/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /http://4.bp.blogspot.com/-64lFCmprlo4/UlIK93uB36I/AAAAAAAAANM/xlqs8O3Iljg/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg
Wednesday, April 30, 2014
**** " အလယ်လမ်းမှန် " ****
Photo: " အလယ်လမ်းမှန် "
★★★★★★★★★
“အစွန်းနှစ်သွယ်၊ 
လမ်းမှားပယ်၊ 
အလယ်လမ်းမှန်သည်။ 
လမ်းမှန်ကိုလျှောက် 
ညဏ်မြင်ပေါက် 
ဆိုက်ရောက် နိဗ္ဗာန်။” 
အမှားလမ်းစဉ်အတိုင်း လျှောက်သွားရင် 
ဆင်းရဲဒုက္ခတွေ ရောက်မယ်။ 
အမှန်လမ်းစဉ်တိုင်း လျှောက်ရင်
အေးငြိမ်းတဲ့ နိဗ္ဗာန်ချမ်းသာကို 
ဆိုက်ရောက်မယ်။ 
လမ်းမှန်ဆိုတာ 
မဂ္ဂင်လမ်းကို ပြောပါတယ်။
သတိကပ်နေတာက သတိမဂ္ဂင်၊ 
လုံးလစိုက်ပေးရတာက ၀ီရိယမဂ္ဂင်၊ 
စူးစိုက်တာက သမာဓိမဂ္ဂင်၊ 
ရှုစိတ်ကလေး အာရုံပေါ်ရောက်ရောက်သွားအောင် 
ပို့ဆောင်တာက သမ္မသင်္ကပ္ပမဂ္ဂင်၊ 
သူ့ရဲ့ပို့ဆောင်ချက် ကောင်းသလောက် 
သမ္မာဒိဋ္ဌိ အမှန်သိမှု ဖြစ်ပေါ်လာတယ်။
အလုပ်သမား မဂ္ဂင် ငါးပါး။ 
သမ္မာဒိဋ္ဌိဖြစ်ရင် 
တစ်မှတ်တစ်မှတ်၊ 
တစ်ချက်တစ်ချက် နိဗ္ဗာန်ဆီသို့ 
ဆိုက်ရောက်တာကို ရည်ညွန်းပြီး 
ဆိုက်ရောက် နိဗ္ဗာန်လို့ ပြောတာပဲ။ 
ရှုမှတ်တိုင်း ရှုမှတ်တိုင်း 
သမ္မာဒိဋ္ဌိဖြစ်ဖို့ 
သတိ အမြဲရှိနေရမယ်။
စွဲမြဲတဲ့ သတိဖြစ်ရတယ်၊ 
သတိက သာမန်သတိမျိုးမဟုတ်ဘူး သမ္မာသတိ။ 
ကိစ္စတိုင်း ကိစ္စတိုင်း 
အကြောင်းကြုံတိုင်း ကြုံတိုင်း၊ 
ရုပ်နာမ်တွေ ဖြစ်ပေါ်တိုင်းမှာ 
မမေ့တဲ့သတိကို ဆိုပါတယ် သမ္မာသတိ။  
အဲ့ဒီ သတိမြဲတဲ့ ပုဂ္ဂိုလ်ဟာ 
သတိမဂ္ဂင်ကနေပြီးတော့ 
မဂ္ဂင် ရှစ်ပါးလုံး ပွားများပြီးသားဖြစ်သွားတယ်။
သမ္မာဒိဋ္ဌိမဂ္ဂင်မပျက်ဖြစ်နေရင် 
သီလမဂ္ဂင် သုံးပါးလည်း 
ပါဝင်ပြီးစီးသွားမယ်။
အဲ့ဒီလို မဂ္ဂင်ရှစ်ပါး 
ပွားများလျက်သား ဖြစ်နေတာကြောင့် 
တစ်မှတ် တစ်မှတ်
တစ်ချက်တစ်ချက် နိဗ္ဗာန်ကို 
သွားနေတယ်လို့ အသိမှတ်ပြုရတာပဲ။ 
ဆိုက်ရောက်သွားဖို့ပဲ။
“ဘ၀ဇာတိ သူရှိပြန်လျှင် 
အိုသေပူဆွေး ငိုကြွေးထို့ပြင် 
ကိုယ်ဆင်းရဲ ထန်သည်းပူပင် 
သို့ဖြစ်ရ လုံးဝ ဆင်းရဲပင်။” 
ဇာတိ၊ ဇရာ၊ မရဏ၊ သောက၊ ပရိဒေ၀၊ 
ဒုက္ခ၊ ဒေါမနဿ၊ ပိဋိစ္စသမုပ္ပါဒ် စက်ရဟတ်ကြီး 
လည်ပတ်သွားတာကို ပြောပါတယ်။ 
ဒီဒုက္ခစက်ရဟတ် 
မပြတ်လည်ပတ်နေတာက 
အမှန်မသိမှု အ၀ိဇ္ဇာ၊ 
တပ်မက်မှုတဏှာ၊ 
စွဲလမ်းမှု ဥပါဒါန်၊
 ပြုလုပ်မှု ကံ၊ 
ဒီကံတွေကြောင့် 
ဘ၀သစ် ဇာတိ ဖြစ်လာရတယ်၊ 
ဇာတိကြောင့် အိုမှု၊
သေမှုတွင်မက ကိုယ်ဆင်းရဲတွေ၊
စိုးရိမ်သောကတွေ၊ ပရိဒေ၀-ငိုကြွေးရတာတွေ၊ 
ဥပါယာသ- ပြင်းပြင်းထန်ထန် 
ပူလောင်ပင်ပန်းရတာတွေ။ 
ဒါတွေဟာ ဆင်းရဲလုံးလုံးပဲ 
တစ်ခုမှ ကောင်းတာ မရှိဘူး။
ဒီဆင်းရဲတွေ ရအောင်
ယောဂီက ရှာမှီနေတာလား။ 
ဒါတွေ လွတ်မြောက်အောင် ရှာမှီနေတာလား။ 
ကိုယ့်ဘ၀ကိုယ် တွက်ကြည့်နော်။ 
သားရဖို့၊ သမီးရဖို့၊ 
ပစ္စည်းရဖို့ ရှာမှီနေကြတယ်။ 
ဇာတိရဖို့ပဲ ဒီသားသမီး ပစ္စည်းဝတ္ထုတွေကလည်း 
ဇာတိ ဇရာ မရဏနဲ့ 
တစ်ဆက်တည်း ဖြစ်ပေါ်နေတဲ့ ရုပ်ဝတ္ထုတွေပဲ၊
ဖြစ်ပေါ်လာလိုက်  
ရင့်ရော်ပျက်စီးသွားလိုက်နဲ့ ဒုက္ခပေါ့။
ဇာတိ ဇရာ မရဏ မကင်းတဲ့ ဒုက္ခတွေပဲ။ 
ဒီ ဒုက္ခတွေပဲ ရှာနေရင် 
ဒုက္ခလွတ်လပ်ရေးကတော့ဝေးသေးတယ်လို့ မှတ်ပါ။
 “ဇာတိရှိတာ ဇာတိရှာ၊ ထပ်ခါဇာတိ ရနေသည်။ ” 
ဇာတိကြောင့် တစ်ဘ၀လုံး၊ 
တစ်သံသရာလုံး မဆုံးနိုင်တဲ့ ဒုက္ခတွေ 
ပင်လယ်ဝေခဲ့ရတယ်ဆိုတာ သိခဲ့ပြီ။ 
ဒီဇာတိမရှိရင် ကောင်းမှာပဲ 
ဇာတိ-ဖြစ်မှုမရှိရင် အိုမှု၊ သေမှုလည်းမရှိ၊ 
ဒီလို ညဏ်ဝင်ရမယ်။ 
ဇာတိ လွတ်မြောက်မှ ကောင်းမယ်လို့ 
ဇာတိကို အပြစ်မြင်လာတယ်၊ 
[ “ဇာတိဆင်ခြင်၊ အပြစ်မြင်၊ လွတ်ချင် နိဗ္ဗာန်ရမည်တည်း။ 
ဇာတိဆင်ခြင်၊ အပြစ်မြင် ရှာလျှင် နိဗ္ဗာန်ရောက်မည်တည်း။” ]
ဇာတိရဲ အပြစ်ကို 
ဆင်ခြင်ညဏ်ဝင်လာရင် 
လွတ်ချင်စိတ်ဖြစ်လာမယ်။  
ဇာတိဒုက္ခကို မြင်အောင်ကြည့်နော်။
 ဖြစ်ပေါ်တိုင်း ပျက်စီးတိုင်း၊
 ဖြစ်တိုင်း ပျက်တိုင်းသိရမယ်ဆိုတာ ဒါပဲ။ 
တရားရှုတဲ့သူဟာ 
ဇာတိကို မြင်အောင်ကြည့်ရတယ် သိရမယ်။ 
အပြစ်မြင်လာမယ်၊ 
အပြစ်မြင်ရင် ဇာတိက လွတ်ချင်လာမယ်။
ဇာတိဟာ ဒုက္ခသစ္စာအမှန်ပဲ။ 
ဒီဇာတိကနေပြီး ပြုစုပျိုးထောင်လိုက်တဲ့ 
ဒုက္ခအဆင့်ဆင့်တွေ 
ဇာတိထဲမှာပဲ ရင့်ရော်မှု၊ 
ပျက်စီးမှုဆိုတဲ့ ဇရာ မရဏတွေ ပေါက်ဖွားနေတယ်။
ဒီဆင်းရဲ အဆင့်ဆင့်တွေဟာ 
ဇာတိကြောင့် ဖြစ်တာမှန်ရဲ့သားနဲ့ 
မိမိတို့ရှာမှီနေတာ 
ဇာတိလွတ်ကြောင်း ဟုတ်ရဲ့လား။
ဒီဇာတိ- ဖြစ်ပေါ်မှုတွေကို 
မရှာမှီတော့ဘူးဆိုတဲ့ အနေနဲ့ 
ခန္ဓာမှာ ဖြစ်ခိုက် ရုပ်နာမ်တွေကို 
ဇာတိရဲ့ အပြစ်မြင်အောင် ရှုဆင်ခြင်ရတယ်။ 
ဇာတိ အပြစ်မြင်လို့ 
ဇာတိလွတ်အောင် 
တရားရှုတဲ့သူတွေဟာ 
အဇာတိဆိုတဲ့ အမြိုက်နိဗ္ဗာန်ကို 
ဆိုက်ရောက်သွားမယ် .။
နိဗ္ဗာန်ရောက်မှ 
ဒုက္ခအားလုံး လွတ်မြောက်မယ်။ 
သုမေဓာ ဘ၀တုန်းက 
ငါ့မှာ ဖြစ်ပေါ်မှု ဇာတိလည်းရှိတယ်၊ 
ရင့်ရော်ပျက်စီးမှု ဇရာ မရဏလည်း ရှိနေတယ်၊
 အဲ့ဒီဖြစ်ပေါ်မှု ရင့်ရော်ပျက်စီးမှု မရှိတဲ့
 ဖြစ်ပျက် ဒုက္ခဘေးရန်ခပ်သိမ်း အေးငြိမ်းတဲ့ 
နိဗ္ဗာန်ရောက်အောင် 
ငါရှာမှီမယ်လို့ ဆန္ဒဖြစ်လာတယ်၊ 
ရှိသမျှ ပစ္စည်းဥစ္စာတွေ စွန့်လွတ်၊ 
ရသေ့ဝတ်၊ ဇာတိမရှိတဲ့ နိဗ္ဗာန်ကို ရှာရင်း 
ဘုရားအဖြစ်သို့ ရောက်လာပါတယ်။
“ရွှေဥမင်ဆရာတော်ဘုရားကြီး၏ အဆုံးအမတရားစုများ”
By ...... http://www.dhammamoscow.ru/  
 " အလယ်လမ်းမှန် "
★★★★★★★★★
“အစွန်းနှစ်သွယ်၊
လမ်းမှားပယ်၊
အလယ်လမ်းမှန်သည်။
လမ်းမှန်ကိုလျှောက်
ညဏ်မြင်ပေါက်
ဆိုက်ရောက် နိဗ္ဗာန်။”
**** ဗုဒ္ဓဘာသာ မိသားစုများလိုက်နာကျင့်သုံးရန် ****
Photo: #အရှင်ခေမာစာရ(မန်းရေတံခွန်)
ဆရာတော်၏ သြဝါဒ
ဗုဒ္ဓဘာသာ မိသားစုများ
 လိုက်နာကျင့်သုံးရန်
~~~~~~~~~~~~~~
၁။ သူတစ်ပါးမကောင်းကြောင်း 
ဘယ်တော့မှ မပြောပါနဲ့။
သူတစ်ပါးကောင်းကြောင်းကိုသာ
သင်သိသလောက်ပြောပါ။
၂။ ကဲ့ရဲ့စရာရှာပြီးကဲ့ရဲ့သည့် အကျင့်ကိုရှောင်ကြဉ်ပါ။
ချီးမွမ်းစရာရှာပြီး ချီမွမ်းသည့် အကျင့်ကိုသာ
ပြုစုပျိုးထောင်ပါ။
၃။ တစ်ဖက်သားအပေါ် ကဲ့ရဲ့စရာတွေ့က 
ဆိတ်ဆိတ်နေပြီး
ချီးမွမ်းစရာတွေ့က ရက်ရက်ရောရော ချီးမွမ်းလိုက်ပါ။
၎။ ထောက်ခံစရာတွေ့က စိတ်ရောကိုယ်ပါ ထောက်ခံအားပေးလိုက်ပါ။
၅။ တစ်ဖက်သားကို လေလေးစားစား 
တန်ဖိုးထား၍ ဆက်ဆံပါ။
၆။ ပြောင်လိုက် နောက်လိုက် ဆက်ဆံရေးသည် အချင်းချင်း အပြန်အလှန် လေးစားမှုတန်ဖိုးကို တဖြည်းဖြည်း 
လျော့နည်းစေပါသည်။
ထို့ကြောင့် ပြောင်လိုက် နောက်လိုက်ဖြင့်
့အ ပြောင်အရွှတ် ဆက်ဆံရေးကို ရှောင်ကြဉ်ပါ။
၇၊ သူတစ်ပါးကို တတ်နိုင်သမျှ အကူအညီပေးပါ။
၈။ ကိုယ်ချင်းစာနာစိတ် များများမွေးပါ။
၉။ စီးပွားရေး၊ လူမှုရေး၊ အိမ်ထောင်ရေး
စသော အရေးပေါင်းစုံတွင် မိမိ ကတိပေးထားမိက တည်အောင်စောင့်ထိန်းပါ။
၁၀။ အရေးပေါင်းစုံတွင် မိမိအပေါ် 
တာဝန်ရှိလာသမျှကို တာဝန်ကျေအောင်
ဆောင်ရွက်ပါ။
၁၁။ ကြမ်းတမ်းရိုင်းပျသည့် စကားကို 
ဘယ်တော့မျှ မပြောပါနဲ့။
ချိုသာယဉ်ကျေးသိမ်မွေ့သည့် စကားကိုသာပြောပါ။
၁၂။ ငြင်းခုံခြင်းကို ရှောင်ကြဉ်ပါ။
၁၃။ ပြဿနာဖြစ်လာပါက အေးအေးဆေးဆေး ညှိနှိုင်းဆွေးနွေးခြင်းဖြင
့် ဖြေရှင်းဖို့ကြိုးစားပါ။
၁၄။ ခြေလွန် လက်လွန် နှုတ်လွန် 
မဖြစ်အောင် ထိန်းချုပ်ပါ။
၁၅။မိမိမှားနေရင် အလျှင်အမြန် ဝန်ခံပြီးတောင်းပန်လိုက်ပါ။
၁၆။ ကိုယ့်အချင်းချင်း အတတ်နိုင်ဆုံး
သည်းခံပါ။
၁၇။ တစ်ဦး၏ အမှားကို အတတ်နိုင်ဆုံး
အလျော့ပေးပါ။
၁၈။ ဗုဒ္ဓဘာသာဝင် အချင်းချင်း ကြီးပွား
ချမ်းသာအောင် ပြုလုပ်ပေးလိုစိတ် 
များများမွေးပါ။
ဤစည်ကမ်းများကို လက်ရှိ မိမိဆက်ဆံပေါင်းသင်းနေသူများမှ စတင်ပြီး 
ဗုဒ္ဓဘာသာဝင်အချင်းချင်း နှင့် 
ဆက်ဆံသည့်အခါတို်င်း သာမက
 လူအချင်းချင်းဆက်ဆံရသည့် 
အခါတိုင်းလိုက်နာကျင့်သုံးပါ။
#အရှင်ခေမာစာရ(မန်းရေတံခွန်)ဆရာတော်၏ သြဝါဒ
ဗုဒ္ဓဘာသာ မိသားစုများလိုက်နာကျင့်သုံးရန်
၁။ သူတစ်ပါးမကောင်းကြောင်း
ဘယ်တော့မှ မပြောပါနဲ့။
သူတစ်ပါးကောင်းကြောင်းကိုသာ
သင်သိသလောက်ပြောပါ။
*လက်တွေ့မေတ္တာပေးမှမေတ္တာသမားစစ်စစ်*
Photo: *လက်တွေ့မေတ္တာပေးမှမေတ္တာ
သမားစစ်စစ်*
မေတ္တာဗြဟ္မစိုရ်ကျင့်သုံးတဲ့သူဟာ
ကိုယ်နဲ့လည်း သူတပါးကောင်းကျိုး
ကိုဆောင်ရွက်ပေး
နုတ်နဲ့လည်းသူတပါးကောင်းကျိုး
ဖြစ်မဲံ့စကားစိတ်ချမ်းသာမဲ့စကား
ပြောဆိုပေး
စိတ်နဲ့လည်းသူတပါးကောင်းကျိုးရစေကြောင်းစိတ်ချမ်းသာစေ ကြောင်းဆုတောင်းမေတ္တာပို့ 
သပေးရပါတယ်။
ကာယကံမေတ္တာ
ဝစီကံမေတ္တာ
မနောကံမေတ္တာဆိုတဲ့
မေတ္တာကံသုံးမျိုးပြည့်စုံနေမှ
ဗြဟ္မစိုရ်မေတ္တာတရား
ကျင့်သုံးရာရောက်ပါတယ်။
အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)
 *လက်တွေ့မေတ္တာပေးမှမေတ္တာသမားစစ်စစ်*
မေတ္တာဗြဟ္မစိုရ်ကျင့်သုံးတဲ့သူဟာ
ကိုယ်နဲ့လည်း သူတပါးကောင်းကျိုး
ကိုဆောင်ရွက်ပေးနုတ်နဲ့လည်းသူတပါးကောင်းကျိုး
ဖြစ်မဲံ့စကားစိတ်ချမ်းသာမဲ့စကားပြောဆိုပေး
စိတ်နဲ့လည်းသူတပါးကောင်းကျိုးရစေကြောင်းစိတ်ချမ်းသာစေ
 ကြောင်းဆုတောင်းမေတ္တာပို့ သပေးရပါတယ်။
"ငမောက်ဈေးထဲက သစ္စာစကား"
"ငမောက်ဈေးထဲက သစ္စာစကား"
••••••••••••••••••••••••••••••
၁၉၉၈ ခုနစ်ခန့်ကဖြစ်၏။ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့၊ အမှတ် (၉) ရပ်ကွက်ရှိ ငမောက်ဈေးအတွင်း၌ စက်ချုပ်ဆိုင်တစ်ဆိုင်တွင် အမျိုးသမီးနှစ်ယောက်သည် ချုပ်ထည်များ များများကျလာချိန်ဖြစ်သဖြင့် အလုပ်များနေကြ၏။
**** နှောင်ကြိုးများကို တွန်းလှန်နိုင်ကြပါစေ *****
Photo: နှောင်ကြိုးများကို တွန်းလှန်နိုင်ကြပါစေ
*************************
""သံယောဇဉ်ငြိတွယ် ၊ကိလေသစက်နှယ်
မချိဖွယ်သပ ယှက်နွယ်သည်၊ ခက်သဖွယ်အရေး""တဲ့။
သံလိုက်တဲ့အပ် လိုပဲ။
သံယောဇဉ်တွေရှိနေရင် ရုန်းထွက်ဖို့ခက်လှပါတယ်။
ရုန်းထွက်ဖို့ခက်ရတဲ့ကြား ရုန်းမထွက်ချင်တဲ့စိတ်ကဖြစ်နေပါသေးတယ်။
မွေးဖွားစကနေ အရွယ်အို တဲ့အထိ
ကြိုးတွေက ချည်လာလိုက်တာ။
လျော့သွားတယ်ကိုမရှိပါဘူး။
ကလေးတုန်းကလည်း ကလေးဘ၀မို့
အမိကိုတွယ်တာ အဖကိုတွယ်တာ။
အရွယ်ရောက်လာပြန်တော့လည်း
စီးပွားတွေတွယ်တာ ။ ဇနီးမယား ခင်ပွန်း သားသမီးတွေတွယ်တာ။
ကြိုးတွေ ချည်နေတာ။
အရွယ်လေးရပြန်တော့လည်း
မြေး မြစ်ဆိုတဲ့ ကြိုးတွေကထပ်ချည်ပြန်ပါတယ်။
ဒီလိုအထပ်ထပ်ချည်ထားတဲ့ကြိုးတွေက များများလာလေ
တရားရဖို့ခက်လေ။
တရားအားထုတ်ဖို့ခက်လေ ပါပဲ။
တော်တော်ကြောက်စရာကောင်းတဲ့ တဏှာနဲ့ ပြုလုပ်ထားတဲ့ သံယောဇဉ်ကြိုးတွေပါပဲ။
ဒါကြောင့် ဒီနှောင်ကြိုးတွေကို ဒီအတိုင်းမထားဘဲ ဖြတ်ရပါမယ်။
ဘာနဲ့ဖြတ်ရမလဲဆိုရင် ဉာဏ်နဲ့ဖြတ်ရပါမယ်။
ကံနဲ့ဖြတ်လို့မရပါဘူး။
ခန္ဓာမှာဉာဏ်လှည့်ပြီး တင်းချည်ထားတဲ့ကြိုးများစွာကို
တပြိုင်တည်းမဟုတ်တောင် တစ်ရစ်ပြီးတစ်ရစ်
တစ်ပတ်ပြီးတစ်ပတ် လျှော့လျှော့ပြီးဖြည်ရပါမယ်။
ကြိုးတင်းတင်းချည်ထားရင် နေရထိုင်ရခက်ပေမယ့်
ကြိုးပြေပြေလေးဖြစ်သွားရင် ပြေသလောက် နေရထိုင်ရ လွတ်လပ်ပေါ့ပါးလာပါတယ်။
ကြိုးလုံးဝမချည်ခံရဘူးဆိုရင်ပြောမနေပါနဲ့တော့။
ဘယ်လောက်လွတ်လပ်တယ်ဆိုတာ။
အထက်ပါဥပမာလေးကို ရှုမြင်ပြီး လာချည်သမျှ အ၀ိဇ္ဇာကြိုး တဏှာကြိုး သံယောဇဉ်ကြိုးများစွာကို နိုင်သလောက်တွန်းလှန်သင့်ပါတယ်။
နှောင်ကြိုးမျာစွာကို တွန်းလှန်နိုင်ကြပါစေ။
HMD(မေတ္တာပန်းကလေး)
 နှောင်ကြိုးများကို တွန်းလှန်နိုင်ကြပါစေ
*****************************
""သံယောဇဉ်ငြိတွယ် ၊ကိလေသစက်နှယ်
မချိဖွယ်သပ ယှက်နွယ်သည်၊ ခက်သဖွယ်အရေး""တဲ့။
**** တရားရလွယ်သူနှင့် တရားမရနိုင်သူ ****
 Photo: တရားရလွယ်သူနှင့် တရားမရနိုင်သူ
~~~~~~~~~~~~~~~~~~~~
**အသိအမှတ်စိပ်၍ မြဲသုက 
တရားရလွယ်ပြီး
**အသိအမှတ်ကြဲသူ မေ့ထားသူက 
တရားရရန် မလွယ်ချေ
ဥပမာဆိုရသော်-
မိမိနှစ်သက်သော ဝက်သားတုံးကို 
ကိုက်စားနေလျက်က ကြမ်းပြင်ပေါ်သို့ လွတ်ကျခဲ့သော်လည်း ပြန်ကောက်စားနိုင်ပါသည်။
