/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /http://4.bp.blogspot.com/-64lFCmprlo4/UlIK93uB36I/AAAAAAAAANM/xlqs8O3Iljg/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Friday, January 31, 2014

{{{သူများမကြည့်နဲ့ ကိုယ့်ပန်းကိုယ်ကြည့်}}}


{{{သူများမကြည့်နဲ့ ကိုယ့်ပန်းကိုယ်ကြည့်}}} 

ဒီနေ့ အဓိက ပြောချင်တာကတော့ အဲဒီ ဘုရားပန်းကိစ္စမဟုတ်ပါဘူးနော်။ဘာပန်းကိစ္စပြောမှာလဲဆိုတော့ *ပရမီကုသိုလ်ပန်း* ကိစ္စပြောမှာပါ။

"သိထားသင့်သောသာသနာ့အလံတော်ရောင်-ပါဠိမြန်မာ"


"သိထားသင့်သောသာသနာ့အလံတော်ရောင်-ပါဠိမြန်မာ"
★★★★★★★★★★★★★★★★★★★★★★★★★★★
 

( ၁ )နီလ=အညိုပါသော အပြာရင့်ရောင်

*** အနတ္တဝါဒ အပိုင်း(၆) ***

Photo: အနတ္တဝါဒ
----------
အပိုင်း(၆)
----------

(ဂ) အနတ္တဝါဒနှင့် ယခုခေတ်ပညာရှင်တို့၏ အမြင်
************************
ရှေ့အနောက်တိုင်း ပညာရှင်တို့တွင် အနိစ္စတရားကို ကောင်းစွာသိမြင်နားလည်သော ပညာရှင်သည်ကား ဥရောပတိုက်၌ ဗုဒ္ဓနှင့် တစ်ခေတ်တည်းလိုလို မရှေးမနှောင်း ပေါ်ပေါက်ခဲ့သော ဂရိပညာရှင် ဟိရာကလိတပ် ဖြစ်၏။ သူ၏ အမြင်အားဖြင့် လောက၌ မည်သည့်အရာမဆို ဘယ်အခါမှ ရပ်တည်ခြင်းမရှိ သက်ရှိသက်မဲ့ အရာဝတ္ထုအားလုံးသည် အမြဲတစေ ပြောင်းလဲနေ၏။ အငြိမ်သက်ဆုံး ရုပ်ဝတ္ထုထဲ၌ပင် ကျွန်ုပ်တို့ မမြင်ရသော ပြောင်းလဲလှုပ်ရှားမှုသည် ရှိ၏။ ထို့ကြောင့် မည်သည့်အရာဝတ္ထုပင်ဖြစ်စေ တစ်စက္ကန့်နှင့် တစ်စက္ကန့် မတူချေ။ ဥပမာ ကျွန်ုပ်တို့သည် မြစ်တစ်ခုထဲသို့ တစ်ကြိမ်ထက်ပို၍ မဆင်းသက်နိုင်ချေ။ အကြောင်းမူ တစ်ကြိမ်ဆင်းသက်ပြီးနောက် ချက်ချင်းပြန်ဆင်းသက်သည်ဆိုစေ ဒုတိယအကြိမ် ဆင်းသက်သောမြစ်သည် ပရမတ္ထအားဖြင့် ရေအလျဉ်မတူသော အခြားမြစ်တစ်ခုဖြစ်၏။ ဤသို့ဖြင့် ဟိရာကလိတပ်သည် အနိစ္စတရားကို ကောင်းစွာသိမြင် နားလည်ခဲ့ပေသည်။ 

သိပ္ပံပညာရှင် ထွန်းကားသော ယခုခေတ်၌မူ စကြာဝဠာ၌ အနိစ္စတရား စိုးမိုးနေခြင်းသည် ပိုမိုထင်ရှားလာ၏။ ကမ္ဘာကျော် ဒဿနိကပညာရှင် ဘာထရန်ရပ်ဆယ်အဆိုအားဖြင့် အကယ်၍ သင်သည် ဤကုလာထိုင်မှာ မနေ့က ကုလာထိုင်ဖြစ်ကြောင်း ရှင်းပြလိုပါက ရှေးဟောင်း ရူပဗေဒပညာကို ထောက်ပြရပေလိမ့်မည်။ သို့ရာတွင် ထိုရှေးဟောင်း ရူပဗေဒပညာနှင့်အညီ သင်ဆိုသောစကားသည် တိကျမှန်ကန်ခြင်းမရှိသော လောကဝေါဟာရ စကားမျှသာဖြစ်၏။ အမှန်ဆိုသော် ကုလာထိုင်၏ အသေးငယ်ဆုံး အစိတ်အပိုင်းသည်ပင် တစ်စက္ကန့်ကို အစိတ်ပေါင်း တစ်သိန်းစိတ်၍ တစ်စိတ်မျှသော ကာလအတွင်း၌ ပြောင်းလဲလျက်ရှိ၏။ ယင်းကို မနေ့ကကုလာထိုင် ဖြစ်သည်ဆိုခြင်းမှာ ယနေ့  အင်္ဂလိပ်လူမျိုးသည် အဲလိဇဗက်ဘုရင်မ လက်ထက်က အင်္ဂလိပ်လူမျိုးပင် ဖြစ်သည်ဟု ဆိုသည်နှင့် တူလှချေသည်။ အနောက်နိုင်ငံ အသိပညာရှင်တို့သည် အများအားဖြင့် အနိစ္စတရားကို ဆင်ခြင်သုံးသပ်ရာမှ အနတ္တတရားကို သိမြင်လာကြ၏။ အနတ္တတရားနှင့် အလွန်နီးစပ်သော ယူဆချက်ကို အစဦးစွာ ရေးသားတင်ပြသော ပုဂ္ဂိုလ်မှာ နာမည်ထင်ရှားသော ပြင်သစ်ဒဿနိကဆရာ ဟင်နရီဗတ်ဂဆန် ဖြစ်၏။ သူသည် စကြာဝဠာထဲ၌ ရှိရှိသမျှမျှ အရာဝတ္ထုအားလုံး အမြဲပြောင်းလဲနေသည်ဆိုသော စကားကိုပင် လက်မခံဘဲ အရာဝတ္ထုများမရှိ ပြောင်းလဲမှုသာရှိသည် ဆို၏။ စိတ်ဝိညာဏ်သည် သင်္ခါရအနိစ္စတရားသာလျှင် ဖြစ်ကြောင်း ရေးသားခဲ့၏။ ကျွန်ုပ်တို့သည် လူတို့၌ စိတ်ဝိညာဏ်ရှိသည် ထိုစိတ်ဝိညာဏ်သည် ဝမ်းသာခြင်း ဝမ်းနည်းခြင်း မျှော်လင့်ခြင်း တောင့်တခြင်းစသော ဝေဒနာများကို ခံစားသည်ဟု ယုံကြည်ကြ၏။ သို့ရာတွင် စိတ်သည် အမြဲပြောင်းလဲနေ၍ ထိုပြောင်းလဲမှုကို မသိမမြင်သောကြောင့် စိတ်အစဉ်ရှိသည်။ ထိုစိတ်တို့ကို ခံစားသော မပြောင်းလဲဘဲ မြဲသောဝိညာဏ် (ဝါ) အတ္တရှိသည်ဟု ယုံကြည်ကြ၏။ သို့ရာတွင် မပြောင်းလဲသော စိတ်မရှိ။ မပြောင်းလဲသော အတ္တကိုလည်း ရှာ၍မရအပ်ချေ။ စင်စစ် အတ္တ သို့မဟုတ် တစ်စုံတစ်ခု ပြောင်းလဲသည်ဟု ဆိုခြင်းသည်ပင် လွဲမှား၏။ အကြောင်းမူ အမြဲပြောင်းလဲနေသော စကြာဝဠာ၌ ပြောင်းလဲမှုမှတစ်ပါး အခြားဘာမျှမရှိချေ။ ထို့ကြောင့် ဗတ်ဂဆန်၏ အဆိုကား စိတ်တို့ကို စုစည်းဆက်စပ်ထားသော မြဲသော အမာခံ အတ္တဝိညာဏ်ဟူ၍ မရှိ။ ဥပမာ စိတ်တို့သည် ပုတီးစေ့များနှင့်တူလျှင် ယင်းတို့ကို ဆက်စပ်သည့် ဝိညာဏ်တည်းဟူသော ပုတီးကြိုးသည်မရှိ။ တစ်နည်းအားဖြင့် စိတ်အစဉ်သည် မြစ်ရေအလျင်ကဲ့သို့ပင် အမြဲပြောင်းလဲလျက်ရှိ၏။ ပိုမိုထင်ရှားစေရန် ဗတ်ဂဆန်သည် စိတ်တို့ကို ရုပ်ရှင်ပိတ်ကားပေါ်၌ ပေါ်လာသော အရုပ်ကားများနှင့် ပုံခိုင်း၍ပြ၏။ ပိတ်ကားပေါ်၌ သွားလာလှုပ်ရှားနေသော အရိပ်သဏ္ဍိာံန်များသည် စင်စစ် ရုပ်သေဓာတ်ပုံများကို စုပေါင်းထားသည့် ဖလင်ကားလိပ်ကို ရုပ်ရှင်ပြစက်ဖြင့် အလျင်အမြန်လှည့်၍ ပြသောကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်၏။ ထို့အတူ လူသည် အမြဲပြောင်းလဲနေသော ရုပ်နာမ်ခန္ဓာ ဖြစ်သော်လည်း သန္တတိပညတ် ဖုံးလွှမ်းနေသောကြောင့် တစ်ပေါင်းတစ်စည်း တစ်ဆက်တည်း ဖြစ်နေသညဟု အမြင်မှားနေခြင်းဖြစ်၏။ မည်သို့ဖြစ်စေ အတ္တဝါဒီတို့သည် ဗတ်ဂဆန်နှင့် ယခုခေတ်ရူပဗေဒပညာရှင်တို့၏ စကားကြောင့် အမြင်ပြောင်းလဲကြမည် မဟုတ်ချေ။ ဗတ်ဂဆန်သည် စိန္တာမယဥာဏ်သက်သက်ဖြင့် အသို့လျှင် ရုပ်နာမ်တရား၏ နောက်ကွယ်ရှိ ပရမတ္ထတရားကို သိမြင်နိုင်ပါအံ့နည်း။ ထို့အတူ ရုပ်တရားကိုသာ စေ့ငုသေချာစွာ လေ့လာသော ရူပဗေဒဆရာသည် နာမ်တရားအကြောင်းကို အဘယ်မှာ အကုန်အစင် နားလည်နိုင်ပါမည်နည်း။ အသိအလိမ္မာ ဥာဏ်ပညာအားဖြင့် သတ္တလောက၏ အထွတ်အထိပ်သို့ ရောက်ရှိနေသော လူသားသည် အနှစ်အမာခံ အတ္တကင်းသော ရုပ်နာမ်တရား နှစ်ပါးမျှသာ ဖြစ်နိုင်ပါမည်လော။ စသည်ဖြင့် စောဒကတက်ကြပေလိမ့်မည်။ 

အတ္တဒိဋ္ဌိ စွဲကပ်ခြင်း၏ မူလအကြောင်းရင်းဖြစ်သော မိမိကိုယ်မိမိ အထင်ကြီးမှု၏ အခြေခံ ယုံကြည်ချက်များသည် ရှေးပဝေသဏီမှစ၍ ယနေ့အထိ များစွာသောလူတို့၌ အခိုင်အမာ စွဲမြဲလျက်ရှိ၏။ လူသည် မဟာဗြဟ္မာကြီးမှ ဆင်းသက်သော သို့မဟုတ် ထာဝရဘုရားသခင် အထူးဖန်ဆင်းထားသော သတ္တဝါဖြစ်၏။ ကမ္ဘာပေါ်ရှိ သစ်ပင်ရေမြေ တိရစ္ဆာန်တို့သည် လူအား အကျိုးပြုရန် ဖြစ်ပေါ်လာကြ၏။ ဤကမ္ဘာသည် လူတို့မှီတင်းနေထိုင်ရာ ကမ္ဘာဖြစ်သောကြောင့် အခြားဂြိုလ်နက္ခတ်တာယာ အားလုံးသည် လူတို့၏ ကမ္ဘာကိုဝန်းရံ၍ လှည့်ပတ်သွားလာကြရ၏။ လူသည် ဤကမ္ဘာသို့ ရောက်ရှိလာရာ၌ ဦးတည်ချက်ရှိ၏။ သို့ဖြစ်၍ လူသည် သေသော်လည်း အချည်းအနှီးမဖြစ် အနိစ္စတရားနှင့် မရဏတရားသည် လူ၏ ရုပ်နာမ်တရားကို ဖျက်ဆီးနိုင်သော်လည်း လူ၏ အနှစ်အမာခံဓာတ်ဖြစ်သော အတ္တဝိညာဉ်ကိုကား စိုးစိမျှ လှုပ်ခြောက်နိုင်သည် မဟုတ်။ ထိုအတ္တဝိညာဉ်၏ အစွမ်းဖြင့် လူသည် အကောင်းအဆိုး အမှန်အမှားကို ခွဲခြားသိမြင်၍ အတ္တလောက၌ အတုမရှိ အဓိပတိဖြစ်၏။ ဤသို့ ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသောလူသည် အသင်္ခတ နိစ္စ အမတဓာတ် (ဝါ) အတ္တရှိသော ပုဂ္ဂိုလ်သတ္တဝါ မုချဖြစ်ရပေမည်။ ဤသို့ဖြင့် အတ္တဝါဒ၏ မူလပင်မ ကျောထောက်နောက်ခံဖြစ်သော လူတို့၏ အမျိုးဇာတိ မာန်မာနသည် သိပ္ပံပညာထွန်းကားသော ယခုခေတ်၌ များစွာအားနည်းကျဆင်းခဲ့ရပေပြီ။ လူ၏ ဇာတိမာနကို အပြင်းအထန် ပထမထိုးနှက်ခဲ့သော သိပ္ပံပညာတွေ့ရှိချက်မှာ သိပ္ပံဆရာကြီး ဒါဝင် တင်ပြသော သတ္တဝါမျိုးစုတို့၏ အဆင့်ဆင့်ပြောင်းလဲမှု  ဖြစ်စဉ်ဖြစ်၏။ ထိုသဘာဝဖြစ်စဉ်ကို သိပ္ပံပညာရှင်အားလုံးလိုလို လက်ခံယုံကြည်ကြ၏။ ဒါဝင်၏ အဆိုအားဖြင့် လူသတ္တဝါမျိုးစုသည် မူလအစက တိရစ္ဆာန်မျိုးစုများ၌ ပါဝင်၍ တိရစ္ဆာန်ဘဝမှ အဆင့်ဆင့်ပြောင်းလဲကာ ယခုလက်ရှိ အဆင့်အတန်းသို့ ရောက်ရှိလာခဲ့၏။ ဘူမိဗေဒပညာရှင်တို့၏ ခန့်မှန်းချက်အရ ကမ္ဘာမြေကြီး၏ အသက်သည် နှစ်ပေါင်းသန်းနှစ်ထောင်နှင့် သုံးထောင်အကြား၌ရှိ၏။ လူသည် ကမ္ဘာနှင့်အတူ တစ်ချိန်တည်း ပေါ်ပေါက်လာသည် မဟုတ်။ လူသတ္တဝါမျိုးစုတို့၏ အသက်မှာ  နှစ်ပေါင်း ၂၅သန်းခန့် ရှိသည်ဟု ပညာရှင်တို့ ခန့်မှန်းကြ၏။ သို့ဖြင့် လူသည် ကမ္ဘာပေါ်၌ တိရစ္ဆာန်မျိုးစုများ ပေါ်ပေါက်ပြီးနောက် ကာလပရိစ္ဆေဒ များစွာကြာမှ ပေါ်ပေါက်လာခြင်း ရှေးဦးပထမ၌ တိရစ္ဆာန်မျိုးစုတစ်စု  ဖြစ်ခဲ့ခြင်း  နှစ်ပေါင်းသိန်းသန်းကြာမှ လိမ္မာယဉ်ကျေးသော အခြေအနေသို့ ရောက်ရှိခဲ့ခြင်းမှာ လူကို အလွန်အမင်း အထင်ကြီးဖွယ်ရာ အချက်များမဟုတ်ချေ။  ဘူမိဗေဒ သတ္တဗေဒပညာများကဲ့သို့ပင် နက္ခတ္တဗေဒပညာသည် လူသား၏ ဇာတိမာနကို ရိုက်ချိုးခဲ့၏။ ၁၆၁၀ ပြည့်နှစ်၌ နက္ခတ္တဗေဒပညာရှင် ဂါလီလီအို သည် နက္ခတ်မှန်ပြောင်းဖြင့် ကြည့်ရှုလေ့လာပြီးလျှင် လူတို့၏ ကမ္ဘာကို နေကလှည့်ပတ်သွားလာသည် မဟုတ်။ ကမ္ဘာကသာလျှင် နေကိုလှည့်ပတ်သွားလာရကြောင်း ထုတ်ဖော်ကြေညာ၏။ ထိုကြေညာချက်ကြောင့် အတ္တစွဲ မာနစွဲရှိသော လူတို့သည် တုန်လှုပ်ချောက်ချား၍  ဂါလီလီအိုသည် ခရစ်ယာန်အာဏာပိုင်တို့၏ ဖိနှိပ်မှုကို ခံရ၏။ ထိုမှနောက်၌ နက္ခတ်ပညာရှင်တို့ ဆက်လက်လေ့လာရာမှ လောကဓာတ် စကြာဝဠာအကြောင်း သိပ္ပံပညာ၏။ တွေ့ရှိချက်များသည် မာနဖုံးလွှမ်း၍ အတ္တစွဲရှိသော လူတို့အဖို့ သာ၍စိတ်တုန်လှုပ်ဖွယ်ရာဖြစ်၏။

စကြာဝဠာနှင့် နှိုင်းစာသော် လူတို့၏ ကမ္ဘာသည် မြင့်မိုရ်တောင်နှင့် ဆီးစေ့ပမာ ဘာမျှမထင်ရှားချေ။ သိပ္ပံပညာကျော် ဆာဂျိမ်းစ်ဂျင်းစ်၏ အဆိုအားဖြင့် တစ်စက္ကန့်ကို ခုနှစ်စိတ်စိတ်၍ တစ်စိတ်ရှိသော အချိန်ကာလအတွင်း၌ ကမ္ဘာကို တစ်ပတ်ပတ်နိုင်သော အလင်းရောင်သည် စကြာဝဠာကို တစ်ကြိမ်ပတ်၍သွားရန် နှစ်ပေါင်းတစ်သန်းတစ်သိန်း ကြာပေလိမ့်မည်။ စကြာဝဠာအတွင်းရှိ နက္ခတ်တာယာတို့၏ ဦးရေသည် သန်းပေါင်းတစ်ထောင်ကို နှစ်သန်းနှင့်မြှောက် ထိုရလဒ်ကို သန်းတစ်ထောင်နှင့်ထပ်မြှောက်၍ ရသောကိန်းဂဏန်းနှင့် ညီမျှ၏။ လူတို့၏ကမ္ဘာသည် ထိုမျှများပြားလှသော ကြယ်နက္ခတ်တာယာတို့တွင် တစ်ခုအပါအဝင်ဖြစ်၏။ သိပ္ပံပညာရှင်တို့၏ ယူဆချက်အရ ဤစကြာဝဠာသည် လူနှင့်တိရစ္ဆာန် သတ္တဝါများ ကြာရှည်လေးမြင့် အသက်ရှင်နေရန် သင့်လျော်သော စကြာဝဠာမဟုတ်ချေ။ စကြဝဠာ၌ သက်ရှိများ ဖြစ်ထွန်းရန် သပ္ပာယဖြစ်သော နေရာဌာနများ အလွန်နည်းပါး၏။ သက်ရှိတို့သည် စကြာဝဠာ၌ မတော်တဆ အမှတ်မထင် ဖြစ်ပေါ်ခဲ့၍ နောက်ဆုံးတစ်နေ့၌ အမှတ်မထင် ချုပ်ပျောက်ရမည် မုချဖြစ်၏။ သတ္တလောကဖြစ်ပေါ်သည်မှ ချုပ်ငြိမ်းသည်အထိ အချိန်ကာလသည် နှစ်ပေါင်း ကုဋေကုဋာ အသင်္ချေနှင့်အနန္တ ဖြစ်သော်ငြားလည်း စကြာဝဠာ၏ အစအဆုံးမရှိသော အချိန်ကာလနှင့်စာသော် အလွန်တိုတောင်းသည်ဟု ဆိုရပေမည်။ တစ်နည်းဆိုသော် စကြာဝဠာ၌ သတ္တလောက၏ ဖြစ်စဉ်သည်  မှောင်းမည်းသော ကောင်းကင်ပြင်၏ တစ်နေရာ၌ တစ်ခဏမျှ အရောင်လက်၍ ကွယ်ပျောက်သွားသော ပိုးစုန်းကြူးမီး၏ ဖြစ်စဉ်နှင့်သော်လည်းကောင်း မဟာသမုဒ္ဒရာ၏ တစ်နေရာ၌ ဖြစ်ပေါ်လာသော ရေပွက်ဖြစ်စဉ်နှင့် သော်လည်းကောင်း တူလှချေသည်။ 

ဘာထရန်ရပ်ဆယ်သည် ကမ္ဘာကြီး အကြွင်းမဲ့ပျက်စီး ချုပ်ပျောက်မည့်ပုံကို အောက်ပါအတိုင်း ရေးသား၏။

ကမ္ဘာသည် လူတို့နေထိုင်ရာဌာနအဖြစ် အတန်ကြာအောင် တည်ရှိနေပေမည်။ အမြဲထာဝရ တည်ရှိနေမည်ကား မဟုတ်။ လေထုသည် အာကာသထဲသို့ တစတစ လွင့်ပါးသွားပေမည်။ ဒီရေကြောင့် ကမ္ဘာသည် အမြဲတဖက်တည်း မျက်နှာမူ၍ ကမ္ဘာတစ်ခြမ်းသည် အလွန်ပူလျက် ကျန်တစ်ခြမ်းမှာ အလွန်အေးနေပေမည်။ လသည် ကမ္ဘာနှင့်တိုက်မိပေမည်။ ဤအဖြစ်မျိုးများနှင့် လုံးဝမတွေ့ကြုံရသည်ဆိုစေ ဆာဂျိမ်းစ်၏ အဆိုအားဖြင့် နောက်ဆုံးတစ်နေ့၌ နေသည် ပေါက်ကွဲ၍ ကမ္ဘာကြီးပျက်စီးရမည် အမှန်ဖြစ်၏။ ထိုသို့ ကမ္ဘာပျက်စီးရန် နှစ်ပေါင်းကုဋေကုဋာ လိုသေး၏။ ထို့ကြောင့် လူတို့သည် လာမည့်ဘေးအတွက် ပြင်ဆင်မှု ပြုလုပ်နိုင်၏။ နက္ခတ်ပညာနှင့်ရောကတ် ပညာသည် တိုးတက်လာနိုင်၏။ နက္ခတ်ပညာရှင်တို့သည် လူတို့နေထိုင်နိုင်သော ဂြိုလ်ကိုတွေ့ရှိ၍ လူတို့သည် အလင်းရောင်၏ အရှိန်နှုန်းတမျှ လျင်မြန်သောအဟုန်ဖြင့် ထိုဂြိုလ်ရှိရာသို့ သွားနိုင်ကြရာ၏။ သို့ရာတွင် သိပ္ပံပညာ မည်မျှတိုးတက်စေကာမူ လူတို့သည် စကြာဝဠာထဲ၌ လှည့်လည်သွားလာရခြင်းဖြင့် သတ္တလောကကို အမြဲအသက်ဆက် ပေးနေနိုင်မည် မဟုတ်။ အဘယ်ကြောင့်ဆိုသော် သာမိုဒိုင်နမစ် ဒုတိယနိယာမတရား အရ စွမ်းအင်သည် အလွန်သိပ်သည်းသော အခြေမှ သိပ်သည်းမှုနည်းပါးသော အခြေသို့ အမြဲပြောင်းလဲလျက်ရှိရကား နောက်ဆုံး၌ သတ္တလောကသည် အကြွင်းမဲ့ ချုပ်ငြိမ်းရမည်သာဖြစ်၏။ 

ဤနေရာ၌ ဗုဒ္ဓသည် တစ်နေ့နေ့၌ နေပေါက်ကွဲ၍ ကမ္ဘာကြီးပျက်စီးမည့်အကြောင်း ယခုခေတ် သိပ္ပံပညာရှင်တို့၏ အဆိုကို လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ကျော်ခန့်က တင်ကြိုဟောပြောခဲ့ကြောင်း သတိပြုသင့်ပေ၏။

