/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /http://4.bp.blogspot.com/-64lFCmprlo4/UlIK93uB36I/AAAAAAAAANM/xlqs8O3Iljg/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

မုံရွာမြို့နယ် ဗောဓိတစ်ထောင်သာသနာ့နယ်မြေ

 






 စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်ဗောဓိတစ်ထောင် သာသနာ့နယ်မြေသည် အထက်အညာသို့ ဘုရားဖူးသွားသူတိုင်း မရောက်လျှင် မဖြစ်သော နေရာထူး နေ ရာမြတ် ဖြစ်ပါသည်။ မုံရွာမြို့သို့ အလုပ်ကိစ္စဖြင့် သွားသူများပင် အချိန်လု၍ ဗောဓိတစ်ထောင်သို့ သွားကြပါသည်။ မုံရွာမြို့ သို့ ရောက်သော်လည်း ဗောဓိတစ်ထောင်သို့ မသွားလျှင် မုံရွာမြို့သို့ ရောက်သည်ဟု မပြောနိုင်ကြောင်း ဒေသခံများ၏ စကားကို ကျွန်တော်တို့ မှတ်သားထားပါသည်။

ကျွန်တော်တို့သည် ဗုဒ္ဓဘာသာဝင်များဖြစ်သဖြင့် ဗောဓိတစ်ထောင် ဆရာတော်အကြောင်း တစ်ဆင့်စကား တစ်ဆင့်နား ကြားဖူးကြ ပြီး ဗောဓိပင်တစ်ထောင် စိုက်ပျိုးသော ဆရာတော်ကို ဗောဓိတစ်ထောင်ဆရာတော်ဟု ခေါ်ခဲ့ကြပါသည်။ ဧက ၂၅ဝ ကျော် ကျယ် ဝန်းသော တောင်ကုန်းမြင့်ပေါ်တွင် ဆရာတော် စိုက်ပျိုးခဲ့သော ဗောဓိပင်များမှာ လက်ညှိုးထိုး မလွဲအောင် များပြားနေသော်လည်း ဗုဒ္ဓဘာသာဝင်များ၏ နှုတ်ဖျားတွင် ဗောဓိတစ်ထောင်စွဲနေသဖြင့် ယခုတိုင် ဗောဓိတစ်ထောင် ဆရာတော်၊ ဗောဓိတစ်ထောင် သာ သနာ့နယ်မြေဟုသာ ဆက်လက်ခေါ် နေခြင်း ဖြစ်ပါသည်။





တောင်ခြေတွင် ဘုရားဖူးကားများ ရပ်နားပြီးနောက် တောင်ပေါ်သို့မော့ကြည့်လိုက်သောအခါ ဥာဏ်တော်အတောင် ၁၅ဝ မြင့်ေ သာ  ရွှေတိဂုံပုံတူ အလံတစ်ရာအောင် စကြာစေတီတော်ကြီးနှင့် ဥာဏ်တော် ၄၂၄ ပေ မြင့်သော  လေးကျွန်းစကြာ ရပ်တော်မူ ရုပ်ပွားတော်ကြီးကို သစ်ပင်အုပ်များအထက်တွင် ဖူးရသဖြင့် ဘုရားဖူးများအားလုံး အပန်းဖြေကာ ရွှင်လန်းဝမ်းမြောက်နေကြပါသည် ။ တောင်ပေါ်တက်ရန် ဆိုင်ကယ်ကယ်ရီများ ရှိသော်လည်း ဘုရားဖူးအဖွဲ့တွင်ပါသော ပစ်ကပ်ကားဖြင့် ပို့ပေးသဖြင့် အဆင်ပြေခဲ့ပါ သည်။

