလာမ ပုဏ္ဏား ဘ၀တုံးက အလှူကြီး များစွာကိုပေးလှူခဲ့
ဘူးတယ် ။ အဲဒါတွေကတော့ ငွေအပြည့်နဲ့ ရွှေအပြည့် ရတနာ ၉ မျိုး အပြည့်နဲ့ ၈၄၀၀၀ ရှစ်သောင်း
လေးထောင် ဆင်ရတနာ ရှစ်သောင်းလေးထောင် ရထား ၊ ဘွဲ့ဖြူ ပုဆိုးခင်း နွားမ ၊ ပတ္တမြားနားတောင်း
ဝတ်ထားတဲ့ အမျိုးသမီးပေါင်း ၊ ပလ္လင်ပေါင်း ၊ ပိုး ဖဲ သက္ကလက် ကုဋေပေါင်း ၊ ရှစ်သောင်းလေးထောင်ကို အခုခေတ် ထမင်းရည် ချောင်းစီးသလို မဟုတ်ဘူး မြစ်ရေယဉ်စီးဆင်းသလို
ဆင်ဆက်မပြတ် ဆွမ်း ခဲဖွယ် ဘောဇဉ် ချိုချင် အရသာ တွေကို မြစ်ရေစီးဆင်းသလိုပေးလှူခဲ့တယ်။
အနာထပိဏ် သင် အဲဒီ ငါလှူခဲ့ဘူးသော အလှူတွေထက် မြတ်တဲ့ အလှူကိုလှူချင်သလား။
ဘုရားလောင်းလှူတော်မူခဲ့တာထက် ကြီးကျယ်မြင့်မြတ်တဲ့သာလွန်တဲ့အလှူကို လှူချင်ရင် ရှိသေးတယ်
အနာထပိဏ် အဲဒီ အလှူကတော့ သောတာပန်တစ်ဦးကို လှူ ပါ ။ ငါဘုရားဝေလာမပုဏ္ဏားဖြစ်စဉ်က
လှူတဲ့ အလှူက သာသနာပ အချိန်မှာ လှူတဲ့အလှူဖြစ်တယ် ။သာသနာပအလှူ မှာ လှူတာထက်
သာသနာတွင်း မှာ လှူတဲ့ အလှူရှင်တွေက ပိုပြီး ကြီးကျယ်မြင့်မြတ်လှပါတယ် ။
ဒီမှာ မြတ်စွာဘုရား ရှင် က အလှူဒါနအတွက် အဆင့် ( ၁၃ ) ဆင့် ကို ခွဲခြားပြထားတယ်။
၁ ။ ။ မြစ်ရေစီးဆင်းသလို လှူခြင်းထက်
၂ ။ ။ သောတာပန်တစ်ဦးကို လှူ ပါ
၃ ။ ။ သောတာပန်တစ် ဦးထက် ဦးရေ ၁၀၀တိုး ပြီး သဒါဂါမ် တစ်ဦးကို လှူ ပါ
၎ ။ ။ သဒါဂါမ်တစ်ဦးထက် အနာဂါမ်တစ်ဦး ကိုလှူပါ ။
၅ ။ ။ အနာဂါမ်တစ်ဦးထက် ရဟန္တာ တစ်ဦးကိုလှူပါ ။
၆ ။ ။ ရဟန္တာ တစ်ဦးထက် ပစ္စေကဗုဒ္ဓ ဘုရား တစ်ဆူကိုလှူပါ ။
၇။ ။ ပစ္စေက ဗုဒ္ဓ အပါးတစ်ရာထက် သာလွန်တဲ့အလှူက သဗ္ဗင်ညုတ ဘုရားရှင်ကိုလှူပါ ။
အဲဒီအလှူထက်သာလွန်တဲ့အလှူရှိသေးတယ်
၈ ။ ။ ဘုရားအမှူးရှိသော သံဃာကို လှူပါ ။
၉ ။ ။ အဲဒီအလှူထက်သာလွန်တဲ့ အလှူက အရပ်လေးမျက်နှာ အရပ်ရှစ်မျက်နှာမှာ ရှိတဲ့
သံဃာ အားလုံးကို လှူပါ ( သံဃိဃ ) အလှူပေါ့ ။
( ဒီ ၁ မှ ၉ ထိ ကတော့ ဒါန အပိုင်းပေါ့ )
သံဃိဃ အလှူထက် သာလွန်မြင့်မြတ်တဲ့ အလုပ်ရှိသေးတယ် အနာထပိဏ် သင်လုပ်ချင် သေးသလား လုပ်ချင်ရင်ရှိသေးတယ် ။
၁၀ ။ ။ သရဏဂုဏ်ဆောက်တည် ပါ ။
၁၁ ။ ။ သရဏဂုဏ်ဆောက်တည်ခြင်းထက်မြင့်မြတ်တဲ့အလုပ်ရှိသေးတယ် အဲဒါကတော့
ငါးပါးသီလကိုစောင့်ထိန်းပါ ။
၁၂ ။ ။ ငါးပါးသီလစောင့်ထိန်းခြင်းထက် မြင့်မြတ်တဲ့အလုပ်ကတော့ သတ္တ၀ါတွေအပေါ်ကို
နံ့သာတရိုက် ခန့်လောက်မေတ္တာပို့ပေးပါ ။( နံ့သာတရိုက်ဆိုတာ အမွေးအကြိုင်လေး
လေးတစ်ခုကို ကိုယ့်လက်ကလေးမှာစွတ်ကြည့်ပြီး ရူရိုက်ကြည့်လို့တဲ့ အချိန်ကာလလေး
ကိုပြောတာပါ )
၁၃ ။ ။ မေတ္တာပို့တာထက် သာလွန်မြင့်မြတ်တဲ့အလုပ်ရှိပါသေးတယ် အဲဒီအလုပ်ကတော့
လက်ဖျစ်တတွတ် အချိန်လေးလောက်ကို အနိစ္စ သင်္ညာ ကိုပွားများပါ ။ဒီနံပါတ် ၁၃ အလုပ်
ကတော့ ကျန်တဲ့ ၁၂ ချက်ထက်ကို သာလွန်ကြီးကျယ်မြင့်မြတ်လှပါပေတယ် လို့မြတ်စွာ
ဘုရားရှင်က အနာထပိဏ် သူဌေး ကြီး ကိုဟောပြတော်မူခဲ့ပါပေတယ် ။
ကျွနုပ် ဒီမှာ ပြောပြချင်တာက ကျွနုပ်တို့ ဗုဒ္ဓ ဘာသာ မြန်မာလူမျိုးတွေဟာ ရှေးရိုးစဉ်ဆက် ကိုးကွယ်
ခဲ့ကြလို့သာ ဗုဒ္ဓ ဘာသာအမည် ရနေကြတယ် ကိုယ့်တကယ်လုပ်နေတဲ့ အလုပ် ကျင့်စဉ်တွေဟာ
ကြီးကျယ်မြင့်မြတ်လွန်ပါလားဆိုတာကို တော်တော်များများ ဟာ မသိကြပေဘူး ၀မ်းနည်းစရာ အလွန်
ကောင်းလှပါတယ် ။ မိမိတို့နေ့စဉ်လုပ်နေတဲ့ အလုပ် ဒါနကုသိုလ်တွေဟာ ငွေမကုန်ပဲနဲ့တောင်
နိဗ္ဗာန်ကိုထုပ်ခြောက်ရောက်နိုင်တယ် ဆိုတာသိစေချင်လွန်းပါတယ် ။
စာရေးသူထပ်ပြီးပြောပြချင်တာက ကျွနုပ်တို့ ဗုဒ္ဓ ဘာသာ ပေါ်ထွန်းလာတာ မြတ်စွာဘုရားရှင်
