/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /http://4.bp.blogspot.com/-64lFCmprlo4/UlIK93uB36I/AAAAAAAAANM/xlqs8O3Iljg/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Friday, May 23, 2014

အားငယ်သူအတွက် ဆေးတစ်ခွက်

Photo: အားငယ်သူအတွက် ဆေးတစ်ခွက်
**********************
သိပ်တော်ပြီး သိပ်အရည်အချင်းရှိတဲ့ ဒကာတစ်ယောက်။ အတိတ်ကံဝဋ်ကြွေးကြောင့် သူ့ဘဝလေး ဒုက္ခိတ ဘဝရောက်ခဲ့ရတယ်။ အားမပျက်ဖို့၊ အားမလျော့ဖို့၊ ဘဝကို အရှုံ့းမပေးဖို့ အလျဉ်းသင့်သလို သတိပေးနေရတယ်။
သူဘက်ကကြည့်တော့လည်း ဒီဝဋ်ကြွေးကြီးနဲ့အသက်ရှင်နေရတာကို မနှစ်မြို့လှပေဘူးပေါ့။ ဘာတတ်နိုင်မှာလည်း ဘုရားရဟန္တာတွေတောင်မှပဲ ဝဋ်ကြွေးတော်ကို တန်ခိုးတော်နဲ့ မတှန်းလှန်ခဲ့ဘူး။ ပေးဆပ်ဖို့လိုရင်တော့ ပေးဆပ်ကြရမှာပဲပေါ့။
တစ်ခု သတိပြုရမှာက စိတ်ဆိုတာက တစ်ယောက်တည်း ရှိနေတဲ့အခါ၊ ဖိအားတွေ များနေတဲ့အခါ၊ သိပ်ပင်ပန်း ဆင်းရဲလာတဲ့အခါ ထွက်ပေါက်တွေကို ရှာကြံတွေးနေတတ်ပါတယ်။ ရှာကြံတွေးတဲ့အခါမှာလည်း ကောင်းတဲ့အတွေးတွေက အဖြစ်နည်းတတ်ပြီး မကောင်းတဲ့အတွေးတွေပဲ အဖြစ်များနေတတ်တယ်။ “ဆိုးလိုက်တဲ့ ငါ့ဘဝ သေတာပဲ ကောင်းတယ်”ဆိုတဲ့ အတွေးမျိုးနဲ့ ကိုယ့်ကိုယ်ကို သတ်သေဖို့အထိ စဉ်းစားတတ်ပါတယ်။ တရားအသိ၊ တရားနဲ့ မညှိမိရင် အဲဒီအတွေးကို လက်တွေ့အကောင်အထည် ဖော်တဲ့အထိ ဖြစ်သွားတတ်ပါတယ်။ 
တကယ်လို့များ “သေပြီးတာပဲ”ဆိုတဲ့ အတွေးမျိုးနဲ့သာ ကိုယ့်ကိုယ်ကို အဆုံးစီရင်တဲ့အထိ လုပ်ဖြစ်ခဲ့ရင် အဲဒီလုပ်ရပ်ကြောင့် ကောင်းတဲ့ဘဝမှာ ဖြစ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒီဘဝဒီခန္ဓာ ပြတ်ရင်ပြီးတာပဲ ဆိုတဲ့ ယုံကြည်မှုဟာ အယူလွဲမှားတဲ့ ဥစ္ဆေဒဒိဋ္ဌိ အယူအဆပဲ ဖြစ်ပါတယ်။ အဲဒီအယူအဆဟာ သတ္တဝါတွေကို အပါယ်လားစေတတ်တဲ့ သဘောရှိပါတယ်။ 
အမှန်တော့ ဝဋ်ကြွေးတွေနဲ့ ပေးဆပ်နေရတဲ့ သူတွေရဲ့ ဘဝမှာ စိတ်ဓာတ်ခွန်အားတွေ ဖြစ်စေဖို့ ကိုယ့်စိတ်ကို ပြုပြင်ဖို့နဲ့ ပတ်ဝန်းကျင်ရဲ့ ဖေးမမှုတွေကို ရယူဖို့ အထူးလိုအပ်လှတာ ဖြစ်ပါတယ်။ နာကျင်နေတဲ့ ခန္ဓာကိုယ်ကြီးအတွက် ခံစားချက်ကို တရားအသိ၊ ပညာအသိ၊ အပ္ပမာဒ သတိတရားတွေနဲ့ ရှုပွားနိုင်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ စိတ်ထွက်ပေါက်ကို စာဖတ်၊ စာရေး၊ တရားနာ၊ တရားမှတ်၊ မေတ္တာပွား၊ ဂုဏ်တော်ပွားတဲ့ အလုပ်တွေနဲ့ ကိုယ့်စိတ်ကို စိတ်ရိုင်းတွေ မဝင်နိုင်အောင် ကြိုးစားကြည့်ဖို့ လိုပါတယ်။
တိုးတက်ပွင့်လင်းလာတဲ့ ဒီနေ့လို ခေတ်ကြီးမှာ အင်တာနက်ကနေ တရားနာ၊ တရားစာဖတ်၊ အထွေထွေ ဗဟုသုတတွေ ရှာကြံဖတ်ပြီး ကိုယ့်စိတ်ကိုယ် ဖြေလို့လည်း ရနိုင်တဲ့ အနေအထားမျိုး ရှိပါတယ်။ ကိုယ်ကိုယ်တိုင်က ရွေးချယ်တတ်ဖို့တော့ လိုပါတယ်။ ဒီနေ့ခေတ်စားနေတဲ့ ဖေ့စ်ဘုက်လို လူမှုကွန်ယက်မျိုးကို အသုံးပြုပြီးလည်း ကိုယ့်စိတ်ထွက်ပေါက်ကို ရှာလို့ရနိုင်တတ်ပါတယ်။ ဒါပေမယ့် ဖေ့စ်ဘုက်ခ်မှာက ကောင်းကျိုးပြုတာတွေ ရှိသလို မကောင်းတာတွေကလည်း အများကြီး ရှိနေတတ်ပါတယ်။ တင်သမျှစာတွေ၊ တက်သမျှပို့စ်တွေကို လိုက်ဖတ်လိုက်ခံစားပြီး နေမယ်ဆိုရင်တော့ တစ်ချို့ပို့စ်တွေက စိတ်ဓာတ်ခွန်အား ဖြစ်ဖို့ထက် စိတ်ရိုင်းတွေသာ ဝင်သွားစေတတ်တာက ပိုများတတ်ပါတယ်။ 
အင်တာနက် စာမျက်နှာအချို့ဟာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ၊ အပြစ်တင်မှုတွေကို အကာအကွယ်မရှိ လုပ်နေကြတာ ဖြစ်တဲ့အတွက် အဲဒီလို စာမျက်နှာတွေကများ ကိုယ်လေးစားရတဲ့ သူ၊ ကိုယ်မြတ်နိုးရတဲ့သူ၊ ကိုယ်ကြည်ညိုရတဲ့ သူတစ်ဦးဦးကို အပြစ်ပြော ဝေဘန်ပုတ်ခတ်လာတဲ့အခါ ကိုယ့်စိတ်ထဲမှာ မခံမရပ်နိုင်ဖြစ်ပြီး ပြန်လည်တုန့်ပြန်မိရာက ကိုယ်ပါအဲဒီ ရောဂါတွေ ကူးစက်ခံရကာ စိတ်ထဲမှာ အဲဒီအတွေးတွေနဲ့ လေးလံနေစေတဲ့အပြင် ဒီဒဏ်တွေကလည်း ဒုက္ခိတဘဝနဲ့ အကြွေးတွေကို ပေးဆပ်နေရတဲ့ ကိုယ့်ဘဝအတွက် အားမဖြစ်ဘဲ အပြစ်ဖြစ်စေတတ်တာကို သတိပြုကြရမှာ ဖြစ်ပါတယ်။ 
အဓိကကတော့ ကိုယ်ကိုယ်တိုင်ရဲ့ ခံယူမှုနဲ့ စိတ်သဘောထားအပေါ် မူတည်နေတာပဲ ဖြစ်ပါတယ်။ လောကမှာ အကောင်းအဆိုးဆိုတာ အမြဲဒွန်တွဲနေတာ ဖြစ်တဲ့အတွက် ဘယ်လိုအရာမျိုးမှာပဲ ဖြစ်ဖြစ် ကိုယ့်အခြေအနေနဲ့ ချိန်ထိုးပြီး ကိုယ့်အတွက်ကောင်းမယ့်ဟာကိုသာ ယူပြီး ကိုယ့်အတွက် အကျိုးမရှိမယ့် အရာတွေဆို မယူမိဖို့၊ မခံစားမိဖို့ လိုပါတယ်။ ခံစားရင် အမှန်တရားလည်း မမှန်များတတ်ပြီး ကိုယ်သာ အခံများတတ်တယ်ဆိုတာ သတိပြုဖို့လိုပါတယ်။ 
ပြောချင်တာက သိပ်တော်တဲ့ ကိုယ့်ဒကာနဲ့ ကိုယ့်ဒကာလို အားငယ်နေတဲ့သူတွေ အနေနဲ့ ဘဝရဲ့ ဝဋ်ကြွေးတွေကို ပေးဆပ်နေရတဲ့ အချိန်မှာ ကိုယ့်ကိုယ်ကို စိတ်ဓာတ်ရော၊ ပံ့ပိုးမှုတွေမှာပါ အားရှိနေအောင် ကြိုးစားဖို့လိုကြောင်း။ စိတ်ပိုင်းဆိုင်ရာ ခွန်အားတွေ ဖြစ်စေဖို့ အားဖြစ်စေမယ့် တရားတွေ၊ စာတွေနဲ့ ပံ့ပိုးဖို့လိုသလို၊ အားမဖြစ်စေမယ့်၊ စိတ်ကို အနှောက်အယှက် ဖြစ်စေမယ့်၊ စိတ်မှာ ဘဝင်မကျမှုတွေ တိုးစေမယ့် စာတွေ၊ အပြုအမူ အပြောအဆို စတာတွေကို လိုက်ခံစားပြီး ကိုယ့်စိတ်ကို ပင်ပန်းအောင် မလုပ်ဖို့နဲ့ ပေးဆပ်နေရတဲ့ ကိုယ့်ဘဝကို “ဆိုးလှချည်လား”ဆိုတဲ့ အတွေးတွေနဲ့ အားငယ်စိတ်ပျက်မှုတွေ မဖြစ်စေဘဲ “ကံကြွေးပါလို့ ပေးဆပ်နေရတယ်”လို့ သဘောထားပြီး အပြစ်တွေ ထပ်မတိုးအောင်သာ သတိတရားနဲ့ ကြိုးစားနေထိုင်ဖို့လိုကြောင်း စသဖြင့် ပြောလိုတာ ဖြစ်ပါတယ်။
ဒါကြောင့် အားနည်းနေတဲ့ ကိုယ့်ဘဝမှာ အားတွေဖြစ်စေဖို့ စိတ်ဓာတ်ခွန်အား ဖြစ်စေမယ့် ဓမ္မအသိ၊ ဘဝအသိများနဲ့ ညှိကာ ကိုယ့်ကိုယ်ကို သတိနဲ့သာ ဆင်ခြင်ပြီး နေထိုင်ကြဖို့ တိုက်တွန်းရင်း အားငယ်သူများအတွက် အားဆေးတစ်ခွက်အဖြစ် အသိတစ်ခု အမျှပြုလိုက်ပါတယ်။
မေတ္တာဖြင့်

မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး) 

အားငယ်သူအတွက် ဆေးတစ်ခွက်
**********************
သိပ်တော်ပြီး သိပ်အရည်အချင်းရှိတဲ့ ဒကာတစ်ယောက်။ အတိတ်ကံဝဋ်ကြွေးကြောင့် သူ့ဘဝလေး ဒုက္ခိတ ဘဝရောက်ခဲ့ရတယ်။ အားမပျက်ဖို့၊ အားမလျော့ဖို့၊ ဘဝကို အရှုံ့းမပေးဖို့ အလျဉ်းသင့်သလို သတိပေးနေရတယ်။

နေ့စဉ်မပြတ် ကုသိုလ်ဆက် ဝတ်စဉ်မပျက် မြဲပါစေ

Photo: နေ့စဉ်မပြတ် ကုသိုလ်ဆက် ဝတ်စဉ်မပျက် မြဲပါစေ
*******************************
နေ့စဉ် ကောင်းမှုလေးတစ်ခုခုကို ဝတ်တစ်ခု ဖြစ်အောင် ပြုလုပ်ပါ။ အကြီးကြီး၊ အကြာကြီး၊ အကုန်အကျအများကြီး၊ အရင်းအနှီးအများကြီး ပေးပြီးလုပ်ဖို့ မဟုတ်ပါဘူး။ နည်းနည်းလေးပဲ ဖြစ်ဖြစ် လုပ်ဖြစ်အောင် မပြတ်လုပ်ကြည့်ဖို့ပါပဲ။ 
ဆိုကြပါစို့။ နေ့စဉ် မနက်အိပ်ရာက နိုးတာနဲ့ နမော တဿ (၃)ခေါက်၊ သရဏဂုံ (၃)ခေါက်၊ မင်းကွန်းဆရာတော်ကြီးရဲ့  “လုံးစုံများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေးငြိမ်းအေးကြပါစေ” စသဖြင့် မတ္တာသုတ်လာ မေတ္တာလေးကို အစအဆုံး တစ်ခေါက်လောက် စေတနာပါပါလေးနဲ့ အရုံပြုပြီး လုပ်ကြည့်တာမျိုးလေးတွေပေါ့။ ဒီလို ကုသိုလ်မျိုးလေးကို မနက်အိပ်ရာထတစ်ကြိမ် ညအိပ်ရာဝင် တစ်ကြိမ် လုပ်ကြည့်ကြဖို့ပါ။ အချိန်ဘယ်လောက်မှ ကုန်သွားတာမဟုတ်၊ အရင်းအနှီးတွေ ဘယ်လောက်မှ ရင်းနှီးလိုက်ရတာ မဟုတ်ပါဘူး။ အဓိကကတော့ မပျက်အောင် လုပ်မယ်ဆိုတဲ့ ခံယူချက်နဲ့ နေ့စဉ်လုပ်ဖြစ်ဖို့ပါပဲ။ ဒါဆို ကိုယ့်အတွက်က နေ့တိုင်း ကုသိုလ်ဝတ်တွေ ဖြစ်နေတော့တာပါ။ 
အကြောင်းပြချက် အမျိုးမျိုးနဲ့ အလုပ်မအားလို့၊ နေ့ညမတူလို့၊ ခရီးသွားနေရလို့ စသဖြင့် ပြောမယ်ဆိုရင် ပြောနိုင်ပေမယ့် အလုပ်လုပ်ရင်းလည်း ဒါလေးကတော့ လုပ်နိုင်တာပါပဲ။ ကားစီးရင်း၊ ရထားစီးရင်းလည်း လုပ်နိုင်တာပါပဲ။ မပျက်အောင် လုပ်မယ်ဆိုတဲ့ အဓိဋ္ဌာန်နဲ့သာ လုပ်မယ်ဆိုရင် နေရာတိုင်းမှာ၊ လူတိုင်းမှာ၊ အချိန်တိုင်းမှာ ကုသိုလ်ရှိနေတာပါပဲ။ 
အဲဒီကုသိုလ်လေးဟာ ဘာမှမဟုတ်ရဘူး ထင်ပေမယ့် နေ့စဉ်လုပ်ပါများရင် ဝတ်တစ်ခုဖြစ်သွားပြီး ကြာလာတာနဲ့အမျှ ကုသိုလ်အားကြီးလာကာ ကိုယ့်ဘဝအတွက် တကယ့်ကို ခွန်အားတွေ ဖြစ်စေတော့တာ ဖြစ်ပါတယ်။ “ငါဘယ်အချိန်၊ ဘယ်အရွယ်ကစပြီး ဒီဝတ်ကုသိုလ်ကို လုပ်လာခဲ့တာ ခုချိန်ထိန် မပျက်သေးဘူး”ဆိုတဲ့ အတွေးလေးနဲ့ ကိုယ့်ကိုယ်ကို ပြင်ဆင်ခြင်ကြည့်ရင် ကုသိုလ်ရဲ့အားနဲ့ အခက်အခဲရှိရင် သစ္စာပါထားပြီး ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။ 
ဒါကြောင့် ကုသိုလ်ကောင်းမှုကို အသေးလေးဆိုပေမယ့် အထင်မသေးဘဲ မပျက်အောင် ဝတ်ကလေးတစ်ခု အနေနဲ့ နေ့စဉ်လုပ်နိုင်အောင် ကြိုးစားဖို့ တိုက်တွန်းရခြင်း ဖြစ်ပါတယ်။ 
ကုသိုလ်တစ်ခု နေ့စဉ်ပြု
ကြီးသည်သေးသည် ရွေးမစီဘဲ
ကုသိုလ်တစ်ခု နေ့စဉ်ပြုက
ပြုဖန်ပါများ ထိုကံများကား
ကုသိုလ်ပြုသူ များထိုသူကို
အခုချမ်းသာ နောင်ချမ်းသာအောင်
ကောင်းမှုအစွမ်း အံ့မခမ်းဖြင့်
အကြောင်းအစု အကောင်းပြုမည်
မုချအမှန် မလွဲတည်း။ ။
မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး) 

နေ့စဉ်မပြတ် ကုသိုလ်ဆက် ဝတ်စဉ်မပျက် မြဲပါစေ
*******************************
နေ့စဉ် ကောင်းမှုလေးတစ်ခုခုကို ဝတ်တစ်ခု ဖြစ်အောင် ပြုလုပ်ပါ။ အကြီးကြီး၊ အကြာကြီး၊ အကုန်အကျအများကြီး၊ အရင်းအနှီးအများကြီး ပေးပြီးလုပ်ဖို့ မဟုတ်ပါဘူး။ နည်းနည်းလေးပဲ ဖြစ်ဖြစ် လုပ်ဖြစ်အောင် မပြတ်လုပ်ကြည့်ဖို့ပါပဲ။ 

အားရှိပြီး တရားမရှိရင် အားနဲ့ အနိုင်ကျင့်တတ်တယ်"

Photo: အားရှိပြီး တရားမရှိရင် အားနဲ့ အနိုင်ကျင့်တတ်တယ်"
*********************************
 သတ္တဝါတွေဟာ တဒင်္ဂအရှိတရားအပေါ် အခြေခံပြီး
နိုင်ထက်စီးနင်း ပြုလေ့ရှိတတ်ပါတယ်။ ငွေအင်အား
ရှိတဲ့သူက ငွေနဲ့ အနိုင်ယူတတ်သလို ရာထူးပါဝါ ဂုဏ်အင်္ဂါ
စသဖြင့် အများထက်သာတဲ့ တဒင်္ဂအရှိတရားလေးတွေကို အကြောင်းပြုပြီးလည်း ကိုယ့်အောက်နိမ့်ကျသူတွေ အပေါ်မှာ
အင်အားသုံးပြီး အနိုင်ယူလေ့ ရှိတတ်ပါတယ်။

ဒါဟာ အသိပညာနဲ့ ကရုဏာတရား မထားနိုင်ကြလို့ပဲ ဖြစ်ပါတယ်။ ကိုယ့်အရှိတရားအပေါ် အဟုတ်ထင်ကာ မာန်တွေဝင်မိပြီဆိုရင် အလိုလိုသူများအပေါ် အထင်သေး နှိမ့်ချတတ်တဲ့ သဘောတွေလည်း ရှိလာတတ်တာပြီး တစ်နည်းနည်းနဲ့ နိုင်ထက်စီးနင်း ပြုတတ်ကြတော့တာ ဖြစ်ပါတယ်။

“ဘာမှအကြာကြီးမဟုတ်ဘူး၊ လောကဓံဆိုတာ အတက်အကျ အနိမ့်အမြင့် အမြဲရှိတယ်၊ ကိုယ့်အလှည့်သူ့အလှည့် ဆိုတဲ့ ဝဋ်လည်မှုလည်း ရှိတတ်တယ်” စတဲ့ တရားနဲ့ယှဉ်တဲ့ ဆင်ခြင်မှု သတိတရား မရှိကြတာဟာလည်း ကြီးနိုင်ငယ်ညှင်း လုပ်ဖို့အတွက် တွန်းအားပေးသလို ဖြစ်စေတတ်ပါတယ်။
အဓိကကတော့ ကိုယ်ကိုယ်တိုင်ရဲ့  သတိတရားရှိမှု။ မရှိမှု၊ အသိဉာဏ်ရှိမှု၊ မရှိမှုနဲ့ ကရုဏာတရား ထားနိုင်မှု၊ မထားနိုင်မှုတွေအပေါ် မူတည်ပြီးတော့ပဲ အနိုင်ယူခြင်း၊ မယူခြင်း၊ ကိုယ်ချင်းစာတရား ရှိခြင်း၊ မရှိခြင်းစတာတွေ ဖြစ်ပေါ်စေတော့တာ ဖြစ်ပါတယ်။