ဘုရားဖူးအဖွဲ့တွင် ကလေး လူကြီး အရွယ်စုံပါသည့်အနက် အသက်အကြီးဆုံး ဖြစ်သော ဒေါ်ဒေါ်လှက ''ဗောဓိတစ်ထောင်ဘုရားတွေ ကို ဖူးချင်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဖူးခွင့်မရခဲ့ဘူး။ အခု အသက် ၇ဝ ကျော်မှ ဖူးရပေမယ့် သိပ်ဝမ်းသာတယ် ။ တောင်ပေါ်တက်ပြီး လေးကျွန်းစကြာ ရုပ်ပွားတော်ကြီးကို ဖူးပြီးရင် အမေ သေပျော်ပါပြီ'' ဟု ပြောခဲ့ပါသည်။ အခြားသော ဘုရားဖူး များသည်လည်း ဒေါ်ဒေါ်လှကဲ့သို့ပင် ခံစားမိလိမ့်မည် ထင်ပါသည်။

ဗောဓိတစ်ထောင် သာသနာ့နယ်မြေကို စတင်တည်ထောင်တော်မူသော ဆရာတော်မှာ ဘဒ္ဒန္တနာရဒ ဖြစ်ပါသည်။ ဆရာတော်ေ လာင်းလျာကို ၁၉၂၉ ခုနှစ်တွင် စစ်ကိုင်းတိုင်း အရာတော်မြို့၌ မွေးဖွားခဲ့ပြီး သာမဏေဘဝ၊ ရဟန်းဘဝတွင် ချောင်းဦးမြို့၊ မုံရွာမြို့၊ ပခုက္ကူမြို့များတွင် ပရိယတ္တိစာပေများ သင်ယူကာ ဝါတော် ၁ဝ ဝါရချိန်တွင် မုံရွာမြို့နယ် ဇတက္ကန်တောင်ရွာသို့ ပြန်ကြွလာပါ သည်။ ထို့နောက် အောင်စည်ကျော်ခိုက်၊ ဗောဓိစိုက်၊ သိုက်မြိုက်မော် ကွန်းအတည်ထွန်းဟူသော တဘောငနှင့်အညီ ၁၃၂၂ ခုနှစ် တွင် ဗောဓိပင် ၂၇ ပင်ကို စတင်စိုက်ပျိုးခဲ့ကြောင်း သိရပါသည်။ ထိုဗောဓိပင် ၂၇ ပင်သည် ဗောဓိတစ်ထောင် သာသနာ့ နယ်မြေကို စတင် ပန္နက်ချခြင်းဖြစ်ပြီး မြတ်စွာဘုရား၏ ဖွားဖက်တော် မဟာဗောဓိပင်များ အကြီးအကျယ် စိုက်ပျိုးလိုသော ဆရာတော်၏ ဆန္ဒ ပထမအကြိမ် အောင်မြင်ခြင်း ဖြစ်ပါသည်။

ဆရာတော် အရှင်နာရဒသည် ဗောဓိပင်များ တဖြည်းဖြည်း တိုးချဲ့စိုက်ပျိုးခြင်း၊ ရေလောင်းပေါင်းသင်ခြင်း၊ မေတ္တာဘာဝနာ ပွား များခြင်း၊ ဗုဒ္ဓါနုဿတိဘာဝနာ ပွားများခြင်း လုပ်ငန်းစဉ်ကို အချိန်ပြည့် ကြိုးပမ်းအားထုတ်ရင်း ဗောဓိပင်များ များပြားလာကာ စုစုပေါင်း ၁၃၄၅ ပင် ဖြစ်လာချိန်တွင် နိုင်ငံတစ်ဝန်း ဗောဓိတစ်ထောင် ဆရာတော်အဖြစ် ကျော်ကြားကာ မူလရွာသူကြီးဒကာ လှူခဲ့သော မြေ ၁၅ ဧကသည်လည်း ဧက ပေါင်း ၂၅ဝ အထိ ကျယ်ဝန်းလာခဲ့သည်။ ဗောဓိတစ်ထောင် သာသနာ့နယ်မြေတွင် စိုက်ပျိုးထားသော ဗောဓိပင်များမှာလည်း တစ်သောင်းကျော် ရှိလာကြောင်း သိရပါသည်။

