
* အဝေးမှာရှိတဲ့ ရန်သူထက်
အနီးမှာရှိတဲ့ရန်သူကကြောက်စ
ကောင်းတယ်……။
**အနီးမှာရှိတဲ့ ရန်သူထက် မိမိရဲ့
အတွင်းစိတ်က ပိုကြောက်စရာ
ကောင်းပါလား………။
**သူတစ်ပါးရဲ့ အပြုအမှု / အပြော
အဆို တွေကို ဘာလို့ ဥပေက္ခာမပြု
နိုင်ပဲ လိုက်ခံစားနေရပါလိမ့်။
--------------------------
"ခန္တီ စ သောဝစဿတာ သမဏာ
နဉ္စ ဒဿနံ။
ကာလေန ဓမ္မသာကစ္ဆာ ဧတံ မင်္ဂလ မုတ္တမံ ။''
အို … နတ်သား -
သည်းခံတတ်ခြင်း/ သူတော်
ကောင်းတို့က ဆုံးမသည့်စကားကို
နာယူလွယ်ခြင်း/ သူတော်ကောင်း
ရဟန်းတို့အား ဖူးမြော်ရခြင်း/ အခါ
အခွင့်သင့်တိုင်း တရားဆွေးနွေး
မေးမြန်းခြင်း/ ဤတရားလေးပါးကို
လည်း မြတ်သော မင်္ဂလာ ဟူ၍
သင်မှတ်ဦးလော့ ။
••မြတ်စွာဘုရားဟောကြားတော်မ
သော မင်္ဂလသုတ် (အပိုဒ် - ၁၂)
--------------------------
မိမိသည် ခန္တီပါရမီအားနည်းလွန်း
လှပါတကား ……
No comments:
Post a Comment