>>>> သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ <<<<
ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းကြီး ဖြစ်ပေါ်လာပုံ
*****************************
ဆရာတော်သည် ပလပ်စတစ်ခွက်ကလေး
များကို ချကာချကာဖြင့် ပဋိစ္စသမုပ္ပါဒ်ကြောင်း
ကျိုးဖြစ်ပုံ ၊ လယ်ပုံ ၊ ပြတ်ပုံတို့ကို ပြသတော်
မူ၏ ၊
ရှေးကထက်ပို၍ ပရိသတ်တွေ ထင်
ထင်ရှားရှား မြင်သာလာသည် ၊ ကျေနပ်မှုတွေ
ဖြစ်ကြရ၏ ၊ နှစ်သက်မှုတွေ ဖြစ်ကြရ၏ ၊ အ
တန်ကြာသောအခါ ဦးထွန်းရင်သည် တစ်ဆင့်
တက်၍ လျှောက်ပြန်၏ -
"ဆရာတော်ဘုရား -- ဆရာတော်ဘုရားရဲ့
ဟောပြချက်အရ ပဋိစ္စသမုပ္ပါဒ်အကြောင်း-အ
ကျိုးဆက်နေပုံတွေကို တပည့်တော်တို့နားလည်
ရပါတယ် ။
အကြောင်းကို မဖြတ်တတ်ရင် ပဋိစ္စသမု
ပ္ပါဒ် ချားရဟတ်လို လယ်ရပုံ ပတ်ရပုံကိုလဲ တ
ပည့်တော်တို့ သဘောပေါက်ရပါတယ် ။
ဒီတော့ ကြောင်းကျိုးဆက်နေပုံ ၊ မဖြတ်
တတ်ရင် လယ်ရပုံ ၊ ဖြတ်တတ်လို့ ရှိရင်လဲ
ပြတ်သွားပုံတို့ကို ဆရာတော်ဘုရားက စာရွက်
ပေါ်မှာ ရေးပြစေချင်ပါတယ်ဘုရား ။
အဲဒါကို တပည့်တော်တို့က ပုံကြီးချဲ့ပြီး
တော့ သုံးထပ်သားတို့လို အပေါ်မှာ ရေးမယ် ၊
ရေးပြီးတော့ ဆရာတော့်ဘေးမှာ ထောင်ပေး
မယ် ၊ အဲလိုဆိုရင် ဆရာတော် ရှင်းပြရတာ
လွယ်မယ်ထင်တယ်ဘုရား ၊ ပို၍လဲ သက်သာ
မယ် ထင်တယ်ဘုရား--"
ဤသို့လျှောက်ထားသည်ကို ဆရာတော်ကြီးက
"အေးကွ -- ဒါဆိုရင် ဒကာ ဒကာမတွေ ပိုပြီး
အမြင်ရှင်းမယ် ၊ ပို၍လဲ သိလွယ်မယ်ကွ ၊ ငါ
စီစဉ်လိုက်အုံးမယ်" ဟု မိန့်တော်မူကာ လက်ခံ
တော်မူပါသတတ် ။
နောက်တစ်နေ့တွင် စာရွက်ငယ်ပေါ်၌ သပ်
သပ်ရပ်ရပ် ဝိုင်းထားသော စက်ဝိုင်းကလေး ၊
ယင်း၏အတွင်း၌ ပဋိစ္စသမုပ္ပါဒ် အင်္ဂါ -၁၂ ပါး ၊
သူ့နေရာနှင့်သူ အကန့် - အကန့်ခြား၍ ထည့်
သွင်းပြထား၏ ၊ သစ္စာအားဖြင့်လည်း ခွဲပြထား
သည် ၊ အလွှာအားဖြင့်လည်းကောင်း ၊ ကာလ
အားဖြင့်လည်းကောင်း ၊ အစပ်အားဖြင့်လည်း
ကောင်း ၊ ဝဋ်အားဖြင့်လည်းကောင်း ၊ အခြင်း
အရာအားဖြင့် လည်းကောင်း ခွဲခြားစိတ်ဖြာ၍
ပြထား၏ ။
ထိုသို့ စီစဉ်ထားသော စက်ဝိုင်းကလေးကို
ဦးထွန်းရင်တို့အား ပေးအပ်ချီးမြှင့်သည် ဆို၏ ။
ယင်းကိုမှတစ်ဖန် ဦးထွန်းရင်တို့က သုံးထပ်သား
အပြားကြီးပေါ်တွင် ပုံကြီးချဲ့ကာ စက်ဝိုင်းကြီး
ရေးလိုက်ကြ၏ ၊ ပြီးလျှင် ယင်းစက်ဝိုင်းကြီးအ