ထိုစားဆဲ ဝက်သားတုံးက ကြမ်းပြင်သို့မကျပဲ  မစင်ပုံပေါ်သို့ ကျသွားပါက ပြန်ကောက်၍ မစားနိုင်တော့ပါ။
ရေဆေးပေးသော်လည်း မစားတော့ပဲ 
စွန့်ပစ်နိုင်ကြပါသည်။
သို့သော် အလားတူစွာသော ဝက်တစ်ကောင်သည် မစင်လူးပြီး မစင်ကိုစားနေဆဲ၊
 ထိုဝက်ကို တစ်နေရာတွင် သတ်ပြီး 
အသားကို လာရောင်းပါက ဝယ်စားနိုင်ပြန်ပါသည်။
အဓိကတရားအချက်က-
ပဌမ မစင်ပုံကျသွားသော ဝက်သားတုံးကို 
ရေဆေးထားသော်လည်း မစင်နှင့်လူးခဲ့ပြီး 
ဖြစ်သောကြောင့် မစင်ပုံပေါ်ကို ကျခဲ့သည်ကို အစွဲမပြတ်နိုင်သောကြောင့် မစင်ကိုရွံရှာသဖြင့်
မိမိနှစ်သက်သော ဝက်သားတုံးကို စွန့်ပစ်နိုင်ခြင်းဖြစ်ပါသည်။
ဒုတိယဝက်သားဟင်းချက်ထားသော
ဝက်သားသည်လည်း မကြာမီကပင် 
မစင်လူး၊ မစင်စားခဲ့သောဝက်ဟု
သိထားသော်လည်း အမြင်မသန် အသိမစွဲ အသိမမြဲသောကြောင့် စားနိုင်ခြင်းဖြစ်ပါသည်။
ထိုသဘောတရားကဲ့သို့ ယနေ့ကျွန်ုပ်တို့သည် ဆင်းရဲ ငရဲ အကုသိုလ်တရားဆိုးများက ဘဝသံသရာ 
တစ်လျှောက်တွင် ဒုက္ခဆင်းရဲကို ကြုံတွေ့ပါမည်ဟု ဓမ္မက မည်မျှပင်ဖော်ပြ ဆုံးမထားသော်လည်း
အသိအမှတ်ကြဲပြီး ဒုက္ခဆင်းရဲကို မေ့ထားနိုင်သဖြင့် အကုသိုလ် 
စရိုက်ဆိုးများကို ပြုကျင့်ရဲကြပါသည်။
မစင်လူးပြီး မစင်စားထားသောဝက်ကို 
သတ်စားနိုင်သကဲ့သို့ပင် ဖြစ်ပါသည်။
ထိုပုဂ္ဂိုလ်များသည် တရားရရန်မလွယ်ပါ။
{စာရေးသူ ဓမ္မမိတ်ဆွေ၏ 
" မိဂဒါဝုန်မှအပြန် " စာအုပ်မှ ကူးယူမျှဝေပါသည်)
တရားရလွယ်သူနှင့် တရားမရနိုင်သူ
~~~~~~~~~~~~~~~~~~~~
**အသိအမှတ်စိပ်၍ မြဲသုက
တရားရလွယ်ပြီး
**အသိအမှတ်ကြဲသူ မေ့ထားသူက
တရားရရန် မလွယ်ချေ ။
"ဗုဒ္ဓဘာသာကို အမြစ်ပြတ် ဖြိုခွင်းဖို့ကြိုးစားခဲ့တဲ့ သံလျင်မြို့စားငဇင်ကာ"
Photo: ♣♣♣ "ဗုဒ္ဓဘာသာကို အမြစ်ပြတ် ဖြိုခွင်းဖို့ကြိုးစားခဲ့တဲ့ သံလျင်မြို့စားငဇင်ကာ" ♣♣♣
ရှေးမြန်မာမင်းများလက်ထက်က မြန်မာ့မြေပေါ်မှာ အခွင့်ထူးများရခဲ့ပြီး ဗုဒ္ဓဘာသာနဲ့ မြန်မာလူမျိုးများ အပေါင်းကို ထိပါးနှောင့်ယှက်ဖျက်ဆီးခဲ့တဲ့ ဘိုင်ဆတ်အပြင် အခြားတိုင်းတစ်ပါးသား နယ်စား တစ်ယောက် လည်း ကျန်ပါသေးတယ်။ သက္ကရာဇ် (၉၆၂)ခုနစ်၊ တောင်ငူမင်းနှင့် ရခိုင်မင်းတို့ဟာ ပေါ်တူဂီ မှ ရောက်ရှိ လာတဲ့ ဖိလစ်ဒီဘရစ်တိုနီကိုတီ(ခ) ငဇင်ကာကို လူနှစ်ထောင်ကျော် သဘောင်္သုံးစင်း လွန်ကျင်တစ်ရာကျော် အပ်ပြီး သန်လျင်မြို့ မှာ နေထိုင်စေပါတယ်။ ဒီလိုအင်အား အလုံးအရင်းနှင့် သန်လျင်မြို့ ကို အပ်လိုက်ခြင်း ဟာ တိုင်းတစ်ပါးသား လူမျိုးခြား ဘာသာခြား ကို မြို့ဝန်နယ်စားအဖြစ် အပိုင်စားပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။
ငဇင်ကာဟာ သန်လျင်မြို့ကို အပိုင်စားရထားပေမယ့် သူရဲ့လောဘက အတောမသတ်နိုင်ဘဲ တောင်ငူ ဘုရင် နတ်သျှင်နောင်ကို သွားတိုက်ပါတယ်။ ဆယ်ရက်ခန့် အတွင်းမှာပဲ တောင်ငူဘုရင် နတ်သျှင်နောင် ကျရှုံးပြီး နန်းတော်ကိုလည်း မီးရှို့ဖျက်ဆီးပစ်လိုက်ပါတယ်။ ဘုရား ကျောင်းကန် အိမ်တွေကိုလည်း ဖျက်စီးပြီး အဖိုးတန်ပစ္စည်းများကိုလည်း လုယက်ယူငင်သွားပါတယ်။
အဲဒီအချိန်ကစပြီး ဒီဘရစ်တို(ခ) ငဇင်ကာဟာ မြန်မာပြည်အတွင်းသို့ ကျူးကျော်ရန်စရေးလမ်းစဉ် ကို ပြောင်ပြောင်တင်းတင်း ချမှတ်လုပ်ဆောင် လာခဲ့ပါတယ်။
နောက်ပြီး သန်လျင်မှာ ဘုရားတစ်ဆူလိုနေပြီး သီးခြားအုပ်ချုပ်မှုကို ပြုလုပ်ပါတယ်။ သူ့နယ်မြေအတွင်းမှာ ရှိတဲ့ ပုသိမ် ဒလသင်္ဘောများကိုလည်း သိမ်းယူခဲ့သလို ဧရာဝတီမြစ်ဝကျွန်းပေါ်မှာရှိတဲ့ နိုင်ငံခြား ကူးသန်း ရောင်းဝယ်ရေး သော့ချက်များကိုလည်း သိမ်းယူပြန်ပါတယ်။
သူရဲ့ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံတစ်နိုင်ငံလုံးကိုပါ သိမ်းယူပြီး ဗုဒ္ဓဘာသာကိုပါ မျိုးဖြုတ်သုတ်သင် ဖို့အထိ အစီအစဉ်များ ချမှတ်ဆောင်ရွတ် လာခဲ့ပါတယ်။
သူပိုင်ဆိုင်တဲ့ နယ်မြေအတွင်းမှာရှိတဲ့ ကျိုက်ခေါက်စေတီတော် အပါအဝင် ဘုရားစေတီ ပုထိုးတော်တွေရဲ့ ထီးတော်၊ ငှက်မြတ်နားတော်တွေမှာ လှူဒါန်းထားတဲ့ အဖိုးတန်၊ စိန်ရွှေရတနာတွေကို ဖြုတ်ယူပါတယ်။ ဘုရားဌာပနာတော်တွေကိုလည်း ဖောက်ထွင်းယူပါတယ်။
ဘုရားဆင်းတုတော်တွေကိုလည်း ဖျက်ဆီးပစ်ခဲ့ပါတယ်။ ကြေးဆင်းတုတော်၊ ကြေးစည် ၊ ကြေးခေါင်းလောင်း ၊ စတာတွေကိုလည်း ဖြတ်ယူပြီး အမြောက် ဆံကျည်ဆံများပြုလုပ်ပါတယ် ။ နောက်ပြီးမြင့်မြတ် တဲ့ ဗုဒ္ဓဘာသာ ရဟန်းတော်တွေကိုလည်း ညှဉ်းဆဲနှိပ်စက် သတ်ဖြတ်ပြန်ပါတယ်။
ဗုဒ္ဓဘာသာရဟန်းတော်တွေဟာ သူ့ရဲ့ညှဉ်းပန်းနှိပ်စက် သတ်ဖြ တ် မှုတွေကြောင့် မြန်မာ့မြေပေါ်မှာတောင် ထင်ထင်ပေါ်ပေါ် မနေဝံ့ကြတော့ဘဲ တိတ်တိတ်ပုန်းပုန်းနေရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ဗုဒ္ဓဘာသာ မြန်မာလူမျိုးများက ရဟန်းသံဃာတော်တွေကို မလှူဒါန်းရဆိုတဲ့ အမိန့်ကို ထုတ်ပြန်ပြီး အမျိုးမျိုးနှောင့် ယှက်ပေးကာ မြန်မာ့မြေ တစ်စိတ်တစ်ဒေသမှာ ဗုဒ္ဓဘာသာ သာသနာကွယ်ပျောက်အောင် လုပ်ခဲ့ပါတယ်။
ဒီအကြောင်းကို ကြားသိတော်မူသော အင်းဝဘုရင် မဟာသီဟသူမင်းဟာ လွန်စွာမှ စိတ်မချမ်းမြေ့ ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် စစ်အင်အားအလုံးအရင်းနဲ့ တပ်ကြီးချီလာပြီး သံလျင်မြို့ကို ဝန်းရံပိတ်ဆို့ တိုက်ခိုက်တော်မူပါတယ် မြို့သိမ်းတိုက်ပွဲဟာ အလွန်ပြင်းထန်လှပါတယ်။ မြန်မာရဲဘက်တော်များဟာ အမျိုး ဘာသာ သာသနာကို ချစ်တဲ့စိတ်နဲ့ မကြောက်မရွံ့ နောက်မတွန့်ဘဲ တိုက်ခိုက်ကြပါတယ်။ အဲဒီအခါ မြို့ရိုးပေါက်ပြီး သာသနာဖျက် ကျူးကျော်ရေး သမား၊ ငရဲသား ငဇင်ကာ(ခ) ဒီဘရစ်တိုကို အရှင်လက်ရ ဖမ်းဆီးရမိပါတယ်။
အင်းဝဘုရင်လည်း ဒီဘရစ်တို(ခ) ငဇင်ကာကို ကားစင်တင် တံကျင်းထိုးပြီး ကွပ်မျက်လိုက်ပါတယ်။
ဗုဒ္ဓသာသနာဖျက် ငဇင်ကာကြောင့် မြန်မာလူမျိုးတွေအနေနဲ့ အကြီးမားဆုံး ဆုံးရှုံးမှုတွေထဲက တစ်ခုဖြစ်တဲ့ ဓမ္မစေတီခေါင်းလောင်းကြီး အစပျောက်သွား မှုပါပဲ။ ဓမ္မစေတီခေါင်းလောင်းကြီးကို ဓမ္မစေတီမင်းက ခရစ်နှစ် (၁၃၇၆) ခုနှစ်မှာ သွန်းလုပ်ပြီး ရွှေတိဂုံဘုရားကြီးမှာ လှူဒါန်းခဲ့ပါတယ်။
ဓမ္မစေတီခေါင်းလောင်းကြီးရဲ့ ကြီးကျယ်မှုကတော့ ကြေးချိန်ပိဿာ ၁၈၀,၀၀၀၊ တန်ချိန် ၂၇၀၊ အစောက် ၁၂တောင်၊ အဝ ၈-တောင် ရှိပါတယ်။
ဓမ္မစေတီမင်းကြီး လှူဒါန်းပြီးနောက် ၁၃၂-နှစ်ခန့်အကြာ ခရစ်နှစ် ၁၉၀၈-ခုနှစ်မှာ ငဇင်ကာဟာ အမြှောက်များ၊ ကျည်ဆံများပြုလုပ်ရန် ရွှေတိဂုံစေတီ ရင်ပြင်တော်ပေါ်မှ ဓမ္မစေတီခေါင်းလောင်းကြီးကို အတင်းအဓမ္မ လုယူ သယ်ဆောင်သွားပါတယ်။
သန်လျင်ဘက်သို့ မရောက်မီ ပုဇွန်တောင်ချောင်းဝ အရောက်မှာ တင်ဆောင် ထားတဲ့ သဘောင်္ာဝမ်းဗိုက်ကွဲ ထွက်သွားပြီး ရန်ကုန်မြစ်အတွင်းထဲ နစ်မြုပ် ပျောက်ကွယ်ခဲ့ရဟာ ယနေ့အချိန်ထိပါပဲ။ ငဇင်ကာဟာ ဒီခေါင်းလောင်းကြီး ကို လုယူသယ်ဆောင်ခြင်း မပြုခဲ့ဘူး ဆိုရင် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေ အနေ နဲ့ ရွှေတိဂုံဘုရားကြီးအပေါ်မှာ ယနေ့အချိန်ထိ ဂုဏ်ယူ ဝင့်ကြွားစွာ တွေ့မြင်နိုင်ပါသေးတယ်။
ဒီအကြောင်းတွေကို ဒီနေရာလေးမှာ ထည့်ပြောရခြင်းရဲ့ ရည်ရွယ်ချက် ကတော့ လူမျိုးခြား ဘာသာခြားတွေဟာ မြန်မာ့မြေပေါ်မှာ အခွင့်ကောင်းကို ရတိုင်း ဗုဒ္ဓဘာသာနဲ့ မြန်မာလူမျိုးတွေကို အမြဲတမ်း ဖျက်ဆီးနှောင့်ယှက် ကြတယ်ဆိုတာ သိစေချင်လို့ပဲ ဖြစ်ပါတယ်။
နောက်ပြီး လူမျိုးခြား ဘာသာခြားတွေကို ရာထူးကြီးကြီး ပေးမိခဲ့တဲ့အတွက် အဲဒီရာထူးကပဲ ဗုဒ္ဓ ဘာသာ မြန်မာလူမျိုးတွေကို နှိပ်စက်ဖျက်ဆီး စော်ကား ခံခဲ့ရတယ်ဆိုတဲ့ သတိသံဝေဂကို ရစေချင် လွန်းလို့ပဲဖြစ်ပါတယ်။ အတိတ်က ဖြစ်ရပ်တွေကို သင်္ခန်းစာယူပြီး ပြုပြင်သင့်သည် များကို ပြုပြင်စေ ချင်ကြောင်း အသိပေးလိုက်ပါသည်။
စာဖတ်သူ(ဗုဒ္ဓဘာသာဝင်) များအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံး တစ်ဝတည်းပြည့်ဝကြပါစေ။
 အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်)
 (ဗုဒ္ဓဘာသာကို အမြစ်ပြတ် ဖြိုခွင်းဖို့ကြိုးစားခဲ့တဲ့ သံလျင်မြို့စားငဇင်ကာ)
"ဗုဒ္ဓဘာသာကို အမြစ်ပြတ် ဖြိုခွင်းဖို့ကြိုးစားခဲ့တဲ့ သံလျင်မြို့စားငဇင်ကာ"
ရှေးမြန်မာမင်းများလက်ထက်က မြန်မာ့မြေပေါ်မှာ အခွင့်ထူးများရခဲ့ပြီး ဗုဒ္ဓဘာသာနဲ့ မြန်မာလူမျိုးများ အပေါင်းကို ထိပါးနှောင့်ယှက်ဖျက်ဆီးခဲ့တဲ့ ဘိုင်ဆတ်အပြင် အခြားတိုင်းတစ်ပါးသား နယ်စား တစ်ယောက် လည်း ကျန်ပါသေးတယ်။ 
**** စိုးရိမ်ပူဆွေးမှု မရှိခြင်း ****
Photo: ♣♣♣ စိုးရိမ်ပူဆွေးမှု မရှိခြင်း ♣♣♣
ပျက်စီးခြင်း၊ ဆင်းရဲဒုက္ခဖြစ်ခြင်းနှင့် တွေ့ကြုံရသောအခါ စိုးရိမ်ပူဆွေးမှု မရှိခြင်းသည် မင်္ဂလာတပါး ဖြစ်သည်။ တနည်းအားဖြင့်-ကြီးပွားချမ်းသာခြင်း၏ အကြောင်းတရပ် ဖြစ်သည်။ အောက်ပါဇာတ်တော်ကို သာဓကအဖြစ် တင်ပြအပ်ပါသည်။
လွန်လေပြီးသောအခါ ဗာရာဏသီမြို့တံခါးအနီးရှိ ရွာ၌ ပုဏ္ဏားမျိုးနွယ်ဝင် လယ်သမားဇနီးမောင်နှံ နေထိုင်ကြသည်။ သူတို့တွင် သား-ချွေးမ သမီးနှင့် အိမ်ဖော်မိန်းမနှင့်အတူ နေထိုင်ကြသည်။ အားလုံးပင် လယ်ယာလုပ်ငန်းကို စုပေါင်းလုပ်ကိုင်ကြသည်။
ဤမိသားစု၏ အကြီးအမှူးဖြစ်သော ပုဏ္ဏားကြီးသည် အလွန်တရားပြည့်ဝသည်။ ကောင်းမှုကို အလွန်မြတ်နိုး သည်။ မိမိနည်းတူ တရားပြည့်ဝ၍ ကောင်းမှုများ ပြုကြရန် မိသားစုကို အစဉ် ဆုံးမလေ့ရှိသည်။
တနေ့သ၌ ပုဏ္ဏားကြီးသည် သားနှင့်အတူ လယ်တောသို့သွား၍ လယ်ထွန်သည်။ သားသည် လယ်ထွန်ရာမှ အမှိုက်တို့ကိုစုပုံ၍ မီးရှို့သည်။ ထိုစဉ် မြွေကိုက်ခံရကာ လဲကျသေဆုံးသွားရှာသည်။ အဖ-ပုဏ္ဏားကြီးသည် သားထံ ပြေးလာသည်။ သို့သော် အသက်မမီတော့ပေ။ ဤတွင် သားအလောင်းကို ပွေ့ချီကာ သစ်ပင်ရင်းတခု၌ ချထားသည်။ ပူဆွေးငိုကြွေးခြင်း မပြု။ လယ်ကို ဆက်လက်ထွန်မြဲ ထွန်သည်။ မကြာမီ အိမ်နီးချင်းယောက်ျား တယောက် လယ်အနီးမှ ဖြတ်သန်းသွားသည်။ ဤတွင် ပုဏ္ဏားကြီးက ပုဏ္ဏေးမအား ပြောပါ။ အခါတိုင်းကဲ့သို့ နှစ်ယောက်စာ ထမင်း မပို့ပါနဲ့။ တအိမ်သားလုံး လာခဲ့ကြပါ-ဟူ၍ ထိုသူအား မှာကြားသည်။
ထိုသူသည် အိမ်သို့သွား၍ ပုဏ္ဏေးမအား ပြောကြားသည်။ ပုဏ္ဏေးမသည် မှာကြားချက်ကို ကြားသိရလျှင် သားသေဆုံးသည်ကို ရိပ်မိလိုက်သည်။ သို့ရာတွင် ပူဆွေးငိုကြွေးခြင်း မရှိ။ အိမ်သားအားလုံးကိုခေါ်ကာ လယ်တောသို့ လာခဲ့ကြသည်။
ရောက်လျှင် ထင်သည့်အတိုင်းပင် သားသေဆုံးနေသည်ကို တွေ့မြင်ကြရသည်။ သို့ရာတွင် အားလုံးပင်တရားကို နှလုံးသွင်းထားကြပြီးဖြစ်သဖြင့် ပူဆွေးခြင်းမရှိကြ။ ငိုကြွေးခြင်း မပြုကြ။
ပုဏ္ဏားကြီးသည် သားအလောင်း ထားသော သစ်ပင်ရိပ်မှာပင် ထမင်းစားသည်။ ပြီးလျှင် အိမ်သားများသည် သားအလောင်းကို ထင်းပုံထက်သို့ တင်ကြသည်။ ကောင်းစွာမီးသင်္ဂြိုဟ်ကြသည်။ တဦးတယောက်မျှ မျက်ရည်မကျ၊ သေခြင်းတရားကိုသာ ဆင်ခြင်ပွားများ၍ နေကြသည်။
ထိုသူတို့၏ တရားတန်ခိုးကြောင့် သိကြားမင်းသည် မနေသာ။ ထိုနေရာသို့ ကြွလာပြီးလျှင် တဦးစီကို မေးမြန်း စုံစမ်းကြည့်သည်။
ပုဏ္ဏားကြီးက-
အရှင်-မြွေသည် အရေဟောင်းကို စွန့်ခွါသွားသကဲ့သို့ ကျွန်ုပ်၏သားသည်လည်း ခန္ဓကိုယ်ကို စွန့်၍ သွားလေပြီ။ ကျွန်ုပ်တို့ ငိုကြွေး ပူဆွေးခြင်းကို သားသည် သိနိုင်မည် မဟုတ်။ ထို့ကြောင့် ကျွန်ုပ်တို့ ငိုကြွေးပူဆွေးခြင်း မပြုပါ-ဟူ၍ ပြောကြားသည်။
ပုဏ္ဏေးမကြီးကလည်း-
ကျွန်ုပ်၏သားသည် မခေါ်ယူရဘဲ ဘ၀တပါးမှ ကျွန်ုပ်တို့ထံ ရောက်လာပါသည်။ ယခုလည်း ကျွန်ုပ်တို့ ခွင့်မပြုဘဲ ဘ၀တပါးသို့ ပြောင်းသွားပါသည်။ အလိုအလျောက်လာ၍ အလိုအလျောက် ပြန်သွားရာ ငိုကြွေးခြင်းဖြင့် အဘယ်အကျိုးရှိမည်နည်း။ ငိုကြွေးလျှင်လည်း သားက သိမည်မဟုတ်ပါ-ဟူ၍ ပြောကြားသည်။
နှမကလည်း-
မောင်သည် သေဆုံးနေပြီဖြစ်ရာ ဆွေမျိုးတို့ ငိုကြွေးသည်ကို အဘယ်မှာလျှင် သိနိုင်ပါမည်နည်း။ မိမိသွားရာ လားရာဘ၀သို့သာ သွားပေပြီ။ ကျွန်မ ငိုကြွေး၍ အကျိုးထူးပါမည်လော-ဟူ၍ ပြောကြားသည်။
သားလုလင်၏ ဇနီးမယားကလည်း-