ပွင့်ထွန်းတော်မူရာဒေသ ဟာ အိန္ဒိယပြည်မှာပါ ။ ဒါပေမဲ့ အိန္ဒိယပြည်သူတွေဟာ ဘုရားရှင်ကို အရင်
ဆုံးဖူးမြင်ခွင့် မရခဲ့ပါဘူး အရင်ဆုံး ဖူးမြင်ခွင့် ရသူတွေဟာ ဗမာနိုင်ငံသား များဖြစ်တဲ့ တဖုဒ်ဿနဲ့
ဘလိက ညီနောင် နှစ်ဦး ပါ ဒါကိုလည်း မြန်မာလူမျိုးတိုင်းသိသင့်တယ်လို့ မှတ်ယူခံစားပါတယ် ။သိလည်းသိစေချင်ပါတယ် ။
နောက်တစ်ခု အဲဒီ အမြင့်မြတ်ဆုံးအလှူ အလုပ်တွေမှာ မှာ အပိုင်းတွေထပ်ခွဲလို့ထားပါသေးတယ်။
၁ မှ ၉ ထိ က ဒါနအပိုင်း ပါ ။ ၁၀ ကနေ- ၁၃ - ထိကတော့ စရဏ ပိုင်း ပါ ။ ဒီ ၁၃ ချက်ကို အပိုင်း
၎ ပိုင်း ခွဲထားပါသေးတယ် ။ ၁- ၉ ထိ ဒါနပိုင်း ၁၀ - ၁၁ ထိ သီလပိုင်း ၁၂ - ကတော့ သမထပိုင်း
၁၃ - ကတော့ ၀ိပဿနာပိုင်း ပါ ။ဒီအပိုင်း တွေဟာလုံးထဲမှာ မှာ ကျန်တဲ့ ၁၂ ပိုင်းထက် နံပါတ် ၁၃ x
ပိုင်းဖြစ်တဲ့ ၀ိပဿနာပိုင်းဟာ ငွေလည်းမကုန်ပါဘူး လူလည်းမပင်မပန်းပဲ အလကားနီးနီး ရတဲ့
ကုသိုလ်ထူး တစ်မျိုးပါ ဒါကြောင့်စာဖတ်သူ ဓမ္မ မိတ်ဆွေသူတော်ကောင်းတွေဟာ မိမိတို့လုပ်နေတဲ့
ကုသိုလ်တွေကို တန်ဘိုးကြည့်ကြမယ် ဆိုရင် ဘယ်အလုပ်ကအမြတ်ဆုံးအလုပ်ဖြစ်သလည်းဆိုတာ
မြင်သာလာပါလိမ့်မယ် လက်ဖျစ်တတွက်တီးလောက်လေး ဖြစ်တဲ့ အချိန်လေးအတွင်း မှာ ရုပ်နာမ်တွေ
ရဲ့မမြဲမူ့ အနိစ္စ တရားလေးကိုမြင်အောင် ကျင့်ကြံပွားများလိုက်တာဟာ ဘုရားရှင် ပစ္စေကတွေ
မေတ္တာဘာဝနာတွေ ငွေကြေးသိန်းပေါင်း ထောင်သောင်းပေါင်းမြောက်များစွာအကုန်ခံပြီးပြုနေတဲ့အလှူ
ဒါန တရားတွေထက် သာလွန်မြင့်မြတ်ပါတယ် ။
ကျွနုပ်တို့ ဗုဒ္ဓ ဘာသာ အကုန်လုံးနီးပါ တောင်းလိုက်တဲ့ နိဗ္ဗာန် ဆု လိုချင်လို့ပဲတကယ်
တောင်းသလားသူများတောင်းလို့ပဲလိုက်တောင်းနေကြသလား တကယ်ကိုပဲ မြတ်စွာဘုရားသာသနာ
တော်ကြီး အတွင်း မှာ ကျွတ်တမ်းဝင်ချင်ကြလို့လား ဆိုတာ မိမိကိုယ်တိုင်မှ တစ်ပါး မသိနိုင်ပေဘူးပေါ့
သို့သော်ညားလည်း စာေ၇းသူပြောပြချင်တာကလေ ကျွနုပ်တို့လုပ်နေကြတဲ့ အလှူတွေ သမထတွေ
ဘာဝနာ ပွားများအားထုတ်နေကြတာဟာ တကယ့်ကို အကျိုးကျေးဇူး ကြီးလွန်းပါတယ် မြင့်မြတ်စင်ကြယ်လွန်းလှပါတယ် ။ ဒါကြောင့် နိဗ္ဗာန် ဆုကိုတော့ ပေါပေါလောလော တောင်းနေလိုက်
ကြတာ နိဗ္ဗာန် ဆိုတာ ဘာလည်းလို့များမေးလာ ခဲ့တဲ့ ဘာသာခြားများရှိခဲ့ရင် ကျွနုပ်တို့ဘာသာဝင်
များ မဖြေနိုင် ခဲ့ဘူးဆိုရင် သိပ်ကိုရှက်စရာကောင်းလှပါတယ် ။ ဘယ်သူမသိသိ မိမိသိအောင် လေ့လာ
ပါ ဆည်းပူးပါ ။
နိဗ္ဗာန် ဆိုတာ လောဘ ။ ဒေါ သ ။ မောဟ ။ တရားတွေကို ငြိမ်းရာ ချုပ်ရာ ကုန်ရာ
သည် နိဗ္ဗာန် စင်စစ်မည်ပေ၏ လို့ သံယုတ်ပါဠိတော်မှာလာရှိပါတယ် ။ဤကဲ့သို့သိနိုင်ခြင်းသည်
တ၇ားတော်များကို နားကြားမှသာလျှင် သိနိုင်ပေ၏ ။ နိဗ္ဗာန် ( ၂ ) မျိုး ရှိပေသည် ။ မသေခင် ရတဲ့
နိဗ္ဗာန် ရယ် သေပြီးမှရတဲ့ နိဗ္ဗာန် ပါ ။ လောဘ ၊ ဒေါသ ၊ မောဟ တရားတွေကို တကယ်ချုပ်ငြိမ်းစေ
တာက မဂ္ဂင်ရှစ် ပါး အကျင့်တရားပါ ။နောက်ကြောင်းကိုပြန်ဆုတ်ပြီးတော့ မဂ္ဂင်ရှစ်ပါး အကျင့်တ၇ား
တွေကို ပြုကျင့်နိုင်ဖို့အတွက် သရဏဂုဏ် ဆောက်တည် ထားသူတွေမှ ပါ ။ သရဏဂုဏ် ဆောက်တည်
ခြင်းဆိုရာမှာ ကျွနုပ်တို့ ဗုဒ္ဓ ဘာသာ ၀င်များသာလျှင် ပြုကျင့်နိုင်သော တရားတော်များဖြစ်ပေတယ်။
သရဏဂုဏ်တော့ဆောက်တည်နေလိုက်ကြတာ တကယ့်အကျိုးထူးကိုတော့ ခံစားနားလည်မိကြပါ
သလား ။ တကယ့်အလေးအနက်မသိသေးဘူးဆိုရင် နောက်မကျသေးပါဘူး ဒီနေ့ကစပြီးငါတော့
တကယ့် ဗုဒ္ဓ ဘာသာ ၀င်စစ်စစ်ဖြစ်ပြီလို့ မှတ်ထားလိုက်ပါ ။အခြေမဲ့ ဗုဒ္ဓ ဘာသာ တွေဖြစ်နေကြခြင်း
