/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBkeTl0tcTCHV8iwhAR7INBNesixdlrsh31sanSMEwZaR95jcu0JIW3G7kI4r1d5U2S5E9rLd4k6uXsGICeE_wZNte3JfLdKTS2Nx0wQ8GnluB_PMJYPssia3Z8X6Y3d54-mA06RKg7v4o/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Monday, January 20, 2014

**ဗုဒ္ဓ** အပိုင်း(၅)

Photo: **ဗုဒ္ဓ**
*******
အပိုင်း(၅)
----------
ဗုဒ္ဓသည် မိမိနှင့်စင်ပြိုင် အခြားဘာသာရေး ခေါင်းဆောင်များကို အမြဲထောက်ထား စာနာ၍ မိမိကြောင့် ထိုသူများ ထိခိုက်နစ်နာမည်ကို မလိုလားချေ။ ဂျိန်းဝါဒကိုစွန့်၍ မိမိ၏ တပည့်အဖြစ်ခံယူသော ဥပါလိသူကြွယ်နှင့် သီဟစစ်သူကြီးတို့အား ဂျိန်းရဟန်းတို့ကို ဆက်လက်လှူဒါန်းရန် သတိပေး၏ ။(မဇ္ဈိမနိကာယ် ဥပါလိသုတ်နှင့် ဝိနည်းမဟာဝဂ္ဂခန္ဓက)။ ပရိဗိုဇ်တစ်ဦးအား ဟောကြားရာ၌ ငါသည် သင်တို့ကို ငါ၏တပည့် ဖြစ်စေလို၍  သို့မဟုတ် သင်တို့၏ဆရာနှင့် ကျင့်စဉ်ကို ပစ်ပယ်စေလို၍ ဟောပြောသည်ဟု မထင်မှတ်လင့်။ သင်တို့၏ ဆရာသာလျှင်  သင်တို့၏ ဆရာဖြစ်ပါစေ။ သင်တို့၏ ကျင့်စဉ်သာလျှင်  သင်တို့၏ ကျင့်စဉ်ဖြစ်ပါစေ ဟုမိန့်ကြား၏။ (ဒီဃနိကာယ် ဥဒုမ္ဗရိကသုတ်)။  ။ တရားဟောပြောရာ၌ ဗုဒ္ဓသည် ကြားနာသူ၏ ဥာဏ်ပညာ အနုအရင့်ကို ကြည့်၍ ဟောပြောလေ့ရှိ၏။ ရွာသူကြီးတစ်ဦးက ဗုဒ္ဓသည် လူတို့အား အတန်းအစား မခွဲခြားဘဲ တရားဟောပြောပါသလော ဟုမေးလျှောက်၏။ ထိုအခါ ဗုဒ္ဓက ရဟန်းသံဃာမှာ မြေသြဇာကောင်းသော ပထမတန်းစား လယ်မြေနှင့်တူကြောင်း ဥပါသကာ ဥပါသိကာမတို့မှာ ဒုတိယတန်းစား လယ်မြေနှင့်တူ၍ ဗုဒ္ဓဝါဒီ မဟုတ်သူများမှာ တတိယတန်းစား လယ်မြေနှင့်တူကြောင်း လယ်သမားသည် ပထမတန်းစား လယ်မြေကို ရှေးဦးစွာ ထွန်ယက်သည်။ ထို့နောက်မှ ဒုတိယတန်းစား လယ်မြေကို ထွန်ယက်ပြီးလျှင် တတိယတန်းစား လယ်မြေကို နောက်ဆုံး ထွန်ယက်သကဲ့သို့ ပုဂ္ဂိုလ်အမျိုးမျိုးကို ခွဲခြား၍ ဟောပြောဆုံးမရကြောငိးမိန့်ကြား၏။ (သံယုတ္တနိကာယ် ဂါမဏိသံယုတ် ဒုတိယအသိဗန္ဓကပုတ္တဂါမဏိသုတ်)။  ။ မြင်းဆရာတစ်ဦးက မိမိသည် မြင်းများကို ယဉ်ပါးအောင်ပြုလုပ်ရာ၌ အချို့မြင်းများကို အနုနည်း အကြမ်းနည်းများဖြင့် ယဉ်ပါးအောင်လုပ်၍မရသော မြင်းများကိုကား ဖျက်ဆီးပစ်ရပါသည်ဟု လျှောက်၏။ ထိုအခါ ဗုဒ္ဓက မိမိသည်လည်း လူများကို ယဉ်ကျေးအောင် ဆုံးမရာ၌ ထိုနည်းသုံးမျိုးကို သုံးသည်။ သုစရိုက်မှုများ၏ အကျိုးကို ညွန်ပြခြင်းသည် အနုနည်း ဆုံးမခြင်းဖြစ်သည်။ ဒုစရိုက်မှုများ၏အပြစ်ကို ညွန်ပြခြင်းသည် အကြမ်းနည်း ဆုံးမခြင်းဖြစ်သည်။ ထိုနည်းနှစ်နည်းဖြင့် ဆုံးမ၍မရသောသူကို လျစ်လျူရှုရသည်။ ထိုသို့ လျစ်လျူရှုခြင်းသည် ထိုသူအား အကျိုးစီးပွား ဆုတ်ယုတ်စေသောကြောင့် သူ့အား ဖျက်ဆီးခြင်းပင် ဖြစ်သည်ဟု မိန့်ကြား၏။ (အင်္ဂုတ္တရနိကာယ် စတုက္ကနိပါတ် ကေသိအဿဒမ္မသာရထိသုတ်)။  ဗုဒ္ဓသည် ကျွတ်ထိုက်သော ဝေနေယျသတ္တဝါတို့ကို ဦးစားပေး၍ ဟောပြော၏။ ဤအချက်နှင့်ဆိုင်သော သုတ္တန်ဒေသနာမှာ ရှင်းလင်းပြတ်သား၍ အလွန်မှတ်သားဖွယ် ကောင်းသောကြောင့် ပြည့်ပြည့်စုံစုံ ဖော်ပြပါအံ့။  ။ ရဟန်းတို့ လောက၌ သူနာသုံးမျိုး ထင်ရှားရှိ၏။ ပထမသူနာသည် သင့်လျော်သော အစားစာ ဆေးနှင့်သူနာပြုကို ရရှိသည်ဖြစ်စေ မရရှိသည်ဖြစ်စေ ရောဂါဝေဒနာမှ အထမမြောက် ဒုတိယသူနာသည် သင့်လျော်သောဆေး အစားစာနှင့် သူနာပြုကို ရှိသည်ဖြစ်စေ မရရှိသည်ဖြစ်စေ ရောဂါဝေဒနာမှ ထမြောက်၏။ တတိယသူနာသည်ကား သင့်လျော်သောဆေး အစားစာနှင့် သူနာပြုကို ရရှိမှသာလျှင် ရောဂါဝေဒနာမှ ထမြောက်၏။ ယင်းတို့ကို မရရှိပါက ရောဂါမှ မထမြောက်နိုင်ချေ။  ရဟန်းတို့ ထိုသူနာသုံးမျိုးတို့တွင် နောက်ဆုံး တတိယသူနာအား လျှောက်ပတ်သော ဆေး ဆွမ်းနှင့် သူနာပြုတို့ကို ငါခွင့်ပြု၏။ ဤသူနာကို အကြောင်းပြု၍ အခြားသူနာတို့ကိုလည်း လုပ်ကျွေးပြုစုအပ်၏။ ရဟန်းတို့ ထိုနည်းအတူ လောက၌ သူနာနှင့်တူသော ပုဂ္ဂိုလ်သုံးမျိုးရှိ၏။ ပထမပုဂ္ဂိုလ်သည် ဘုရားရှင်ကို ဖူးမြော်ရသည်ဖြစ်စေ မဖူးမြော်ရသည်ဖြစ်စေ တရားတော်ကို ကြားနာရသည်ဖြစ်စေ မကြားနာရသည်ဖြစ်စေ အရိယာမဂ်သို့ သက်ဝင်မည်မဟုတ်။ ဒုတိယပုဂ္ဂိုလ်သည် ဘုရားရှင်ကို ဖူးမြော်၍ တရားတော်ကို ကြားနာရသည်ဖြစ်စေ ဘုရားရှင်ကို မဖူးမြော်ရ တရားတော်ကို မကြားနာရသည်ဖြစ်စေ အရိယာမဂ်သို့ သက်ဝင်မည်ဖြစ်၏။ တတိယပုဂ္ဂိုလ်သည်ကား ဘုရားရှင်ကို ဖူးမြော်၍ တရားတော်ကို ကြားနာရမှသာလျှင် အရိယာမဂ်သို့ သက်ဝင်မည်ဖြစ်၏။ ရဟန်းတို့ ထိုပုဂ္ဂိုလ်သုံးမျိုးတွင် နောက်ဆုံး တတိယပုဂ္ဂိုလ်အား တရားဟောခြင်းကို ငါခွင့်ပြု၏။ ထိုပုဂ္ဂိုလ်ကို အကြောင်းပြု၍ အခြားသူတို့အားလည်း တရားဟောကြားအပ်၏။ (အဂုင်္တ္တရနိကာယ် တိကနိပါတ် ဂိလာနသုတ်) ဤဒေသနာ၌ ဗုဒ္ဓဝါဒသည် အမှန်တရားကို လက်ဝါးကြီးအုပ်ထားသော ပုဂ္ဂိုလ်ကျမ်းစာ က်ုးကွယ်မှုဝါဒ မဟုတ်ကြောင်း ထင်ရှား၏။ ဗုဒ္ဓသည် ကျွတ်ထိုက်သော သူတို့ကို ဦးစားပေး၍ ဟောပြောသော်လည်း မဂ်ဖိုလ်နိဗ္ဗာန်နှင့် ဝေးသောသူတို့ကို လျစ်လျူမပြုချေ။ သူတို့စရိုက်ကိုကြည့်၍ သင့်လျော်သော တရားကို ဟောလေ့ရှိ၏။ သူတို့၏ မူလရှိရင်းစွဲ ယုံကြည်ချက်ကို ဝေဖန်ပြစ်တင်ခြင်းမပြုဘဲ အမှန်တရားကို သိမ်မွေ့စွာ ထောက်ပြလေ့ရှိ၏။ ဂင်္ဂါမြစ်ထဲ၌ ရေချိုးခြင်းဖြင့် မကောင်းမှု အညစ်အကြေး ကင်းစင်သည်ဟု ယူဆသော ဗြာဟ္မဏတစ်ဦးအား အပြစ်မတင်ဘဲ ဤအယူမှာ သင်တို့၏ အယူဖြစ်သည်။ ငါ၏ သာသနာ၌မူ မဂ္ဂင်၈ပါးသည် ကိလေသာအညစ်အကြေး စွန့်ပစ်ရာ ရေအိုင်ဖြစ်သည် စသည်ဖြင့် ဟောကြား၏။ (သံယုတ္တနိကာယ် ဗြာဟ္မဏသံယုတ်)။  ။ ထိုသို့ အခြားအယူဝါဒများအပေါ်၌ ဗုဒ္ဓ၏ သဘောထားကြီးမှုသည် ဗုဒ္ဓဒေသနာများကို လေ့လာရာ၌ ကျွန်ုပ်တို့ သတိပြုရမည့် အချက်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓက မည်သို့မျှ မဝေဖန်ဘဲ ဆိတ်ဆိတ်နေမှုကြောင့် ပိဋကတ်ထဲသို့ မသိမသာ ဝင်ရောက်၍ ဘုရားဟော တရားယောင်ယောင် ဖြစ်နေသော အယူဝါဒများ ရှိရပေမည်။ ဥပမာ မိဘတို့က သားသမီး အလိုရှိကြခြင်း၏။ အကြောင်းတစ်ပါးမှာ ဘဝတစ်ပါးသို့ ပြောင်းသွားကုန်သော ငါတို့အား အလှူ၏အဖို့ကို ပေးဝေလတ္တံ့ဟူသော