အရှင်၊ သေသူကို စိုးရိမ်တမ်းတ ငိုကြွေးနေသောသူသည် ကောင်းကင်ရှိ လမင်းကို ပေးပါ၊ ပေးပါ-ဟု တောင်းရမ်းငိုကြွေးနေသော သူငယ်နှင့် မတူပါလော။ ထို့ကြောင့် ကျွန်ုပ် ငိုကြွေးခြင်း မပြုပါ-ဟူ၍ ပြောကြားသည်။
အိမ်ဖော် မိန်းမကလည်း-
သေလွန်သည့်အတွက် ငိုကြွေးခြင်းဖြင့် အကြောင်းမထူးပါ။ ကွဲသွားသော အိုးသည် တဖန်ပြန်၍ မဆက်စပ်နိုင်တော့ပါ။ ထို့အတူ သေသူအတွက် ငိုကြွေးသော်လည်း ပြန်၍ မရှင်လာနိုင်တော့ပါ-ဟူ၍ ပြောကြားသည်။
သိကြားမင်းလည်း ဤ ၅-ဦး၏ တရားပြည့်ဝသောစကားကို ကြားရသောအခါ လွန်စွာလေးစားကြည်ညိုသွားသည်။ သူတို့အား စိန်၊ ရွှေ ရတနာများ ပေးအပ်ကာ ထိုနေရာမှ ထွက်ခွါသွားလေသည်။
အကိုး။ ။ ၅၅၀-ဥရဂဇာတ်။
( မြတ်မင်္ဂလာ ၂၀၀၃-ခု ဇူလိုင်လ)
စိုးရိမ်ပူဆွေးမှု မရှိခြင်း
ပျက်စီးခြင်း၊ ဆင်းရဲဒုက္ခဖြစ်ခြင်းနှင့် တွေ့ကြုံရသောအခါ စိုးရိမ်ပူဆွေးမှု မရှိခြင်းသည် မင်္ဂလာတပါး ဖြစ်သည်။ တနည်းအားဖြင့်-ကြီးပွားချမ်းသာခြင်း၏အကြောင်းတရပ် ဖြစ်သည်။
 အောက်ပါဇာတ်တော်ကို သာဓကအဖြစ် တင်ပြအပ်ပါသည်။
"လေးလအတွင်း သေမည့်သူ"
Photo: "လေးလအတွင်း သေမည့်သူ"
••••••••••••••••••••••••••••••••
သူ့အမည်ကား စဝ်နွံကြည်၊ ကျိုင်းတုံမြို့သား၊ ရှမ်းအမျိုးသား တစ်ယောက်ပင်ဖြစ်ပါ၏။ သူသည် ယခင်က ရှမ်းသောင်းကျန်းသူ တစ်ယောက်ပင်။ နောက်လက်နက်ချ အလင်းဝင်၍ ကျိုင်းတုံမြို့မှာပင် အခြေတည်ကာ သမ္မာအာဇီဝဖြင့် လုပ်ကိုင်စားသောက်နေခဲ့သည်။ စဝ်နွံကြည် အလင်းဝင်ပြီး မကြာမီမှာပင် ငယ်ဆရာတော်အား လှူဖွယ်ဝတ္တုမျိုးစုံဖြင့် သွားရောက် ကန်တော့သည်။
လှူဖွယ်ဝတ္တုအကပ်ခံသည်နှင့် ဆရာတော် မိန့်တော်မူလိုက်သော စကားတစ်ခွန်းက စဝ်နွံကြည်ရင်ကို ဒိတ်ကနဲဖြစ်သွားစေသည်။
“စဝ်နွံကြည်၊ ဒီလေးငါးလအတွင်းမှာ မင်းအတွက် အသက်အန္တရာယ်ရှိနေတယ်”
ဆရာတော်၏သမာဓိ မည်မျှကြီးမားသည်ကို စဝ်နွံကြည် ငယ်ငယ်ကတည်းက သိထားပြီးသား။ တပည့်ရင်းဖြစ်သည့်အတွက်ကြောင့် ယခုလိုထုတ်ဖော် သတိပေးခြင်းဖြစ်ပေသည်။ စိတ်၏တုန်လှုပ်မှုက အသံထိကူးစက် မလာစေရန်သတိထားပြီး -
“တပည့်တော်ကို စောင့်ရှောက်ကယ်တင်တော်မူပါဘုရား”
“တို့က ကယ်တင်မပေးနိုင်ပါဘူး။ ဘုရားရှင်တောင် သူ့သာကီဝင် မင်းမျိုးတွေကို ဝီဋဋူပက ကျူပင်ခုတ်၊ ကျူငုတ်ပါမကျန်အောင် သတ်တာကို မကယ်တင်နိုင်ခဲ့ဘူး မဟုတ်လား” အားကိုရာမဲ့လေပြီဟူသောအသိကြောင့် တုန်လှုပ်ခြောက်ခြားမှုက တစ်ကိုယ်လုံးကို ဝါးမျိုသွားသည်။ ခေါင်းငိုက်စိုက်ကျကာ နှုတ်ဆိတ်သွားသော ငယ်တပည့်ကို ဆရာတော်က ကရုဏာမျက်ဝန်းဖြင့် လှမ်းကြည့်ရင်း -
“စဝ်နွံကြည်၊ အားငယ်မသွားနဲ့၊ မင်းအသက်အန္တရာယ်ကို မင်းကိုယ်တိုင် ပြန်ကယ်လို့ရပါတယ်။ မင်းတို့က တွေးမကြည့်ကြလို့ ရတနာသုံးပါးကိုလှူဒါန်းတဲ့အခါ ရတနာသုံးပါးကလာပြီး မင်းတို့ကို အန္တရာယ်ကင်းအောင်၊ ချမ်းသာအောင် လုပ်ပေးတာမဟုတ်ဘူး ရတနာသုံးပါးအပေါ် ကြည်ညိုတဲ့ မင်းတို့ရဲ့ သဒ္ဓါအကြီးအသေး အလိုက် အန္တရာယ်ကင်းမှု၊ ချမ်းသာမှုလည်း ကွာခြားသွားတာပေါ့။ ဒါကြောင့် ဘယ်ရုပ်ပွား၊ ဘယ်စေတီကိုပဲ ရှိခိုး ရှိခိုး မိမိရဲ့ ကြည်ညိုတဲ့သဒ္ဓါဓါတ်ကို အကြီးမားဆုံး အသန့်ရှင်းဆုံးဖြစ်အောင် အဓိကထားရတယ်။
ဒါ့ကြောင့် ဒီနေ့ကစပြီး သရဏဂုံသုံးပါးကို အမြဲမပြတ်၊ ရွတ်ဖတ်၊ သရဇ္ဈာယ် ပွားများပါ။ ဘယ်တော့မှ မမေ့ပါနဲ့။ ပြီးတော့ သီဟိုဠ်ကျွန်းက ‘ဝသဘ’ မင်းကြီးရဲ့ နည်းအတိုင်း အသက်ရှည်ရာ ရှည်ကြောင်း ကုသိုလ်တွေကိုလည်း မိမိစွမ်းနိုင်သမျှ ကြိုးစားပြုလုပ်ပါ”
“အဲဒီ မင်းကြီးအကြောင်းကိုလဲ မိန့်တော်မူပါဦးဘုရား”
“အေး...ပြောမယ်။ ဒီဝသဘ မင်းကြီးနန်းတက်တော့ သူ့အသက်သုံးဆယ်ဝန်းကျင် လောက်ပဲ ဆိုကြပါတော့ကွယ်။ အဲဒါ ပုဏ္ဏားဖြူ၊ ပုဏ္ဏားညိုတွေကို သူနန်းစံရမယ့် နှစ်အရေအတွက်ကို တွက်ချက်ခိုင်းတော့ (၁၂) နှစ်လို့ ထွက်လာတယ်။ အသက် (၄၂) နှစ်ရှိရင် သူသေရမယ် သဘောပေါ့။ အဲဒီမှာ သူကိုးကွယ်တဲ့ သံဃာတော်များ ပင့်ဖိတ်ပြီး အသက်ရှည်ရာ ရှည်ကြောင်း အားပေးထောက်ပံ့တဲ့ ကုသိုလ်များကို မေးမြန်းတဲ့အခါ သံဃာတော်များက ဒီကုသိုလ်တွေကို စွမ်းနိုင်သမျှ ပြုလုပ်ဖို့ အကြံပေးကြတယ်။ အဲဒီ ကုသိုလ်တွေက - 
"အသက်ရှည်စေသည့် ကုသိုလ်များ"
•••••••••••••••••••••••••••••••••••••••
၁။ ရေစစ်လှူဒါန်းခြင်း၊
၂။ ဆေးဝါးလှူဒါန်းခြင်း၊
၃။ ကျောင်းဘုရား တံတားပျက်တို့ကို ပြုပြင်ခြင်း၊
၎။ ငါးပါးသီလကို အမြဲစောင့်ခြင်း၊
၅။ သီတင်းနေ့တိုင်း ရှစ်ပါးသီလ စောင့်ခြင်း၊
၆။ ကျောင်းသစ်၊ ဇရပ်သစ် ဆောက်လုပ်လှူဒါန်းခြင်းတို့ပဲ
(ဆောင်) ရေစစ်ဆေးကျောင်း၊ အဟောင်းပြုပြင်၊ ပဉ္စင်၊ အဌ၊ ဤခြောက်ဝ၊ မုချသက်ရှည်ကြောင်း။
“အဲဒီကုသိုလ်တွေ ကြိုးစားအားထုတ်တဲ့အတွက် ဝသဘမင်းကြီးဟာ (၄၄) နှစ်နန်းစံသွားရတယ်။ (၄၂) နှစ်သာ နေရမယ့် အသက်ဟာ (၇၄) နှစ်ထိ နေသွားရတာပေါ့။ အဲဒီတော့ မင်းလဲ ဒီကုသိုလ်ခြောက်မျိုးကို စွမ်းနိုင်သမျှ ကြိုးစားပြုလုပ်၊ ပြီးတော့ သရဏဂုံကိုလည်း ဘယ်တော့မှမမေ့နဲ့”
“ကျေးဇူးကြီးလှပါတယ်ဘုရား၊ ဆရာတော်သြဝါဒအတိုင်း တသွေမတိမ်း လိုက်နာကျင့်ဆောင်ပါ့မယ်ဘုရား”
ထိုနေ့မှစ၍ စဝ်နွံကြည်တစ်ယောက် ဒါန၊ သီလ၊ ဘာဝနာတွေကို စွဲစွဲမြဲမြဲကြိုးစားလာခဲ့သည်။ စိတ်ခိုင်းတာလုပ်နေရသော စိတ်ကျွန်ဘဝမှ စိတ်ကို မိမိလိုရာခိုင်းနိုင်သော စိတ်သခင်ဘဝသို့ ရောက်လာခဲ့သည်။ အသောက် အစား၊ ကစား လုံးလုံးကင်းရှင်းသွားသလို ကုသိုလ်ကံအား အများကြီးကောင်းလာခဲ့သည်။
ကုသိုလ်အားကောင်းလာသဖြင့် စီးပွားကလည်း ဒီရေအလား တိုးတက်လာသည်။ တစ်နေ့ည၊ နေဝင်ရီတရောတွင် လက်စွဲတော် စိပ်ပုတီးကိုယူ၍ ကျိုင်းတုံမြို့အရှေ့ဘက်၊ ကမ္ဘောဇစေတီဆီသို့ တစ်ယောက်တည်း ထွက်လာခဲ့သည်။ ဘုရားရင်ပြင်ပေါ် ရောက်သည်နှင့် နေလည်းဝင်သွားပေပြီ။
ဆည်းဆာရောင်ဖြင့် လှချင်တိုင်းလှနေသော ရှုမျှော်ခင်းများကို တစ်ဝကြီး ကြည့်ပြီးသည်နှင့် စေတီတော်ကို ထိခြင်းငါးပါးဖြင့် ရှိခိုးလိုက်သည်။ ထိခြင်းငါးပါး ဟူသည်ကား ခြေ၊ လက်၊ နဖူး၊ တံတောင်၊ ဒူး၊ ငါးဦးညီညွတ် စေဟူသော ဆောင်ပုဒ်အတိုင်း ဘုရားရင်ပြင်တော်ကို ခြေဖမိုး၊ လက်ဝါး၊ နဖူး၊ တံတောင်၊ ဒူးတို့ဖြင့် ထိမိအောင် ရှိခိုးခြင်းတည်း။
ပြီးသည်နှင့် သစ်သားကစ်ပျစ်ပေါ်တွင်ထိုင်ကာ သရဏဂုံသုံးပါးကို ပုတီးစိပ်ပါတော့သည်။ အဓိဋ္ဌာန်ပြည့်၍ လက်ကနာရီကို လရောင်ဖြင့် ကြည့်လိုက်သောအခါ ရှစ်နာရီခွဲပြီးနေသည်ကို တွေ့လိုက်ရသည်။ စေတီတော်ကြီးကို ဦးသုံးကြိမ်ချလိုက်ပြီး ကွပ်ပျစ်ပေါ် ခဏလှဲလိုက်သည်။
တငြိမ့်ငြိမ့်ပျံ့လွင့်လာသော စေတီတော်မှ ဆည်းလည်းသံတို့က စဝ်နွံကြည်အား ရင်ပြင်တော်ပေါ်မှ ထွက်ခွာမသွားချင်အောင် ဆွဲဆောင်လျက်ရှိသည်။ အေးချမ်းတိတ်ဆိတ်လိုက်တာ၊ ဒီချမ်းသာမျိုးကို ဒီနေရာမျိုးမှာသာ ရနိုင်မှာဟူသော အတွေးနှင့်အတူ မျက်လုံးကို အသာအယာ မှိတ်ထားရာမှ ခဏအကြာတွင် စဝ်နွံကြည်တစ်ယောက် အိပ်မောကျသွားပါတော့သည်။
"စေတီပေါ်ကအသက်လုပွဲ"
•••••••••••••••••••••••••••••
ထိုအချိန်မှာပင် စဝ်နွံကြည်တစ်ယောက် ကမ္ဘောဇစေတီပေါ် တစ်ယောက်တည်း ရောက်နေကြောင်းသတင်ကို ရသွားသဖြင့် ရှမ်းသူပုန်ခေါင်းဆောင်သည် တပ်ဖွဲ့ဝင်များကိုခေါ်ယူလျက် စေတီတော်ပတ်ဝန်းကျင်ကို ဝိုင်းလိုက်ကြသည်။ အလင်းဝင်သွားသော စဝ်နွံကြည်ကို သူတို့တစ်ဖွဲ့လုံးက သစ္စာဖောက်အဖြစ် သတ်မှတ်ထားကြသည်။ ထို့ကြောင့် အသေသတ်ရန် ရောက်လာကြခြင်းဖြစ်သည်။
တစ်ချို့ကို လမ်းမှာအစောင့်ထား၊ တစ်ချို့ကို စေတီဘေးပတ်လည်မှာ ဝိုင်းထားခိုင်းပြီး ခေါင်းဆောင်နှင့်ငယ်သားအချို့ သေနတ်ကိုအသင့်ပြင်ကာ ရင်ပြင်ပေါ်သို့ သတိအနေအထားဖြင့် တက်လာကြသည်။ ထိုခဏမှာပင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော စဝ်နွံကြည်သည် သူ့နာမည်ကို တိုးတိုးခေါ်၍ နှိုးသံလိုလို ကြားလိုက်ရသဖြင့်
“ခင်ဗျာ၊ ကျွန်တော့်ကိုခေါ်သလား” ဟုထူးရင်း မျက်စိကို ဖွင့်ကြည့်လိုက်ရာ ဝတ်ဖြူစင်ကြယ်နှင့် အဘိုးအိုတစ်ယောက်ကို တွေ့လိုက်ရလေသည်။ အဘိုးအိုက -
“မင်းကအိပ်ပျော်နေ၊ ဘုရားအောက်မှာ ရှမ်းသောင်းကျန်းသူတွေ မင်းကို သတ်ရအောင် ဝိုင်းထားကြပြီ။ မြန်မြန်လာ၊ အဘိုးနောက်လိုက်ခဲ့။ သူတို့အစောင့်လွတ်တဲ့ လမ်းတစ်လမ်းကို အဘိုးပြမယ်” ဟုပြောပြီး ခေါ်ဆောင်သွားသဖြင့် စဝ်နွံကြည်လည်း ဘာမျှမပြောနိုင်တော့ဘဲ အဘိုးအိုနောက်မှ လိုက်လာခဲ့တော့သည်။
ဘုရားအောက်ရောက်၍ မျက်စေ့ကို ဝှေ့ကြည့်လိုက်သောအခါ သေနတ်များကိုယ်စီ ကိုင်ဆောင်ထားကြသော ရှမ်းသူပုန်အတော်များများကို တွေ့ရလေသည်။ သို့သော် သူပုန်များကား စဝ်နွံကြည်ကို တစ်ယောက်မှ မမြင်ကြ။ လမ်းပေါ်ရောက်သည်နှင့် အဘိုးအိုက -
“ကဲ...ဒီလမ်းအတိုင်း အိမ်ကိုရောက်အောင် မြန်မြန်ပြေးပေရော့” ဟုဆိုလိုက်ရာ စဝ်နွံကြည်လည်း အဘိုးအိုနာမည်ကိုပင် မမေးနိုင်တော့ဘဲ ကျိုင်းတုံမြို့ထဲသို့ သုတ်ခြေတင်ပါတော့သည်။ သူပုန်တို့ကား စဝ်နွံကြည်ကို မတွေ့ရတော့သဖြင့် ဒေါသနှင့် တောက်ခေါက်ကာ တောတွင်းသို့ ပြန်သွားကြ၏။
သူ့အိမ်ရောက်တော့ ညဥ့်နာရီပြန်တစ်ချက်ခွဲနေပါပြီ။ အိမ်သားတွေကိုပင် မနည်းနှိုးပြီး တံခါးဖွင့်ခိုင်းရသည်။ တစ်လမ်းလုံး စဉ်းစားမရခဲ့သော အဖြေတစ်ခုကို ဘုရာကျောင်းဆောင်ရှေ့ရောက်မှာပင် အဖြေရခဲ့သည်။ ထို့ကြောင့်လည်း ဘုရား၊ တရား၊ သံဃာကို ရည်မှန်း၍ အရင် ဦးသုံးကြိမ်ချလိုက်သည်။
အသက်အန္တရာယ်ကြားထဲမှ သူ့ကို ခေါ်ထုတ် ကယ်တင်ခဲ့သော အဘိုအိုးကို သူတစ်ခါမျှမမြင်ဖူးခဲ့။ ထို့ကြောင့် ဘယ်သူများဖြစ်လေမလဲဟု တစ်လမ်းလုံးတွေးခဲ့သော်လည်း အဖြေကမရခဲ့။ ယခုတော့ ရပါပြီ။ သရဂုံနှင့် သီလမြဲသူအား အမြဲတမ်းစောင့်ရှောက်သည့် နတ်ကောင်းနတ်မြတ်များမှတပါး ဘယ်သူဖြစ်နိုင်ဦးမည်နည်း။
မေတ္တာရှင်(ရွှေပြည်သာ)၏
‘သီလအစွမ်း အံ့မခန်း’ မှမျှဝေပါတယ်။
စာဖတ်သူအားလုံး ဘေးရန်ကြောင့်ကြဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။ ။
"လေးလအတွင်း သေမည့်သူ"
••••••••••••••••••••••••••••
သူ့အမည်ကား စဝ်နွံကြည်၊ ကျိုင်းတုံမြို့သား၊ ရှမ်းအမျိုးသား တစ်ယောက်ပင်ဖြစ်ပါ၏။ သူသည် ယခင်က ရှမ်းသောင်းကျန်းသူ တစ်ယောက်ပင်။ နောက်လက်နက်ချ အလင်းဝင်၍ ကျိုင်းတုံမြို့မှာပင် အခြေတည်ကာ သမ္မာအာဇီဝဖြင့် လုပ်ကိုင်စားသောက်နေခဲ့သည်။ စဝ်နွံကြည် အလင်းဝင်ပြီး မကြာမီမှာပင် ငယ်ဆရာတော်အား လှူဖွယ်ဝတ္တုမျိုးစုံဖြင့် သွားရောက် ကန်တော့သည်။
*သောကကင်းစိတ်ရှင်း*
Photo: *သောကကင်းစိတ်ရှင်း*
သောကကင်းကင်းစိတ်ရှင်းရှင်း
နဲ့နေခြင်ပါတယ်ဆိုရင်တရားနှလုံးသွင်းပါ။
တရားဟာအရှုပ်တွေကိုရှင်းပေးသလိုအညစ်တွေကိုလည်းသန့် စင်
ပေးနိုင်ပါတယ်။
တရားအလုပ်လုပ်ရာမှာဝီရိယနှစ်
မျိုးရှိဖို့ လိုပါတယ်။ 
ကိုယ်ဝီရိယဆိုတာကတစ်နေ့ တစ်ရက် တစ်နာရီမျှမပျက် ရအောင်အားစိုက်ရှု့ပွားနေတာပါ
စိတ်ဝီရိယဆိုတာမိမိစိတ်ကိုအရှု့ခံ
ရုပ်နာမ်အာရုံမှတပါးတခြားရောက်
မသွားအောင်ငိုက်မျဉ်းမှု့ မှိုင်ငေးမှု့
မေ့ လျော့မှု့မရှိအောင်အား ထုတ်နေတာပါ။
ဓမ္မဒူတ ဒေါက်တာ အရှင်ပညိဿရ်
*သောကကင်းစိတ်ရှင်း*
သောကကင်းကင်းစိတ်ရှင်းရှင်း
နဲ့နေခြင်ပါတယ်ဆိုရင်တရားနှလုံးသွင်းပါ။
တရားဟာအရှုပ်တွေကိုရှင်းပေးသလိုအညစ်တွေကိုလည်းသန့် စင်
ပေးနိုင်ပါတယ်။
**** "အင်္ဂလန်ကစိန်ခေါ်ပွဲ" ****
Photo: "အင်္ဂလန်ကစိန်ခေါ်ပွဲ"
••••••••••••••••••••••••
လူနှစ်ယောက်တို့သည် အဖြစ်ဆိုး (ဥပစ္ဆေဒက) ကံနှင့်ကြုံပြီး သေရမည်ကံ ရှိနေတာလည်းတူ၏။ ထိုကံဆိုးရှိနေကြောင်းကို ကြိုတင်သိရတာလည်း တူ၏။ ထိုသို့ တူကြပါသော်လည်း တစ်ယောက်သောသူကား ထိုကံဆိုးအတိုင်း ဖြစ်သွားရ၏။ တစ်ယောက်သောသူကား အဖြစ်ဆိုးမှ လွတ်သွား၏။ အဘယ့်ကြောင့်ပါနည်း။
အင်္ဂလန်ပြည်၊ လန်ဒန်မြို့တစ်နေရာရှိ လက္ခဏာဗေဒပါရဂူ ဆရာကြီး ကိုင်ရို၏ ရုံးခန်းတွင်း အသက် (၃၇)နှစ်အရွယ်ခန့် ဂေါ့ ဖရီဂစ်ဆင် အမည်ရှိ အင်္ဂလိပ်လူပျိုကြီး တစ်ယောက်သည် သူ၏လက်ဖဝါးများကို ဆရာကြီးကိုင်ရိုရှေ့ရှိ စားပွဲပေါ်တွင် ပက်လက်လှန်ဖြန့် ချထားလျက်ရှိသည်။
ဆရာကိုင်ရိုက ဂစ်ဆင်၏ လက်ဝါးမှ အရေးအကြောင်းများကို သေချာစူးစိုက်ကြည့်ပြီးလျှင်