ရဟန်းတို့ သင်္ခါရတရားသည် မမြဲကုန်။ ယင်းတို့၌ အလွန်ငြီးငွေ့ထိုက်ကုန်၏။ ယင်းတို့မှ ကျွတ်လွတ်ထိုက်ကုန်၏။ ကမ္ဘာမြေကြီးနှင့် မြင်းမိုရ်တောင်တို့သည် နေခုနှစ်စင်း ထွက်ပေါ်လာသောအခါ၌ အလျှံညီးညီး မီးခဲကြီးဖြစ်ကုန်လတံ့။ ဤမဟာပထဝီမြေကြီးသည် အလျှံပြောင်ပြောင် တောက်လောင်၍ လောင်ကျွမ်းပျက်စီးလတ္တံ့။ ဘာတစ်ခုမျှ မရှိကုန်လတ္တံ့။ ထိုအရာ၌ အရိယာပုဂ္ဂိုလ်တို့ကိုထား၍ အဘယ်သူသည် သိနိုင်လိမ့်မည် ယုံကြည်နိုင်လိမ့်မည်နည်း။ (အဂုင်္တ္တရနိကာယ် သတ္တကနိပါတ် သတ္တသူရိယသုတ်)။ (---ဆက်ရန်) (ဦးအေးမောင်)

 အနတ္တဝါဒ အပိုင်း(၆)

(ဂ) အနတ္တဝါဒနှင့် ယခုခေတ်ပညာရှင်တို့၏ အမြင်
************************************

ရှေ့အနောက်တိုင်း ပညာရှင်တို့တွင်

*** မြန်မာဗုဒ္ဓဘာသာဝင်တို့၏ ပြုပြင်စရာတွေ။ ***

     မြန်မာဗုဒ္ဓဘာသာဝင်တို့သည် ဘာသာရေးကို အကြောင်းပြုလျက် ဘုရားပွဲ၊ ရှင်ပြုပွဲ၊ ရဟန်းခံပွဲ၊ ဘုန်းကြီးပျံပွဲတို့ကို ကျင်းပလာခဲ့ကြပါသည်။

**** အားကိုးရှာကြ လူ့ဘ၀ ****


                      
 

ဗုဒ္ဓဘုရားက“ မိမိကိုယ်ကို အားကိုးပါ” ဟုဒေသနာတရားဖြင့် ဟောကြားခဲ့သည်။
သာမန်ပုထုဇဉ်လူသားတို့သည် ဘ၀အာသာ စိတ်ရောဂါအတွက် ဆရာ့ ဆရာကြီးများထံကို ရှာဖွေဆည်းကပ်ကြသည်။

** သတိ မကင်းသော အရှင်မဟာသံဃရက္ခိတမထေရ် **



 
အရှင်မဟာသံဃရက္ခိတကိုယ်တော်ကြီးဟာသက်တော်က
ရှစ်ဆယ်၊ဝါတော်ကခြောက်ဆယ်ရှိပါပြီ ။ပျံလွန်တော်မူခါနီးမှာ အိပ်ရာထက်မှာ ပက်လက်ဖြစ်နေပါပြီ ။ ထိုင်လို့တောင်မရတော့ပါဘူး ။ ။

**** အနတ္တဝါဒ အပိုင်း(၅) ****

Photo: အနတ္တဝါဒ
-----------
အပိုင်း(၅)
----------
မြန်မာဗုဒ္ဓဝါဒီ ဝိပဿနာ ဆရာတစ်ဦး၏ကျမ်းစာအုပ်မှ ကောက်နုတ်ချက်။  ။ ဝိညာဉ်ဟူသောစိတ်သည် ပရမတ္ထအစစ်ပေတည်း။ ထိုပရမတ္ထစိတ်ဝိညာဉ်သည် နှစ်ပါးအပြားရှိ၏။ ထိုနှစ်ပါးတို့တွင် ဝိညာဏဋ္ဌိတိ ဝိညာဏစရိယ ပကတိပရိ သုဒ္ဓိမည်သော စိတ်ဝိညာဉ်သည် မဇ္ဈေဝိညာဉ်ဖြစ်သောကြောင့် ဒိဋ္ဌိနှင့်မယှဉ် ပကတိ သက်သက် သန့်ရှင်းစင်ကြယ်၏။ သံသရာဟူသော ပဋိစ္စသမုပ္ပာဒ်ထဲသို့ မပါဝင် အကြောင်းပစ္စယကင်းသော ဝိညာဉ်တည်း။ ထိုဝိညာဉ်သည် ဘူတရုပ်လေးပါးတည်းဟူသော နန်းတော်ရှိ၏။ ထိုဝိညာဉ်ကို ဘုရင်မင်းမြတ် ဥပမာပြု၍ ဟောတော်မူ၏။ ထိုဝိညာဉ်ကို ပဋိစ္စသမုပ္ပာဒ်ထဲသို့သွင်း၍ ခန္ဓာ အာယတန ဓာတ်သစ္စာမဖွဲ့အပ်။ ထိုဝိညာဉ်ကိုရည်၍ ဗကဗြဟ္မာအား မူလပဏ္ဏာသ ပါဠိတော်၌ ဝိညာဏံ အနိဒဿနံ အနန္တံသဗ္ဗတောပဘံ ဟူ၍လည်းကောင်း ပဋိသမ္ဘိဒါမဂ်ပါဠိတော်၌ ပကတိ ပရိသုဒ္ဓမိဒံ စိတ္တံ ဟူ၍လည်းကောင်း ဝိညာဏံမဇ္ဈေ ဟူ၍လည်းကောင်း ဝိညာဏဋ္ဌိတိ ဟူ၍လည်းကောင်း ဟောတော်မူ၏။ မဟာယာနဝါဒီတို့၏ သက္ကတပိဋကတ်စာပေ၌လည်း အတ္တဝါဒနှင့် ရောထွေး၍ အဓိပ္ပာယ်အယူအဆ လွဲမှားဘွယ်ဖြစ်သော သုတ္တန်ဒေသနာများရှိ၏။ ယောဂါစရိယမည်သော ရှေးမဟာယာနဂိုဏ်းသည် အာလာယဝိညာဏ ဟုဆိုအပ်သော ဝိညာဉ်ဓာတ်တစ်မျိုးကို လက်ခံယုံကြည်၏။ ထိုဓာတ်သည် အမြဲတည်ရှိ၍ အစဉ်ထာဝရ ဖြူဖွေးသန့်ရှင်းသော ဓာတ်ဖြစ်၏။ ထို့အပြင် မဟာယာနဂိုဏ်းအားလုံးသည် လူသတ္တဝါတို့၌ ဗောဓိဥာဏ်မျိုးစေ့ဓာတ်ရှိသည်ဟု ယုံကြည်ကြ၏။ထိုမျိုးစေ့ဓာတ်သည် ပကတိကြည်လင်သန့်ရှင်း၍ ထိုဓာတ်သတ္တိကြောင့် ပုဂ္ဂိုလ်သတ္တဝါ အသီးသီးသည်  တစ်နေ့သောအခါ၌ ဗုဒ္ဓဖြစ်လာနိုင်သည် ဆို၏။ ထိုဓာတ်သတ္တိကို သက္ကတပိဋကတ်လာ မဟာပရိနိဗ္ဗာနသုတ်၌ မဟတ္တမ သို့မဟုတ် တထာဂတဂဗ္ဘဟု  ခေါ်ဆိုထား၏။ သို့ဖြစ်စေကာမူ ယောဂါစရိယဂိုဏ်းသည် အာလာယဝိညာဏဓာတ်ကို ဗြာဟ္မဏတို့ ယုံကြည်သော အတ္တဖြစ်သည်ဟု မဆို။ တထာဂတဂဗ္ဘသည်လည်း ဥပနိသျှကျမ်းလာ အတ္တမဟုတ်ကြောင်း  မဟာယာနဗုဒ္ဓကျမ်းများ၌ အထင်အရှားပြဆိုထား၏။ ဗုဒ္ဓနှင့် အချို့သောဗြာဟ္မဏတို့၏ တရားဆွေးနွေးမှုကို ဖော်ပြသော သုတ္တန်များ၌ အနတ္တတရားအကြောင်း မတွေ့ရချေ။ ဤသို့ မတွေ့ရခြင်းသည် မစ္စစ်ရိုင်းစ်ဒေးဗစ် ယူဆသကဲ့သို့ အတ္တဝါဒ ဗုဒ္ဓလက်ခံသောကြောင့် မဟုတ်။ ထိုခေတ်က ဗြာဟ္မဏတို့သည် ယခုခေတ် ဗုဒ္ဓဝါဒီတို့ကဲ့သို့ပင် အများအားဖြင့် အနတ္တတရား၌ စိတ်မဝင်စားဘဲ ဗုဒ္ဓကို ကြည်ညိုလေးစားသူများ  ဖြစ်နေပေသည်။ ထို့အပြင် ဗုဒ္ဓသည် အတ္တစွဲပြင်းထန်သော ဗြာဟ္မဏတို့အား အနတ္တတရား တမင်မဟောဘဲ နေသော်နေခဲ့ပေမည်။ မည်သို့ဖြစ်စေ အနတ္တတရားကို ကောင်းစွာနားလည်  ယုံကြည်၍ ဗုဒ္ဓ၏ တပည့်ဖြစ်လာသော ဗြာဟ္မဏတို့မှာလည်း နည်းမည်မဟုတ်ချေ။  ထေရဂါထာ၌လာသော မထေရ် ၂၅၉ ပါးအနက် ၁၁၃ပါးမှာ ဗြာဟ္မဏမျိုးဖြစ်၏။ ဗုဒ္ဓ၏ သာသနာပြုလုပ်ငန်း အောင်မြင်မှုသည် လူကြိုက်နည်းသော အနတ္တတရားကြောင့် ဖြစ်နိုင်ပါမည်လော။ (ဝါ) လူအများ နားလည်လက်ခံပြီးဖြစ်သော အတ္တအယူကို ပြုပြင်ပြောင်းလဲ၍ ဟောပြောသောကြောင့်သာလျှင် ဖြစ်ရမည် မဟုတ်ပါလောဟု အချို့သော အတ္တစွဲပညာရှင်တို့က စောဒနာကြ၏။ အနတ္တတရားကို မကျေနပ်သောသူတို့က ဗုဒ္ဓအား ဝေဖန်တိုက်ခိုက်မှုကို အထက်ကပြဆိုခဲ့ပြီ။ ဗုဒ္ဓ၏ အောင်မြင်မှုကို ဆန်းစစ်ရာ၌ ဗုဒ္ဓ အခန်းတွင်ပြဆိုခဲ့သော ကျွမ်းကျင်လိမ္မာစွာ တရားဟောပြောမှုဂုဏ်တော်ကို ကျွန်ုပ်တို့ မမေ့သင့်ချေ။ မဟာဗြာဟ္မာထံသို့ ရောက်ရှိလိုသော ဝါသေဋ္ဌလုလင်အား ဟောကြားရာ၌ ထိုမဟာဗြဟ္မာမရှိဟု မဆိုဘဲ မည်သည့်ပုဂ္ဂိုလ် သတ္တဝါမျှ မမြင်ဖူးသော မဟာဗြဟ္မာကို မြော်မှန်းတမ်းတနေခြင်းသည်  အချည်းနှီးဖြစ်ကြောင်း သိမြင်စေရန် ထိရောက်သော ဥပမာအားဖြင့် ဟောကြားခဲ့၏။ ထိုနည်းအတူ အနတ္တတရားကို ဟောရာ၌ အတ္တမရှိ ဆိုသောစကားအစား အတ္တမဟုတ် ဟူသောစကားကို မယုတ်မလွန်သုံးစွဲ၍ အသိပညာရှိသော သူတို့အား စဉ်းစားဆင်ခြင်၍ အမှန်တရားမြင်အောင် ဟောတော်မူခဲ့ခြင်းကို  သတိပြုသင့်ပေ၏။

ထို့အပြင် ကျွန်ုပ်တို့ ဂရုပြုသင့်သော အခြားအချက်တစ်ခု ရှိသေး၏။ ဘီစီ ၆ ရာစုခေတ်သည် အိန္ဒိယပြည် မဇ္ဈိမဒေသ၌ ဘာသာရေးအတွေးအခေါ်များ ပြောင်းလဲလှုပ်ရှားနေသော ခေတ်ဖြစ်ကြောင်း ဖော်ပြခဲ့ပေပြီ။ ထိုအခါက လူများစုသည် အတ္တဝါဒီများ ဖြစ်ကြသည်ဆိုစေ ဗုဒ္ဓမပေါ်မီကပင် အတ္တဝါဒကို ဆန်းစစ်ဝေဖန်သော သူတို့ အနည်းအများရှိခဲ့ပေမည်။ ဤအကြောင်းကို ရုရှားပညာရှင် စချာဗက်စကီက အောက်ပါအတိုင်းရေးသားခဲ့၏။ 

ပရိုဖက်ဆာဂျကိုဗီက ရှေးအကျဆုံး ဥပနိသျှကျမ်းများ၌ပင် အတ္တဝါဒနှင့် ဆန့်ကျင်သော အယူအဆများကို တွေ့ရသည်ဆို၏။ အနတ္တဝါဒသည် ဗုဒ္ဓမပေါ်မီကပင် အိန္ဒိယပြည်၌ သန္ဓေတည်ကောင်း တည်ခဲ့ပေမည်။ မဟာဝီရသည် ဂျိန်းဝါဒကို အစဦးစွာ ဖန်တီးခဲ့သည်မဟုတ်။ သူမပေါ်မီက ရှိနှင့်ပြီးဖြစ်သော တရားကို အသစ်မွမ်းမံ၍ ဟောပြောခဲ့၏။ ဗုဒ္ဓသည်လည်း ရှေ့ကရှိပြီးဖြစ်သော တရားကို ပြုပြင်မွမ်းမံ၍ ဟောပြောခဲ့ခြင်း ဖြစ်ပေမည်။ ဗုဒ္ဓကိုယ်တိုင်က မိမိ၏တရားမှာ အသစ်အဆန်းမဟုတ်ဘဲ ရှေးဗုဒ္ဓ ဘုရားရှင်တို့၏ တရားပင်ဖြစ်သည်ဟု မိန့်ဆိုခဲ့၏။ ဤစကား၏ နောက်ကွယ်၌ အနတ္တဝါဒနှင့်စပ်၍ တိမ်မြုပ်နေသော သမိုင်းဖြစ်ရပ်တစ်ခုခု ရှိနန်ရာ၏။ ဗုဒ္ဓမပေါ်မီက ရှိနှင့်ပြီးဖြစ်သော အလွန်ရှေးကျသော ဥပနိသျှကျမ်းတစ်စောင်၌ အနတ္တဝါဒနှင့်တူသော ဝါဒတစ်ခုကို ရည်ညွန်းသည့် စကားတစ်ရပ်ပါရှိ၏။ ကထာကောပနိသျှခေါ် ထိုဥပနိသျှကျမ်း၌ အတ္တဝါဒနှင့် ဆန့်ကျင်သော ဝါဒတစ်ခုကို ဖော်ပြထား၏။ သဲကန္တာရထဲ၌ ကျရောက်သော မိုးရေသည် အချည်းနှီးဖြစ်ဘိသကဲ့သို့ ထိုဝါဒကို လက်ခံယုံကြည်သောသူသည် အချည်းနှီးသာ ဖြစ်ရချေမည်ဟု ထိုကျမ်းက ဆိုထား၏။ အထက်ပါ ထင်မြင်ချက် မှန်ပေလိမ့်မည်။ မည်သည့်နိုင်ငံ မည်သည့်ခေတ်၌မဆို လူအများ၏ ယုံကြည်ချက်ကို လက်မခံဘဲ ဝေဖန်ဆန်းစစ်သောသူတို့သည် အနည်းအများ ရှိကြစမြဲဖြစ်၏။ သို့ဖြစ်၍ လူအများ၏ ရှေးအစဉ်အလာ ယုံကြည်ချက်ကို ဆန့်ကျင်တော်လှန်မှုသည် ဤမည်သော ပုဂ္ဂိုလ်တစ်ဦးကို အစပြု၍ ဖြစ်ပေါ်လာသည်ဟု အတိအကျ ပြောဆိုရန် မဖြစ်နိုင်ချေ။   ။ ဒါဝင်သည် သတ္တဝါမျိုးစုများ အဆင့်ဆင့်ပြောင်းလဲမှု သဘာဝဖြစ်စဉ်ကို ထုတ်ဖော်ခဲ့သော သိပ္ပံပညာရှင်အဖြစ်ဖြင့် ကမ္ဘာကအသိအမှတ် ပြုထားသော်လည်း အခြားပညာရှင်တစ်ဦးသည် ဒါဝင်နှင့် မရှေးမနှောင်း ထိုသဘာဝဖြစ်စဉ်ကို သိမြင်ခဲ့၍ အချို့သော ရှေးဂရိပညာရှင်တို့သည်လည်း တစ်စွန်းတစ်စ သိရှိနားလည်ခဲ့ကြ၏။ မာတင်လူသား သည် ခရစ်ယာန်သာသနာပိုင် ရဟန်းမင်းကြီးကို လူသိထင်ရှား တော်လှန်ခဲ့သော ပုဂ္ဂိုလ်ဖြစ်သော်လည်း သူမပေါ်မီကပင် ခရစ်ယာန်သံဃာ့အဖွဲ့ကို ပြစ်တင်ဝေဖန်သောသူများ ရှိကြ၏။ ထို့အတူ ဗုဒ္ဓသည် လူအများအပြားအား အနတ္တဝါဒကို အစဦးစွာ ကျယ်ကျယ်ပြန့်ပြန့် အလေးအနက် ဟောကြားခဲ့သည် မှန်သော်လည်း လွန်လပ်စွာ ကြံစည်တွေးခေါ်လျက် ထိုဝါဒသို့ မသိမသာ ရှေးရှုနေသောသူတို့သည် ဗုဒ္ဓမပေါ်မီက ရှိခဲ့ကြပေမည်။

အချို့ကမူ အနတ္တဝါဒသည် ကမ္မဝါဒ ဘဝသံသရာ အယူစသည်တို့နှင့် ဆန့်ကျင်သောကြောင့် ဗုဒ္ဓ၏ ဝါဒ မဖြစ်နိုင်ဟု ဆိုကြ၏။ သို့ရာတွင် အနတ္တဝါဒသည် နတ္ထိကဝါဒ မဟုတ် ဗုဒ္ဓဟောသော ကမ္မနှင့် ဘဝသံသရာအယူသည်လည်း ဗြာဟ္မဏဘာသာဝါဒနှင့် တခြားစီဖြစ်ရကား ကမ္မနှင့် ဘဝသံသရာဆိုင်ရာ  ဗုဒ္ဓဒေသနာများကို အနတ္တတရားနှင့် ဆက်စပ်နားလည်ရန် မခဲယဉ်းချေ။ အချုပ်အားဖြင့် အနတ္တဝါဒကို ဗုဒ္ဓဝါဒအစစ် မဟုတ်သယောင် ပြောဆိုနေကြသူများသည် အထောက်အထား အခိုင်အမာ ပြစရာမရှိဘဲ အနတ္တတရားကို မနှစ်သက်သောကြောင့် ထိုသို့ ပြောဆိုကြခြင်းဖြစ်၏။ ဥရောပ ဗုဒ္ဓကျမ်းပြု ပညာရှင်တစ်ဦး၏ အဆိုအားဖြင့်မူ အနတ္တဝါဒကို အချို့သော ဥရောပပါဠိ ပညာရှင်များနှင့် ဗုဒ္ဓဝါဒီတို့ ပယ်ကြခြင်းသည် ယခုခေတ် ဥရောပတိုက်သားတို့၏ အတ္တစွဲကြီးမားခြင်းနှင့် ထာဝရအတ္တဝိညာဉ်ကိုဟောသော ခရစ်ယာန်ဘာသာတရား၏ အငွေ့အသက်မကင်းသေးခြင်း လက္ခဏာဖြစ်၏။ စင်စစ် သူတို့သည် အနတ္တတရားမှတစ်ပါး ဗုဒ္ဓဟောသော အခြားတရားအားလုံးကို နှစ်သက်၍ ဗုဒ္ဓကိုကြည်ညိုကြ၏။ ထို့ကြောင့် များစွာသော ပိဋကတ်ဒေသနာနှင့် အိန္ဒိယဘာသာရေး သမိုင်းအထောက်အထားများကို မျက်ကွယ်ပြု၍ အနတ္တဝါဒကို မူလဗုဒ္ဓဝါဒ အစစ်အမှန်မဟုတ်ဟု အစွဲအမြဲ ခံယူထားကြ၏။ 

ဤအချက်သည် မစ္စက်ရိုင်းစ်ဒေးဗစ်၏ စကားဖြင့် ထင်ရှား၏ သူက အကယ်၍ ဗုဒ္ဓဝါဒသည် အနတ္တဝါဒဖြစ်ခဲ့ပါက ထိုသို့ မျှော်လင့်အားထားစရာ မရှိသောဝါဒသည် အသို့လျှင် လူတို့၏ စိတ်ဓာတ်ကို ဆွဲဆောင်နိုင်ပါအံ့နည်း။ လူတို့၏ မှီခိုကိုးကွယ်ရာ ဝါဒဖြစ်နိုင်ပါအံ့နည်း။ ထိုဝါဒသည် အချို့သော အဘိဓမ္မာဆရာတို့အဖို့ ကောင်းမွန်သော် ကောင်းမွန်ပေမည်။ လူတိုင်း လက်ခံနိုင်သော ဝါဒကား ဖြစ်မည်မဟုတ်။ အတ္တမရှိဟု ဆိုခြင်းသည် ကလေးငယ်တစ်ယောက်ကို ပင်လယ်ထဲသို့ ပစါချ၍ အကူအညီမပေးဘဲ ကမ်းဘက်သို့ ကူးခိုင်းသည်နှင့်တူလှသည်။ လူသတ္တဝါသည် မိမိထက် ပိုမိုတန်ခိုးကြီးသောအရာကို ဘာသာတရား၌ ရှာစမြဲဖြစ်သည်ဟု ရေးသားခဲ့၏။ အထက်ပါရေးသားချက်မှာ အခြေအမြစ်မရှိချေ။ 

ယနေ့ကမ္ဘာပေါ်ရှိ များစွာသော အသိပညာရှင်တို့သည် အနတ္တဝါဒနည်းတူ အတ္တဝိညာဉ်ကိုပယ်သော ရုပ်ဝါဒကို လက်ခံကျင့်သုံးကြ၏။ သို့စဉ်လျက် သူတို့သည် အတ္တဝိညာဉ်ကို ယုံကြည်သော ဘာသာရေးသမား အသိပညာရှင်တို့နှင့် တန်းတူရည်တူ သိပ္ပံစာပေ အနုပညာနယ်များ၌ ထူးချွန်အောင်မြင်နေခြင်းမှာ မျက်မြင်အထင်အရှားဖြစ်၏။ စင်စစ်သူတို့သည် အခြားအားကိုးစရာမရှိဘဲ မိမိတို့ကို (ဝါ) မိမိတို့၏ ဇွဲ လုံ့လဝီရိယ အသိပညာ စသည်တို့ကို အားကိုး၍ ကြီးပွားအောင်မြင်ခဲ့ကြကြောင်း ယုံမှားစရာမရှိချေ။ မဂ်ဖိုလ်နိဗ္ဗာန်ကို ဦးတည်သော ဗုဒ္ဓဝါဒသည် ရုပ်ဝါဒကျင့်စဉ်မှာထက် များစွာပိုမိုအရေးကြီး၏။ အားကိးရမည့် သဒ္ဓါ သီလ စာဂ ပညာ ဝီရိယအစရှိသည့် နှလုံးရည်လက်နက်များမှာလည်း ထူးထွေများပြားလှ၏။ ဤအချက်ကို မစ္စက်ရိုင်းစ်ဒေးဗစ်ကဲ့သို့သော  ပါဠိပညာရှင်တစ်ဦးက လျစ်လျူပြု၍ အနတ္တဝါဒကို မျှော်လင့်အားထားစရာ မရှိသော ဝါဒဖြစ်သည်ဆိုခြင်းမှာ အကြောင်းယုတ္တိကင်းမဲ့၍ မိမိ၏ အတ္တစွဲကြီးမားမှုကို ဖော်ပြနေခြင်းမျှသာ ဖြစ်ကြောင်းထင်ရှားလှပေသည်။ 

အနတ္တဝါဒအကြောင်း ရေးသားရာ၌ အချို့သော အနောက်နိုင်ငံ ပညာရှင်တို့သည် မစ္စက်ရိုင်းစ်ဒေးဗစ်ကဲ့သို့ ပိဋကတ်စာပေ၌ ကျွမ်းကျင်နှံ့စပ်ခြင်း မရှိစေကာမူ ပွင့်လင်းရိုးသား၏။ ပြင်သစ်ပညာရှင်တစ်ဦးသည် မိမိ၏ ဗုဒ္ဓကျမ်းစာအုပ်၌ ဗုဒ္ဓ၏ သီလသမာဓိဂုဏ်ကို ချီးကျူး၍  အနတ္တဝါဒကိုမူ ပြစ်တင်ရှုတ်ချ၏။ သို့ရာတွင် ထိုဝါဒသည် ဗုဒ္ဓဟောသော ဝါဒမဟုတ်ဟူ၍မဆို ထိုဝါဒဖြင့် ဗုဒ္ဓသာသနာသည် လူသားတို့အား အကျိုးပြုခဲ့ကြောင်း အောက်ပါအတိုင်း ဝန်ခံထား၏။ ထူးဆန်းအံ့သြဖွယ် ကောင်းသည်ကား ဤအနတ္တဝါဒသည် လူတို့၏ အပြင်းထန်ဆုံး သဘာဝဆန္ဒနှင့် စိတ်ဓာတ်ကို တုန်လှုပ်ချောက်ချား စေသော်လည်း ယင်းကို လက်ခံသော လူမျိုးတို့အား ကြီးပွားတိုးတက်စေခဲ့ခြင်းဖြစ်၏။ ထိုလူမျိုးတို့သည် အနတ္တတရားကို လက်ခံကျင့်သုံးလျက် အသိဥာဏ်တိုးပွားကာ လိမ္မာယဉ်ကျေးမှု အဆင့်အတန်း မြင့်မားလာကြပေသည်။ (--ဆက်ရန်) (ဦးအေးမောင်)့

အနတ္တဝါဒ  အပိုင်း(၅)
မြန်မာဗုဒ္ဓဝါဒီ ဝိပဿနာ ဆရာတစ်ဦး၏ကျမ်းစာအုပ်မှ ကောက်နုတ်ချက်။ ။ ဝိညာဉ်ဟူသောစိတ်သည် ပရမတ္ထအစစ်ပေတည်း။

**** ကိုးကွယ်မှုအစ၊ ကိုးကွယ်မှု အဓိပ္ပါယ်။ ****

      
လူနှင့် ကိုးကွယ်မှုတွင် သမိုင်းဆရာတို့၏ လေ့လာမှုအဆိုအရ လူသည် ခြေသလုံးအိမ်တိုင်ဘ၀မှ တဖြည်းဖြည်းချင်း ယဉ်ကျေးလာပြီး အစုအသင်းနှင့်နေတတ်လာသူများ ဖြစ်သည်
ဟု သိရ၏။

Thursday, January 30, 2014

*** မှတ်သားသင့်သော နီတိများ ***


ယောကျာင်္းတို့ ဓမ္မတာနှင့်အညီ ပျော်ရာမှာမနေ ၊ တော်ရာမှာနေပြီး ဥစ္စာပစ္စည်းများ ကိုရှာဖွေရာ၏။ ရပြီးသော ဥစ္စာကို ခြများ တောင်ပို့ဖို့ပုံ ၊ ပျားများ ပျားလဘို့ လုပ်ပုံတို့ကိုနည်းယူကာ ပို၍ကြီးပွားချမ်းသာအောင် ကြိုးစားပါလော့။

**** မြတ်စွာဘုရားရှင် မိန့်တော်မူသည်မှာ ****

  မြတ်စွာဘုရားရှင် မိန့်တော်မူသည်မှာ...

မြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့်အတူ ကောဋ္ဋိရွာဆီသို့ ကြွရောက်တော် မူပြီးလျင် ထိုရွာ၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏ -

** ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိအကျဉ်း **

 ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိအကျဉ်း

**** အနတ္တဝါဒ အပိုင်း(၄) ****

Photo: အနတ္တဝါဒ
-----------
အပိုင်း(၄)
----------
ရဟန်းတို့  ဝန်ကိုလည်းကောင်း ဝန်ကို ရွက်ဆိုသော ပုဂ္ဂိုလ်ကိုလည်းကောင်း ဝန်ကိုယူခြင်း ဝန်ကိုချခြင်းကိုလည်းကောင်း ငါဟောကြားပေအံ့။  ။ ဝန်ဟူသည် ခန္ဓာငါးပါးဖြစ်၏။ ဝန်ကိုဆောင်သောသူသည် ပုဂ္ဂိုလ်ဖြစ်၏။ ဤသို့သောအမည် ဤသို့သော အနွယ်ရှိသော ပုဂ္ဂိုလ်ကို ဝန်ကိုဆောင်သောသူဟူ၍ ဆိုအပ်၏။ဝန်ကိုယူခြင်းဟူသည် တဏှာစွဲကပ်ခြင်း ဖြစ်၏။ ထိုတဏှာ၏ အကြွင်းမဲ့ချုပ်ရာဖြစ်သော  နိဗ္ဗာန်သည်ရှိ၏။ ထိုနိဗ္ဗာန်သည် ဝန်ကိုချရာ ဖြစ်သည်ဟု ဆိုအပ်၏။ (ခန္ဓဝဂ္ဂသံယုတ် ဘာရသုတ်)

မိမိသည်သာ မိမိ၏ ကိုးစားရာဖြစ်၏။သူတစ်ပါးသည် မိမိ၏ ကိုးစားရာ အဘယ်မှာ ဖြစ်နိုင်ပါအံ့နည်း။ မိမိသည် ကောင်းစွာယဉ်ကျေးသဖြင့် ရခဲလှသော ကိုးစားရာ အရဟတ္တဖိုလ်ကို ရနိုင်၏။ (ဓမ္မပဒ ဂါထာ ၁၆၀)

အထက်ပါ ဗုဒ္ဓဒေသနာများသည် အတ္တစွဲကင်းသော ဗုဒ္ဓဝါဒီတို့အဖို့ အတ္တဝါဒနှင့် ရောထွေး၍ ထင်မှားဖွယ်ရာအကြောင်း အလျှင်းမရှိချေ။ ဒေသနာသုံးခုစလုံးမှာ အဓိပ္ပာယ်ရှင်းလင်းပြတ်သား၏။ ပထမဒေသနာ၌ မိမိကိုယ်ကို ရှာခြင်းသည် မိမိအကြောင်းကို ဟုတ်မှန်သည့်အတိုင်း သိရှိနားလည်ရန် မိမိကိုယ်ကို ဝေဖန်ဆန်းစစ်ခြင်း ဖြစ်၏။ ဒုတိယဒေသနာ၌ ဝန်ဆောင်ပုဂ္ဂိုလ်ဟူသည် လူအများနားလည်စေရန် သုံးစွဲထားသော လောကဝေါဟာရ စကားမျှသာဖြစ်၏။ တတိယဒေသနာ၌ မိမိကိုယ်ကို အားကိုးရမည်ဆိုသော ဗုဒ္ဓသြဝါဒမှာ မိမိ၏ သီလ သမာဓိ ပညာ ဝီရိယစသော သတ္တိအရည်အချင်းများကို ဆိုလိုကြောင်း ထင်ရှား၏။ ဤသို့ အနက်အဓိပ္ပာယ် သိသာထင်ရှားသော်လည်း အတ္တစွဲမကင်းသော သူတို့သည် " အတ္တာနံ ဂဝေသေယျာတ" " အတ္တဒီပါ ဘိက္ခဝေ ဝိဟရထ အတ္တသရဏ" စသော ပါဠိတော်များ၏ နောက်ကွယ်၌ အတ္တကို ရှာကြံကြ၏။ ဥပနိသျှကိမ်းလာ အချို့ဝေါဟာရများသည် ပါဠိပိဋကတ်၌ အနက်အဓိပ္ပာယ် ပြောင်းလဲကြောင်း အထက်ကပြဆိုခဲ့ပြီ။ မစ္စစ်ရိုင်းစ်ဒေးဗစ်ကပင် ပုရိသ ကာမ အဇ္ဈတ္တ စသော ဝေါဟာရစကားများမှာ ဥပနိသျှကျမ်းများနှင့် ပိဋကတ်ကျမ်းများတွင် အဓိပ္ပာယ်တစ်မျိုးစီ  ဖြစ်ပါသည်ဟုဆို၏။ သို့စဉ်လျက် အတ္တ ဗြဟ္မ ဓမ္မ စသောပါဠိဝေါဟာရများသည် ဥပနိသျှဆရာတို့၏ အတ္တအယူကို ဖော်ညွန်းသည်ဟု စွဲမှတ်ထားခြင်းမှာ ရှေ့နောက်မညီဘဲ မိမိလိုရာဆွဲ၍ ပြန်ဆိုထားသည်နှင့် တူလှချေသည်။ 

ထိုရဟန္တာပုဂ္ဂိုလ်သည် ငါသည်ဆို၏။ငါ့ကိုဆိုကုန်၏ စသည်ဖြင့် ပြောဆိုရာ၏။ ထိုပုဂ္ဂိုလ်သည် ခန္ဓာစသည်တို့၌ လိမ္မာသည်ဖြစ်သောကြောင့် လောက၌ ခေါ်ဝေါ်အပ်သော အမည်ကိုသိ၍ ခေါ်ဝေါ်ကာမျှ ဝေါဟာရအားဖြင့်သာလျှင် ခေါ်ဆိုရာ၏။ (သဂါထာဝဂ္ဂသံယုတ် အရဟန္တသုတ်)။

အို အဂ္ဂိဝေဿန ကိလေသာမှ ကျွတ်လွတ်ပြီးသော ရဟန်းသည် တစ်စုံတစ်ခုကိုမျှ ချွတ်လွဲသောအားဖြင့် မဆို။ လောက၌ အကြင်စကားဖြင့် ဆိုအပ်၏။ ထိုစကားဖြင့် ခေါ်ဝေါ်ပြောဆို၏။  မှားသောအားဖြင့်မူကား မသုံးအပ်။(မဇ္ဈိမနိကာယ် ဒီဃနခသုတ်)။

စိတ္တ ဤအတ္တဘောကို ရခြင်းဟူသော အရာတို့သည် လောကအမည် လောကအဆို လောကအခေါ်အဝေါ် လောကပညတ်များ ဖြစ်ကုန်၏။ ဤအမည် ပညတ်တို့ဖြင့် ငါဘုရားသည် မှားယွင်းစွာ မသုံးသပ်မူ၍ ခေါ်ဝေါ်ဟောပြော၏။ (ဒီဃနိကာယ် ပေါဋ္ဌပါဒသုတ်)။

ထို့ကြောင့် ဗုဒ္ဓသည် လောက၌ ပုဂ္ဂိုလ်သတ္တဝါမရှိဟူ၍ တိကျပြတ်သားစွာ မဟောကြားခဲ့ခြင်း ဖြစ်၏။ ဝစ္ဆဂေါတ္တ ပရဗိုဇ်က ဗုဒ္ဓအား အတ္တရှိပါသလောဟု အတိအလင်းမေးသောအခါ မည်သို့မျှမဖြေဘဲ ဆိတ်ဆိတ်နေတော်မူ၏။ ပရဗိုဇ်ဖဲသွားပြီးနောက် အရှင်အာနန္ဒာက မေးလျှောက်သောအခါ ဗုဒ္ဓက အတ္တရှိသည်ဟုဆိုလျှင် သဿတဝါဒကို မိမိလက်ခံရာရောက်မည်။ အနတ္တတရားကိုပယ်ရာရောက်မည် အတ္တမရှိဟုဆိုလျှင် ဥစ္ဆေဒဝါဒကို မိမိလက်ခံရာရောက်၍ ဝစ္ဆဂေါတ္တသည်လည်း စိတ်နောက်ကျိ ရှုပ်ထွေးဖွယ်ရှိသည်။ ထို့ကြောင့် မိမိ မည်သို့မျှ မဖြေကြားကြောင်း မိန့်ကြား၏။ (အဗျာကတသံယုတ် စတုတ္ထဝစ္ဆ ဂေါတ္တသုတ်)

အို ကစ္ဆာန လူတို့သည် များသောအားဖြင့် ရှိ၏ဟူ၍လည်းကောင်း မရှိဟူ၍လည်းကောင်း ယူဆကြ၏။ သင်္ခါရလောက၏ အကြောင်းကို ကောင်းသောမဂ်ဥာဏ်ဖြင့် အမှန်အတိုင်း မြင်သောသူအား သင်္ခါရလောက၌ မရှိဟူသော အယူသည် မဖြစ်။ သင်္ခါရလောက၏ ချုပ်ရာကို မဂ်ဥာဏ်ဖြင့် အမှန်အတိုင်း မြင်သောသူအား သင်္ခါရလောက၌ ရှိ၏ဟူသော အယူသည် မဖြစ်။ (နိဒါနသံယုတ် အာယသ္မာကစ္စာနဂေါတ္တသုတ်)။

ဤသို့ဖြင့် ဗုဒ္ဓသည် အနတ္တတရားကို လူတို့မှားယွင်းစွာ ကြံစည်သုံးသပ်ခြင်း မပြုမိစေရန် အထူးသတိပြု၍ ဟောတော်မူရ၏။ ဤအကြောင်းကို ထေရဝါဒဆရာတို့က အထူးအထွေ မရေးသားခဲ့သော်လည်း မဟာယာနဆရာတို့ကမူ အကျယ်ဖွင့်၍ ရေးသားခဲ့ကြ၏။ ဝသုဗန္ဓုဆရာသည် ဝဇ္ဇီပုတ္တကဂိုဏ်း၏ ပုဂ္ဂလဝါဒကို ချေပရာ၌ ဤသို့မိန့်ဆို၏။ ဘုရားရှင်သည် အထူးဆင်ခြင်၍ အနတ္တတရားကို ဟောတော်မူ၏။ ဥပမာ ကျားမသည် မိမိ၏ သားငယ်ကို ကိုက်ချီရာ၌ မနာကျင်စေရန်နှင့် လွတ်ထွက်မသွားစေရန် မလျော့မတင်း ကိုက်ချီသကဲ့သို့ဖြစ်၏။ ဗုဒ္ဓသည် သဿတဒိဋ္ဌိ၏ အပြစ်ဘေးကိုလည်းကောင်း ဥစ္ဆေဒဒိဋ္ဌိကြောင့် လူတို့အကျင့်သီလ ယိုယွင်းပျက်ပြားမည့်ဘေးကို လည်းကောင်း သိမြင်တော်မူ၏။ ပုဂ္ဂိုလ်သတ္တဝါ မရှိသောကြောင့် ပုဂ္ဂိုလ်နှင့်ခန္ဓာကိုယ် တခြားစီ ဖြစ်သည်ဟုမဆို။ သို့ရာတွင် နတ္ထိကဝါဒကို ပယ်လိုရကား ပုဂ္ဂိုလ်သတ္တဝါ မရှိဟုလည်း ဟောတော်မမူချေ။ နာဂဇုနဆရာကလည်း ဘုရားရှင်သည် နတ္ထိကဝါဒနှင့် သဿတဝါဒကို ပယ်လိုသောကြောင့်တစ်ခါတစ်ရံ အတ္တဝါဒကိုဟော၍ တစ်ခါတစ်ရံ အနတ္တဝါဒကို ဟော်တော်မူ၏။ သို့ရာတွင် အနတ္တဝါဒသည်သာလျှင် ဗုဒ္ဓဝါဒအစစ်ဖြစ်၏။ ဤဝါဒသည် နားလည်ရန် ခက်ခဲ၏။ဗုဒ္ဓသည် အသိပညာဥာဏ်နှင့် စိတ်ဓာတ်ဗီဇညံ့ဖျင်းသော သူတို့ကို ရည်ရွယ်၍ အနတ္တတရားကို ဟောတော်မူသည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် ထိုတရားကို ကြားနာရပါက နတ္ထိကဝါဒကို မုချသက်ဝင်ယုံကြည်ကြမည် ဖြစ်သည် စသည်ဖြင့် ရေးသားခဲ့၏။ နာဂဇုနဆရာက တစ်ခါတစ်ရံ အတ္တဝါဒကို ဗုဒ္ဓဟောသည်ဆိုရာ၌ အချို့သော ဗုဒ္ဓဒေသနာများ၌ ပုဂ္ဂိုလ်သတ္တဝါ ထင်ရှားရှိသကဲ့သို့ ဟောပြောမှုနှင့် မိမိကိုယ် ဟူသော စကားကဲ့သို့ အတ္တနှင့် ရောထွေးထင်မှားဖွယ်ဖြစ်သော ဝေါဟာရများ သုံးစွဲမှုကို ဆိုလိုခြင်းဖြစ်၏။ အတ္တစွဲမကင်းသော သူတို့အဖို့ ပိဋကတ်စာပေ၌ အတ္တအသွင် လက္ခဏာဆောင်နေသော ပါဠိဝေါဟာရတစ်ခုမှာ မနောဝိညာဏ်ဖြစ်၏။ ရဟန်းတို့ ဤစိတ်သည် ပြိုးပြိုးပြက်ပြက် တောက်ပဖြူစင်သော သဘောရှိ၏။ ဤစိတ်သည် ဧည့်သည်သဖွယ် ဖြစ်ကုန်သော ညစ်ညူးကြောင်း ရာဂအစရှိသော ကိလေသာမှလွတ်၏။ ထိုကိလေသာမှ လွတ်သောစိတ်ကို အကြားအမြင် သုတရှိသော အရိယာ၏ တပည့်သည် ဟုတ်မှန်သောအတိုင်း အပြားအားဖြင့်သိ၏။ (အဂုင်္တ္တရနိကာယ် ဧကကနိပါတ် ဒုတိယပဘဿရသုတ်)။ 

စိတ်သည် လောကကို ဆောင်အပ်၏။ ဆွဲငင်၏။ အလုံးစုံသောတရားတို့သည် စိတ်ဟူသော တရား၏အလိုနိုင်ငံသို့ အစဉ်လိုက်ပါရကုန်၏။ (သဂါထာဝဂ္ဂသံယုတ် စိတ္တသုတ်)။ 

ရဟန်းတို့ ခံတပ်မြို့ကြီး တစ်မြို့သည်ရှိ၏။ ထိုမြို့၌ တံခါးခြောက်ခုသည် လည်းကောင်း တံခါးစောင့်သည် လည်းကောင်း မြို့၏အရှင်ဘုရင်  မင်းသည်လည်းကောင်းရှိ၏။ ထိုမြို့သို့ သံတမန်နှစ်ဦးသည် လာရောက်၍ လိုအပ်သောကိစ္စကို ဆောင်ရွက်ပြီးလျှင် ပြန်သွား၏။ ဤဥပမာ၌ ခံတပ်မြို့မည်သည် မဟာဘုတ်ဓာတ်ကြီး လေးပါးကို မှီ၍ဖြစ်သော ဤခန္ဓာကိုယ်ဖြစ်၏။ တံခါးခြောက်ပေါက်သည် အဇ္ဈတ္တိကာယတန ခြောက်ပါးဖြစ်၏။ တံခါးစောင့်သည် သတိစေတသိက်ဖြစ်၏။ သံတမန်နှစ်ဦးသည် သမထနှင့် ဝိပဿနာ ကမ္မဋ္ဌာန်းကို ဆိုလို၏။ မြို့၏အရှင်ဘုရင် မင်းသည်ကား မနောဝိညာဏ်စိတ်ဖြစ်၏။ (သဠာယတနသံယုတ် ကိံသုကသုတ်)။

အထက်ပါဒေသနာများအရ မနောဝိညာဉ်သည် နာမ်တရားတို့၏ အကြီးအမှူး ရှေ့သွားခေါင်းဆောင် ဖြစ်၏။ သို့ရာတွင် ဝိညာဉ်သည် အခြားနာမ်တရားတို့နည်းတူ အနိစ္စတရား သင်္ခါရတရားဖြစ်၏။ ဤအချက်ကို မသိမြင်ဘဲ လူတို့ သံသရာကျင်လည်ရာ၌ မနောဝိညာဉ်က တစ်ဘဝမှ တစ်ဘဝသို့ ကူးပြောင်းသည်ဟု အယူမှားသော သာတိရဟန်းအား ရှင်းလင်းပြတ်သားစွာ ဗုဒ္ဓဟောကြားသော ဒေသနာအထင်အရှားရှိ၏။ (မဇ္ဈိမနိကာယ် မဟာတဏှာသင်္ခယသုတ်)။

သို့စဉ်လျက် ယခုကာလ၌ အတ္တစွဲရှိသော သူတို့သည် မနောဝိညာဉ်ကို အတ္တဝိညာဉ်အဖြစ် စွဲမှတ်ထားကြ၏။ ထိုဝိညာဉ်သည် နိစ္စဓူဝအသင်္ခတဓာတ်ဖြစ်၏။ မူလသဘာဝအားဖြင့် သန့်ရှင်းစင်ကြယ်သည်။ အပေါ်ကဖုံးအုပ်နေသော ကိလေသာ အညစ်အကြေးများကို ဖယ်ရှားနိုင်လျှင် ပကတိဖြူစင်သော အတ္တဝိညာဉ်ဖြစ်ပေါ်လာသည်ဟု ယုံကြည်ကြ၏။(----ဆက်ရန်) {ဦးအေးမောင်}  


အနတ္တဝါဒ အပိုင်း(၄)
*****************
ရဟန်းတို့ ဝန်ကိုလည်းကောင်း ဝန်ကို ရွက်ဆိုသော ပုဂ္ဂိုလ်ကိုလည်းကောင်း ဝန်ကိုယူခြင်း ဝန်ကိုချခြင်းကိုလည်းကောင်း ငါဟောကြားပေအံ့။ ။ ဝန်ဟူသည် ခန္ဓာငါးပါးဖြစ်၏။

*** ဓမ္မာရုံ ***

Photo: ရပ်ထဲရွာထဲမှာ ဓမ္မာရုံတွေရှိပေမယ့် ဦးဇင်းတို့ နားလည်တာက ဓမ္မာရုံဆိုတာ သာရေးနာရေး တွေပြုလုပ်ဖို့ ၊ဆွမ်းလောင်းတဲ့အလုပ်တွေ ပြုလုပ်ဖို့ ၊ ဒီလိုလုပ်ကြတာပဲ တွေကြုံရပါတယ်။
အဲဒါကြောင့် ဓမ္မာရုံဆိုတာ တရားထိုင်ရမယ်လို့ နားလည်မှုမရှိခဲ့ပါဘူး။
ဓမ္မာရုံနားမှာတော့နေခဲ့တာပဲ ဓမ္မာရုံဆိုတာကို ကိုယ်နားလည်တာက တစ်မျိုးပါ။ တရားရိပ်သာတွေရောက်တဲ့အခါကြမှ ဓမ္မာရုံနဲ့ ပတ်သက်ပြီးတော့မှ ဓမ္မာရုံဆိုတာ တရားနာဖို့၊ တရားအားထုတ်ဖို့ သုံးရမှာပဲဆိုတာကို နားလည်တာပါ။
ရပ်ထဲရွာထဲက ဓမ္မာရုံတွေက ဘာဖြစ်လို့တရားအားမထုတ်သလဲဆိုတော့ ဓမ္မာရုံဖြစ်မြောက် သွားဖို့ကိုပဲ အဓိကထားတာပဲ၊ တရားအားထုတ်ဖြစ်ဖို့ ကို အဓိကထားတာမှ မဟုတ်တာ။ 

ဓမ္မာရုံမရှိဘူး ဓမ္မာရုံဖြစ်ဖို့ဆိုပြီး အဆောက်အဦးတစ်ခုဆောက်လုပ်ပြီး ဓမ္မာရုံအဖြစ်သတ်မှတ်ဖို့ကိုပဲ အဓိကထားတဲ့ အခါကြတော့
တရားအားထုတ်ပြီးတော့ တရားအလုပ်ကိုပဲအားကိုးပြီး ဖြစ်လာတဲ့ဓမ္မာရုံမျိုး 
မဟုတ်တဲ့အခါ ကြတော့လည်း ရပ်ထဲရွာထဲကဓမ္မာရုံတွေမှာ တရားအားထုတ်ဖို့ဆိုတာက နေရာတော်တော်များများမှာတော့ အခက်အခဲတွေရှိပါလိမ့်မယ်။ အစကတည်းကိုက သစ္စာတရားတွေနာကြားဖို့၊
အားထုတ်ဖို့၊ မဂ်ဥာဏ် ဖိုလ်ဥာဏ်ရဖို့ဆိုတဲ့ ဦးတည်ချက်မျိုးက အားနည်းခဲ့လို့ ရပ်ရွာထဲကဓမ္မာရုံတွေကိုတော့ အပြည့်အဝ အားကိုးလို့မရပါဘူး။

သဘာဝတရားရိပ်သာဆိုတာကြတော့ ၄၅လမ်းရိပ်သာဆိုလည်း ရိပ်သာမဖွင့်ခင်ကတည်းက ဆွမ်းစားပင့်တဲ့အိမ်ပေါင်း မြောက်များစွာ တရားတွေဟောကြားခဲ့တယ်၊ တရားတွေစုပေါင်းပြီးတော့မှ အားထုတ်ခဲ့တာပါပဲ။ ဆေးရုံဆေးခန်းပေါင်းစုံမှာ လူမမာပေါင်းစုံ၊ လူမမာရှင်ပေါင်းစုံနဲ့ လိုက်ပါပြီးတော့မှ တရားထိုင်တဲ့ ယောဂီအမျိုးမျိုး တရားအားထုတ်ခဲ့တာပါပဲ။ တကယ့်တရားအလုပ်ကို အားကိုးပြီးတော့မှ တည်ဆောက်တဲ့ရိပ်သာပါ။

သန်လျင်သဘာဝတရားရိပ်သာဆိုတာကလည်း မပြည့်စုံခင်ကလည်း မပြည့်စုံသလိုပဲ ဦးဇင်းတို့ဘက်ကလည်း    တရားတွေဟောကြားတယ်၊ ရှိတဲ့ယောဂီတွေကလည်း    တရားနာတယ်၊ တရားအားထုတ်တယ်။ လွန်ခဲ့တဲ့၅နှစ်ကျော်ကစပြီးတော့ မပြည့်စုံတော့လည်း မပြည့်စုံသလို၊ အမျိုးမျိုး အထင်အမြင်အမှားခံရတော့လည်း ဒီကောင်းတဲ့အလုပ်ကိုတော့ တစိုက်မတ်မတ်ပြုလုပ်ခဲ့တာပါပဲ။ အလုပ်နဲ့တည်ထောင်တဲ့ရိပ်သာပါ။ အဲဒါကြောင့်ရပ်ထဲရွာထဲမှာ အများကဓမ္မာရုံလို့သတ်မှတ်ထားတဲ့ ဓမ္မာရုံနဲ့တော့ တူမှာမဟုတ်ပါဘူး။

ဘာကွာလည်းဆိုတော့    ယောဂီတွေမြောက်များစွာ  တရားအားထုတ်တဲ့နေရာမှာ ကိုယ်ကတရားအားထုတ်တဲ့အခါကြတော့ ဆေးရုံမှာ ဆေးကုသရတာလွယ်သလို
 ဆေးကုတဲ့အလုပ်က အိမ်မှာလုပ်မယ်ဆိုရင် အဆင်မပြေမှုတွေ အများအပြားရှိပါလိမ့်မယ်။ ဆေးရုံမှာလုပ်တယ်ဆိုရင် လုပ်နေကြနေရာမှာလုပ်တာမျိုးကြတော့ လုပ်ရတာလွယ်ကူပါတယ်။ အများတရားအားထုတ်တဲ့နေရာမှာ အားထုတ်ရတာ အဆင်ပြေမှုတွေအများကြီးရှိပါတယ်။
အားထုတ်ပြန်တော့လည်း အချိန်စွဲ၊ နေရာစွဲ၊ အခြေအနေစွဲ၊ နည်းလမ်းအစွဲတွေနဲ့ ပြုလုပ်တာ မျိုးမဟုတ်ဘဲ အဲဒီအစွဲတွေကို ဆန့်ကျင်ပြီးတော့မှ ပြုလုပ်ပါများမယ်ဆိုရင်လည်း လွတ်လွတ်လပ်လပ် အားထုတ်ဖို့ဆိုတာက လွယ်ကူတဲ့နေရာဖြစ်လာပါတယ်။ တရားအလုပ်ကိုအဓိကထားရတယ်ဆိုတာ ကလည်း ခေတ်ကာလအခြေအနေအရ တရားကိုအားကိုးဖို့ဆိုတာ အင်မတန်ကြီးမားတဲ့ လိုအပ်ချက်တစ်ခု ဖြစ်နေလို့ပါ။ တရားအလုပ်အကြောင်းကိုတော့ သိကြတယ်။ တကယ်တမ်းကျင့်ကြံအားထုတ်တာကြတော့ နည်းတယ်။

အဲဒီအပြင် တရားအလုပ်နဲ့ပတ်သက်ပြီးတော့မှလည်း တရားအားထုတ်ရင် ရူးသွားနိုင်တယ် ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေကလည်း အားကြီးနေတယ်။
 စာသင်တာကမှ စာတတ်အုန်းမယ်၊ သမထတွေ လုပ်တာကမှ သမထကပေါက်မြောက်အောင်မြင်နိုင်သေးတယ်။ တရားအားထုတ်တဲ့အခါကြတော့ တရားက လည်းရဖို့ကလွယ်တာမဟုတ်ဘူး။ မရေရာမသေချာဘူး။ မသေချာတဲ့အလုပ်ကို လုပ်ပြီးတော့မှ တရားလည်းမရ၊ လောကီကောင်းကျိုးချမ်းသာတွေလည်းမရနဲ့ ဟိုမရောက်ဒီမရောက်နဲ့ ဒုက္ခရောက်သွားမယ် ဆိုတဲ့မှားယွင်းတဲ့နားလည်မှုတွေက အင်မတန်လွှမ်းမိုးနေတဲ့ အခြေအနေမျိုးဖြစ်ခဲ့လို့၊ မရေရာမသေချာ မှုတွေကများလို့ အန္တရာယ်တွေကကြီးမားလို့ပေါ့။

အန္တရာယ်တွေကကြီးမားတယ်ဆိုတာက တကယ့်တရားအလုပ်နဲ့ ပတ်သက်ပြီးပြောတာ မဟုတ်ပါဘူး။ ယောဂီတွေရော၊ တရားအားမထုတ်တဲ့လူတွေရော နားလည်တဲ့တရားအလုပ်ဆိုတာက အင်မတန် အန္တရာယ်များတဲ့၊ မရေရာမသေချာတဲ့၊ ကောင်းကျိုးထက် ဆိုးကျိုးကသာပိုများတယ်ဆိုတဲ့ သဘောမျိုးဖြစ်နေကြလို့ တရားနဲ့ပတ်သက်ပြီးတော့မှ နားလည်မှုအမှားက အားကြီးနေလို့လည်း တရားအလုပ်ဆိုတာ တကယ်လုပ်ဖို့ကိုလိုအပ်ပါတယ်။

တစ်ဘက်မှာလည်း ခေတ်ကာလအနေအထားအရ၊ စားဝတ်နေရေးပြဿနာတွေ၊ မိသားစု ပြဿနာတွေ၊ ဆွေမျိုးအချင်းချင်းပြဿနာတွေ ဒါတွေကအင်မတန်အားကြီးတဲ့အတွက်ကိုပဲ ဝိပဿနာဆိုတဲ့ အင်မတန်အားကြီးတဲ့ ကောင်းမှုကုသိုလ်အလုပ်ကို ပြုလုပ်ဖို့ ၊ အားကိုးဖို့ဆိုတာက အင်မတန်ကိုလိုအပ် နေတဲ့ကွက်လပ်ဖြစ်နေပါတယ်။

အဲဒါကြောင့်လည်း ဦးဇင်းအနေနဲ့က ကိုယ့်ရဲ့နားလည်မှုအမှားတွေ၊ ကိုယ့်ရဲ့အားကိုးအမှား တွေ၊ လုပ်ရပ်အမှားတွေကို တရားအားကိုးပြီးတော့မှ ဖြေရှင်းခဲ့သလို အများရဲ့အမှားတွေကိုလည်း တရားရိပ်သာဖွင့်လှစ်ပြီး တရားတွေဟောကြားပြီးတော့ ကူညီပြီးတော့မှဖြေရှင်းပေးခြင်းပါပဲ။
 ကောင်းမှု ကုသိုလ်ဆိုတာ သေးသေးပဲဖြစ်ဖြစ်၊ ကြီးကြီးပဲဖြစ်ဖြစ် တစိုက်မတ်မတ်လုပ်ဖို့ဆိုတာ အခက်အခဲတွေ အများကြီးရှိပါတယ်။ နေ့ စဉ်ပုံမှန်တရားနာ၊ တရားအားထုတ်ဖို့ဆိုတာလည်း ပိုပြီးတော့မှခက်ခဲတယ်။

 အဓိက ကတော့စိတ်မဝင်စားလို့ ပေါ့။ လူပြော-သူပြောတွေ၊ အရူးစကားတွေ၊ ကောလဟာလတွေ ဒါတွေကို အရမ်းစိတ်ဝင်စားနေတော့ တရားကိုစိတ်ဝင်စားဖို့ဆိုတာ အင်မတန်ခက်ခဲပါတယ်။ ဟိုဟာလုပ်ချင်-ဒီဟာလုပ်ချင်၊ ဟိုဟာသိချင်-ဒီဟာသိချင်၊ ဟိုသွားချင်-ဒီသွားချင်၊ ဟိုဟာစားချင်-ဒီဟာစားချင် ဒီလို ကိုယ်လို-သူလို အလုပ်တွေပဲ အရမ်းကိုစိတ်ဝင်စားတဲ့အခါကြတော့ တရားအားထုတ်တဲ့အလုပ်ကို စိတ်ဝင်စားဖို့ဆိုတာက အခက်အခဲတွေအများကြီးရှိပါတယ်။

ဆရာတော်ဦးဥတ္တမသာရ (သဘာဝတရားရိပ်သာ)
(၁ဝ-၁၂-၂ဝ၁၃) သန်လျင်သဘာဝတရားရိပ်သာ သတိပဋ္ဌာန်ဓမ္မာရုံတွင်
 ဟောကြားသောတရားတော်  

 ရပ်ထဲရွာထဲမှာ ဓမ္မာရုံတွေရှိပေမယ့် ဦးဇင်းတို့ နားလည်တာက ဓမ္မာရုံဆိုတာသာရေးနာရေး တွေပြုလုပ်ဖို့ ၊ဆွမ်းလောင်းတဲ့အလုပ်တွေ
 ပြုလုပ်ဖို့ ၊ ဒီလိုလုပ်ကြတာပဲ တွေကြုံရပါတယ်။

**** သူတော်ကောင်းတို့၏ စိတ်နေသဘောထား ****

Photo: တစ်နည်းအားဖြင့်ပြောရရင် “တော်” တယ်ဆိုတာ ပညာအရည်အချင်းကိုပြောတာ၊ “ကောင်း” တယ်ဆိုတာ အကျင့်စာရိတ္တပိုင်း ဆိုင်ရာကောင်းတာကို ပြောတာ၊ လူတွေက လူတစ်ယောက်ကို “လူတော်” လို့ပြောတာ သူ့ရဲ့ပညာအရည်အချင်းကို ရည်ညွှန်းပြီးပြောတာ၊ “လူကောင်း” လို့ပြောတာ ကျတော့ အကျင့်စာရိတ္တပိုင်းကို ရည်ညွှန်းတာ၊ပညာလည်းတော်တယ်၊ ကိုယ်ကျင့်တရား လည်းကောင်းတယ်ပေါ့။

သို့သော်လူတွေထဲမှာ ပညာတော်တယ်၊ ကိုယ်ကျင့်တရားမကောင်းဘူး၊ ကိုယ်ကျင့်တရားကောင်း တယ်၊ ပညာမတော် ဘူးဆို သူတွေလည်းရှိနိုင်တယ်၊ကိုယ်ကျင့်တရားကောင်းတယ်၊ ပညာမတော်ဘူး၊ ပညာတော်တယ်၊ ကိုယ်ကျင့်တရားမကောင်းဘူးဆိုရင်တစ်ခြမ်းပဲ့နေတယ်၊ မပြည့်စုံဘူး။

  ♣ အရည်အချင်း(၂) ရပ် ♣

အဲဒီတော့ ဒီ (၂) ခုဟာ လူတစ်ဦးတစ်ယောက်အတွက် အခြေခံအားဖြင့်ရှိရမယ့်အရည်အချင်း ဖြစ်တယ်၊ ဒီ (၂)ခုအောက် လျော့လို့မဖြစ်ဘူး၊ သို့သော် မဖြစ်မနေတစ်ခုကိုသာရွေးချယ်ရမယ်ဆိုရင် ကိုယ်ကျင့်တရားကို ရွေးရမှာဖြစ်တယ်၊ ကိုယ်ကျင့်တရားကောင်းဖို့ကပိုပြီးအဓိကကျတယ်၊ “သီလမေ၀ သုတာ သေယျော”တဲ့၊ ကိုယ်ကျင့်သီလက အကြားအမြင်ပညာထက် ပိုပြီးချီးမွမ်းထိုက်တယ်လို့ ဆိုတယ်။

သို့သော်ကိုယ်ကျင့်တရားကောင်းသော်လည်း အသိပညာနည်းပါးသူဟာ အများအကျိုးအတွက် လုပ်နိုင်စွမ်းသိပ်မရှိဘူး။ပညာအရည်အချင်းက တော်ပါရဲ့၊ ကိုယ်ကျင့်တရားက မကောင်းဘူးဆိုရင်တော့ ဒီပုဂ္ဂိုလ်မျိုးကအန္တရာယ်များတဲ့ ပုဂ္ဂိုလ်ဖြစ်လာတတ်တယ်။ အဲဒါကြောင့် သီလနှင့်ပညာလို့ဆိုတဲ့ ဒီအရည်အသွေး(၂)မျိုး လုံးရှိရမယ်။ ဒီအရည်အသွေး (၂) မျိုးလုံး ရှိတယ်ဆိုရင် အလွန်တန်ဖိုးရှိတဲ့လူဖြစ်တာပေါ့။

ဒီအရည်အသွေး(၂)ခုထဲမှာ တစ်ခုမှ လျှော့ပစ်လို့မရဘူး၊
သီလရှိမှ ပညာရှိနိုင်တယ်၊ ပညာရှိမှ သီလရှိနိုင်တယ်၊
သီလပရိဓောတာ ပညာ-ပညာကိုသီလနဲ့ဆေးကြောရတယ်၊
ပညာပရိဓောတံ သီလံ-သီလကိုပညာနဲ့ ဆေးကြောရတယ်။

အေး သူတော်ကောင်းဆိုတာကိုယ်ကျင့်တရားလို့ခေါ်တဲ့ သီလလည်းကောင်းတယ်၊ ပညာလည်း တော်တယ်ဆိုတဲ့ ပုဂ္ဂိုလ်မျိုးပဲ၊သို့သော် အဆင့်အမြင့်ဆုံးသူတော်ကောင်းဆိုတာကတော့ ဘုရားရဟန္တာသာ ဖြစ်တယ်။

အခြေခံအားဖြင့်သီလနဲ့ပညာရှိသူကို သူတော်ကောင်းလို့ပြောရတယ်၊ ဒီနေရာမှာ သီလဆိုတာ သုစရိုက်တရား (၁၀)ပါးကို ကျင့်သုံးခြင်းပဲ၊ သုစရိုက်တရား ကျင့်သုံးတဲ့သူကို လူကောင်းလို့ ပြောရမယ်၊ ကံကံ၏အကျိုးကို သိမြင်တဲ့ ကမ္မဿကတာ သမ္မာဒိဋ္ဌိ၊ ၄င်း သမ္မာဒိဋ္ဌိထက် အဆင့်မြင့်တဲ့ ၀ိပဿနာ သမ္မာဒိဋ္ဌိဆိုတဲ့ အသိဥာဏ်မျိုးရှိရင်တော့ “လူတော်” လို့ ပြောရမယ့် အဆင့်ရောက်တယ်။ ဒါ အခြေခံစံအားဖြင့်ဒီလို သတ်မှတတာ။

♣ နတ်တွေပြောတဲ့ သူတော်ကောင်း♣

သူတော်ကောင်းဆိုတဲ့ အဓိပ္ပါယ်ကို တာဝတိံသာနတ်တွေကအမျိုးမျိုးဖွင့်ဆို သတ်မှတ်ကြသေး တယ်၊ နတ်တွေက သတ်မှတ်တဲ့ အရည်အသွေးတွေဟာ မှတ်သားစရာကောင်းတယ်။

တာဝတိံသာနတ်တွေကသူတော်ကောင်းလို့ ဘယ်ပုဂ္ဂိုလ်မျိုးကိုခေါ်တာလဲ၊ အရည်အသွေး (၇) ရပ်ကို သူတို့က ထုတ်ဖော်သတ်မှတ်ပြထားတာ၊ ဒီအရည်အသွေး (၇) ရပ်ကိုပြပြီး ပြဋ္ဌာန်းပြောဆိုတာ လည်း သူတို့နတ်တို့ရဲ့ဘုရင်နတ်တို့ရဲ့ခေါင်းဆောင် သိကြားမင်းကိုယ်တိုင် လူ့ဘ၀တုန်းက ကျင့်သုံးခဲ့တဲ့ ကျင့်ဝတ်တွေကိုရည်ညွှန်းတာပါ။

သိကြားမင်းကြီးလူ့ဘ၀တုန်းက ကိုယ်တိုင် ကျင့်သုံးခဲ့တဲ့ ကျင့်ဝတ်တရားတွေကို ကျင့်တဲ့ပုဂ္ဂိုလ်ကို သူတော်ကောင်းလို့တာဝတိံသာနတ်တွေက သတ်မှတ်ကြတာ။ အဲဒါဘာတုန်းဆိုရင်…

(၁) လူ့ဘ၀ရောက်လာတဲ့အခါလူတွေရဲ့ ပထမဆုံးကျေးဇူးရှိတဲ့ပုဂ္ဂိုလ် ဘယ်သူတုန်းဆိုရင် အမေနှင့်အဖေပဲ။ မိဘနှစ်ပါးဟာကျေးဇူးအရှိဆုံးပုဂ္ဂိုလ်တွေ၊ အဲဒီကျေးဇူးအရှိဆုံး ပုဂ္ဂိုလ်တွေကို ကျေးဇူး ဆပ်တတ်လို့ရှိရင်ဒါ သူတော်ကောင်းပဲ၊ မာတာ ပေတ္တိဘရော- အသက်ထက်ဆုံးမိဘနှစ်ပါးကို လေးလေး စားစားနဲ့ပြုစုစောင့်ရှောက်တတ်တဲ့ သားသမီးကို သူတော်ကောင်းလို့တာဝတိံသာနတ်တွေက သတ်မှတ် တယ်၊

ဒါတင်မကဘူး၊

(၂) ကုလေ ဇေဋ္ဌာပစာယီ – ဆွေထဲမျိုးထဲမှာ အမေ့ဘက်ကတော်တဲ့အမျိုးတွေ၊အဖေ့ဘက်က တော်တဲ့အမျိုးတွေရှိတယ်၊ ကိုယ့်မိသားစုထဲမှာ ကိုယ့်ထက်အသက်ကြီးတဲ့ အကိုတွေအမတွေဆိုတာ ရှိ တယ်၊ အဲဒီကိုယ့်အမျိုးထဲက ရိုသေလေးစားထိုက်တဲ့ ပုဂ္ဂိုလ်တွေကို လေးစားတာလည်းသူတော်ကောင်းပဲ။

အဲဒီမှာ အပြန်အားဖြင့်ပြောမယ်ဆိုရင် အမေအဖေကို မပြုစုဘူးဆိုရင် သူယုတ်မာ၊ ၀သလသုတ္တန် မှာ ဒီလိုပဲဟောထားတယ်၊ သူတော်ကောင်းရဲ့ ဆန့်ကျင်ဘက်က သူယုတ်မာ၊အမေအဖေ ပြုစုမယ်ဆိုရင် သူတော်ကောင်း၊ ဆွေထဲမျိုးထဲက ကြီးတဲ့ပုဂ္ဂိုလ်ကို ရိုသေလေးစားတဲ့အဲဒီပုဂ္ဂိုလ်ဟာလည်း သူတော် ကောင်းပဲတဲ့။ အဲဒီတော့ သူတော်ကောင်းလို့သတ်မှတ်တဲ့ အင်္ဂါ(၂)ချက်ရတယ်၊

နောက်တစ်ခုကဘာတုန်းဆိုရင်

(၃) စကားပြောတဲ့အခါမှာယဉ်ယဉ်ကျေးကျေးသိမ်သိမ်မွေ့မွေ့ ပြောတဲ့ ပုဂ္ဂိုလ်ဟာလည်း သူတော် ကောင်းပဲ။ နူးညံ့ သိမ်မွေ့တဲ့စကားပြောရမယ်တဲ့။

ကြမ်းတမ်းတဲ့စကားမျိုးကို ဖရုသ၀ါစာ လို့ခေါ်တယ်။ ဖရုသ၀ါစာ ပြောလို့ရှိရင် မိစ္ဆာဝါစာ ဖြစ်တယ်။ ဒါကြောင့်မို့ ကြမ်းတမ်းတဲ့စကားမျိုးမပြောရဘူးတဲ့။
 ဒါကြောင့်မို့ ကြမ်းတမ်းတဲ့စကားမျိုး မပြောရဘူးတဲ့။

ဘယ်လိုစကားမျိုးပြောရတုန်းဆိုလို့ရှိရင် ယာသာဝါစာ နေလာ-ကိုယ်ပြောလိုက်တဲ့ စကား တစ်ခု ဟာ အပြစ်မပါဘူး၊ အပြစ်ကင်းရမယ်။

ကဏ္ဏသုခါ- ကြားလိုက်ရတဲ့ ပုဂ္ဂိုလ်ရဲ့နားမှာချမ်းသာရမယ်။
နားချမ်းသာတယ်ဆိုတာ တင်စားပြီး တော့ပြောတာ။ 
စိတ်ချမ်းသာမှုကို ဖြစ်စေတယ်။

ပေမနီယာ- ဒီစကားကို လူတိုင်းက နှစ်မြို့ကြတယ်။
ဟဒယင်္ဂမာ- စိတ်နှလုံးထဲမှာ ရောက်သွားတယ်။
ဗဟုဇနကန္တာ- လူအများက ကြိုက်တယ်။
ပေါရီ – တကယ်ယဉ်ကျေးတဲ့ မြို့သူမြို့သားတွေသုံးတဲ့စကားလုံးဖြစ်တယ်။ အဲဒီလို စကားပြော လို့ရှိရင် ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့နဲ့နားထောင်ရတဲ့သူ နားချမ်းသာတယ်လို့ စိတ်ထဲနှလုံးထဲမှာ စိမ့်ဝင်သွားတဲ့စကားမျိုးတဲ့၊

ဒါက ချွဲချွဲပျစ်ပျစ်ပြောတာမျိုးမဟုတ်ဘူးတဲ့။ အဲဒါမျိုးကိုပြောတာပေါ့။ သူပြောတဲ့ စကားလေးက တန်ဖိုးရှိလိုက်တာ၊တစ်ဖက်သား စိတ်ချမ်းသာစရာဖြစ်တယ်။ ကြားလိုက်ရတဲ့စကားကလည်း တန်ဖိုးရှိ တယ်။ အနှစ်သာရရှိတယ်။ဒီစကားမျိုးကိုဆိုလိုတာ။

အဲဒီစကားမျိုးကိုပြောလို့ရှိရင် ဖရုသ၀ါစာ ကင်းသည့်အတွက်ကြောင့် သဏှာ-သိမ်မွေ့တယ်။ သခိလာ-ပြေပြေပြစ်ပြစ် ပြောတတ်တယ်။ အဲဒီလို ပုဂ္ဂိုလ်မျိုးကိုလည်း တာဝတိံသာနတ်တွေက သူတော်ကောင်းလို့ သတ်မှတ်တယ်။

နောက်တစ်ခုက…

(၄) အရပ်ထဲမှာနေလို့ရှိရင် အချို့ပုဂ္ဂိုလ်တွေက အရပ်ထဲကလူတွေ တစ်ယောက်နှင့်တစ်ယောက်၊ တစ်အိမ်နှင့်တစ်အိမ်၊မိသားစုတစ်ဦးနှင့်တစ်ဦး မတည့်အောင် အတင်းအဖျင်းပြောတတ်တဲ့ အလေ့အထ ရှိတယ်ဆိုတာ အားလုံးသိတယ်နော်။

လူနှစ်ယောက်ဆုံမိလို့ရှိရင် နောက်တစ်ယောက်အကြောင်းကို ပြောမိတတ်ကြတယ်။
 ပြောတယ် ဆိုတာ အကောင်းပြောတာထက်အဆိုးပြောတာက ပိုများတတ်တယ်နော်။
 ဒါ လူ့ရဲ့သဘာဝကိုပြောတာ။ 
အဲဒီလိုပြောတဲ့အခါမှာ  ဒါအတင်းအဖျင်းပြောတယ်ခေါ်တာပေါ့။

သူတို့နှစ်ယောက်ကကျန်တဲ့သူတစ်ယောက်ရဲ့အတင်းတွေ ပြောပြီးတော့တစ်ယောက်က သွားစရာ ရှိလို့ထသွားလို့ရှိရင်ကျန်ရစ်တဲ့သူတစ်ယောက်က ဘာလုပ်တုန်းဆိုလို့ရှိရင် မေးငေါ့လိုက်တယ်။ သူလည်း တူတူပါပဲတဲ့။
အဲဒီတော့ လူတွေရဲ့အကျင့်ဟာ အတင်းအဖျင်းပြောတာမျိုး၊ ကုန်းတိုက်တာမျိုး၊ တစ်ယောက်နဲ့တစ်ယောက်မတည့်အောင် လုပ်ချင်တဲ့စိတ်ဓာတ်မျိုးတွေ။
 အဲဒီလို စိတ်ဓာတ်မျိုးကင်းပြီဆို လို့ရှိရင်သူတော်ကောင်းတဲ့။