ဒါကြောင့် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အား၊ လောကသတ်မှတ်ချက် ပညတ်အားတွေ ပိုင်ဆိုင်ထားတဲ့ သူတွေဟာ သတိရှိမှု၊ ပညာရှိမှု၊ ကရုဏာတရား ရှိမှုဆိုတဲ့ စိတ်ပိုင်းဆိုင်ရာအားတွေ မရှိရင် အားနည်းတဲ့သူတွေအပေါ်မှာ တဒင်္ဂအရှိတရား ရုပ်ပိုင်းဆိုင်ရာ အားတွေနဲ့ အနိုင်ယူတတ်၊ နိုင်ထက်စီးနင်း ပြုတတ်တဲ့အတွက် ကိုယ့်ရဲ့  အရှိအားကို ဓမ္မအသိတရားနဲ့ ဖြေညှိပြီး သူများကို အနိုင်ယူဖို့ထက် ကိုယ့်အကုသိုလ်တရား၊ ကိလေသာတရားတွေကိုသာ အနိုင်ယူနိုင်အောင် ကြိုးစားကြဖို့ပဲ ဖြစ်ပါတယ်။
မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

 အားရှိပြီး တရားမရှိရင် အားနဲ့ အနိုင်ကျင့်တတ်တယ်"
*********************************
သတ္တဝါတွေဟာ တဒင်္ဂအရှိတရားအပေါ် အခြေခံပြီး
နိုင်ထက်စီးနင်း ပြုလေ့ရှိတတ်ပါတယ်။ ငွေအင်အား
ရှိတဲ့သူက ငွေနဲ့ အနိုင်ယူတတ်သလို ရာထူးပါဝါ ဂုဏ်အင်္ဂါ
စသဖြင့် အများထက်သာတဲ့ တဒင်္ဂအရှိတရားလေးတွေကို အကြောင်းပြုပြီးလည်း ကိုယ့်အောက်နိမ့်ကျသူတွေ အပေါ်မှာ
အင်အားသုံးပြီး အနိုင်ယူလေ့ ရှိတတ်ပါတယ်။

မဂ်ဖိုလ်ထိုက်တန်၊ မထိုက်တန်၊ ခြောက်တန် အကြောင်းတရား





မဂ်ဖိုလ်ထိုက်တန်၊ မထိုက်တန်၊ ခြောက်တန် အကြောင်းတရား
 

 ရဟန်းတို့ တရားခြောက်မျိုးတို့နှင့် ပြည့်စုံသူသည် သူတော်ကောင်းတရားကို ကြားနာရသော်လည်း၊ ကုသိုလ်တရားတို့၌ မဖောက်ပြန်သောသဘောဟုဆိုအပ်သော နိယာမ (မဂ်) သို့ သက်ဝင်ရန်မထိုက်တန်။

အသာခံလမ်းစဉ်နှင့် အနာခံလမ်းစဉ်…


 
အသာခံလမ်းစဉ်နှင့် အနာခံလမ်းစဉ်…

အရှင်ဒေ၀ဒတ်သည် အရာရာ၌ အသာချည်း စံခဲ့သည်။ အသာစံခြင်း ၀ါဒကို တည်ထောင်ခဲ့သော အရှင်ဒေ၀ဒတ်သည် ယခုအခါ အ၀ီစိ ငရဲသို့ ကျရောက်နေရပြီ ဖြစ်၏။ ထို့အတူ အသာစံခြင်း ၀ါဒကို တည်ထောင်ခဲ့သူ မှန်သမျှသည် အရှင်ဒေ၀ဒတ် နောက်သို့ လိုက်ကြရမည် ဖြစ်၏။