“မစ္စတာဂေါ့ဖရီဆင်၊ (၁) နှစ်အတွင်း ခင်ဗျားဟာ ဒီအင်္ဂလန်နဲ့ အတော်ဝေးကွာတဲ့အရပ်မှာ အိမ်ထောင်ကျလိမ့်မယ်။ ခင်ဗျားတို့ဇနီးမောင်နှံဟာ တစ်နှစ်ပဲ ချစ်ခင်ပေါင်းသင်းရပြီး တစ်နှစ်စွန်းတာနဲ့ ခင်ဗျားဇနီးဟာ သေဆုံးမယ်။ ဇနီးသေဆုံးတာနဲ့ မကြာခင်မှာ ခင်ဗျားလည်း ဆုံးမှာပဲ”
“ဆရာရဲ့ ဟောကြားချက်ကိုသိရရင် ကျွန်တော်မိတ်ဆွေတွေက ဝိုင်းဟားကြမှာပဲ။ ကျွန်တော်မိန်းကလေးတွေ စိတ်မဝင်စားတာကို သူတို့သေချာသိထားကြတာကိုး။ ကျွန်တော်ကိုယ်တိုင်ကလည်း တကယ့်ကို စိတ်မဝင်စားတာ၊ ကမ္ဘာကျော်ဆိုပေမယ့် ဒီတစ်ခါတော့ ဆရာဟောတာ မှားလိမ့်မယ်ထင်တယ်”။
“တစ်ခါမှတော့ မမှားဖူးသေးဘူး။ ဒီတော့ တစ်နှစ်ပြည့်အောင် စောင့်ကြည့်ဦးပေါ့လေ”
“တိုက်တိုက်ဆိုင်ဆိုင် ဒီမနက်က ကျွန်တော့်ဆီကို စစ်ရုံးက စာတစ်စောင်လာတယ်။ အိန္ဒိယမှာ အလုပ်တစ်ခုလက်ခံဖို့ အကြောင်းပါပဲ။ ကျွန်တော်လက်မခံနိုင်ကြောင်း ပြန်ကြားဖို့ စိတ်ကူးထားတယ်။ အခု ဆရာရဲ့ဟောကြားချက်က အင်္ဂလန်နဲ့ ဝေးတဲ့တစ်နေရာမှာ အိမ်ထောင်ကျမယ်ဆိုတော့ ဒီဟောကြားချက် မှန်မမှန်သိရအောင် ကျွန်တော်ဒီအလုပ်ကို လက်ခံလိုက်မယ်”
ဂစ်ဆင်တစ်ယောက် ကိုင်ရို၏ ဟောကြားချက်၊ ဟုတ်မဟုတ် သိချင်သောကြောင့် အလုပ်ကိုလက်ခံကာ အိန္ဒိယနိုင်ငံသို့ ထွက်ခွာလာခဲ့သည်။ ဘာသာရေးအရ ရိုင်းစိုင်းမှု ဖြစ်သော သူတစ်ပါး အသက် သတ်ဖြတ်မှုသည် ဂစ်ဆင်တို့ အနောက်တိုင်းသားတွေ အတွက်ကား ယဉ်ကျေးမှုဖြစ်နေပြန်သည်။
ထိုလုပ်ရပ်ကား တစ်ပတ်နှစ်ရက် စနေ၊ တနင်္ဂနွေနေ့များတွင် တောပစ်ထွက်ခြင်းပါတည်း။ ဝမ်းရေးအတွက် မဖြစ်မနေလုပ်ခြင်းလည်း မဟုတ်ဘဲ ယုန်၊ သမင်၊ ဒရယ်စသော တိရစ္ဆာန်တို့၏ အသက်ကို အပျော်သတ်စား ကြခြင်းပင်ဖြစ်ပါ၏။
ကောင်းတာလုပ်လျှင် ကောင်းကျိုးခံစားရမည်။ မကောင်းတာလုပ်လျှင် မကောင်းကျိုးခံစားရမည်ဟူသော ကမ္မသကတာ သမ္မာဒိဌိ အမြင်မှန်မရှိခြင်း၏ ရလာဘ်ပင်တည်း။ တစ်နေ့ တောလိုက်ရင်းဖြင့် သူ၏မွေးဖွားရာ ဇာတိဖြစ်သော ဆွန်မာဆတ်နယ်သူ အင်္ဂလိပ်မလေးတစ်ယောက်နှင့် တွေ့ဆုံချစ်ကြိုက်ကာ ချက်ချင်းလက်ထပ်လိုက်တော့သည်။
လက်ထပ်ပြီးစ ပျော်ရွှင်စရာကောင်းသောအချိန်မှာပင် ဇနီးသည်လေးမှာ ဂစ်ဆင်၏ မှတ်စုတွင် ရေးထားသော ကိုင်ရို၏ ဟောစာတမ်းကို တွေ့လိုက်သည်နှင့် - 
“ဆရာကိုင်ရိုဟောတာဆိုရင် မမှားနိုင်ဘူး။ (၁) နှစ်စွန်းတာနဲ့ သေမယ်ဆိုတာတော့ ကျွန်မမီးဖွားတဲ့အချိန် ဖြစ်မယ်ထင်တယ်” ဟု ပြောလာသဖြင့် ဂစ်ဆင်မှာ မနေသာတော့ဘဲ ဇနီးသည်၏မွေးရက် နာရီတို့ကို အတိအကျရေးကာ ကိုင်ရိုထံပို့ပြီး ဘယ်လိုနည်းနှင့် သေဆုံးနိုင်ကြောင်း မေးမြန်းပါတော့သည်။ ကိုင်ရိုထံမှ စာပြန်လာသည်ကား -
သို့/ မစ္စတာဂေါ့ဖရီဆင်
ခင်ဗျာဇနီးမှာ မီးဖွားချိန်တွင် သေဖို့အကြောင်းတစ်စုံတစ်ရာ မရှိပါ။ သေမည့်ဘေးအန္တရာယ်မှာ တိရစ္ဆာန်များကြောင့် အများဆုံးဖြစ်နိုင်သည်။ အထူးသဖြင့် မြွေကြောင့် သေရဖို့များသည်။ ဤအန္တရာယ်များမှာ ခင်ဗျားတို့ ဇနီးမောင်နှံ အပတ်စဉ် သတ်ဖြတ်နေကြသော တောလိုက်သည့် အပြစ်များကြောင့်ဟု ယူဆရသည်။
ထို့ကြောင့် တိုက်တွန်းလိုသည်မှာ (၁)နှစ်အတွင်း တောလိုက်ခြင်းမှ ရှောင်ကြဉ်ကြစေချင်ပါသည်။ ထိုသို့ဆိုလျှင် သေရမည့်ကံကြမ္မာသည် ခင်ဗျားတို့ ဇနီးမောင်နှံနှစ်ယောက်ကို ရှောင်ကွင်းပေးပါလိမ့်မည်။
အထူးအားဖြင့်မှာချင်သည်မှာ ဇနီးသည် အရင်သေပြီးမှသာ ခင်ဗျား သေရမည်ဆိုသည့် အချက်ပင်ဖြစ်သည်။ 
(ဆရာကိုင်ရို - အင်္ဂလန်)
ဆရာကိုင်ရို၏ သတိပေးသည့်ဟောစာတမ်း ရောက်လာသော်လည်း ဂစ်ဆင်တို့ဇနီးမောင်နှံကား ဖတ်ရုံသာဖတ်ပြီး အလေးမထားကြ။ တောလည်ပြီ သတ်ဖြတ်မြဲ သတ်ဖြတ်နေကြသည်။ သည်လိုနှင့် (၁) နှစ်ပြည့်ပြီးစ အချိန်သို့ပင် ရောက်လာခဲ့သည်။ ကိုင်ရို၏ ဟောစာတမ်းကို မေ့နေကြပြီဖြစ်သည့်အတွက်လည်း ကြောက်လန့်စိတ်က လုံးလုံးမရှိ။
မျက်ကန်းတစ္ဆေမကြောက်ဟူသော စကားကဲ့သို့ပါပေ။ တစ်နေ့တွင် အိန္ဒိယတောင်ပိုင်း၊ မဟာရာဂျာမင်းတစ်ပါး၏နယ်ထဲသို့ တောလိုက်ရန် ဇနီးမောင်နှံနှစ်ယောက် သေနတ်ကိုယ်စီဆွဲကာ စောစောထွက်လာကြသည်။ ထိုနယ်ထဲသို့အရောက် တောစပ်တစ်နေရာရှိ ကျောက်တုံးကြီးတစ်တုံးပေါ်တွင် အလျားဆယ်ပေခန့်၊ လုံးပတ်ခြေသလုံးပမာဏရှိ မည်းပြောင်နေသော မြွေဟောက်ကြီးနှစ်ကောင်၊ တစ်ကောင်နှင့်တစ်ကောင် လိမ်ပတ်ပြီး အိပ်ပျော်နေကြသည်ကို တွေ့ရသည်။
ဂစ်ဆင်သည် အချိန်ဆွဲမနေတော့ဘဲ နှစ်လုံးပြူးသေနတ်ဖြင့် ထိုးချိန်ကာ ပစ်ချလိုက်ရာ တစ်ကောင်ထိမှန်သေဆုံးသွားပြီး တစ်ကောင်ကား မြက်တောထဲသို့ ထွက်ပြေလွတ်မြောက်သွားခဲ့သည်။ မြွေဟောက်သေကြီးကို အဝတ်စဖြင့်ထုပ်ကာ မဟာရာဂျာ၏အိမ်တော်သို့ အရင်သွားကြသည်။ မဟာရာဂျာကို အိမ်တော်တွင် အခန့်သားပင် တွေ့ကြရသည်။
“မဟာရာဂျာကို ထူးဆန်းတာပြရဦးမယ်။ ကျွန်မတို့လမ်းမှာ မြွေဟောက်ကြီးနှစ်ကောင် တွေ့လို့ ပစ်ကြတာ၊ တစ်ကောင်ရတယ်။ အရောင်က နက်မှောင်ပြီး သိပ်လှတာပဲ”
“ပြစမ်းပါဦးဗျာ ကြည့်ရအောင်”
မဟာရာဂျာက အဝတ်စအတွင်းမှမြွေကို သေချာကြည့်ပြီးသည်နှင့် - 
“မစ္စတာဂေါ့ဖရီဂစ်ဆင်၊ ခင်ဗျားဟာ ကြောက်စရာအကောင်းဆုံး ပြစ်မှုတစ်ခုကို ကျူးလွန်ခဲ့မိပြီ။ ခင်ဗျာကို ပြစ်ဒဏ်ချမယ့်သူက ထွက်ပြေးသွားတဲ့ မြွေထီးပဲ”
“ဒီမြွေမျိုးကို ကျွန်တော်တို့ဆီမှာ တောကြီးမြွေဟောက်လို့ခေါ်တယ်။ သူတို့ကိုစပြီး အန္တရာယ်ပြုခဲ့ရင် မရမကပြန်ပြီး ကလဲ့စားချေနိုင်တဲ့အတွက် နတ်မြွေလို့လဲ ခေါ်တယ်”
“မိတ်ဆွေကောင်းပီပီ အကောင်းဆုံးအကြံပေးရရင် ဒီနေ့ပဲ ခင်ဗျားတို့ အင်္ဂလန်သို့ အရောက်ပြန်သင့်တယ်။ ဒီမြွေဟာ ခင်ဗျားမိန်းမကို ရောက်ရာအရပ်မှာ မသေသေအောင် လိုက်ပေါက်သတ်လိမ့်မယ်”
ဂစ်ဆင်က ရယ်ကျဲကျဲဖြင့် -
“မဟာရာဂျာရယ်၊ ခင်ဗျားတို့ အိန္ဒိယကဖြစ်ရပ်တွေဟာ စိတ်ကူးယဉ်ဆန်တာသာများပါတယ်။ တကယ်မဖြစ်နိုင်ပါဘူး”
ဂစ်ဆင်က ရယ်မောပြောနေသော်လည်း ဇနီးကား ကြောက်ရွံ့ထိတ်လန့်ကာ တစ်ကိုယ်လုံး တုန်ရီလျက် -
“မဟာရာဂျာပြောတာဖြစ်နိုင်တယ်။ ဆရာကိုင်ရိုကလည်း ကျွန်မတို့ အိမ်ထောင်သက် (၁)နှစ်စွန်းစမှာ ကျွန်မဟာ မြွေကြောင့် သေနိုင်တယ်လို့ ဟောထားတယ်မဟုတ်လား။ အခု (၁)နှစ်စွန်းနေပြီလေ။ မဖြစ်ဘူး ကျွန်မတို့ ဒီနေ့ပဲ ဘုံဘေကို အရောက်သွားပြီး အင်္ဂလန်ကို မြန်မြန်ပြန်ကြအောင်”
ဇနီးသည်ထုတ်ပြောမှ ဂစ်ဆင်သည် ကိုင်ရို၏ဟောစာတမ်းကို သတိရကာ ကြက်သီးထသွားမိသည်။ ဇနီးသည်အရင်သေပြီးမှ ခင်ဗျားသေရမယ်ဟူသော စာတန်းက သူ့ခေါင်းထဲက ဘယ်လိုမှဖျောက်၍မရတော့။ ထို့ကြောင့် ညတွင်းချင်းပင် ထိုဒေသမှ မိုင်နှစ်ရာကျော် ဝေးကွာသော ဘုံဘေမြို့သို့ ရထားဖြင့် ထွက်ခဲ့ကြသည်။
ဂစ်ဆင်၏ ဇနီးသည်ကား ရထားရပ်တိုင်း ကျီးကန်းတောင်းမှောက် ဟိုကြည့်ဒီကြည့် လျှောက်ကြည့်နေတတ်သည်။ စိုးရိမ်ကြောက်လန့်စိတ်က တစ်ကိုယ်လုံးကို ဖုံးလွှမ်းနေသည် မဟုတ်ပါလား။ တိရစ္ဆာန်တို့၏အသက်ပေါင်းများစွားကို သတ်ဖြတ်ခဲ့ပြီး မိမိ၏အသက်တစ်ချောင်းကျမှ သေရမှာ ကြောက်လွန်းနေခြင်းကား အတ္တဆန်သော လူသားတို့၏ သဘာဝတရားတစ်ခုကို လှစ်ပြသလိုပင် ရှိနေပါ၏။
ရောက်ချင်လွန်းလှသော ဘုံဘေမြို့သို့ကား ရောက်ခဲ့ပေပြီ။ သို့သော် ဆင်ပြောင်ကြီး အမြီးကျမှတစ်နေပြန်သည်။ အင်္ဂလန်သို့သွားမည့် သင်္ဘောအားလုံး လူပြည့်နေသဖြင့် နောက်ထပ်သုံးပတ် စောင့်ရဦးမည်ဖြစ်ပါ၏။ ဂစ်ဆင်မှာ အရုပ်ကြိုးပြတ်ဖြစ်သွားသလို ဇနီးသည်မှာလည်း အားငယ်သွားပြီး မျက်ရည်များပင် တွေတွေစီးကျလာလေပြီ။
“ဒီတောကြီးမြွေဟောက်ဟာ ကုန်းလမ်းခရီးကတော့ ဘယ်လောက်ဝေးဝေးခဏနဲ့ အရောက်လာပြီး ကလဲ့စားချေတတ်တယ်။ သမုဒ္ဒရာ ပင်လယ်ခြားသွားရင်တော့ မလိုက်နိုင်ကြဘူး” ဟူသော မဟာရာဂျာ၏ စကားအရ အင်္ဂလန်သို့ ရောက်မှသာ မြွေဟောက်အန္တရာယ်မှ တကယ်ကင်းစေနိုင်မည်ဆိုသည်ကို နှစ်ယောက်လုံး သိနေကြသည်မဟုတ်ပါလား။ ဘာမျှမတတ်နိုင်ကြတော့။ ဟိုတယ်တစ်ခုတွင် တည်းခိုရန် ပြင်ဆင်ကြရတော့သည်။
"မြွေဟောက်ကြီး၏ ကလဲ့စား"
••••••••••••••••••••••••••••••••
ဂစ်ဆင်တို့ဇနီးမောင်နှံက သူတို့၏ ဖြစ်ကြောင်းကုန်စင်ကို ပြော၍ အကူအညီတောင်းသောအခါ ဟိုတယ်မန်နေဂျာသည် အားရပါးရ ရယ်မောလိုက်ပြီး - 
“ခင်ဗျားတို့ကလည်း အနောက်နိုင်ငံသားတွေဖြစ်ပြီး ဒီလောက်ပဲ ခေတ်နောက်ပြန်နေကြသလား။ မိုင်နှစ်ရာလည်း ဝေးခဲ့ပြီ။ တစ်ခါ ခုနစ်ထပ်ရှိတဲ့ တိုက်အမြင့်ပေါ်မှာလည်း ရောက်နေပြီဆိုတော့ ဒီမြွေ ဘယ်လိုလုပ် လာမလဲဗျာ၊ ဒီတိုက်ပေါ်လည်း ဘယ်လိုတက်မလဲဗျာ့၊ စဉ်းစားကြည့်ပါဦး”
“ကျွန်မတို့နှစ်ယောက်လုံးကတော့ ကြောက်နေကြတာ အမှန်ပဲ။ ကျွန်မတို့ အကြောက်ပြေစေမယ့်အရာ တစ်ခုခုတော့ ရှင်ကူညီပါ။”
သို့နှင့် မန်နေဂျာက သူတို့နေကြမည့် အခန်းဘေးက ဝရံတာတွင် မြွေပါတစ်ကောင် ထားပေးပါသည်။ ထိုအခါကျမှ ဂစ်ဆင်တို့ဇနီး မောင်နှံမှာ အနည်းငယ် အကြောက်ပြေလာကြသည်။ သို့သော် စိုးရိမ်စိတ်ကား လျှော့မသွား။ ဂစ်ဆင်၏ ဇနီးဆိုလျှင် ညသန်းခေါင်ထ၍ပင် ဝရံတာတွင် မြွေပါရှိ၊ မရှိ ထွက်ကြည့်တတ်သည်။
စိုးထိတ်စရာရက်များကား တစ်ရက်ခြင်း တစ်ရက်ခြင်း ကုန်ဆုံး၍ လာခဲ့ရာ သုံးပတ်ပြည့်မြောက်ဖို့ တစ်ရက်သာလိုပါတော့သည်။ နက်ဖြန်မနက်ဆိုလျှင် ဂစ်ဆင်တို့ ဇနီးမောင်နှံသည် အင်္ဂလန်ပင်လယ်ကူး သင်္ဘောကြီးပေါ်သို့ ရောက်နေပေလိမ့်မည်။
သို့သော် ဖြစ်ချင်တာလည်း မဖြစ်ရ။ မဖြစ်ချင်တာလည်း ဖြစ်ရသည်မှာ ဓမ္မတာတစ်ခု မဟုတ်ပါလား။ ထို့ပြင် သူတို့ ဇနီးမောင်နှံ၏ အပတ်စဉ်  တစ်ပတ်နှစ်ရက် တိရစ္ဆာန်တို့ကို မှန်မှန်သတ်ဖြတ်ခဲ့ဖူးသော အကုသိုလ်ကံများကလည်း အကျိုးပေးရန် အချိန်တန်လေပြီ။
ဂစ်ဆင်၏ ဇနီးသည် ရလာသော သင်္ဘောလက်မှတ်ကို သူ၏ အိပ်ရာဘေးက ခန်းဆီး၌ တွယ်အပ်ဖြင့် မှတ်မှတ်ရရ တွယ်ထားသည်။ မနက်ဖြန်ဆိုလျှင် အန္တရာယ်ဆိုးကြီးမှ လွတ်မြောက်ပြီဟူသော အတွေးဖြင့် ဝမ်းသာအားရ ထုပ်ပိုးပြင်ဆင်နေရာ တော်တော်ညဥ့်နက်မှ ပြီးစီးသည်။
ထုပ်ပိုးပြင်ဆင်ပြီးသည်နှင့် အိပ်ရာပေါ်လှဲချလိုက်ရာ မောနေပြီဖြစ်သဖြင့် ချက်ချင်းအိပ်ပျော်သွားလေတော့သည်။ ဂစ်ဆင်တစ်ယောက် ဇနီးသည်ကို စောင့်ကြည့်နေခဲ့ရသည်မှာ ည (၁၂) နာရီပင် ထိုးပေတော့မည်။ မဟန်နိုင်တော့။ အလွန်အိပ်ချင်နေပြီဖြစ်သော မျက်တောင်များက စင်းကျလာသည်။
ထို့ကြောင့် အခြားအခန်းတစ်ခုထဲရှိ ခုတင်ပေါ်လှဲချလိုက်ရာ ခဏနှင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပါသည်။ နာရီပြန်တစ်ချက်ကျော်ခန့်အချိန်မှာပင် ပြူတင်းပေါက်ရှိ သံဇကာပေါက်ထဲမှ မည်းပြောင်နေသော မြွေဟောက်ကြီးကား ဖြည်းညှင်းစွာ ဝင်လာလေပြီ။
ဂစ်ဆင်ဇနီးသည်၏ မျက်နှာဘေးတွင်ခဏရပ်ကာ တစ်ချက်စိုက်ကြည့်လိုက်သေးသည်။ ဂစ်ဆင်၏ဇနီးဟုတ်မဟုတ် လေ့လာနေခြင်း ဖြစ်ဟန်တူသည်။ ညသည်ကား အပ်ကျသံကိုပင် ကြားလောက်အောင် တိတ်ဆိတ်လွန်းလှသည်။ မြွေဟောက်ကြီးသည် သေချာသွားသည်နှင့် နောက်သို့အရှိန်ယူကာ ဂစ်ဆင်ဇနီးသည်၏ မျက်လုံးထဲ အားကုန်ပေါက်ချလိုက်တော့သည်။
“အား” ဟု နာနာကြည်းကြည်းအော်လိုက်သော ဇနီးသည်၏အသံက ဂစ်ဆင်၏နားထဲသို့ စူးခနဲဝင်လာသဖြင့် ဂစ်ဆင်တစ်ယောက် ဇနီးသည်၏ အခန်းထဲသို့ ဒရောသောပါး ပြေးဝင်လာခဲ့ရာ မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်လျက်ပြေးထွက်လာသော ဇနီးသည်နှင့် လမ်းခုလတ်မှာပင် ဆုံလိုက်ရသည်။ ဇနီးသည်၏ အခန်းတွင်းသို့ လှမ်းကြည့်သောအခါ နက်ပြောင်နေသော မြွေဟောက်ကြီး၏ အမြီးဖျားလေးကိုသာ သံဇကာကြားမှ မြင်လိုက်ရတော့သည်။
ပြင်းထန်လှသောမြွေဆိပ်များက ဇနီးသည်၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ပြန့်နှံ့နေပြီဖြစ်ရကား ဂစ်ဆင်၏ရင်ခွင်ထဲမှာပင် ဇနီးသည်ကား အသက်ပျောက်ခဲ့ရလေပြီ။ ဇနီးသည်ဆုံးပြီး လများမကြာမီမှာပင် ဂစ်ဆင်ကိုယ်တိုင်လည်း တဖြည်းဖြည်းလုံးပါးပါးကာ ကွယ်လွန်ခဲ့ရလေသည်။
ကုသိုလ်ကြောင့် လူဖြစ်လာရသည်ဖြစ်၍ လူနှင့်ကုသိုလ်၊ ကုသိုလ်နှင့်လူသည် ခွဲ၍မရချေ။ ကုသိုလ်လမ်းပျောက်ကွယ်သွားသည်နှင့် လူသည် လူ့လမ်းကြောင်းမှ ဖယ်ခွာသွားရမည်ဖြစ်သည်။
(တိပိဋကဓရ၊ ယောဆရာတော်ဘုရားကြီး)
