မဟာတိလောက မှန်ကူသွန်း ဘုရားကြီး အ၀င်မုခ်ဦး
မဟာတိလောက မှန်ကူသွန်း ဘုရားကြီး
မဟာတိလောက မှန်ကူသွန်းဘုရားကြီး ပရ၀ဏ်အတွင်းရှိ ရုပ်ပွားတော်
မဟာတိလောက မှန်ကူသွန်းဘုရားကြီး ပရ၀ဏ်အတွင်းရှိစေတီတော်
မဟာတိလောက မှန်ကူသွန်းဘုရားကြီး သမိုင်းကျောက်စာ
မဟာတိလောက မှန်ကူသွန်းဘုရားကြီး သမိုင်းကျောက်စာ
နမောတဿ ဘဂ၀တော အရဟတော သမ္မာ သမ္ဗုဒ္ဓသ
ရန်ကုန်တိုင်း ၊ ကွမ်းခြံကုန်းမြို့။
မဟာတိလောကမှန်ကူသွန်းဘုရားကြီး သမိုင်းကြောင်း
ရန်ကုန်တိုင်း ၊ ကွမ်းခြံကုန်းမြို့ ၊ ကံကြီးပိုင်းရပ်ကွက် ၊ ဗိုလ်ချုပ်လမ်းတွင် အများပြည်သူများ လှူဒါန်းတည်ထားကိုးကွယ်ခဲ့ကြသော မြို့ကျက်သရေဆောင် မဟာတိလောကမှန်ကူသွန်းဘုရားကြီးသည် ( ၁၃၆၆ ) ခုနှစ် ၊ တပေါင်းလပြည့်နေ့ ( ခရစ်သက္ကရာဇ် ၂၀၀၅ -ခုနှစ် မတ်လ ( ၂၄ ) ရက်နေ့ ) တွင် နှစ်ပေါင်း ( ၁၀၀ ) ကာလပြည့်ခဲ့ပြီးဖြစ်ပါသည်။
ခရစ်သက္ကရာဇ် ( ၁၈၇၅ ) ခုနှစ်တွင် ကွမ်းခြံကုန်းရွာနှင့် တော်ပုလဲရွာ နှစ်ရွာပေါင်း၍ ကွမ်းခြံကုန်းမြို့အဖြစ် သတ်မှတ်ခဲ့ကြပြီး နှစ်ပေါင်း ( ၂၀ )ကျော်ကာလ ( ၁၂၆၂ ) ခုနှစ် ( ခရစ်သက္ကရာဇ် ) ပြည့်နှစ်တွင် မြို့၌ အများပြည်သူများ ကိုးကွယ်နိုင်စေရန် ရည်သန်၍ မြို့ပိုင် ဦးလူကလေး ၊ နှင့် မြို့လူကြီးများ ဖြစ်ကြသော ဦးရွှေခိုင် ၊ ဦးချမ်းမြ ၊ အမိန့်တော်ရရှေ့နေ ဦးနက် ၊ ဥိးထွန်းပင် ၊ ဦး ဆိုင် ၊ ဦးဘိုမင်း ၊ ဦးဘိုဆင် ၊ တိုင်သူကြီး ဦးအောင်ဒွန် တို့မှ ဘုရားကြီးတစ်ဆူတည်ထားကိုးကွယ်ကြရန် စတင်ကြိုးပမ်း ခဲ့ကြပါသည်။
မြန်မာသက္ကရ်ာဇ (၁၂၆၅ ) ခုနှစ်တွင် မဟာတိလောကမှန်ကူသွန်းဘုရားကြီး တည်ထားကိုးကွယ်ကြရန်အတွက် မြို့ပိုင် ဦးလူကလေးမှ ဦးဆောင်၍ ကွမ်းခြံကုန်းမြို့တောင်ပိုင်း ၊ မြောက်ပိုင်း ( ယခု ကော့မှုးမြို့နယ် ) အများပြည်သူများထံမှ ငွေကြေးများကို အလှူခံခဲ့ကြပါသည်။ ကွမ်းခြံကုန်းမြို့ရွာမပိုင်း (ယခု မြို့မပိုင်း ) ဦးရွှေခိုင် ၊ ဦးနက် ၊ ဦးချမ်းမြ တို့မှ ဘုရားကြီး တည်ထားကိုးကွယ်ရန်အတွက် ကံကြီးပိုင်းရပ်ကွက် မြေဧက ( ၁၅. ၆၇၂ )ဧက အားလှူဒါန်းခဲ့ကြပါသည်။