*** လူပျိုဘုရားရှိပါသလား ***



*** လူပျိုဘုရားရှိပါသလား ***
~~~~~~~~~~~~~~~~~~~

ဘုရှားရှင်ကိုယ်တော်မြတ်ကြီး၏ ကျေးဇူးတော် ဂုဏ်တော် ပါရမီတော်တို့ ကို ဦးထိပ်ထားပြီးပူဇော်ပါတယ် အရှင် ဘုရား။

ကောသလတိုင်း၊ သာလ၀တိကရွာစား လောဟိစ္စပုဏ္ဏားအိမ်၌ ဆွမ်းစားအပြီး လောဟိစ္စအား ဘုရားဟောသောတရား

http://api.ning.com/files/yv5LJqWpO0rmpw53FenIpVVLdoTBtG8dCFRmK36Kt4W2xVlXKMgO*-jwEuPgLOZuaiTp8DBTt1eSZmhEAFfIPJTMlYHBLoky/1621904_471497549618128_1005898430_n.jpg 

“လောဟိစ္စ- သင့်မှာ ဘယ်လိုခံယူချက်တွေ ရှိသလဲ” “တရားရတဲ့သူတွေဟာ ကိုယ်ရတဲ့ တရားမပြောကြားရ။ ပြောလျင် တရားမရတာပဲ။ ကိုယ် ရတာလေးပြပြီး လာဘ်ချူတာဟာ တရားမရမှု အသစ်တစ်မျိုး ဖြစ်တယ်ပေါ့။ သည်လို အယူ တပည့်တော်မှာ ရှိတယ် ။

သံသရာသုံးမျိုး

Photo: သံသရာသုံးမျိုး
----------------

သံသရာသုံးမျိုးက  အောက်သံသရာ အလယ်သံသရာ အထက်သံသရာတို့ပဲ။ အောက်သံသရာဆိုတာ အပါယ်လေးဘုံကိုပြောတာ အလယ်သံသရာဆိုတာ လူ့ဘုံ နတ်ဘုံကိုပြောတာ။ အထက်သံသရာဆိုတာ ဗြဟ္မာဘုံကိုပြောတာ။ ဒီသံသရာသုံးမျိုးမှာ လည်ဖို့အတွက် ဝဋ်သုံးမျိုးရှိရတယ်။ 

အပါယ်လေးပါးလို့ခေါ်တဲ့ အောက်သံသရာမှာလည်ဖို့အတွက် လိုအပ်တဲ့ဝဋ်သုံးပါးက ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ်တို့ပဲ။ ကိလေသဝဋ်အရ ရုပ်နာမ်ကို ငါလို့အယူမှားတဲ့ သက္ကာယဒိဋ္ဌိကို ယူရတယ်။ ကမ္မဝဋ်အရ အကုသိုလ်ဒုစရိုက်မှုတွေ ကျုးလွန်ခြင်းကို ယူရတယ်။ ဝိပါကဝဋ်အရ အပါယ်ခန္ဓာကို ယူရတယ်။

ဝဋ်သုံးပါးမှာ ကိလေသဝဋ်နှင့် ကမ္မဝဋ်က အကြောင်းဝဋ် ဝိပါကဝဋ်က အကျိုးဝဋ်ဖြစ်တယ်။ ကိလေသဝဋ် ကမ္မဝဋ်တို့ကြောင့် ဝိပါကဝဋ်ဖြစ်ရတယ်။ မြန်မာလိုနားလည်အောင် ပြောရရင် ရုပ်နာမ်ကို ငါလို့အယူမှားတဲ့အတွက် ဒုစရိုက်တွေကို ပြုတယ်။ ဒုစရိုက်တွေ ပြုတဲ့အတွက်ကြောင့် အပါယ်ကျတယ် ဆိုလိုတာပါ။

အပါယ်ကျတယ်ဆိုတာ ဒုစရိုက်တွေပြုလို့ ဒုရာဇီဝတွေနဲ့ အသက်မွေးခဲ့လို့ပါ။ ဒုစရိုက် ဒုရာဇီဝတွေဘာကြောင့် လုပ်မိသလဲဆိုရင် ရုပ်နာမ်ကို ငါလို့အယူမှားတဲ့အတွက်ပါ။

ငါမဟုတ်ဘူးဆိုတာကို ဝိပဿနာပညာ မဂ်ပညာတို့နှင့် သိလိုက်တာနဲ့ မကောင်းမှုဒုစရိုက်တွေနဲ့ လုပ်ကျွေးမဖြစ်တော့ပါဘူး။

ဥပမာပေးရရင် ဘီလူးမကို လူမိန်းမထင်ပြီး မယားအဖြစ် ပေါင်းသင်းနေတဲ့ ယောက်ျားတစ်ယောက်ဟာ အပင်ပန်းခံပြီး ဆင်းရဲခံပြီး။ လုပ်ကိုင်ကျွေးမွေးတယ်။ ကာလအတော်ကြီးကြာအောင် ပေါင်းသင်းလာတော့ ဘေးကဘီလူးမလို့ ပြောတာကိုလည်း လက်မခံနိုင်ဘူး ဖြစ်နေတယ်။

တစ်ရက်တော့ ဘေးကပြောလွန်းမက ပြောတော့ လက်တွေ့လေ့လာကြည်မယ်ဆိုပြီး ညမှာအိပ်ချင်ယောင် ဆောင်နေလိုက်တယ်။ သူ့အမျိုးသမီးဟာ သူအိပ်ပျော်နေပြီလို့ ထင်သွားပြီး အိမ်ထဲက စိတ်ချလက်ချ ထွက်သွားတယ်။ သူက နောက်ယောင်ခံလိုက်သွားတယ်။ သင်္ချိုင်းကို ရောက်တာနဲ့ လူအသွင်ပျောက်ပြီး အစွယ်ပြူးပြူးနဲ့ ဘီလူးမအသွင် ရောက်လာတယ်။ 

ပြီးတော့ မြေပုံထဲက လူသေတွေကို ဖော်စားတော့တာပဲ။ အဲဒီတော့မှ အမျိုးသားဟာ ဘီးလူးမမှန်း ကိုယ်တွေ့သိသွားပြီး ခင်မင်တွယ်တာတဲ့စိတ်တွေ အကုန်ပျောက်သွားတယ်။ ဘီလူးမကို ထားခဲ့ပြီး တစ်ခြားတစ်နေရာကို ထွက်သွားတော့တာပဲ။  ဒီဥပမာကို ဥပမေယျနဲ့ ဟပ်လိုက်ရင် ………

ဘီလူးမဟာ ခန္ဓာငါးပါးနှင့်တူတယ်။ အစွယ်ထွက်တာ မျက်လုံးပြူးတာ နဖူးမောက်တာ  နှာယောင်ကောက်တာ ဖနောင့်တိုတာတွေက အနိစ္စ ဒုက္ခ အနတ္တ နဲ့တူတယ်။ အမျိုးသားက ယောဂီနဲ့တူတယ်။ လူ မဟုတ်ဘူး ဘီလူးမလို့ ကိုယ်တိုင်တွေ့မြင်လိုက်ရတဲ့အတွက် အပင်ပန်းခံ လုပ်မကျွေးတော့ပဲ စွန့်ခွာသွားသလို ငါမဟုတ်ဘူး။ ခန္ဓာငါးပါးပဲလို့ ကိုယ်တိုင်သိလိုက်ရတဲ့အတွက် ဒုစရိုက်မှုတွေ ဒုရာဇီဝမှုတွေ ပြုပြီး လုပ်မကျွေးတာနဲ့တူတယ်။
----------------------------------

(မေတ္တာရှင် ရွှေပြည်သာ) 


သံသရာသုံးမျိုး
----------------

သံသရာသုံးမျိုးက အောက်သံသရာ အလယ်သံသရာ အထက်သံသရာတို့ပဲ။ အောက်သံသရာဆိုတာ အပါယ်လေးဘုံကိုပြောတာ အလယ်သံသရာဆိုတာ လူ့ဘုံ နတ်ဘုံကိုပြောတာ။ အထက်သံသရာဆိုတာ ဗြဟ္မာဘုံကိုပြောတာ။ ဒီသံသရာသုံးမျိုးမှာ လည်ဖို့အတွက် ဝဋ်သုံးမျိုးရှိရတယ်။

သေတာပန်တို့ ခံစံကြရသော နိဗ္ဗာန်၏ အနက်လေးချက်

Photo: သေတာပန်တို့
----------------
ခံစံကြရသော နိဗ္ဗာန်၏
------------------------
အနက်လေးချက်
-----------------

တစ်စုံတစ်ယောက်သောသူက သောတာပန်ပုဂ္ဂိုလ်သည် ထောင့်ငါးရာကိလေသာကို အကုန်မပယ်ရသေး အိုရခြင်း နာရခြင်း သေရခြင်း ဒုက္ခမှ မကင်းသေး ထို့ကြောင့် နိဗ္ဗာန်သို့ရောက်သည့် နိဗ္ဗာန်သွားရာလမ်းမကြီးပေါ်သို့ ရောက်နေပြီဟု မဆိုထိုက်ဟု စောဒကတက်ခဲ့သော်……………။

(က) နိဿရဏဋ္ဌ။  ။ ဒိဋ္ဌိ ဝိစိကိစ္ဆာအမှူးရှိသော အလွန်မည်းညစ်လှစွာသော ကိလေသာဝဋ်မှ အပြီးကျွတ်လွတ်မှု ဒုစရိုက်ဆယ်ပါး ဒုရာဇီဝ ဟူသော အကုသလကမ္မဝဋ်မှ အပြီးကျွတ်လွတ်မှု။  ။အပါယ်ဘဝဟူသော ဝိပါကဝဋ်မှ အပြီးကျွတ်လွတ်မှုသည် သောတာပန်ပုဂ္ဂိုလ်တို့ ခံစံကြရသော နိဿရဏမည်၏။

ပုထုဇဉ်ပုဂ္ဂိုလ်တို့သည်  လူမင်း နတ်မင်း သိကြားမင်း ဗြဟ္မာမင်း ဖြစ်၍ပင်နေကြသော်လည်း ဒိဋ္ဌိ ဝိစိကိစ္ဆာ ဒုစရိုက် ဒုရာဇီဝ အပါယ်ဘဝတို့မှ အပြီးကျွတ်လွတ်မှု အပြီးလွတ်ငြိမ်းမှုဟူသော နိဿဂုဏဋ္ဌကို မရကြကုန်။  ။ ဒိဋ္ဌိ ဝိစိကိစ္ဆာတွေ တန်းလန်း ဒုစရိုက် ဒုရာဇီဝတွေတန်းလန်း အပါယ်သို့ ကျရောက်မှုတွေ တန်းလန်းနှင့်သာ နေကြရကုန်သည်။

(ခ) ပဝိဝေကဋ္ဌ။  ။ သောတာပန်ပုဂ္ဂိုလ်သည် ဘဝများစွာ ကမ္ဘာများစွာ ကြာမြင့်သော်လည်း မိမိတို့၏ စိတ်သန္တာန်၌ မိစ္ဆာဒိဋ္ဌိတရားတို့၏ နှောက်ယှက်မှုမှ အချင်းခပ်သိမ်း ကင်းငြိမ်းကြကုန်၏။ ဤသို့ ဘဝသံသရာ၌ အလွန်တရာ ယုတ်မာဆိုးရွားလှသော ပါပဓမ္မ အပါယဒုက္ခတို့၏ အနှောက်အယှက် အဖျက်အအစီးမှ ဆိတ်ကင်းမှုသည် သောတာပန်ပုဂ္ဂိုလ်တို့ ခံစားကြရသော ပဝိဝေကဋ္ဌမည်၏။

ပုထုဇဉ်ပုဂ္ဂိုလ်တို့သည် လူမင်း နတ်မင်း ဗြဟ္မာမင်း ဖြစ်၍ပင်နေကြသော်လည်း သမ္မာဒိဋ္ဌိနှင့်ကြည်တစ်ခါ နောက်တစ်လှည့် သုစရိုက်မှုနှင့် ကြည်တစ်ခါ ဒုစရိုက်မှုနှင့် နောက်တစ်လှည့် သုဂတိချမ်းသာနှင့် ကြည်တစ်ခါ အပါယ်ဒုက္ခသို့ရောက်၍ အနောက်ကြီးနောက်တစ်လှည့် ဤသို့သော် နှောက်ယှက်မှုတို့မှ မလွတ်ကင်းကြလေကုန်။

(ဂ) အသင်္ခတဋ္ဌ။  ။ သောတာပန်ပုဂ္ဂိုလ်တို့ ဆိုက်ရောက်ရရှိ တည်နေရာဖြစ်သော ဒိဋ္ဌိ ဝိစိကိစ္ဆာ ဒုစရိုက် ဒုရာဇီဝ အပါယ်ဒုက္ခတို့၏ အပြီးလွတ်ငြိမ်းမှုဟူသော သပါဒိသေသနိဗ္ဗာန်သည် ဘဝကမ္ဘာ အသင်္ချေ ကြာသော်လည်း ပျက်ကွက်ခြင်းရှိတော့သည် မဟုတ်။ အနမတဂ္ဂသံသရာနှင့် တကွ နိစ္စထာဝရဖြစ်တည်လေ၏။

ထိုသို့ ပျက်ကွက်ခြင်းမရှိ နိစ္စ ထာဝရတည်ရှိသော တရားဖြစ်ပေသောကြောင့် အသစ်တစ်ဖန် ထူထောင်မှုဟူ၍ မရှိပြီ။ ထိုသို့နိဗ္ဗာန်ဆွေးမြေ့ ပျက်စီးပြန်၍ မိမိသန္တာန်၌ ထိုနိဗ္ဗာန်ကို တစ်ဖန်ဖြစ်ပေါ်လာရန် ဒါနပြုမှု ဒုက္ခတွင်းသို့ ဆင်းရပြန်သည်ဟု မရှိပြီဆိုလိုသည်။

ဤသို့အဖန်ဖန် ပြုပြင်ရခြင်းဟူသော သင်္ခါရတို့မှ လွတ်ငြိမ်းမှုသည် သောတာပန်ပုဂ္ဂိုလ်တို့ ခံစံကြရသော အသင်္ခတဋ္ဌ မည်၏။ သောတာပန်ပုဂ္ဂိုလ်တို့အား ကြွင်းကုန်သော ကိလေသာတို့၏ ချုပ်ငြိမ်းဖို့အတွက်နှင့်သာ ဒါန သီလ ဥပေါသထ ဘာဝနာမှုကို ပြုဖွယ်ကိစ္စရှိတော့သည်။  ။ ချုပ်ငြိမ်းလေပြီးသော သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာဒုစရိုက် ဆယ်ပါးတို့၏ ငြိမ်းဖို့အတွက်နှင့် ပြုဖွယ်ကိစ္စ မရှိပြီ။

(ဃ) အမတဋ္ဌ။ ။ ထိုသက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာ ဒုစရိုက် ဒုရာဇီဝ အပါယ်ဒုက္ခတို့၏ အပြီးလွတ်ငြိမ်းမှု ဟူသော သဥပါဒိသေသနိဗ္ဗာန်သည် အနတဂ္ဂသံသရာမှာ ဘယ်အခါမှ ဆွေးမြေ့ပျက်ဆုံးသည်ဟူ၍ မရှိပြီ။ ထိုဝသာခါ အနာထပိဏ်အစရှိသော ဘုံစဉ်စံသော သောတာပန်ပုဂ္ဂိုလ်တို့အား တစ်ဘဝလျှင် တစ်ခါ ခန္ဓာငါးပါး ပျက်ဆုံးမှုကားရှိကြ၏။

မိမိတို့ရရှိပြီးသော နိဗ္ဗာန်ကား ခန္ဓာပျက်ဆုံးသော်လည်း ပျက်ဆုံးခြင်းမရှိပြီ။ ခန္ဓာ တစ်ဘဝတစ်ခုပျက်၍ ခန္ဓာ တစ်ဘဝတစ်ခု ရောက်ကြပြန်လျှင် ထိုနိဗ္ဗာန်တွင်း၌သာ ရောက်ကြပြန်၏။ ပုထုဇဉ်ခန္ဓာသို့ ပြန်၍ရောက်ကြကုန်သည်ဟု မရှိပြီ။ ခန္ဓာတို့ကား မတဓာတ်မျိုးဖြစ်၍ တစ်ဘဝတစ်ခါ ပျက်ဆုံးကြကုန်သည်။ ထိုနိဗ္ဗာန်သည်ကား အမတဓာတ်မျိုးဖြစ်၍ ခန္ဓာပျက်သော်လည်း တစ်ခါတစ်ရံမျှ ပျက်ဆုံးသည်ဟူ၍ မရှိပြီ။ အနုပါဒိသေသနိဗ္ဗာန်နှင့် တစ်ဆက်တည်း ဆက်မိလေတော့သည်။ ထိုသောတာပန်တို့အား ထိုငြိမ်းမှုကုန်ဆုံး၍ သွားမည်ကို ကြောင့်ကြဖွယ်မရှိ။

ဤသို့ သောတာပတ္တိမဂ်သို့ ရောက်သည့်နေ့မှစ၍ အနုပါဒိသေသနိဗ္ဗာန်သို့ ဆိုက်ရောက်သည့်တိုင်အောင် ဘဝများစွာ ကမ္ဘာများစွာ ကြာချင်တိုင်းကြာငြားသော်လည်း တစ်ခါတစ်ရံမျှ ပျက်ကွက်ခြင်း မရှိမှု၍ ထိုဘုံစဉ်စံ သောတာပန်ပုဂ္ဂိုလ်အနန္တတို့၏ ကိုးကွယ်ရာ လဲလျောင်းရာ ပုန်းအောင်းရာ အနေနှင့် အမြဲစောင့်ရှောက်ကာ ပါရှိ၍နေသောအမှုသည် ထိုသောတာပန်ပုဂ္ဂိုလ်တို့ ခံစံကြရသော အမတဋ္ဌပေတည်း။ ဤကား သောတာပန်ပုဂ္ဂိုလ်တို့ ခံစံကြရသော သဥပါဒိသေသနိဗ္ဗာန် ဖြစ်၏။
--------------------------------

(လယ်တီဆရာတော် စတုသစ္စဒီပနီ)

 သေတာပန်တို့
----------------
ခံစံကြရသော နိဗ္ဗာန်၏
------------------------
အနက်လေးချက်

-----------------

တစ်စုံတစ်ယောက်သောသူက သောတာပန်ပုဂ္ဂိုလ်သည်

 ထောင့်ငါးရာကိလေသာကို အကုန်မပယ်ရသေး အိုရခြင်း နာရခြင်း သေရခြင်း ဒုက္ခမှ မကင်းသေး ထို့ကြောင့် နိဗ္ဗာန်သို့ရောက်သည့် နိဗ္ဗာန်သွားရာလမ်းမကြီးပေါ်သို့ ရောက်နေပြီဟု မဆိုထိုက်ဟု စောဒကတက်ခဲ့သော်……………။

ဘေးမဲ့အလှူ


 

 
အော်ညည်းသံတွေ ဆူညံနေတဲ့ အဆောက်အဦးထဲမှာ “နွားမ” တစ်ကောင်ဟာ နွားပေါက်လေးများနှင့်အတူ
သေမင်းတံခါးဝ မှာ တန်းစီစောင့်နေကြပါတယ်။တိရစ္ဆာန်သဘာဝ အကြောင်း၊အကျိုးခွဲခြားနားမလည်နိုင်သော်လည်း သေမှာကိုတော့
 ကြောက်တတ်ကြပါတယ်။

Wednesday, May 21, 2014

နန်းဦးဆရာတော် ဘုရားကြီး၏ အဆုံးအမ တစ်ခွန်း။

  
  ဆရာတော်ရဲ့ ဆရာ(အဖေ ဆရာ)က တောင်စွန်း ဓမ္မဒူတဆရာတော်၊ ဓမ္မဒူတဆရာတော်ရဲ့  ဆရာ(အဘိုး ဆရာ)က စစ်ကိုင်းနန်းဦး ဆရာတော်ကြီး ဖြစ်တယ်။ ဓမ္မဒူတ ဆရာတော် ဘုရားကြီး စစ်ကိုင်းမှာ စာကျက်တုံးက နန်းဦးကျောင်း အဲဒီဆရာတော်ကြီးဆီ
မှာ စာကျက်တယ်။ ဆရာတော်ကြီးရဲ့  တပည့်ရင်းပဲ၊ ပိဋကတ် ၃ ပုံကို စဖြေတယ်၊ ၁ ပုံအောင်တယ်၊ ကျေးဇူးရှင် မင်းကွန်းဆရာတော်ကြီးလို စာအဖြေထောက် လွတ်တယ်။

Monday, May 19, 2014

မထင်မရှားဖြစ်သော စိတ်များ။


         မိမိ၏ စိတ်ဖြစ်ပုံကို မိမိကိုယ်တိုင် စဉ်းစားကြည့်သောအခါ တချို့စိတ်၏ ဖြစ်ပုံသည်ထင်ရှား၏။ တချို့စိတ်၏ ဖြစ်ပုံကား မထင်ရှား။ အိပ်ပျော်နေသောအခါ၌ စိတ်အစဉ်သည် ဖြစ်မြဲ ဖြစ်နေ၏။ သို့သော် ဖြစ်ပုံကားမထင်ရှားချေ။ နိုးသောအခါမှာလည်းအမှတ်တမဲ့
 မြင်ရ၊

သာသနာတော်ကျင့်ထုံး မဟုတ်သော သက်သတ်လွတ်စားခြင်း။

    
 ယခုအခါ   လွဲမှားသော ကိုးကွယ်ရာများကို  ရှေ့တန်းတင်ထားသော သက်သတ်လွတ် စားသောဝါဒ၊အသွေးလွတ် အသားလွတ် စားသောဝါဒ၊မီးလွတ်စားသောဝါဒ၊တို့ ကိုတွင်ကျယ်အောင်
 ဖြန့် ဖြူးနေသောအင်အားစုများ ရှိနေပါသည်။

ဈာန်တရားအားထုတ်ရင်း အတွေးလွဲချော်မှုများ။

         မြတ်စွာဘုရားက လောကကြီးမှာ ပွင့်တော်မူနေပြီး တရားဓမ္မတွေ ဟောနေပါပြီ။ ဘုရားလောင်းတုန်းက ဆရာတော်ဖူးတဲ့ “အာဠာရကာလာမ” နဲ့ “ဥဒက ရာမပုတ္တ” တို့က ရုပ်ခန္ဓာကိုယ်ကြီး
မပါတဲ့ ဗြဟ္မာ့ဘုံ ရောက်နေကြပါတယ်။ 

ပညာစစ်၊ ပညာတုဆိုတာ။

        
ပညာစစ် = ကံ၊ ကံ၏အကျိုးကို သိတတ်သောဉာဏ်၊ စာပေကျမ်းဂန်၏ အဓိပ္ပါယ်မှန်ကိုနားလည်သောဉာဏ်၊ ၀ိပဿနာဉာဏ်၊ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်များနှင့် ဘုရားရှင်၏ သဗ္ဗညုတဉာဏ်တိုင်အောင် အပြစ်ကင်းသော အသိအလိမ္မာ ဉာဏ်ဟူသမျှ ပညာအစစ်ပင်တည်း။

နတ်ပြည်၊ ဗြဟ္မာ့ပြည်မှ မြေအမျိုးအစား။

        
 လူ့ပြည်ဖြစ်သော ဤကမ္ဘာတွင် သဲမြေ၊ နူးမြေ၊ ရွံ့မြေ၊ ကျောက်မြေစသည်ဖြင့် မြေအမျိုးမျိုး ရှိပါသည်။ နတ်ပြည်၊ ဗြဟ္မာ့ပြည်၌ မြေသည် လူ့ပြည်မှာကဲ့သို့ ဖုံမှုန့်ပါသောမြေမျိုး မဟုတ်ပေ။ ဖန်မြေ၊ မှန်မြေ ဖြစ်၏။ ဖုံမှုန့်စသောအညစ်အကြေးကင်းစင်၍ နတ် ဗြဟ္မာတို့၏
ကိုယ်ကာယ အဆင်းသည် ကြည်လင်၏၊ ရောင်ရွှင် ၀င်းပ၏။ နတ်နန်းဗိမာန်တို့သည်လည်း
အဆင်းသည် ကြည်လင်၏။ တောက်ပြောင် ၀င်းပ၏။ ။
{သာသနာရေးဝန်ကြီးဌာန၏ ဗုဒ္ဓဘာသာကောင်းတစ်ယောက်မှ တစ်ဆင့်ရေးသားပူဇော်ပါသည်။}
  