ကုသိုလ်ကိုဘယ်တော့မှ မမေ့ရ၊ ကုသိုလ်ကို ကိုယ်က မေ့ရင် ကုသိုလ်က ကိုယ့်ကိုမေ့လိမ့်မည်၊ ကုသိုလ်က ကိုယ့်ကိုမေ့လျှင် ဘေးတွေ့လိမ့်မည်။
(ရွှေဟင်္သာတောရစံကျောင်းဆရာတော်ဘုရားကြီး)
မေတ္တာရှင်(ရွှေပြည်သာ)၏
‘သီလအစွမ်း အံ့မခန်း’ မှမျှဝေပါတယ်။
Photo - YBA
ဥပစ္ဆေဒက ကံနှင့်လွတ်သွားသူ တစ်ယောက်အကြောင်းကို ဆက်လက်ဖော်ပြပေးပါမည်။
စာဖတ်သူအားလုံး ဘေးရန်ကြောင့်ကြဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။ ။
"အင်္ဂလန်ကစိန်ခေါ်ပွဲ"
••••••••••••••••••••••
လူနှစ်ယောက်တို့သည် အဖြစ်ဆိုး (ဥပစ္ဆေဒက) ကံနှင့်ကြုံပြီး သေရမည်ကံ ရှိနေတာလည်းတူ၏။ ထိုကံဆိုးရှိနေကြောင်းကို ကြိုတင်သိရတာလည်း တူ၏။
# ကုသိုလ်နဲနဲ ငရဲများများ #
Photo: #ကုသိုလ်နဲနဲ ငရဲများများ#
ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာဆိုသောစကားပုံကို လူတိုင်းသိကြပါသည်။
သို့သော် မိမိသည်ပင် ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ 
ဖြစ်နေသည်ကို 
ပြုပြင်ရန် မေ့လျော့နေတတ်ကြပါသည်။
ဥပမာ-
ဘုရားဝတ်ပြုချိန်၊ အလှူဒါန ပြုချိန်သည် နေ့စဉ် နာရီဝက် တစ်နာရီမျှသာ
ပြုကြပြီး ကျန်အချိန်တို့သည်ကား
(လောဘ၊ ဒေါသ၊ မောဟ) တို့နှင့်
့်စပ်ဆိုင်သော ကိစ္စမျိုးများနှင့်သာ
တစ်နေကုန်သွားကြပါသည်။
ကျွန်ုပ်တို့ အနေ့ဖြင့် ကုသိုလ်များများ
ငရဲနဲနဲဖြစ်အောင် ပြုပြင်နေထိုင်ရပေမည်။
ဤတွင် ဓမ္မဒါနဝေငှထားသော 
တရားစာအုပ် မှ နေနည်းကောင်း 
ဆိုသည့် စာစုလေးအတိုင်း
ပြုလုပ်နေထိုင်သင့်ကြောင်း
ဆုံးဖြတ်မိခဲ့ပါ၏။
ပြုလုပ် ရမည်မှာ-
သိကြားမင်းကြီးအား ဘုရားရှင် 
ဟောကြားသော (သက္ကပဉာသုတ်တော်လာ) 
တရားအတိုင်း ဣဿာမစ္ဆရိယ 
(မနာလိုဝန်တို) ခြင်းဆိုသည့် စိတ်မျိုး
မဖြစ်ပေါ်အောင် သတိအမြဲထားပြီး
ဒါနတစ်ခုခုကို ပြုရန် စိတ်ကူးနေလိုက်ပါ။
ထို့ပြင် ဒီနေ့ ငါးပါးသီလကို လြုံခုံအောင်စောင့်မည်ဟု
အဓိဌာန် ပြုထားလိုက်ပါ။
အချိန်အားတိုင်း ဗုဒ္ဓါနုဿတိ 
ကမ္မဌာန်းဖြစ်သော ဘုရားဂုဏ်တော်
ကိုးပါးကို စိတ်ထဲမှသော်လည်းကောင်း၊
နှုတ်မှသော်လည်းကောင်း၊ 
ရွတ်ဆိုအောက်မေ့နေလိုက်ပါ -
ဟူ၍ဖြစ်ပါ၏။ 
ချစ်မိတ်ဆွေများ မောင်ညီမ များ အားလုံး
ကောင်းသောကံများ ရွေးချယ်ပြုလုပ်နိုင်ကြခြင်းဖြင့် လောကီ၊ လောကုတ္တရာ 
နှစ်ဖြာသော ကောင်းကျိုးများ 
ခံစား စံစားနိုင်ကြပါစေသတည်း။
ှ
#ကုသိုလ်နဲနဲ ငရဲများများ#
ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာဆိုသောစကားပုံကို လူတိုင်းသိကြပါသည်။
သို့သော် မိမိသည်ပင် ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ
ဖြစ်နေသည်ကို ပြုပြင်ရန် မေ့လျော့နေတတ်ကြပါသည်။
***** ကလေးများအတွက် ******
ကလေးများအတွက်
***************
အိပ်ရာဝင်သော် သတိရလို့ ဗုဒ္ဓ ဓမ္မ သံဃာရယ် ကိုးကွယ်ပါတယ် စိတ်မှာ ညွတ်လို့ နှုတ်မှာတွတ်တွတ် ရွတ်ရတယ်။
အိပ်ရာထပြန် တစ်ဖန်ထပ်၍ မှန်မှန် မပြတ်ရွတ်ပါကွယ်။
**** ဆုတောင်းခြင်း *****
ဆုတောင်းခြင်း
(၁) ငါသည် ဘ၀ဆက်တိုင်း ဒေါသမရှိသူ ဖြစ်ပါရစေ၊၊
(၂) ငါသည် ဘ၀ဆက်တိုင်း လောဘမရှိသူ ဖြစ်ပါရစေ၊
(၃) ငါသည် ဘ၀ဆက်တိုင်း စိတ်မနာတတ်သူ ဖြစ်ပါရစေ၊၊
**** ဘေးလေးမျိုး ****
Photo: လူတစ်ယောက်သည် အကုသိုလ်ဒုစရိုက် တစ်မျိုးမျိုးလုပ်တိုင်း ဘေးလေးမျိုးသို့ဆိုက်၏။
၁။ ပရာနုဝါဒဘေး
၂။ ဒဏ္ဍဘေး
၃။ အတ္တာနုဝါဒဘေး
၎။ အပါယဘေး တို့ဖြစ်၏။
ပရာနုဝါဒဘေးဟူသည် သူတစ်ပါးက စွပ်စွဲကဲ့ရဲ့သောဘေး ဖြစ်၏။
ဒဏ္ဍဘေးဟူသည် ထောင်တန်းကျပြီး အပြစ်ပေးခံရခြင်းမျိုးကို ဆိုလို၏။
အတ္တာနုဝါဒဘေးဟူသည်  မိမိကိုယ်မိမိ စွပ်စွဲကဲ့ရဲ့သောဘေး ဖြစ်၏။
အပါယဘေးဟူသည် အပါယ်လေးပါးသို့ ကျရောက်သောဘေး ဖြစ်၏။
ထိုလေးမျိုးတွင် ရှေ့နှစ်မျိုးသည် သူတစ်ပါး မရိပ်မိအောင် ပိပိရိရိ လုပ်ခြင်းဖြစ်သော်လည်းကောင်း လာဘ်ထိုးခြင်းဖြင့် သော်လည်းကောင်း လွတ်အောင်ရှောင်၍ ရနိုင်သေး၏။
နောက်နှစ်မျိုးကား မည်သို့သော နည်းဖြင့်မျှ ရှောင်လွဲ၍ မရနိုင်ပေ။ 
သူတစ်ပါးကိုသာ လိမ်၍ရမည်။ မိမိကိုယ်မိမိကား ဘယ်သောအခါမှ လိမ်၍မရ။
ထို့ကြောင့် ဒုစရိုက်မှု တစ်ခုခုလုပ်ပြီးသည်နှင့် မိမိကိုယ်မိမိ စွပ်စွဲသော အတ္တာနုဝါဒဘေးကြီးသည် နေ့စဉ် နှိပ်စက်တော့၏။
မိမိကိုယ်မိမိ စွပ်စွဲခြင်းဟူသည် မိမိကိုယ်မိမိ မကြည်ညိုခြင်းပင် ဖြစ်၏။ နောက်ဆုံးပန်တိုင်ကား အပါယ်လေးပါး ဖြစ်၏။
--------------------------------
လောဘသည် ………
သမလောဘ
ဝိသမလောဘ ဟုနှစ်မျိုးရှိ၏။
တရားသဖြင့် လိုချင်သော လောဘကို သမလောဘ။
မတရားသဖြင့် လိုချင်သော လောဘကို ဝိသမလောဘ။
တရားသဖြင့် လိုချင်သော လောဘသည် အနာဂါမ်အရိယာမှာပင် ရှိသေး၏။ (ဘဝရာဂါနုသယကိုဆိုလို)။ ထိုသမလောဘကား မိမိ သူတစ်ပါး နှစ်ဦးလုံးကို ဒုက္ခမပေးပေ။
ဝိသမလောဘသည်သာ မိမိသူတစ်ပါး နှစ်ဦးစလုံးကို ဒုက္ခပေးသည်။
လူသည် သဘာဝအားဖြင့် မြင့်မြတ်သောသူ ဖြစ်ပါလျှက် ယုတ်နိမ့်သော အပါယ်ဘုံသို့ ကျရသည်မှာ ထိုဝိသမလောဘကြောင့်ပင် ဖြစ်၏။
မိသားစုကို လုပ်ကိုင်ကျွေးမွေးသူများသည် သမ္မာအာဇီဝကျကျ တရားသဖြင့် ရှာဖွေကျွေးမွေးသင့်၏။
ဝိသမလောဘ၏ ကျေးကျွန်ဖြစ်ပြီး မတရားသော နည်းများဖြင့် ရှာဖွေကျွေးမွေးမည်ဆိုလျှင် မိသားစုများသည် စားစရာကိုသာအတူ ဝိုင်းစားပေးကြမည် ဖြစ်၏။
အပါယ်သို့ ကျဖို့ရှိလျှင်ကား မည်သူမျှ လိုက်ပါပေးလိမ့်မည် မဟုတ်။ မိမိတစ်ယောက်တည်းသာ သွားရမည်ဖြစ်သည်။
--------------------------------
(မေတ္တာရှင် ရွှေပြည်သာ)
လူတစ်ယောက်သည် အကုသိုလ်ဒုစရိုက် တစ်မျိုးမျိုးလုပ်တိုင်း ဘေးလေးမျိုးသို့ဆိုက်၏။
၁။ ပရာနုဝါဒဘေး
၂။ ဒဏ္ဍဘေး
၃။ အတ္တာနုဝါဒဘေး
၎။ အပါယဘေး တို့ဖြစ်၏။
**** တရားမရမည့် ယောဂီ၏အင်္ဂါများ ****
Photo: တရားမရမည့် ယောဂီ၏အင်္ဂါများ
----------------------------------
၁။ ဆရာဖြစ်သူ ဘုရားရှင်အပေါ် မယုံကြည်ခြင်း။
၂။ ကျန်းမာရေး မကောင်းခြင်း။
၃။ ကောက်ကျစ်စဉ်းလဲသော စိတ်ရှိခြင်း။
၎။ အားထုတ်မှု ဝီရိယမရှိခြင်း။
၅။ ထိုးထွင်း၍ သိနိုင်သော ဥာဏ်ပညာမရှိခြင်း။
--------------------------------
တရားရမည့် ယောဂီ၏အင်္ဂါများ
--------------------------------
၁။ ဆရာဖြစ်သော ဘုရားအပေါ် ယုံကြည်ခြင်း။
၂။ ကျန်းမာရေး ကောင်းမွန်ခြင်း။
၃။ ရိုးသားဖြောင့်မတ်သော စိတ်ထားရှိခြင်း။
၎။ အားထုတ်မှု ဝီရိယရှိခြင်း။
၅။ ထိုးထွင်း၍ သိနိုင်သော ဥာဏ်ပညာရှိခြင်း။
-------------------------------
တရားစစ်တရားမှန်၏
----------------------
အင်္ဂါလက္ခဏာများ
---------------------
* ကပ်ငြိမှု ရာဂကင်းဖို့သာ ဖြစ်စေ၏။
* ကပ်ငြိမှု ရာဂနှင့် ယှဉ်တွဲဖို့ မဖြစ်စေခြင်း။
* သံယောဇဉ် ကင်းဖို့သာ ဖြစ်စေ၏။
* သံယောဇဉ် တိုးပွားဖို့ မဖြစ်စေ။
* ဝဋ်ဆင်းရဲမှ လွတ်မြောက်ဖို့သာ ဖြစ်စေ၏။
* ဝဋ်ဆင်းရဲမှ နစ်မွန်းဖို့ မဖြစ်စေ။
* အလိုရမ္မက် နည်းဖို့သာ ဖြစ်စေ၏။
* အလိုရမ္မက် ကြီးဖို့ မဖြစ်စေ။
* ရောင့်ရဲတင်းတိမ်မှုကိုသာ ဖြစ်စေ၏။
* မရောင့်ရဲ မတင်းတိမ်မှုကို မဖြစ်စေ။
* ကိလေသာတရားများနှင့် ကင်းဝေးဖို့သာ ဖြစ်စေ၏။
* ကိလေသာတရားများနှင့် ပေါင်းဖော်ဖို့ မဖြစ်စေ။
* ကြိုးစားအားထုတ်မှုကိုသာ ဖြစ်စေ၏။
* နောက်ဆုတ် ပျင်းရိခြင်းကို မဖြစ်စေ။
*ဒကာ,ဒကာမများက လုပ်ကျွေးမွေးမြူရန် လွယ်ကူဖို့သာ ဖြစ်စေ၏။
* ဒကာ,ဒကာမများက လုပ်ကျွေးမွေးမြူရန် ခဲယဉ်းမှုကို မဖြစ်စေ။
ဤကဲ့သို့သော တရားမျိုးသည် အပါယ်လေးပါး မကျအောင် ဆောင်ရွက်တတ်သော သဘောဓမ္မ ဖြစ်၏။
ကိလေသာအပူကို ပယ်ဖျောက်ကြောင်း ဝိနယ ဖြစ်၏။
မြတ်စွာဘုရားရှင်တို့၏ အဆုံးအမ (သတ္ထုသာသန) ဖြစ်၏။
ထိုသဘောတရားများနှင့် ဆန့်ကျင်ဘက် ရာဂဖြင့် ကပ်ငြိရေး သံယောဇဉ် တိုးပွားရေးစသော အင်္ဂါများနှင့် ပြည့်စုံနေလျှင် အဓမ္မ အဝိနယ အသတ္ထုသာသနအဖြစ် ဆုံးဖြတ်နိုင်သည်။
-----------------------------------
(အင်္ဂုတ္တိုရ်ပါဠိတော် အဋ္ဌကနိပါတ် သံခိတ္တသုတ်)
(မေတ္တာရှင် ရွှေပြည်သာ) 
တရားမရမည့် ယောဂီ၏အင်္ဂါများ
----------------------------------
၁။ ဆရာဖြစ်သူ ဘုရားရှင်အပေါ် မယုံကြည်ခြင်း။
၂။ ကျန်းမာရေး မကောင်းခြင်း။
၃။ ကောက်ကျစ်စဉ်းလဲသော စိတ်ရှိခြင်း။
**** ကိုယ်ပိုင်ပစ္စည်းနှင့် ဘုံဆိုင်ပစ္စည်း ****
Photo: ကိုယ်ပိုင်ပစ္စည်းနှင့်
--------------------
ဘုံဆိုင်ပစ္စည်း
---------------
လှူပြီးသမျှ ဥစ္စာပစ္စည်းအားလုံးသည် ကိုယ်ပိုင်ပစ္စည်းဖြစ်၏။ မလှူရသေးသော ဥစ္စာပစ္စည်း ခြံမြေအားလုံးသည် ဘုံဆိုင်ပစ္စည်း ဖြစ်၏။
ဘုံဆိုင်ဟူသည် မိသားစုဆွေမျိုးသားချင်း အများပိုင်ဟု ဆိုလိုခြင်းဖြစ်၏။ ကိုယ်ပိုင်ပစ္စည်းဆိုလျှင် မီး ရေ မင်း သူခိုး အမွေခံဆိုးဟူသော ရန်သူမျိုးငါးပါး ဖျက်ဆီး၍မရ သေလျှင်လည်း မိမိအနောက်က အရိပ်ပမာ ကောင်းကျိုးပေးရန် အမြဲလိုက်ပါ၏။
ဘုံဆိုင်ပစ္စည်းဆိုလျှင် ရန်သူမျိုးငါးပါး အမြဲတမ်း ဖျက်ဆီးခံရနိုင်သလို သေလျှင်လည်း မိမိနောက်သို့ လိုက်ပါခြင်းမရှိချေ။ လှူခြင်းဟူသည် မိမိအတွက် ယူခြင်းဟု နားလည်နိုင်ရန်အတွက် သဒ္ဓါအပြင် ပညာပါ လိုအပ်၏။ ထိုပညာဟူသည် ဘီအော အမ်အေ ပီအိတ်ခ်ျဒီ (ဒေါက်တာဘွဲ့) တို့ကို ဆိုလိုခြင်း မဟုတ်။
အလှူဒါနပြုခြင်းဟူသည် ပြိတ္တာဘုံသို့ ပို့ဆောင်တတ်သော လောဘကိလေသာကို သတ်ခြင်းဖြစ်သည်။ အလှူဒါနပြုခြင်းဖြင့် လောကသားများ ချမ်းသာသုခရသလို အလှူ့ရှင်ကိုယ်တိုင်လည်း ဘဝအဆက်ဆက် ချမ်းသာသုခကို ရရှိသည်။
" ဝါနတော တဏှာယ နိက္ခန္တတ္တာ နိဗ္ဗာနန္တိ ပဝုစ္စတိ" ဟူသော သင်္ဂဟကျမ်း အဖွင့်အရ တဏှာလောဘမှ ထွက်မြောက်ခြင်း တဏှာလောဘ ကုန်ခြင်းကိုပင် နိဗ္ဗာန်ဟုဆိုထားရာ လောဘကို သတ်ရာရောက်သော ဒါနပြုခြင်းသည် နိဗ္ဗာန်သွားရာ လမ်းကြောင်းပေါ်တွင်  မှန်မှန်လျှောက်နေခြင်းပင် ဖြစ်သည်။
စိတ္တေန နီယတေ လောကော- စိတ်နောက်သို့ လောကခေါ် ရုပ်တရားက လိုက်ရသည်ဖြစ်ရာ ရယူခြင်း၌ ပျော်မွေ့သူများ သူတစ်ပါးထံမှ ရယူရန်သာ အားထုတ်ခဲ့သူများသည် ဘဝဆက်တိုင်း ရယူရသောဘဝ (ဆင်းရဲသောဘဝ)သို့သာ ရောက်ကြရပြီး ပေးဆပ်ခြင်း၌ မွေ့ပျော်သူများ သူတစ်ပါးကို ပေးဆပ်ရန်သာ ပျော်မွေ့ခဲ့သူများသည် ဘဝဆက်တိုင်း ပေးရသောဘဝ (ချမ်းသာသောဘဝ)သို့သာ ရောက်ကြရသည်။
ယူရသောဘဝနှင့် ပေးရသောဘဝတွင် ဘဝအဆက်ဆက် ယူရသောဘဝတွင်သာ ပျော်မွေ့ခဲ့သောကြောင့် ဂင်္ဂါဝါဠုသဲစုမက ဘုရားအဆူဆူ ပွင့်ခဲ့ပြီဖြစ်သော်လည်း မည်သည့်မဂ် မည်သည့်ဖိုလ်မှ မရဘဲ ယခုချိန်တိုင်အောင် ပုထုဇဉ်ဘဝနှင့် ရှိနေသေး၏။
ယူချည်းယူနေလျှင် ဘဝအဆက်ဆက် ဆင်းရဲမည်။ လှူချည်းလှူနေလျှင် လှူစရာများ ကြံဖန်ရောက်လာသလို ဘဝအဆက်ဆက် ချမ်းသာမည်ဆိုတာ သိပါလျှက် လူတစ်ရာတွင် (၉၉) ယောက်က ယူသည့်ဘက်မှာချည်း နေကြသည် အဘယ်ကြောင့်နည်း………။
အဖြေကား…………
လူသားတစ်ယောက်၏ မရေမတွက်နိုင်အောင် ကျင်လည်ခဲ့ရသည့် ဘဝများစွာတွင် ကိုယ်ကလှူပြီး ချမ်းသာခဲ့သော ဘဝထက် ကိုယ်ကယူပြီး ဆင်းရဲခဲ့ရသော ဘဝက ကိုးဆယ်ကိုးရာခိုင်နှုန်း ရှိခဲ့သောကြောင့် အကျင့်ပါနေခြင်းပင် ဖြစ်သည်။
---------------------------------
(မေတ္တာရှင် ရွှေပြည်သာ)  
ကိုယ်ပိုင်ပစ္စည်းနှင့် ဘုံဆိုင်ပစ္စည်း
------------------------------------
လှူပြီးသမျှ ဥစ္စာပစ္စည်းအားလုံးသည် ကိုယ်ပိုင်ပစ္စည်းဖြစ်၏။ မလှူရသေးသော ဥစ္စာပစ္စည်း ခြံမြေအားလုံးသည် ဘုံဆိုင်ပစ္စည်း ဖြစ်၏။
**** မိအေး လေးခါနာ ****
မိအေး လေးခါနာ
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးက မကြခဏ မိန့်ကြားသော စကားတော်တခွန်းမှာ-
မောဃံ ကာလံ န ခေပယေ။
Sunday, April 27, 2014
“ ရာသီဥတု ပူပြင်းရခြင်းရဲ့ အကြောင်း ”
Photo: “ ရာသီဥတု ပူပြင်းရခြင်းရဲ့ အကြောင်း  ”
၁။ အုပ်ချုပ်သူ လူတန်းစားများ ကိုယ်ကျင့်တရား အားနည်းလာတဲ့အခါ
၂။ ဘာသာရေး ခေါင်းဆောင်များ အကျင့်သီလ ပျက်ယွင်းလာတဲ့အခါ
၃။ စီးပွားရေး သမားများ ဝိသမလောဘနဲ့ စီးပွားရှာတဲ့အခါ
၎။ အခြေခံလူတန်းစား (Grassroots level )များ ရိုင်းစိုင်းကြမ်းကြုတ်လာတဲ့ခါ... 