အေး အဆင်မပြေလို့တစ်ယောက်နဲ့ တစ်ယောက် အထင်အမြင်တွေလွဲပြီး မတည့်ဘူးဆိုရင် ဘိန္နာနံသန္ဓာတာ- ကွဲနေတဲ့သူတွေကို စေ့စပ်ပေးတယ်။ ညီညွတ်အောင် လုပ်ပေးတယ်။သံဟိတာနံ အနုပ္ပဒါတာ- ခင်ခင်မင်မင်ရှိနေတဲ့ပုဂ္ဂိုလ်တွေ ပိုပြီးခင်မင်အောင် ရင်းနှီးအောင် လုပ်ပေးတယ်။

သမဂ္ဂကရဏိံဝါစံ ဘာသိကာ- ညီညွတ်တဲ့ စကားလုံးတစ်ဦးနှင့်တစ်ဦး ညီညွတ်အောင်သာ ပြော ပေးတယ်၊ ကွဲမယ့်ပြဲမယ့်စကားမျိုး၊ တစ်ယောက်နဲ့တစ်ယောက်အထင်လွဲမယ့်စကားမျိုး ဘယ်တော့မှ မပြောဘူးတဲ့။
သိကြားမင်းကြီးကိုယ်တိုင်လူ့ဘ၀လူ့လောကမှာနေတုန်းက 
ဒီကျင့်ဝတ်တရားတွေကို တလေး တစား လိုက်နာကျင့်သုံးခဲ့တယ်။

အို အရပ်ထဲမှာဆိုလို့ရှိရင်အတင်းအဖျင်းပြောပြီး တစ်ယောက်နှင့်တစ်ယောက် မတည့်အောင် လုပ်တဲ့ပုဂ္ဂိုလ်မျိုးရှိရင်ညီညွတ်ရေးပျက်ပြားစေတာပေါ့၊ အဖွဲ့အစည်းတစ်ခုမှာလည်း ဒီလိုပုဂ္ဂိုလ်ပါရင် ညီညွတ်ရေး ပျက်ပြားစေတာပေါ့။ညီညွတ်မှုပျက်စီးသွားတာဟာ မေတ္တာပျက်စီးသွားစေတာပဲ။
ရင်ထဲ နှလုံးထဲကမေတ္တာတွေ ခန်းခြောက်သွားတယ်။ မေတ္တာခန်းခြောက်သွားတော့ တစ်ယောက် နှင့် တစ်ယောက် အကောင်းမမြင်တော့ဘူးလေ၊အဲဒါမျိုးမဖြစ်ရအောင် ညီညွတ်တဲ့စိတ်ဓာတ်ကို ဖြစ်ပေါ် စေတာ၊ အဲဒါဟာ သူတော်ကောင်းပဲတဲ့၊ဒါ တာဝတိံသာနတ်တွေက အသိအမှတ်ပြုတဲ့ သူတော်ကောင်း။

(ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ)
သူတော်ကောင်းတို့၏ စိတ်နေသဘောထား
စာအုပ်မှကောက်နှုတ်ချက်

http://www.drnandamalabhivamsa.com.mm/book/555    

  တစ်နည်းအားဖြင့်ပြောရရင် “တော်” တယ်ဆိုတာ ပညာအရည်အချင်းကိုပြောတာ၊ “ကောင်း” တယ်ဆိုတာ အကျင့်စာရိတ္တပိုင်း ဆိုင်ရာကောင်းတာကို ပြောတာ၊

"မာရ်နတ်ရဲ့တပ်မ ၁၀-တပ်"


Photo: "မာရ်နတ်ရဲ့တပ်မ ၁၀-တပ်"
   *******************
ဗုဒ္ဓစာပေတွေမှာ အဓမ္မဆိုးတွေကို
နိဗ္ဗာန်မရောက်အောင် နှောက်
ယှက်ပိတ်ပင်တတ်တဲ့ မာရ်နတ်ရဲ့
လက်နှက်တွေအဖြစ်ပြဆိုထားပါ
တယ်။ မာရ်နတ်ဟာ ဓမ္မဘက်
တော်သားတွေကို ရန်သူအဖြစ်
သတ်မှတ်ပြီး နှောက်ယှက်တိုက်
ခိုက်လေ့ရှိပါတယ်။ မာရ်နတ်အသုံး
ပြုတတ်တဲ့ တပ်မကြီး ၁၀-ခုအ
ကြောင်းကို သိနားလည်ထားဖို့
လိုပါတယ်။
၁။ ကာမ - ဝတ္တုကာမနှင့် ကိလေ
              သာကာမ။
၂။  အရတိ - မမွေ့လျော်ခြင်း။
၃။ ခုပ္ပိပါသ - ငတ်မွတ်ခြင်း။
၎။ တန္ဒီ - ပျင်းရိခြင်း။
၅။ ထိနမိဒ္ဓ - ငိုက်မျဉ်းခြင်း။
၆။ ဘီရု - ကြောက်ရွံ့ခြင်း။
၇။ ဝိစိကိစ္ဆာ - ယုံမှားမှု သံသယ။
၈။ မက္ခ - ကျေးဇူးကို ချေဖျက်မှု
            နှင့်
   ထမ္ဘ - တစ်စင်ထောင်မှု။
၉။ တွယ်တာမှု - တဏှာနှင့် 
                အထင်ကြီးခြင်း မာန
၁၀။ အတ္တုက္ကံသန - ကိုယ့်ကို ချီး
                      မြှောက်ခြင်းနှင့်
     ပရဝမ္ဘန - သူတပါးကိုနှိမ်ခြင်း။
တို့ဖြစ်ပါတယ်။
         အဓမ္မကို လိုက်စားကျူး
လွန်နေသူတွေဟာ ရန်သူကိုမိတ်
ဆွေထင်ပြီး လူပေါင်းမှားသူတွေနဲ့
တူပါတယ်။ ထိုလူတွေဟာ အခွင့်
သာတဲ့အခါမှာ အဲဒီရန်သူကပဲ
ကိုယ့်ကို အနီးကပ်ဒုက္ခပေးတတ်
သလို အကျိုးပေးခွင့်ရလျှင် ချက်
ခြင်းပင် ဆင်းရဲဒုက္ခကို ဖြစ်စေ
တတ်ပါတယ်။
်
့


"မာရ်နတ်ရဲ့တပ်မ ၁၀-တပ်"
*******************

ဗုဒ္ဓစာပေတွေမှာ အဓမ္မဆိုးတွေကို
နိဗ္ဗာန်မရောက်အောင် နှောက်ယှက်ပိတ်ပင်တတ်တဲ့ မာရ်နတ်ရဲ့
လက်နှက်တွေအဖြစ်ပြဆိုထားပါတယ်။

Wednesday, January 29, 2014

**** တကယ်လုပ်တဲ့အခါမှာ မှတ်လို့သိတာ ****

>>>> သဗ္ဗဒါနံ  ဓမ္မဒါနံ  ဇိနာတိ <<<<
          *********************

တကယ်လုပ်တဲ့အခါမှာ  မှတ်လို့သိတာ
*********************************

       ပညာလွန်ကဲတဲ့သူတွေကလဲ  ခပ်များများပဲ-
သူတော်ကောင်းတို့ -- ။   ဒါပေမဲ့  တကယ့်ပညာ
အစစ်တော့  မဟုတ်ဘူး။  သညာတွေပေါ့ဗျာ ။ 

       စာထဲမှာ "ပဇာနာတိ" တဲ့ ၊    ပညာက   ရှိပြီး
သား  ပုဂ္ဂိုလ်တွေဆိုတော့  "ပဇာနာတိ" ဆိုတာ -
" သိတာ " -- ။   " မှတ်တာ " မဟုတ်ဘူးလို့   ဖြစ်
ကုန်ရော ။ 

       ပဇာနာတိ  ဆိုတာ  "သိ" လို့  ဟောထားတာ
ပဲ။     ရပ်ရင်  ရပ်မှန်း "သိ" ၊     ထိုင်ရင်  ထိုင်မှန်း
"သိ" ၊   သွားရင်  သွားမှန်း "သိ" ။    ဒီလို    ဟော
ထားတာကိုးဗျ ။ 

        "အဲဒီလိုသိအောင်  မှတ်ပေးရတယ်" 

    ကလေးလေး  စ,လမ်းသွားတဲ့အခါမှာ သူ့ချည်း
ပဲလွှတ်ပေးလို့  ရပါ့မလား။  အဲဒီကလေးကို  မိဘ
က ကိုင်ပြီးတော့   လမ်းလျှောက်မပေးရဘူးလား၊
နောက်ပိုင်း  ကလေးက  အတွေ့အကြုံ ရင့်ကျက်
လာတော့  မိဘကကိုင်ပေးစရာ   မလိုတော့ဘူး ။ 
       အဲဒီလိုပဲ  ယောဂီတို့၊   သမာဓိ တစ်ပြားသား
မှ   မရှိသေးတဲ့အခါမှာ     မှတ်တာက     စ,ပေးရ
တယ်။    ဉာဏ်အားတွေ  အလွန်ကောင်းသွားလို့
"သင်္ခါရုပေက္ခာဉာဏ်" လောက်    ရောက်သွားတဲ့
အခါ -   မှတ်တဲ့အခါလဲ  မှတ်တယ် ၊   မမှတ်ဘဲနဲ့
ကြည့်နေလို့လဲ ရတယ်။   ကြည့်တဲ့အဆင့်က  သူ့
ဉာဏ်နဲ့သူ   ဖြစ်ပေါ်လာတာ ။ 

      အဲဒီဉာဏ် မရောက်သေးဘဲနဲ့  မှတ်စရာမလို
ဘူးဆိုတာ   အလုပ်မလုပ်ဖူးတဲ့ ပုဂ္ဂိုလ်တွေ  ပြော
တာ ။ 

       လုပ်ဖူးတဲ့ပုဂ္ဂိုလ်က   ပိုင်ပိုင်နိုင်နိုင်  ခွဲခြားပြီး
သိတယ်။     ကလေး   လမ်းလျှောက်တတ်ခါစကို
ကိုင်မပေးဘဲ   သူ့ချည်းလွှတ်ရင်    ပစ်လဲသွားမှာ
ပေါ့။ သမာဓိမရှိသေးတဲ့အခါမှာ သမာဓိရှိအောင်
လုပ်ရသေးတယ်။   ဒါကြောင့်  မှတ်ပေးပါ ။ 

     ဖောင်းတယ်၊  ပိန်တယ်၊  ထိုင်တယ်၊ ထိတယ်၊
ကြွတယ်၊ လှမ်းတယ်၊ ချတယ် -  အကုန်မှတ်ပေး 
ရတယ်။  ဒါမှမဟုတ်ရင်လဲ  ဝင်တယ်၊ ထွက်တယ်
မှတ်ပေးရတယ်မဟုတ်လား ။

       သမာဓိရပြီး  သမာဓိအားကောင်းသွားတဲ့အ
ခါကျတော့   မမှတ်လဲ ရတယ်။  အာနာပါနဆိုရင်
လဲ   ရှူးရှဲ ရှူးရှဲနဲ့  သူ့ဘာသာသူ  သွားနေတာပဲ ။
ကိုယ်က   ကြောင့်ကြစိုက်ပြီး  "ရှူး-ရှဲ"  လုပ်စရာ
မလိုတော့ဘူး။    အာနာပါနဈာန်သဘောနဲ့    သူ့
ဟာသူ  သွားနေတာပဲ ။ 

       အာနာပါနဈာန်က   သူ့ဘာသာသူ  သွားနေ
တယ်၊ ကိုယ်က ဝေဒနာကိုရှုလို့ရတယ်။  သဲအင်း
ဂူဆရာတော်ဘုရားကြီးနည်းပြောတာ -- ။ 

     ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရား
ကြီးနည်းနဲ့  "ဖောင်းတယ်-ပိန်တယ်"  မှတ်ရင်လဲ
ဒီအတိုင်းပဲ ။ 

      သမာဓိတွေ အားကောင်းပြီး   သင်္ခါရုပေက္ခာ
ဉာဏ် ရောက်လာတဲ့အခါ  အသာလေးကြည့်နေ
ရုံနဲ့  ရတယ် ။                      

      သူ့ဟာသူ  သဘောလေးတွေက  ပေါ်လိုက်-
ပျောက်လိုက်၊  ပေါ်လိုက်-ပျောက်လိုက်နဲ့ အသာ
လေး  ကြည့်နေလို့ရတယ် ။ 

      အဲဒီလို တကယ်ကြည့်လို့ရလာတဲ့ အခါကျမှ
မမှတ်ဘဲနဲ့   ကြည့်လို့ရတာပဲလို့    တကယ်လက်
တွေ့သိလာတယ်။   " သိ-သိ-သိ-သိ" နဲ့  အသာ
ကလေး  ကြည့်နေလို့ရတယ်။    နောက်  သမာဓိ
ပြန်ကျဲသွားရင်  ပြန်မှတ်။    ပြန်မှတ်တဲ့  အခါကျ
တော့   သမာဓိက   နဂိုအတိုင်း   ပြန်ကောင်းလာ
တယ် ။ 

       သမာဓိ ကောင်းရာကနေ    နောက်ကျတော့
ဉာဏ်တက်သွားရော ။ 

       ဒါကြောင့်မို့ အစပထမမှာ   မှတ်ပေးရတယ်၊
မှတ်တာကို  ရမ်းသန်းအထင်မသေးနဲ့ ၊    အထင်
သေးတဲ့ပုဂ္ဂိုလ်တွေ ပြောတာကိုလဲ  မယုံနဲ့ ။ 

     သမာဓိအားကောင်းလို့  သူ့ဘာသာသူ အရှိန်
အဟုန်ရသွားရင်  မှတ်စရာမလိုတော့ဘူး ။ 

      စက်ဘီးစီးတဲ့အခါ  အရှိန်ကောင်းလာရင် အ
သာကလေး    လက်ကိုင်ကို   ထိန်းလိုက်သွားလို့
မရဘူးလား။   သမာဓိကောင်းလာတဲ့အခါ   ဘာ
ကြည့်ကြည့် ---   ငယ်ထိပ်ကနေ  ခြေဖျားအထိ
ကြည့်လို့ရတယ် ။ 

      သမာဓိမရဘဲနဲ့   သွားကြည့်ရင်   ဘာမှမမြင်
ဘူး -- ။    အဲဒါကြောင့်   သမာဓိရအောင်   မှတ်
ပေးရတယ် ။ 

   * ပညာလွန်လို့ရှိရင်လဲ   သဒ္ဓါတိုးပေးရတယ် ။ 
   * ငါ့မှာ   သမာဓိမှ  မရှိသေးဘဲနဲ့   ကြည့်နေလို့
      မရဘူး ။ 
   * ငါက    မနေ့တစ်နေ့ကမှ     တရားအားထုတ်
      တာ ၊  ငါသိတာ ဘာဟုတ်သေးလို့လဲ ။ 
   * ကျေးဇူးတော်ရှင်မဟာစည်ဆရာတော်ဘုရား
      ကြီးက   တစ်ကမ္ဘာလုံးလှည့်ပြီး  သာသနာပြု
      ထားတာ ။ 
   * ဆရာတော်ကြီးတွေ  ဟောထားတာ    အမှန်
      ဟောထားတာ၊ ဒါကြောင့် ငါမှတ်မှ ဖြစ်မယ်။
   
- အဲဒီလို  သဒ္ဓါတင်ပြီးတော့  မှတ်ရတယ် ။
- ပညာလွန်သွားရင်  သဒ္ဓါတိုးပေးရတယ် ။ 
- သဒ္ဓါလွန်သွားရင်  ပညာတိုးပေးရတယ် ။ 
- အဲဒီလို   နှစ်ခုညီသွားတဲ့အခါ  ဉာဏ်တွေတက်
   ပြီးတော့   ဖြစ်ပျက်ဆုံးတဲ့ဆီ  ရောက်မသွားနိုင်
   ဘူးလား ။ 

ကဲ --  မေတ္တာပို့ပြီး   သိမ်းကြရအောင် ။   ။ 

                                      

                               အရှင်ဇာနေယျ
                       ( မြစိမ်းတောင်ဆရာတော်)

>>>> သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ <<<<

တကယ်လုပ်တဲ့အခါမှာ မှတ်လို့သိတာ
*********************************
ပညာလွန်ကဲတဲ့သူတွေကလဲ ခပ်များများပဲ-
သူတော်ကောင်းတို့ -- ။ ဒါပေမဲ့ တကယ့်ပညာ
အစစ်တော့ မဟုတ်ဘူး။ သညာတွေပေါ့ဗျာ ။

♣♣♣ ( ကျေးလိမ္မာ ) ♣♣♣



♣♣♣ ( ကျေးလိမ္မာ ) ♣♣♣ 
ဘုရင်တပါးသည် မြစ်အတွင်း ရေချိုးနေစဉ် ကာရံထားသော ပိုက်ကွန်၌ သရက်သီးတလုံး ငြိကပ်လာသည်။ ဘုရင်သည် သရက်သီးကို အလွန်စားလိုသည်။

*** အနတ္တဝါဒ အပိုင်း(၃) ***

Photo: အနတ္တဝါဒ
-----------
အပိုင်း(၃)

(ခ) အတ္တ-အနတ္တပြဿနာ
----------------------------
အနတ္တဝါဒသည် ပါဠိ သက္ကတပိဋကတ်တို့၌ အထင်အရှားပါရှိ၍ ဗုဒ္ဓဝါဒ၏ အခြေခံ ပဓာနတရားဖြစ်သော်လည်း ဗုဒ္ဓဝါဒီအားလုံးက ယင်းကို အစဉ်တစိုက် တညီတညွတ် လက်ခံခဲ့သည်ဟု မထင်မှတ်သင့်ချေ။ ဘီစီ ၃ ရာစုခေတ် တတိယသင်္ဂါယနာ မတင်မီကပင် အိန္ဒိယပြည်၌ အနတ္တအယူကို မနှစ်သက်သော ဗုဒ္ဓဝါဒီများ ထွက်ပေါ်ခဲ့၏။ ကထာဝတ္ထု၌ ပထမဦးစွာ ပယ်သောအယူသည် ဝဇ္ဇီပုတ္တကနှင့် သမ္မိတိယဂိုဏ်းသားတို့၏ ပုဂ္ဂလဝါဒဖြစ်၏။ ထိုပုဂ္ဂလဝါဒီတို့သည် ဥပနိသျှကျမ်းလာ အတ္တဝါဒကို လက်မခံ။ ထေရဝါဒီတို့၏ အနတ္တဝါဒကိုလည်း ပယ်၏။ သူတို့အလိုအားဖြင့် လူသတ္တဝါသည် အတ္တမဟုတ်။ ရုပ်နာမ်တရား နှစ်ပါးချည်းသက်သက်လည်း မဟုတ်ဘဲ ထိုထက်ပို၍ထူးသော အထင်းအရှားရှိသော ပုဂ္ဂိုလ်ဖြစ်၏။ ဓမ္မပါလ နာဂဇုန ဝသုဗန္ဓုစသော မဟာယာနဗုဒ္ဓဝါဒ၏ ရှေ့ပြေးအဋ္ဌကထာ ဆရာတို့သည်လည်း ပုဂ္ဂလဝါဒကို ချေပခဲ့ကြ၏။ သို့ဖြင့် ပုဂ္ဂလဝါဒသည် တစ်စတစ်စ ကွယ်ပ၍ အနတ္တဝါဒကို ဗုဒ္ဓဝါဒီအားလုံးက လက်ခံယုံကြည်ခဲ့ကြ၏။ သို့ရာတွင် ယနေ့ကမ္ဘာပေါ်ရှိ ဗုဒ္ဓဝါဒီအားလုံးသည် အနတ္တဝါဒီများ ဖြစ်သည်ဟု မဆိုနိုင်ချေ။ ယခုအခါ အနတ္တဝါဒကို လက်မခံသော ဗုဒ္ဓဝါဒီ အတော်များများ ထွက်ပေါ်လျက်ရှိပေသည်။ အနောက်နိုင်ငံများ၌ အချို့သော ဗုဒ္ဓဝါဒီနှင့် ဗုဒ္ဓစာပေပညာရှင်တို့သည် အနတ္တဝါဒကို ဗုဒ္ဓဝါဒ အစစ်အမှန် မဟုတ်သယောင် ပြောဆိုရေးသားနေကြ၏။ သူတို့မှာ အရေအတွက်အားဖြင့် အင်အားမကြီးမားလှသော်လည်း ဗုဒ္ဓစာပေ ရေးသားသူများ ပါဝင်သောကြောင့် သူတို့၏ တင်ပြချက်ကို ကျွန်ုပ်တို့ အလေးအနက် စဉ်းစားသင့်၏။ အနတ္တဝါဒကို မနားမနေ အပြင်းအထန် ဝေဖန်တိုက်ခိုက်သောသူမှာ နာမည်ထင်ရှားသော ပါဠိပညာရှင် မစ္စက်ရိုင်းစ်ဒေးဗစ် ဖြစ်၏။ မစ္စက်ရိုင်းစ်ဒေးဗစ်သည် မူလပထမက မိမိ၏ခင်ပွန်းသည် ဗုဒ္ဓကျမ်းပြုဆရာ ဒေါက်တာရိုင်းစ်ဒေးဗစ်ကဲ့သို့ပင် အနတ္တဝါဒကို ဗုဒ္ဓဝါဒအစစ်အဖြစ်ဖြင့် လက်ခံခဲ့၏။ သို့ရာတွင် အမြင်ပြောင်းလဲသွား၍ အနတ္တဝါဒသည် ဗုဒ္ဓ၏ မူလဝါဒမဟုတ်။ ပိဋကတ်ဆရာ ရဟန်းဘုန်းကြီးတို့၏ ဝါဒသာဖြစ်သည်ဟု ရေးသားခဲ့၏။ သူ၏ အကြောင်းပြချက်မှာ လိုရင်းအချုပ်အားဖြင့် ။  ။ ဥပနိသျှအတ္တသည် မပြောင်းလဲဘဲ ထာဝရတည်မြဲရကား လူသည် မိမိ၏ အတ္တ ကောင်းစားရေးအတွက် အထူးအားထုတ်ရန်မလို ဗုဒ္ဓအသိမှတ်ပြုသော အတ္တမှာမူ ပြောင်းလဲသော အတ္တဖြစ်သောကြောင့် လူသည် မိမိ၏ အတ္တကြီးပွားမှုအတွက် ကြိုးစားအားထုတ်ရမည် ဖြစ်၏။ ထိုသို့ ဗုဒ္ဓသည် ဗြာဟ္မဏတို့၏ အတ္တဝါဒကို အနည်းငယ်ပြုပြင်၍ လက်ခံခဲ့သော်လည်း  ဗုဒ္ဓ ပရိနိဗ္ဗာန်စံဝင်ပြီးနောက် မကြာမီ ပိဋကတ်ထဲသို့ အနတ္တဝါဒ ဝင်ရောက်လာ၏။ အနတ္တဝါဒ ပေါ်ထွန်းလာခြင်းသည် ပဓာန အကြောင်းနှစ်ရပ်ကြောင့် ဖြစ်၏။