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

အမျှပေးဝေသော် မိမိမှာ ကုသိုလ်အရနည်းသွားသလား ?။

 

မိမိရသော ကုသိုလ်အဖို့ကို သူတစ်ပါးအား အမျှပေးဝေသောအခါ “ မိမိမှာ ကုသိုလ်အရ နည်းမသွားပေဘူးလား ” ဟု စဉ်းစားဖွယ်ရှိ၏။ ကုသိုလ်ဆိုသည်မှာ စိတ်စေတနာသာ လိုရင်းဖြစ်၏။ မိမိ ပထမပြုသော ဒါနကုသိုလ်အတွက် စိတ်စေတနာကောင်း ဖြစ်ပြီးလေပြီ။ 

ဘ၀အတွက် ထာဝရချမ်းသာစေသောနည်းလမ်း။


   လောကလူသားတွေရဲ့  သဘာဝအရ လူဟာအဖေါ်မရှိဘဲမနေတတ်ပါ တခြားသတ္တ၀ါတွေ ကြည့်လိုက်မယ်ဆိုရင်လဲ အဖေါ်နဲ့  နေကြတာပါ။ ဒီလိုအဖေါ်နဲ့  နေခြင်းအားဖြင့် အကျိုးကျေးဇူးက ဘာလဲ။ ဘယ်လိုအဖေါ်မျိုးကိုရှာဖွေမှတကယ့်အရေးကြုံလာတဲ့အခါမှာ
 ကောင်းတဲ့အခြေအနေမျိုးတွေ ဖြစ်နိုင်သလဲဆိုတာ ဘ၀အရေးနဲ့ 
ပတ်သက်ပြီး သေသေချာချာ စဉ်းစားဆင်ခြင်သုံးသပ်ကြည့်ရမှာ ဖြစ်ပါတယ်။

အသိဉာဏ် အထက်မြက်ဆုံး ပုဂ္ဂိုလ်။

       
“ဥဂ္ဃဋိတညူ”တဲ့။ ဒီပုဂ္ဂိုလ်ကတော့ အဆင့်အမြင့်ဆုံး ပုဂ္ဂိုလ်မျိုးပေါ့၊ အသိဉာဏ် အထက်မြက်ဆုံး ပုဂ္ဂိုလ်၊ နည်းနည်းလေးပြောလိုက်တာနဲ့ တစ်မဂ်တစ်ဖိုလ် ရသွားနိုင်တယ်၊
ဥပမာ အရှင်သာရိပုတ္တရာမထေရ်မြတ် တို့လိုပါ။ အရှင်သာရိပုတ္တရာ မထေရ်မြတ်ဆိုလို့ရှိရင် ပထမတုန်းက တရားဓမ္မရှာရင်း သိစ္စည်းပရိဗိုဇ်ကြီးရဲ့ တပည့်အဖြစ် ခံယူတယ်၊ ပရိဗိုဇ်ဝတ်
နေတယ်၊

အရှင်ဆေကိန္ဒ တရားလမ်းကြောင်းပေါ် ရောက်ခဲ့ရတဲ့ ”တရားတော်”

  ဒို့ များ....ခုလိုအခြေအနေ တရားလမ်းကြောင်းပေါ်ထိရောက်အောင် တရားတစ်ပုဒ်နာခဲ့ဘူးတယ်။ အဲဒီတရားကြောင့်.... သာသနာဘောင်သို့  ရောက်ခဲ့တယ်။ အဲဒီတရားကြောင့်
.......တရားအားထုတ်ဖြစ်တယ်။  တရားထိုင်ဖြစ်တယ်။  တရားရပ်ဖြစ်တယ်။  အမြဲတမ်း တရားအကြောင်း စဉ်းစားဖြစ်တယ်။ တရားတစ်ပုဒ် နာခဲ့ရလို့ ၊ အဲဒီတရားတစ်ပုဒ် တရား
တစ်ခွန်းကြောင့် .. တို့ များ.....တအားကြီးပြောင်းလဲသွားတယ်။

ဘာဝနာတရားဖြင့် နေနည်း။

     
ဘာဝနာအလုပ်ဆိုတာ ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာနဲ့  သဒ္ဓါ၊ ၀ီရိယ၊ သတိ၊ သမာဓိ၊ပညာအား မဂ္ဂင်သတ္တိ ဖြစ်သည်အထိ၊ သတ္တိတွေ တိုးပွားအောင် အားထုတ်ရတာလို့  နားလည်စေချင်ပါတယ်။ အထူးအားဖြင့် ၀ိပဿနာအလုပ်၊ ၀ိပဿနာဘာဝနာက ဖြစ်နေတဲ့အ
ခိုက် ဖြစ်တဲ့သဘောတွေကို..သိ၊ သေချာသိအောင် ဂရုတစိုက်ကြည့်ပြီး ပုံမှန်နေစဉ်   အား
ထုတ်ရတဲ့ နည်းပါပဲ။

၁၀ ပါး သီလကို အသက်ထက်ဆုံး စောင့်ထိန်းကြသူများ။

     
  ရဟန်းတော်များမှာ ပါတိမောက္ခ သံဝရသီလ ခေါ်သော ၀ိနည်းသီလများကို စောင့်ထိန်းရ၏။ ရဟန်းဖြစ်ပြီးလျှင် ပြီးချင်း အထူးဆောက်တည်နေဖို့ အလိုဘဲ ဆောက်တည်ပြီးသား ဖြစ်
သွားပြီးလျှင် စောင့်စည်းထိန်းသိမ်းရန် တာဝန်အပြည့် ရှိလာတော့၏။ ရှင်သာမဏေများမှာ ၁၀ပါး သီလကို ဆောက်တည် စောင့်ထိန်းရ၏။

"ရှင်ချောင်သေကြပ်၊ရှင်ကြပ်သေချောင်" ကိုလေ့လာပါ။

 

သာသနာတော်၌ ဆရာတော်များ ဆုံးမထားသော စကားတစ်ရပ် ရှိပါသည်။ ၎င်းမှာ"ရှင်ချောင်သေကြပ်၊  ရှင်ကြပ်သေရှောင်" ဟူ၍ ဖြစ်ပါသည်။ အဓိပ္ပာယ်မှာ ရဟန်းဝတ်ပြီးသီလသိက္ခာပုဒ်များ မစောင့်ထိန်းဘဲ၊ သွားကာ၊ လာကာ၊ စားကာ၊ သောက်ကာနှင့် ရဟန်းစဉ်က  ချောင်ချောင်ချိချိနေလျှင်  သေလျှင်ငရဲကျမည်ဖြစ်၍  အသေကြပ်မည်။

အကယ်၍ (Accident) မတော်တဆဖြင့် ကွယ်လွန်သွားသော်။

    
 ဗုဒ္ဓဘုရားရှင်တော်မြတ်ကြီး၏ တရားတွေဟာ ပိုလို့ ဖြုတ်စရာ မလိုဘူး၊  လိုလို့ ဖြည့်စရာလဲမရှိဘူး၊ ဘယ်လူ၊ ဘယ်နတ်၊ ဘယ်ဗြဟ္မာ၊ ဘယ်လိုကန့် လန့်  တိုက်တဲ့သူကမှ အပြစ်ပြောစရာမရှိဘူး။

ဗြဟ္မာအစားအစာ။


     
 ဗြဟ္မာတို့ကား ရုပ် ၀တ္ထု အဟာရ တစုံတရာကို စားသုံးခြင်းမရှိ၊ ပီတိခေါ် စိတ်၏ နှစ်သက်ငြိမ်းချမ်းမှုဖြင့်သာ တည်နေကြလေသည်။ စားသုံးသော အဟာရက နူးညံ့သောကြောင့်
ဗြဟ္မာတို့၏ ကိုယ်ကာယသည် လွန်စွာ နူးညံ့ သိမ်မွေ့ကြသည်။

တရားသိနေသူ။

    
လူတိုင်း လူတိုင်းမှာ မျက်စိရှိနေကြပါတယ်၊ မျက်စိလေး -နှစ်လုံး ဖွင့်လိုက်လို့ရှိရင်မြင်စရာ အာရုံလေးက မျက်စိထဲမှာ ပေါ်လာပါတယ်၊ ဥပမာ - ပန်းပွင့်ကလေးကို ကြည့်တယ်ဆို
လို့ရှိရင် ပန်းပွင့်ကလေးနဲ့ မျက်လုံးလေး ဆုံလိုက်တဲ့အခါ ပန်းပွင့်ကလေးကို မြင်တယ်ဆိုတဲ့အသိစိတ်လေး ပေါ်လာပါတယ်။

ဘုရားသခင်တို့ ကြွတော်မူသော် ခြေရာမထင်ခြင်းအကြောင်း ၃ ပါး။


၁။ အသားအရေ နူးညံ့သိမ်မွေ့လှသဖြင့် ၀ါဂွမ်းကိုချ၍ အရာမထင်ဘိသကဲ့သို့ လည်းကောင်း။
 

၂။ ခွန်အားကြီးသော သိန္ဓောမြင်းသည် ကြာရွက်တွင်နင်းသော်လည်း အရာမထင်ဘိ သကဲ့သို့  လည်းကောင်း။

သညာသိမျှဖြင့် ထူးခြားတဲ့အသိ မဖြစ်နိုင်။

      
 ဖြစ်ခိုက်ရုပ်နာမ်ကို ရှုမှတ်ပြီး တကယ်သိတဲ့ ပညာသိဖြင့်သာ ထူးခြားတဲ့ အသိဉာဏ်ကိုဖြစ်စေနိုင်ကြောင်း၊ ကျက်မှတ်ပြီးသိတဲ့ သညာသိမျှဖြင့် အဖန်ဖန် ဆင်ခြင်နေပေမယ်လို့ ထူး
ခြားသော အသိဉာဏ်ကို မဖြစ်စေနိုင်ကြောင်းကိုလည်း လက်တွေ့စမ်းသပ်ကြည့်ရန် အောက်ပါ
အတိုင်း ပြဆို ထားပါသည်။

*ကံတရားရဲ့အလိုတော်အတိုင်း*

Photo: *ကံတရားရဲ့အလိုတော်အတိုင်း*

တစ်ခါတစ်ရံမှာ
မေတ္တာ ဂရုဏာ မုဒိတာနဲ့
ကိုယ်ဘယ်လိုမှ 
အကူအညီပေးလို့ မရတော့တဲ့
ကိစ္စမျိုးတွေ အဖြစ်ပျက်မျိုးတွေ
ကြုံတွေ့ရတတ်ပါတယ်
အဲလိုအခါမျိုးမှာ
ကံတရားအတိုင်းပဲ
ကံစီမံသလိုဖြစ်ရတာပါပဲ။
သူအခုလိုဖြစ်ရတာ
သူရဲ့ကံတရားကြောင့်ပဲလို့ 
ကံ ကံ၏အက်ျုးကို
နှလုံးသွင်းဆင်ခြင်ပြီး
စိတ်တည်ငြိမ်အေးချမ်းအောင်
နေတတ်ရပါတယ်
ဒါဆိုရင်ဥပေက္ခာဗြဟ္မစိုရ်ကို
ကျင့်သုံးရာရောက်ပါတယ်။

အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)


*ကံတရားရဲ့အလိုတော်အတိုင်း*

တစ်ခါတစ်ရံမှာ
မေတ္တာ ဂရုဏာ မုဒိတာနဲ့
ကိုယ်ဘယ်လိုမှ
အကူအညီပေးလို့ မရတော့တဲ့
ကိစ္စမျိုးတွေ အဖြစ်ပျက်မျိုးတွေ
ကြုံတွေ့ရတတ်ပါတယ်။

"နှောင်ကြိုးအစစ်"

Photo: "ချည်ကြိုးနှင့် နွားနှစ်ကောင်"
••••••••••••••••••••••••••••••••
ကောသမ္ဗီပြည်၊ ဃောသိတာရုံကျောင်း၌ သီတင်းသုံးနေထိုင်စဉ် အရှင်အာနန္ဒာကို အရှင်ကာမဘူက ယခုလို မေးလျှောက်၏။ “ငါ့ရှင် မျက်စိသည် အဆင်းတို့၏ အနှောင်အဖွဲ့ဖြစ်သလား။ အဆင်းတို့သည် မျက်စိ၏ အနှောင်အဖွဲ့ဖြစ်သလား။ နားသည် အသံတို့၏ အနှောင်အဖွဲ့လား။ အသံသည် နား၏ အနှောင်အဖွဲ့လား။ နှာခေါင်းသည် အနံ့တို့၏ အနှောင်အဖွဲ့လား။ အနံ့တို့သည် နှာခေါင်း၏ အနှောင်အဖွဲ့လား။ လျှာသည် အရသာတို့၏ အနှောင်အဖွဲ့လား။ အရသာတို့သည် လျှာ၏ အနှောင်အဖွဲ့လား။ ကိုယ်သည် အတွေ့အထိတို့၏ အနှောင်အဖွဲ့လား။ အတွေ့အထိတို့သည် ကိုယ်၏ အနှောင်အဖွဲ့လား။ စိတ်သည် သဘောတရားတို့၏ အနှောင်အဖွဲ့လား။ သဘောတရားတို့သည် စိတ်၏ အနှောင်အဖွဲ့လား။ ငါ့ရှင်အာနန္ဒာ သိသာအောင် ဖြေကြားပါလော”

“ငါ့ရှင် ကာမဘူ၊ အကျွန်ုပ်ဖြေကြားပါမည်။ ကောင်းစွာနာကြားပါလော။ ဤလောက၌ နွားဖြူနှင့် နွားနက်နှစ်ကောင်ကို တစ်ချောင်းတည်းသော ကြိုးဖြင့် တွဲချည်ထားသည်ဆိုပါတော့။ နွားနက်သည် နွားဖြူ၏ အနှောင်အဖွဲ့တည်း။ နွားဖြူသည် နွားနက်၏ အနှောင်အဖွဲ့တည်းဟု တစ်စုံတစ်ယောက်က ပြောကြားသည်ဆိုပါတော့။

ထိုသူပြောကြားသော စကားသည် စင်စစ်အားဖြင့် မှားသည်သာတည်း။ နွားနက်သည် နွားဖြူ၏ အနှောင်အဖွဲ့မဟုတ်။ နွားဖြူသည်လည်း နွားနက်၏ အနှောင်အဖွဲ့မဟုတ်။ အဘယ်အရာသည် အနှောင်အဖွဲ့ဖြစ်ပေမည်နည်း။ ချည်ဖွဲ့ထားသော “ကြိုး” သည်သာလျှင် နွားဖြူနှင့် နွားနက်တို့၏ အနှောင်အဖွဲ့ဖြစ်သည်။ ဟုတ်ပါသလော။”

“ငါ့ရှင် အာနန္ဒာ ဟုတ်မှန်ပေ၏။ ဆက်လက်၍ ပြောကြားပါဦးလော” 

"နှောင်ကြိုးအစစ်"
•••••••••••••••••••
ငါ့ရှင် ကာမဘူ - ဤဥပမာအတိုင်းပင်တည်း။ မျက်စိသည် အဆင်းတို့ အနှောင်အဖွဲ့မဟုတ်၊ အဆင်းတို့သည် မျက်စိ၏ အနှောင်အဖွဲ့မဟုတ်။ အမှန်အားဖြင့်သော်ကား ထိုနှစ်မျိုးလုံးကိုစွဲ၍ ဖြစ်သော လိုချင်စွဲမက်မှု “ဆန္ဒရာဂ” သည် ထိုနှစ်မျိုးလုံး၏ အနှောင်အဖွဲ့မည်ပေ၏။ ထို့အတူပင်-

နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် တို့သည် အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ၊ သဘောတို့၏ အနှောင်အဖွဲ့ မဟုတ်ကုန်၊ အပြန်အလှန်အားဖြင့် အနှောင်အဖွဲ့ မဟုတ်ကုန်။ ထိုထို နှစ်မျိုးနှစ်စုံတို့ကို စွဲ၍ ဖြစ်သော လိုချင်စွဲမက်မှု “ဆန္ဒရာဂ” သည် သာလျှင် ထိုထိုနှစ်မျိုးနှစ်စုံတို့၏ အနှောင်အဖွဲ့မည်ပေ၏။

(အရှင်အာနန္ဒာ - သဠာယတနသံယုတ်၊ သမုဒ္ဒဝဂ်၊ ကာမဘူသုတ်)

မေတ္တာရှင်(ရွှေပြည်သာ)၏ “လူငယ်များအတွက် ဂမ္ဘီရဝိပဿနာ အတွဲ-၈”မှ
ကောက်နှုတ်ပူဇော်မျှဝေပါသည်။

စာဖတ်သူအားလုံး ဘေးရန်ကြောင့်ကြဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။ ။ 


"ချည်ကြိုးနှင့် နွားနှစ်ကောင်"
••••••••••••••••••••••••••••••••

ကောသမ္ဗီပြည်၊ ဃောသိတာရုံကျောင်း၌ သီတင်းသုံးနေထိုင်စဉ် အရှင်အာနန္ဒာကို အရှင်ကာမဘူက ယခုလို မေးလျှောက်၏။ “ငါ့ရှင် မျက်စိသည် အဆင်းတို့၏ အနှောင်အဖွဲ့ဖြစ်သလား။ အဆင်းတို့သည် မျက်စိ၏ အနှောင်အဖွဲ့ဖြစ်သလား။ 

ကမ္မဌာန်းအားထုတ်မှု နှင့် အိပ်ငိုက်ခြင်း ဖြေဖျောက်နည်း

Photo: ကမ္မဌာန်းအားထုတ်မှု နှင့် အိပ်ငိုက်ခြင်း ဖြေဖျောက်နည်း
==================================================
    ကမ္မဌာန်းအားထုတ်တဲ့အချိုန်မှာ အိပ်ချင်လာတယ်ဆိုရင် အဲဒီကမ္မဌာန်းကိုစွန့်၊ တခြားနည်းပြောင်းအားထုတ်ရမယ်၊ အိပ်ငိုက်တဲ့ အမှတ်သညာမျိုးကို ဖယ်ရှားပြစ်ရမယ်။
၁။ တရားကို နှလုံးသွင်းလို့ အိပ်ငိုက်တယ်ဆိုလိုရှိရင် အဲဒီအိပ်ငိုက်စေတတ်တဲ့ အမှတ်သညာ တရားမျိုးကို ရပ်ထားလိုက်ပါပြီး အာရုံတစ်မျိုးပြီး ရှုရမယ်တဲ့။
၂။ အဲဒီလိုရှုလို့မှ အိပ်ငိုက်မပြေသေးဘူးဆိုရင် နောက်တခု  ပြောင်းလုပ်ရမယ်၊ ဘာလုပ်ရမလဲဆိုရင် ကိုယ်အာဂုံဆောင်ထားတဲ့ တရားဓမ္မတွေ၊ သင်ထားတဲ့ တရားဓမ္မတွေကို စိတ်ထဲကနေတွေးနေပါတဲ့။ နှုတ်ကထုတ်ရွတ်ဆိုတာ မဟုတ်ပဲ၊စိတ်နဲ့ကြံတွေးပြီး ရွတ်ဆိုကြည့်ရင်လည်း အိပ်ငိုက်ခြင်းတွေပြေပျောက်နိုင်တယ်တဲ့။
၃။ ရထားတဲ့စာတွေ တွေးနေတာမှ အိပ်ငိုက်မှုမပျောက်သေးဘဲ အိပ်ချင်နေတုန်းပဲဆိုရပ်င် ကိုယ်နှုတ်တတ်အာဂုံဆောင်ထားတဲ့စာတွေကို ရွတ်ဖတ်သရဇ္ဈာယ်လိုက်ပါတဲ့။ အသံထုတ်ပြီးရွတ်ဖတ်သရဇ္ဈာယ်ပြီးလို့ရှိရင် အိပ်ငိုက်မှုဟာ ပျောက်သွားနိုင်တယ်တဲ့။
၎။ အိပ်ငိုက်မှုက ပြေပျောက်မသွားသေးဘူးဆိုရင် ဘာဆက်လုပ်ဖို့လိုသေးတုန်းဆိုတော့ ကိုယ်နားရွက်ကို ပူသွားအောင်ဆွဲ၊ ခန္ဓာကိုယ်ကို တစ်ကိုယ်လုံးပွတ်သတ်တဲ့။ အဲဒီလိုလုပ်လိုက်လို့ရှိရင်လည်း လူဟာ လန်းဆန်းပြီးတော့ အိပ်ချင်ပြေသွားနိုင်တယ်တဲ့။
၅။ အဲဒီလိုလုပ်လို့မှ မပြေသေးဘူးဆိုရင် မျက်နှာသစ်၊မျက်လုံးကိုရေစွတ်ပြီး ကမ္မဌာန်းကျောင်းထဲကထွက်ပြီး ကောင်းကင်ကိုမော့ကြည့်၊ အရပ်မျက်နှာတွေကို ကြည့်ပြီး လေကောင်းလေသန့်ကို ရှုလိုက်ရင်လည်း အိပ်ချင်ပြေသွားနိုင်တယ်တဲ့။
၆။ အဲဒီလိုမှ မရသေးပဲ ဆက်ပြီးအိပ်ချင်နေသေးတယ်ဆို၇င် `အာလောကသညာ`အလင်းကို နှလုံးသွင်းရမယ်တဲ့။ အမှောင်ထဲမှာ မနေနဲ့၊ အလင်းထဲမှာနေ၊။ မှောင်နေတယ်ဆိုတာကိုမေ့ထားပြီး အလင်းကို နှလုံးသွင်းပြီး အားထုတ်လိုက်မယ်ဆိုလို့ရှိရင် ငိုက်မြည်းတာတွေပျောက်သွားနိုင်တယ်တဲ့။
ရ။ အဲဒီလိုမှ မပျောက်သေးဘူးဆို၇င် စင်္ကြန်လမ်းလေးကို သတ်မှတ်ပြီး သဒ္ဓါတို့၊ ဝရီယတို့၊ သတိတို့၊ သမာဓိတို့၊ ပညာတို့ဆိုတဲ့ က္ကှုနြေ္ဒစွမ်းအားတွေကို ထိန်းချုပ်ပြီး စင်္ကြန်လျှောက်လိုက်ပါတဲ့။ အဲဒီလို စင်္ကြန်လျှောက်တာတောင် အိပ်ချင်တာက မပြေသေးဘူးဆိုရင်တော့ အိပ်လိုက်တော့တဲ့။
          မြတ်စွာဘုရားက အိပ်ရင်လည်း စနစ်တကျ အိပ်ရမယ်တဲ့။ ဘယ်လိုစနစ်တကျ အိပ်ရမလဲဆိုရင် လက်ယာဘက်ကိုစောင်းပြီး ခြေထောက်နှစ်ခုက ခြေမျက်စိချင်းမထိစေဘဲ နည်းနည်းလေးလွှဲပြီးတော့ထားပြီး ဘယ်အချိုန်ထမယ်ဆိုတဲ့ အမှတ်သညာလေးနဲ့ ထားပြီးတော့အိပ်တဲ့။ နိုးလာတာနဲ့တပြိုင်နက် ချက်ချင်းထပြီး တရားအားထုတ်၇မယ်တဲ့။
ရှင်မောဂ္ဂလ္လာန်ကို မြတ်စွာဘုရားက နည်းလမ်းပေးထားတာဖြစ်သောကြောင့် ဒါကို ကမ္မဌာန်းအားထုတ်တဲ့ ပုဂ္ဂိုလ်တွေ အိပ်ချင်ပြီဆိုရင်လည်း ဒီနည်းစနစ်ကို လိုက်နာကျင့်သုံးပြီး အိပ်ငိုက်ခြင်းကို ဖြေဖျောက်ကာ တရားထူး တရားမြတ်များရသည်ထိအောင် အားထုတ်နိုင်ကြပါစေ........

                                                                                         မြတ်ဗုဒ္ဓ၏သာဝက

အရှင်နန္နမာလာဘိဝံသ၏ ကမ္မဌာန်းအလုပ်နှင့် အိက်ငိုက်ခြင်းစာအုပ်မှ..............  