အများပြည်သူများလှူဒါန်းခဲ့ကြသော ကြေးပိဿာချိန် ( ၃၇၅၀ ပိဿာ ၂၇ ကျပ် ၅ မူးသား ) အားသန့်စင်ပြီးနောက် ( ၁၂၆၇ ) ခုနှစ် ၀ါဆိုလဆန်း ( ၁၃ ) ရက် ( ခရစ်သက္ကရာဇ် ၁၉၁၅ ခုနှစ် ၊ ဇူလိုင်လ ( ၁၃ )ရက် ကြာသပတေးနေ့ မွန်းတည့် ( ၁၂ ) နာရီအချိန်တွင် ပန္နက်တော်ချ၍ သွန်းဘုရားကြီး၏ မြေပုံတော် ဖယောင်းပုံတော်များ ပြုလုပ်ကြပြီး ကြိုးပမ်းဆောင်ရွက်ခဲ့ကြရာ ( ၁၂၇၀) ခုနှစ် ၊ တပေါင်းလဆန်း ( ၁၅ ) ရက် ( ၁၉၀၆ ) ခုနှစ် ၊မတ်လ ( ၁ ) ရက် ကြာသပတေးနေ့ ည တွင် ကြေးများကို သွန်းလောင်းခဲ့ကြသည်။ ဘုရားကြီး၏ မျက်နှာတော် မှာလည်း ၀င်းလတ်သည်အထိ ရွှေများနှင့် ရောစပ်ကြိုထားသော ကြေးများကို သွန်းလောင်းခဲ့ကြပါသည်။
( ၁၂၆၈ )ခုနှစ် ၊ ၀ါဆိုလပြည့်ကျော် ( ၄ ) ရက် ၊ ( ၁၉၀၆ ခုနှစ် ဇူလိုင်လ ( ၈ ) ရက် ၊ တနင်္ဂနွေနေ့တွင် အောင်မြင်စွာသွန်းလောင်းပြီးစီး၍ ဗုဒ္ဓတိသေက အနေကဇာတင်ခဲ့ကြပါသည်။ သွန်းဘုရားကြီး၏ ဥာဏ်တော်မှာ ဓမ္မစက်မှ စ၍ အမြင့် ( ၁၂ ' ၅ " )ရှိပါသည်။
သွန်းဘုရားကြီးကိန်းဝပ်စံပယ်တော်မူရန် ပလ္လင်တော်ကြီးကိုလည်း ရွာမပိုင်မှ လယ်ပိုင်ရှင် ဦးရေအေး + ဒေါ်သောင်း မိသားစုတို့မှ လှူဒါန်းခဲ့ကြပြီး ဂန္ဓကုဋီတိုက်နှင့် အာရုံခံတန်ဆောင်းကြီးကို ရန်ကုန်မြို့ မော်တင်လမ်းမှ ဦးချမ်းမြ+ ဒေါ်မေ (သား) ဦးဧမောင် (သမီး ) ဒေါ်ဧညွန့် မိသားစုနှင့် ကွမ်းခြံကုန်းမြိုက တိုက်သူကြီး ဦးအောင်ဒွန်+ဒေါ်မေကြီး မိသားစုတို့မှ လှူဒါန်းခဲ့ကြသည်ဟု ကမ္ဗည်း မော်ကွန်းများအရ သိရှိခဲ့ရပါသည်။
ကွမ်းခြံကုန်းမြိုက တောင်ဘက်လမ်း (ယခု မင်းသုဝဏ္ဏလမ်း ) မှ ဦးထွန်း+ဒေါ်မိ (သရာကြီး မင်းသုဝဏ် (ညီမ) ဆရာမကြီး ဒေါ်နုယဉ် တို့၏ စိန်မြှား မိသားစုတို့မှ သွန်းဘုရားကြီး၏ ရှေ့မျက်နှာတွင် အရန်တိုက် ( ၂ ) ဆူ တည်ထားကိုးကွယ်ရန်အတွက် စကျင်ကျောက်တောင်ရှိရာ မတ္တရာမြှိုနယ် စကျင်ကျောက်ဆင်းတု ( ၂ ) ဆူအား အပ်နှံ၍ အကြမ်းထုလုပ်စေပြီး မန္တလေးမြို့တွင် အချောမွမ်းမံ၍ ရန်ကုန်မြိုကမှ တစ်ဆင့် ကွမ်းခြံကုန်းမြို့သို့ သဘောင်္ဖြင့် ပင့်ဆောင်ခဲ့ပါသည်။
