/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /http://4.bp.blogspot.com/-64lFCmprlo4/UlIK93uB36I/AAAAAAAAANM/xlqs8O3Iljg/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Monday, December 8, 2014

***** အရိယာတို့၏ မြင့်မြတ်သောနေနည်းများ *******

Photo: မရေရာတဲ့သံသရာ သေချာတဲ့သာသနာ
****************************
  အဖန်ဖန် အထပ်ထပ် ဆက်စပ်ပြီးဖြစ်ပျက်နေ
ခြင်းကိုသံသရာဟုဆိုသည်။လူ နတ် ဗြဟ္မာ ငရဲ
တိရစ္ဆာန် ဘဝတွေ အကြိမ်ကြိမ်လှည့်လည်ကူး
သန်းဖြစ်ပျက်နေခြင်းသည် မြင်သာထင်သာ သံ
သရာဖြစ်သည်။စိတ်ကလေးတွေတစ်စိတ်ပြီးတစ်
စိတ် ကလာပ်စည်းလေးတွေတစ်ခုပြီးတစ်ခု ဖြစ်
လာပျက်သွားနေခြင်းသည် မမြင်ကြ မထင်ကြတဲ့
သံသရာဖြစ်သည်။မြင်သာထင်သာ ဘဝသံသရာ
ကြီးကိုသာမြင်ကြပြီး မမြင်သာမထင်သာ ရုပ်နာမ်
သံသရာကြီးကို မမြင်ကြလို့လည်း သံသရာကြီး
ထဲ ဝဲလည်နေကြခြင်းဖြစ်သည်။ပညတ်သံသရာ
ကိုသာမြင်ကြ၍ ပရမတ်သံသရာကိုမမြင်နိုင်ခြင်း
မှာ သေချာတဲ့သာသနာကြီးအတွင်း၌ မသေချာတဲ့
နေနည်းဖြစ်လေသည်။

    မိုးကုတ်ဆရာတော်ကြီးကတော့ သစ္စာဥာဏ်မ
ပေါက်သေးသမျှ သံသရာပင်လယ်ကြီးထဲ ငရဲ
တိရစ္ဆာန် ပြိတ္တာဘဝမျိုးနဲ့ မြု ပ်မျောမျောရမယ်။
လူ နတ် ဗြဟ္မာ ဘဝမျိုးနဲ့ ပေါ်မျော မျောရမယ်ဟု
သံသရာအရေးကိုတွေးပြီး မိန့်တော်မူခဲ့ဘူးသည်။
သံသရာကြီးရဲ့အစကို အကောင်အထည်အစ
အနေနဲ့ အထည်စကိုဆွဲထုတ်ပြဖို့က   မတတ်
ကောင်းဘူး။ဓမ္မကိုဆွဲထုတ်ပြပါဆိုရင်တော့ သံသ
ရာဘယ်ကစ မသိတာကစဟု သံသရာ့အမြစ်
ကြီးဖြစ်တဲ့ အဝိဇ္ဇာ ကိုထုတ်ပြလေသည်။

   မြုပ်မျောမျောတဲ့သံသရာကို အယူမှားခြင်းဒိဋ္ဌိက
ဖြစ်စေ၍ ပေါ်မျောမျောတဲ့သံသရာကိုတော့ လိုချင်
တပ်မက်မှု တဏှာက ဖြစ်စေလေသည်။သံသရာ
ကြီးထဲ အားခဲပြီးသွားနေသူလည်းရှိသည်။သံသ
ရာကထွက်မြောက်အောင်အားထုတ်၍ အေးငြိမ်း
မှု သုခကို အရယူသွားသူလည်းရှိသည်။ဒိဋ္ဌိတန်း
လန်း မာနတန်းလန်း တဏှာတန်းလန်းဖြင့် တန်း
လန်းသမားတွေကပုထုဇဉ်တွေမို့ သံသရာကြီးထဲ
ယက်ကန်ယက်ကန်သွားနေကြဆဲဖြစ်သည်။
ဒိဋ္ဌိ မာန တဏှာကို တစ်စမချန် ခွာလှန်ဖယ်ချနိုင်
ခဲ့သူ အရိယာပုဂ္ဂိုလ်များကတော့ သံသရာကြီးထဲ
ကထွက်မြောက်၍ အမတဘုံမှာစံကြလေကုန်၏။