ကမ္မဌာန်းအားထုတ်မှု နှင့် အိပ်ငိုက်ခြင်း ဖြေဖျောက်နည်း
========================================

အဲဒီကမ္မဌာန်းကိုစွန့်၊ တခြားနည်းပြောင်းအားထုတ်ရမယ်၊ အိပ်ငိုက်တဲ့ အမှတ်သညာမျိုးကို ဖယ်ရှားပြစ်ရမယ်။

၁။ တရားကို နှလုံးသွင်းလို့ အိပ်ငိုက်တယ်ဆိုလိုရှိရင် အဲဒီအိပ်ငိုက်စေတတ်တဲ့ အမှတ်သညာ တရားမျိုးကို ရပ်ထားလိုက်ပါပြီး အာရုံတစ်မျိုးပြီး ရှုရမယ်တဲ့။

" စကားပြောမှု သတိပြု "

Photo: " စကားပြောမှု သတိပြု "

       အခါတစ်ပါး၌ ဗုဒ္ဓမြတ်စွာဘုရားသည်
ရဟန်းတို့အား စကားများများပြောဆိုသော
ပုဂ္ဂိုလ်၌ အပြစ် ၅-မျိုးရှိပုံကို အောက်ပါအ
တိုင်း ဟောတော်မူသည်။
       " ရဟန်းတို့ စကားများများ ပြောဆို
သောပုဂ္ဂိုလ်၌ အပြစ်တို့ ၅-မျိုးရှိ၏။
        ယင်းတို့ကား…
၁။ မဟုတ်မမှန်သည်ကို ပြောဆိုမိတတ်၏။
၂။ ကုန်းတိုက်စကားကို ပြောဆိုမိတတ်၏။
၃။ ကြမ်းတမ်းသောစကားကို ပြောဆို
    မိတတ်၏။
၎။ ပြိန်ဖျင်း(အကျိုးမရှိ)သော စကားကို
    ပြောဆိုမိတတ်၏။
၅။ ထို့ကြောင့် ခန္ဓာကိုယ် ပျက်စီး၍ 
    သေဆုံးသည့်အခါ ချမ်းသာကင်းသော
    မကောင်းသောလားရာဖြစ်သည့် ငရဲ
    သို့ ရောက်ရ၏ " ဟု ဟောတော်
     မူသည်။
 ထို့နောက်မြတ်စွာဘုရားက " ရဟန်းတို့
ပညာဖြင့် ချင့်ချိန်၍ စကားပြောဆိုသော
ပုဂ္ဂိုလ်၌ အကျိုးငါးပါးရှိ၏။
ယင်းတို့ကား-
၁။ မဟုတ်မမှန်သည်ကို မပြောမိတတ်။
၂။ ကုန်းတိုက်စကားကို မပြောမိတတ်။
၃။ ကြမ်းတမ်းသောစကားကို 
    မပြောမိတတ်။
၎။ ပြိန်ဖျင်း(အကျိုးမရှိ)သော စကားကို
    မပြောမိတတ်။
၅။ ထို့ကြောင့် ခန္ဓာကိုယ်ပျက်စီး၍ သေဆုံး
    သည့်အခါ ချမ်းသာသော ကောင်း
     သောလားရာဖြစ်သည့် နတ်ပြည်သို့
     ရောက်ရ၏ " ဟု ဟောတော်မူသည်။
( အဂုင်္တ္တရပါဠိ ပဉ္စမပဏ္ဏာသက ကိမိလဝဂ်
 ဗဟုသာဏိသုတ် ) 
ု
့
ု  

 " စကားပြောမှု သတိပြု "

အခါတစ်ပါး၌ ဗုဒ္ဓမြတ်စွာဘုရားသည်
ရဟန်းတို့အား စကားများများပြောဆိုသော
ပုဂ္ဂိုလ်၌ အပြစ် ၅-မျိုးရှိပုံကို အောက်ပါအ
တိုင်း ဟောတော်မူသည်။

 
" ရဟန်းတို့ စကားများများ ပြောဆို
သောပုဂ္ဂိုလ်၌ အပြစ်တို့ ၅-မျိုးရှိ၏။

မိစ္ဆာဒိဌိဖြစ်သူ၏ အခွင့်အရေး။

   
   မိစ္ဆာဒိဌိဖြစ်သူဟာ အကျွတ်တရားရဖို့ အခွင့်အရေး ဆုံးရှုံးနေသူပါ။  ဘုရားပွင့်တယ်၊ ဘုရားပွင့်တဲ့ ဒေသမှာပဲ လူဖြစ်တယ်။ ဘုရားက တရားဟောနေတယ်၊ ဆိုပါစို့၊ မြတ်စွာဘုရားက သာဝတ္ထိပြည်မှာ သီတင်းသုံးတယ်။ အဲဒီပုဂ္ဂိုလ်ကလည်း သာဝတ္ထိပြည်မှာပဲ လူဖြစ်တယ်။

ဘုရားဂုဏ်တော်(၉)ပါး

Photo: ဘုရားဂုဏ်တော်(၉)ပါး
------------------------

၁။ အရဟံဂုဏ်တော်= လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်ခြင်း။

- အ-ရဟံဂုဏ်တော်= မကောင်းမှုပြုရန် ဆိတ်ကွယ်ရာ ရှိတော်မမူခြင်း။

-အရ-ဟံဂုဏ်တော်= သံသရာစက် အကန့်ကို ဖျက်ဆီးတော်မူတတ်ခြင်း။ (သံသရာ၌ နောက်ထပ်တစ်ဖန် ပြန်မဖြစ်တော့ခြင်း)

ဝိသုဒ္ဓိမဂ်လာ ၂ ချက်နှင့်ပေါင်းက အရဟံအနက် ၅ ချက်ဖြစ်သည်။

- အရဟံ ဂုဏ်တော်= ကိလေသာတို့မှ ဝေးကွာတော်မူခြင်း။

- အရဟံ ဂုဏ်တော်= ကိလေသာရန်သူတို့ကို သတ်တော်မူခြင်း။

၂။ သမ္မာသမ္ဗုဒ္ဓဂုဏ်တော်= 

-သင်္ခါရ (စိတ် စေတသိက်ဟူသော နာမ်တရားနှင့် နိပ္ဖန္နရုပ်များ)

-ဝိကာရ (လဟုတာ မုဒုတာ ကမ္မညတာ ကာယဝိညတ် ဝစီဝိညတ် ဟူသော ဝိကာရရုပ် ၅ပါး)

- လက္ခဏ (ဥပစယ သန္တတိ ဇရတာ အနိစ္စတာ ဟူသော လက္ခဏရုပ် ၄ပါး)

- ပညတ် ( လူ နတ် ဗြဟ္မာ ဆင် မြင်း ကျွဲ နွား တော တောင် ရေ မြေ စသောပညတ်များ)

- နိဗ္ဗာန် ( ကိလေသာ အညစ်အကြေး ကင်းစင်ပြီး ရုပ် ၂၈ပါး နာမ်တေပညာသ ၅၃ပါးနှင့် ပညတ်မှတစ်ပါးသော ငြိမ်းအေးချမ်းသာမှု ဓာတ်ကြီးတစ်မျိုး)။  ။ ဟူသော ဉေယျဓံတရား ၅ပါးကို မဖောက်ပြန်တတ်သော သယမ္ဘူဥာဏ်ဖြင့် မိမိအလိုလို ကိုယ်တော်တိုင် သိမြင်တော်မူခြင်း။ ။( ဤ၌ အနိပ္ဖန္နရုပ်တစ်ပါးဖြစ်သော ပရိစ္ဆေဒရုပ်မှာ ရုပ်ကလာပ်တို့ကို တစ်ခုနှင့်တစ်ခု မရောယှက်လေအောင် ပိုင်းခြားတတ်သော အာကာသ (အကြား) ကိုသာ ပရိစ္ဆေဒရုပ်ဟု ခေါ်သဖြင့် ပရမတ်အစစ် မဟုတ်ပါ။ ရုပ်ကလာပ်နှစ်ခု ဖြစ်ပေါ်သောအခါ အလိုလိုပေါ်လာသော ပညတ်မျှသာ ဖြစ်သည်။ သို့ဖြစ်၍ ၎င်းရုပ်ကို 'ပညတ်'ဟူသော ဉေယျဓံတရား၌ ပါဝင်ပြီးဖြစ်၍ သီးခြားမဖော်ပြတော့ခြင်း ဖြစ်သည်။)

၃။ ဝိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်= ပုဗ္ဗေနိဝါသာနုဿတိဥာဏ် ဒိဗ္ဗစက္ခုဥာဏ် အာသဝက္ခယဥာဏ် ဟူသော ဝိဇ္ဇာ၃ပါး။

ပုဗ္ဗေနိဝါသာနုဿတိ ဒိဗ္ဗစက္ခု အာသဝက္ခယ ဝိပဿနာ စေတောပရိယ မနောမယိဒ္ဓိ ဒိဗ္ဗသောတ ဣဒ္ဓိဝိဓဥာဏ် ဟူသော ဝိဇ္ဇာ၈ပါး။

သဒ္ဓါ သတိ ဟိရိ သြတ္တပ္ပ ဝီရိယ သုတ ပညာ ဘောဇနေ မတ္တညုတာ ဇာဂရိယာနုယောဂ သီလ ဣန္ဒြိယသံဝရ ပထမဈာန်ုတိယဈာန် တတိယဈာန် စတုတ္ထဈာန် ဟူသော စရဏတရား ၁၅ပါးနှင့် ပြည့်စုံတော်မူခြင်း။

၎။ သုဂတဂုဏ်တော်= ရှေးရှေးကဘုရားများကဲ့သို့ ကောင်းသောအလာဖြင့် လာတော်မူခြင်း။ ကောင်းသောစကား (မှန်,အကျိုးရှိ) သူတစ်ပါးနှစ်သက်စကား (မှန်,အကျိုးရှိ) စကားနှစ်ခွန်းကိုသာ ဆိုတော်မူတတ်ခြင်း။

၅။ လောကဝိဒူ= သက်ရှိ(သတ္တလောက) သတ္တဝါများတည်ရာ သက်မဲ့ (သြကာသလောက) နှင့် ယင်း သတ္တလောက သြကာသလောကတို့ ဖြစ်ခြင်း ပျက်ခြင်း (သင်္ခါရလောက)တည်းဟူသော လောက၃ပါးကို သိတော်မူခြင်း။

၆။ အနုတ္တရောပုရိသ ဒမ္မသာရထိ= သတ္တလောက သတ္တဝါဟူသမျှ၏ လိုအင်ဆန္ဒနှင့် သဒ္ဓါ ပညာစသော ဣနြေ္ဒတို့၏ အနုအရင့်ကို နှိုင်းချင့်ခွဲခြမ်း သိနိုင်စွမ်းတော်မူကာ ထိုသတ္တဝါများ၏ အလိုကျအောင် သင့်လျော်သော တရားတော်ကို ဟောပြောပြသ ဆုံးမတော်မူနိုင်ခြင်း (ဝါ) မယဉ်ကျေးသောသူတို့အား ယဉ်ကျေးအောင် ဆုံးမတော်မူတတ်ခြင်း။

၇။ သတ္ထာဒေဝ မနုဿနဂုဏ်တော်= မကောင်းမြစ်တာ ကောင်းရာညွန်ကြားတော်မူသဖြင့် တစ်နည်းအားဖြင့် လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ အဇ္ဈာသယကိုလိုက်၍ ကောင်းကျိုးဆိုက်အောင် ဟောပြောတော်မူတတ်သဖြင့် သတ္တဝါတို့၏ ဆရာဖြစ်တော်မူခြင်း။

၈။ ဗုဒ္ဓဂုဏ်တော်= သုမေဓာရသေ့ဘဝက ဒီပင်္ကရာဘုရားရှင်ကို ဖူးတွေ့ခါစ၌ သတ္တဝါတို့ကို ကယ်တင်လိုသော ဆန္ဒာဓိပတိ ပြင်းပြမှုရှိသဖြင့် 'တရားကို ကိုယ်တိုင်သိသောအခါဝယ် သတ္တဝါတို့ကိုလည်း သိစေတော်မူမည်' ဟူသော အဓိဋ္ဌာန်ချက်ဖြင့် ဒုက္ခ သမုဒယ နိရောဓနှင့် မဂ္ဂမည်သော ၄သစ္စာကို ဦးစွာပိုင်ပိုင် သိမြင်နိုင်ပြီး သုံးဆိုင်ဝေနေ များဗိုလ်ခြေကို မကွေအတူ သိစေတော်မူခြင်း။

၉။ ဘဝဂုဏ်တော်= (က) သိမ်မွေ့သောရုပ်အဆင်းကို ဖန်ဆင်းနိုင်သော အဏိမာဘုန်း။

- ကောင်းကင်၌ ဈာန်ပျံကြွသွားနိုင်သော လဃိမာဘုန်း။

- ကိုယ်တော်ပုံကို ကြီးမားစွာဖန်ဆင်းနိုင်သော မဟိမာဘုန်း။

- လိုရာခရီးကို တစ်ခဏဖြင့် ကြွရောက်နိုင်သော ပတ္တိဘုန်း။

- အဆင်းပုံသဏ္ဍာန် အမျိုးမျိုးဖြင့် ဖန်ဆင်းနိုင်သော ပါကမ္မဘုန်း။

- လူမင်း နတ်မင်း တို့၏ စိတ်ဓာတ်ကို အုပ်စိုးလွှမ်းမိုးနိုင်သော ဣသိတာဘုန်း။

- အဘိညာဉ် ဈာန်သမာပတ် ဖလသမာပတ်ကို တစ်ခဏဖြင့် ဝင်စားလိုက ဝင်စားနိုင်သော ဝသိတာဘုန်း။

- ကိစ္စတစ်ခုကို ပြီးစေလိုလျှင် တစ်ခဏဖြင့် ပြီးစေနိုင်သော ယတ္ထကာမာဝသာယိတာဘုန်း။ ။ ဤ ဘုန်းတော်၈ပါးကို အစိုးရနိုင်ခြင်းဟူသော ဣဿရိယဘုန်းတော်။

(ခ) ကိလေသာရန်ကို ပယ်ဖျက်နိုင်သည့်  မဂ်၎တန် ဖိုလ်၎တန် နိဗ္ဗာန်ဖြစ်သော လောကုတ္တရာတရား ၉ပါးဟူသော ဓမ္မဘုန်းတော်။

(ဂ) ဟုတ်တိုင်းမှန်စွာ ဖြစ်ပေါ်လာသော ကမ္ဘာတိုက်ပေါင်း သောင်းလောကဓာတ် ပဲ့တင်ထပ်မျှ နှံ့စပ်သတင်း ကျော်ဇောနိုင်ခြင်းဟူသော  ယသဘုန်းတော်။

(ဃ) ကိုယ်တော်ပုံနေ ကျက်သရေမင်္ဂလာ စုဝေးကာဖြင့် လွန်စွာတင့်တယ် သပ္ပာယ်တော်မူသော သီရိဘုန်း။

(င) အလိုတော်အတိုင်း တောင့်တတိုင်းပင် မဆိုင်းမတွ ပြီးစီးရသည့် ကာမဘုန်းတော်။

(စ) တစ်လောကလုံး ညွှတ်ရုံးကိုးစား အားထားဖို့ရာ လွန်စွာကြိုးကုတ် အားထုတ်တော်မူသော ပယတ္တဘုန်းတော်။  ။ ယင်း ဘုန်းတော် ၆ပါးနှင့် ပြည့်စုံတော်မူခြင်း။

(ဦးစိန်ထွန်း သုတေသီ)

ကဆုန်လပြည့်နေ့ကို ဘုရားဂုဏ်တော်များနှင့် ဘုရားရှင်အား ပူဇော်ပါသည်။  

ဘုရားဂုဏ်တော်(၉)ပါး
------------------------

၁။ အရဟံဂုဏ်တော်= လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်ခြင်း။

- အ-ရဟံဂုဏ်တော်= မကောင်းမှုပြုရန် ဆိတ်ကွယ်ရာ ရှိတော်မမူခြင်း။

တရားဂုဏ်တော်(၆)ပါး

Photo: တရားဂုဏ်တော်(၆)ပါး
-----------------------

ဗုဒ္ဓမြတ်စွာဘုရားသည်  (၄၅)ဝါကာလပတ်လုံး လူ နတ် ဗြဟ္မာများအား ဟောကြားတော်မူခဲ့သော တရားတော်များမှာ ဗုဒ္ဓမြတ်စွာကိုယ်တော်တိုင် ကျင့်ကြံကြိုးကုတ် အားထုတ်ရာမှ ရရှိလာသော သဗ္ဗညုတဥာဏ်တော်ဖြင့် ထိုးထွင်းသိမြင်တော်မူသော တရားများသာဖြစ်သည်။ တရားဟူသည် ယင်းကိုကျင့်ကြံသူအား အပါယ်ဆင်းရဲသို့ မကျရောက်အောင် ဆောင်ရွက်တတ်သောသဘော ဖြစ်သည်။

၁။ သွာက္ခာတဂုဏ်တော် = မဂ်လေးတန် ဖိုလ်လေးတန် နိဗ္ဗာန် ပရိယတ္တိ ဟူသောတရားဆယ်ပါးကို ကြားနာရခြင်းဖြင့် အစ၏ကောင်းခြင်း ကြားနာရ၍  ကျင့်ကြံအားထုတ်ရသဖြင့် အလယ်၏ကောင်းခြင်း ကျင့်ကြံရ၍ သန္တိသုခ (ငြိမ်းအေးမှုချမ်းသာ) နိဗ္ဗာနဓာတ်ကိုရ၍ ခံစားရသဖြင့် အဆုံး၏ကောင်းခြင်းဖြင့် ကောင်းစွာဟောတော်မူခဲ့အပ်သော တရားတော်ဖြစ်ခြင်း။

၂။ သန္ဒိဋ္ဌိကဂုဏ်တော် = ကျင့်ကြံသူအား မဂ်လေးတန် ဖိုလ်လေးတန် နိဗ္ဗာန် ဟူသော လောကုတ္တရာတရားကိုးပါးကို မျက်ဝါးထင်ထင် ကိုယ်တိုင်သိမြင်နိုင်ခြင်းကို ပေးစွမ်းနိုင်သော တရားတော်ဖြစ်ခြင်း။

၃။ အကာလိကဂုဏ်တော် = လောကုတ္တရာတရားကိုးပါးကို ကျင့်ကြံသူများအား  (ဝါ) တရားအားထုတ်သူများအား မဂ်ကုသိုလ်စိတ် ဖြစ်သည်နှင့် ဖိုလ်စိတ် ဟူသော အကျိုးတရားကိုလည်း တစ်ဆက်တည်းရှိနိုင်ခြင်းကို ပေးစွမ်းနိုင်သော တရားတော်ဖြစ်ခြင်း။ (လောကီကုသိုလ်များကဲ့သို့ ရက်ခြား ဘဝခြားပြီးမှ အကျိုးခံစားရမှုမျိုးမဟုတ် ဟုဆိုလိုသည်။)

၎။ ဧဟိပဿိကဂုဏ်တော် = တကယ်လုပ်က အဟုတ်ပင် သန္တိသုခ (ငြိမ်းအေးမှုချမ်းသာ) အကျိုးတရားကို ခံစားရသောတရားဖြစ်၍ 'လာပြီးရှုကြပါ။ ကျင့်ကြံကြပါ' ဟုခေါ်ပြထိုက်သော တရားတော်ဖြစ်ခြင်း။

၅။ သြပနေယိကဂုဏ်တော် = လောကုတ္တရာတရား ကိုးပါးသည် ပုထုဇဉ်တို့၏ သန္တာန်၌ တစ်ကြိမ်မျှဖြစ်ပေါ်လာလျှင် (အနည်းဆုံး သောတာပန်ဖြစ်လျှင်) အပါယ်တံခါး ပိတ်မည်ဖြစ်၍ ကျင့်ကြံအားထုတ်ထိုက်သော တရားတော်ဖြစ်ခြင်း။

၆။ ပစ္စတ္တံဝေဒိတဗ္ဗဂုဏ်တော် = လောကုတ္တရာတရားကိုးပါးသည် ပုထုဇဉ်နှင့်မဆိုင်။ အရိယာသူတော်ကောင်းတို့သာ ရှိခံစားအပ်သော တရားတော်ဖြစ်ခြင်း (ဝါ) ပြောသံကြားဖြင့် မှန်းဆသိရသော တရားမဟုတ်။ ကိုယ်တိုင် ရရှိသိမြင်နိုင်သော တရားတော်ဖြစ်ခြင်း။

ဦးစိန်ထွန်း-သုတေသီ 


တရားဂုဏ်တော်(၆)ပါး
-----------------------

ဗုဒ္ဓမြတ်စွာဘုရားသည် (၄၅)ဝါကာလပတ်လုံး လူ နတ် ဗြဟ္မာများအား ဟောကြားတော်မူခဲ့သော တရားတော်များမှာ ဗုဒ္ဓမြတ်စွာကိုယ်တော်တိုင် ကျင့်ကြံကြိုးကုတ် အားထုတ်ရာမှ ရရှိလာသော သဗ္ဗညုတဥာဏ်တော်ဖြင့် ထိုးထွင်းသိမြင်တော်မူသော တရားများသာဖြစ်သည်။

သံဃာ့ဂုဏ်တော်(၉)ပါး

Photo: သံဃာ့ဂုဏ်တော်(၉)ပါး
------------------------

' သံဃာ ' ဟူသည်မှာ ' ကိလေသာကို ပယ်သတ်သူ ' ဟု အဓိပ္ပာယ်ရသည်။ ထို့ကြောင့် သံဃာ့ဂုဏ်တော် (၉)ပါးနှင့် ပြည့်စုံသော သံဃာအရ ပရမတ္ထသံဃာတော်များဖြစ်သည့် မဂ္ဂဋ္ဌာန် ၄ ဖလဋ္ဌာန် ၄ ဟူသော အရိယာသံဃာ ၈ပါးကိုသာ ယူရမည်။ သမုတိသံဃာများကိုလည်း အရိယာဖြစ်ရန် အားထုတ်နေသူများဖြစ်၍  သမီပူပစာအားဖြင့် ' သံဃာ ' ဟူ၍ ခေါ်ယူနိုင်ပါသည်။

ယင်းပရမတ္ထသံဃာ၏ ဂုဏ်တော်၉ပါးမှာ …………

၁။ သုပ္ပဋိပန္နဂုဏ်တော် = မြတ်စွာဘုရား ဟောကြားတော်မူသည့် ' သီလ သမာဓိ ပညာ ' ဟူသော သိက္ခာသုံးရပ်ကို အတိမ်းအစောင်းမရှိဘဲ ကျင့်ကြံတော်မူခြင်း။

၂။ ဥဇုပ္ပဋိပန္နဂုဏ်တော် = ဂုဏ်ပကာသန စသည်တို့ကို မငဲ့ကွက်ဘဲ ဖြောင့်မတ်စွာ ကျင့်တော်မူခြင်း။

၃။ ဥာယပ္ပဋိပန္နဂုဏ်တော် = နိဗ္ဗာန်အကျိုးငှာသာ ကျင့်ကြံတော်မူခြင်း။

၎။ သာမိစိပ္ပဋိပန္နဂုဏ်တော် = လူအများအရိုအသေပြု၍ ပေးကမ်းလှုဒါန်းခြင်း၌ ထိုက်တန်အောင် ကျင့်ကြံတော်မူခြင်း။

၅။ အာဟုနေယျဂုဏ်တော် = ဤသို့ကျင့်ကြံနေသူများဖြစ်၍ လှူဒါန်းသူအား တုံ့ပြန်အကျိုးပေးသဖြင့် အနီး၌ မဆိုထားဘိ အဝေး၌ရှိသော လှူဖွယ်များကိုပင် ယူ၍လှူဒါန်းထိုက်တော်မူခြင်း။

၆။ ပါဟုနေယျဂုဏ်တော် = ဧည့်ဝတ်အဖြစ်ထားရှိသော ပစ္စည်းများကိုလည်း ခံယူထိုက်တော်မူခြင်း