၎င်းကျောက်ဆင်းတုတော် ( ၂ )ဆူ ကို ( ၁၂၇၆ / ၁၂၇၇ ) ခုနှစ်များတွင် ဂန္ဓကုဋီတိုက်ရှေ့အပြင်နရံ ( ၂ )ဘက်တွင် မှန်စီရွှေချပလ္လင်တော်များဖြင့် တည်ထားကိုးကွယ်ခဲ့ကြပါသည်။ ၎င်းအချိန် မန္တလေးမှ ကွမ်းခြံကုန်းအထိ ကျောက်ဆင်းတုတော် ( ၂ ) ဆူနှင့် သယ်ယူခ အပါအ၀င် ကုန်ကျငွေမှာ ( ၅၂၀၀ /ိ ) ဖြစ်ပါသည်။
အကိုဖြစ်သူ ဦးလွန်းပင်မှ အရံဘုရား ( ၂ )ဆူ တည်ပြီးသောအခါ ညီမဖြစ်သူ ဒေါ်ပိန်သေးမှ လည်း အရံဘုရားတစ်ဆူတည်ထားကိုးကွယ်လိုသည်ဟု တိုင်ပင်လာသောကြောင့် ( ၁၂၇၇ ) ခုနှစ် တွင် ဦးရွှေဖုန်း+ ဒေါ်ပိန်သေး ( သမီး ) ဒေါ်ထွေးရင် မိသားစု တို့မှ ဂန္ဓကုဋီတိုက် နောက်ကြောဘက်တွင် ရွှေသာလျောင်းဘုရားကြီးအား ထုလုပ်ကိုးကွယ်ခဲ့ပါသည်။ ထိုစဉ်ကာလတွင် ဦးလွန်းပင်သည် ဘုရားကြီး၏ ဘဏ္ဍာတော်ထိမ်းလူကြီး တာဝန်ထမ်းဆောင်ခဲ့ပါသည်။
ဂန္ဓကုဋီတိုက်အရှေ့ဘက်နှင့် အနောက်ဘက်နံရံတွင် တင်ပလ္လင်ခွေဘုရား ( ၂ ) ဆူစီ တည်ရှိကြပြီး အရှေ့ဘက်မှ ဘုရားတစ်ဆူမှာ ဘုရားဒါကာမကြီး ဒေါ်ငွေပွင့် ဖြစ်ပြီး ကျန်ဘုရား (၃ ) ဆူ၏ မှတ်တမ်းများ မတွေ့ရပါ။ သွန်းဘုရားကြီးတွင် မကိုဋ်လက်နှင့် ရွှေစင် (၃၂ )ကျပ်သားခန့် နဖူးသင်းကျစ်တော် တို့ကို (မှတ်တမ်းကမဗည်းမတွေ့ပါ။ ) ပူဇော်ထားကြပါပြီး အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာမှ ပင့်ဆောင်လာသော ဗောဓိပင်ကိုလည်း သွန်းဘုရားကြီး၏ အရှေ့ဘက်တွင် စိုက်ပျိုးပူဇော်ထားပါသည်။
( ၁၂၉၃ ) ခုနှစ်တွင် ဦးလူရှန်+ ဒေါ်ခန့်ကြီး မိသားစုတို့မှ သွန်းဘုရားကြီး၌ ရွှေစလွယ်တော်ကြီးကို လှူဒါန်းခဲ့ကြပြီး ( ၁၃၁၇ ) ခုနှစ်တွင် တိုက်သူကြီး ဦးအောင်ဒွန်+ ဒေါ်မေကြီး တို့၏သား အမိန့်တော်ရ ရှေ့နေ ဦးဘချို+ ဒေါ်ဒေါ်မိုး သားသမီးတစ်စုတို့မှ အာရုံခံတန်ဆောင်းတော်ကြီးကို ပြုပြင်မွမ်းမံခဲ့ပါသည်။ ( ၁၃၁၈ )ခုနှစ်တွင် ဆန်စက်ပိုင်ရှင် ဦးပြုံးချို+ ဒေါ်ပုဝါး မိသားစုတို့က ပလ္လင်တော်ကြီးကို မွမ်းမံပြင်ဆင်ခဲ့ကြပြီး ကွမ်းခြံကုန်းမြို့ ၊ မကျီးတန်းရပ် ဦးအုံးမောင် + ဒေါ်မြကျင် ( သမီး ) ဒေါ်ယဉ်ယဉ်မြတ် တို့မှလည်း မိဘများလှူဒါန်းခဲ့သော ရွှေစလွယ်တော်ကြီးကို ရွှေသင်္ကန်းများ ကပ်လှူခဲ့ပါသည်။