    သံသရာကြီးထဲမှာယက်ကန်ယက်ကန်ကူးခတ်
နေကြတဲ့ပုထုဇဉ်များအဖို့ ဦးတည်ရည်မှန်းရာ
ကမ်းပျောက်နေတတ်ကြလေသည်။ရေရာသေချာ
တဲ့ကမ်းကိုမမြင်နိုင်ပဲ ရမ်းကူး မှန်းကူးဖြင့် မေ့မူး
တွေဝေနေကြသဖြင့် ပရမ်းပတာနိုင်လှပေသည်။
ငါဒီဘဝကသေရင် နတ်ပြည်ကူးမယ် ဗြဟ္မာပြည်
ကူးမယ် သေချာရွေးချယ်ခွင့်မရှိပေ။သစ်ပင်ပေါ်
ကသစ်ရွက်ကလေးတွေကြွေကျ ၍ ကျ ချင်ရာ
ကျသလို ရောက်ချင်ရာဘဝကိုရောက်ရတဲ့ ပရမ်း
ပတာဘေးဟုဆိုသော ဝိနိပါတဘေးကြီးအမြဲသင့်
တတ်လေသည်။ရောက်ချင်ရာရောက်၍ပရမ်းပ
တာဆန်လှတဲ့ဘဝကိုရပြီးနောက်လည်း ကိုး
ကွယ်မှုမှား ဆရာအတင်မှားခြင်းဘေးဟုဆိုသော
နာနာသတ္ထဥလ္လောကနဘေးကြီးသင့်နိုင်ပြန်၏။
မိမိတို့တင်မိရာ ဆရာသမားတို့၏ လွဲမှားသော
အဆုံးအမများကို မှားသည်မှန်သည် အကောင်း
အဆိုး အကြောင်းအကျိုးကိုဝေဖန်ဆင်ခြင်နိုင်တဲ့
ဝိဇ္ဇာဥာဏ်ကလည်းမရှိတော့ ပြောတိုင်းယုံ ထင်
တိုင်းလုပ်မိကာ ဒုစရိုက်တရားတွေကိုကျူးလွန်မိ
သော ဒုစရိတဘေးကြီးကလည်းသင့်ခံရပြန်လေ
သည်။အဆုံးအမအမှန်ကိုမရသည့်အတွက် မိမိ
တို့သည် အမှားအမှန် ကုသိုလ် အကုသိုလ် ခွဲခြား
နိုင်မှုမရှိသဖြင့် အကုသိုလ်ကိုပင် ကုသိုလ်ထင်
ကာ မိမိတို့ပြု လုပ်မိသော မကောင်းမှုဒုစရိုက်
ကာယကံ ဝစီကံ မနောကံများသည် အပါယ်ငရဲ
ကိုဆွဲချ ခံရခြင်း အပါယဘေးကြီးကလည်းသင့်
ပြန်လေသည်။ထိုလေးပါးထက်ဆိုးသော ဓမ္မကို
ဖျက်ဆီး၍ အဓမ္မတွေလွှမ်းမိုးလာအောင်ဖန်တီး
မိတတ်ခြင်းမှာ ပုထုဇဉ်တစ်သိုက်တွင် အဆိုးဆုံး
အမိုက်တရားဖြစ်ချေ၏။