တွင်း၌ ( ဆရာတော် ညွှန်ပြထားသည့်အတိုင်း )
သူ့နေရာနှင့်သူ စာသားတို့ကို သွင်း၍ပေးလိုက်
သည် ၊ ထိုအခါမှစ၍ ဆရာတော်၏ဘေးနား
တွင် ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းကြီး ပေါ်ပေါက်လာ
တော့၏ ။
ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းကြီးနှင့် ပြကာမှ ပို၍
ပင် စိတ်ဝင်စားစရာ ဖြစ်လာကြသည် ၊ ပရိ
သတ်တို့က များ၍ များ၍လာသောအခါ စက်
ဝိုင်းကြီးအတွင်းက စာသားတို့ကို ဝေးတဲ့သူတို့
က သဲသဲကွဲကွဲ မမြင်ကြရ ။
ထို့ကြောင့် နောက်ပိုင်းတွင် ဝေးတဲ့သူများ
မြင်ရအောင်ရယ် ၊ နောက်တစ်နည်း ကိုယ့်အိမ်
မှာ ကိုယ့်ဘာသာကိုယ် ပြန်၍ လေ့လာနိုင်
အောင်ရယ် ရည်ရွယ်၍ စက္ကူစက်ဝိုင်းအသေး
စားကလေးတွေပါ စီစဉ်ရိုက်နှိပ် ဖြန့်ဝေပေး
လေသည် ၊ ယခုအခါတွင်ကား လူတိုင်းအနှံ့
အိမ်တိုင်းအနှံ့ မြို့ရွာအနှံ့ ပြန့်၍နေတော့သည်။
( မန္တလေးမြို့တော်ကြီးတွင် မင်းတုန်းမင်းကြီး
လက်ထက်က မင်းကိုးကွယ်ခံ အကျော်အမော်
ပဏ္ဍိတဓဇ သိရီပဝရ မဟာဓမ္မရာဇာဓိရာဇဂုရု-
ဘွဲ့တံဆိပ်တော်ရ မိုင်းကိုင် ဆရာတော်ဘုရား
ကြီးသည် - ဝီထိပုံ ၊ ဘုံစဉ် ၊ ဆန်းပုံ ၊ သိမ်ပုံ -
ကျမ်းစာအုပ်ကြီးတစ်အုပ် ရေးသားထုတ်ဝေဖူး
သည် ၊ ယင်းစာအုပ်ကြီး စာမျက်နှာ -၆၈ တွင်
ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်း ပါသည် ၊ မိုးကုတ်ဆရာ
တော်ဘုရားကြီး၏ အနီးတွင် ယင်းစာအုပ်ကြီး
ရှိ၏ ၊ သို့သော် မိုးကုတ်ဆရာတော်ဘုရားကြီး
က ယင်းစက်ဝိုင်းကို အကုန်ကူးယူသည်မဟုတ်၊
ပုံတူ ကူးချသည်ကား မဟုတ် ၊ အခြေခံမျှသာ
အမှီပြုဟန် ရှိသည် ၊ အဘယ့်ကြောင့်ဆိုသော်
အတွင်းစာသားချင်း ထားပုံ သိုပုံချင်း မတူကြ
သောကြောင့် ဖြစ်လေသည်။ )
မှတ်ချက် ။ ။ ၁၃၂၂- ခု၊ တပေါင်းလဆန်း(၁၄)
ရက် ( ၁၉၆၁- ခု၊ ဖေဖော်ဝါရီ-၂၇ရက်) နေ့တွင် ဟောသောတရားပွဲ
၌ ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းကြီးကို ဆရာတော်ကြီးထောက်ပြနေပြီ ၊ ထိုအချိန်မှစတင်၍ ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းကြီးကို အသုံးပြုနေလေပြီ ။
မိုးကုတ်ဆရာတော်ဘုရားကြီး ၏
တစ်ဘဝ သာသနာ ( စာ - ၃၄၄ )
https://www.facebook.com/umg.myint/posts/442592145886366:0

No comments:
Post a Comment