ဆရာတော် အရှင်နာရဒသည် ဗောဓိပင်ကို အလွယ်တကူ မစိုက်ဘဲ တစ်ပင်နှင့်တစ်ပင် ၁ဝ တောင်ခန့်ခွာ၍ စိုက်ပြီး ဗောဓိပင်ရှေ့ တွင် ဥာဏ်တော် ၃ တောင်ခန့်ရှိသော ရုပ်ပွားတော်တစ်ဆူစီ တည်ထားရာ ဗုဒ္ဓဂယာရှိ မဟာဗောဓိပင်ရှေ့တွင် မြတ်စွာဘုရား သဗ္ဗညုတ ဥာဏ်တော် ရရှိပုံကို သတိရစေပါသည်။ ဗောဓိပင်သည် မြတ်စွာဘုရား သစ္စာလေးပါးကို ပိုင်းခြားထင်ထင် သိမြင်တော်မူ ရန် အမှီသဟဲပြုခဲ့သော သစ်ပင်ထူး သစ်ပင်မြတ်ဖြစ်သဖြင့် ပရိဘောဂစေတီအဖြစ် ပူဇော်ရန် မြတ်စွာဘုရား ကိုယ်တော်တိုင် ခွင့်ပြုတော် မူခဲ့ပါသည်။ ထို့ကြောင့် ဆရာတော် အရှင်နာရဒ ဗောဓိပင်များ ထောင်သောင်းချီ၍ စိုက်ပျိုးခြင်းသည် မြတ်စွာဘုရား၏ သဗ္ဗညုတဥာဏ်တော်ကို ရိုသေလေးမြတ်စွာ ပူဇော်ခြင်း ဖြစ်သည်ဟု ဆိုနိုင်ပါသည်။

ဆရာတော် အရှင်နာရဒသည် ဗောဓိပင်များကို အပင်ပန်းခံ၍ စိုက်ပျိုးနေစဉ်မှာပင် ဗောဓိတစ်ထောင် သာသနာ့နယ်မြေတွင် စေတီေ တ်ာများ၊ ရုပ်ပွားတော်များ တည်ထားကိုးကွယ်ရန် ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။ မင်းတုန်းမင်းကြီး၏ လှံတော် နှင့် ပတ္တမြား ဌာပ နာသော ရွှေလှံတော်စေတီကို ၁၃၂၅ ခုနှစ်တွင် တည်ခဲ့ပြီး သံသရာအေး ရုပ်ပွားတော်ကြီးကို ၁၃၃ဝ ပြည့်နှစ်၊ ဒီပါအေးစေတီကို ၁၃၃၉ ခုနှစ်တွင် ဆက်လက်တည် ထားတော်မူခဲ့ပါသည်။ ထို့နောက် ၁၃၄၁ ခုနှစ်တွင် ဥာဏ်တော် အတောင် ၁၅ဝ၊ ဖိနပ်တော် အကျယ် ၁၄၅ တောင်ရှိသော ရွှေတိဂုံစေတီတော်ပုံတူ အလံတစ်ရာ အောင်စကြာစေတီတော်ကို ရွှေဖိုးခေါင်တောင်ရိုးတွင် တည်ခဲ့ ပြီး ၁၃၄၉ ခုနှစ်တွင် ထီးတော်တင်နိုင်ခဲ့ပါသည်။ ၁၃၅၃ ခုနှစ်တွင် ဥာဏ်တော် ၂၂၂ တောင်ရှိသည့် ရွှေသာလျောင်း ရုပ်ပွားတော် ကြီး တည်တော်မူခဲ့ပြီး ၁၃၅၇ ခုနှစ်တွင် ဥာဏ်တော် ၃၈ဝ ပေ၊ ပလ္လင်တော် ၄၄ ပေ၊ စုစုပေါင်း ၄၂၄ ပေ မြင့်သော ကမ္ဘာ့အကြီး ဆုံး လေးကျွန်းစကြာ ရုပ်ပွားတော်ကြီးကို စတင်တည်ထားပြီး ၁၃၆၉ ခုနှစ်တွင် ပြီးစီး အောင်မြင်ခဲ့ပါသည်။