     သစ်ပင်ပေါ်က သစ်ရွက်တွေခြောက်သွေ့
ကြွေကျနေသလို ပုထုဇဉ်တို့ရဲ့ဘဝတွေကလည်း
ဘဝအစဉ်မပြတ် ကူးနေကြရာ၌ တိကျသေချာ
ရေရာတဲ့အဖြစ်ကနည်း၍ သံသရာကြီးထဲရောက်
ရာပေါက်ရာကူးနေရဖို့သာရှိလေသည်။မြင့်မြတ်
ရာဘဝကိုရောက်ချင်သော်လည်း နိမ့်ကျတဲ့ဘဝ
တွေကိုရောက်ရတတ်၏။မြင့်မြတ်တဲ့ဘဝတွေကို
လည်းရောက်တတ်၏။အသေအချာဆုတ်ကိုင်
ထားရာ မရှိသဖြင့် မသေမချာ ဘဝတွေနဲ့ 
ယောက်ယက်ခတ်နေရခြင်းမှာ ပုထုဇဉ်တို့အလေ့
သာဖြစ်သည်။

   ပုထုဇဉ်တို့မှာ ဝိနိပါတဘေး နာနာသတ္ထဥလ္လော
ကနဘေး ဒုစရိတဘေး အပါယဘေးဟု ဘေးကြီး
လေးပါးအမြဲသင့်နေသဖြင့် ဖြစ်လေရာ ရောက်
လေရာဘဝတို့၌ စိတ်ချလက်ချနေနိုင်သည်မ
ဟုတ်ချေ ။ဒိဋ္ဌိဦးစီးပြီး ကုသိုလ်လုပ်သော်လည်း
အပါယ်လမ်းကဟင်းလင်းပွင့်လျှက်သာရှိ၏။မာန
ဦးစီးပြီး ကံတွေလုပ်နေသမျှ ယုတ်နိမ့်တဲ့ဘဝတွေ
ကဟင်းလင်းပွင့်လျှက်ရှိ၏။တဏှာဦးစီးပြီးကံတွေ
ပြု နေသမျှ သံသရာသက်တမ်း ရှည်လျှက် ဝဋ်
ဆင်းရဲသက် ရှည်နေလျှက်ပင်ဖြစ်သည်။ဗြဟ္မာ့
ပြည်တဝင်းဝင်း ဝက်စားကျင်းတရှုံ့ရှုံ့ဆိုသော
စကားသည် ပုထုဇဉ်ဘဝ၏မရေရာ မသေချာလှ
သောသံသရာကို ဖော်ညွှန်းနေသောစကားလေး
ပင်ဖြစ်၏။

   ထို့ကြောင့်ပင် တဏှာ မာန ဒိဋ္ဌိဦးစီးပြီးလုပ်နေ
သောကံတွေကို ဝဋ္ဋနိဿိတကံ ဟုခေါ်၍ သံသ
ရာထဲကထွက်မြောက်ဖို့မရှိပေ။ပုထုဇဉ်အမိုက်
တွေမို့ နာနာသတ္ထဥလ္လောကနဘေးသင့်၍ ဆရာ
မှားကို ချ ဉ်းကပ်မိနေသမျှ ဝဋ်ဆင်းရဲသံသရာက
လွတ်မြောက်နိုင်သောဝိဝဋ္ဋနိဿိတကံတွေကိုပြု
လုပ်တတ်မည်မဟုတ်ပါချေ ။မသေချာတဲ့ဆရာ
ကိုပေါင်းသင်းမိနေသမျှ  မရေရာတဲ့သံသရာမှာ
ခေါင်းစိုက်ဆင်းနေရဦးမည်ဖြစ်လေသည်။
တကယ်တော့ ဒိဋ္ဌိဦးစီးသောကံ မာနဦးစီးသော
ကံတွေကိုလုပ်သော်ငြားလည်း တဏှာကလည်း
ကပ်ငြိလျှက်ပါနေသည်သာဖြစ်၏။ထိုသုံးခု၌ ဒိဋ္ဌိ
ခေါင်းဆောင်ခိုက် တဏှာ မာနကနောက်လိုက်
လုပ်၏။မာနကခေါင်းဆောင်ခိုက် ဒိဋ္ဌိ တဏှာက
နောင်လိုက်လုပ်၏။တဏှာခေါင်းဆောင်ခိုက် ဒိဋ္ဌိ
မာနကနောက်လိုက်လုပ်၏။တစုတစည်းတည်း
သာဖြစ်လေသည်။မိမိတို့အတွက် ရန်သူများသာ
ဖြစ်၍ မိတ်ဆွေကောင်းအဖြစ်ပေါင်းသင့်သည်
မဟုတ်ချေ။