ဒီလူတန်းစား အသီးသီးရဲ့ ခန္ဓာကနေ ထွက်လာတဲ့အပူလှိုင်းတွေရယ်...
ဒီလူများရဲ့ အကျင့်သိက္ခာတွေရယ် ပျက်စီးလာတာကြောင့် နေ..သွားလမ်းကြောင်းတွေ ပြောင်းကုန်တယ်။ 
ရာသီ ဥတုတွေဖောက်ပြန်ကုန်တယ်။ ကောက်ပဲ သီးနှံတွေ အရည်အသွေးကျဆင်းလာတယ်။ 
လူတွေလဲ ရောဂါများလာမယ်...လို့ ဘုရားရှင် ဟောတော်မူပါတယ်။ 
- (အဓမ္မိကသုတ္တန်) 
Dhamma Dãna Source ►  ( ဓမ္မဒါန ယောနွယ် ) &
www.facebook.com/youngbuddhistassociation.mm 
“ ရာသီဥတု ပူပြင်းရခြင်းရဲ့ အကြောင်း ”
၁။ အုပ်ချုပ်သူ လူတန်းစားများ ကိုယ်ကျင့်တရား အားနည်းလာတဲ့အခါ
၂။ ဘာသာရေး ခေါင်းဆောင်များ အကျင့်သီလ ပျက်ယွင်းလာတဲ့အခါ
***** ကြိမ်ပိုက်ငရဲမှာ ခံစားရမည့်သူများ *****
Photo: “ကြိမ်ပိုက်ငရဲမှာ ခံစားရမည့်သူများ”
••••••••••••••••••••••••••••••••••••••••
ကြိမ်ပိုက်ငရဲကျရောက်သူတွေဟာ အင်မတန်ထက်မြတ်တဲ့ 
ရဲရဲတောက် ကြိမ်လုံးတွေနဲ့ အဆက်မပြတ်အရိုက်ခံကြရတယ်။
တစ်ချက်အရိုက်ခံလိုက်ရရင် အကြော၊ 
အရိုးပြက်ထွက်မတက် နာကျင်စွာခံစားရတယ်။ 
အရမ်းကြောက်စရာကောင်းပါတယ်။
“ကျီးကန်ရှင်ကြီး”က “ကျီးသဲလေးထပ်ဆရာတော်”ကို မေးလျှောက်တယ်။
ဝေတ္တရဏီလယ်၊ ကြိမ်ပိုက်ဝယ်၊ ဘယ်သို့ ကျင့်သူခံလိမ့်နည်း။
ဆရာတော်က နေမိဇာတ်တော်ကို ထောက်ပြပြီး ခုလို ဖြေပါတယ်။
ယေ ဒုဗ္ဗလေ ဗလ၀န္တော ဇီဝလောကေ 
ဟိံသန္တိ ရောသန္တိ သုပါပဓမ္မာ။ 
တေ လုဒ္ဒကမ္မာ ပသဝေတွာန ပါပံ၊ 
တေ မေ ဇနာ၊ ဝေတ္တရဏိံ ပတန္တိ။ 
(နေမိဇာတ်)။
အဓိပ္ပါယ်ကတော့ လောကမှာ စည်းစိမ်ဥစ္စာပေါများ၊ 
အာဏာပါဝါ ကြီးမားသော ယုတ်မာတဲ့ အကျင့်ဆိုးရှိတဲ့ပုဂ္ဂိုလ်တွေဟာ 
အဲဒီစည်းစိမ်ဥစ္စာ၊ အာဏာကို သုံးပြီး အားနည်းတဲ့ 
ဆင်းရဲနွမ်းပါးတဲ့သူတွေကို အနိုင်ကျင့်၊ ဆင်းရဲသူတွေရဲ့ ဥစ္စာ၊ 
မြေနေရာ စတာတွေကို သိမ်းပိုက်ကြတယ်။
အဲဒီလို သိမ်းပိုက်တဲ့ ပုဂ္ဂိုလ်တွေဟာ သေရင်
ကြိမ်ပိုက်ငရဲမှာ ဆိုးရွားစွာ ခံစားရပါတယ်တဲ့။
ဘယ်လောက်ကြောက်စရာကောင်းလဲနော်။
အခုလက်ရှိမှာ အဲလိုလူတွေကလည်း များသား။
သူတို့အတွက် ရတက် မအေးစရာပါပဲ။ 
အာဏာကို အလွဲသုံးစားလုပ်ပြီး ခိုကိုးရာမဲ့ ဆင်းရဲသားများ၊ 
လယ်သမားများရဲ့ လယ်တွေ၊ ယာတွေ အိမ်မြေတွေ ကို 
သိမ်းယူကြတယ်။ ဥစ္စာအားကိုးနဲ့ အဓမ္မသိမ်းတယ်။ 
ခိုကိုးရာမဲ့ အားနည်းတဲ့သူတွေ ဆင်းရဲရင် ဆင်းရဲပါစေ 
မိမိတို့ချမ်းသာကြီးပွားဖို့အတွက် ဘာမဆိုလုပ်ကြတယ်။ 
သိမ်းနိုင်သလောက်သိမ်းထား။ 
မိုက်နိုင်သလောက် မိုက်ထားပါ။ ခဏပါပဲ။ 
ထိုအဓမ္မသမားများကို “ကြိမ်ပိုက်ငရဲ”မှ 
အဆင်သင့်စောင့်ကြိုနေပါတယ်။
- 【ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ】
Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm
“ကြိမ်ပိုက်ငရဲမှာ ခံစားရမည့်သူများ”
••••••••••••••••••••••••••••••••
ကြိမ်ပိုက်ငရဲကျရောက်သူတွေဟာ အင်မတန်ထက်မြတ်တဲ့
ရဲရဲတောက် ကြိမ်လုံးတွေနဲ့ အဆက်မပြတ်အရိုက်ခံကြရတယ်။
တစ်ချက်အရိုက်ခံလိုက်ရရင် အကြော၊
အရိုးပြက်ထွက်မတက် နာကျင်စွာခံစားရတယ်။
အရမ်းကြောက်စရာကောင်းပါတယ်။
“ရောင့်ရဲမှု”
Photo: “ရောင့်ရဲမှု”
••••••••••••••••••
“သန္တုဋ္ဌိ”ဆိုတာ လူ့လောကမှာလူတွေဟာ
“ ရောင့်ရဲ တင်းတိမ်မှု”အားနည်းကြတယ်။ 
ရောင့်ရဲမှုဆိုတာ အဓိပ္ပါယ်ကောက်ယူမှုမမှားစေနဲ့။
ရောင့်ရဲမှုဆိုတာ စီးပွားရေးမတိုးချဲ့ရဘူး။ 
ပညာရေးမတိုးချဲ့ရဘူး။ 
ကိုယ်ရတာလေးနဲ့ ကျေနပ်ရမယ် ဒီလိုဆိုလိုတာမဟုတ်ဘူး။
မရောင့်ရဲဘူးဆိုတာ အိမ်မှာဆိုပါစို့။ 
အချဉ်ချက်ထားလို့ဆိုရင် အဲဒီနေ့ အချိုစားချင်တယ်။ 
အချိုချက်ထားလို့ရှိရင် အဲဒီနေ့ အချဉ်စားချင်တယ်။ 
မရောင့်ရဲတဲ့ပုဂ္ဂိုလ်ဟာ မီးဖိုချောင်ထဲမှာတင် ဒုက္ခရောက်တယ်။
တစ်ခါကအညာမှာ ထမင်းပွဲထိုင်ရင်းက “ငရုတ်သီး”
မပါလို့ ငရုတ်သီးသွားရှာမယ်ဆိုပြီး ထွက်သွားတာ
အောက်ပြည်အောက်ရွာရောက်ပြီးအိမ်ထောင်ကျ
သွားတယ်ဆိုတဲ့ ပုဂ္ဂိုလ်ရှိတယ်။ 
အဲဒါ “မရောင့်ရဲနိုင်တဲ့ ပုဂ္ဂိုလ်”ပဲ။ 
မရောင့်ရဲရင်ဒုက္ခရောက်တယ်။ 
ကိုယ်ရောက်တဲ့ပတ်ဝန်းကျင်ကော ဒုက္ခရောက်တယ်။
မြတ်စွာဘုရားက ဘာနဲ့ဖြစ်ဖြစ် ရောင့်ရဲရမယ်။
“မတ္တရာဆရာတော်” ရောင့်ရဲတယ်ဆိုတာ
ကြားဖူးကြ လိမ့်မယ်။ 
မတ္တရာဆရာတော်က ခပ်ငံငံလေး ကပ်လိုက်တော့လည်း 
အစာကျေတာပေါ့ကွာ။ 
ခပ်ပေါ့ပေါ့လေးကပ်လိုက်တော့လဲ ရေငတ်ပြေတာပေါ့ကွာ။
ဆွမ်းပျော့ပျော့လေး ချက်ပေးရင်လဲ ဒီနေ့အစာကျေတာပေါ့။ 
မာမာလေး ချက်ပေးလိုက်ရင်လဲ တောင့်တောင့်လေး 
စားရတာပေါ့လို့ ကောင်းတဲ့ ဘက်ကချည်း တွေးတယ်။
အဲဒီ ကောင်းတဲ့ဘက်က တွေးတာက ရှိတာနဲ့ ကျေနပ်တဲ့သဘောပဲ။
အင်္ဂလိပ်ဖတ်စာပုံပြင်လေးထဲမှာပါတဲ့ မီးရထားမောင်း
သမားတစ်ယောက်ရဲ့ ရောင့်ရဲတင်းတိမ်မှု၊ 
အကောင်းမြင်တ်မှုဟာ အတော်အတုခိုးစရာကောင်းတယ်။ 
ရထားမှာ accident ဖြစ်လို့ခြေထောက်တစ်ဘက်
ဆေးရုံတက်ပြီး ဖြတ်လိုက်ရတယ်။ 
ဘယ်ကိစ္စဖြစ်ဖြစ် သူက အဆိုးဘယ်တော့မှ မပြောဘူးတဲ့။ 
အကောင်းချည်းပဲပြောလေ့ရှိတယ်။ 
သူငယ်ချင်းတွေက သူဒီတစ်ခါ ခြေထောက်ဖြတ်လိုက်ရပြီ။ 
မင်းဒုက္ခရောက်နေပြီ၊ ဘယ်လိုများ အကောင်းပြောဦးမလဲဆိုတော့ 
ဟိုလူက ပြုံးပြီး သူငယ်ချင်းတို့ရေတဲ့၊
ငါတော့ ဖိနပ် တစ်ဖက်ဖိုး သက်သာသွားပြီတဲ့။ 
အကောင်းဘက်ကပဲတွေးတာပြောတာ။ 
“သန္တုဋ္ဌီ”ရဲ့သဘောတွေပဲ ရှိတာနဲ့ ကျေနပ်နိုင်တာ။ အဲလို
လေးကျေနပ်နိုင်တော့ စိတ်ချမ်းသာတာပေါ့။ 
ရှိတာနဲ့ မကျေနပ်နိုင်တဲ့ ပုဂ္ဂိုလ်မှာ စိတ်မချမ်းသာဘူး။ 
ရှိတာနဲ့ မကျေနပ်တဲ့အတွက် ဘယ်တော့မှ 
သူ့မှာ လိုဘပြည့်တယ်မရှိဘူး။
သူများကို ဒုက္ခမပေးချင်နေ၊
ကိုယ့်ဟာကိုယ် ဒုက္ခဖြစ်နေတယ်။
-【ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ】
Dhamma Dãna Source ► 
www.facebook.com/youngbuddhistassociation.mm
 “ရောင့်ရဲမှု”
••••••••••••••
 “သန္တုဋ္ဌိ”ဆိုတာ လူ့လောကမှာလူတွေဟာ
“ ရောင့်ရဲ တင်းတိမ်မှု”အားနည်းကြတယ်။
ရောင့်ရဲမှုဆိုတာ အဓိပ္ပါယ်ကောက်ယူမှုမမှားစေနဲ့။
“ကိုယ်ချင်းစာ ၊ မေတ္တာထား”
 Photo: “ကိုယ်ချင်းစာ ၊ မေတ္တာထား”
•••••••••••••••••••••••••••••••
ကိုယ်ချင်းစာတရားဆိုတာ 
“မေတ္တာတရား”ပေါ်မှာ မူတည်တယ်။ 
စိတ်ဖြူစင် သန့်ရှင်းနေရင် 
“ရာဂ၊ ဒေါသ၊ တဏှာမာန”တွေ 
မဝင်သာတော့ဘဲ “မေတ္တာစိတ်”သာ ဖြစ်ပေါ်နေတယ်။
“မေတ္တာစိတ်”က “ကိုယ်ချင်းစာတရား”ကို မွေးဖွား ပေးလိုက်တယ်။ 
ကိုယ်ချင်းစာတရား ထွန်းကားလာရင် အရာရာဘာမဆို 
ကိုယ်နဲ့တန်းတူထား ဆက်ဆံ လာကြတယ်။
(၁) မေတ္တာတရား ထွန်းကားလာတာနဲ့ …
(၂) ကိုယ့်ထက်သာသူတွေ ဝမ်းမြောက်နိုင်တဲ့ “မုဒိတာတရား”၊
(၃) ကိုယ့်အောက်နိမ့်ကျသူတွေ သနားနိုင်တဲ့ “ကရုဏာတရား”၊
(၄) အားလုံးအပေါ် ခြုံငုံလွှမ်းမိုးထားနိုင်တဲ့ 
“ဥပေက္ခာတရား”ရယ်လို့ ဗြဟ္မစိုရ်တရားလေးပါးကို 
ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ။
- (မဟာဗောဓိမြိုင်ဆရာတော်ကြီး)
Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm
“ကိုယ်ချင်းစာ ၊ မေတ္တာထား”
••••••••••••••••••••••••••
 ကိုယ်ချင်းစာတရားဆိုတာ
“မေတ္တာတရား”ပေါ်မှာ မူတည်တယ်။
စိတ်ဖြူစင် သန့်ရှင်းနေရင်
“ရာဂ၊ ဒေါသ၊ တဏှာမာန”တွေ
မဝင်သာတော့ဘဲ “မေတ္တာစိတ်”သာ ဖြစ်ပေါ်နေတယ်။
“ရေကုသိုလ်”
Photo: “ရေကုသိုလ်”
•••••••••••••••••
ရေဟာ လူ့ခန္ဓာကိုယ်အတွက် အလိုအပ်ဆုံးသော အရာပါ။ 
ရေဟာ ငွေကြေးအားဖြင့် တန်ဖိုးမကြီးပေမယ့် 
အကျိုးပြုမှု ကတော့ ကြီးမားလှပါတယ်။ 
လှူဖို့လည်း မခဲယဉ်းသလို လူတိုင်းအတွက်လည်း 
လိုအပ်လှတာမို့ အောက်ပါ ဇာတ်ကြောင်းလေးကို 
ဖတ်ပြီးရင် “ရေကုသိုလ်ယူပါ” လို့ တိုက်တွန်းချင်ပါတယ်။
ဘုရားရှင်ကိုယ်တော်မြတ် ဝေဠုဝန်ကျောင်းတော်မှာ 
သီးတင်းသုံးတော်မူစဉ်က ရာဇဂြိုဟ်မှ ဆင်းရဲသားတစ်ယောက်ဟာ 
အခစားအဖြစ် သရက်ဥယျာဉ်ကို အစောင့်ရှောက်တာဝန်ယူနေခဲ့ပါတယ်။ 
တစ်နေ့မှာ ဆင်းရဲသားဟာ နွေနေပူထဲမှာ ကြွလှမ်းတော်မူနေတဲ့ 
“အရှင်သာရိပုတ္တရာ”ကို တွေ့ပြီး ဥယျာဉ်ထဲမှာ အနားယူဖို့ 
ပင့်လိုက်ပါတယ်။ မထေရ်လည်း ဆင်းရဲသား စိတ်ချမ်းသာအောင် 
ကြွတော်မူလိုက်ပါတယ်။ 
ထို့နောက် သောက်သုံးရေ၊ ချိုးရေအတွက် ရေလှူချင်ကြောင်း 
လျောက်ထား တဲ့အခါ မထေရ်လည်း ဆိတ်ဆိတ်နေခြင်းဖြင့် 
လက်ခံတော်မူပါတယ်။
ဆင်းရဲသားဟာ ရေတွင်းထဲကနေ ရေခပ်ပေးပြီး 
သောက်ရေ၊ သုံးရေ၊ ခြေလက်ဆေးဖို့ရေ စသည်ဖြင့် ပြင်ဆင်ပေးတယ်။ 
မထေရ်လည်း ရေသပ္ပါယ်ကာ အေးမြတဲ့ ရေကို သုံးဆောင်လိုက်ရတော့ 
အမောပြေ အေးချမ်းသွားပါတယ်။ 
ထို့နောက် ဆင်းရဲ သားကို “ရေအကျိုးတရား”တွေဟောကြားပြီး 
လိုရာခရီး ကြွချီခဲ့ပါတယ်။
ဆင်းရဲသားဟာ မထေရ်ကို သောက်ရေ၊ သုံးရေလှူလိုက်ရလို့ 
အရမ်းကို ၀မ်းသာပီတိဖြစ်လို့ နေပါတော့တယ်။ 
ကာလ အတန်ကြာတော့ အကြောင်းအားလျော်စွာပဲ 
ဆင်းရဲသားဟာ ဘ၀ဆုံးလို့ တာဝတိသာနတ်ပြည်မှာ 
နတ်သားဖြစ်သွားပါတယ်။
အရှင်မဟာမောဂ္ဂလာန်ဟာ နတ်ပြည်သို့ကြွတော်မူစဉ် 
ခမ်းနားလှတဲ့ဗိမာန်ပိုင်ရှင်နတ်သားကို တွေ့လို့ 
ဘယ်လိုကုသိုလ်တွေ လုပ်ခဲ့သလဲ မေးတဲ့အခါ 
နတ်သားက သူလုပ်ခဲ့တဲ့ ကုသိုလ်ကို ခုလို ရှင်းပြလိုက်ပါတယ်။
“အရှင်ဘုရား၊ တပည့်တော် လူ့ဘ၀ ဆင်းရဲသားဖြစ်စဉ်က 
သရက်ဥယျာဉ်ထဲမှာ အရှင်သာရိပုတ္တရာအား ရေလှူခဲ့ပါတယ်။ 
ထိုကုသိုလ်ကြောင့် ခုလို အကျိုးဖြစ်ရပါတယ်။ 
အရှင်ဘုရား ရေလှူလိုက်တာဟာ လုံလတစ်ခုဖြင့် 
တပည့်တော်အတွက် “အကျိုး သုံးမျိုး” ပြီးပြီးသား 
ဖြစ်သွားပါတယ်ဘုရား။ 
သရက်ပင်ကိုလည်း ရေလောင်းပြီးသားဖြစ်တယ်။ 
အရှင်သာရိပုတ္တရာကို လည်း ရေသန့်စင်ပြီးသား ဖြစ်ပါတယ်။ 
တပည့်တော်အတွက် များမြတ်သောကုသိုလ်ကို 
ဆည်းပူးပြီးသား လည်း ဖြစ်သွားပါတယ်ဘုရား။”
အရှင်မောဂ္ဂလာန်လည်း သာဓုသုံးကြိမ်ခေါ်ကာ 
လူ့ပြည်သို့ ပြန်ကြွလာပါတော့တယ်။
အားလုံး ရေလို အေးမြလန်းဆန်းကြပါစေ။
- 【ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ】
Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm
 “ရေကုသိုလ်”
••••••••••••••
 ရေဟာ လူ့ခန္ဓာကိုယ်အတွက် အလိုအပ်ဆုံးသော အရာပါ။
ရေဟာ ငွေကြေးအားဖြင့် တန်ဖိုးမကြီးပေမယ့်
အကျိုးပြုမှု ကတော့ ကြီးမားလှပါတယ်။
***** “အမွေခံကောင်းနှင့် အမွေခံဆိုး” *****
Photo: “အမွေခံကောင်းနှင့် အမွေခံဆိုး”
••••••••••••••••••••••••••••••••••
လောကအစဉ်အလာအရ မိဘရဲ့ပိုင်ဆိုင်မှုကို သားသမီးတွေ ရရှိကြတယ်။ 
ဒါကြောင့် သားသမီးတွေဟာ အမွေခံပုဂ္ဂိုလ်တွေပါပဲ။ 
ဒီနေရာမှာ အမွေခံပုဂ္ဂိုလ်အမျိုးမျိုး တွေ့ရပါတယ်။ 
လယ်တီဆရာတော်က အခုလို ဆိုထားပါတယ်။ 
♦သားသမီးပင်ဖြစ်သော်လည်း မိဘအမွေကို မခံစားရတဲ့သူ၊ 
♦အနည်းငယ်သာ ခံစားရတဲ့သူ၊ 
♦၀မ်းဝရုံသာ ခံစားရသူနှင့် များစွာခံစားရသူ 
ဆိုပြီးတော့ အမျိုးမျိုးရှိပါတယ်။
၁။ သိန်းထောင်ပေါင်းများစွာ ချမ်းသာတဲ့ မိဘရဲ့ 
သားသမီးပင်ဖြစ်သော်လည်း မိဘစကားနားမထောင်လို့ 
အမွေပြတ်စွန့်လွတ်ခံရတဲ့သူဟာ “အမွေမခံစားရသူ”ပါပဲ။ 
၂။ အမွေဝေစုရသော်လည်းပဲ လုပ်ကိုင်မစား၊ တိုးပွားအောင်မလုပ်၊ 
အပျော်အပါးသောက်စားပြီး ဖြုန်းတီးပစ်တဲ့ သားသမီးတွေဟာ 
အမွေကုန်တဲ့အခါ ဆင်းရဲတွင်းထဲ ရောက်ကြရတာပါပဲ။
ဒါကြောင့် သူတို့ကို “အမွေအနည်းငယ်သာခံစားရသူ”လို့ ဆိုပါတယ်။
၃။ စက်ပစ္စည်း၊ လယ်ယာစသည် မိဘအမွေရပြီး 
ထိုလုပ်ငန်းတွေရဲ့ အချို့ကိုသာ လုပ်စားတယ်။ 
အချို့ကိုတော့ ရောင်းစားတာ၊ လုပ်မစားပဲ ပစ်ထားတာတွေရှိတယ်။ 
သူတို့ကျတော့ ၀မ်းဝရုံပါပဲ။ မိဘအမွေ အပြည့်အ၀ မခံစားရပါဘူး။ 
၎။ အချို့သားသမီးများကျတော့ ရရှိတဲ့အမွေကို 
အကုန်တိုးပွားအောင်လုပ်တယ်။
ဒါကြောင့် အဲဒီသားသမီးတွေဟာ ချမ်းသာကြီးပွားပြီး 
မိဘအမွေကို များစွာ ခံစားကြရတယ်။
ဒါ့အပြင် သားသမီးတွေအနေနဲ့ အမွေခံထိုက်အောင် နေတတ်ဖို့လည်း လိုပါတယ်။ 
ဗုဒ္ဓစာပေအရ သားသမီးဝတ်ငါးပါး ကျေပြွန်တဲ့ သားသမီးများဟာ 
မိဘအမွေကို ခံယူထိုက်ပါတယ်။ 