ထက် အရည်အချင်းရှိတဲ့ ဗုဒ္ဓ ဘာသာ ထက် အရေအတွက် ဗုဒ္ဓ ဘာသာ တွေ မဖြစ်ကြပါစေနဲ့ ။
နောက် ဗဟုသုတလေးတစ်ခုပြောချင်တာက သရဏဂုဏ် ပျက်ခြင်း ( ၂ ) မျိုးရှိပါတယ် ။
အယူဝါဒပြောင်း၍ သရဏဂုဏ်ပျက်ခြင်း နဲ့ သေ၍ သရဏဂုဏ်ပျက် ခြင်းတို့ဖြစ်ပါတယ် ။ဘာသာတခု
ကိုပြောင်းလိုက်ပြီဆိုတာနဲ့ သရဏဂုဏ်က အလိုလိုပျက်ပျယ်သွားပါတယ် ။နောက် သေလွန်ပြီဆိုတာနဲ့
လည်းသရဏဂုဏ်က ပျက်သွားပါပြီ ။ ဒီအခါ ဗုဒ္ဓ ဘာသာ ၀င်တော်တော်များများက လူတစ်ယောက်
သေလွန်တဲ့ အခါ မှာ သရဏဂုဏ် တင်ပေးကြပါတယ် တကယ်တော့သေပြီးသားသူဟာ သရဏဂုဏ်
ပျက်သွားပါပြီ ပြန်တင်လို့ မရတော့ပါဘူး တကယ်တန်းကျတော့ကျန်ရှိနေတဲ့သူများကို သရဏဂုဏ်
ဆောက်တည်စေတာပါ ။
မိမိတို့ကိုမိမိတို့ ဘယ်အဆင့်မှာလည်းဆိုတာကို ဘုရားအပေါ် မမှိတ်မသုံယုံကြည်ခြင်း
တရားအပေါ်မမှိတ်မသုံယုံကြည်ခြင်း သံဃာအပေါ်မမှိတ်မသုံယုံကြည့်ခြင်း အရိယာသီလနဲ့ပြည့်စုံခြင်း
ဆိုတဲ့ ပေတဲ့ နဲ့ ဒီနေ့ကစပြီးတိုင်းတာကြည့်ကြပါ ။ သာသနာတော်အတွင်း ဘုရားရှင်ပွင့်ထွန်းပေါ်
ပေါက်ရာ ကမ္ဘာတွင်လူဖြစ်နေရခြင်း ဘုရားရှင်ရဲ့ သားတော် သံဃာတော်များကို ဆည်းကပ် ကိုးကွယ်
ရခြင်း ဘုရားရှင်ရဲ့တရားတော်များကို နာကြားရခြင်း နားကြားနိုင်အောင် လမ်းပြတော်မူနိုင်သော
အရိယာသူတော်ကောင်းများ နှင့်ဆုံတွေ့နေရခြင်း ဒီလိုမတောင်းမတမကြောင်းမကျ ရနေတဲ့ကျွနုပ်တို့
ှဗုဒ္ဓ ဘာသာ ၀င် တွေဟာ မြန်မာနိုင်ငံမှာလူဖြစ်ရတာ သိပ်ကိုအကျိုးကျေးဇူးကြီးမားလှပါတယ် .ဒီလိုအ
ကျိုးကျေးဇူးတွေနဲ့ပြည့်စုံကြွယ်ဝနေပါလျက်သားနဲ့ မိမိတို့လုပ်နေတဲ့ အလုပ် ဒါနကုသိုလ် ဘာဝနာ
တွေကိုမေ့ပြစ်လိုက်မယ် ဘာသိဘာသာနေကြမယ် ပေါ့ပေါ့ဆဆ လုပ်နေကြမယ်ဆိုရင် တော့လမ်း
ပျောက်ကုန်ကြပါလိမ့်မယ် ။
သရဏဂုဏ်ဆောက်တည်ပြီး ကုသိုလ်ယူနိုင်သလို ငွေမကုန်လူမပန်းပဲ နဲ့ ကံငါးပါးကို
လုံခြုံအောင်စောင့်ထိန်းလို့ တသွယ် သူထက်မြင့်မြတ်ကြီးကျယ်တဲ့ကုသိုလ်တရားဖြစ်တဲ့ ၀ိပဿနာကု
သိုလ်ထူးတရားကိုလည်း အချိန်ရှိခိုက်လုံးလစိုက်လျှက် အနိစ္စ ဆိုတာ မမြဲတာ သင်္ညာဆိုတာ မှတ်သိတာ
ရုပ်နာမ်တွေရဲ့မမြဲမူ့ ဖြစ်ပျက်နေမု့ဆိုတဲ့ ၀ိပဿနာ အလုပ် အမြတ်ဆုံးအလုပ်ကို မြန်မြန်ကြီးလုပ်
နိုင်ကြပါစေ ။ လမ်းနှစ်လမ်းရှိနေတဲ့ အထဲမှာ
ဒါန ၊ သီလ ၊ သမထ က တစ်လမ်း အဲဒါက ကံလမ်း
ဝိပဿနာလမ်းက တစ်လမ်း အဲဒါက ဥာဏ် လမ်း
ကံလမ်းကလျောက်သူကတော့ သုဿန်ကို ထပ်ရောက်နေအုံးမှာပဲလေ။ ဥာဏ် လမ်းကလျောက်သူ
ကတော့ နိဗ္ဗာန် ကိုအသေအချာရောက်ပါလိမ့်မယ် ဒါနတစ်ခုပြုတိုင်း တောင်းဆုတခုပြုတိုင်း တောင်း
လိုက်ကြတဲ့ နိဗ္ဗာန် တကယ်လိုချင် အဟုတ်လုပ် တကယ့်ကိုဖြစ်ပါလိမ့် ပေါပေါလောလောတောင်းပြီး
ပေါပေါလောလော နဲ့မေ့မေ့လျော့လျော့ နေနေကြအုံးမယ်ဆိုရင်တော့ ကံလမ်းကလျောက်သူတွေမို့
သေပြီးရင်းသေ နေပြီးရင်းနေ အိုပြီးရင်းအို နာပြီးရင်းနာအဆုံးအဆမရှိသော သံသရာ ၀ဲ ကွန်ယတ်
ကြီးထဲ့မှာ လယ်ကြပေးအုံးတော့ ။ သံသရာကိုအဆုံးသက်နိုင်သော ကောင်းမြတ်သော အကျင့်သီလ
တို့နှင့်ပြီးပြည့်စုံသော လူသူတော်ကောင်းများ ဖြစ်ကြပါစေကြောင်း တောင်းဆုပဌာနာ ပြုပေ၏။
ထို့ကြောင့် ******** သဗ္ဗေ သင်္ခါရ အနိစ္စ ဒုက္ခ အနတ္တာ ။ သဗ္ဗေ = ခပ်သိမ်းကုန်
သော သင်္ခါရ = သင်္ခါရ တရားတို့သည် အနိစ္စ = အမြဲမရှိကုန် ဒုက္ခ = ဆင်းရဲခြင်း အနတ္တ = အစိုးမရ
ပါတကား ။
အဟံ - ငါသည် ၊ ၀ဒညူ- ကောင်းသောသူတို့၏ စကားကို သိသည် ၊ သီလသမ္ဗန္နော - သီလနှင့်ပြည့်စုံ
သည် ၊ ဟုတွာ - ဖြစ်၍ ၊ နူန - စင်စစ်သဖြ**့ ၊ ဗဟုံ - များစွာသော ၊ ကုသလံ - ကုသိုလ်ကို ၊ ကာဟာမိ
- ပြုအံ့ ။.