ဗိုလ်ချုပ်လမ်းမကြီးမှ သွန်းဘုရားကြီး၏ ဂန္ဓကုဋီတိုက်အထိ မုခ်ဦးအာရုံခံတန်ဆောင်အဆင့်အဆင့်နှင့် စောင်းတန်း ( ၅၅၀ - ခန့် ) ကြီးကိုလည်း အများစုပေါင်းတည်ဆောက်လှူဒါန်းခဲ့ကြပါသည်။ မုခ်ဦးထိပ်ခြင်္သေ့ရုပ်ထု ( ၂ ) ခုကိုလည်း ကွမ်းခြံကုန်းမြို့ မကျီးတန်းရပ်မှ ဦးပန်းသီး + ဒေါ်ထယ် မိသားစုနှင့် ဈေးပိုင်းရပ်ကွက်မှ ဦးလှဘော် + ဒေါ်သိန်းစင် မိသားစုမှ လှူဒါန်းခဲ့ကြပါသည်။
စေတီတော်ကိုဆက်လက်တာဝန်ယူဆောင်ရွက်ခဲ့ကြသော
ဂေါပကအဖွဲ့များမှလည်း သွန်းဘုရားကြီးအား ထိမ်းသိမ်းစောင့်ရှောက်လာခဲ့ကြပါသည်။ ( ၁၉၈၀ ) ခုနှစ် နောက်ပိုင်းတွင် ဂေါပကအဖွဲ့နှင့် မြို့မိ ၊ မြို့ဖ ဥပဌာက အဖွဲ့များပူးပေါင်း၍ ဈေးပိုင်းရပ်ကွက် မြို့မဈေး အလှူခံမဏ္ဍာပ်ဖြင့် အလှူခံများ ကောက်ခံကာ ၊ ဘုရားကြီး မွမ်းမံပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပါသည်။
အလှူရှင်များ လှူဒါန်းမှုများဖြင့် ဘုရားကြီး ပရ၀ဏ်အတွင်းရှိ သစ်သားတိုင်များအစား ကွန်ကရစ်တိုင်များဖြင့် အစားထိုးခြင်း ဂန္ဓကုဋီတိုက် နံရံများရှိ မှန်စီရွှေချများအား အသစ်ပြုပြင်ခြင်း ၊ ရွှေသာလျောင်း ဆင်းတုတော် နှင့် ဘေးအရံဘုရား ( ၄ ) ဆူအား မသမာများရန်မှ ကင်းဝေးစေရန် သံပန်းကျောင်းဆောင်တော်များ တည်ဆောက်ခဲ့ခြင်း ၊ သွန်းဘုရားကြီးနှင့် ရွှေသာလျောင်း ရုပ်ပွားတော်မြတ်အား ရွှေသင်္ကန်းများကပ်လှူခြင်း လုပ်ငန်းများအပါအ၀င် ဘက်စုံမွမ်းမံပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ကြပါသည်။
( ၁၉၈၉ ) ခုနှစ်တွင် ဂေါပကဥက္ကဌ ဦးကံအေးနှင့် အဖွဲ့မှ ဘုရားကြီးတိုးတတ်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြပါသည်။