လေးကျွန်းစကြာ ရပ်တော်မူရုပ်ပွားတော်ကြီးသည် အလွန်အသက်ဝင်ပြီး မျက်လုံး၊ မျက်အိမ်၊ မျက်ရစ်၊ မျက်ဝန်း၊ မျက်မှောင်တော်၊ မျက်လွှာ၊ နှာတံ၊ နှာသီး၊ နှုတ်ခမ်း၊ ဆံလိပ်၊ ဆံခွေ၊ ဆံရစ်များကို အလွန် ပြတ်သားပေါ်လွင်စွာ ထုလုပ်ထားသဖြင့် ဖူးရသူတိုင်း ဦးခေါင်းမြေထိ ပြားပြားဝပ်ရှိခိုးကန်တော့ကာ ဖူးဝမအောင် ဖြစ်နေကြပါသည်။ ဝိုင်းစက်သော မျက်နှာတော်၊ ဆန်းသစ်စလပမာ ရှိသော နှုတ်ခမ်းအစုံမှ ပြုံးတော်မူဟန်၊ ခန့်ညားရှည်လျားပြီး ပခုံးတော်နှင့် ထိ လုမတတ်ရှိသော နားရွက်တော်၊ လည်ပင်းတော်မှ တြိဖလခေါ် အိုးနားရေးသဏ္ဌာန် လည်ရစ်တော်များကိုအသေးစိတ်ဖူးရင်း သက်တော်ထင်ရှားမြတ်စွာဘုရားကိုဖူးသည့်ပမာ ဝမ်းမြောက်ကြည်နူးနေကြပါသည်။

ရန်ကုန်မြို့မှ ဘုရားဖူးလာသူအားလုံးသည် ဤမျှ ကြီးကျယ်ခန့်ညားသော၊ ဤမျှ ကြည်ညိုဖွယ် ကောင်းသော၊ ဤမျှ ထူးခြားဆန်း ကြယ်သော လေးကျွန်းစကြာ ရပ်တော်မူ ရုပ်ပွားတော်ကြီးကိုပထမဆုံး အနီးကပ်ဖူးရခြင်း ဖြစ်ပါသည်။ မြတ်စွာဘုရားသည် အလိုေ တ်ာရှိလျှင် စကြဝဠာကြီးတစ်ခုလုံးကိုကိုယ်လုံးတော်ဖြင့် အုပ်ထားနိုင်သည်ဟူသော မဟိမာဘုန်းတော်ကို ဤရုပ်ပွားတော်ကြီးက သက်သေခံနေသည်ဟု ဆိုနိုင်ပါသည်။ ဗောဓိတစ်ထောင် သာသနာ့နယ်မြေ၏ အမြင့်ဆုံးတောင်ကုန်းတွင် တည်ထားသော လေး ကျွန်းစကြာ ရပ်တော်မူ ရုပ်ပွားတော်ကြီးကို အနီးပတ်ဝန်းကျင် မြို့ရွာများမှ လှမ်းမျှော်ကြည့်လျှင် မြင်နိုင်သဖြင့် ဗောဓိတစ်ထောင် သာသနာ့နယ်မြေ၏ အထိမ်းအမှတ် Logo သဖွယ် ဖြစ်နေသည်ဟု ပြောလျှင်လည်း မမှားနိုင်ပါ။

ဗောဓိတစ်ထောင် ဆရာတော် အရှင်နာရဒသည် ၁၃၅၇ ခုနှစ် ကဆုန်လဆန်း ၁ဝ ရက်တွင် ရပ်တော်မူ ရုပ်ပွားတော်ကြီးကို ပန္နက်တော်တင်ခဲ့ပြီး ဝါခေါင်လဆန်း ၅ ရက်တွင် အုတ်မြစ်တော်စီ မင်္ဂလာကျင်းပကာ စတင်တည်ထားခဲ့ခြင်း ဖြစ်ပါသည်။ ဆရာတော်သည် ရပ်တော်မူ ရုပ်ပွားတော်ကြီး တည်နေစဉ်မှာပင် သက်တော်ကြီးရင့်လာကာ သက်တော် ၇၆ နှစ်ရောက်ချိန် ၁၃၆၈ ခုနှစ် နတ်တော်လဆန်း ၃ ရက်တွင် ဘဝနတ်ထံ ပျံလွန်တော်မူကြောင်း သိရပါသည်။