... ဗုဒ္ဓဘာသာဝင်တိုင်းသိသင့်သော အမြတ် ဆုံး ဒါန နှင့် အမြတ်ဆုံးအကျင့် .....
တို့ ဘာသာဝင်တိုင်း တကယ့်ကိုလေးလေး နက်နက်သိသင့်ပါလားဆိုတာ လေးကိုတွေးတောမိရင်း
မျှဝေ ခံစားစေချင်တဲ့ ဓမ္မ စေတနာရယ် ဗုဒ္ဓ ဘာသာဝင်တိုင်း လေးလေးနက်နက် ကိုယ့်ဘာသာ
တရားကို သိစေချင် ခံစားစေချင်တဲ့ ဂရုဏာ တရား ရယ် ကျင့်သုံးစေချင် တတ်သိနားလည်စေချင်
............ နှစ်သက်စွာလက်ခံခြင်း ......
 Photo: ............  နှစ်သက်စွာလက်ခံခြင်း  ......
လူဘ၀....
အူဝဲလို.ငိုပြီး စခဲ.ကြတယ်။ နောက် ငိုညည်းပြီး အဆုံးသတ်ကြ၇တယ်။
ဒါကြောင်.ဘ၀ဆိုတာ အငိုနဲ.စ၊ အငိုနဲ.ဆုံး၇တယ်လို. ကောက်ချက်ချကြတယ်။
ဒါပေမဲ. ဘ၀တစ်လျောက်လုံးမှာတော. အငိုချည်းသက်သက်မဟုတ်ပါဘူး။
ပြုံးပျော်၇တဲံ.အချိန်တွေ၊ကျေနပ်ပီတိဖြစ်၇တဲ.အချိန်တွေလဲ၇ှိပါတယ်။အောင်မြင်တဲ.အခါမှာပျော်၇တယ်။လိုအင်ဆန္ဒပြည်.၀တဲ.အခါ ကျေနပ်၇တယ်။ ၀မ်းသာ၇တယ်။
မကျေနပ်ဆန္ဒမပြည်.၀၇င်စိတ်ဆင်း၇ဲဝမ်းနည်းကြ၇တယ်။
ဆင်း၇ဲ၊ချမ်းသာ၊ပညာတတ်၊ပညာမဲ.စတဲ.အလွှာအသီးသီးမှာ တချိန်လုံးဆန္ဒပြည်.၀တဲ.သူ ဒါမှမဟုတ် တစ်ချိန်လုံးဆန္ဒမပြည်.၀တဲ.လူဆိုတာ မ၇ှိသလောက်၇ှားပါတယ်။ ဘ၀တစ်လျှောက်လုံးမှာ ဆန္ဒ့ပြည်.၀မှုနဲ. မပြည်.၀မှုဟာ အမြဲတွန်တွဲလို.ဖြစ်စေ၊တသီးတခြားစီဖြစ်စေ တွေ.ကြုံ၇တဲ.လူတွေချည်းပါဘဲ။
ဒီတော.လူဘ၀ကိုေ၇ာက်လာတဲ.လူတစ်ယောက်ဟာ ၀မ်းနည်းဝမ်းသာဖြစ်မြဲကိစ္စကို တာဝန်ယူထား၇သလို၇ှိနေတယ်။ တနည်းအားဖြင်.
