သပ်ပယ် ကြည်ညိုဖွယ် စစ်ကိုင်းမြို့ရဲ့ ကျက်သရေဆောင် ရာဇမဏိစူဠာ ကောင်းမှုတော် စေတီတော်ကြီး
စစ်ကိုင်းမြို့ရဲ့ကျက်သရေဆောင် ရာဇမဏိစူဠာ ကောင်းမှုတော် စေတီတော်ကြီးသည်
ခေတ်အဆက်ဆက်မှ စ၍ယခုထက်တိုင်
ထုံးသင်္ကန်း ကပ်လှူပူဇော်ထားသော မြန်မာပြည်တွင်
ကောင်းမှုတော် ဘုရားသည်
စစ်ကိုင်းမြို့ မြောက်ဘက် (၆) မိုင်ခန့်အကွာ၌ တည်ရှိပြီး ဘွဲ့အမည်မှာ
ရာဇမဏိစူဠာ ဖြစ်ပါသည်။ မြန်မာသက္ကရာဇ် (၉၉၈) ခုနှစ် ၊ ခရစ်နှစ် (၁၆၃၆) ၊
တော်သလင်းလဆန်း (၁၀) ရက် ၊ တနင်္လာနေ့တွင် သတိုးဓမ္မရာဇာ ဘွဲ့ခံ
သာလွန်မင်းတရားကြီး တည်ထားကိုးကွယ်ခဲ့သော ဘုရားတစ်ဆူလဲဖြစ်ပါသည်။
ပုံသဏ္ဌာန်
စေတီတော်ကို ပစ္စယံ သုံးဆင့်ခံထား၍
သပိတ်မှောက်ထားသကဲ့သို့ တည်ထားကိုးကွယ်ခဲ့သည်။
ထိုကဲ့သို့ စပါးကျီပုံသဏ္ဌာန်
စေတီများကို သီဟိုဠ်ကျွန်းတွင် အတွေ့များလေသည်။ စေတီတော်၏ ဥာဏ်တော်မှာ
(၁၀၁) တောင် ၊ လုံးပတ် (၅၀၂ တောင် ၂ မိုက် ၄ သစ်) ရှိပြီး စေတီတော်
တည်ထားရာတွင် အုပ်ချပ်ရေပေါင်း (၁၀၁၂၆၅၅၂ ) ဖြင့် တည်ထားခဲ့သည်ဟု သမိုင်းမှတ်တမ်းများအရ သိရသည်။
စေတီတော်ကို ကျောက်ဆီမီးတိုင်
(၈၀၂) တိုင်တို့ဖြင့် ၀န်းရံထားပြီး မြန်မာ ၊ မွန် နှင့် ယွန်း (ရှမ်း)
အက္ခရာတို့ဖြင့် ဗုဒ္ဓ၀င် နိပါတ်တော်များကို နံရံများတွင် ရေးထွင်းထားလေသည်။
No comments:
Post a Comment