လေးကျွန်းစကြာ ရပ်တော်မူ ရုပ်ပွားတော်ကြီး၏ ထူးခြားချက်မှာ ရုပ်ပွားတော်ကြီးအတွင်း၌ အထပ်ပေါင်း ၃၃ ထပ်ရှိခြင်း ဖြစ်ပါသည် ။ အထပ်တိုင်း၏ အလယ်ဗဟိုတွင် ကြည်ညိုဖွယ်ရာ မြတ်စွာဘုရားရုပ်ပွားတော် လေးဆူစီ ကျောချင်းကပ် အပူဇော်ခံထားပြီး ဘေး ဘက်နံရံများတွင် ရုပ်ပွားတော်ကြီးနှင့် ပတ်သက်သော မှတ်တမ်းဓာတ်ပုံများ၊ ငရဲကြီးရှစ်ထပ် ပန်းချီကားများ ချိတ်ဆွဲထားသဖြင့် မိသားစုနှင့်အတူ အချိန်ယူ လေ့လာလျှင် အသိပညာများ တိုးပွားလာနိုင်ပါသည်။

ဗောဓိတစ်ထောင် သာသနာ့နယ်မြေတွင် ဗောဓိပင်ငယ် ၂၇ ပင် စိုက်ပျိုးကာ သာသနာပြုလုပ်ငန်း စတင်ခဲ့သော်လည်း ယခုအချိန် တွင် သာသနာ့နယ်မြေတစ်ခုလုံး ဘုရားစေတီများ၊ ဗောဓိပင်များ လက်ညှိုးထိုးမလွဲ စည်ကားနေခြင်းမှာ သာသနာတော် ထွန်း ကားပြန့်ပွားမှု၏ ပြယုဂ် ဖြစ်ပါသည်။ ဧက ၂၅ဝ ကျော် ကျယ်ဝန်းသော ဗောဓိတစ်ထောင် သာသနာ့နယ်မြေတွင် ဗောဓိ တစ်ထောင် ဆရာတော်တည်ထားသော သံသရာအေးစေတီ၊ ထန်းလုံးစေတီ၊ ဆင်ခံဘုရား၊ မြရိပ်ဘုရား၊ နဂါးရုံ ဘုရား ၊ လျောင်းတော်မူဘုရားများကို သွားရောက်ဖူးမြော်သင့်သော်လည်း အချိန်မရသဖြင့် မဖူးနိုင်ဘဲ လေးကျွန်းစကြာ ရပ်တော်မူ ရုပ်ပွားတော်ကြီး၏ ခြေတော်ရင်းမှ ကျွန်တော်တို့အားလုံး လှည့်ပြန်လာခဲ့ရပါသည်။ ဗောဓိတစ်ထောင် ဆရာတော်ကြီး၏ ဗောဓိ တစ်ထောင် သာသနာ့နယ်မြေသည် မဝေးလှသော အနာဂတ်တွင် ကမ္ဘာကျော် သာသနာ့နယ်မြေ သာသနာ့အောင်မြေ ဖြစ်လာ လိမ့်မည်ဟု ယုံကြည်မိပါသည်။