" ကျွန်တော်/ကျွန်မဟာ လူဖြစ်လာပါပြီ။လူဘ၀ဆိုတာ အောင်မြင်မှု၊ ပြည်.စုံမှုအတွက် ကျေနပ်ဝမ်းမြောက်၇တယ်။ ဆုံး၇ှုံးမှု ၊ မပြည်.စုံမှု အတွက် ကြေကွဲဝမ်းနည်း၇တယ်။ ကောင်းတဲ.အခါ စံစားမယ်၊ မကောင်းတဲ.အခါလည်း ခံသွားပါမယ် " ဆိုပြီး စာချုပ်ချုပ်ထားတာနဲ. တူနေတယ်။
ဒါပေမဲ. ဒါကိုမသိကျိုးကျွံပြုကြသူတွေ များတယ်။ လျစ်လျူ၇ှုထားကြတယ်။
အောင်မြင်တဲ.အခါ 'ငါ့ကွ' 'ငါလုပ်တာကွ' 'ငါ့လိုလူ ဇမ္မူမှာ၇ှိသေး၇ဲ.လား' လို.ကြွေးကြော်လိုကြတယ်။
ဆုံး၇ှုံးတဲ.အခါမှာတော. 'ငါ့ကျမှ ဒုက္ခေ၇ာက်တယ်' ' သူများတွေက ပြည်.စုံလှချည်လား ' 'လောကကြီးကမတ၇ားဘူး' ဘယ်သူကြောင်. ဘယ်ဝါကြောင်.လို. အပြစ်တင်ကြ ၊ မကျေမနပ်ဖြစ်ကြနဲ. ၀မ်းနည်းကြေကွဲကြတယ်။
ဒါကို တချို.က ' အတ္တစိတ်' ( ငါတကော ကောတဲ.စိတ် ) လို.သတ်မှတ်ကြတယ်။ တနည်းအားဖြင်. မိမိကိုယ် မိမိဗဟိုပြုထားတဲ.စိတ်ဓါတ်လို. ဆိုကြတယ်။
လူတိုင်းဟာ ' အတ္တစိတ်' ၇ှိသူများ ဖြစ်တယ်။ နည်းတာနဲ. များတာဘဲကွာတယ်။ အတ္တစိတ်ဟာ မိမိအသက်၇ှင်၇ပ်တည်ေ၇းအတွက် အလွန်အေ၇းပါတဲ. ဗီဇစိတ်လို.ပညာ၇ှင်တွေက သတ်မှတ်ကြတယ်။
" ကောင်းကောင်းစားလိုတယ်၊ သက်သောင်.သက်သာနေလိုတယ် " စတဲ.မိမိ၇ဲ. အတ္တစိတ်များ လှုံ့ဆော်မှုကြောင်. လူတွေဟာ ကြိုးစားကြတယ်။ ဒီဆန္ဒစိတ်ကြောင်. မိမိအတွက် ပြည်.စုံဖူလုံေ၇းကို ကြိုးပမ်းကြတယ်။
ဒါကြောင်. လူမှာ အတ္တကို ဖျောက်၇၊ ဖျက်၇တာ အခက်ဆုံးဖြစ်တယ်။ ဒါပေမဲ. လူ၇ဲ.အသိဥာဏ်နဲ.ယှဉ်ပြီး ဆင်ခြင်နိုင်မှုကြောင်. မမြင်သာမထင်သာအောင် တော်တော်လေး ထိန်းချုပ်နိုင်ကြပါတယ်။
ဘာဘဲဖြစ်ဖြစ် ငါအောင်မြင်ပြီဆို၇င် ၀မ်းသာကြမယ်။
ငါဆုံး၇ှုံး၇င် ၀မ်းနည်းကြမယ်။ အတ္တ၇ဲ. ဗီဇစိတ်ဓာတ်ပေါ်ပေါက်လာမှာမလွဲပါဘူး။
လူဘ၀ဟာ ပြည်.စုံမှု၊ အောင်မြင်မှု အမြဲတစေမ၇နိုင်ဘူး။ ဒီလိုဆို၇င် ဘ၀မှာ အမြဲတမ်းပျော်၇ွှင်မှုကို ဘယ်လိုလုပ်ပြီး၇နိုင်မလဲ။
ဘ၀မှာ ဆင်း၇ဲခြင်းဒုက္ခ နဲ.ပြည်.နှက်နေတယ်။
ဘ၀၇ဲ. ကောင်းမွေ၊ဆိုးမွေကို မိမိခံစား၇မယ်။
သို.သော် ဒီလိုခံစား၇တဲ.အခါ ကြောင်ကျလေးကျနိုင်ဖို. ပြင်ဆင်မှုများ ပြုလုပ်နိုင်၇တယ်။
ဒီလိုပြင်ဆင်ထားဖို.ကတော. " နှစ်သက်စွာလက်ခံယူဖို.ပဲ" ဖြစ်တယ်။ ဆိုလိုတာက ဘ၀ကပေးတာကို နှစ်သက်စွာ လက်ခံလိုက်ပါ။ ဒီအခါမှာ သင့်၇ဲ.သောကဝေဒနာကင်းဝေးသွားမှာဖြစ်တယ်။
လူ၇ဲ.ထူးခြားတဲ. ၇ဏ်သတ္တိတစ်ခုမှာ သိအောင် တတ်အောင် ၊ နားလည်အောင် သင်ကြားယူလို.၇ခြင်းပဲ ဖြစ်ပါတယ်။ လူဘ၀တစ်လျောက်လုံးမှာ ကြားဆ၇ာ၊ မြင်ဆ၇ာ၊ သင်ဆ၇ာဆိုတဲ. ဆ၇ာသုံးဦးက သင်ကြားပို.ချနေတာဖြစ်တယ်။ဒီလိုသင်ကြားတဲ.ပညာ၇ပ်တွေကို လေ.လာမယ်ဆို၇င် သင်ကြားလို.မကုန်နိုင်အောင် ဘ၀တက္ကသိုလ်မှာ များပြားလှပါတယ်။ ဒီတော. လူတစ်ယောက်ဟာ ဘ၀အခြေခံအချက်အလက်အချို.ကို တီးမိခေါက်မိအောင် တတ်ကျွမ်းနားလည်ထားသင်.တယ်။ တကယ်မှာ အခြေခံအချက်တွေဟာ အလွန်ဘဲ လွယ်ကူပါတယ်။
မြန်မာတွေအားလုံးသိပါတယ်။ ဘု၇ားလောင်းဟာ နိမိတ်ကြီးလေးပါးကိုမြင်လို.တောထွက်တယ်။ ဒီတော. အို၊နာ၊သေဘေး ကို အားလုံးသိပြီးဖြစ်ပါတယ်။ ဒီ အို၊နာ၊သေမှုနဲ. မိမိဟာ မလွဲမသွေတွေ.၇မယ်ဆိုတာဟာ ဘ၀မှာ သိသင်.သိ၇မယ်. အခြေခံအချက်ပဲဖြစ်တယ်။ လူ.အဖြစ်ကို၇ကတည်းက ပူးတွဲထည်.ပေးလိုက်တဲ. " ပေးအပ်ချက်" ပဲဖြစ်တယ်။ ဒီပေးထားချက်ကို မိမိလက်ခံ၇ဲ.လား။ နှလုံးသွင်းနိုင်၇ဲ.လား။ သတိထားပြီးမှတ်သားနိုင်၇က်လား။