၇။ ဒက္ခိနေယျဂုဏ်တော် = တမလွန်ဘဝ၌ မိမိချမ်းသာရေးအတွက် သေလွန်ပြီးသော မိဘဆွေမျိုးများ ချမ်းသာသုခရရှိရေးအတွက် လှူဒါန်းအပ်သော ဒက္ခိနေယျအလှူကိုလည်း ယူထိုက်တော်မူခြင်း။

၈။ အဉ္ဇလီကရဏီယဂုဏ်တော် = တစ်လောကလုံးရှိ လူ နတ် ဗြဟ္မာအားလုံး၏ လက်အုပ်ချီမိုး ရှိခိုးခြင်းကိုလည်း ခံယူထိုက်တော်မူခြင်း။

၉။ အနုတ္တရပုညခေတ္တဂုဏ်တော်= ကုသိုလ်တည်းဟူသော မျိုးစေ့များကို  စိုက်ပျိုးရာ လယ်ယာမြေကောင်းနှင့် တူတော်မူခြင်း။
------------------------

သံဃာ့အဖွဲအစည်း
-------------------

ဗုဒ္ဓမြတ်စွာဘုရားသည် ကိုယ်တော်တိုင် ထိုးထွင်းသိမြင်၍ ဟောကြားဆုံးမ ချမှတ်ထားတော်မူခဲ့သော သာသနာ (အဆုံးအမ) သုံးရပ်တွင်…………

တရားစာပေတည်းဟူသော ပရိယတ္တိသာသနာကို လေ့လာသင်ကြားသဖြင့် နိဗ္ဗာန်ရောက်ကြောင်း  အကျင့်ကောင်းများ (ပဋိပတ္တိသာသနာ) ကို သိရှိကြရပြီး……………

သိရှိရသိအတိုင်း ကျင့်ကြံကြိုးကုတ် အားထုတ်ကြခြင်းဖြင့် ဘဝပန်းတိုင်ဖြစ်သည့် သန္တိသုခ နိဗ္ဗာနဓာတ် တည်းဟူသော ပဋိဝေဓသာသနာတော်ကို ရရှိခံစားကြရမည် ဟုဟောကြားတော်မူခဲ့သည်။

ထို့ကြောင့် ဗုဒ္ဓမြတ်စွာဘုရားသည် ယင်း 'ပဋိဝေဓ ' ဟူသော ဘဝပန်းတိုင်ရရှိရေးအတွက်  အဓိကလိုအပ်လှသော ပရိယတ္တိသာသနာ ပဋိပတ္တိသာသနာတော် ၂ ရပ်ကို (ဝါ) ဂန္ထဓုရ (စာပေသင်ကြားမှု) ဝိပဿနာဓုရ (ကျင့်ကြံအားထုတ်မှု) ဟူသော လုပ်ငန်းတာဝန် ၂ ရပ်ကို ထမ်းဆောင်ထိန်းသိမ်းနိုင်ရန် သံဃာ့အဖွဲ့အစည်းကြီးကို ခွင့်ပြု ထူထောင်တော်မူခဲ့ရခြင်းဖြစ်သည်။

အထူးမှာ……………
သံဃာ့အဖွဲ့အစည်းအတွင်း၌ ဇာတ်အနိမ့်အမြင့် အမျိုးအနွယ် အယုတ် အလတ် အမြတ် ခွဲခြားမှုမရှိဘဲ ထေရ်စဉ်ဝါစဉ် ကြီးငယ်အလိုက်သာ ရှိခိုးမှု ခရီးဦးကြိုမှုများကို ခံယူကြရမည် ဟုပညတ်ထားတော်ခဲ့ခြင်း ဖြစ်သည်။ 

တစ်ဖန်………
သံဃာ့အဖွဲ့အစည်းအတွင်း၌ ရဟန်းသံဃာတော်များသည် စောင့်ထိန်းရမည့် ဝိနည်းသိက္ခာပုဒ်များမှာ အကျဉ်းအားဖြင့် ၂၂၇ သွယ် အကျယ်အားဖြင့် ကုဋေ ၉၀၀၀ ကျော် (၉၁,၈၀၅,၀၃၆,၀၀၀) ကိုစောင့်ထိန်းခြင်း တူကြသော်လည်း ကျင့်ကြံအားထုတ်မှုအပေါ် အခြေပြု၍ ပုထုဇဉ်ရဟန်းသံဃာတော်များ မဂ္ဂဋ္ဌာန် ၄ ဖလဋ္ဌာန် ၄ ဟူသော အရိယာ (ပရမတ္ထ) ရဟန်းသံဃာတော်များ ဟူ၍ ကွဲပြားပါဝင်လျက်ရှိသည်။
--------------------------

ဦးစိန်ထွန်း -သုတေသီ


သံဃာ့ဂုဏ်တော်(၉)ပါး
------------------------

' သံဃာ ' ဟူသည်မှာ ' ကိလေသာကို ပယ်သတ်သူ ' ဟု အဓိပ္ပာယ်ရသည်။ ထို့ကြောင့် သံဃာ့ဂုဏ်တော် (၉)ပါးနှင့် ပြည့်စုံသော သံဃာအရ ပရမတ္ထသံဃာတော်များဖြစ်သည့် မဂ္ဂဋ္ဌာန် ၄ ဖလဋ္ဌာန် ၄ ဟူသော အရိယာသံဃာ ၈ပါးကိုသာ ယူရမည်။ သမုတိသံဃာများကိုလည်း အရိယာဖြစ်ရန် အားထုတ်နေသူများဖြစ်၍ သမီပူပစာအားဖြင့် ' သံဃာ ' ဟူ၍ ခေါ်ယူနိုင်ပါသည်။

သူတော်ကောင်းဥစ္စာ(၇)ပါး

Photo: သူတော်ကောင်းဥစ္စာ(၇)ပါး
----------------------------

သဒ္ဓါ သီလ သုတ စာဂ ပညာ ဟိရိ သြတပ္ပ။

ဗုဒ္ဓမြတ်စွာဘုရား ဟောကြားတော်မူသည့်အတိုင်း လိုက်နာကျင့်ကြံနိုင်သူများသည်…

၁။ သဒ္ဓါ = ကောင်းမှုရှင်များသည် ကောင်းကျိုးချမ်းသာကို  , မကောင်းမှုရှင်များသည် မကောင်းကျိုးဆိုးပြစ်များကို ရရှိခံစားနိုင်သည်ဟု ယုံကြည်ခြင်း။

၂။ သီလ = ကိုယ်ကျင့်တရားကောင်းမွန်မှု စာရိတ္တသီလ, ပညတ်ချက်သိက္ခာပုဒ်များကို စောင့်ထိန်းမှု ဝါရိတ္တသီလနှင့် ပြည့်စုံခြင်း။

၃။ သုတ = သူတော်ကောင်းတရား စကားများကို နာကြားပွားများရသဖြင့် အကြားအမြင် ဗဟုသုတ ပြည့်စုံခြင်း။

၎။ စာဂ = မိမိအောက်နိမ့်သူများကို စွန့်ကြဲလိုခြင်း မိမိတန်းတူသူများကို ပေးကမ်းလိုခြင်း မိမိထက် အကျင့်သီလ မြင့်မြတ်သူများအား လှူဒါန်းလိုခြင်း ဟူသော စာဂတရားနှင့် ပြည့်စုံရခြင်း။

၅။ ပညာ = သမာဓိဘာဝနာ ဈာန်လုပ်ငန်းဖြင့် အဘိဥာဏ်များဖြစ်သော ဥာဏ်အမျိုးမျိုးကို ထူထောင်နိုင်သကဲ့သို့ ဝိပဿနာ ပညာစခန်းဖြင့်လည်း အမြင့်မြတ်ဆုံး အရဟတ္တဖိုလ် (နိဗ္ဗာန်) ချမ်းသာတရားအထိ ရရှိနိုင်သဖြင့် မိမိဘဝကို ယင်းပညာဖြင့် မွမ်းထုံခြင်း။

၆။ ဟိရိ = လောက,ဓမ္မ ၂ဌာန၌ မကောင်းမှုဟုသတ်မှတ်ထားသော အလုပ်များကို ပြုလုပ်ရမှာကို ရှက်ခြင်း ဒုစရိုက်မှုပြုလုပ်ရမည်ကို ရှက်ခြင်း။

၇။ သြတ္တပ္ပ = ဖော်ပြပါ မကောင်းမှုပြုရမှာကို ကြောက်လန့်ခြင်း ဟူသော သူတော်ကောင်းဥစ္စာ (၇) ပါးနှင့် ပြည့်စုံလာသောကြောင့် သူတော်စင်သူတော်မြတ်များ ဖြစ်လာနိုင်ပါသည်။

* ဤသို့ သူတော်စင်သူတော်မြတ်ဖြစ်သော ပုဂ္ဂိုလ်များသည် ' သူတော်ကောင်း နတ်ကောင်းစောင်မ ' ဟူသောစကားအတိုင်း နတ်ကောင်းနတ်မြတ်များ၏ ကူညီမစ စောင်မမှုကို ရရှိနိုင်ကြသည့်အပြင် မျက်မှောက်ဘဝတွင်ပင် ဘေးအန္တရာယ်အဝဝ ကင်းပလွင့်စင်ပြီး  ကောင်းသောအကျိုးစီးပွား ချမ်းသာများကိုသာ ရရှိခံစားနိုင်ကြခြင်း ဖြစ်ပါသည်။

ယင်း သူတော်သူမြတ်များသည် မျက်မှောက်ဘဝ ပစ္စပ္ပန်ဘဝ၌ပင်လျှင် ကောင်းမြတ်သော အကျိုးတရားများကို ဒိဋ္ဌရရှိ ခံစားနိုင်ကြသေးလျှင် တမလွန်ဘဝလောကအတွက် လားရောက်ရာ ဂတိ ၅ ပါးရှိသည်တွင် အောက်တန်းစားဖြစ်သော နိရယဂတိ (ငရဲ) တိရစ္ဆာနဂတိ (တိရစ္ဆာန်) ပေတဂတိ (ပြိတ္တာ အသူရကာယ် တစ္ဆေ မြေဘုတ် စသည်) ဟူသော ဂတိ ၃ ပါးသို့ မလားရောက်ရတော့ဘဲ အထက်တန်းစားဖြစ်သော ဒေဝဂတိ (နတ်ဗြဟ္မာ) မနုဿဂတိ (လူ) ဟူသော ဂတိ ၂ပါးသို့သာ လားရောက်ရန်မှာ သေချာလျက် ရှိပါတော့သည်။

သို့ဖြစ်၍ လူသားသည် ပစ္စုပ္ပန် သံသရာ ဘဝ ၂ဖြာ၌ မိမိ၏ ကောင်းမွန်မြင့်မြတ်သော ဘဝကို ထူထောင်နိုင်ရန်မှာ အခြားသူတစ်ဦးတစ်ယောက်အား အားကိုးနေရန်မလိုပဲ မိမိကိုယ်တိုင်က မြတ်စွာဘုရားတို့ ဟောဖော်ညွှန်ပြ ဆုံးမတော်မူခဲ့သော နည်းကောင်းလမ်းမှန်များအတိုင်း ကျင့်ကြံကြိုးကုတ် အားထုတ်ရန်သာ လိုအပ်ပါသည်။

ထို့ကြောင့် ဗုဒ္ဓမြတ်စွာဘုရားက ဟောဖော်ညွှန်ပြ ဆုံးမတော်မူခဲ့သည်ကို ဦးခေါင်းတန်ဆာ လည်ဆွဲတန်ဆာများသဖွယ် လူတိုင်းလူတိုင်း အမြဲပန်ဆင်ထားသင့်သော ရတနာမြတ်ပန်းကုံးများအဖြစ် ဖော်ပြလိုက်ရပေသည်။
-------------------------------

ဦးစိန်ထွန်း - သုတေသီ 


သူတော်ကောင်းဥစ္စာ(၇)ပါး
----------------------------

သဒ္ဓါ သီလ သုတ စာဂ ပညာ ဟိရိ သြတပ္ပ။

ဗုဒ္ဓမြတ်စွာဘုရား ဟောကြားတော်မူသည့်အတိုင်း လိုက်နာကျင့်ကြံနိုင်သူများသည်…

ပုဂ္ဂိုလ်(၁၂)မျိုး

Photo: ပုဂ္ဂိုလ်(၁၂)မျိုး
---------------

အပိုင်း(၂)

၇။ သကဒါဂါမိ မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် = သကဒါဂါမ်ဖြစ်ရန် လမ်းကြောင်းပေါ် ရောက်ရှိနေသူ။

၈။ သကဒါဂါမိ ဖလဋ္ဌာန်ပုဂ္ဂိုလ် = ဒိဋ္ဌိ ဝိစိကိစ္ဆာ ဟူသော ကိလေသာ ၂ ပါးကို အကြွင်းမဲ့ပယ်ပြီးသည့်အပြင် ကာမ ရာဂ ဟူသော လောဘ ဒေါသနှင့် ဒိဋ္ဌိဂတဝိပ္ပယုတ်၌ ယှဉ်သော မောဟကိလေသာတို့ကို ခေါင်းပါးအောင် ပြုလုပ်ပြီးသူ။ လူ့ပြည်သို့ တစ်ကြိမ်သာလာမည့်သူ။

ဝဋ်၌ ကျင်လည်နေရသော လူအပေါင်းတွင် ထူထပ်သောကိလေသာများ အမြဲမပြတ် ဖြစ်နေသကဲ့သို့ မဟုတ်ဘဲ သကဒါဂါမ်ပုဂ္ဂိုလ်တို့၌ ၎င်း ကာမရာ ဒေါသနှင့်မောဟတို့ တစ်ခါတစ်ရံသာဖြစ်သည်။ ဖြစ်သော်လည်း ကျဲကျဲပါးပါးသာ ဖြစ်သည်။ ထို့ကြောင့် သကဒါဂါမ်ပုဂ္ဂိုလ်တို့သည် အိမ်ထောင်သားမွေးခြင်း ရှိကြသော်လည်း ထူထပ်သော ကိလေသာရာဂကြောင့် ဖြစ်သည် မဟုတ်ချေ။ ကိုယ်အင်္ဂါကို သုံးသပ်ကာမျှဖြင့်လည်း သားမွေးခြင်း ဖြစ်နိုင်သဖြင့် ကိလေသာထူထပ်မှု မရှိကြောင်း သိနိုင်သည်။ သကဒါဂါမ်သည် ၆ မျိုးရှိသည်။

- ဤလူ့ပြည်၌ သကဒါဂါမ်ဖြစ်၍ ဤလူ့ပြည်၌ပင် ဘဝမခြားဘဲ အနာဂါမ်ရဟန္တာဖြစ်ကာ ပရိနိဗ္ဗာန်ပြုသူ။

- ဤလူ့ပြည်၌ သကဒါဂါမ်ဖြစ်၍ ဒုတိယဘဝနတ်ပြည်၌ အနာဂါမ်ရဟန္တာဖြစ်ကာ ပရိနိဗ္ဗာန်ပြုသူ။

- နတ်ပြည်၌ သကဒါဂါမ်ဖြစ်၍ ထိုနတ်ပြည်၌ပင် အနာဂါမ်ရဟန္တာဖြစ်ကာ ပရိနိဗ္ဗာန်ပြုသူ။

- နတ်ပြည်၌ သကဒါဂါမ်ဖြစ်၍ ဒုတိယဘဝလူ့ပြည်၌ အနာဂါမ်ရဟန္တာဖြစ်ကာ ပရိနိဗ္ဗာန်ပြုသူ။

- လူ့ပြည်၌ သကဒါဂါမ်ဖြစ်၍ ဒုတတိယဘဝနတ်ပြည်၌ ပဋိသန္ဓေနေပြီးနောက် တတိယဘဝတွင် ဤလူ့ပြည်၌ အနာဂါမ်ရဟန္တာဖြစ်ကာ ပရိနိဗ္ဗာန်ပြုသူ။

- နတ်ပြည်၌ သကဒါဂါမ်ဖြစ်၍ ဒုတိယဘဝလူ့ပြည်၌ ပဋိသန္ဓေနေပြီးနောက် တတိယဘဝတွင် နတ်ပြည်၌ အနာဂါမ်ရဟန္တာဖြစ်ကာ ပရိနိဗ္ဗာန်ပြုသူ။

၉။ အနာဂါမိ မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် = အနာဂါမ်ဖြစ်သော လမ်းကြောင်းပေါ် ရောက်ရှိနေသူ။

၁၀။ အနာဂါမိ ဖလဋ္ဌာန်ပုဂ္ဂိုလ် = သကဒါဂါမ်ဘဝ၌ ခေါင်းပါးအောင်ပြုထားသော ကာမ ရာဂဟူသော လောဘ ဒေါသနှင့် ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ်၌ယှဉ်သော မောဟကိလေသာတို့ကို အကြွင်းမဲ့ပယ်ပြီးသူ။

အနာဂါမ်ပုဂ္ဂိုလ်သည် ကာမရာဂကို (ဝါ) ကာမတဏှာကို အကြွင်းမဲ့ပယ်ထားပြီး ဖြစ်သောကြောင့် ကာမဘုံ၌ ပဋိသန္ဓေမနေရတော့ပြီ။ သို့ရာတွင် ရူပရာဂ အရူပရာဂ ဟူသော လောဘကိလေသာကို မပယ်ရသေးသဖြင့် ရူပ အရူပဗြဟ္မာဘုံတို့၌ ပဋိသန္ဓေ နေနိုင်သေးသည်။ ထို့ကြောင့် လူ့ဘုံက အနာဂါမ်ပုဂ္ဂိုလ်သည် ဤဘဝ၌ပင် ရဟန္တာဖြစ်လျှင်ဖြစ် မဖြစ်က ရူပ အရူပဘုံတို့၌ ပဋိသန္ဓေနေ၍ ထိုမှတစ်ဆင့် ရဟန္တာအဖြစ်ကိုယူကာ ပရိနိဗ္ဗာန်ပြုနိုင်သည်။ အနာဂါမ်မှာလည်း ၅ မျိုးရှိသည်။

- ရောက်ရှိရာဘုံသက်တမ်း ထက်ဝက်အတွင်း၌ ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန်ပြုခြင်း။

- ရောက်ရှိရာဘုံသက်တမ်း ထက်ဝက်လွန်ပြီး နောက်ထပ်ထက်ဝက်သို့ ရောက်သောအခါ၌ ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန်ပြုခြင်း။

- အလွန်အားထုတ်ရခြင်း မရှိဘဲ ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန်ပြုခြင်း။

- အလွန်အကဲအားထုတ်ခြင်းဖြင့် ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန်ပြုခြင်း။

- မိမိဖြစ်ရာ သုဒ္ဓါဝါသဘုံမှ အကနိဋ္ဌဘုံတိုင်အောင် ဆန်တက်၍ အကနိဋ္ဌဘုံ၌ ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန်ပြုခြင်း။

၁၁။ အရဟတ္တ မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် = ရဟန္တာဖြစ်သော လမ်းကြောင်းပေါ် ရောက်ရှိနေသူ။

၁၂။ အရဟတ္တ ဖလဋ္ဌာန်ပုဂ္ဂိုလ် = ကိလေသာ ၁၀ ပါးအနက် သောတာပန် သကဒါဂါမ် အနာဂါမ်ဘဝ၌ မပယ်နိုင်သေးသော ရူပရာဂ အရူပရာဂ ဟူသော လောဘတစ်စိတ်။ ဥဒ္ဓစ္စ  သဟဂုတ်စိတ်၌ရှိသော မောဟတစ်စိတ်နှင့် မာန ထိန ဥဒ္ဓစ္စ အဟိရိက အနောတ္တပ္ပ ဟူသော ကိလေသာတို့ကို အကြွင်းမဲ့ပယ်လိုက်ပြီးသူ။ ကိလေသာ ၁၀ ပါးလုံးကို  လုံးဝပယ်ပြီးသူ ဟူလိုသည်။ လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သူ အဆင့်သို့ ရောက်ရှိပြီးသူ ဖြစ်သည်။

ဖော်ပြပါ ပုဂ္ဂိုလ် ၁၂ ပါးတွင် ရဟန္တာပုဂ္ဂိုလ်ကို  အမြင့်ဆုံး အမြတ်ဆုံးအဖြစ် တွေ့ရှိနိုင်သည်။ လူ နတ် ဗြဟ္မာများသည် မိမိတို့၏ ပါရမီအားလျော်စွာ ရဟန္တာအဖြစ်ကို ရရှိနိုင်သည်။ ရဟန္တာဖြစ်သော ပုဂ္ဂိုလ်သည် ဘဝသံသရာ၌ နောက်ထပ်တစ်ဖန် ပြန်လည်ဖြစ်ရန် မရှိတော့သဖြင့် နိဗ္ဗာန်ကိုရရှိသော ပုဂ္ဂိုလ်လည်းဖြစ်သည်။ ပရိနိဗ္ဗာန် မပြုသေးက ခန္ဓာကိုယ်အကြွင်းရှိသော သဥပါဒိသေသနိဗ္ဗာန်ကို ရရှိသည် မည်၏။ ပရိနိဗ္ဗာန်ပြုပြီးက ခန္ဓာကိုယ်အကြွင်းမရှိသော အနုပါဒိသေသနိဗ္ဗာန်ကို ရရှိသည် မည်၏။ နိဗ္ဗာန်ရရှိသော ပုဂ္ဂိုလ်သည် ကိလေသာအပူဓာတ်များ မရှိသောကြောင့် အမြဲထာဝရ ငြိမ်းအေးချမ်းသာ (သန္တိသုခ) ကို ခံစားရတော့သည်။

ဗုဒ္ဓမြတ်စွာသည်လည်း ပုဂ္ဂိုလ် ၁၂ ပါးတွင် ရဟန္တာအဆင့်ရှိသော ပုဂ္ဂိုလ်ပင် ဖြစ်သည်။ သို့သော် ရဟန္တာပုဂ္ဂိုလ်မှာလည်း ပု ဒိ အာ ခေါ် ပုဗ္ဗေနိဝါသာနုဿတိ (ဘဝဟောင်းအောက်မေ့ နိုင်သောဥာဏ်) ဒိဗ္ဗစက္ခု (သေးသေးလျှို့ဝှက် အာရုံကို နတ်မျက်စိကဲ့သို့  မြင်နိုင်သောဥာဏ်) အာသဝက္ခယ (အာသဝေါတရား ကုန်ခမ်းသောဥာဏ်) ဟူသော ဝိဇ္ဇာ ၃ ပါးရရှိသော တေဝိဇ္ဇာပတ္တရဟန္တာ " ဓမ္မ အတ္တ နိရုတ္တိ ပဋိဘာန " ဟူသော ပဋိသမ္ဘိဒါဥာဏ် ၄ ပါးရရှိသော ပဋိသမ္ဘိဒါပတ္တရဟန္တာ အဘိညာဉ် ၆ ပါးတို့ကို ရရှိသော ဆဠာဘိညရဟန္တာ ဈာန်ရရှိသော ဈာနလာဘီရဟန္တာ ရိုးရိုးဖြစ်သော ဈန်အစေးမကပ်သော သုက္ခဝိပဿကရဟန္တာ စသည်ဖြင့် အမျိုးမျိုးရှိပြန်ရာ ဗုဒ္ဓမြတ်စွာဘုရားသည် ပါရမီ ၁၀ ပါးတို့ကို ၄ အသင်္ချေနှင့် ကမ္ဘာတစ်သိန်း မျှ ဖြည့်ကျင့်ဆည်းပူးတော်မူခဲ့ရပြီး ဘုရား ဟု သတ်မှတ်ခေါ်ဝေါ်နိုင်သော သမ္မာသမ္ဗောဓိဥာဏ် (ဝါ) ဣန္ဒြိယပရောပရိယတ္တိ သတ္တဝါတို့ ဣနြေ္ဒနုရင့်ကို သိခြင်း အာသယာနုသယသတ္တဝါတို့၌ ကိန်းနေသောကိလေသာကို သိခြင်း ယမကပါဋိဟာရိယ  ရေမီးအစုံစုံ တန်ခိုးပြနိုင်စွမ်း မဟာကရုဏာသမာပတ္တိ မဟာကရုဏာသမာပတ်ဝင်စားမှု သဗ္ဗညုတ တရားအလုံးစုံသိနိုင်စွမ်းနှင့်  အနာဝရဏ တရားအားလုံး သိနိုင်ရေးအတွက် အပိတ်အပင်မရှိအောင် ကူပံ့ပေးသောဥာဏ် ဟူသော အများနှင့်မဆက်ဆံသော အသာဓာရဏဥာဏ်တော် ၆ ပါးကို ရရှိတော်မူသောကြောင့် အခြားသော လူ နတ် ဗြဟ္မာ ရဟန္တာအမျိုးမျိုးတို့ထက် သာလွန်မြင့်မြတ်လာပြန်သည်။