 လက်ရှိကမ္ဘာ့အမြင့်ဆုံး ဗောဓိတစ်ထောင် ရပ်တော်မူဘုရားကြီး

လက်ရှိကမ္ဘာ့အမြင့်ဆုံး ရုပ်တုများထဲမှ အမြင့်ဆုံးမှာ မြန်မာနိုင်ငံ ၊ မုံရွာမြို့ ၊ ဗောဓိတထောင် ရပ်တော်မူ ရုပ်ပွားတော်ကြီး ဖြစ်သည်။ အမြင့် ၁၃၀ မီတာ ရှိပြီး ဂျပန်မှ Ushiku Amida Buddha ရုပ်ပွားတော်ကြီးထက် ၁၀ မီတာ ပိုမြင့်သည်။
ကမ္ဘ.ာအမြင့်ဆုံး ရုပ်တုများထဲမှ ဒုတိယအမြင့်ဆုံးမှာ
ဂျပန်နိုင်ငံရှိ Ushiku Amida Buddha ရုပ်ပွားတော်ကြီး ဖြစ်သည်။
အမြင့် ၁၂၀ မီတာ ရှိပြီး ၁၉၉၅ ခုနစ်တွင် တည်ထားကိုးကွယ်ခဲ့သည်။

တတိယ အမြင့်ဆုံးမှာ တရုတ်နိုင်ငံရှိ Yellow Chinese Emperors Huangdi
and Yandi ဖြစ်သည်။
အမြင့် ၁၀၃ မီတာခန့်ရှိသည်။

စတုတ္ထ အမြင့်ဆုံးမှာ ယူကရိန်း နိုင်ငံ Kyivi ရှိ ၊ံHomeland -Mother
ရုပ်တုကြီး ဖြစ်သည်။
အမြင့် ၁၀၂ မီတာခန့်ရှိသည်။ ဒုတိယ ကမ္ဘာစစ် ၏ အမှတ်သညာလည်း ဖြစ်သည်။

ပဉ္စမအမြင့်ဆုံးမှာ ရပ်ရှား နိုင်ငံ၊ မော်စကို မြို့ရှိ Peter I ရုပ်တု
ဖြစ်သည်။
အမြင့် ၉၆ မီတာခန့်ရှိသည်။

ဆဌမ အမြင့်ဆုံးမှာ အမေရိကန်ပြည်ထောင်စု၊ နယူးယောက် ဆိပ်ကမ်းရှိ Statue
of Liberty ဖြစ်သည်။
အမြင့် ၉၃ မီတာ ခန့်ရှိသည်။ အမေရိကန်ပြည်ထောင်စု၏ လွတ်လပ်ရေးကို
ကိုစားပြုသည်။
ပြင်သစ်နိုင်ငံမှ အမေရိကန်၏ လွတ်လပ်ရေးကို ဂုဏ်ပြုသောအားဖြင့် ပေးအပ်ခဲ့
ခြင်းဖြစ်သည်။

သတ္တမ အမြင့်ဆုံးမှာ ရပ်ရှားနိုင်ငံ ၊Volgograd ရှိ Homeland mother ရုပ်တု
ဖြစ်သည်။
အမြင့် ၈၂ မီတာ ခန့်ရှိသည်။

အဌမ အမြင့်ဆုံးမှာ တရုတ်နိုင်ငံ၊ Lanshan ရှိ Buddha ရုပ်ပွားတော်
ဖြစ်သည်။
အမြင့် ၇၁ မီတာခန့်ရှိသည်။

န၀မ အမြင့်ဆုံးမှာ ဘရာဇီးနိုင်ငံ၊ Rio de Janerio ရှိ Christ the
Redeemer (Christo Redentor) ရုပ်တုဖြစ်သည်။ အမြင့် ၃၁ မီတာခန့်ရှိပြီး
၁၉၃၁ ခုနစ်တွင် ဖန်တီးသည်။ တန် ၁၀၀၀ ခန့် အလေးချိန်ရှိသည်။
အမျိုးသားဥယျာဉ် ၊ Tijuca တောင်တန်း၊ အမြင့် ၇၁၀ မီတာရှိ Corcovado
တောင်ထိပ်တွင်တည်ရှိသည်။ 
 http://www.zaygwet.com/pagoda.php?id=131မှ ခံစားမျှဝေသည်။

No comments:

Post a Comment