ကိသာေ၈ါတမီကို မြတ်စွာဘု၇ားက တ၇ားပြဆုံးမပုံကို ပြန်လည်လေ.လာနိုင်ပါတယ်။
ကိသာေ၈ါတမီဟာ သေသူကိုပြန်၇ှင်အောင် လုပ်ပေးဖို. မြတ်စွာဘု၇ားထံ ပန်ကြားတယ်။ ဘု၇ားက " သေသူဟာ ပြန်၇ှင်စ၇ာမ၇ှိ။ ဒါဟာ လောကဓမ္မတာပဲ " လို.ပြေဆိုဆုံးမ၇င် အပူမီးတွေဖုံးနေတဲ. ကိသာေ၈ါတမီလက်ခံသဘောပေါက်မှာမဟုတ်ဘူးလို နားလည်တယ်။ ဒါကြောင်. ကောင်းပြီ သေသူကို ၇ှင်သူဖြစ်အောင် ပြုလုပ်ပေးဖို. လူမသေဘူးတဲံ.အိမ်က မုန်ညင်းစေ.ယူခဲ.ဖို. မှာလိုက်တယ်။
ကိသာေ၈ါတမီဟာ တစ်အိမ်ဝင် တစ်အိမ်ထွက် မုန်ညင်းစေ.တောင်းတဲ.အခါ " အိမ်တိုင်း၊ မိသားစုတိုင်းမှာ သေဆုံးခဲ.သူတွေ၇ှိတာကို သိ၇ှိလာတယ်။ ဒီလိုသိ၇ှိတာကို လက်ခံတယ် ၊ နားလည်တယ်။ ဒါကို နှလုံးသွင်းမှတ်သား သတိထားလိုက်တဲ.အခါ မိမိအပူမီး ငြိမ်းသွား၇တယ် ။ ဒါကိုက ဘု၇ုားက တ၇ားပြတာပါဘဲ။
အို၇၊နာ၇၊သေ၇ ဒုက္ခကြုံကြ၇တာ လောကဓမ္မတာပဲ။ ဒါကိုသိ၇ှိပေမဲ. လက်ခံနှလုံးသွင်းနိုင်မှုမ၇ှိ၇င် သောကငြိမ်းအေးမှာမဟုတ်ဘူး။ ပုံပြင်ထဲမှာပါတဲ. တ၇ားပြကောင်းတဲ. ဘုန်းကြီးလို ဖြစ်နေတတ်တာကို သတိပြုသင်.တယ်။
ဒီဘုန်းကြီးဟာ တခြားလူတွေကို သောကမီးငြိမ်းအောင် ဟောကြားနိုင်ပေမဲ. မိမိတူမ သေဆုံးတော.အတောမသတ် ငိုခဲ.မိတယ်။ ဒါကို လူတွေက လျှောက်တဲ.အခါ ' ဒါက ငါ့တူမကိုး ' ဆိုတဲ့ အဖြေမျိုးကို ပေးခဲ.တယ်။
ဆိုလိုတာက သိ၇ုံ၊ နားလည်၇ုံ နဲ.မလုံလောက်ဘူး။ ကိုယ်တိုင်လက်ခံနှလုံးသွင်းဖို. အေ၇းကြီးလှပါတယ်။
" လာမယ်.ဘေးပြေးတွေ." ဆိုတဲ. မြန်မာစကားပုံ၇ှိပါတယ်။ ဘေးအန္တ၇ာယ်ကြုံတွေ.လာ၇င် ပြေးပြီး၇င်ဆိုင်လိုက်ပါလို. ဆိုလိုတာဖြစ်တယ်။ ဘ၀မှာ ဘေးအန္တ၇ာယ်တွေ၊ ဒုက္ခတွေ အများကြီးပဲ။ ပြေးတွေ.စ၇ာတောင်မလိုပါဘူး။တစ်နေ.နေ. တွေ.ကြ၇မှာချည်းပဲ။ တွေ.ကြုံတဲ.အခါမှသာေ၇ှာင်ထွက်ဖို.မကြိုးစားပါနဲ.။ေ၇ှာင်ထွက်လို.လည်းမ၇ပါဘူး။ ဒီတော.ဘာလုပ်မလဲ။
ကျေနပ်စွာ လက်ခံလိုက်၇ုံပါပဲ။
လက်ခံဖို. သတ္တိမွေးပါ။ အချို.က 'သတ္တိ' ဆိုတာ သိတတ် တာပါကွာလို. ပြောကြတယ်။ မှန်ပါတယ်။ ကြုံ၇မယ်.ဘေး ပြေးမလွတ်ဘူးဆိုတာ သိတတ်ထား၇မှာ ဖြစ်တယ်။
ထိခိုက်မှုကြောင်.ခြေပြတ်နေသူတစ်ဦးနဲ.တွေ.ဖူးတယ်။ သူကိုမေးကြည်.တော." ပထမမှာ ကျွန်တော်လည်းသေတာမှ ကောင်းမယ်လို.ဆိုပြီး အ၇မ်းစိတ်ညစ်သွားတယ်။ ဒါပေမဲ.နောက်ကျတော. စဉ်းစားမိတယ်။ ဒါဟာ ငါ့ဘ၀ပဲ၊ငါ့လို ခြေပြတ်လက်ပြတ်တဲ.လူတွေ လောကကြီးမှာ ဒုနဲ.ဒေးပဲ။ ကျွန်တော်အ၇င်ကလည်း ၇ှိခဲ.တယ်၊ နောက်လဲ၇ှိအုံးမှာဘဲဆိုတာ ကျွန်တော်လက်ခံလိုက်တယ်။ ဒီလိုလက်ခံလိုက်တာနဲ. လောကကြီးဟာ သာယာလှပလာတယ်။ အသက်၇ှင်နေတာပဲ ကျေးဇူးတင်မိသေးတယ် " လို.ပြန်ပြောပြတယ်။
မှန်ပါတယ်။ လောကမှာ ဒုက္ခမျိုးစုံ၇ှိတယ်။ ဒီဒုက္ခတွေကို တစ်နေ. ကိုယ်လည်းကြုံတွေ.နိုင်တာကို မမေ.လျော.ဖို.အေ၇းကြီးတယ်။
ကြားဖူးတဲ. ကဗျာလေးတစ်ပုဒ်ထဲမှာ " ကျွန်တော်ဟာ ဖိနပ်ဝယ်စ၇ာ ပိုက်ဆံမ၇ှိလို. အလွန်ပဲဝမ်းနည်းနေပါတယ်။ ဒီအချိန်မှာပဲ ကျွန်တော်ေ၇ှ.မှာ ခြေထောက်မပါတဲ. လူတစ်ယောက် ချိုင်းထောက်နဲ.ဖြတ်သွားတယ် " တဲ.။
ဒီတော. နှစ်သက်စွာ လက်ခံလိုက်စမ်းပါ။
ကျေနပ်စွာ လက်ခံထားလိုက်ပါ။
ဘ၀မှာ ဒုက္ခကိုလက်မခံဘဲေ၇ှာင်ထွက်သွားလို. မ၇ဘူး။
လက်ခံနိုင်၇င် သုခ.....
လက်မခံနိုင်၇င် ဒုက္ခ..... 
... by ko naymin
လူဘ၀....