( ၁၃၅၈ ) ခုနှစ် ပြာသိုလပြည့်နေ့တွင် ကွမ်းခြံကုန်းမြို့ ဈေးပိုင်ရပ်ကွက် ဦးဘမောင် + ဒေါ်အေးလျင် အားရည်စူး၍ သားသမီးများမှ တခွန်တိုင်နှင့် ရင်ပြင်တော် အသစ်တည်ဆောက်လှူဒါန်းခြင်း၊
( ၁၃၅၅ ) ခုနှစ် ( ၁၈. ၉. ၉၃ ) နေ့တွင် ကွမ်းခြံကုန်းမြို့ တောင်ဘက်ပိုင်းရပ်ကွက် ဓမ္မာရုံလမ်းမှ ဦးစိုးတင့် + ဒေါ်ခင်မေ မိသားစု တို့မှ ဘုရားကြီး၏ အနောက်တောင်ဒေါင့်တွင် ကိုးန၀င်းစေတီတော်အား တည်ထားကိုးကွယ်ခြင်း။
( ၁၃၅၆ ) ခုနှစ်တွင် ဦးစိုးတင့် +ဒေါ်ခင်မေ မိသားစုမှ မတည်၍ အများကောင်းမှုဖြင့် ဓါတ်တော် စေတိတော်တိုက်အား တည်ထားကိုးကွယ်ခြင်း။
( ၁၃၅၆ ) ခုနှစ် ( ၂၆. ၅.၉၄ ) တွင် ဆရာဦးမောင်မောင် ဦးစီးဦးဆောင်ပြု၍ ( ၇ ) ရက်သားသမီး များ ကောင်းမှုဖြင့် ဆင်စီး မြင်းရံ ကိန်းဝပ်အောင်တော်မူ ဆုတောင်းပြည့် အနန္တတန်ခိုးရှင်စေတီတော်အား ဘုရားကြီး၏ အရှေ့မြောက်ဘက်တွင် တည်ထားကိုးကွယ်ခြင်း။
( ၁၃၅၈ ) ခုနှစ်တွင် ရန်ကုန်မြို့ ဦးစုကုတ် + ဒေါ်ချိုဝါ မိသားစုတို့မှ မတည်၍ ဘုရားကြီး အရှေ့ဘက်တွင် ရှင်ဥပ္ပဂုတ္တမထေရ်ရုပ်ထုတော်ကျောင်းဆောင်နှင့် စင်္ကြန်လမ်းတို့ကိုတည်ဆောက်လှူဒါန်းခဲ့ကြပါသည်။ မြန်မာသက္ကရာဇ် ( ၁၃၆၂ )ခုနှစ် ၀ါခေါင်လဆန်း ( ၁၄ ) ရက် ( ၁၃.၈.၂၀၀၀ ) နေ့တွင် ကွမ်းခြံကုန်းမြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ သါန်းဘုရားကြီး၏ ဂေါပကအဖွဲ့ကို အောက်ပါအတိုင်း ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်။
၁ ။ ဦးမောင်မောင်ကြီး ( မင်းပိုင် ) ဥက္ကဌ
၂ ။ ဦးစံထွန်း ( တောင်ပိုင်း ) အဖွဲ့ဝင်
၃ ။ ဦးကုလား (ခ ) ဦးစံထွန်း ( တောင်ပိုင်း ) အဖွဲ့ဝင်
၎ ။ ဦးအော ( မြို့မ ) အဖွဲ့ဝင်
၅ ။ ဦးတင်ထွန်း ( မကျီးတန် ) စာရင်းစစ်
၆ ။ ဦးခင်မောင်ဦး ( မြို့မ ) ဘဏ္ဍာရေးမှုး
၇ ။ ဦးရှိန်ဝင်းမောင် အတွင်းရေးမှုး
ဥက္ကဌ ဦးမောင်မောင်ကြီး ဦးဆောင်သောဂေါပကအဖွဲ့သည် သက္ကရာဇ် ( ၂၀၀၀ )ပြည့်နှစ် သြဂုတ်လမှသည် ( ၂၀၀၅ ) ခုနှစ် ( ၁၀၀ )ပြည့် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပချိန်ကာလထိ အလှူရှင်များ စေတနာရှင်များနှင့် ပူးပေါင်း၍ သွန်းဘုရားကြီး၏ ဘက်စုံမွမ်းမံပြင်ဆင်မှု လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြပါသည်။