“ကျွေးမွေးမပြတ်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ 
လှူမျှဝေ၍၊ စောင့်လေမျိုးနွယ်၊ ၀တ်ငါးသွယ်၊ ကျင့်ဖွယ်သားတို့တာ။”
ဆိုသည့်အတိုင်း သားသမီးများဟာ 
၁။ မိဘကို လုပ်ကျွေးပြုစုရမယ်။
၂။ မိဘရဲ့အလုပ်ကိစ္စတွေကို ကူညီလုပ်ဆောင်ပေးရမယ်။
၃။ မိဘရဲ့ လယ်ယာ၊ ရွှေငွေစတာတွေကို မဖြုန်းတီး ၊
မဖျက်ဆီးဘဲ စောင့်ရှောက်ခြင်း၊ 
မိဘတွေပြုလုပ်လေ့ရှိတဲ့ ကုသိုလ်လုပ်ငန်းတွေကို လုပ်ဆောင်ပေးခြင်းဖြင့်
မိဘရဲ့ ကောင်းမွန်တဲ့အမျိုးအနွယ်၊ ဂုဏ်သိက္ခာကို စောင့်ထိန်းရမယ်။
၎။ မိဘအမွေကို မပျက်ဆီးမဆုံးရှုံးအောင်၊ တိုးပွားအောင် ထိန်းသိန်းရမယ်။
၅။ မိဘတွေ သေလွန်တဲ့အခါ ရည်စူးကုသိုလ်ပြုပြီး အမျှဝေရမယ်။
ဒီငါးပါးကျေပြွန်တဲ့ သားသမီးများဟာ မိဘအမွေကို
ခံထိုက်တဲ့သူများဖြစ်တယ်။ ဒီလိုမှမဟုတ်ရင်တော့ 
“အမွေခံဆိုး” ပဲ ဖြစ်လိမ့်မယ်။ 
မိဘပစ်ထားပြီး သေမှ အမွေလာတောင်းတဲ့ 
သားသမီးများလည်း ဒုနဲ့ဒေးပါပဲ။ 
မိဘအမွေမတောင်းခင်မှာ အရင်ဆုံး ကိုယ့်ကိုယ်ကို 
အမွေခံထိုက်သူလား မထိုက်သူလားဆိုတာ အရင်စဉ်းစားဖို့လိုပါတယ်။ ကိုယ်နဲ့မထိုက်တဲ့အမွေရယူတဲ့သူဟာ စိတ်ချမ်းသာမူမရနိုင်ပါဘူး။ 
စားတိုင်း ၊ စားတိုင်း လိပ်ပြာမသန့်ဖြစ်တတ်ပါတယ်။ 
သားသမီးဝတ်ကျေပြွန်တဲ့ သူများကတော့ ထိုက်တန်တဲ့
အမွေကို ခံစားရတဲ့အတွက် စိတ်ချမ်းသာတယ်။ 
အပြစ်ကင်းကင်းနဲ့ သုံးဆောင်ခံစားရတယ်။
 နောက်ပြီး လိမ်မာတဲ့သားသမီးများဟာ မိဘအမွေကို 
ငန်းငန်းတက်မမက်မောပါဘူး။ မလိမ်မာတဲ့သားသမီးများကတော့ 
မထိုက်တဲ့အမွေကို ငန်းငန်းတက်လိုချင်ကြတယ်။ 
မရရင် ပြဿနာရှာတတ်ကြတယ်။
ဒါကြောင့် သားသမီးများအားလုံး သားသမီးဝတ်ငါးပါး
ကျေပြွန်အောင် နေပြီး အမွေခံထိုက်တဲ့ သားသမီးရတနာများ
ဖြစ်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ရပါတယ်။
- 【ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ】
Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm 
“အမွေခံကောင်းနှင့် အမွေခံဆိုး”
••••••••••••••••••••••••••••••
လောကအစဉ်အလာအရ မိဘရဲ့ပိုင်ဆိုင်မှုကို သားသမီးတွေ ရရှိကြတယ်။ ဒါကြောင့် သားသမီးတွေဟာ အမွေခံပုဂ္ဂိုလ်တွေပါပဲ။
ဒီနေရာမှာ အမွေခံပုဂ္ဂိုလ်အမျိုးမျိုး တွေ့ရပါတယ်။
***** ဝဋ်သုံးပါးကြောင့် အပါယ်ကျပုံ ****
ဝဋ်သုံးပါးကြောင့် အပါယ်ကျပုံ
--------------------------------
ဝဋ်သည် ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ် ဟုသုံးပါးရှိ၏။
ထိုတွင် ကိလေသဝဋ်အရ ဤနေရာ၌ ရုပ်နာမ်ကို ငါဟုအယူမှားသော ဒိဋ္ဌိကိလေသာကို ယူရ၏။
Saturday, April 26, 2014
" အတွင်းစင်ကြယ်မှု "
" အတွင်းစင်ကြယ်မှု "
အို ပုဏ္ဏား ဤသစ်သားထင်း မီးလှုံလျှင်
စင်ကြယ်သည်ဟု အသင်အဘယ်ကြောင့်
အောက်မေ့သနည်း။ ဤအရာတို့ကား အပြင်အပ အရာတို့သာဖြစ်၏။ ပညာရှိတို့သည် ဤအရာကို စင်ကြယ်မှုဟု မဆိုကြကုန်။
**** စေတနာမြင့်၍ အကျိုးပေးမြင့်သူ ****
စေတနာမြင့်၍ အကျိုးပေးမြင့်သူ
 " စေတနာမြင့်လျှင် အကျိုးပေးမြင့်သလို စေတနာနိမ့်လျှင် အကျိုးပေးနိမ့်၏"
' သုတ္တန္တပိဋကတ် မဟာဝဂ္ဂပါဠိတော် ပါယာသိသုတ်' တွင် ပါယာသိမြို့စားကြီးသည်ဥစ္ဆေဒဒိဋ္ဌိအယူမှားကြီးနှင့်
 နှစ်ပေါင်းအတော်ကြာ နေခဲ့ရ၏။ 
★★★ ဒါန ★★★
★★★ ဒါန ★★★
-သူတော်ကောင်းတို့ပြုလုပ်သောသပ္ပုရိသဒါနအင်္ဂါ(၅)မျိုး
ဘုရားအ လောင်းတော်မှန်သမျှဘုရားဖြစ်ရန်ပါရမီဆယ်ပါးကိုဖြည့်ကျင့်
သည့်အခါ``ဒါနပါရမီ´´ကိုရှေးဦးစွာဖြည့်ကျင့်ခဲ့ကြသည်ချည်းဖြစ်သည်။
ဒါနပြုသူများသည်ဘုရားအ လောင်းတော်များ၏ကျင့်စဉ်
လမ်းကြောင်းအတိုင်းလိုက်နာကျင့်သုံးသူများဖြစ်ကြသည် ။
***** ဆူးလေစေတီမှ ဒေါင်းခံဘုရား။ ****
      ဗုဒ္ဓဘာသာဝင်တို့သည်  မိမိတို့၏နေအိမ်တွင်  မြတ်စွာဘုရား၏ ကိုယ်တော်စားရုပ်ပွားဆင်းတုတော်များကိုထားရှိကိုးကွယ်ကြပါသည်။
 မြတ်စွာဘုရား၏ မဟာပူရိသလက္ခဏာတော် (၃၂) ပါးတို့မှ  ရုပ်လုံးဖေါ်ရာတွင် အသုံးပြုသော လက္ခဏာတော် (၂၀) ကို
Friday, April 25, 2014
**** အရေးသုံးပါးလုံအောင်ထား ****
အရေးသုံးပါးလုံအောင်ထား
******************
ဦးဇင်းအမြဲတမ်းတရားနာပရိတ်များအတွက်နှလုံးသားထဲမှာ
ကိန်းနေတဲ့ပိတ်ဆို့နေတဲ့အမှောင်တိုက်ကြီး ကို 
 ဖွင့်ပေးဖို့ ဦးဇင်းစိတ်ထဲမှာ အမြဲတမ်းရှိတယ်။
သွားရင်းလာရင်း နေရင်းထိုင်ရင်းနဲ့ ကြည့်လိုက်လို့ရှိ ရင်လူတွေဟာ အမြဲတမ်းယောက်ယက်ခတ်နေတယ်။ 
“ အလောင်းတော် သိဒ္ဓတ္ထရဲ့ကတိစကား ''
“ အလောင်းတော် သိဒ္ဓတ္ထရဲ့ကတိစကား ''
★★★★★★★★★★★★★★★★★★
အားလုံးထက် အစွန့်ရခက်တဲ့ အပယ်မိဖုရား၊
သတ္တ၀ါအားလုံးကို ချစ်သမို့ ငါဟာ
မင်းကိုအချစ်ဆုံးဖြစ်တယ်ဆိုတာ သိပါ၊
ပူဆွေးစရာ ကြုံရင်
“ ပညာသုံးဆင့် ဂုဏ်ရည်မြင့် ”
“ ပညာသုံးဆင့် ဂုဏ်ရည်မြင့် ”
လောကမှာ အမှောင်ကြောက်သူ၊ အလင်းရလိုသူတို့ အတွက်အမှောင်ကို ဖြိုခွင်းပေးနိုင်တဲ့ အလင်းရောင်လေးမျိုး ရှိပါတယ်။နေရောင်၊ လရောင်၊ မီးရောင်၊ပညာရောင်တို့ ပါပဲ။ဒါပေမယ့် နေဆိုတာ နေ့ အခါမှာပဲ လင်းပြီး၊ညအခါ မလင်းနိုင်ပါဘူး။
“တံမြက်စည်းလှည်းခြင်း၏ အကျိုးကျေးဇူး ကြီးမားပုံ”
Photo: “တံမြက်စည်းလှည်းခြင်း၏ အကျိုးကျေးဇူး ကြီးမားပုံ”
••••••••••••••••••••••••••••••••••••••••••••••••••••••
ယနေ့ခေတ်မှာ ခေတ်လူငယ်များ ဘုရားရင်ပြင်၊ 
ကျောင်းအ၀န်းစသည်တို့မှာ ညီညာစွာ တံမြတ်လှည်း
သန့်ရှင်းရေးလုပ်ကြတာ တွေ့မြင်ရလို့ ကြည်နူးမိပါတယ်။ 
အချို့လူငယ်များဆိုရင် စေတနာအဖွဲ့ ဖွဲ့ပြီး ရပ်ကွက်၊ 
မြို့နယ်တွေမှာရှိတဲ့ ရိပ်သာများ၊ ဘကကျောင်းများမှာ 
သန့်ရှင်းရေးဝေယျာဝေစ္စဆောင်ရွက်တာတွေ သိရလို့ 
ပီတိဖြစ်ရတယ်။ အင်မတန်ကောင်းမြတ်ပြီး 
သန့်ရှင်း ရိုးသားတဲ့ စေတနာပါပဲ။
ဒါကြောင့် သူတို့လေးတွေ ပိုမိုကုသိုလ်ပွားနိုင်စေရန်အလို့ငှါ
တစ်ကြိမ်တစ်ခါ တံမြတ်စည်းလှည်းရုံ နဲ့ ကောင်းကျိုးအလီလီခံစားရတဲ့ 
မထေရ်အကြောင်းလေးကို ဗဟုသုတအဖြစ် မျှဝေချင်ပါတယ်။
သူ့နာမည်က “သကိံသမ္မဇ္ဇမထေရ်”လို့ ခေါ်ပါတယ်။ 
ဝိပသီဘုရားလက်ထက်တုန်းကပေါ့ မထေရ်လောင်းဟာ 
တစ်နေ့မှာ “သခွက်ဗောဓိပင်” ရှေ့ရောက်တဲ့အခါ 
ဘုရားပွင့်ခဲ့တဲ့ ဗောဓိပင်ကို ကြည်ညိုစိတ်ဖြစ်ခဲ့တယ်။ 
နောက်ပြီး အဲအပင်အောက် မှာ ပြန့်ကျဲနေတဲ့ 
သစ်ရွက်တွေကို သန့်ရှင်းချင်စိတ်ပေါ်လာတာနဲ့ 
တံမြက်စည်းကိုင်ပြီး လှည်းခဲ့ပါတယ်။ 
တံမြတ်စည်းလှည်းခဲ့တာလေးကို စိတ်ထဲ အပြန်အလှန် 
အောက်မေ့ရင်း အပြန်မှာ စပါးကြီးမြွေနဲ့တွေ့လို့ 
အမျိုခံလိုက်ရပါတယ်။ သူဟာ ကောင်းတဲ့ အာရုံနဲ့ 
သေခဲ့တာဖြစ်လို့ သေပြီးနောက်မှာတော့ နတ်ပြည်မှာ 
နတ်သားသွားဖြစ်ခဲ့ပါတယ်။ နတ်စည်းစိမ်ကို ခံစားခဲ့တယ်။
အဲဒီအချိန်ကစပြီး သူရဲ့ စိတ်ဟာ နောက်ကျူခြင်းမရှိ၊ 
အမြဲကြည်လင်နေခဲ့တယ်။
နုနာ၊ ၀ဲနာ၊ ပွေးနာ၊ ၀က်ရူးပျံရောဂါ၊ အနာကြီးရော စတဲ့ 
အနာမျိုးစုံမှ ကင်းဝေးခြင်းအကျိုးခံစားခဲ့ရတယ်။
စိုးရိမ်ခြင်း၊ ပူပန်ခြင်းမရှိ၊ စိတ်ဓာတ် အမြဲ တည်ငြိမ်နေတယ်။ 
တစ်စုံတစ်ခုကြောင့် တုန်လှုပ်ခြင်းမရှိ။
သမာဓိကို လိုချင်တဲ့အချိန်မှာ ခဏလေးနဲ့ ရအောင် လုပ်နိုင်တယ်။
နှစ်သက်ဖွယ်အာရုံ၌ မနှစ်သက်၊ 
အမျက်ထွက်ဖွယ်အာရုံ၌ အမျက်မထွက်၊ 
တွေဝေစရာအာရုံ၌ မတွေဝေရပါ။
တံမြတ်စည်းလှဲခဲ့တဲ့အချိန်ကစလို့ “အပါယ်လေးပါး” 
လားရတယ်ဆိုတာ မရှိခဲ့ပါဘူး။
နောက်ဆုံး အခု ဂေါတမဘုရားရှင်လက်ထက်မှာ 
အာသဝေါကုန်ခမ်းလို့ “ရဟန္တာ” ဖြစ်ရပါတယ်။
ဒါဟာ ဗောဓိပင်အောက်မှာ တစ်ကြိမ်တစ်ခါ 
တံမြတ်စည်းလှဲခဲ့ရတဲ့ အကျိုးပါပဲ။ 
တစ်ကြိမ်တစ်ခါ စေတနာထက်သန်စွာ တံမြတ်စည်း
လှဲခဲ့တာလေးတောင် ခုလို ကြီးမားတဲ့အကျိုးပေးတယ်ဆိုရင် 
အကြိမ်များစွာပြုလုပ်တဲ့ စေတနာရှင်များ မှာ ပြောဖွယ်မလိုပါ။ 
ကိုယ်လုပ်တဲ့အလုပ်ရဲ့ မြင့်မြတ်မူလေးကို အာရုံပြုပြီး 
စေတနာတိုးပွားအောင်လုပ်ဆောင်ဖို့ပဲလိုပါတယ်။ 
ဒါ့အပြင် မိမိငယ်စဉ်က ရဖူးတဲ့ကဗျာလေးတစ်ပုဒ်ရှိပါတယ်။ 
ရေးတဲ့ဆရာတော်ကိုတော့မမှတ်မိတော့ပါဘူး။
“သူ့စိတ်ကိုယ့်စိတ်၊ ယိုဖိတ်ကြည်လင်၊
နတ်တို့လေးစား၊ သနားချစ်ခင်၊
ကြည်ညိုဖွယ်ကောင်း ဂုဏ်ပေါင်းမြတ်ရှင်၊
နတ်ပြည်ရောက်ထွန်းတောက်ကျိုးငါးအင်”တဲ့။
တံမြတ်လှည်းရခြင်းရဲ့ အကျိုးငါးပါးဖြစ်ပါတယ်။ 
လှည်းသူရဲ့စိတ်ရော မြင်တဲ့သူရဲ့စိတ်ရော ကြည်လင်ပါတယ်။ 
ဗုဒ္ဓဝေယျာဝေစ္စ၊ သံဃာ့ဝေယျာဝေစ္စလုပ်နေလို့ 
နတ်တွေလေးစားတယ်။ ချစ်ခင်စောင့်ရှောက်တယ်။ 
ဂုဏ်သတင်းတွေ သင်းပျံ့တယ်။
သေရင် နတ်ပြည်ရောက်တယ်။
ဒါကြောင့် မိတ်ဆွေများအားလုံး တံမြက်စည်းလှည်း
ကုသိုလ်ယူခြင်းဖြင့် ကောင်းကျိုးတရားတွေ ရရှိနိုင်ကြပါစေ။
- 【ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ】
Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm
“တံမြက်စည်းလှည်းခြင်း၏ အကျိုးကျေးဇူး ကြီးမားပုံ”
••••••••••••••••••••••••••••••••••••••••••••••
ယနေ့ခေတ်မှာ ခေတ်လူငယ်များ ဘုရားရင်ပြင်၊
ကျောင်းအ၀န်းစသည်တို့မှာ ညီညာစွာ တံမြတ်လှည်း
သန့်ရှင်းရေးလုပ်ကြတာ တွေ့မြင်ရလို့ ကြည်နူးမိပါတယ်။
**** သောတာပန်၏ဂုဏ်ရည်လေးချက် *****
သောတာပန်၏ဂုဏ်ရည်လေးချက်
-------------------------------------
၁။ ဘုရားရတနာကို အသက်နှင့်လဲ၍ ယုံကြည်သည်။
၂။ တရားရတနာကို အသက်နှင့်လဲ၍ ယုံကြည်သည်။
၃။ သံဃာရတနာကို အသက်နှင့်လဲ၍ ယုံကြည်သည်။
Thursday, April 24, 2014
“အကောင်း မြင်စေချင်ပါသည်”
Photo: “အကောင်း မြင်စေချင်ပါသည်”
••••••••••••••••••••••••••••••••••••••
ဘဝမှာကံအကြောင်းဆုံလို့ တွေ့ကြရတဲ့အချိန်လေးမှာ
အကောင်းမြင်စေချင်ပါတယ်။
ကိုယ့်ဘဝမှာတကယ်ဆုံဆည်းခွင့်ရတာ 
ဘယ်နှစ်ယောက်များရှိလို့လဲ။နည်းနည်းလေးပါ။
ဆုံခွင့်ရတဲ့သူအချင်းချင်း တစ်ဦး နှင့် တစ်ဦး 
နားလည်မှု ရှိစေချင်ပါတယ်။
မကောင်းမြင်ဖို့ဆိုရင် အမြင်ကောင်းဖို့လည်း လိုပါတယ်။
အမြင်ကောင်းဖို့ဆိုတာ မျက်စိကောင်းဖို့ ပြောတာမဟုတ်ပါဘူး။
တဖက်သားအပေါ်မှာ ထားရှိတဲ့ စိတ်နေစိတ်ထား ရိုးရှင်းဖို့ပြောတာပါ။
လူတစ်ယောက်ကို အကောင်းမြင်ဖို့ဆိုရင် ကြည့်တဲ့သူနှင့်ပဲ ဆိုင်ပါတယ်။
“အကောင်း”တွေချည်း စုနေတဲ့သူ မရှိသလို၊
“အဆိုး” တွေချည်း များနေတဲ့သူ လည်းမရှိပါဘူး။
ကြည့်တဲ့သူကအဆိုးတွေရွေးကြည့်ရင် 
စိတ်နှလုံး မသာမယာဖြစ်မယ်။
လူတစ်ယောက်ကို တစ်ခုလောက် မကောင်းမြင် ကြည့်လိုက်ပါ။
အဲဒီလူရဲ့မကောင်းတဲ့လုပ်ရပ်တွေ ကိုယ့်စိတ်ထဲ 
တစ်ခုပြီးတစ်ခု ရောက်လာပါလိမ့်မယ်။
အဲဒီ့အချိန်မှာ သူတစ်ပါးရဲ့ “မကောင်းကွက်”တွေ
နှလုံးသွင်းရလို့ သင့်စိတ်တွေ ပင်ပန်းနေလိမ့်မယ်။
လူတစ်ယောက်ကို တစ်ခုလောက်
“ကောင်းတာ” တွေ ရွေးကြည့်လိုက်ပါဦး။
အဲဒီလူရဲ့ ကောင်းကွက်တွေ၊သင့်စိတ်ထဲ တစ်ခုပြီးတစ်ခု ဝင်လာလိမ့်မယ်။
အဲဒီလူကိုကြည့်တဲ့ သင့်စိတ်ဟာ ကောင်းနေတဲ့အတွက် 
သင်ဟာစိတ်ကောင်းကို ပိုင်ဆိုင် ထားတဲ့ပုဂ္ဂိုလ်ဖြစ်ပြီပေါ့။
စိတ်ကောင်းကိုပိုင်ဆိုင်ထားတဲ့ ပုဂ္ဂိုလ်ကို ဆင်းရဲပင်ပန်းမှုတွေ 
မဖြစ်စေနိုင်တာကတော့ သေချာပါတယ်။
-【အရှင်ဝိလာသဂ္ဂ 
(ဗောဓိမြိုင်သစ္စာရွှေပြည်ဓမ္မရိပ်သာဆရာတော်)】
Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm 
“အကောင်း မြင်စေချင်ပါသည်”
•••••••••••••••••••••••••••••
ဘဝမှာကံအကြောင်းဆုံလို့ တွေ့ကြရတဲ့အချိန်လေးမှာ
အကောင်းမြင်စေချင်ပါတယ်။
ကိုယ့်ဘဝမှာတကယ်ဆုံဆည်းခွင့်ရတာ
ဘယ်နှစ်ယောက်များရှိလို့လဲ။နည်းနည်းလေးပါ။
“ အုပ်ချုပ်သူမကောင်းရင် တိုင်းပြည်ပျက်တယ် ”
Photo: “ အုပ်ချုပ်သူမကောင်းရင် တိုင်းပြည်ပျက်တယ်  ”
•••••••••••••••••••••••••••••••••••••••••••••••••••••••
သဗ္ဗံ ရဋ္ဌံ ဒုက္ခံ သေတိ ရာဇာ စေ ဟောတိ အဓမ္မိကော။
တိုင်းပြည်တစ်ပြည်တွင် အုပ်ချုပ်သူက တရားမရှိဘူး၊ အကျင့်
ပျက်ခြစားရင် အဲဒီတိုင်းပြည် အတိဒုက္ခရောက်ကြရတာပါပဲ။ 
The entire country plunges into misery if rulers are 
unrighteous, unscrupulous/corrupt.