အူဝဲလို.ငိုပြီး စခဲ.ကြတယ်။ နောက် ငိုညည်းပြီး အဆုံးသတ်ကြ၇တယ်။
ဒါကြောင်.ဘ၀ဆိုတာ အငိုနဲ.စ၊ အငိုနဲ.ဆုံး၇တယ်လို. ကောက်ချက်ချကြတယ်။
ဒါပေမဲ. ဘ၀တစ်လျောက်လုံးမှာတော. အငိုချည်းသက်သက်မဟုတ်ပါဘူး။
Monday, October 14, 2013
ပုသိမ်မြို့ သဒ္ဓမ္မသီတဂူသာသနာ့ရိပ်သာ တောရကျောင်းတိုက် သမိုင်းအကျဉ်းချုပ်
သဒ္ဓမ္မသီတဂူသာသနာ့ရိပ်သာတောရကျောင်းတိုက် အဝင်မုခ်ဦး
ကျောင်းတိုက်တည်နေရာ ။    ။ ပုသိမ်မြို့၊ အမှတ် (၃) နယ်မြေ၊ တောရကျောင်းလမ်း။
၁၂၃၈-ခု (၁၈၇၆) ခုနှစ်ခန့်က မြန်မာနိုင်ငံ၌ ထင်ရှားကျော်ကြားသော ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ စာရင်းဝင် ဆရာတော်ကြီး ဦးသုမနာစာရ (ယခု မိဂဒါဝုန်ကျောင်းတိုက်အတွင်းရှိ မပုပ်မသိုးရဟန္တာ ရုပ်တုတော်) သည် ပုသိမ်မြို့သို့ ကြွရောက်တော်မူပြီး စတင်တောရဆောက်တည် သီတင်းသုံးတော်မူခဲ့ရာ ကျောင်းသင်္ခမ်းဖြစ်သည်။
Sunday, October 13, 2013
လိုအပ်နေသော ဘ၀သော့ချက်
လိုအပ်နေသော ဘဝ သော့ချက်
ပျော့ပြောင်းသော လေပြေလေးများ တိုက်ခိုက်လာတဲ့
ဘဝလွင်ပြင်ထဲမှာ ရုပ်ဝတ္ထုတွေ ခဏထားလိုက်ပါ...
နံရံနှစ်ဖက်မှာ မှန်နှစ်ခု ချိတ်ထားတာတော့
ကိုယ်ရော သူပါ အားလုံးက ရိပ်မိနေပါလိမ့်မယ်...။
အောင်မြင်သူတို့ရဲ့အားထုတ်မှု
အောင်မြင်သူတို့ရဲ့ အားထုတ်မှု
မင်းလိုပဲ....
လူသားတွေ စဉ်းစားခဲ့ကြမှာပါ...။
လူသားတိုင်းလည်း အဆင်မပြေမှုတွေ
မပြည့်စုံမှုတွေ ရှိခဲ့ကြမှာပါ...။
ကျေးဇူးဆပ်ကြ သီတင်းကျွတ်လ
ကျေးဇူးဆပ်ကြ သီတင်းကျွတ်လ
နေ့လည်ခင်း ကိုယ် လိုချင်တဲ့ စာတွေကို ရှာဖွေပြီး သိမ်းဆည်းလိုက်ပါတယ်။ ပြီးတော့ အမြဲတမ်း ထိုင်နေကြ မကုဋာရာမ ကျောင်းတိုက်ကြီးရဲ့ ထောင့်နားက ကော်ဖီဆိုင်လေးမှာ ညနေခင်းရဲ့ ဆည်းဆာအလှကို ကြည့်နေရင်း အတွေးတခု ရရှိလိုက်ပါတယ်။ ဒါနဲ့ သောက်လက်စ ကော်ဖီလေးကို ဆက်သောက်ပြီး ထိုင်ရာမှာ ပြန်ထလာပါတယ်။ စာရေးသူလည်း လမ်းတလျှောက် အတွေးထဲက အတိုင်း နှုတ်က ရွတ်ဆိုမိလိုက်ပါတယ်။
Friday, October 11, 2013
မိမိ တို့ Blog မှာ Style Table ထည့်ရန် လိုအပ်သော HTML လေးများ
ဒီ Website လေးရဲ့ ဘယ်ဘက်အထက်က မြန်မာစာအုပ်များ ဒေါင်းလုပ် ယူရန်ထည့်ထားပေးတဲ့ ဇယားကွက် ဖန်တည်းရန် အောက်ပါ HTML ကုဒ်တွေပါသော Table Style ကိုသုံးပါ အောက်ပါကုဒ်များတွင် <style> ဟုရေးထားသောနေရာမှစပြီး အောက်ဆုံးက </table> အထိကို ကော်ပြီကူးယူပြီး Layout ထဲကိုဝင်ပြီး သင်သုံးလိုသော Add a Gadget ကိုရွှေးပါ ပေါ်လာမဲ့ Box ထဲမှာ HTML/JavaScript Add မှာကလစ်နှိပ်ပြီး ပေါ်လာမဲ့ Box
Wednesday, October 9, 2013
ဒေါသကို ဘယ်လိုပယ်
တစ်ခါတစ်လေ ဒေါသ ဖြစ်မိတဲ့အခါ ရင်ထဲက"ဒုတ်. ဒုတ်" ဒုတ် ဒုတ်"နဲ့ အိပ်မပျော်တော့ပါဘူး။
 ဒေါသဖြစ်တာထက် အိပ်မပျော်တာက ပိုတောင် စိတ်ဆင်းရဲရပါတယ်။ 
အဲဒီ အိပ်မပျော်တာ တစ်ချက်နဲ့ တင်
 ဒေါသ မဖြစ်ချင်တာပါ။ မဖြစ်ချင်ပေမယ့် ဖြစ်နရတုန်းပါ။ 
အနာဂါမ် မဖြစ် သရွေ့တော့  
 ဒေါသ ဖြစ်နေရဦးမှာပါ။ 
ဒါကြောင့် ဒေါသကို ဘယ်လို ပယ်ရမလဲ ဆိုတာကို သိပ်သိချင်တာပါ။
လူသားများ မဖူးရသော စေတီထူး သုံးဆူ
 (၁) စူဠာမဏိစေတီတော် 
(၂) ဒုဿစေတီတော် 
(၃) မဟေသရစေတီတော် 
( ၁ ) စူဠာမဏိစေတီတော် 
တာဝတိံသာနတ်ပြည်တွင် မြတ်စွာဘုရား၏ ဆံတော်မြတ်အား 
ဋ္ဌာပနာ၍ သိကြားမင်းတည်ထားသော စေတီဖြစ်၍ အမြင့်ယူဇနာ ( ၃၀ )
ရှိ၏။
မြန်မာလူမျိုးတွေ ဘာကြောင့်မချမ်းသာကြသလဲ..