ပထမအကြောင်းမှာ ဗုဒ္ဓဝါဒနှင့် မရှေးမနှောင်း ပေါ်လာသော အိန္ဒိယဘာသာဝါဒတစ်ခုဖြစ်၏။ ထိုဝါဒသည် အတ္တကိုလက်ခံသော်လည်း နာမ်တရားကို အတ္တနှင့်ခွဲခြား၍ လေ့လာမှုကို အားပေး၏။ သို့ဖြင့် ထိုဝါဒ အငွေ့အသက်မကင်းသော ဗုဒ္ဓဝါဒီတို့သည် အတ္တကိုဖယ်ခွာ၍ နာမ်တရားသက်သက်ကို လေ့လာကြရာ ကာလကြာသော် အတ္တကွယ်ပျောက်၍ သူတို့အမြင်အားဖြင့် လူသည် ရုပ်နာမ်တရားစု သက်သက်မျှဖြစ်လာ၏။ ထို့အပြင် ရှေးဦးမူလ ဗုဒ္ဓဝါဒီတို့သည် ရဟန်းများဖြစ်ကြ၏။ ရဟန်းမည်သည် လူ့ဘဝကို စိတ်ပျက်ငြီးငွေ့ နေသောသူ ဖြစ်ရကား လူ့ဘဝ၌ အနှစ်သာရ အတ္တကိုရှာ၍ မရဘဲ အနိစ္စ သင်္ခါရ ဒုက္ခတရားများကိုသာ ရှုမြင်စမြဲဖြစ်၏။ ဤသို့ နာမ်တရားကိုသာလျှင် တစ်ဖက်စောင်းနှင့် လေ့လာသော ရှေးအိန္ဒိယဘာသာဝါဒနှင့် လူ့ဘဝ လူ့လောကကို စိတ်ပျက်ငြီးငွေ့သော ရှေးဗုဒ္ဓဝါဒီ ရဟန်းများကြောင့် ပါဠိပိဋကတ်၌ အနတ္တဝါဒ၏ ထင်ရှားနေခြင်း ဖြစ်သည်ဆို၏။ ပိဋကတ်စာပေနှင့် အိန္ဒိယ ဗုဒ္ဓဝါဒသမိုင်းကို စေ့ငုသေချာစွာ လေ့လာသောသူအဖို့ အထက်ပါ မစ္စက်ရိုင်းစ်ဒေးဗစ်၏ အဆိုမှာ အခြေအမြစ်  ယုတ္တိမရှိလှချေ။ ဗုဒ္ဓသည် အတ္တဝါဒကို အတိအလင်းပယ်ကြောင်း ခိုင်မာသော ပိဋကတ်အထောက်အထား နှစ်ခုရှိ၏။ ပထမအချက်မှာ အတ္တဆိတ်သုဉ်းမှု သုညလောကကို ရှုမြင်ရန် ဟောကြားချက်နှင့် သဗ္ဗေဓမ္မာအနတ္တာဆိုသော ဟောကြားချက်ဖြစ်၏။ သင်္ခါရတရားအားလုံးသည် အနိစ္စတရား ဒုက္ခတရားဖြစ်သည်  ဆိုပြီးနောက် သင်္ခါရ စကားကို မသုံးဘဲ ဓမ္မအားလုံး အနတ္တဖြစ်သည်ဆိုခြင်းကို သတိပြုသင့်၏။ ဤဗုဒ္ဓဒေသနာနှစ်ခုမှတစ်ပါး အနတ္တအကြောင်း ဗုဒ္ဓ၏ အခြားမိန့်ကြားချက်များသည် အတ္တဝါဒကို တိုက်ရိုက်ပယ်သော စကားများမဟုတ်ချေ။ ယင်းတို့ကိုပြန်၍ အကျဉ်းချုပ် ဖော်ပြရသော် (1) ခန္ဓာငါးပါးသည် အတ္တမဟုတ်။ (2) ခန္ဓာငါးပါး၌ ပုဂ္ဂိုလ်သတ္တဝါကို ရှာ၍မရအပ်။ (3) ငါဘုရားသည် မည်သူက ခံစားသည် တွေ့ထိသည်ဟုမဟော အကြောင်းခံအကျိုးဆက် သဘောတရားကိုသာ ဟော၏။ ဤဗုဒ္ဓဒေသနာများကို ထောက်ချင့်၍ ဗုဒ္ဓလက်ထက်မှစ၍ ယနေ့အထိ ကမ္ဘာ့ဗုဒ္ဓဝါဒီအများစုသည် ဗုဒ္ဓက အတ္တကို လုံးဝပယ်သည်ဟု ယုံကြည်ကြ၏။အနောက်နိုင်ငံ ပါဠိပညာရှင်တို့သည်လည်း အများအားဖြင့် ထိုသို့ယူဆကြ၏။ အင်္ဂလိပ်ပါဠိပညာရှင် ဒေါက်တာသောမတ်စ်က ဗုဒ္ဓကိုယ်တိုင်က အတ္တမရှိကြောင်း အတိအလင်း ဟောပြောသည်ဟု ကျွန်ုပ်တို့မဆိုနိုင်ပါ။ သို့ရာတွင် ရုပ်နာမ်တရား ခန္ဓာငါးပါးနှင့် စပ်လျဉ်းသော ပိဋကတ်စကားများကို ထောက်ချင့်၍ ဗုဒ္ဓအလိုအားဖြင့် အတ္တမရှိဟု ယူဆနိုင်ပါသည် ဟုရေးသား၏။ ဗုဒ္ဓသည် အတ္တဝါဒကို ဟောခဲ့၍ ထိုဝါဒကို ပိဋကတ်ဆရာတို့က  ဖျောက်ဖျက်ပစ်သည်ဆိုသော စကားမှာ ယုတ္တိမရှိကြောင်း ဒေါက်တာသောမတ်စ်၏ ရေးသားချက်ကို ဆက်လက်ဖော်ပြပါအံ့။

ဗုဒ္ဓပရိနိဗ္ဗာန် စံတော်မူသောအခါ ဗုဒ္ဓဒေသနာများသည် မြောက်များလှစွာသော တပည့်ရဟန်းတို့၏ စိတ်ထဲ၌ စွဲမြဲကျန်ရှိခဲ့ပါလျက် အတ္တဝါဒနှင့် စပ်လျဉ်း၍ကား တစ်စွန်းတစ်စမျှပင်  ဗုဒ္ဓဝါဒီတို့ လက်ခံထားသည်ကို မတွေ့ရချေ။ အကယ်၍ ဗုဒ္ဓဝါဒ၌ အတ္တအယူလက္ခဏာ အမှတ်အသား တစ်စွန်းတစ်စ ကျန်ရှိခဲ့ပါက ဝဇ္ဇီပုတ္တကဂိုဏ်းသည် ခန္ဓာငါးပါးအပြင် ပုဂ္ဂိုလ်ရှိသေးသည်ဟု ဟောပြောသောအခါ ထိုအတ္တဝါဒ တစ်စွန်းတစ်စပါသော ဒေသနာများကို ထောက်ပြကြမည် အမှန်ဖြစ်၏။ သို့ရာတွင် စင်စစ်သူတို့သည် အတ္တအယူကင်းသော အထောက်အထားများကို ပြကြ၍ သူတို့၏ ပုဂ္ဂလဝါဒသည် ဗုဒ္ဓ၏ အနတ္တဝါဒနှင့် ဆန့်ကျင်ခြင်းမရှိဟုလည်း သူတို့ ယုံကြည်ကြပေသည်။ ရာဒါကရစ်ရှနန် အာနန္ဒာ ကုမာရဆွာမိ စသော ယခုခေတ် အိန္ဒိယပညာရှင် အတ္တဝါဒီတို့သည် ဗုဒ္ဓက အတ္တဝါဒကို လက်ခံသယောင် ရေးသားကြ၏။ အကယ်၍ သူတို့၏ ထင်မြင်ချက် မှန်ကန်ပါက ဗုဒ္ဓဝါဒ ထွန်းကားသော ရှေးအိန္ဒိယခေတ်မှ အိန္ဒိယသား အတ္တဝါဒီတို့သည် ပါဠိပိဋကတ်၌ မိမိတို့နှစ်သက်သော အတ္တအယူကို တွေ့ရှိခဲ့ကြရာ၏။ ယခုမူ ထိုသို့မဟုတ် ရှေးအိန္ဒိယ အတ္တဝါဒီအားလုံးသည် ဗုဒ္ဓဝါဒကို အနတ္တဝါဒအဖြစ် သိရှိနားလည်ကြ၏။ အိန္ဒိယပညာရှင်တစ်ဦး၏ အဆိုအားဖြင့် ဂျိန်းနှင့် ဗြာဟ္မဏဝါဒီများသည် ဗုဒ္ဓဝါဒမှာ  အတ္တကိုပယ်သော ဝါဒဖြစ်သည်ဆို၍ သူတို့၏ဝါဒများနှင့် အခြေခံမတူကြောင်း ပြောဆိုရေးသားကြ၏။ ဗုဒ္ဓဝါဒကို ရုပ်ဝါဒအဖြစ် မှတ်ယူ၍ မိစ္ဆာဝါဒစာရင်း၌ ထည့်သွင်းဖော်ပြကြ၏။ အကယ်၍ ဗုဒ္ဓသည် အတ္တဝါဒကို အနည်းငယ်ပြင်ဆင်၍ လက်ခံခဲ့သည်မှန်ပါက ဗုဒ္ဓဝါဒသည် ဗြာဟ္မဏဝါဒနှင့် များစွာ ကွဲပြားခြားနားတော့မည် မဟုတ်ချေ။ ဗုဒ္ဓဝါဒ၏ ပဓာနထူးခြားချက်မှာ ဇာတ်ဝါဒ ယဇ်ပူဇော်မှု စသည်တို့ကို တိုက်ဖျက်ခြင်းမဟုတ်ဘဲ အတ္တကို ပယ်ခြင်းဖြစ်၏။အတ္တကို မပယ်ခဲ့ပါက နဂိုမူလက အတ္တကို လက်ခံပြီးဖြစ်သော ဗြာဟ္မဏတို့သည် ဗုဒ္ဓဝါဒဘက်သို့ ကူးပြောင်းလာရန် အကြောင်းမရှိ။ အတ္တကို ပယ်ခဲ့သောကြောင့်သာလျှင် ဗုဒ္ဓသံဃာ၌ ဗြာဟ္မဏအမျိုးသား အမြောက်အမြား ရှိနေခြင်းဖြစ်ရပေမည်။ ထို့အပြင် အကယ်၍ အတ္တဝါဒသည် မူလဗုဒ္ဓဝါဒအစစ်ဖြစ်သည်မှန်ပါက ဗုဒ္ဓသည် တရားဟောရာ၌ အခက်အခဲ ကြုံတွေ့ဖွယ်ရာ မရှိ။ ဗြာဟ္မဏတို့က ဗုဒ္ဓအား ကဲ့ရဲ့ဝေဖန်ကြမည်လည်း မဟုတ်ချေ။ စင်စစ်ဗုဒ္ဓသည် မိမိ၏တရားကို လူအများနားလည်ပါမည်လောဟု သံသယဖြစ်ခဲ့၏။ ထိုသို့ သံသယ ဖြစ်သောကြောင့်ပေလော မသိ။ ပထမဦးစွာဟောသော ဓမ္မစကြာသုတ်၌ အနတ္တတရားကို လုံးဝချန်လှပ်ထား၍  ဒုတိယ သုတ္တန်ဒေသနာ၌သာ ဟော၏။ ဗုဒ္ဓ၏ အနတ္တတရားကို နားမလည် သို့မဟုတ် မနှစ်သက်သဖြင့် ပြစ်တင်ဝေဖန်သော သူတို့မှာလည်း မနည်းလှချေ။ ဗုဒ္ဓအား အကိရိယဝါဒီ ဖြစ်သည်။ ကြီးပွားမှုကို ဖျက်ဆီးတတ်သောသူ (ဘူနာဟ) ဖြစ်သည်ဟု စွပ်စွဲကြ၏။ (ဝိနည်းပိဋကတ် မဟာဝဂ္ဂနှင့် မဇ္ဈိမနိကာယ် မာဂဏ္ဍိယသုတ်)။

ရဟန်းတို့ ငါဘုရားသည် သတ္တလောကနှင့် ငြင်းခုံတော်မမူ။ သတ္တလောကသည်သာလျှင် ငါဘုရားနှင့် ငြင်းခုံ၏။ ငါဘုရားက ထင်ရှားအောင် ဟောပြောပါလျက် မသိမမြင်သောသူကို ငါဘုရားသည် အဘယ်သို့ ပြုရတော့အံ့နည်း။ (ခန္ဓာသံယုတ် ဝိဝါဒသုတ်)။

ဤသို့ ဗုဒ္ဓအား ပြစ်တင်စွပ်စွဲကြခြင်းသည် အတ္တကို ပယ်သောကြောင့်သာလျှင် ဖြစ်ကြောင်း ယုံမှားဖွယ်ရာမရှိချေ။

ရဟန်းတို့ ငါဘုရားသည် သတ္တဝါကို မဖျက်ဆီးတတ် သတ္တဝါဖျက်ဆီးခြင်းကို ဟောတော်မမူ။ သို့စဉ်လျက် အချို့သော ရဟန်းပုဏ္ဏားတို့သည် မဟုတ်မမှန် ချွတ်လွဲသော မုသာဝါဒဖြင့် ရဟန်းဂေါတမသည် သတ္တဝါကို ဖျက်ဆီးတတ်၏။ ထင်ရှားရှိသော သတ္တဝါ၏ ပြတ်ခြင်း ပျက်ခြင်း ဘဝကင်းခြင်းကို ပညတ်၏ဟု စွပ်စွဲကြကုန်၏။ (မဇ္ဈိမနိကာယ် အလဂ္ဂဒ္ဒူပဒသုတ်)။

ဗုဒ္ဓဝါဒသည် အတ္တကို လုံးဝပယ်သော ဝါဒမုချဖြစ်သည်ဟု ယူဆရန် ခိုင်မာသော ဗုဒ္ဓဒေသနာ မြောက်မြားစွာရှိ၏။ သို့ဖြစ်စေကာမူ အချို့သော အနောက်နိုင်ငံသား အတ္တစွဲပညာရှင်တို့က အောက်ပါဒေသနာများကို ထောက်ပြ၍ အတ္တကို ဗုဒ္ဓလက်ခံပါသည်ဟု ဆိုကြ၏။ 

အခါတစ်ပါး တောအုပ်တစ်ခု၌ ဘဒ္ဒဝဂ္ဂီ သူငယ်ချင်းမင်းသား သုံးကျိပ်တို့သည် မယားများနှင့်အတူ ပျော်ပါးနေကြစဉ် အတူပါလာသော ပြည့်တန်ဆာမတစ်ယောက်သည် သူတို့၏ ဥစ္စာကိုခိုးယူ၍ ထွက်ပြေး၏ မင်းသားတို့သည် ထိုပြည့်တန်ဆာမကို ရှာကုန်သော် တစ်နေရာ၌ သီတင်းသုံးနေတော်မူသော ဗုဒ္ဓကိုမြင်၍ အရှင်ဘုရား မိန်းမတစ်ယောက်ကို မြင်မိပါသလော ဟုမေးလျှောက်ကြ၏။ ထိုအခါ ဗုဒ္ဓက သူငယ်တို့ ငါ၏စကားကို သင်တို့ အဘယ်သို့ မှတ်ထင်ကုန်သနည်း။ မိန်းမကိုရှာခြင်းနှင့် မိမိကိုယ်(အတ္တ) ကိုရှာခြင်းတွင် အဘယ်ရှာခြင်းသည် သင်တို့အဖို့ မြတ်သနည်းဟုမေး၏။ မင်းသားတို့က မိမိကိုယ်ကို ရှာခြင်းသည်သာလျှင် မြတ်ပါသည်ဟု လျှောက်ကြ၏။ (ဝိနည်းပိဋကတ် မဟာဝဂ္ဂ) ----ဆက်ရန် (ဦးအေးမောင်)  


အနတ္တဝါဒ အပိုင်း(၃)
****************
(ခ) အတ္တ-အနတ္တပြဿနာ
အနတ္တဝါဒသည် ပါဠိ သက္ကတပိဋကတ်တို့၌ အထင်အရှားပါရှိ၍ ဗုဒ္ဓဝါဒ၏ အခြေခံ ပဓာနတရားဖြစ်သော်လည်း ဗုဒ္ဓဝါဒီအားလုံးက ယင်းကို အစဉ်တစိုက် တညီတညွတ် လက်ခံခဲ့သည်ဟု မထင်မှတ်သင့်ချေ။

*** အနတ္တဝါဒ အပိုင်း(၂) ****

Photo: အနတ္တဝါဒ 
------------
အပိုင်း(၂)

အရှင်မောဠိယ ဖဂ္ဂုန မထေရ်သည် ဗုဒ္ဓအား အရှင်ဘုရား ဝိညာဏအာဟာရကို အဘယ်သူသည် သုံးဆောင်စားသောက်ပါသနည်း ဟုမေးလျှောက်၏။ ထိုအခါ ဗုဒ္ဓက သင်၏ အမေးသည် မသင့်လျှော်ချေ။ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သတ္တဝါက သုံးဆောင်စားသောက်သည်ဟု ငါဘုရားမဟော။ ငါဘုရားကို အရှင်ဘုရား ဝိညာဏ်သည် အဘယ်တရား၏ အကြောင်းဖြစ်ပါသနည်းဟု မေးရာ၏။ ဤအမေးပုစ္ဆာ၌ ဝိညာဏ်သည် နောင်အဆက်ဆက်သော နာမ်ရုပ် သဠာယတနစသည်တို့ ဖြစ်ခြင်း၏ အကြောင်းဖြစ်သည်ဟူသော အဖြေသည် သင့်လျော်သည်ဟု မိန့်တော်မူ၏။ (နိဒါနသံယုတ် မောဠိယဖဂ္ဂုနသုတ်)။ သံယုတ္တနိကာယ်၌ ထိုနည်းနှင်နှင်ဟောသော အခြားဒေသနာ အမြောက်အများရှိ၏။ ဗုဒ္ဓသည် အဘယ်ကြောင့် အနတ္တတရားကို ထပ်တလဲလဲ အလေးအနက် ဟောတော်မူပါသနည်း။ အတ္တဒိဋ္ဌိသည် လူတို့၌ အခိုင်အမာစွဲမြဲနေသော ဒိဋ္ဌိဖြစ်၏။ အထက်၌ ဖော်ပြခဲ့သော မောဠိယဖဂ္ဂုန မထေရ်သည်ပင် ဗုဒ္ဓက ရှင်းပြတော်မူသော်လည်း ကောင်းစွာသိမြင်နားလည် ကျေနပ်ဟန်မရှိ။ အဘယ်ကြောင့်ဆိုသော် ထိုမထေရ်သည် နောက်ကာလ၌ သိက္ခာချ၍ လူထွက်၏။ (နိဒါနသံယုတ် ကဠာရခတ္တိယ ဘိက္ခုသုတ်)။ အတ္တဒိဋ္ဌိသည် မဂ်ဖိုလ်နိဗ္ဗာန်ကို ပိတ်ပင်တားဆီးသော မာနဒိဋ္ဌိ အစရှိသည့် ကိလေသာတရားများ၏ အရင်းအမြစ်ဖြစ်၏။ လူတို့ ဆင်းရဲဒုက္ခ ခံစားရခြင်း၏ မူလအကြောင်းတစ်ပါးဖြစ်၏။ "ခန္ဓာငါးပါးသည် ငါ၏ ဥစ္စာတည်းဟု တဏှာဒိဋ္ဌိအားဖြင့် စွဲမှတ်ထားသော ပုဂ္ဂိုလ်အား ရုပ်နာမ်တရားတို့ ဖောက်ပြန်ပျက်စီးသောကြောင့် စိုးရိမ်ခြင်း ငိုကြွေးမြည်တမ်းခြင်း နှလုံးမသာခြင်း ပြင်းစွာပင်ပန်းခြင်းတို့ ဖြစ်ကုန်၏။ (ခန္ဓသံယုတ် နကုလပိတုသုတ်)။ ထို့အပြင် အကယ်၍ လူတို့သည် မပြောင်းလဲဘဲ ထာဝရတည်မြဲနေသော အတ္တရှိသည်ဟု ထင်မှားနေပါက မိမိတို့၏ ကြီးပွားမှု (ဝါ) တိုးတက်ပြောင်းလဲမှုအတွက် အားထုတ်ပြုလုပ်ဖွယ် အကြောင်းရှိတော့မည် မဟုတ်ချေ။ "အို ရဟန်း အတ္တဘောကို ရခြင်းသည် ခိုင်မြဲသည် ထာဝရတည်သည် မြေကြီးမြင်းမိုရ်တောင် နေလတို့ကဲ့သို့ အမြဲတည်သည် အကယ်၍ဖြစ်ငြားအံ့ ဝဋ်ဆင်းရဲ၏အဆုံးကို ကောင်းစွာပြုခြင်းငှါ ဤမြတ်သောအကျင့်ကို ကျင့်သုံးခြင်းသည် မထင်လေရာ။ (ခန္ဓသံယုတ် ဂေါမယသုတ်)

ပိဋကတ်စာပေ၌ အနတ္တဝါဒနှင့်စပ်လျဉ်းသော  ဗုဒ္ဓ မိန့်ကြားချက်များမှတစ်ပါး တပည့်သာဝကများ၏ ဟောပြောချက်များလည်း ရှိ၏။ ငါ့ရှင်ဒသက စင်စစ်သော်ကား ငါ့အား ဥပါဒါနက္ခန္ဓာ ငါးပါးတို့၌ ငါဟူ၍ မာနအားဖြင့် စွဲဆိုခြင်းဖြစ်သေး၏။ ဤခန္ဓာငါးပါးသည် ငါကောင်းသည် ဟုတ်၏ဟု ဒိဋ္ဌိအားဖြင့်ကား ရှု့ခြင်း ဆင်ခြင်သုံးသပ်ခြင်းမပြု။ (ခန္ဓသံယုတ် ခေမကသုတ်)။ ငါ့ရှင်သာရိပုတ္တရာ အိုမှု သေမှု ဇရာမရဏကို မိမိသည် ပြုအပ်သလော သူတစ်ပါးသည်ပြုအပ်သလော။ သို့တည်းမဟုတ် မိမိလည်း ပြုအပ် သူတစ်ပါးလည်း ပြုအပ်သလော။ သို့တည်းမဟုတ် မည်သူမျှမပြုဘဲ ဇရာမရဏတို့သည် မိမိသည်မပြု အတ္တသည်မရှိ (သမ္မောဟဝိနောဒနီ) အလုံးစုံသော ဘဝ အလုံးစုံသော ယောနိ အလုံးစုံသော ဂတိ အလုံးစုံသော ဝိညာဏဋ္ဌိတိ အလုံးစုံသော သတ္တဝါတို့၌ အကြောင်းအကျိုးစပ်သည်၏ အစွမ်းဖြင့် အဆင့်ဆင့်ဖြစ်သော နာမ်ရုပ်မျှသာ ထင်၏။ ယောဂီသည် အကြောင်းတရားထက် အလွန်ပြုတတ်သော ဗြဟ္မာ ဗိဿနိုးစသော ကတ္တားကိုမမြင်။ ဝိပါက်၏ အဆင့်ဆင့်ဖြစ်ခြင်းကို လွန်၍ အကျိုးဝိပါက်ကို ခံစားတတ်သော ပုဂ္ဂိုလ်ကတ္တားကို မမြင်။ စင်စစ်သော်ကား အကြောင်းတရားရှိသည်ရှိသော် ပြုတတ်သောသူ ကတ္တားဟူ၍ လည်းကောင်း အဆင့်ဆင့် ဖြစ်ခြင်းသည်ရှိသော် ခံစားတတ်သောသူ ဟူ၍လည်းကောင်း ပညတ်ကာမျှဖြင့် ပညာရှိတို့သည် ခေါ်ဝေါ်ကြကုန်၏။ (ဝိသုဒ္ဓိမဂ် ပညာဘူမိနိဒ္ဒေသ)။ အနတ္တဝါဒနှင့် စပ်လျဉ်း၍ ဝိသုဒ္ဓိမဂ်၌ ရှင်ဗုဒ္ဓဃောသ၏ အရှင်းဆုံး အပြတ်သားဆုံးစကားမှာ။  ။

ဒုက္ခသည်သာရှိ၏။ ဒုက္ခကို ခံစားသောသူ တစ်စုံတစ်ယောက်မျှမရှိ။ နိဗ္ဗာန်သည်ရှိ၏။ နိဗ္ဗာန်သို့ရောက်သော ပုဂ္ဂိုလ်သည်မရှိ။ နိဗ္ဗာန်သို့သွားရာ အကျင့်ခရီးသည် ရှိ၏။ နိဗ္ဗာန်သို့သွားသော ပုဂ္ဂိုလ်သည်မရှိ။

