“တရားပွဲအလှူ နိုးဆော်အသိပေးခြင်း”
@@@@@@@@@@@@@@@
သာသနာပြု အထောက်အကူပြု လုပ်ငန်းများတွင် တက်စွမ်းသမျှ ပါဝင်ရွက်ဆောင်ရန်
ရည်ရွယ်ချက်ဖြင့် ဓမ္မဆိုဒ်(www.buddhismworld.ning) ကိုယ်စားပြု
“ဗုဒ္ဓကမ္ဘာသာသနာဟိတအသင်း” သည့် (၁၂)ကြိမ်မြောက် အလှူ ပွဲကိုတော့ ယခင်အလှူ ပွဲများနဲ့မတူ ကျုံပျော်မြို့ နယ် ၊ သောင်ကြီးကျေးရွာတွင် ၄-ညတိုင်တိုင် ဓမ္မပူဇာသဘင်ပွဲကို မတည်လှူဒါန်း ဆင်ယင်ကျင်းပပေးပါမည်။
ယခု ဆိုဒ်(၄) နှစ်ပြည့် အထိမ်းအမှတ် အလှူကိုတော့ ယခင် နှစ်များနဲ့မတူ ထူးခြားစွာဖြင့် (၄)ည တရားပွဲုကို ကျေးရွာဒေသတခုမှာ မတည်လှူဒါန်းမှု ပြုပေးပါမည်။သာသနာအထောက်အကူပြု လုပ်ငန်းများတွင် တက်စွမ်းသမျှ ပါဝင်ဆောင်ရွက်ရန် ဆိုဒ်ကိုယ်စားပြုအဖြစ် “ဗုဒ္ဓကမ္ဘာသာသနာဟိတအသင်း” ကို ဖွဲ့စည်းစဉ်ကပင် တရားပွဲများ မတည်လှူဒါန်း ကျင်းပပေးရန် ဆိုသည့်ရည်ရွယ်ချက်(၁)ချက် ပါဝင်ခဲ့သော်လည်း ကျင်းပပေးနိုင်လောက်တဲ့ အခြေအနေမရှိသောကြောင့် စိတ်ကူးနဲ့သာ ကျေနပ်ခဲ့ရ၏။
ယခု အသင်းသက်တမ်း (၃) နှစ်ပြည့်မြောက် အချိန်အခါမှာတော့ အသင်းသူ-အသင်းသား၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှု ၊ဆိုဒ်တွင်း-ဆိုဒ်ပြင် ဓမ္မဆွေတော်မျိုးတော်အပေါင်းရဲ့ သဒ္ဒါအားနဲ့ တရားပွဲအလှူကို ပုံဖေါ်နိုင်မည်ဟု ယုံကြည်ပါ၏။တရားပွဲကျင်းပပေးရာ ကျုံပျော်မြို့နယ် ၊ သောင်ကြီးကျေးရွာသည်..ရန်ကုန်မှ မိုင်(၁၀၀)၀န်းကျင်ဝေးပါသည်။
အသင်းသူ-အသင်းသား ဓမ္မမိတ်ဆွေအများစု စုဝေးရာရန်ကုန်မြို့ပေါ်မှာ တရားပွဲထည့်သွင်းကျင်းပပေးပါက ပိုမိုလွယ်ကူစွာ ဆောင်ရွက်နိုင်ပါသော်လည်း တကူးတကအပင်ပန်းခံ၊ အခက်အခဲတချို့ကို ရင်ဆိုင်ကျော်လွှာ၍ ကျေးလက်တောရွာ ဒေသတခုမှာ တရားပွဲသွားရောက်မတည်လှူဒါန်းခြင်းမှာ အကြောင်းရှိပါ၏။
ရန်ကုန်မြို့ပေါ်မှာက ဟိုဘက်ရပ်မှာ တရားပွဲ ၊ ဒီဘက်ရပ်ကွက်တရားပွဲ ၊ ဟိုဘက်လမ်းတရားပွဲ ၊ ဒီဘက်လမ်းတရားပွဲနဲ့ တရားပွဲတွေက မနာယူချင်မှအဆုံး အတော်ပေါလှပါတယ်။ မြို့ဝန်းကျင် နေသူများအတွက်တော့ အလွယ်တကူတရားနာယူခွင့် ရှိကြပါတယ်။
ကျေးလက်ဒေသများမှာတော့ “ငါတို့ရွာမှာ တရားပွဲရှိတယ်ဟေ့” ဆိုသော အသံ တစ်နှစ်နေလို့တစ်ခါ ၊ နှစ်နှစ်နေလို့တစ်ခါ ကြားခွင့်မသာလှပါဘူး။ နာမည်ရ-နာမည်ကျော် ဓမ္မကထိက ဆရာတော်တစ်ပါးရဲ့ တရားကိုမျက်မြင်ဒိဌိ နာယူခွင့်ရဖို့ သူတို့အဖို့မှာ အတော်ခက်ခဲ့လှပါတယ်။
ဒါကြောင့်မို့ ဆိုဒ်(၄) နှစ်ပြည့်မြောက် တရားပွဲအလှူကို ရည်ရွယ်ချက်ရှိရှိထားက တမင်အပင်ပန်းခံကာ လုပ်ဆောင်ပေးခြင်းသာ ဖြစ်ပါတယ်။
ယခုတရားပွဲအလှူကိုလည်း အားလုံးသော ဓမ္မမိတ်ဆွေအပေါင်း၏ တက်စွမ်းသည့်ဘက်မှ ပူးပေါင်းပါဝင်ဆောင်ရွက်မှုဖြင့် အခက်အခဲမရှိ အောင်မြင်စွာ ကျင်းပပေးနိုင်မည်ဟု အကြွင်းမဲ့ယုံကြည်ပါသည်။
တရားဒေသနာများ ဟောကြားချီးမြှင့်တော်မူကြမည့် ဆရာတော်များမှာ.....