ရှင်ဘုရင်သည် ခေါင်ချုပ်ပါ။ ခေါင်ချုပ်မလုံရင် တစ်အိမ်လုံးမိုး
ဆိုပါတယ်။ အချို့ကလည်း ပြည်သူတွေကလဲ ကောင်းမှ 
တိုင်းပြည်တိုးတက်တယ်လို့ပြောပါတယ်။ မှန်ပါတယ်။ 
အုပ်ချုပ်သူသာ တရားရှိရှိနဲ့ နေပြလိုက်ပါ၊ တရားနဲ့အညီ 
အုပ်ချုပ်လိုက်ပါ။ ပြည်သူတွေဟာ ပြောစရာမလိုအောင် 
စည်းကမ်းရှိတဲ့ ပြည်သူ၊ ယဉ်ကျေးတဲ့ ပြည်သူ ဖြစ်လာမှာပါ။ 
ဒါနဲ့ပတ်သက်ပြီး ဘုရားရှင်က အဓမ္မိက သုတ်မှာ အတိအလင်း
ဟောထားပါတယ်။
“ ချစ်သားရဟန်းတို့... ရှင်ဘုရင်တွေ တရားမဲ့ရင် ၀န်ထမ်းတွေ 
တရားပျက်တယ်။ ၀န်ထမ်းတွေတရားပျက်ရင် ရဟန်းပုဏ္ဏားနှင့် 
အိမ်ထောင်ဦးစီးတွေ တရားပျက်တယ်။ ရဟန်းပုဏ္ဏားနဲ့ 
အိမ်ထောင်ဦးစီးတွေ တရားပျက်ရင် ပြည်သူတွေ တရားပျက်တယ်။ 
ပြည်သူတွေ တရားပျက်ရင် နေ၊လ တို့ လမ်းကြောင်းမမှန်တော့ဘူး။ 
နေလတို့ မမှန်ရင် ကြယ်တာရာတွေ မမှန်တော့ပါ။ ကြယ်တာရာတွေ 
လမ်းကြောင်းမမှန်ရင် နေ့ည မမှန်၊ နေ့ညမမှန်ရင် လတွေ နှစ်တွေ၊ 
ရာသီဥတုတွေ၊ လေတွေ အကုန် ပုံမှန်မဟုတ်တော့ပါ။ အဲဒါတွေ
 ပုံမှန်မဟုတ်တော့ရင် နတ်တွေ စိတ်ပျက်ကြပါတယ်။ နတ်တွေ
စိတ်ပျက်ရင် လိုလောက်တဲ့ မိုးတွေ မရွာတော့ပါ။ လိုအပ်တဲ့မိုးမရွာရင် 
အသီးအနှံတွေ ပျက်စီးမယ်။ မှည့်ချိန်မှာ မမှည့်၊ မမှည့်ချိန်မှာ 
မှည့်ကြမယ်။ အဲဒီပုံမှန်မဟုတ်တဲ့ အသီးအနှံတွေကို စားရင် လူတွေ 
အသက်တိုမယ်။ ရုပ်ဆိုးမယ်။ အားနည်းမယ်၊ ရောဂါတွေ ထူပြောမယ်။
အပြန်အားဖြင့် ရှင်ဘုရင် ကောင်းရင် ကျန်တာတွေ အကုန်
ကောင်းမယ်  ” ဟု ဘုရားရှင်ဟောထားပါတယ်။
ဒါကြောင့် တိုင်းပြည်ကောင်းဖို့ရာမှာ ရှင်ဘုရင် အုပ်ချုပ်သူသည် 
အဓိက အခရာဖြစ်ပါသည်။
(ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ)
Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm 
“ အုပ်ချုပ်သူမကောင်းရင် တိုင်းပြည်ပျက်တယ် ”
•••••••••••••••••••••••••••••••••••••••••••••
သဗ္ဗံ ရဋ္ဌံ ဒုက္ခံ သေတိ ရာဇာ စေ ဟောတိ အဓမ္မိကော။
တိုင်းပြည်တစ်ပြည်တွင် အုပ်ချုပ်သူက တရားမရှိဘူး၊ အကျင့်
ပျက်ခြစားရင် အဲဒီတိုင်းပြည် အတိဒုက္ခရောက်ကြရတာပါပဲ။
“ကောင်းစွာ အိပ်စက်နိုင်ခြင်း အကြောင်း”
Photo: “ကောင်းစွာ အိပ်စက်နိုင်ခြင်း အကြောင်း”
••••••••••••••••••••••••••••••••••••••••••
အလွန်အေးလှတဲ့ ဆောင်းတွင်းတစ်နေ့ 
ရှင်တော်ဘုရား အာဠ၀ီမှာ သီတင်းသုံးနေချိန်ပေါ့။ 
မောင်ဟတ္ထကတစ်ယောက် မနက်စောစော ကျန်းမာရေးအတွက် 
လမ်းလျှောက်ရင်း ရှင်တော်ဘုရားထံခဏ၀င် ပြီး ဖူးမြော်ပါတယ်။
“ရှင်တော်ဘုရား၊ ညက ကောင်းကောင်းကျိန်းရပါသလားဘုရား”
“ကျိန်းရပါတယ် ဟတ္ထက၊ လောကမှာ ချမ်းချမ်းသာသာ
အိပ်တဲ့သူတွေထဲမှာ ငါလည်း ပါတယ် ဟတ္ထက။”
“ရှင်တော်ဘုရား၊ ဆောင်းညတွေဟာ အရမ်းအေးလှပါတယ်။ 
နှင်းခဲတွေလည်း မပြတ်ကျနေပါတယ်ဘုရား။ 
နွားခြေရာတွေ ထပ်နေတဲ့ မြေတွေကလည်း ကြမ်းတမ်းလှတယ်။
သစ်ရွက်ပမာဏကလည်း သေးတယ်။ 
သစ်ပင်ပေါ်က သစ်ရွက်တွေကလည်း ကျဲတယ်။ 
ရှင်တော်ဘုရား သင်္ကန်းသုံးထည်ကလည်း 
ဒီရာသီမှာ အအေးဒဏ်ကို မခံနိုင်ပါဘူးဘုရား။
ဒါတောင် ရှင်တော်ဘုရား က ကောင်းကောင်း
အိပ်စက်နိုင်တယ်လို့ ပြောတယ်။ 
အိပ်စက်နိုင်ရခြင်းအကြောင်းလေး ဟောတော်မူပါဦးဘုရား”
“ဟတ္ထက ဇိမ်ခံမွေ့ယာပေါ်မှာ၊ ဂွမ်းကပ်ဆောင်တွေခြုံပြီး 
မယားလေးယောက်တို့ရဲ့ အပြုအစုကို ခံကာ အိပ်စက်သော်လည်း
လောဘ၊ ဒေါသ၊ မောဟများနေရင် အဲလူဟာ 
ကောင်းကောင်းအိပ်ပျော်နိုင်ပါ့မလား”
“ငါဘုရားဟာ လောဘ၊ ဒေါသ၊ မောဟတွေကို 
အကြွင်းမဲ့ ပယ်သတ်ပြီးလို့ အမြဲတမ်းချမ်းချမ်းသာသာနဲ့ 
အိပ်ရတယ်။ ဒါကြောင့် လောကမှာ 
ချမ်းချမ်းသာအိပ်ရတဲ့သူတွေထဲမှာ ငါဘုရားဟာ 
တစ်ယောက်အပါအ၀င်ပါပဲလို့ ပြောတာပါ။”
ဒီတော့မှ မောင်ဟတ္ထကလည်း နားလည်းသဘောပေါက်ပြီး 
အားရမ်းဝမ်းသာ သာဓုခေါ်ကာ မိမိအိမ်သို့ ပြန်လှည့်လာခဲ့ပါတော့တယ်။
ဒါကြောင့် အားလုံးသောစာချစ်ပရိသတ်များ ကောင်းကောင်း
အိပ်ပျော်ချင်ရင် လောဘ၊ ဒေါသ၊ မောဟ နည်းအောင်လုပ်ပါ။ 
ဘယ်ချိန်အိပ်အိပ် ချမ်းသာပါလိမ့်မယ်။ 
လုံးဝကင်းရင်တော့ အချမ်းသာဆုံးပါပဲ။ 
ကောင်းစွာအိပ်စက်နိုင်ကြပါစေ။
- 【ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ】
Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm
“ကောင်းစွာ အိပ်စက်နိုင်ခြင်း အကြောင်း”
•••••••••••••••••••••••••••••••••••••
အလွန်အေးလှတဲ့ ဆောင်းတွင်းတစ်နေ့
ရှင်တော်ဘုရား အာဠ၀ီမှာ သီတင်းသုံးနေချိန်ပေါ့။
မောင်ဟတ္ထကတစ်ယောက် မနက်စောစော ကျန်းမာရေးအတွက်
လမ်းလျှောက်ရင်း ရှင်တော်ဘုရားထံခဏ၀င် ပြီး ဖူးမြော်ပါတယ်။
***** မိဘတိုင်းသိသင့်သော အမွေနှစ်မျိုး ****
မိဘတိုင်းသိသင့်သော အမွေနှစ်မျိုး
---------------------------------------
ဗုဒ္ဓဘာသာဝင် မိဘအများစုသည် မိမိတို့၏ သားသမီးများကို ဓမ္မအမွေပေးဖို့ ဂရုမစိုက်ကြ။ လောကီပစ္စည်း ဥစ္စာအမွေ လောကီပညာအမွေ ပေးဖို့လောက်ကိုသာ ဂရုစိုက်ကြသည်။
**** နိဗ္ဗာန်သွားမဲ့လမ်း မှုန်တုန်းပဲလား ****
Photo: ★အသက်တွေလည်းကြီး လာပြီး ၊
** လောဘ ဒေါသ မောဟတွေလည်းကြီးတုန်းပဲလား ။
★သွားတွေ ကျိုးနေပြီ ၊
** မာန်စွယ်တွေ မကျိုးသေးဘူးလား ။
★အရေတွေတွန့်နေပြီ ၊
** မကောင်းမှု အကုသိုလ် အလုပ်တွေမတွန့်သေးဘူးလား ။
★အသားတွေ လျော့နေပြီး ၊
** တဏှာ ဆန္ဒတွေ မလျော့သေးဘူးလား ။
★ဆံပင်တွေဖြူ နေပြီ ၊
** စိတ်ထားတွေ မဖြူ သေးဘူးလား ။
★မျက်စိတွေ မှုန်နေပြီ ၊
** နိဗ္ဗာန်သွားမဲ့လမ်း မှုန်တုန်းပဲလား ။ ။ ။
★သာသနာပြု ခရီးသည်းတစ်ဦး မေတ္တာဖြင့် မျှဝေပါသည် ★
Photo ..,.. Google
Yar Zar
 ★အသက်တွေလည်းကြီး လာပြီး ၊
** လောဘ ဒေါသ မောဟတွေလည်းကြီးတုန်းပဲလား ။
★သွားတွေ ကျိုးနေပြီ ၊
** မာန်စွယ်တွေ မကျိုးသေးဘူးလား ။
**** မေ တ္တာ ပွား ခြင်း ၏ အ ကျိုး [၁၁] မျိုး ****
Photo: မေ တ္တာ ပွား ခြင်း ၏ အ ကျိုး [၁၁] မျိုး _
*************************
၁ ။ ချမ်း သာ စွာ အိပ် ရ ခြင်း ၊
၂ ။ ချမ်း သာ စွာ နိး ထ ရ ခြင်း ၊
၃ ။ အိမ် မက် ဆိုး ကို မ မြင် မက် ခြင်း ၊
၎ ။ နတ် တို့ က စောင့် ရှောက် ခြင်း ၊
၅ ။ လူ အ များ ချစ် ခင် ခြင်း ၊
၆ ။ မီး ဘေး မ သင့် နိုင် ခြင်း ၊
၇ ။ အ ဆိပ် ၊ လက် နက် မ သင့် ရောက် နိင် ခြင်း ၊
၈ ။ စိတ် တည် ကြည် ခြင်း ၊
၉ ။ မျက် နှာ ကြည် လင် ခြင်း ၊
၁၀ ။ တွေ ဝေ စွာ မ သေ ရ ခြင်း ၊
၁၁ ။ သေ လွန် လျှင် ဗြ ဟ္မာ့ ပြည် ရောက် နိင် ခြင်း ၊ တို့ ဖြစ် သည် ။
ရှေး ဦး စွာ မေ တ္တာ မ ပွား ရ သည့် ပု ဂ္ဂိုလ် များ
_  ____   _____   _____   _____    ____   __
၁ ။ မ ချစ် ခင် အပ် တဲ့ ပု ဂ္ဂိုလ် ၊
၂ ။ အ လွန် ချစ် လွန်း တဲ့ ပု ဂ္ဂိုလ် ၊
၃ ။ မ ချစ် လွန်း ၊ မ မုန်း လွန်း တဲ့ ပု ဂ္ဂိုလ်၊
၎ ။ ရန် သူ ပု ဂ္ဂိုလ် ၊
မေ တ္တာ လုံး လုံး မ ပွား သင့် သည့် ပု ဂ္ဂိုလ် များ
___    _____    ______    _____   ____     _
၁ ။ လိင် အ သွင် မ တူ တဲ့ သူ ကို သီး သန့် မေ တ္တာ မ ပွား သင့် ဘူး ၊
၂ ။ သေ လေ ပြီး သော သူ ကို လဲ မေ တ္တာ မ ပွား သင့် ဘူး ။
***  ရှေး ဦး စွာ မိ မိ ကိုယ် ကို မေ တ္တာ အ ရင် ပွား ရ မည်။
[၁] ငါ သည်  ......
ဘေး ရန် ကင်း ပါ စေ ၊
စိတ် ဆင်း ရဲ ကင်း ပါ စေ ၊
ကိုယ် ဆင်း ရဲ ကင်း ပါ စေ ၊
ကိုယ် စိတ် နှစ် ဖြာ ချမ်း သာ စွာ ဖြင့် မိ မိ ၏ ခ န္ဓာ ၀န် ကို ရွက် ဆောင် နိုင် ပါ စေ ။
[၂] ချစ် ခင် အပ် သော ပု ဂ္ဂိုလ် တို့ သည် .......
ဘေး ရန် ကင်း ကြ ပါ စေ ၊
စိတ် ဆင်း ရဲ ကင်း ကြ ပါ စေ၊
ကိုယ် ဆင်း ရဲ ကင်း ကြ ပါ စေ ၊
ကိုယ် စိတ် နှစ် ဖြာ ချမ်း သာ စွာ ဖြင့် မိ မိ တို့ ခ န္ဓာ ၀န် ကို ရွက် ဆောင် နိုင် ကြ ပါ စေ ။
[၃ ] မ ချစ် လွန်း ၊ မ မုန်း လွန်း သော ပု ဂ္ဂိုလ် တို့ သည် ........
ဘေး ရန် ကင်း ကြ ပါ စေ၊
စိတ် ဆင်း ရဲ ကင်း ကြ ပါ စေ ၊
ကိုယ် ဆင်း ရဲ ကင်း ကြ ပါ စေ ၊
ကိုယ် စိတ် နှစ် ဖြာ ချမ်း သာ စွာ ဖြင့် မိ မိ တို့ ခ န္ဓာ ၀န် ကို ရွက် ဆောင် နိုင် ကြ ပါ စေ ။
[ ၄ ] ရန် သူ ပု ဂ္ဂိုလ် တို့ သည် .........
ဘေး ရန် ကင်း ကြ ပါ စေ ၊
စိတ် ဆင်း ရဲ ကင်း ကြ ပါ စေ ၊
ကိုယ် ဆင်း ရဲ ကင်း ကြ ပါ စေ ၊
ကိုယ် စိတ် နှစ် ဖြာ ချမ်း သာ စွာ ဖြင့် မိ မိ တို့ ခ န္ဓာ ၀န် ကို ရွက် ဆောင် နိုင် ကြ ပါ စေ ။
အ ရပ် ဆယ် မျက် နှာ နေ အား လုံး သော သ တ္တ ၀ါ တွေ .........
ဘေး ရန် ကင်း ကြ ပါ စေ ၊
စိတ် ဆင်း ရဲ ကင်း ကြ ပါ စေ ၊
ကိုယ် ဆင်း ရဲ ကင်း ကြ ပါ စေ ၊
ကိုယ် စိတ် နှစ် ဖြာ ချမ်း သာ စွာ ဖြင့် မိ မိ တို့ ခ န္ဓာ ၀န် ကို ရွက် ဆောင် နိုင် ကြ ပါ စေ ။
Phyusin Shin Thant
မေ တ္တာ ပွား ခြင်း ၏ အ ကျိုး [၁၁] မျိုး
*****************************
၁ ။ ချမ်း သာ စွာ အိပ် ရ ခြင်း ၊
၂ ။ ချမ်း သာ စွာ နိး ထ ရ ခြင်း ၊
၃ ။ အိမ် မက် ဆိုး ကို မ မြင် မက် ခြင်း ၊