အထက်ပါစကားများသည် ထေရဝါဒ ပါဠိစာပေမှ ကောက်နုတ်ချက်များဖြစ်၏။ ဗုဒ္ဓပရိနိဗ္ဗာန် စံတော်မူပြီးနောက် နှစ်ပေါင်းများစွာ မကြာမီ ပေါ်လာသော ဗုဒ္ဓဂိုဏ်းကြီး ၁၈ ဂိုဏ်းသည် အချို့နေရာများ၌ အယူအဆကွဲလွဲစေကာမူ အတ္တဝါဒကို အားလုံးတညီတညွတ်တည်း ပယ်ကြ၏။ ပုဂ္ဂလဝါဒကို လက်ခံသော ဝဇ္ဇီပုတ္တကဂိုဏ်းသည် သူတို့၏ဝါဒကို အတ္တဝါဒမဟုတ်ဟု ဆိုကြ၏။ မဇ္ဈိမိကဂိုဏ်းကမူ အနတ္တဝါဒကို ထေရဝါဒဂိုဏ်းထက် ပိုမိုလေးနက်စွာ ဟောပြောကြ၍ ဓမ္မက္ခန္ဓာကိုပင် လက်မခံချေ။ ထိုဂိုဏ်း၏ အဓိကဝါဒမှာ သုညတဝါဒဖြစ်၍ သူတို့၏ သုတ္တန်ဒေသနာတစ်ခု၌ သုညတဝါဒကို။   ။ ဤသုညလောကကြီးထဲ၌ ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏသည် မရှိ။ နာမဝေါဟာရသည် မရှိ။ အာရုံငါးပါးသည် မရှိ။ ဝိဇ္ဇာ အဝိဇ္ဇာ အဝိဇ္ဇာ၏ချုပ်ငြိမ်းရာသည် မရှိ။ ဇရာမရဏနှင့် သစ္စာလေးပါး  နိဗ္ဗာန်တရားသည် မရှိ။ သတ္တလောက၌ ရှိရှိသမျှ သတ္တဝါတို့ကို ငါဘုရားသည်  ကယ်ချွတ်၍ နိဗ္ဗာန်သို့ ပို့ဆောင်ရမည်ဖြစ်၏။ သို့ရာတွင် ထိုသတ္တဝါ အသင်္ချေအနန္တကို ကယ်ချွတ်ပြီးသောအခါ အမှန်စင်စစ် သတ္တဝါတစ်ဦးတစ်ယောက်ကိုမျှ ငါကယ်ချွတ်ပြီးသည်ဟု မဆိုနိုင်ချေ။ အဘယ်ကြောင့်ဆိုသော် အကယ်၍ ဗောဓိသတ္တသည် ပုဂ္ဂိုလ်သတ္တဝါရှိသည်ဟု ယူဆပါက ဗောဓိသတ္တ အမှန်စင်စစ် ဖြစ်မည်မဟုတ်ချေ။ အေဒီ ၁၅၀ ခုနှစ်လောက်၌ ထွက်ပေါ်ခဲ့သော နာဂါဇုန ဝသုဗန္ဓုစသော အဋ္ဌကထာဆရာတို့သည် မဟာယာနဗုဒ္ဓဝါဒကို မျိုးစေ့ချပေးခဲ့သော ဗုဒ္ဓကျမ်းပြုဆရာများ ဖြစ်ကြ၏။ ထိုဆရာတို့သည်လည်း အတ္တဝါဒကို ပြတ်ပြတ်သားသား ပယ်ကြ၏။ ဝသုဗန္ဓု စီရင်ရေးသားသော ကျမ်းတစ်ကျမ်း၌ ဝဇ္ဇီပုတ္တကဂိုဏ်း၏ ပုဂ္ဂလဝါဒကို အကျယ်ဝေဖန် ဆန်းစစ်၍ ချေပထား၏။ တရုတ် ကိုးရီးယားနှင့် ဂျပန်နိုင်ငံများ၌ ယနေ့ထွန်းကားနေသော မဟာယာနဝါဒသည် ထေရဝါဒနှင့် အချို့နေရာများ၌ ကွဲလွဲသော်လည်း အတ္တဝါဒကို ပယ်ရာ၌ တူညီ၏။ နာမည်ကျော် ဂျပန် ဗုဒ္ဓဘာသာကျမ်းပြုဆရာကြီး ဒေါက်တာဆူဇူကီးက။   ။ ဗုဒ္ဓ၏ အနတ္တဝါဒသည် ဝိညာဏဓာတ်မှ နိစ္စဓူဝအသင်္ခတ ဖြစ်သည်ဆိုသော အယူကိုပယ်၍ သင်္ခါရတရား အားလုံးသည် ကမ္မနိယာမနှင့်အညီ အကြောင်းတရားများကြောင့် ဖြစ်ပေါ်လာကြ၏။ယင်းတို့သည် ပျက်စီးသောသဘောရှိ၍ နောက်ကွယ်၌ အတ္တ ဇီဝရှိသည်ဆိုခြင်းမှာ လွဲမှားသည်သာမက အကျင့်သီလ၏ ဘေးအန္တရာယ်လည်းဖြစ်၏။ 

ဂျပန်နိုင်ငံ၌ ဗုဒ္ဓဝါဒဂိုဏ်းများတွင် မည်သည့်ဂိုဏ်းမျှ အနတ္တဝါဒကို မပယ်ကြချေ။ ဂိုဏ်းအားလုံးသည် ပုဂ္ဂိုလ်သတ္တဝါ အမှန်မုချရှိသကဲ့သို့ ပြောဆိုကြစေကာမူ ပုဂ္ဂိုလ်သတ္တါသည် စင်စစ်အားဖြင့် လက္ခဏ ရသဂုဏ်ဒြပ် အစုအပေါင်းမျှသာဖြစ်၍ အနိစ္စသင်္ခါရ တရားမျှသာဖြစ်သည်ဟု ခံယူထားကြ၏။ ဤသို့ဖြင့် အနတ္တဝါဒသည် ကမ္ဘာပေါ်ရှိ ဗုဒ္ဓဝါဒဂိုဏ်းအားလုံး လက်ခံယုံကြည်သော ဝါဒဖြစ်၏။ ဗုဒ္ဓဝါဒီတို့သည် ပဋိစ္စသမုပ္ပာဒ်စက်လည်ပုံကို သရုပ်ဖော်ရာ၌ သင်္ခါရတရားကို ပြသသောရုပ်ပုံတွင် အနတ္တတရားသည်ပေါ်လွင်ထင်ရှား၏။ အိန္ဒိယနိုင်ငံ အဇန္တ လှိဏ်ဂူ၏ နံရံတွင် ရေးဆွဲထားသော ပုံများ၌ သင်္ခါရတရားကို အိုးထိန်းစက်၌ အိုးထိန်းသည် အိုးများပြုလုပ်နေသော ရုပ်ပုံဖြင့်ပြ၏။ တိဗက်ဗုဒ္ဓပန်းချီ ကားများတွင်ကား အိုးထိန်းသည်၏ ရုပ်ပုံကို မတွေ့ရချေ။ ဂျပန် ဗုဒ္ဓပန်ချီကားများ၌လည်း အိုးထိန်းသည်မပါဘဲ အိုးများကိုသာ ပြထား၏။ (----ဆက်ရန်) {ဦးအေးမောင်}  


အနတ္တဝါဒ အပိုင်း(၂) 
**************** 
အရှင်မောဠိယ ဖဂ္ဂုန မထေရ်သည် ဗုဒ္ဓအား အရှင်ဘုရား ဝိညာဏအာဟာရကို အဘယ်သူသည် သုံးဆောင်စားသောက်ပါသနည်း ဟုမေးလျှောက်၏။ 

**** အနတ္တဝါဒ အပိုင်း ( ၁ ) ****

Photo: အနတ္တဝါဒ
-----------
(က) ပိဋကတ်နှင့် အခြားဗုဒ္ဓစာပေများမှ အနတ္တဝါဒ
----------------------------------
ဗုဒ္ဓဝါဒ အလိုအားဖြင့် အနိစ္စ ဒုက္ခနှင့် အနတ္တ(ဝါ) မမြဲခြင်း ဆင်းရဲခြင်းနှင့် မြဲသော အတ္တမရှိခြင်းသည် သင်္ခါရတရား အားလုံး၏ ထင်ရှားသော လက္ခဏာသုံးပါး ဖြစ်၏။ ယင်းတို့တွင် အနိစ္စကို ရှေးဦးပထမ ပြဆိုထားခြင်းမှာ အနိစ္စလက္ခဏာ၌ အခြားလက္ခဏာနှစ်ပါး ပါဝင်ပြီးဖြစ်သောကြောင့် ဖြစ်၏။ သင်္ခါရတရားတို့သည် မမြဲသောကြောင့် အမာခံဓာတ် အတ္တကင်းလျက် ဖောက်ပြန်ပျက်စီးကြရ၏။ လူသတ္တဝါ၏ ခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည် ခဏမစဲ အမြဲပြောင်းလဲလျက် ရှိ၏။ ရုပ်တရားထက် နာမ်တရားက ပြောင်းလဲဖြစ်ပျက်မှုများစွာ ပိုမိုလျင်မြန်၏။ စိတ်တို့သည် မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်း၌ မရပ်မနား တဖွားဖွားဖြစ်ပေါ် ချုပ်ပျောက်လျက်ရှိ၏။ ဤသို့ စကြာဝဠာနှင့် လူတို့ကို စိုးမိုးနေသော အနိစ္စတရားကို နက်နက်နဲနဲ မသိမြင်ပါက ဗုဒ္ဓတရားကို ကောင်းစွာနားလည်မည် မဟုတ်ချေ။ အကြင်သူသည် သဒ္ဓါစိတ်ဖြင့် ဘုရား တရား သံဃာကို ဆည်းကပ်ကိုးကွယ်၍  သီလ စောင့်ထိန်းကာ မေတ္တာပွားများစေကာမူ ထိုသူသည် အနိစ္စတရားကို ခေတ္တခဏမျှ သိမြင်နားလည်လျှင် ပိုမိုအကျိုးရှိမည် ဖြစ်၏။(အဂုင်္တ္တရနိကာယ်)။ ခန္ဓာငါးပါး၏ အဖြစ်အပျက်ကို မရှု့မြင်ဘဲ အနှစ်တရာ အသက်ရှည်ခြင်းထက် ကောင်းစွာဆင်ခြင်ရှု့မြင်၍ တစ်ရက်မျှ  အသက်ရှည်ခြင်းသည် သာ၍မြတ်၏။ (ဓမ္မပဒ ဂါထာ ၁၁၃)။ အနိစ္စသညာ ကောင်းစွာထင်သောသူအား အနတ္တသညာသည် အလိုလိုထင်ပေါ်၍ တည်လာ၏ (ဥဒါန်းပါဠိတော်နှင့် အဂုင်္တ္တရနိကာယ် နဝကနိပါတ် မေဃိယသုတ်)။ သင်္ခရတရား အားလုံး၏ မမြဲသောသဘောကို သိမြင်သောသူအဖို့ အနတ္တတရားကို သိမြင်ရန် များစွာမခဲယဉ်းချေ။ သို့ရာတွင် အနတ္တဝါဒသည် ဗုဒ္ဓဓမ္မ၏ ပဓာန အချုပ်အခြာတရားဖြစ်၍ ဗုဒ္ဓဝါဒီတို့အဖို့ အလွန်အရေးကြီး၏။ စင်စစ်  အနတ္တတရားသည် အခြားကမ္ဘာ့ဘာသာ ဝါဒများတွင် မတွေ့ရသော ဗုဒ္ဓဓမ္မ၏ ဝိသေသဂုဏ်ဖြစ်၍ ကမ္ဘာ့ဘာသာ အယူဝါဒသမိုင်း၌ ဗုဒ္ဓတစ်ဦးတည်းသာ အလေးအနက် ဟောကြားသော တရားဖြစ်၏။သို့ဖြစ်စေကာမူ အနတ္တတရားကို ခြေခြေမြစ်မြစ် နားလည်ရန်သော်လည်းကောင်း နားလည်သည်ဆိုစေ စွဲစွဲမြဲမြဲ လက်ခံယုံကြည်ရန် သော်လည်းကောင်း များစွာမလွယ်ကူချေ။ မြန်မာဗုဒ္ဓဝါဒီတို့သည် အများအားဖြင့် အနတ္တတရားကို နားလည်ကြသော်လည်း အချို့သော မြန်မာ့ဘာသာရေး အယူများသည် အနတ္တဝါဒနှင့် ဆန့်ကျင်နေ၍ အနတ္တတရားကို ခံယူချက်မှာ အပေါ်ယံ အကာမျှသာဖြစ်၏။ ဤသို့ဖြစ်ခြင်းသည် အံ့သြစရာမရှိချေ။ ပိဋကတ်စာပေကို နှံ့နှံ့စပ်စပ် လေ့လာခဲ့သော အချို့သော အနောက်နိုင်ငံ ပညာရှင်များသည်ပင် အနတ္တဝါဒကို မနှစ်သက်သောကြောင့် ဗုဒ္ဓဝါဒအစစ်အမှန် မဟုတ် လေဟန် စွပ်စွဲရေးသားကြ၏။ သို့ဖြစ်၍ အနတ္တဝါဒနှင့်ပတ်သက်သော ပိဋကတ်ပါဠိတော်များကို စေ့ငုသေချာစွာ လေ့လာရန်လိုအပ်၏။ အတ္တသဒ္ဒါကို ရှေးအကျဆုံး ဝေဒကျမ်းများ၌ တွေ့ရ၏။ အတ္တသည် မူလပထမက အသက်ဟူသော  အနက်ကိုဟော၏။ ရှေးဥပနိသျှဆရာတို့၏။ အဆိုအားဖြင့် အတ္တသည် နှလုံးအိမ်ထဲ၌ တည်ရှိ၍ တစ်ရာ့တစ်ခုသော လမ်းများဖြင့် အပြင်သို့ထွက်နိုင်၏။ ဦးခေါင်းထိပ်ရှိ လမ်းကြောင်းမှထွက်လျှင် အမတ ထာဝရဘုံသို့ ရောက်၏။ နောက်ပေါ် ဥပနိသျှကျမ်းများ၌မူ အတ္တသည် သက်ရှိသက်မဲ့ အားလုံး၏ မူလအနှစ် ပရမတ် ဓာတ်အစစ်ဖြစ်၏။ တစ်နည်းအားဖြင့် အတ္တသည် လူတို့အား အကောင်းအဆိုး ခွဲခြား၍ သိရှိနားလည်စေသော အမြင့်မြတ်ဆုံးအဖြစ်သို့ ရောက်ရှိစေနိုင်သော သတ္တိမျိုးစေ့၏ ကိန်းဝပ်ရာနိစ္စဓူဝ အသင်္ခတ အမတဓာတ်ကြီး အစစ်ဖြစ်၏။ ထို့ကြောင့် ဥပနိသျှ ကျမ်းဆရာတို့၏ အလိုအားဖြင့် လူသည် သင်္ခါရတရားတို့၏ နောက်ကွယ်ရှိ အတ္တကို သိမြင်နားလည်ရန် အရေးကြီး၏။ ပြောသောစကား မြင်သောအရာ ပြုသောအမှု စိတ်၌ဖြစ်ပေါ်သော အကြံစသည်တို့ အကြောင်းကိုဘာမျှ တွေးတောကြံစည်ခြင်း မပြုအပ်။ ပြောသောသူ မြင်သောသူ ပြုသောသူ ကြံစည်သောသူ (တနည်းအားဖြင့် အတ္တကို) သာလျှင် အမှန်အတိုင်း သိမြင်ရန် အားထုတ်အပ်သည်ဟု ဥပနိသျှကျမ်း တစ်စောင်က ဆိုထား၏။

ဤဥပနိသျှကျမ်းလာ အတ္တအယူများကို ပိဋကတ်စာပေ၌ အလျှင်းမတွေ့ရချေ။ အတ္တကိုပယ်သော ပါဠိတော်များကိုကား အမြောက်အများ ပြဆိုထား၏။ အထင်ရှားဆုံးမှာ ဘုရားဖြစ်ပြီးနောက် ပဉ္စဝဂ္ဂီရဟန်းငါးပါးအား ဒုတိယအကြိမ်မြောက် ဗုဒ္ဓဟောသော အနတ္တလက္ခဏာသုတ် ဖြစ်၏။ ရဟန်းတို့ ခန္ဓာငါးပါးသည် အတ္တမဟုတ် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းဖြစ်၏။ ငါ၏ခန္ဓာငါးပါးသည် ဤသို့ဖြစ်စေ ဤသို့မဖြစ်စေသတည်းဟု စီရင်၍ မရအပ်။ ခန္ဓာငါးပါးသည် မမြဲ။ မမြဲသော ဆင်းရဲသော ဖောက်ပြန်တတ်သော ခန္ဓာငါးပါးကို ဤဟာသည် ငါ့ဥစ္စာဖြစ်၏။ ငါဖြစ်၏။ ငါ၏အတ္တတည်းဟု မရှုအပ်။ အတိတ် အနာဂတ် ပစ္စုပ္ပန်အတွင်းအပြင် အကြမ်းအနု အယုတ်အမြတ် အဝေးအနီးဖြစ်သော အလုံးစုံသော ခန္ဓာငါးပါးသည် ငါ၏ဥစ္စာမဟုတ်။ ငါမဟုတ်။ ငါ၏အတ္တမဟုတ်ဟု ဟုတ်မှန်သည့်အတိုင်း ကောင်းသောပညာဖြင့် ရှု့အပ်၏။ (ဝိနည်းပိဋကတ် မဟာဝဂ်)။ အနတ္တလက္ခဏာသုတ်၌ အနက်အဓိပ္ပာယ်တူသော သုတ်များကို ပထမနိကာယ်လေးကျမ်း၌ ထပ်တလဲလဲ ဖော်ပြထား၏။ အချို့သုတ္တန်ဒေသနာများ၌မူ ခန္ဓာငါးပါးသည် အတ္တမဟုတ်သောကြောင့် ပုဂ္ဂိုလ်သတ္တဝါကို ခန္ဓာငါးပါး၌ ရှာ၍မရအပ်ဟူ၍ လာ၏။ အို အနုရာဓ ခန္ဓာငါးပါးကို သတ္တဝါဟု မရှု့အပ်။ ခန္ဓာငါးပါး၌ သတ္တဝါသည် မရှိ။ သတ္တဝါသည် ခန္ဓာငါးပါးမှ တစ်ပါးဖြစ်၏ ဟူ၍ မရှု့အပ်။ ဤသို့ဖြင့် သင်သည် မျက်မှောက်ထင်ထင်ပင်လျှင် သတ္တဝါဟူသည်ကို မှန်သောအားဖြင့်  ဟုတ်မှန်သောအားဖြင့် မရအပ်။ (သံယုတ္တနိကာယ် အဗျာကတသံယုတ် အနုရာဓတ္ထေရသုတ်)။ 

ရဟန္တာသည် ခန္ဓာငါးပါးကို သုံးပါးသော ပရိညာဖြင့် ပိုင်းခြား၍ သိသောကြောင့် ပုဂ္ဂိုလ်သတ္တဝါကို မသိမမြင် (သဂါထာဝဂ္ဂသံယုတ် သမိဒ္ဓိသုတ်)။ စောင်းကို အစိတ်တစ်ရာခွဲ၍ အစိတ်စိတ် အတုံးတုံးပြုသော်လည်း စောင်းသံကို ရှာ၍မရသကဲ့သို့ ရဟန်းသည် ခန္ဓာငါးပါး၌ ငါဟူ၍လည်းကောင်း ငါ၏ ဥစ္စာဟူ၍လည်းကောင်း ငါဖြစ်၏ ဟူ၍ လည်းကောင်း ရှာ၍မတွေ့။ (သဠာယတနသံယုတ် ဝီနဥပမာနသုတ်)။ အချို့သော အနောက်နိုင်ငံ ပညာရှင်တို့က ဥပနိသျှကျမ်းလာ အတ္တဝါဒကို အတိအလင်း ရည်ညွန်းဟန်တူသော သုတ္တန်တစ်ခုကို ထောက်ပြ၏။ မသင့်သောအားဖြင့် နှလုံးသွင်းသောသူအား ငါ၏ကိုယ်သည် ပြောဆိုစီရင်တတ်၏။ သိတတ် ခံစားတတ်၏။ ကောင်းမှု မကောင်းမှု၏ အကျိုးကို ခံစားရ၏။ အခါခပ်သိမ်းရှိ၏။ ဖောက်ပြန်ခြင်းမရှိ။ မြေကြီးမြင်းမိုရ်တောင် လနေတို့ကဲ့သို့ အမြဲတည်သည်ဟူသော အယူသည် ဖြစ်၏။ (မဇ္ဈိမနိကာယ် သဗ္ဗာသဝသံဝရသုတ်)။ ခန္ဓာငါးပါး၌သော်လည်းကောင်း ခန္ဓာငါးပါးကို ကြဉ်၍သော်လည်းကောင်း ပရမတ္ထအားဖြင့် ပုဂ္ဂိုလ်သတ္တဝါ အတ္တဟူ၍ မရှိသောကြောင့် လောကသည် သုညလောက ဖြစ်သည်ဟု ပိဋကတ်စာပေ၌ ခေါ်ဆိုထား၏။ အာနန္ဒာ အကြင်ကြောင့် ငါဟူသော အတ္တသဘောမှလည်းကောင်း ငါ၏ဥစ္စာဟူသော အတ္တနိယ သဘောမှလည်းကောင်း ဆိတ်သုဉ်း၏။ ထို့ကြောင့် လောကသည် သုညတည်းဟူ၍ ဆိုအပ်၏။ (သဠာယတနသံယုတ် သုညလောကသုတ်)။ မောဃရာဇ သင်သည် ကိုယ်ဟု မှတ်ထင်စွဲလမ်းသော သက္ကာယဒိဋ္ဌိကို ပယ်နိုင်ရန်အလို့ငှါ လောကကို ဆိတ်သုဉ်းသောအားဖြင့် ရှု့လော။ (သုတ္တနိပါတ် ပါရာယနဝဂ် မောဃရာဇ မာဏဝပုစ္ဆာ)။

အနတ္တဝါဒအလိုအားဖြင့် ပုဂ္ဂိုလ်သတ္တဝါ အတ္တဆိတ်သုဉ်းသော သုညလောက၌ ဖြစ်ခြင်း ပျက်ခြင်း(အနိစ္စ) သဘောတရားသည်သာ ထင်ရှား၏။ ရဟန်းသည် သဘောတရားတို့၌ဖြစ်ကြောင်း ပျက်ကြောင်းတရားနှင့် ဖြစ်ခြင်း ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှု့လေ့ရှိ၏။ သဘောတရားတို့သည်သာလျှင် ရှိကုန်သည်ဟု ထိုရဟန်းအား သတိသည် ရှေးရှု့ထင်၏။ ထိုရဟန်းသည် လောက၌ တစ်စုံတစ်ရာကိုမျှ ငါ ငါ၏ဥစ္စာဟူ၍ မစွဲလန်းချေ။ (ဒီဃနိကာယ် မဟာသတိပဋ္ဌာနသုတ်)။ သို့ဖြစ်၍ ဗုဒ္ဓသည် သင်္ခါရဓမ္မတို့၏ ဖြစ်ပျက်မှုကို ဟောရာ၌ တွေ့ထိမှု ခံစားမှု တပ်မက်မှု တွယ်တာမှုစသော အကြောင်းအကျိုးအားဖြင့် ဆက်စပ်ဖြစ်ပျက်မှု (ပဋိစ္စသမုပ္ပာဒ်တရား) ကိုသာ ဟော၏။ တွေ့ထိသောသူ ခံစားသောသူ တပ်မက်သောသူ စသည်ဖြင့် ပုဂ္ဂိုလ်သတ္တဝါကို ထည့်သွင်းရည်ညွန်း၍ ဟောတော်မမူချေ။ အရှင်ဂေါတမ ဒုက္ခကို မိမိသည်ပြုပါသလော။ အို ကဿပ မိမိသည် ဒုက္ခကို ပြုသည်ဟူ၍မဆိုသင့်။ ဒုက္ခကို သူတစ်ပါးသည် ပြုပါသလော။ သူတစ်ပါး ပြုသည်ဟူ၍လည်း မဆိုသင့်။ ဒုက္ခကို မိမိလည်းပြုသည်။ သူတစ်ပါးလည်းပြုသည်ဟု ဆိုအပ်ပါသလော။ ထိုသို့လည်း မဆိုသင့်။ သို့ဖြစ်လျှင် ဒုက္ခကို မိမိမပြု သူတစ်ပါးလည်း မပြုဘဲ ဒုက္ခသည် အကြောင်းမရှိဘဲ အလိုအလျောက် ဖြစ်ပါသလော။ ဒုက္ခရှိပါလျက် အရှင်ဂေါတမသည် ဒုက္ခကို မသိမမြင်ပါသလော။ အို ကဿပ ဒုက္ခသည်ရှိ၏။ ဒုက္ခကို ငါသိမြင်၏။ ဒုက္ခကို ထိုသူသည်ပြု၍ ထိုသူသည် ခံစားသည်ဟု အယူရှိခဲ့သော် သဿတဒိဋ္ဌိဖြစ်၏။ ငါဘုရားသည် ထိုအစွန်းနှစ်ဘက်ကို အလယ်လမ်းဖြင့် ဟော၏။ အဝိဇ္ဇာဟူသော အကြောင်းကြောင့် သင်္ခါရဖြစ်၏။ သင်္ခါရကြောင့်------"(နိဒါနသံယုတ် အစေလကဿပသုတ်)။ တိမ္ဗရုက ပရိဗိုဇ်က ချမ်းသာမှု ဆင်းရဲမှုကို မိမိပြုပါသလောဟု မေးရာ၌လည်း ဗုဒ္ဓက အထက်ပါအတိုင်း ဖြေတော်မူ၏။ (သံယုတ္တနိကာယ် နိဒါနသံယုတ် တိမ္ဗရုက ပရိဗ္ဗာဇကသုတ်)။ အဝေလကဿပတက္ကတွန်းနှင့် တိမ္ဗရုက ပရိဗိုဇ်တို့သည် ခံစားတတ်သော ပြုတတ်သောအတ္တ ပုဂ္ဂိုလ်သတ္တဝါရှိသည်ဟု ယုံကြည်ကြသောကြောင့် ဗုဒ္ဓအား မေးမြန်းကြခြင်းဖြစ်၏။ ဗုဒ္ဓလက်ထက်က တိတ္ထိတက္ကတွန်းနှင့် ပရိဗိုဇ်တို့သည်သာ အတ္တအယူရှိကြသည် မဟုတ်။ အတ္တဒိဋ္ဌိမကင်းသော အချို့ဗုဒ္ဓရဟန်းများလည်း ရှိကြကြောင်း။   ။ (----ဆက်ရန်)
(ဦးအေးမောင်)  


အနတ္တဝါဒ
-----------
(က) ပိဋကတ်နှင့် အခြားဗုဒ္ဓစာပေများမှ အနတ္တဝါဒ
-------------------------------------------------------