၁။ ဘဒ္ဒန္တဒေါက်တာစန္ဒာဝရာဘိဝံသ (ကျို က္ကလော့ဆရာတော်) ၊၁၃၇၆ ခု ၊တန်ခူးလဆန်း ၇ ရက် ၊ကြာသပတေးနေ့ ။(၂၆ . ၃ . ၂၀၁၅)
၂။ ဘဒ္ဒန္တအရှင် ဣန္ဒက (တွံတေးဆရာတော်) ၊ ၁၃၇၆ ခု ၊ တန်ခူးလဆန်း ၈ ရက်သာကြာနေ့ ။
(၂၇ . ၃ .၂၀၁၅)
၃။ ဘဒ္ဒန္တ ပညာဝံသ (၀ါးခယ်မဆရာတော် ) ၊ ၁၃၇၆ ခု ၊ တန်ခူးလဆန်း ၉ ရက် ၊ စနနေ့။ (၂၈ . ၃ . ၂၀၁၅ )
၎။ ဘဒ္ဒန္တ ပညာဝံသ (၀ါးခယ်မဆရာတော် ) ၊ ၁၃၇၆ ခု ၊ တန်ခူးလဆန်း ၁၀ ရက် ၊ တနင်္ဂနွေနေ့။ (၂၉ . ၃ . ၂၀၁၅ )
ပါဝင်လှူ ဒါန်းလိုက အောက်ပါအကျိုးတော်ဆောင်များထံ ဆက်သွယ်နိုင်ပါ၏။
(၁) မနီလာ (ရန်ကုန်)
ဖုန်းနံပါတ် - 095161478
(၂) မဇင်မာညို (လားရှိုး-ရှမ်းပြည်)
ဖုန်းနံပါတ် - 09403727975
(၃) မအေးသီတာ (ရန်ကုန်)
ဖုန်းနံပါတ် - 09420011104
(၄) မ၀ါဝါမြင့် (ရန်ကုန်)
ဖုန်းနံပါတ် - 095197870
(၅) မဖြူဖြူသီ (ရန်ကုန်)
ဖုန်းနံပါတ်-095500866
(၆) မနန်းယု (ရန်ကုန်)
ဖုန်းနံပါတ် - 0931597694
(၇) မဇင်မာဦး (ပဲခူး)
ဖုန်းနံပါတ် - 09250159113
(၈) မခင်မို့မို့ဝင်း (ရန်ကုန်)
ဖုန်းနံပါတ် - 09316300272
(၉) မဆုမွန်ထွေး (ရန်ကုန်)
ဖုန်းနံပါတ် - 09420188860
(၁၀) မသဇင်ဝင်း (တာချီလိတ်)
ဖုန်းနံပါတ် - 0931411347
(၁၁) မသူဇာအေး (ရန်ကုန်)
ဖုန်းနံပါတ် - 09420010771
(၁၂) ကိုကောင်းမြတ်ဇော် (ရန်ကုန်)
ဖုန်းနံပါတ် - 0950189681
(၁၃)ကိုကျော်ဝဏ္ဏ (မလေးရှား)
ဖုန်းနံပါတ်-0172218148
(၁၄)ကိုလှမိုး (ဆစ်ဒနီ)
ဖုန်းနံပါတ်-၀၄၁၈၂၈၈၆၃၄
(၁၅)ဒေါ်မေကျော့ရှင်း (ဘန်ကောက်)
ဖုန်းနံပါတ်-00662691-9237 (6681-939-5175)
(၁၆) ကိုအောင်ဇော်ဟိန်း ( မုံရွာ)
ဖုန်းနံပါတ် - 09420149666
(၁ရ) ကိုလှိုင်ကျော်ထွေး (ရန်ကုန်)
ဖုန်းနံပါတ် - 0931543530
09799250993
မှတ်ချက်။ ။ဟောကြားတော်မူမည့် တရားခွေများကိုလည်း ဓမ္မဒါနလက်ဆောင်မွန်ပြုပေးပါမည်။(ပါဝင်လှူ ဒါန်းသူဖြစ်စေ/အကြောင်းမညီညွတ်လို့ ပျက်ကွက်ခဲ့သူဖြစ်စေ) မည်သူ့ကိုမဆို အခွေအကန့်အသတ်မရှိ ဓမ္မဒါနပါမည် အလိုရှိသလောက် ကြိုတင်မှာယူနိုင်ပါ၏။ ရပ်နီး-ရပ်ဝေး(ပြည်ပမှကြွင်း၍) မြို့နယ်များအထိပါ အိမ်တိုင်ရာရောက်မဟုတ်သော် အနီးစပ်ဆုံးအထိ ကြိုးစားပို့ဆောင်ပေးပါမည်။

No comments:
Post a Comment