 မေတ္တာရှင် - ငါ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ကို တရားဟောကြွတော့ ဆစ်ဒနီက ဗုဒ္ဓဘာသာ လူငယ်တွေက မြန်မာတစ်မျိုးသားလုံး သိသင့်တဲ့ မေးခွန်းတစ်ခု မေးတယ်။ အဲဒီမေးခွန်းက - မြန်မာတွေဟာ အမြင့်မြတ်ဆုံးဖြစ်တဲ့ ဗုဒ္ဓဘာသာကိုလည်း ကိုးကွယ်ခွင့်ရတယ်။ ဒါနကုသိုလ်လည်း အများကြီးပြုကြတယ်။ အဲဒီနှစ်ချက်ကို ထောက်ကြည့်ရင် မြန်မာတွေဟာ ကမ္ဘာမှာ အချမ်းသာဆုံး ဖြစ်သင့်တယ်။ ဒါပေမယ့် ထင်သလောက် မချမ်းသာဘူး။ အဲဒါ ဘယ်အကြောင်းတွေကြောင့်လဲ တဲ့။
ဘာသာတရားတို့၏လားရာနှင့် ဘဝလမ်း
        ယနေ့ကမ္ဘာပေါ်တွင် လူအများကိုးကွယ်ဆည်းကပ်လျှက်ရှိသော ဘာသာကြီးလေးရပ်၏ ယေဘုယျ
တူညီသော အခြေခံသဘောတရားများကို “ ဘာသာရေးဥခွံကို ဖောက်ထွက်ကြည့်ခြင်း “ ဆောင်းပါးတွင်
မိမိရေးခဲ့ပြီး ဖြစ်သည် ၊ ထိုဆောင်းပါးတွင် ဘာသာတရားတို့သည်လူသားများအတွက် မရှိမဖြစ် ဟုတ်
မဟုတ်မှ အစပြု၍ ဘာသာတရားများနှင့်ကမ္ဘာ့ငြိမ်းချမ်းရေးအထိမိမိမြင်သမျှကို သုံးသပ်တင်ပြခဲ့သည် ၊
Monday, October 7, 2013
သမထနှင့် ၀ိပဿနာ
ဓမ္မဖိုရမ်တွင် ဓမ္မမိတ်ဆွေတို့နှင့် သမထ၊ ၀ိပဿနာ အကြောင်း ဆွေးနွေးရာမှ ဖတ်ရှုလေ့လာမိသမျှကို မျှဝေပါဦးမည်။ ဗုဒ္ဓဘာသာကောင်း တစ်ယောက်စာအုပ်တွင် သမထဆိုသည်မှာ တစ်ခုတည်းသော အာရုံကို စွဲမြဲစွာ ယူထားသည့် စိတ်အလုပ်ဟု ဖော်ပြထားပါသည်။ ၀ိပဿနာဟူသည်မှာ ဘုံသုံးပါးတို့တွင် ရုပ်နာမ်ဓမ္မ သင်္ခါရတို့၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တတို့ကို ရှုမှတ် ဆင်ခြင်သည့် ဉာဏ်အလုပ်ဟု သိရှိထားပါသည်။
စကားကြီး ၁၀-မျိုး
စကားပြောဆိုရာ၌ ကျွမ်းကျင်လိမ္မာစေရန် စကားပြောနည်း ၁၀-မျိုးကို ခွဲခြားသတ်မှတ်ထားသည်၊ မြန်မာလူမျိုးတို့က စကားကြီး ၁၀-မျိုးဟု ခေါ်ဆိုကြသည်၊ ယင်းစကားကြီး ၁၀-မျိုး၏ အမည်ကို မုန်တိုင်ပင် ဆရာတော်က မှတ်သားရလွယ်ကူစေရန် သုံးပုံတံချူကျမ်း၌ အောက်ပါအတိုင်း လင်္ကာစီထားပါသည်။
၁။ ရေကူး ညာတင်
၂။ ကောက်ပင် ရိတ်လှီး
၃။ ရေစီး ဖောင်ဆန်
အမြတ်သုံးမျိုး
ဈေးသည်စကားနဲ့ ပြောရရင် လူ့ဘဝဟာအရင်းပေါ့၊ လူ့ဘဝကသေလို့ မိမိ
ကိုယ်ပိုင်အိမ်ကြီးကို ပြန်ရောက်သွားပြီဆိုရင် အရင်းရှုံးတာပေါ့၊ ကိုယ်ပိုင်ဆိုတာ
အပါယ်လေးဘုံကို ပြောတာပါ။ ဗုဒ္ဓက ပမတ္တဿစတ္တာရောအပါယာသကဂေဟ
သဒိသာ - ကုသိုလ်တရားကို မေ့လျော့နေသူအတွက် အပါယ်လေးပါးဟာ မိမိ
အိမ်သဖွယ်ဖြစ်တယ်လို့ ဟောထားတာရှိလို့ပါ။ 
လူ့ဘဝကသေပြီး လူ့ဘဝပြန်ရောက်တယ်ဆိုရင်တော့ အရင်းပြန်ရတာပေါ့၊ နတ်
ပြည်၊ ဗြဟ္မာ့ပြည်ကို ရောက်ရင်တော့ အမြတ်ထွက်တာပေါ့၊ ဒါပေမယ့် အဲဒီအ
မြတ်က ရှုံးတာနဲ့ နှိုင်းယှဉ်လိုက်လို့သာ အမြတ်လို့ ပြောရတာပါ၊ အားကိုးအား
ထားပြုလောက်တဲ့ အကောင်းဆုံးအမြတ် မဟုတ်သေးပါဘူး။
“ ရွှေတိဂုံစေတီတော် အောက်ကလျို့ဝှက်၂ ခု"
- ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့ရဲ့ ယုံကြည်ကိုးကွယ်ရာ စေတီတော်ကြီးဖြစ်တဲ့ ရွှေတိဂုံစေတီတော်ကြီးအောက်မှာ ပင်လယ်ရေ အတက်အကျအလိုက် ရေအနိမ့်အမြင့်ဖြစ်ပေါ်စေတဲ့ (၁၀) ပေပတ်လည်လောက်ရှိတဲ့ ရေတွင်းနဲ့ အဲဒီရေတွင်းထဲမှာ (၆) ပေခွဲလောက်ရှိပြီး ရတနာများစီချယ်ထားတဲ့ရွှေလှေတစ်စီးရှိသည်ဟုမျက်မြင်ကိုယ်တွေ့ ကြုံဖူးခဲ့တဲ့ မြန်မာနိုင်ငံဖွား အာမေးနီးယားလူမျိုး ဒီအက်စ်အပရမေ ကပြောကြားခဲ့သည်ဟု၁၃. ၃. ၆၈ နေ့ထုတ် ကြေးမုံသတင်းစာမှာ ဖော်ပြခဲ့တာကို
 ကျီးမနိုးတင်ဝင်း (ပေါင်းတည်) ရဲ့ပြန်လည်ဖော်ပြချက်အရ သိရှိရပါသည်။
`` မြန်မာမိန်းကလေးများ သတိထားစေချင်´´
    မြန်မာမိန်းကလေးများ အိမ်ထောင်ဘက်ရွေးချယ်ရာတွင်
မိမိလူမျိုးကိုသာသာရွေးချယ်သင့်ပေသည်။မြန်မာတစ်မျိုးနွယ်လုံး
မပျောက်ကွယ်စေရန်မြန်မာမိန်းကလေးများတွင်တာဝန်ရှိသည်။
အမျိုးသမီးများပျက်ဆီးလျှင်သားစဉ်မြေးဆက်ပျက်စီးကြရသည်။
မြန်မာအမျိုးသမီးတစ်ယောက်သည်
မြန်မာအမျိုးသားနှင့်လက်ထပ်လျှင်မိမိအမျိုးမပျက်ဆီးပါ။