   မြတ်ဗုဒ္ဓ၏အဆုံးအမဖြင့် ဣနြေ္ဒတို့ကိုဆုံးမပြီး
သူ စိတ်ကိုယဉ်ကျေးအောင်ဆုံးမပြီးသူ အရိယာ
တို့၌ သောတာပန်အရိယာသည်ပင် ဂတိမြဲပြီးသူ
ဖြစ်လေသည်။မိမိတို့ရလိုသောဘဝကိုယူနိုင်စွမ်း
ချေ၏။ဓမ္မိကဥပသကာကြီးသည် သောတာပန်
ပုဂ္ဂိုလ်ကြီးဖြစ်၍ ကွယ်လွန်ခါနီး နတ်ပြည်ခြောက်
ထပ်မှ နတ်ရထား ၆စင်းက အသီးသီးလာခေါ်
ရာ မိမိလိုက်လိုသောသုတိသာနတ်ရထားဖြင့်
ရွေးချယ်လိုက်ပါသွားပေသည်။ဘဝကိုထိုကဲ့သို့
ရွေးချယ်ခွင့်ရှိသလို သံသရာသက်တမ်းကလည်း
အလွန်ဆုံးခုနစ်ဘဝသာ ကျန်တော့၏။အရိယာ
စာရင်းဝင်သူများဖြစ်၍ ဖြစ်ရာရောက်ရာဘဝတို့
၌ ဆရာမှားကိုချ ဉ်းကပ်မိခြင်း အယူမှားကိုယူမိ
ခြင်း ဘေးဆိုးတွေမှပါ အပြီးတိုင်လွတ်လေသည်။
နိမ့်ကျယုတ်ညံ့သောဘဝတွေမှလည်းအမြဲလွတ်
ကင်း၍ မြင့်ရာမြတ်ရာဘဝတို့၌သာကျင်လည်ရ
ပေမည်။ဘေးဆိုးလေးပါးကင်း၍ အမြတ်ဆုံးချမ်း
သာကိုခံစားရခြင်းမှာ မြတ်ဗုဒ္ဓ၏သေချာလှသော
သာသနာ့ကျေးဇူးတရားပင်ဖြစ်ပေသည်။

    အတောင်ပံပါသောငှက်တို့သည် မိမိတို့ပျံသန်း
ကူးသွားလိုရာသို့ အလွယ်တကူကူးသန်းသွားလာ
နိုင်သလို အရိယတို့၏ကျန်ရှိသောသံသရာသက်
တမ်း၌ ကောင်းရာဘဝကိုရွေးချယ်နိုင်ပြီး အဆုံး
တစ်နေ့ နိဗ္ဗာန်တိုက်အောင်ကူးသွားနိုင်လေ
သည်။ထိုသည်ပင် မကောင်းမှုရှောင် ကောင်းမှု
ဆောင် ဖြူ အောင်စိတ်ကိုထားဟူသောမြတ်ဗုဒ္ဓ၏
အဆုံးအမကျေးဇူးလည်းဖြစ်ပေသည်။သေချာတဲ့
အဆုံးအမများကို ဝေဝါးနေစရာမလိုပဲ အခုကျင့်
လျှင် အခုချမ်းသာရမည်သာဖြစ်၏။