ဂေါပကအဖွဲ့၏ ကြိုးပမ်းအားထုတ်မှု အလှူရှင်များ၏ စေတနာထက်သန်စွာ လှူဒါန်းမှုတို့ဘေကာင့် မဟာတိလောကမှန်ကူသွန်းဘုရားကြီး အား ( ၂၀၀၀ )ခုနျစ် သြဂုတ်လမှ ( ၂၀၀၅ ) ခုနှစ် မတ်လ အထိ တန်ဘိုးငွေ ကျပ်
( ၄၅၇၃၈၅၀၃ ) ကျော်ဖြင့် ဘက်စုံမွမ်းမံပြင်ဆင်မှုများ ဆောင်ရွက်လာနိုင်ခဲ့ခြင်းကို မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။
**** ကမ္ဗည်းဆုတောင်း ****
(က ) လူသားအားလုံးတို့သည် ဘုရားရှင်၏ သာသနာတော်ကို သက်ဝငိနှစ်မြှပ်ယုံကြည် ကြပါစေသတည်း။
( ခ ) သာသနာတော်ကို ယုံကြည်သော ပုဂ္ဂိုလ်တွေ သန့်ရှင်းသော အကျင့်ဖြင့် နိဗ္ဗာန် အရသာကို ခံစား ၊စံစားနိုင်ပါစေသတည်း။
( ဂ ) ဤသာသနာကမ္ဘာမှာ ကြာကြာတည်ပါစေ ၊ နေရောင် လရောင် ပမာ ထွန်းတောက်ပါစေသတည်း။
ကွမ်းခြံကုန်းမြို့ မဟာတိလောကမှန်ကူသွန်းဘုရားကြီး၏ နှစ် ( ၁၀၀ )ပြည့် အထိမ်းအမှတ် ဤ ကမ္ဗည်းမော်ကွန်းကျောက်စာ တိုင်ကို ရေးထိုးခဲ့ပါသည်။ နောင်အစဉ်အဆက် ဂေါပကအဖွဲ့များ အလှူရှင်များ၏ သားစဉ်မြေးဆက်မှ မိမိတို့ ဘိုးဘွားမိဘများ လှူဒါန်းခဲ့ကြခြင်းကို သိရှိနိုင်ပါစေခြင်း အကျိုးငှာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ခဲ့ပါသည်။
မဟာတိလောကမှန်ကူသွန်းဘုရားကြီး ၏ သာသနာတော်သည် ယခုနှစ် ( ၁၀၀ ) ကာလမှသည် နောင်အနှစ်ထောင်ပေါင်း များစွာ အဓွန့်ရှည်၍ ထွန်းလင်းတောက်ပြောင်နိုင်ပါစေသတည်း။
ဂေါပကအဖွဲ့
မဟာတိလောကမှန်ကူသွန်းဘုရားကြီး ကွမ်းခြံကုန်းမြို့
မြန်မာသက္ကရာဇ် ( ၁၃၆၆ ) ခုနှစ် တပေါင်းလပြည့်နေ့
ခရစ်သက္ကရာဇ် ( ၂၀၀၅)ခုနှစ်မတ်လ ( ၂၄ )ရက်။
( ဗုဒ္ဓသာသနံစိရံတိဌတု )
ကျောက်စာစေတီ
နှစ်ဖက်မိဘများအားလုံးရည်စူး၍
ဦးညွန့်ရွှေ + ဒေါ်ဌေး (ဌေးမိသားစု)ကွမ်းခြံကုန်းမြို့ ။
မဟာတိလောကမှန်ကူသွန်းဘုရားသမိုင်းကျောက်စာမှ
ရေးသားတင်ပြထားပါသည်။
No comments:
Post a Comment