ဗုဒ္ဓဝါဒ အလိုအားဖြင့် အနိစ္စ ဒုက္ခနှင့် အနတ္တ(ဝါ) မမြဲခြင်း ဆင်းရဲခြင်းနှင့် မြဲသော အတ္တမရှိခြင်းသည် သင်္ခါရတရား အားလုံး၏ ထင်ရှားသော လက္ခဏာသုံးပါး ဖြစ်၏။

**** နောင်တ(၁၀)ပါး ****

 Photo: နောင်တ(၁၀)ပါး
-----------------
(1) ငယ်စဉ်အခါ ပညာမရှာ ကြီးခါဆင်းရဲမည်။ ဆင်းရဲသောအခါ စိတ်ပြင်းစွာ ပူဆာနောင်တ ရလိမ့်မည်။

(2)ငယ်စဉ်အခါ ဥစ္စာမရှာ ကြီးခါဆင်းရဲမည်။ ဆင်းရဲသောအခါ စိတ်ပြင်းစွာ ပူဆာနောင်တ ရလိမ့်မည်။

(3)ကုန်းချောစကား ပြောဆိုငြား တစ်ပါးသူတို့ သံသယတွယ်။ အချစ်ပြယ်သို့ မိမိမှာလည်း ချစ်သူကွဲရာ ထိုအခါ ပူဆာနောင်တ ရလိမ့်မည်။

(4)ပါဏာတိပါတ် သူ့သက်သတ်က ချို့တဲ့အင်္ဂါ မွဲပြာရုပ်သွင် အင်အားချို့ယွင်း လျှင်ခြင်းလည်းဝေး ဘေးကိုကြောက်တတ် အသတ်ခံရာ အနာများလျက် ခြွေရံပျက်၍ အသက်တိုရာ ထိုအခါ ပူဆာနောင်တ ရလိမ့်မည်။

(5)မိစ္ဆာစာရ ကျူးလွန်ကမူ ရန်သူပွား၍ ရှားပါးလာဘ်တိတ် ချမ်းသာဆိတ်၏ ဣတ္ထိပဏ္ဍုက် မျိုးယုတ်ခါခါ မျက်နှာမလှ အရှက်ရလျက် လက္ခဏာဣန္ဒြ ယွင်းသွေချို့သိမ် စိုးရိမ်များစွာ ချစ်သူကွာရာ ထိုအခါ ပူဆာနောင်တ ရလိမ့်မည်။

(6)မလှူမတန်း မပေးကမ်းမူ ထိုသည့်သူသည် ဖြစ်ရာဘဝ ဆင်းရဲရရာ။ ထိုအခါ ပူဆာနောင်တ ရလိမ့်မည်။

(7)မိဘနှစ်ပါး ပစ်၍ထားက နှစ်ပါးမိဘ ကွယ်လွန်သွားရာ ထိုအခါ ပူဆာနောင်တ ရလိမ့်မည်။

(8)ဆုံးမစကား မနာငြားက အသက်ရရာ ထိုအခါ ပူဆာနောင်တ ရလိမ့်မည်။

(9)ပညာရှိမြတ် မဆည်းကပ်က အသိအလိမ္မာ မရှိပါ။ ထိုအခါ ပူဆာနောင်တ ရလိမ့်မည်။

(10)သူတော်တရား မကျင့်ပွားက သေခါနီးရာ ထိုအခါ ပူဆာနောင်တ ရလိမ့်မည်။
(အရှင်သံဝရာလင်္ကာရ /ဓမ္မပီယဆရာတော်)
 
နောင်တ(၁၀)ပါး
--------------------

(1) ငယ်စဉ်အခါ ပညာမရှာ ကြီးခါဆင်းရဲမည်။ ဆင်းရဲသောအခါ စိတ်ပြင်းစွာ ပူဆာနောင်တ ရလိမ့်မည်။

(2)ငယ်စဉ်အခါ ဥစ္စာမရှာ ကြီးခါဆင်းရဲမည်။ ဆင်းရဲသောအခါ စိတ်ပြင်းစွာ ပူဆာနောင်တ ရလိမ့်မည်။

*** `ရဟန်းသံဃာကိုဝေဖန်ကောင်းပါသလား ***






*** `ရဟန်းသံဃာကိုဝေဖန်ကောင်းပါသလား *** ~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 သြစတေးလျနိုင်ငံရောက် ဆရာဝန်တစ်ဦးက ``ဘုန်းကြီးတွေ ဝေဖန်ရင် ငရဲကြီးတယ် အပြစ်ဖြစ်တယ်ဆိုတာ ဟုတ်သလား။ လူပုဂ္ဂိုလ်တွေက ဘုန်းကြီးတွေကို လုံးဝေ၀ဖန်ပိုင်ခွင့် မရှိဘူးလား´´ဆိုပြီး မေးမြန်းပါတယ်။

'' ခန္ဓာ = အပူမီး "


 Photo: '' ခန္ဓာ = အပူမီး "
★★★★★★★★
ခန္ဓာရှိနေသ၍တော့ သူ့ကို နေ့စဉ် ရှာကျွေး နေရတယ်။
မကျွေးလို့လည်း မရ၊ အဝတ်အစား တွေလည်း သူ့ကို
အမျိုးမျိုး ဝတ်ဆင်ပေးရ၊ လူသုံးကုန် မှန်သမျှ တို့နှင့် သူ့ကို လုပ်ပေး နေရတာပါ။ 
သူ့ကို ဒီလောက် လုပ်ကျွေး နေတာတောင် ပျိုလာလား?၊ အိုလာလား? ဆိုတော့
တဖြည်းဖြည်း လုပ်ကိုင် ရှာဖွေရင်း နဲ့ အိုလာ၊ အိုလာပြီးရင် ဟိုရောဂါလေး ရလိုက် ဒီရောဂါလေး ရလိုက်နှင့် နောက်ဆုံးမှာ ရောဂါကြီး ရပြီး အိပ်ရာထဲမှာ လှဲ.. ပြီးရင် နောက်ဆုံးမှာတော့ သေပွဲနှင့် ဝင်ရတယ်။ ဒီခန္ဓာ ရတဲ့ သူတိုင်းဟာ သေရမဲ့ သူချည်းဘဲ့။ လွတ်သွားတဲ့သူ တစ်ယောက်မှ မရှိဘူး။ တအားချမ်းသာ ပါတယ်ဆိုတဲ့ သူတွေတောင် ခု ရောဂါတွေ ရပြီး အိပ်ရာထဲမှာ လှဲနေကုန်ပြီ။

" သေမင်းခန္ဓာ "
★★★★★★★★
ကိုယ့်မိဘ ဖိုးဖွား ဘီဘင်တွေလည်း အိုပြီး ရင် သေသွား
ကြကုန်ပြီ။ ကိုယ်တိုင်လည်း သေရဦးမယ်။ နောက် ကိုယ်မွေး လိုက်တဲ့ သားသမီးမြေးမြစ် တွေလည်း သေရဦးမယ်။ ဟိုး အဆင့်ဆင့် ကြည့်လိုက်ရင်
မြေးမြစ်က မွေးတဲ့ ကလေးတွေ တီတွတ် ကျွတ်တွေလည်း ဒီ“အိုနာသေ” လမ်းစဉ် တွေချည်းပါ။ အကုန်သေ ကြရမှာပဲ့။ 
လွတ်သွားတဲ့သူ တစ်ယောက်မှ မရှိဘူး။ (ဘာကြောင့်လဲ? ခန္ဓာ ရှိနေလို့ပါ။) 
ခန္ဓာ မရှိရင် သေဒုက္ခ မရှိတော့ဘူးပေါ့။

တချို့ ဒါနလှူဒါန်း နေကြတဲ့ အထဲမှာ လူချမ်းသာ နတ်ချမ်းသာ ဟိုဒီ ချမ်းသာတွေ ဖြစ်ချင် နေကြတယ်။ဖြစ်ချင်နေတာက တဏှာ လောဘပါ။ ဒီခန္ဓာက လောဘ တည်ထောင်ထားတဲ့ ခန္ဓာကြီး။ လောဘကြောင့် ဒီခန္ဓာ ပြန်တောင်းရင် အိုနာသေ ဆိုတဲ့ သောကမီးတွေ၊ လောကဓံ တရားတွေ၊ ကို ပြန်တောင်းနေသလိုပါပဲ့။ ထိုကြောင့် ဆင်းရဲ ဒုက္ခတွေ လွတ်နိုင်ပါ့ဦးမလား။

လူဖြစ်ဖြစ်၊ နတ်ဖြစ်ဖြစ်၊ အပ္ပာယ်ဘုံသားဖြစ်ဖြစ် သူ့ခန္ဓာနှင့်သူ၊ သူ့နေရာနှင့် သူ၊ဆင်းရဲနေကြပါတယ်။ ဒီခန္ဓာ ဝဋ်ဆင်းရဲ ရနေသ၍ ကာလပတ်လုံး
ဒုက္ခမျိုးစုံ ခံနေရဦးမှာပါ။ 
ဒါဟာ “သဘာဝ” တရားလို့ခေါ်တယ်။

အတိတ်ဘဝက ဒီခန္ဓာကြီးကို “ဒုက္ခခန္ဓာ” “အိုနာသေ ခန္ဓာကြီး” ဆိုတာ မသိခဲ့ဘူး။ လူချမ်းသာ ဖြစ်ရပါစေဟုဆုတောင်းပြီး ကုသိုလ်ကြောင့် ယခု လူချမ်းသာ လာဖြစ်တော့လည်း ထုံးစံအတိုင်း လူ့သောကမီးတွေ နဲ့ တောက်လောင်နေကြရပြီး အိုနာသေနှင့် ပြန်ကြုံ ရပြန်တယ်။

သူ့ကိုမကျေနပ် ငါ့ကိုမကျေနပ်၊ သူ့ကို တစ်မျိုး ငါ့ကို တစ်မျိုး၊ 
သူ့ကို မျက်စောင်းထိုး ငါ့ကို မျက်စောင်းထိုး၊
သူဦးငါယူ ငါ့ဟာ သူယူနှင့် အမျိုးမျိုးတွေ ဖြစ်နေကြတဲ့
လောကကြီးထဲမှာ ရှိနေတာ မှန်သမျှသည် လူတွေရဲ့ အမှု တွေချည်းပဲ့။ ခန္ဓာရှိနေသမျှတော့ လူတွေဟာ အပူမီး တွေချည်းပါ။ ဒီ အိုနာသေခန္ဓာ အပူမီးကြီး ပြန်မရအောင်ငြိမ်းအေးတဲ့ နိဗ္ဗာန် ရောက်ကြောင်း ကုသိုလ်တရားတွေ ပြုလုပ်သင့်တယ်။

မိမိတို့ ဒါနပြုရာမှာလည်း “နောက်ခန္ဓာ ပြန်မရတော့တဲ့” ကုသိုလ်မျိုး ဖြစ်အောင် နိဗ္ဗာန်ကို ဆုတောင်းပြီး လှူစေချင်တယ်။“ဒီခန္ဓာ ပြန်မရအောင်” လုပ်တဲ့ ကုသိုလ် မျိုးကြတော့ ဘုရားပွင့်လာမှ လုပ်လို့ ရတာပါ။ ဘုရားပွင့်ပြန် ရင်လည်း ဆရာကောင်း သမားကောင်း နည်းပေးကောင်းနှင့် ကြုံမှ ရတယ်။

ဆရာကောင်း မတွေ့ခဲ့တဲ့ သူတိုင်း ဒီခန္ဓာ ပြန်ရစေမဲ့ ဝဋ်လည်တဲ့ ကုသိုလ်ချည်းပဲ့ လုပ်ခဲ့တာပါ။သစ္စာသိတဲ့ ဆရာမျိုးမှ ဒီကုသိုလ်က အဖန်ဖန်တလဲလဲ “အိုနာသေပွဲ” ချည်းပြန်ရမဲ့ ကုသိုလ်။ဒီကုသိုလ်မျိုးကတော့ ခန္ဓာမရှိတဲ့အတွက် အိုနာသေပွဲနှင့်
လွဲရမဲ့ ကုသိုလ်ဆိုပြီး ဝဋ်ကျွတ်မဲ့ ကုသိုလ်ကို လုပ်ပေးပါတယ်။

ထိုကြောင့် ဘုရားပွင့် သာသနာနှင့်လည်း လာကြုံ၊ ဆရာသမားကောင်း တွေနှင့်လည်း တွေ့ကြုံနေရတဲ့ အခိုက် ဒီခန္ဓာ အပူမီးမှ လွတ်ကင်းအောင် ဝိပဿနာတရားအားထုတ်ရန် တိုက်တွန်းလိုက်ပါတယ်။

မေဃဝတီ ဆရာတော်... (မြိတ်)
 
'' ခန္ဓာ = အပူမီး "
★★★★★★★★

ခန္ဓာရှိနေသ၍တော့ သူ့ကို နေ့စဉ် ရှာကျွေး နေရတယ်။
မကျွေးလို့လည်း မရ၊ အဝတ်အစား တွေလည်း သူ့ကို
အမျိုးမျိုး ဝတ်ဆင်ပေးရ၊ လူသုံးကုန် မှန်သမျှ တို့နှင့် သူ့ကို လုပ်ပေး နေရတာပါ။

" ကြွေးမွေးဧည့်ခံရာတွင်"

Photo: " ကြွေးမွေးဧည့်ခံရာတွင်"
★★★★★★★★★★★
တကယ်တော့ မိမိမွေးနေ့ဟာ သူတစ်ပါးရဲ့ သေနေ့ မဖြစ်သင့်ဘူး ဒကာကြီး။
ဦးပဉ္စင်း စဉ်းစားမိတယ်။မင်္ဂလာဆောင်ကြတယ်ဆိုတာ
မိန်းမနဲ့ယောက်ျား အကြင်လင်မယားအဖြစ် ရာသက်ပန်ပေါင်းကြရအောင်
ပွဲလမ်းသဘင်ခင်းကျင်းပြီး ကောင်းအောင်ကျွေးမွေးကြတာမဟုတ်လား။
လူတွေမှာတော့ လင်မယားအဖြစ်နဲ့ ပေါင်းသင်းကြတဲ့ပွဲကြီးမှာ
ကြက်တွေ၊ ဝက်တွေကျတော့ သားမယားနဲ့ကွဲပြီး
အသေဆိုးနဲ့သေရတဲ့နေ့ကြီး ဖြစ်နေပြီ ဒကာကြီး။
လူတွေဘက်ကကြည့်ရင် ပျော်စရာကောင်းသလောက်
တိရစ္ဆာန်ဘက်ကကြည့်ရင် ဝမ်းနည်းစရာ၊ ကြေကွဲစရာ၊
ရင်နာစရာ ကောင်းလှပါတယ်။

ဒီလောက်ထိ တစ်ဖက်သတ်ဆန်တဲ့ မတရားမှုကြီးကို
အသိဉာဏ်ရှိပါတယ်ဆိုတဲ့ လူတွေက ဘာ့ကြောင့်ကျင့်သုံးနေကြတာလဲ။
မသိကြလို့လား။ဒါမှမဟုတ် သိလျက်နဲ့ လျစ်လျူရှုပြီး ကျင့်သုံးနေကြတာလားဆိုတာ
ဦးပဉ္စင်းဖြင့် စဉ်းစားရခက်နေပြီ ဒကာကြီးရယ်။


{အရှင်မဏ္ဍလ (အင်ကြင်းပင်) ဆရာတော်}
~~~~~~~~~~~~~~~~~~~~~~~~~

" အလှူပွဲနှင့် သားငါးဟင်းလျာ"
★★★★★★★★★★★★★★

အလှူဒါနပြုလုပ်ရန် အလှူရှင်က အသားငါးများ
 ကြိုတင်မှာယူထားတာဟာ အသတ်ခိုင်းတာနဲ့ အတူတူပါပဲ။
အသတ်ခိုင်းရာကျရုံမက သတ်တာကို သဘောတူရာလည်း ရောက်တဲ့အတွက် အလှူရှင်ဟာ ပါဏာတိပါတကံကျူးလွန်ရာ ရောက်နေပါတယ်။
ဒါကြောင့် အလှူရှင်မှာ အပြစ်ရှိတယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

သည်သဘောကိုနားလည်ကြတဲ့ ယနေ့ အချို့အလှူရှင်များဟာ
အလှူအတန်းပြုရာ၌ ဒံပေါက်ထမင်းများ၊ သားငါးဟင်းများ၊ သားစိမ်းငါးစိမ်းများကို ကြိုတင်မှာယူထားခြင်းမျိုးကို ရှောင်ကြဉ်ပါတယ်။ဘယ်သူ့အတွက်ရယ်လို့ ရည်ရွယ်မထားဘဲလာဝယ်ရင် ရောင်းဖို့ပဲဆိုပြီး စီးမံထားတဲ့ ဈေးထဲမှာရှိနေတဲ့
သားဟင်းငါးဟင်းများ၊ သားစိမ်းငါးစိမ်းများကို ဝယ်ယူတာမျိုးကတော့
အပြစ်မရှိပါဘူး။သည်လို ကြိုတင်မှာယူတာမျိုးဟာ ကုသိုလ်လုပ်ရင်းနဲ့
အကုသိုလ်ဖြစ်သွားရတာဖြစ်ပါတယ်။အလှူကြီးရင် ကြီးသလောက်
တန်ဖိုးကြီးပေးပြီး ငရဲကိုဝယ်ယူရာရောက်ပါတယ်။

{ဟံသာသီရိဆရာတော်ကြီး}
~~~~~~~~~~~~~~~~~~~~~~~~~

" ပြုပြင်စရာတွေ"
★★★★★★★★
အဲဒီပွဲတွေ ကျင်းပပြီဆိုရင်
ဝက်တွေသတ်၊ ကြက်တွေသတ်၊ နွားတွေသတ်နဲ့
သူတို့ ကုသိုလ်တွေထဲမှာ ဒီသတ္တဝါတွေက ဝင်သေပေးနေကြရ၊
အချောင်အဆစ်ပါနေကြရတယ်။
သဘာဝမကျလိုက်တာ။
အဲဒါတွေဟာ ပြုပြင်ကြရမှာတွေပဲ။
လမ်မှန်းရောက်အောင် ပြောပေးရမှာ၊
အသိမှန်ရအောင်ပြုပြင်ပေးကြရမှာပဲ။
ဒီလမ်းစဉ်ကြီးက ရိုးနေပြီဆိုပြီး မပြင်ဘဲနေလို့မဖြစ်ဘူး။
ဆိုးသည်ထက်ဆိုး၊ နစ်သည်ထက် နစ်ကုန်ကြမှာပေါ့။

(အရှင်ဇနကာဘိဝံသဆရာတော်ကြီး)
~~~~~~~~~~~~~~~~~~~~


မင်းနန်(မော်ကျွန်း)
ဆရာတော်ကြီးများ၏ သြဝါဒတော်များပေါင်းချုပ် (နှာ - ၅၉၄, ၂၁၅)မှ
ကောက်နုတ်ပူဇော်ပါသည်။

Dhamma Dãna Source : ထေရဝါဒ ရနံ့

 " ကြွေးမွေးဧည့်ခံရာတွင်"
*********************

တကယ်တော့ မိမိမွေးနေ့ဟာ သူတစ်ပါးရဲ့ သေနေ့ မဖြစ်သင့်ဘူး ဒကာကြီး။ဦးပဉ္စင်း စဉ်းစားမိတယ်။မင်္ဂလာဆောင်ကြတယ်ဆိုတာ
မိန်းမနဲ့ယောက်ျား အကြင်လင်မယားအဖြစ် ရာသက်ပန်ပေါင်းကြရအောင်ပွဲလမ်းသဘင်ခင်းကျင်းပြီး

 ကောင်းအောင်ကျွေးမွေးကြတာမဟုတ်လား။

Tuesday, January 28, 2014

*** ဆွမ်းတော် စွန့်ခြင်း ပြဿနာ ***



 *** ဆွမ်းတော် စွန့်ခြင်း ပြဿနာ *** 
အရှင်ဘုရားတပည့်တော်မမေးချင်တာလေးရှိလို့ပါဘုရား အရှင်ဘုရားဖြေပေးမယ်ဆိုရင် တကယ်ကို ဝမ်းသာမိမှာပါဘုရား။

*** ဒေါသတွေဘာလို့ဖြစ်ဖြစ်နေရတာလဲ ****




ဒေါသတွေဘာလို့ဖြစ်ဖြစ်နေရတာလဲ
====================

ငြိမ်းအေးသော ဘ၀ပိုင်ရှင်ဖြစ်ဖို့အတွက် နောက် အရည်အသွေးတစ်ခုကတော့ "ဒေါသကင်းခြင်း၊ သို့မဟုတ် စိတ်မှာ အမျက်မပါခြင်း " ဆိုတဲ့ အရည်အသွေးပါပဲ။

{လူ့ ဘ၀ကြီး၏အကြီးမားဆုံးသော အသိတရား(၁၄)ချက် }

Photo: {လူ့ ဘ၀ကြီး၏အကြီးမားဆုံးသော အသိတရား(၁၄)ချက် }

၁။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ရန်သူသည် မိမိကိုယ်တိုင် ပင်ဖြစ်သည်။ 

၂။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ဆုံးရှုံးခြင်းသည် မိမိဧ။် မာနကြောင့်ဖြစ်သည်။ 

၃။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော အသိမဲ့ခြင်းသည် မိမိ ကိုယ့်ကိုမိမိ လိမ်လည်နေ ခြင်းဖြစ်သည်။ 

၎။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ၀မ်းနည်းရခြင်းသည် မိမိဧ။် မနာလို ၀န်တိုသော စိတ် ကြောင့်ဖြစ်သည်။ 

၅။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော မှားယွင်းမှု လုပ်ရပ်သည် မိမိဧ။် စိတ်ဓာတ်ကျဆင်း ခြင်းကြောင့်ဖြစ်သည်။
 
၆။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ပြစ်မှုပြုခြင်းသည် မိမိဧ။် အနိုင်ကျင့်လိုသော စိတ်ဓာတ် ကြောင့် ဖြစ်သည်။ 

၇။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော သနားစရာကောင်းခြင်းသည် မိမိဧ။် စိတ်အားငယ်မှု ဖြစ်သည်။ 

၈။ လူ့ဘ၀ဧ။် အကြီးမားဆုံးလေးစားခံရခြင်း သည် မိမိဧ။် ကြံ့ခိုင်သည့် စိတ်ဓာတ် ဖြစ်သည်။
 
၉။ လူ့ဘ၀ဧ။် အကြီးမားဆုံး စီးပွားပျက် ရခြင်းသည် မိမိဧ။် ကိုယ်ပိုင်အနာဂတ် မျှော်လင့်ချက် ကင်းမဲ့ခြင်း ကြောင့်ဖြစ်သည်။ 

၁၀။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ချမ်းသာရခြင်းသည် မိမိဧ။် ကျန်းမာရေး ကောင်းမွန်ခြင်း ဖြစ်သည်။ 

၁၁။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော အကြွေးသံသရာ ဖြစ်ခြင်းသည် လူမှုရေး အကြွေးသံသရာ ဖြစ်သည်။ 

၁၂။လူ့ဘ၀ဧ။် အကြီးမားဆုံးသော လက်ဆောင်မွန်သည် မိမိဧ။် သည်းခံခွင့် လွတ်တတ်သော စိတ်ဓာတ် ဖြစ်သည်။ 

၁၃။လူ့ဘ၀ဧ။် အကြီးမားဆုံးသော လိုအပ်ချက်သည် မိမိဧ။် အကြင်နာတရား မေတ္တာ စိတ်ဓာတ် ဖြစ်သည်။ 

၁၄။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ပီတိသည် အလှူဒါန ပြုခြင်း ဖြစ်သည်။ 

အားလုံးရွှင်လန်းကြပါစေ……



{လူ့ ဘ၀ကြီး၏အကြီးမားဆုံးသော အသိတရား(၁၄)ချက် }

၁။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ရန်သူသည် မိမိကိုယ်တိုင် ပင်ဖြစ်သည်။


၂။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ဆုံးရှုံးခြင်းသည် မိမိဧ။် မာနကြောင့်ဖြစ်သည်။

♣♣♣ သေခြင်းလေးမျိုး ♣♣♣


 


♣♣♣ သေခြင်းလေးမျိုး ♣♣♣ 
(နတ်တို့ သေခြင်းလေးမျိုး)
အဋ္ဌကထာဆရာတော်က နတ်တို့ရဲ့ သေခြင်း လေးမျိုးကို ဖော်ပြထားတယ်။

Sunday, January 26, 2014

ဇဋိလ၏ မှားယွင်းခဲ့သော သံသရာခရီး။

.သံသရာခရီးသွားရင်း အမှားလုပ်မိတဲ့ ပုဂ္ဂိုလ်တွေဟာ ဘယ်ပုံဒုက္ခ ရောက်ကြတယ်ဆိုတာ

မှတ်သားပြီး အမှားမလုပ်မိအောင် သတိဆောင်ကြဖို့ လိုပါတယ်။ သံသရာခရီး သွားနေတဲ့ ပုဂ္ဂိုလ်
တိုင်းဟာ အမှားလုပ်မိတတ်ကြပါတယ်။