တစ်နည်းအားဖြင့် သတ္တလောကတွင် (ဝါ) ဗြဟ္မာ နတ် လူ ၃ဘုံသူတွင် အမြင့်မြတ်ဆုံးသော ပုဂ္ဂိုလ်ဖြစ်တော့သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်များက ဗုဒ္ဓမြတ်စွာကို အမြင့်မြတ်ဆုံးသူ " ဘုရား" အဖြစ် အထွတ်အမြတ်ပြု၍ ကိုးကွယ်ကြခြင်း ဖြစ်သည်။ မြတ်စွာဘုရားလောက် ပါရမီမဖြည့်ဆည်းရသော (ဝါ) ပါရမီ ၁၀ ပါးကို ၂ အသင်္ချေနှင့် ကမ္ဘာတစ်သိန်းမျှ ဖြည့်ကျင့်ဆည်းပူးခဲ့ရပြီး ပစ္စေကဗောဓိဥာဏ်ကို ရရှိတော်မူသော ရဟန္တာအရှင်များကိုမူ " ဘုရားငယ်" သို့မဟုတ် " ပစ္စေကဗုဒ္ဓါ" ခေါ်ကြသည်။ ဤ ပစ္စေကဗုဒ္ဓါခေါ်သော ဘုရားငယ်များသည် မိမိတို့ကိုယ်တိုင် သစ္စာတရားလေးပါးကို  ပိုင်းခြားထင်ထင် သိမြင်တော်မူကြသော်လည်း သတ္တဝါတို့အား ဟောနိုင်ခြင်း မရှိပါ။ ၎င်းအပြင် " ပစ္စေကဗုဒ္ဓါ" ခေါ်သော ဘုရားငယ်အရှင်မြတ်များသည် သာသနာတွင်းအခါ၌ ပွင့်တော်မူခြင်း မရှိဘဲ သာသနာအပအခါ၌သာ ပွင့်တော်မူကြသည်။ ကျန်ရဟန္တာအရှင်မြတ်များမှာ မူ အထိုက်အလျောက်သာ ပါရမီဖြည့်ကျင့်ရပြီး ယင်းပါရမီအလိုက် အဂ္ဂသာဝက မဟာသာဝက စသည်ဖြင့် ကွဲပြားလာရသည်။
-----------------------------------

ဦးစိန်ထွန်း- သုတေသီ

ဓမ္မမိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ။ 

ပုဂ္ဂိုလ်(၁၂)မျိုး
---------------
၁။ ဒုဂ္ဂတိ အဟိတ်ပုဂ္ဂိုလ်
 

၂။ သုဂတိ အဟိတ်ပုဂ္ဂိုလ်
 

၃။ ဒွိဟိတ် ပုဂ္ဂိုလ်
 

၎။ တိဟိတ် ပုဂ္ဂိုလ်
 

၅။ သောတာပတ္တိ မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်

Sunday, May 18, 2014

ငါတန်ဖိုး အထားဆုံးအရာဟာ ငါ့စိတ်ပဲ

Photo: ငါတန်ဖိုး အထားဆုံးအရာဟာ 

ငါ့စိတ်ပဲ
******************************

ငါ့စိတ်ကို ယုတ်ညံ့သွားစေမယ့် အတွေးတွေ သဘောထားတွေကို
အမြစ်တွယ်ခွင့် မပေးဘူး။မကောင်း
တဲ့အတွေးတွေ သဘောတွေကို
သိပီးပယ်မယ်လို့ ဆုံးဖြတ်ပီး အလေ့
အကျင့်လုပ်ရင် တနေ့တခြား စိတ်
ထားမြင့်တဲ့သူဖြစ်လာမယ်။ဒီတခု
ကိုထိထိရောက်ရောက်လုပ်လိုက်ရင်
ကိုယ့်ဘဝတခုလုံး အရည်အသွေး
တိုးတက်လာမယ်။ဘဝရဲ့ အရည်
အသွေးဟာ စိတ်ရဲ့ အရည်အသွေး
ပေါ်မူတည်တယ်။

ဆရာတော် ဦးဇောတိက  


ငါတန်ဖိုး အထားဆုံးအရာဟာ ငါ့စိတ်ပဲ
******************************

ငါ့စိတ်ကို ယုတ်ညံ့သွားစေမယ့် အတွေးတွေ
 သဘောထားတွေကို
အမြစ်တွယ်ခွင့် မပေးဘူး။

နတ်,ဗြဟ္မာများ အားပေး၍ မာရ်နတ် ကြောက်ရွံ့သော အလုပ်



'ဣတိဝုတ်ပါဠိတော်၊ ဒေဝသဒ္ဒသုတ်' ၌ မြတ်စွာဘုရား ဟောတော်မူသည်မှာ တန်ခိုးဣဒ္ဓိပါဒ် ကြီးမားသော သူတော်ကောင်း နတ်ဗြဟ္မာများ မာရ်နတ်နှင့် တိုက်ပွဲဝင်၍ ဝမ်းသာအားရ သာဓုခေါ် အားပေးသော အခါ သုံးမျိုးရှိ၏။

အထက်တန်းစားစိတ်နှင့် အောက်တန်းစားစိတ်


 
ထိုစိတ်ထားနှစ်ခုနှင့်စပ်၍ မှတ်ဖွယ်ကောင်းသောနယ်ပိုင်နှစ်ယောက်ဧ။် ကိုယ်တွေ့ဖြစ်ရပ်ကို တောင်တန်းဆရာတော်ကြီးဧ။် ကိုယ်တွေ့မှတ်တမ်းဆောင်းပါးတစ်ပိုဒ်တွင် မှတ်သားလိုက်ရသည် ။

### အဝေးက ရှောင်ကြလော့ ####


 

ဤခန္ဓာကိုယ်သည် မစင်ဖြင့်ပြည့်သော သားရေအိတ်နှင့် တူ၏။ ရင်၌ အိုင်းအမာနှင့် တူသော သားမြတ်နှစ်ခုသည် အရေဖြင့်ဖွဲ့၍တည်၏။ ထိုခန္ဓာကိုယ်၌ ကိုးမျိုးသော စက်ဆုပ်ဖွယ်ရာ အရာဝတ္တု
အလျဉ်တို့သည် “ကိုးပေါက်သော ဒွါရ”တို့မှ အစဉ်မပြတ် ယိုစီးကျနေပေ၏။

##### သန္ဓေစိတ်ချင်း တူပေမယ့်လို့ အခြေအနေချင်း မတူဘူး၊ ######

Photo: သန္ဓေစိတ်ချင်း တူပေမယ့်လို့ 
အခြေအနေချင်း မတူဘူး၊

လူ့ဘ၀ လူတွေတောင်မှပဲ အမျိုးစုံပဲ၊ တူမှ မတူတာ။
အာဖရိကမှာမွေးတဲ့ လူတွေကျတော့ မည်းလို့၊
ဥရောပမှာမွေးတဲ့ လူတွေကျတော့ ဖြူတယ်၊
အာရှမှာမွေးတဲ့လူတွေကျတော့ အ၀ါရောင်လေးတွေ ဖြစ်နေတယ်၊
အရောင်မတူတာတွေ။ ဘာဖြစ်လို့တုံးဆိုရင် ခုနကပြောခဲ့တဲ့ ဒေသရဲ့ ဥပနိဿယပစ္စည်းတွေလည်း ပါတာပေါ့၊

လူ့ရဲ့အမျိုးအနွယ်လည်း ပါတာပေါ့၊
အကြောင်းတွေ အများကြီးပဲနော်၊

သို့သော် လူသားတွေရဲ့ ပဋိသန္ဓေစိတ်သည် 
မဟာဝိပါက်စိတ် ၈-ခုနဲ့ ဥပေက္ခာသန္တီရဏ၊
အဲဒီ ၉-ခုထဲက တစ်ခုခုပဲ၊

နတ်တွေရဲ့ ပဋိသန္ဓေစိတ်ကလည်း ထို့အတူပဲ။

အဲဒီတော့ လူ့ပြည်ရယ်၊ 
နတ်ပြည် ၆-ထပ်ရယ်၊
ကာမသုဂတိဘုံ ၇-ဘုံ၊

သာမန်ရိုးရာအားဖြင့် 
ဒါနကောင်းမှု လုပ်သူတွေ၊ 
သီလ စောင့်တည်ခဲ့သူတွေ၊ 
ဥပုသ်စောင့်ထိန်းတဲ့ ပုဂ္ဂိုလ်တွေရောက်တဲ့ဘုံတွေချည်းပဲ၊
ဒီအဆင့်နဲ့ ရောက်တဲ့သူတွေလို့ ဒီလိုပြောရမှာ၊
ဒါနကောင်းမှု သီလကောင်းမှု 
ဥပုသ်စောင့်မှု အမေအဖေ ပြုစုလုပ်ကျွေးမှု-
အဲဒါတွေက နတ်ပြည် ၆-ထပ်နဲ့ လူ့ဘုံကို ရောက်ရှိစေနိုင်တယ်။

ငရဲဘုံ၊ ပြိတ္တာဘုံ၊ တိရစ္ဆာန်ဘုံဆိုတဲ့ ဘုံတွေ ရောက်တာကျတော့ 
ခုနက ဒုစရိုက်လုပ်တဲ့ ပုဂ္ဂိုလ်တွေ၊
လုပ်ရပ်အတိုင်း ဒီလမ်းကြောင်းအတိုင်း 
သူတို့ရဲ့စခန်းကို ရောက်ရှိသွားတာပဲ၊
အဲဒီတော့ ဒါတွေကို ဒီလိုပြောရုံနဲ့ 
ဘုံနဲ့မြှောက်တယ်လို့ ဒီလိုပြောလို့ ဘယ်ရမလဲ၊
မြှောက်တာမှ မဟုတ်ဘဲနော်၊
ဘုံနဲ့ မြှောက်တာတို့ ငရဲနဲ့ ခြောက်တာတို့ မရှိပါဘူး၊
မခြောက်ပါဘူး၊ သူ့ဟာသူ ကြောက်ချင်ကြောက်မှာပေါ့။

လူ့လောကဆိုတာက အကျိုးတရားဆိုတာပြောရရင်
"မင်း စာကြိုးစား၊ စာကြိုးစားရင် 
ပညာတတ်ကြီး ဖြစ်လိမ့်မယ်(သို့မဟုတ်) 
ဆရာဝန်ကြီး ဖြစ်လိမ့်မယ်" - ဒါက မြှောက်တာမှ မဟုတ်ဘဲ၊
အကျိုးတရားကို ဖော်ပြတာပဲလေ၊ မြှောက်ပေးတာမှ မဟုတ်ဘဲ၊
ဒီလို အားပေးစကားပြောတာကို မြှောက်တာ မဟုတ်ဘူး၊

"ဘုံခန်းနဲ့ မြှောက်၊ ငရဲခန်းနဲ့ ခြောက်" တဲ့၊
ဘုံ လက်မခံတဲ့ ပုဂ္ဂိုလ်တွေက အဲဒီလို ပြောလေ့ရှိကြတယ်၊
မြှောက်စရာလည်း မလိုဘူး၊
ခြောက်စရာလည်း မလိုဘူး၊
ကိုယ့်လမ်းကိုယ်ရွေးပြီး ကိုယ့်စခန်းကိုယ်ထွင်နေကြတာပဲ။

ကောင်းပြီ - ငရဲဘုံ တိရစ္ဆာန်ဘုံ ပြိတ္တာဘုံ၊

ထိုပြိတ္တာဘုံထဲမှာ 
ထပ်ပြီးတော့ ခွဲလိုက်တော့ 
အသူရကာယ်ဆိုပြီးတော့
 ပြိတ္တာထဲကနေ တောက်ပြောင်မှုမရှိတဲ့
 ပြိတ္တာအသူရကာယ်တွေ ရှိသေးတယ်။
ဆင်းဆင်းရဲရဲနေရတဲ့ ပြိတ္တာမျိုးတွေ ရှိသေးတယ်။
ပြိတ္တာတွေကလည်း အမျိုးအစား အများကြီးပေါ့။

နောက်ပြီးတော့ လူ့ပြည် နတ်ပြည် 
သက်တမ်းတွေကလည်း တစ်ခုနဲ့တစ်ခု မတူဘူး၊
အဲဒီ သက်တမ်းမတူတာတွေကိုလည်းပဲ
 မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က 
ထိုထိုသုတ္တန်တွေမှာ ဟောထားတာတွေရှိတယ်။

ဆိုပါစို့ - ငရဲဘုံရဲ့ သက်တမ်းကျတော့ 
ကံသာလျှင် အဓိက ပဓာနဖြစ်သည့်အတွက်ကြောင့် 
ကံရှိသလောက်ခံရမှာဖြစ်တယ်၊
ဒါ့ကြောင့် ငရဲရဲ့သက်တမ်းကို သတ်မှတ်လို့ မရဘူးတဲ့၊
ကံပေါ် မူတည်တယ်ပေါ့၊
ကံဆိုတာ ပုဂ္ဂိုလ်တစ်ဦးစီရဲ့ အခြေအနေ ကံပေါ်မှာ မူတည်တယ်။

ကောသလမင်းကြီးရဲ့ မိဖုရားကြီး မလ္လိကာ မိဖုရားကြီးဟာ
သေခါနီးမှာ စိတ်ဆင်းရဲပြီး ဒေါမနဿနဲ့ သေသွားရသည့်အတွက်ကြောင့် 
အ၀ီစိငရဲ ကျသွားရှာတယ်၊
သို့သော် သူက အ၀ီစိငရဲမှာ ၇-ရက်ပဲ ကြာတယ်၊ 
၇-ရက်က လူတွေရဲ့ အရေအတွက်နဲ့ ၇-ရက်ပဲ ကြာတယ်၊
သူ့သက်တမ်းက အဲဒီလောက်ပဲ သူခံရတယ်၊ အဲဒီထက် ပိုမခံရဘူး၊

အဲဒါကြောင့်မို့ ငရဲဘုံမှာ ကံသာလျှင်အဓိက
 ဖြစ်သည့်အတွက်ကြောင့် သက်တမ်းကို သတ်မှတ်ပြောလို့ မရဘူး။

လူတွေရဲ့ သက်တမ်းကလည်း တည်မြဲမှု မရှိဘူးတဲ့၊
အခုခေတ် သက်တမ်းကတော့ ဂေါတမမြတ်စွာဘုရား မပွင့်ခင်,
 အခု ပွင့်ပြီးတဲ့နောက်အထိ ၁၀၀-တမ်းလို့ပဲ ဒီလိုပြောကြတယ်၊
၁၀၀-တမ်းထက် ပိုတော့မပိုဘူး၊ လျော့ဖို့ပဲ ရှိတယ်၊
၁၀၀-တမ်းလို့ပဲ ပြောရမှာပေါ့။

လူ့ထက် နည်းနည်း အထက်တန်းကျတဲ့ 
စတုမဟာရာဇ်နတ်ဘုံကို ကြည့်မယ်ဆိုရင် 
လူတွေရဲ့ အနှစ်-၅၀ မှ စတုမဟာရာဇ်နတ်ပြည်မှာ ၁-ရက်ပဲ ရှိသေးတယ်၊
အဲဒီ ၁-ရက်နဲ့ တွက်လိုက်လို့ရှိရင် သူတို့အနေနဲ့ သူတို့သက်တမ်း အနှစ်-၅၀၀ အသက်ရှည်တယ်။

တာဝတိံသာနတ်ပြည်ကျတော့ 
လူတွေ အနှစ်-၁၀၀ မှာ သူတို့က ၁-ရက်၊
အဲဒီ အချိုးအစားနဲ့ ၂-နဲ့ မြှောက်ပြီး တွက်သွားလိုက်၊
လူတွေရေတွက်တဲ့ သက်တမ်းနဲ့ ပြောမယ်ဆိုရင် လေးနဲ့ မြှောက်သွားရမှာ၊

စတုမဟာရာဇ်နတ်ပြည်က အနှစ် ၉-သန်း ဆိုလို့ရှိရင် 
အဲဒါကို ၄-နဲ့ မြှောက်သွားလိုက်လို့ရှိရင် 
တာဝတိံသာနတ်ပြည်က လူတွေတွက်တဲ့ အသက်ကို သိမယ်၊

၎-နဲ့ချည်းပဲ မြှောက်သွားလို့ရှိရင် 
အဖြေထွက်လာမှာပေါ့။

အဲဒါကို သဂြိုဟ်ကျမ်းမှာ 
"တတော စတုဂ္ဂုဏံ တာဝတိံသာနံ"
၎-နဲ့ မြှောက်တာကို ပြောတာ။

သို့သော် ဋီကာကျမ်းမှာ
လေးနှစ်ဆ လေးနှစ်ဆလို့ 
ထည့်ပြောတာ နည်းနည်း ရှုပ်ထွေးသွားတယ်၊

လူ့သက်တမ်းကို ၄-နဲ့ မြှောက်လိုက်မယ်၊
လူတွေက ရေတွက်တဲ့ လူ့သက်တမ်းကို ၄-နဲ့ မြှောက်ရင်
နတ်ဘုံတစ်ခု သက်တမ်းရဲ့ အဖြေရမှာပေါ့၊
အဲဒီလို သက်တမ်းတွေဟာ တစ်ခုနဲ့တစ်ခု ပိုပိုရှည်သွားတာ၊
ဒါ ရိုးရိုးကုသိုလ်ကောင်းမှု ပြုလုပ်သူတွေရဲ့ ဖြစ်ရာ ဘုံဌာနတွေပဲ။

(အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ - Ph.D)

Post by Ma  Hla Hla Win  


သန္ဓေစိတ်ချင်း တူပေမယ့်လို့  အခြေအနေချင်း မတူဘူး၊

လူ့ဘ၀ လူတွေတောင်မှပဲ အမျိုးစုံပဲ၊ တူမှ မတူတာ။
အာဖရိကမှာမွေးတဲ့ လူတွေကျတော့ မည်းလို့၊
ဥရောပမှာမွေးတဲ့ လူတွေကျတော့ ဖြူတယ်၊
အာရှမှာမွေးတဲ့လူတွေကျတော့ အ၀ါရောင်လေးတွေ ဖြစ်နေတယ်၊
အရောင်မတူတာတွေ။ ဘာဖြစ်လို့တုံးဆိုရင် ခုနကပြောခဲ့တဲ့ ဒေသရဲ့ ဥပနိဿယပစ္စည်းတွေလည်း ပါတာပေါ့၊

“ပြန်လည် ထောက်ပံ့ကြတဲ့အခါ”

Photo: “ပြန်လည် ထောက်ပံ့ကြတဲ့အခါ”

မိဘကို ပြန်လည်ထောက်ပံ့ကြတဲ့အခါမှာ
နည်းသိဖို့လိုပါတယ်။
တချို့က အကဲ့ရဲ့လွတ်ရုံဆိုတဲ့သဘောနဲ့
ပြန်တော့ပေးကမ်းကြပါရဲ့။
ဒါပေမဲ့ သူတောင်းစားပေး ပေးနေကြတယ်။
ဒီလိုမပေးကြနဲ့။အသေအချာ 
စည်းကမ်းတကျ ဖြစ်စေရမယ်။

မိဘကို အမြင့်မှာထိုင်ခိုင်း၊
သားသမီးက ရိုးသေကျိုးနွံစွာ
အောက်မှာထိုင်၊လှူမယ့်ငွေကြေးပစ္စည်း
ခုံပေါ်တင်၊သားသမီးက လက်အုပ်ချီ
ကန်တော့ပြီး ပေးလှူကြ။

တို့ဘုန်းကြီးတွေကို မင်းတို့လူတွေက
ရှိခိုးလှူဒါန်းကြသလိုပေါ့။
မိဘကျေးဇူးကို လျစ်လျူရှုတဲ့ 
နှလုံးသားမျိုး သိမ်းပိုက်မထားမိစေနဲ့။

(တည်တောဆရာတော်ဘုရားကြီး)
[စံတော်ချိန် သတင်းစာ] 

Dhamma Dãna Source ► ကိုလှိုင်တိုး < ဓမ္မဒါန >
www.facebook.com/youngbuddhistassociation.mm  

“ပြန်လည် ထောက်ပံ့ကြတဲ့အခါ”

မိဘကို ပြန်လည်ထောက်ပံ့ကြတဲ့အခါမှာ
နည်းသိဖို့လိုပါတယ်။
တချို့က အကဲ့ရဲ့လွတ်ရုံဆိုတဲ့သဘောနဲ့
ပြန်တော့ပေးကမ်းကြပါရဲ့။

“ငဲ့ကွက်ခြင်းဖြင့် သေတာဟာ ဆင်းရဲလှတယ်”

Photo: “ငဲ့ကွက်ခြင်းဖြင့် သေတာဟာ ဆင်းရဲလှတယ်”
•••••••••••••••••••••••••••••••••••••
ဘုရားလက်ထက်က နကုလပိတာနှင့် နကုလမာတာတို့ဟာ
ကမ္ဘာမှာ စံနမူနာယူထိုက်တဲ့ အငြိမ်းချမ်းဆုံးစုံတွဲတစ်တွဲပါပဲ။
သေတဲ့ထိ အချစ်မပြယ် မေတ္တာတွေဖလှယ်ပြီး စိတ်တူ ၊
ကိုယ်တူ ဘ၀ကို ထူထောင်ခဲ့ကြတာဟာ လူတိုင်း
လေးစားအတုယူလောက်ပါတယ်။

အသက်အရွယ်ကြီးတဲ့တစ်နေ့မှာ နကုလပိတာဟာ 
အနာရောဂါရလို့ ဘ၀အဆုံးတံခါးဝကို ရောက်ခါနီးလေးမှာ 
ကျန်ခဲ့မယ့် ချစ်နှမနောင်ရေးအတွက် ရတတ်မအေး 
တစ်စိမ့်စိမ့်တွေးလျှက် ပူပန်နေရှာတယ်။

နကုလမာတာက ဒါကို ရိပ်မိတော့ နကုလပိတာကို 
စိတ်ချဖို့ ပြောပါတယ်။
“မောင်တော်သူဌေးကြီး နှမအတွက် မငဲ့ကွက်ပါနဲ့။ 
ငဲ့ကွက်ပြီး သေတာဟာ ဆင်းရဲလှပါတယ်။ 
ငဲ့ကွက်ပြီးသေတာကို ဘုရားရှင်ကဲ့ရဲ့တော်မူပါတယ်။

ငါသေတဲ့အခါ နှမဟာ သမီးငယ်တွေကို ကျွေးမွေးနိုင်ပါ့မလား၊ 
အိမ်ထောင့်တာဝန်ကို ထိန်းသိမ်းနိုင်ပါ့မလားလို့ တွေးမပူပါနဲ့။ 
နှမဟာ ဗိုင်းငင်အတက်၊ သိုးမွေးအတက် တက်ကျွမ်းပါတယ်။ 
သားသမီးတွေကိုလည်း စောင့်ရှောက်နိုင်ပါတယ်။ 

နောက်အိမ် ထောင်ပြုမှာလားလို့လည်း တွေးမပူပါနဲ့။
မြတ်သောဗြဟ္မစရိယအကျင့်ကို အသက်ထက်ဆုံး
စောင့်ထိန်းပြီးပါပြီ။ ဘုရားရှင်နှင့်သံဃာတော်တွေကို 
ဖူးမြော်ပါ့မလားလို့လည်း တွေးမပူပါနဲ့ အရင်ကထက် 
ပိုပြီးတောင် ဖူးမြော်မယ့်သူပါ။ 

သီလစောင့်ပါ့မလားလို့လည်း တွေးမပူပါနဲ့ ။
ဘုရားတပည့် သီလစောင့်တဲ့လူဥပါသိကာမတို့တွင် 
တစ်ယောက်အပါဝင်ပါ။ စိတ်အေးချမ်းမူကို ရပါ့မလားလို့လည်း 
တွေးမပူပါနဲ့ ဘုရားတပည့် စိတ်အေးမူကိုရရှိတဲ့ 
လူဥပါသိကာမတို့တွင် တစ်ယောက်အပါဝင်ပါ။ 
နှမဟာ သာသနာမှာ ထောက်တည် ရာရသူ၊ 