     သေချာလှတဲ့ မြတ်ဗုဒ္ဓ၏အဆုံးအမအတိုင်း
သာ လိုက်နာမည်ဆိုပါက ဒါနကိုလည်း တဏှာ
မာန ဒိဋ္ဌိမပါအောင်လုပ်တတ်၏။သီလကိုလည်း
တဏှာ မာန ဒိဋ္ဌိမပါအောင်စောင့်သုံးနိုင်၏။ဘာဝ
နာလုပ်ငန်း၌လည်း တဏှာ မာန ဒိဋ္ဌိမပါအောင်
လုပ်တတ်၏။မြတ်ဗုဒ္ဓ၏အဆုံးအမတို့ကို လူမှုရေး
စီးပွားရေး နိုင်ငံရေး ပညာရေးတို့၌ပါ အသုံးချကျင့်
သုံးနိုင်ပါက တိုးတက်ကောင်းမွန်သောအခြေ
အနေသို့ရောက်နိုင်မည်ကိုလည်း သဘောပေါက်
လာနိုင်၏။အခုအခါ၌ လူတော်တော်များများက
ဘာသာရေးအမြင်ကသက်သက် လူမှုရေး စီးပွား
ရေး နိုင်ငံရေး ပညာရေးက သက်သက်ဟုယူဆ
နေကြလေသည်။အဘယ်မှာဟုတ်နိုင်မည်နည်း။
ဘာသာရေးအမြင်မပါသော လူမှုရေး စီးပွားရေး
နိုင်ငံရေး ပညာရေးသည် အတုအယောင်ဖြစ်
တတ်ပေသည်။သေချာသောသာသနာကိုပယ်၍
မသေချာသောမိမိတို့အတွေးအခေါ်လေးများဖြင့်
သာအကောင်အထည်ဖော်မည်ဆိုပါက မျက်
မှောက် သံသရာဆင်းရဲဖို့သာရှိလေသည်။

    ကိလေသာအလုံးစုံကင်းပြီးသော သဗ္ဗညုတ
ဥာဏ်တော်ကြီးကိုရတော်မူပြီးသောမြတ်ဗုဒ္ဓ၏
အဆုံးအမလောက်သေချာသောအဆုံးအမမျိုး တ
ခြားမှာမရှိနိုင်ပေ။မိမိတို့အတွေး မိမိတို့အပြောအ
ဆို မိမိတို့အလုပ်မှန်သမျှသည် ကိလေသာတွေ
ကြားကနေလုပ်နေကြခြင်းဖြစ်၍ အလုံးစုံမှန်ဖို့
မလွယ်ကူပါပေ။ဒိဋ္ဌိဖြင့်လည်းဆုံးဖြတ်နိုင်၏။မာန
ဖြင့်လည်းဆုံးဖြတ်နိုင်၏။တဏှာဖြင့်လည်းဆုံး
ဖြတ်နိုင်၏။အတိမ်းအစောင်းရှိနေသမျှ အလုံးစုံ
အမှန်မဖြစ်နိုင်သေးပေ။ထို့ကြောင့်ပင် မဟာဂန္ဓာ
ရုံဆရာတော်ဘုရားကြီးက သဗ္ဗညုတဥာဏ်တော်
ကြီးကိုမှမရသေးရင် လူအချ ည်းပါပဲဟုဆုံးမခဲ့ဘူး
လေသည်။

