ခရုံဂူဘုရားသမိုင်းကြောင်း
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ခရုံကျေးရွာ အတွင်းတွင် တည်ရှိပြီး သဘာဝထုံးကျောက်ဂူ အမျိုးအစားဖြစ်သည်။သံလွင်မြစ်၏ မြစ်လက်တတ် ဖြစ်သော အတ္ထရံမြစ်၏ အရှေ့ဘက်တွင် ရှိပြီး ပင်လယ်ရေမျက်နှာပြင် အထက်ပေ (၃၀)ခန့်တွင် တည်ရှိသည်။ခရုံဂူ၏ အရေးပါသည်.့ယဉ်ကျေးမှု လက္ခဏာမှာ ဂူအတွင်းနံရံနှင့် အမိုးမျက်နှာကြက် တွင် မြေမီးဖုတ် အုတ်ချပ် ဗုဒ္ဓဆင်းတုတော် များ ကပ်လှုပူဇော်ထားခြင်းသည်။ အုတ်ခွက် ဘုရားများ၏အတိုင်းအတာမှာ အလျား(၃)လက္မ အနံ (၆) လက္မ အထု (၀.၆) လက္မ ခန့်ရှိပြီး ဘူမိဖသမုဒြာ ဟန်ပုံများရှိသည်။ ပြုလုပ်သူအတတ်နှင့် လက်ယာအနေအထားအရ ညောင်ရမ်းခေတ် (အေဒီ- 17 ရာစု ) ဟုခန့်မှန်းရပါသည်။ အချို့နေရာများတွင် အုတ်ခွက်ဆင်းတုတော်များ သဘာဝဘေးဒဏ်နှင့် နှစ်ကာလ ကြာမြင့်လာသောကြောင့် ပျောက်ဆုံး လစ်ဟာ နေသည်ကိုတွေ့ ရှိရသည်။ဂူအတွင်းတွင် နှောင်းခေတ်မှအလှုရှင်များ လှုဒါန်းထားသော ဗုဒ္ဓဆင်းတုတော်ပေါင်း(၆၅)ဆူပြီး (၅)ဆူမှာ လျောင်းတော်မူရုပ်ပွားတော်များ ဖြစ်သည်။
ခရုံဂူအား (၁၉၇၅) ခုနှစ်မှစတင်ပြီး ယဉ်ကျေးမှု ၀န်ကြီးဌာနရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန တို့မှ ထိမ်းသိမ်းစောင့်ရှောက်ထားပါသည်။
မူရင်း- ခရုံဂူမှတ်တမ်းကျောက်စာမှ ခံစားမျှဝေသည်။
No comments:
Post a Comment