ဝိစိကိစ္စာကို လွန်မြောက်သူ၊ သံသယကင်းရှင်းသူ၊ 
ဘုရားမှတစ်ပါး ကိုးကွယ်ရာမရှိဟု ယုံသူ၊ 
ဘုရားသာသနာ၌နေသူ ဖြစ်ပါ့မလားလို့လည်း တွေးမပူပါနဲ့။ 
နှမတော်ဟာ သာသနာမှာ သက်သာရာကို ရသူပါ။ 
ဝိစိကိစ္စာကို လွန်မြောက် သံသယ တွေ ပျောက်ပြီး 
ဘုရားသာလျှင်ကိုးကွယ်ရာဖြစ်ပါတယ်။ 

ဘုရားအဆုံးအမကို ကျင့်သုံးနေတဲ့ သာသာနာ၌ နေသူဖြစ်ပါတယ်။ 
မယုံရင် အခု ဘေဠကတောမှာ သီတင်းသုံးတော်မူနေတဲ့ 
မြတ်စွာဘုရားရှင်အား သွားမေးနိုင်ပါတယ်။

ဒါကြောင့် မောင်တော် ငဲ့ကွက်ခြင်းဖြင့် မသေပါနဲ့၊ 
ဆင်းရဲလှပါတယ်။ ငဲ့ကွက်ခြင်းဖြင့်သေခြင်းကို 
ဘုရားလည်း ကဲ့ရဲ့ပါတယ်။”

ဒီတော့မှ နကုလပိတာလည်း အနာရောဂါသက်သာရာရပြီး ၊
ပူပင်သောက ငြိမ်းအေးသွားပါတော့တယ်။ 
ထို့နောက် တောင်ဝှေးကို ထောက်ပြီး ဘုရားထံမှောက် 
ခစားကာ အကြောင်းစုံကို လျှောက်တင်တဲ့အခါ ဘုရားရှင်က 
“ဒီမှာ သူကြွယ်၊ သင့်ဇနီးပြောတာတွေ အားလုံးမှန်ပါတယ်။ 
သင့်ဇနီးဟာ သင့်ကို စောင့်ရှောက်ပါပေတယ်။ 
အကျိုးစီးပွားကို အလိုရှိတယ်။ သွန်သင်ဆုံးမတတ်တယ်။ 
သူကြွယ်၊ အရတော်လိုက်တာ။ သင်ဟာ 
လူဖြစ်ရကျိုးနပ်ပါပေတယ်။” လို့ ချီးကျူးစကားဆိုလိုက်ပါတယ်။

ဇနီးကောင်းဆိုတာ သစ္စာရှိတယ်။ မေတ္တာပြည့်ဝတယ်။ 
နားလည်မှုရှိတယ်။ အနွံတာခံတယ်။ 
နောက်ဆုံးအချိန်မှာတောင် သူအမျိုးသားကို 
အကုသိုလ်စိတ်နဲ့မသေအောင် ဖေးမကူညီနိုင်ပါတယ်။ 
ဇနီးကောင်းပီသသူဟာ မိန်းမမြတ်ပါပဲ။ 
နကုလမာတာကို အတုယူပြီး ချစ်ဇနီးများလည်း မိမိတို့ရဲ့ 
လင်ယောက်ျားများ နောင်ရေးအတွက် ရတတ်မအေးရအောင် 
ဖေးမကူညီနိုင်ရပါမယ်။ လင်ယောင်္ကျားများကလည်း 
နကုလပိတာလိုပဲ ချစ်ဇနီးပေါ် ကြင်နာယုယ၊ မေတ္တာမျှလျှက် ၊
သစ္စာမပျက် အပြန်အလှန်ဖေးမ ကူညီရပါမယ်။ 

ဒါမှသာလျှင် စံထိုက်တဲ့ ဇနီးမောင်နှံ ဖြစ်လာပါလိမ့်မယ်။
လူဆိုတာ သေခါနီးမှာ အရမ်းအရေးကြီးပါတယ်။ 
ကျန်ခဲ့မယ့် ဇနီး သို့မဟုတ် လင်ယောင်္ကျားက မိမိတို့ရဲ့ 
လင်ယောင်္ကျား သို့မဟုတ် ဇနီးသည်ကို အသေကောင်းအောင်၊ 
နောက်ဆံတင်း ငဲ့ကွက်ခြင်းမရှိအောင် ဖေးမပေးဖို့လိုပါတယ်။ 

များသောအားဖြင့်တော့ ယနေ့ခေတ်မှာ လင် သို့မဟုတ် 
ဇနီး သေခါနီးမှာ ပိုပြီးတော့ သဲသဲလှုပ်ငိုပြတတ်ပါတယ်။ 
အဲဒါဟာ ပိုပြီး ငဲ့ကွက်ခြင်းဖြင့် သေအောင်လုပ်နေတာပါပဲ။ 
ငဲ့ကွက်ပြီးသေရင် “ပြိတ္တာ” ဖြစ်တာပေါ့။ 
ဇနီးကောင်း ၊ ယောင်္ကျားကောင်းဆိုတာ ကိုယ့်ကြင်ယာကို
နောက်ဆုံးအချိန်မှာတောင် “ကုသိုလ်စိတ်”နဲ့ 
သေအောင် ကူညီပေးရပါမယ်။ 
ဒါကြောင့် အားလုံးပဲ ငဲ့ကွက်ခြင်း ကင်းကြပါစေလို့ 
ဆန္ဒပြုလိုက်ပါတယ်။

-【ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ】

Photo Credit To : Ko Aung Kyaw Khin
Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm  

 “ငဲ့ကွက်ခြင်းဖြင့် သေတာဟာ ဆင်းရဲလှတယ်”
•••••••••••••••••••••••••••••••••••••
ဘုရားလက်ထက်က နကုလပိတာနှင့် နကုလမာတာတို့ဟာ
ကမ္ဘာမှာ စံနမူနာယူထိုက်တဲ့ အငြိမ်းချမ်းဆုံးစုံတွဲတစ်တွဲပါပဲ။
သေတဲ့ထိ အချစ်မပြယ် မေတ္တာတွေဖလှယ်ပြီး စိတ်တူ ၊
ကိုယ်တူ ဘ၀ကို ထူထောင်ခဲ့ကြတာဟာ လူတိုင်း
လေးစားအတုယူလောက်ပါတယ်။

"အားကိုးမှား၍ မျောက်ဖြစ်ရပုံ"

Photo: "အားကိုးမှား၍ မျောက်ဖြစ်ရပုံ"
=======================

တစ်ခါက သဲအင်းဂူဆရာတော်ကြီးနှင့်ဒကာ ဒကာမတို့ ဟာ
ပုပ္ပါးတောင်ကို ရောက်လာကြတယ်တဲ့။
ရောက်တယ်ဆို ကားတံခါးအဖုံးဖွင့်ပြီးတော့ ငှက်ပျောသီးတွေ
ယူလိုက်တဲ့ တပြိုင်နက် မျောက်တွေဆင်းလာတာကိုး။
မျောက်တွေဆင်းလာပြီးတော့ မျောက်တွေကျွေးလိုက်ကြတာတဲ့။
မျောက်တွေကလည်း စားလိုက်ကြတာတဲ့ ငုတ်တုတ်လေးတွေ။
သဲအင်းဂူဆရာတော်ကြီးက စဉ်းစားတယ်တဲ့။ အော်
ဒီမျောက်တွေဟာ တယ် ဒါနကောင်းတဲ့မျောက်တွေပါလား။

ငါတို့ က ရှမ်းပြည်ကနေ မှော်ဘီပြန်တာ၊ ခုမပြန်ဖြစ်သေးဘဲ
ဒီမျောက်တွေ အစာလာကျွေးရတယ်။ မျောက်တွေရဲ့ ဒါန
တော်တော် ကောင်းတာပါလား။ ဒါနရဲ့ တန်ခိုး။
ဒါနသည် ဖြစ်လေရာဘ၀ ပေါတာကို ရည်ရွယ်ပါတယ်။
ဒကာကြီးတို့ တဲ့ လှူကြပါတဲ့ ကိုယ့်ရှိတာ။ လှူရင်
ဖြစ်လေရာဘ၀ ပေါမယ်ဗျတဲ့။ ခုကြည့်စမ်း
ကျုပ်တို့ က ရှမ်းပြည်ကနေ ရန်ကုန်ြ့ပန်တာ ၊
ခု ဒီမျောက်တွေ လာကျွေးနေရတယ်တဲ့။

ဒီမျောက်တွေတော်တော် ဒါနကောင်းတဲ့မျောက်တွေပဲ။
ဘယ်ဒါနတွေပြုခဲ့ကြလို့ ကျုပ်တို့ ကျွေးရတာလဲ၊
ဘယ်ကပုဂ္ဂိုလ်တွေလဲလို့ ကျုပ်သိချင်လာတယ်တဲ့။
သိချင်လာတာနဲ့ ပုပ္ပါးတောင်ကလပ်ပေါ်တက်သွားပြီးတော့
အဘိဥာဉ်နဲ့ ကြည့်လိုက်တယ်ဗျာတဲ့။ ကြည့်လိုက်တော့ဗျို့ တဲ့။
လက်စသတ်တော့ ကျုပ်တို့ ရန်ကုန်သူ ရန်ကုန်သားတွေဗျတဲ့.။
ဒီမှာ လာမျောက်ဖြစ်နေတာ။ အဲလိုပြောတယ်။

ရန်ကုန်သူ ရန်ကုန်သားတွေက လှူတယ်။
လေးငါးသိန်းဆိုလည်း မနှမြောဘူး။
ဆယ်သိန်းဆိုလည်း မနှမြောဘူး။
သိန်းတစ်ရာဆိုလည်း ချလိုက်တာပဲ။
အဲသလိုလှူတာပါ။ အဲဒီဒါနတွေက အကျိုးပေးတာပေါ့။
ဒါနရဲ့ တန်ခိုးက ခွေးဖြစ်တာတောင် ခွေးဝဲစားမဖြစ်ဘူး။
အယ်ဇေးရှင်းခွေးမျိုးလေ မာစီဒီးကားကြီးစီးပြီး
အပေါ်က ကမ္ဗလာကြီးခြုံလို့ ဗျာ။
ဖြစ်လေရာဘ၀ ဒါနကောင်းရင် ပေါတယ်ဗျ။

အဲဒါနဲ့ ပဲ ဆရာတော်ကြီးက ဒါနကောင်းတာ
လက်စသတ်တော့ ကျုပ်တို့ ရန်ကုန်သူ ရန်ကုန်သားတွေဗျို့ တဲ့။
ဒီမှာလာ မျောက်ဖြစ်တယ်။ ဒီရန်ကုန်သူ ရန်ကုန်သားတွေ
ဒီမှာ ဘာလို့ မျောက်လာဖြစ်ရသလဲလို့ ထပ်ပြီးတော့
ဆက်ဆင်ခြင်ကြည့်လိုက်တယ်ဗျာတဲ့.။
ကျုပ်လည်း ပုပ္ပါးဆိုလို့ ရောက်ဖူးတာ မဟုတ်ဘူး။
ခုမှ ရောက်ဖူးတာတဲ့။ မျောက်တွေ အစာပေါတာ
ဘယ်ကဒါနလဲလို့ သိချင်လို့ တောင်ကလပ်ပေါ်တက်လာတာတဲ့.
အောက်လည်း သေချာမကြည့်မိပါဘူးဗျာတဲ့။

ဟိုး တောင်ခြေမှာ မင်းကြီး မင်းလေးသွားတွေ့ တယ်ဗျာတဲ့။
အောက်မှာ ဓါးလေးထမ်းလို့ အရုပ်ကလေးတွေပဲတဲ့။
ပြီးတော့ ဘာရှိသေးလဲ ထပ်ကြည့်လိုက်တော့
ကျုပ်ထိုင်တဲ့အောက်မှာ မိန်းမကြီးတစ်ယောက်လည်း
တွေ့ တယ်ဗျတဲ့။ ပန်းစားဘီလူးမနေပါလိမ့်မယ်။
ဟယ် ဒီကျောက်ရုပ်တွေနဲ့ ဒီသစ်သားရုပ်တွေနဲ့ 
ဘာဆိုင်သတုန်း ထပ်ဆင်ခြင်ပြန်တယ်တဲ့။

အော် ရန်ကုန်သူ ရန်ကုန်သားတွေက ဂုဏ်ပကာသနလိုက်တယ်၊
သူဋ္ဌေးဖြစ်ချင်တယ်၊ ရာထူးတွေကြီးချင်တော့
ကိုယ်တော်ကြီး ကိုယ်တော်လေးက လုပ်ပေးနိုင်တယ်ဆိုပြီးတော့
ဒီပုပ္ပါးလာပြီးတော့ ဒီမင်းကြီး မင်းလေး ကိုးကွယ်တာကိုးဗျတဲ့။
အားကိုးမှားတာတဲ့။ ကိုးကွယ်ရမှာက ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ။

အဲဒီတော့ ကျန်းမာရေးမကောင်းလည်း
မင်းကြီးမင်းလေးဆီသွား အိမ်မှာလည်း ကိုးကွယ်။
ကန်တော့ပွဲတွေ တင်ပြီးတော့ ကိုးကွယ်တာပေါ့။
ကံ ကံ၏အကျိုး သူ့ ဘာသူ ချမ်းသာတာကို
မင်းကြီးမင်းလေး မတယ်ြ ဖစ်ပြန်ရောတဲ့။
ကမ္မသကတ သမာဒိဋ္ဌိဥာဏ်မရှိတော့
ကံကံ၏ အကျိုကိုလည်း မသိဘူးတဲ့။
အတိတ်က ကံကြောင့် ခုစားနေရတာ။

အဲတော့ မင်းကြီးမင်းလေး ကိုးကွယ်တဲ့အချိန်နဲ့ 
ထီကထပေါက်တော့ သူက မတယ်ပေါ့ဗျာတဲ့။
တိုက်ဆိုင်သွားတာကိုးတဲ့။ အဲတော့ မတယ်ဆိုပြီး
မင်းကြီးမင်းလေးရှိတဲ့ ဒီပုပ္ပါးဆီလာ၊
လာတော့ ဒီမျောက်တွေကို အစာကျွေးတယ်ဗျတဲ့။
ငှက်ပျောသီးလေးကျွေးလိုက်
မင်းကြီးမင်းလေးဆီသွားပြီးတော့
ဆုတောင်းလိုက်ပေါ့ဗျာတဲ့။
တဆိတ်ရှိ မင်းကြီးမင်းလေးပဲ အားကိုးနေတာပဲတဲ့။

သေခါနီးတော့ ဒီရုပ်က ရောဂါဖြစ်လာတော့
ဆရာဝန်လည်း မကယ်နိုင်တော့ဘူးဗျတဲ့။
သူဋ္ဌေးတွေပဲ။ ဆရာဝန်ကလည်း
လက်လျှော့ပြီ၊ သူ ဘာအားကိုးတာလဲဆိုတော့
မင်းကြီးမင်းလေးအားကိုးတယ်တဲ့။
ကိုယ်တော်ကြီး ကိုယ်တော်လေးတို့ 
အားကိုးပါရစေပေါ့။ဝေဒနာတွေတက်တော့
အမလေး ကိုယ်တော်ကြီးကယ်ပါ ကိုယ်တော်လေးကယ်ပါ။
ပါးစပ်ကကို ထုတ်ပြောနေတာ။
သူအားကိုးတာ မင်းကြီးမင်းလေး အားကိုးနေတာဗျာတဲ့။

ဝေဒနာတွေချုပ်အောင် တရားတွေ အားမထုတ်ဖူးတော့
ဓမ္မံ သရဏံ ဂစ္ဆာမိကို အားမကိုးဘူးဗျာတဲ့။ တရားမသိတော့
သူ အားကိုးမှားသွားတယ်တဲ့။ သေခါနီးဇောကျတော့
ဝေဒနာတွေကတက်တော့ မင်းကြီးမင်းလေးဆီ အာရုံပြုရောတဲ့။
မင်းကြီးမင်းလေး တရောတဲ့။ မင်းကြီးမင်းလေးကတော့
ဘယ်ရောက်မလဲ၊ သစ်သားရုပ်လေးတွေကိုဗျတဲ့။

သူ့ အာရုံက တချိန်တုန်းကရောက်ဖူးတော့ သူ့ အာရုံက
ဟိုရောက်သွားပြီဗျာတဲ့။ ရောက်သွားပြီးတော့
သူလုပ်ခဲ့တာက ဘာလုပ်ခဲ့သလဲ ၊ မျောက်တွေအစာကျွေးတာကိုး။
မျောက်တွေနဲ့ တွေ့ တော့ မျောက်တွေအစာကျွေးနေတယ်၊
ဒီရုပ်ကြီးကတော့ ရန်ကုန်မှာ ရောဂါတွေဖြစ်နေပြီ။
ရုပ်ကြီးကတော့ သတိလစ်နေတယ်၊ ခေါ်လို့ ပြောလို့ မရ။
ဒါပေမယ့် သူကတော့ ဟိုမှာပျော်နေပြီ။
မျောက်တွေ အစာကျွေးနေတာ။ ရုပ်ကြီးကတော့ မသေသေးဘူး။

လှုပ်လှပ်လိုက်တော့ ဒီမှာ ပြန်သတိရလာတယ်။
ရောက်လာတော့ ဒီဝေဒနာ မခံနိုင်ပြန်ဘူး။
မခံနိုင်တော့ မင်းကြီးမင်းလေးဆီ ပြန်ပြေးရပြန်ရော။
ပုပ္ပါးပြန်ပြေး၊ ပြန်ပြေးတော့ ဟိုမှာ မျောက်တွေနဲ့ အစာကျွေးတော့
သက်သာပြန်ရော၊ ဒီရုပ်ကို ကပ်နိုင်သေးရဲ့ လား၊
သံတွေခဲ မီးရဲရဲကို ယင်ကောင် မကပ်နိုင်သလို ဖြစ်ပြီ။
နာမ်စိတ်မကပ်နိုင်တော့ဘူး။ အဲတော့ ဒီရုပ်က ဓာတ်ကြီးလေးပါးလည်း
ချုပ်ကရော၊ ဟိုမှာ သွားမျောက်ဖြစ်တာပဲ ဒကာကြီးတို့ တဲ့။
အဲဒီမျောက်တွေကို ကျုပ်တို့ ပြန်အစာကျွေးနေကြတာတဲ့။

(ပြည်ဆရာတော်ကြီး ဦးသီရိဓမ္မဟောကြားသော
အားကိုးမမှားကြနဲ့ တရားတော်မှ)

မေတ္တာဖြင့်
အနှိုင်းမဲ့စာတိုပေစများ
(www.infinitydhamma.com) https://m.facebook.com/profile.php?id=274623192696748 https://m.facebook.com/profile.php?id=274623192696748 

"အားကိုးမှား၍ မျောက်ဖြစ်ရပုံ"
=======================

တစ်ခါက သဲအင်းဂူဆရာတော်ကြီးနှင့်ဒကာ ဒကာမတို့ ဟာ
ပုပ္ပါးတောင်ကို ရောက်လာကြတယ်တဲ့။
ရောက်တယ်ဆို ကားတံခါးအဖုံးဖွင့်ပြီးတော့ ငှက်ပျောသီးတွေ
ယူလိုက်တဲ့ တပြိုင်နက် မျောက်တွေဆင်းလာတာကိုး။

“အပြစ်မဆို အချစ်မပိုပါစေနဲ့”

Photo: “အပြစ်မဆို အချစ်မပိုပါစေနဲ့”
••••••••••••••••••••••••••••••••••
သူများရဲ့ အားနည်းချက်ကို ကြည့်ပြီး 
အပြစ်မြင်နေ၊ အပြစ်တင်နေမယ့်အစား၊
ကိုယ့်အားနည်းချက်ကို သတိပြု ဆင်ခြင်ပြီး 
အပြစ်မဖြစ်အောင် ပြုပြင်နေထိုင်ခြင်းကသာ
အကောင်းဆုံးပါပဲ။

“အပြစ်”ရှာရင် “အနှစ်ကို အကာထင်ပြီး”၊ 
မချစ်တာတွေပဲ မြင်တတ်သလို ၊
“အပြစ်” မသိပြန်ရင်လည်း “အချစ်”တွေနဲ့ပဲ ကြည့်နေမိတော့ 
အနှစ်ရှိတာလည်း မသိဘဲ ဖြစ်နေတတ်တာပေါ့။

အကောင်းဆုံးကတော့ အပြစ်လည်းမကြည့်၊ 
အချစ်ချည်းပဲလည်း မကြည့်ဘဲ ကိုယ့်အသိနဲ့ကိုယ် 
အပြစ်လည်းမဆို အချစ်လည်းမပိုအောင် 
နေထိုင်ကျင့်သုံးတာဟာ အကောင်းဆုံးပါပဲ။
“အပြစ်” ဆိုရင် “ဒေါသ” ၊ 
“အချစ်” ပိုရင် “လောဘ” နှစ်ခုလုံးက 
ကိလေသာတွေပဲဆိုတော့၊ဒါတွေဖြစ်ရင် ပူနေမှာပါပဲလေ။

မေတ္တာဖြင့်
-【ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)】

Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm https://m.facebook.com/profile.php?id=274623192696748

 “အပြစ်မဆို အချစ်မပိုပါစေနဲ့”
••••••••••••••••••••••••••••••••••
သူများရဲ့ အားနည်းချက်ကို ကြည့်ပြီး
အပြစ်မြင်နေ၊ အပြစ်တင်နေမယ့်အစား၊
ကိုယ့်အားနည်းချက်ကို သတိပြု ဆင်ခြင်ပြီး
အပြစ်မဖြစ်အောင် ပြုပြင်နေထိုင်ခြင်းကသာ

အကောင်းဆုံးပါပဲ။

##### အတ္တသမံ ပေမံ နတ္တိ #####



 "အတ္တသမံ ပေမံ နတ္တိ"

"ကိုယ့်ကိုယ်ပေါ်မှာ တွယ်တာတာ

လောက် တခြားတွယ်တာမှုကမရှိ


နိုင်ဘူး" တဲ့ မြတ်စွာဘုရားကဟော

တယ်။

***** စီးပွားအနှစ်ချုပ် ဒါနထုပ် *****


စီးပွားအနှစ်ချုပ် ဒါနထုပ်
********************

မရသေးရင်
ရအောင်ရှာရတဲ့ ဒုက္ခ၊
ရပြန်တော့
မပျောက်ပျက်အောင်
စောင့်ရှောက်ရတဲ့ ဒုက္ခ၊

******* လူလိုကျင့် *******

  

 လူလိုကျင့်
***********

`` ငါပြောတော့.... ဒီဘုန်းကြီး တော်တော် အပြောဆိုးတဲ့ ဘုန်းကြီးလို့ ထင်ကြမယ်၊ ငါက အတည့်ပြောတာ လူလိုနေ၊ လူလိုကျင့် လူ့ဘဝတန်ဖိုးရရှိမယ်..... လူလိုမနေ လူလို့မကျင့် ခွေးဖြစ်မယ်။ ခွေးလောက်ပဲ တန်ဖိုးရှိမယ် ´´

***** ဘာသာပြောင်းရခြင်း၏ အကြောင်းတရား ******



 ဘာသာပြောင်းရခြင်း၏
*******************
အကြောင်းတရား
**************

အခြားဘာသာဝင်များလည်း
ဗုဒ္ဓဘာသာသို့
ပြောင်းဝင်လာတာရှိသလို
ဗုဒ္ဓဘာသာဝင်များလည်း
အခြားဘာသာသို့
ပြောင်းသွားတာရှိသည်၊

****** အားလုံးအတွက် အမောပြေဆေး ******



 
အားလုံးအတွက်
**************
အမောပြေဆေး
*************

ဝိပဿနာ ခရီးကို
လျှောက်လှမ်းနေတဲ့
ဝိပဿနာ ယောဂီဟာ
စိတ်မသက်မသာ
ပင်ပန်းတိုင်း......၊