     သိရန်မှန်က မကျန်ရအောင် လုံးဝစုံလင်
အကုန်မြင် သဗ္ဗဉ်ဥာဏ်တော်အစွမ်းတည်း။
      သိသည့်တရား များအပြား၌ ဟောထားစဖွယ်
နည်းသွယ်သွယ်ကို လုံးဝစုံလင် အကုန်မြင် 
သဗ္ဗဉ်ဥာဏ်တော်အစွမ်းတည်း။
       ကျွတ်ထိုက်ကြပေ များဝေနေ၏ ဣနြေ္ဒစရိုက်
သူ့အကြိုက်ကို နှိုက်ချွတ်စုံလင် အကုန်မြင် သဗ္ဗဉ်
ဥာဏ်တော်အစွမ်းတည်း။
ထိုသို့သောအစွမ်းသုံးပါးဖြင့် ဟောကြားခဲ့သော
ဒေသနာတို့ကိုထောက်ဆ၍ သေချာသောသာသ
နာဟုဆိုလိုက်ခြင်းဖြစ်သည်။မရေရာတဲ့သံသရာ
ကြီးထဲမှာ အကန်းလမ်းလျှောက်လုပ်နေမယ့်အ
စား သေချာတဲ့သာသနာ ၌ အဆုံးအမကိုခံယူရင်း
ဥာဏ်ဝိဇ္ဇာ အလင်းရအောင်လုပ်သင့်သည်ဟုဆို
ချင်ပါသည်။ဒါမှလည်း သေချာတဲ့သံသရာလမ်း
ကြောင်းကိုလျှောက် နိုင်မည်ဖြစ်၏။

     အတ္တအမြင်တွေပါးသထက်ပါး၍ အနတ္တအမြင်
တွေထင်လင်းလာစေတာသည် မြတ်ဗုဒ္ဓသာသ
နာသာလျှင်ရှိ၏။မြတ်ဗုဒ္ဓ၏အဆုံးအမသည် 
ဒေါသမီးတောင် ပေါက်ကွဲရာအရပ်တို့၌ မေတ္တာ
မိုးအေးရွာသွန်းပေးဖို့သွန်သင်၏။လောဘရမ္မက်
ဗွက်ထနေသူတို့အား စွန့်လွှတ်အနစ်နာခံတတ်ဖို့
သွန်သင်၏။စိတ်ဓာတ်ညစ်မဲနေသူတို့အား ဖြူ စင်
တဲ့စိတ်ဓာတ်ပိုင်ရှင်များဖြစ်လာစေ၏။ထို့ထက်
လွန်၍ သံသရာ့အငြိမ်းဓာတ်ကြီးကိုရရှိနိုင်ဖို့သွန်
သင်နိုင်ပေသည်။ဤမျှအတိအကျဆိုနိုင်ခြင်းမှာ
ရှေးအတီတေကလည်းသူတော်ကောင်းတွေရှိခဲ့
၏။အခုလည်းသူတော်ကောင်းတွေရှိနေ၏။သူ
တော်ကောင်းတို့သွားရာလမ်းကြောင်းသည်
လည်းရှင်းရှင်းကြီးရှိနေသေး၏။

     မရေရာတဲ့ သံသရာခရီးကြမ်းကြီးမှာ သေချာ
တဲ့သာသနာကို အားပြု သင့်ပုံကို အထက်တွင်ဆို
ခဲ့သောဘေးကြီးလေးပါးဖြင့်သတိမူနိုင်ပေသည်။
သံသရာ၏ထောက်ရာတည်ရာသည် မြတ်ဗုဒ္ဓဟူ
သောဆရာကောင်း၏ အဆုံးအမသာဖြစ်သည်။
သံသရာမှထွက်မြောက်ရာ တစ်ခုတည်းသော
လမ်းမှာ ဝိပဿ      နာလမ်းကြောင်းသာဖြစ်၏။သတိ
ပဋ္ဌာန်လမ်းကြောင်း မဂ္ဂင်လမ်းကြောင်းလည်းဖြစ်
သည်။ဝိပဿ      နာလုပ်ငန်းကို မဂ္ဂင်ရှစ်ပါးဖြင့်သာ
တည့်ပေးနိုင်ပါက အဝိဇ္ဇာပစ္စယာ ဇာတိသံသရာ
ဟူသောပဋိစ္စသမုပ္ပါဒ်သံသရာကိုလည်းကောင်း
နာမ်တရား ရုပ်တရားတို့၏ ဖြစ်မှုပျက်မှု ပရမတ်
သံသရာကိုလည်းကောင်း လူနတ် ဗြဟ္မာ အပါယ်
ငရဲ သံသရာဟူသော ပညတ်သံသရာကြီးကို
လည်းကောင်း လွန်မြောက်ချမ်းသာ အေးငြိမ်းနိုင်
ပေလိမ့်မည်။ထို့ကြောင့် မရေမရာသံသရာဆင်း
ရဲခြင်းကနေလွတ်မြောက်ဖို့ သေချာသောမြတ်ဗုဒ္ဓ
သာသနာတွင် နည်းကောင်းလမ်းမှန်များကို
အပြည့်အစုံသွန်သင်ထားပါကြောင်း သူတော်
ကောင်းအပေါင်းတို့ကို သတိပေးတိုက်တွန်းလိုက်
ရပါပေသည်။


အရိယာတို့၏ မြင့်မြတ်သောနေနည်းများ
***************************

အရိယာ ဆိုတာ ကိုယ်အားဖြင့်၎င်း
နှုတ်အားဖြင့်၎င်း ထိုမှတဆင့်စိတ်အားဖြင့်၎င်း
စောင့်စည်းမှုရှိခဲ့ပြီးသူ။ အရင်းမူလ အနုသယနှင့်
တပ်မက်မှု တဏှာကို နှုတ်ပယ်လျှက်
ကိလေသာမီးချုပ်ငြိမ်းပြီးသူ။

ငြိမ်းအေးခြင်းသို့ရောက်ရှိ၍ စိတ်သည် ကိုယ်ခန္ဓာ၌
အသုဘ အနိစ္စ စသော အပြစ်တို့ကိုမြင်ပြီး ကိလေသာမှ
လွတ်မြောက်ပြီးသူ။

အရိယာသူတော်စင်တို့နေနည်းမှာလည်း လွန်စွာကြည်ညိုထိုက်၏ ။
လေးစားကြည်ညို မြတ်နိုးပူဇော်ထိုက်ပါသည်။
ကောင်းစွာ စီရင်အပ်သော
တရားဒေသနာရှိကုန်အပ်သော အရိယာတို့ကိုဖူးမျှော်ရခြင်းသည်
ယုံမှားသံသယကင်းစေနိုင်သော နာကြားမှု ဟောကြားဆုံးမခြင်းကိုရစေ၏။
သြဝါဒကိုခံယူကျင့်သုံးခြင်းဖြင့် ပညာတိုးပွားစေ၏ ။

သူတော်ကောင်းတို့ထံသို့မေးလျှောက်ခြင်းသည် ပြဿ နာ(ယုံမှားခြင်း)ကို
ကင်းပြတ်နိုင်ပါသည်။ ပညာလည်းတိုးပါသည်။
အရိယာဝါသသုတ်တွင် အရိယာတို့၏ နေခြင်း ဆယ်ပါးကို
အရှင်အာနန္ဒာ၏ လျှောက်ထားချက်အရ မြတ်ဗုဒ္ဓဟောကြားခဲ့ပါသည်။

*နီဝရဏ ငါးပါးကိုပယ်၍နေတော်မူ၏ ။

*အာရုံခြောက်ပါးတို့ကို သိလျှက် ဝမ်းနည်းဝမ်းသာမရှိဘဲ
သတိသမ္ပဇဉ်နှင့်ပြည့်စုံလျှက် လျှစ်လျူရှုလျှက်နေတော်မူ၏။

*သတိ တည်းဟူသော အစောင့်အရှောက်ရှိသည့်စိတ်ဖြင့်နေတော်မူ၏ ။

*မှီဝဲသင့်သည်ကို မှီဝဲခြင်း ' သည်းခံသင့်သည်ကို သည်းခံခြင်း 'ရှောင်ရှားသင့်သည်ကိုရှောင်ရှားခြင်း ' ပယ်ဖျက်သင့်သည်ကို ပယ်ဖျက်ခြင်းဟူသော မှီရာလေးခုဖြင့်နေတော်မူ၏ ။

*လောကသည် မြဲသည် မမြဲသည် ' အသက်သည် ဤကိုယ်ဖြစ်သည်'
သတ္တဝါသည် သေပြီးနောက်ရှိသည် မရှိသည် အစရှိသော အမျိုးမျိုးသော
သစ္စာဝါဒတို့ကို ပယ်ဖျက်၍ နေတော်မူလေ၏ ။

*ကာမ ' ဘဝ နှင့် အကျင့်မြတ်ဟူသည်တို့၌ ရှာမှီးခြင်းကို စွန့်ပစ်၍ နေတော်မူလေ၏ ။

*ကာမဂုဏ်၌ ကြံစည်မှု ' ပျက်စီးစေရန်ကြံစည်မှု ' ညှင်းဆဲရန်ကြံစည်မှု'
အားလုံးကို ပစ်ပယ်၍ မနောက်ကျူသော အကြံဖြင့်နေတော်မူလေ၏ ။

*ဆင်းရဲ ချမ်းသာမရှိသော လျစ်လျှူရှုမှု ဥပက္ခာကြောင့်ဖြစ်သည့် သတိ၏စင်ကြယ်ခြင်းရှိသော
စတုတ္ထဈာန်ကို ဝင်စား၍ ကိုယ်ကိုပြုပြင်မှု ကာယသင်္ခါရငြိမ်း၍ နေတော်မူ၏ ။

*ရာဂ ဒေါသ မောဟ တို့မှ ကောင်းစွာလွတ်မြောက်ပြီးသော စိတ်ဖြင့်နေတော်မူ၏ ။

* ဤရာဂ ဒေါသ မောဟတို့ကို အကြွင်းမဲ့ပယ်ဖျက်ပြီးပြီဟု ကောင်းစွာလွတ်မြောက်ပြီးသော
ပညာဖြင့်နေတော်မူခြင်းဟူ၍အရိယာတို့၏ နေခြင်းဆယ်ပါးကို
 မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့ပါသည်။

ဤသို့အရိယာတို့၏ဘဝနေနည်းတရားတော်အား မှတ်သားမိသည့်နေ့မှစ၍
တရားချစ်ခင်သူတော်ကောင်း သူမြတ်လောင်းတို့သည်လဲ
အရိယာသူတော်စင်ကြီးများအား ကြည်ညိုမြတ်နှိုးမှုသဒ္ဓါတရားတိုးပွားခြင်းမှအစပြု၍
မိမိတို့၏ ဆိုင်ရာဆိုင်ရာသီလ ကုသိုလ် ဘာဝနာကုသိုလ် အရင်းထားလျက်နှလုံးရွှင်ပြခြင်း ဝမ်းမြောက်ခြင်း ပီတိကိုဖြစ်စေခြင်းတို့မှတဆင့်
သုခချမ်းသာခြင်း သမာဓိတရားကိုကျင့်နိုင်ကြပါစေ
ကျင့်သည့်အတိုင်းဟုတ်မှန်စွာသိမြင်ခြင်းဖြင့် မိမိခန္ဓာကိုမတွယ်တာဘဲငြီးငွေ့လျက် တပ်မက်မှုကင်းကွာကြပါစေ။
သံသရာဝဋ်ဆင်းရဲအပေါင်းမှ ကောင်းစွာမသွေ လွတ်မြောက်နိုင်ကြပါစေ။
ထို လွတ်မြောက်မှုကို သိမြင်ခြင်းဟူသော ကုသိုလ်သီလကြောင့် အရဟတ္တဖိုလ်ထိအဆင့်ဆင့်ဖြစ်ပေါ်လာသော အကျိုးအာနိသင်များကို အထက်ပါအတိုင်း ရရှိနိုင်ကြပါစေသတည်း။

post by ZmA.
 

No comments:

Post a Comment