ယုံကြည်ချက်ဖြစ်၏ ဟူသောစကား (အင်္ဂုတ္တရနိကာယ် ပဉ္စကနိပါတ် ပဉ္စဌာနသုတ်)ဖြင့် ထိုယုံကြည်ချက်သည် ဗုဒ္ဓမပေါ်မီက ရှိပြီးဖြစ်၍ နောက်မှ ဗုဒ္ဓစာပေထဲသို့ ဝင်ရောက်လာသော စကားဖြစ်ကြောင်း ထင်ရှား၏။ ကျွတ်ထိုက်သော (ဝါ) အသိဥာဏ်ရှိသော ပုဂ္ဂိုလ်တို့ကို ဟောပြောဆုံးမရာ၌မူ ဗုဒ္ဓသည် ရှေးအစဉ်အလာ ယုံကြည်ချက်များနှင့် ပတ်သက်၍ ပွင့်လင်းပြတ်သား၏။ ဇာတ်ဝါဒကို ပြင်းပြင်းထန်ထန် မရှုတ်ချသော်လည်း ရဟန်းဘောင်၌ ထိုဝါဒကို လုံးဝလက်မခံချေ။ ရဟန်းတို့သည် အင်္ဂဝိဇ္ဇာ ယတြာ ဗေဒင် ဓာတ်ရိုက်ခြင်းစသော လောကီအတတ်ပညာများကို လေ့လာသင်ကြား ပို့ချခြင်း မပြုကြရချေ။ (သုတ္တနိပါတ် တုဝဋကသုတ်နှင့် ဝိနည်းစူဠခန္ခက) နက္ခတ်ကို ငံ့လင့်သော  သူမိုက်အား အကျိုးသည်ယုတ်၏။ ကောင်းကင် ကြယ် နက္ခတ်တို့သည် အဘယ်အကျိုးပြုလတ္တံ့နည်း (ဧကနိပါတ် နက္ခတ္တဇာတ်) မင်္ဂလာရှိသောအမည်ကို အလိုရှိသည် ရဟန်းတစ်ပါးအား အမည်နာမမည်သည် ပညတ်မျှသာဖြစ်၍ အမည်ဖြင့် ကိစ္စပြီးသည်မဟုတ်။ အလုပ်လုပ်မှသာ ကိစ္စပြီးကြောင်း ဟောကြား၏။ အခါတစ်ပါး၌ ဗုဒ္ဓသည် ရဟန်းအပေါင်း ခြံရံလျက် တရားဟောနေစဉ် ရုတ်တစ်ရက် ချေဆတ်တော်မူ၏။ ထိုအခါ ရဟန်းတို့က ဇီဝတု အရှင်ဘုရားသည် အသက်ရှည်စွာ နေရပါစေသတည်း ဟုဆိုကြ၏။ ဗုဒ္ဓက ရဟန်းတို့ ချေဆတ်သောသူကို ဇီဝတုဟု ဆိုကာမျှဖြင့် အသက်ရှည်မည်မဟုတ်ကြောင်း ရဟန်းတို့ကလျှောက်သော် ဗုဒ္ဓက သို့ဖြစ်လျှင် လူတစ်ဦးတစ်ယောက် ချေဆတ်သောအခါ ဇီဝတုဟုဆိုသောရဟန်းအား ဒုက္ကဋ်အာပတ်သင့်စေ ဟုပညတ်တော်မူ၏။ (ဝိနည်းပိဋကတ် စူဠခန္ဓက)
ဗုဒ္ဓ၏ အထိရောက်ဆုံး သင်ပြဆုံးမနည်းမှာ ကိုယ်တော်တိုင် နမူနာစံပြမှုဖြစ်၏။ငါဘုရားကို မြင်သောသူသည် တရားကိုမြင်သည် ဆိုသောစကားမှာ မှန်လှ၏။ ဗုဒ္ဓ၏ ကြင်နာသိမ်မွေ့သော အပြောအဆို အပြုအမူနှင့် စိတ်နေသဘောထားသည် များစွာသော လူတို့ကို ဆွဲဆောင်နိုင်ကြောင်း ယုံမှားစရာမရှိချေ။ မူလပထမက ရန်လိုသော သူတို့သည်ပင် နောက်ဆုံး၌ ဗုဒ္ဓကို ကြည်ညိုလေးစားလာကြ၏။ မိမိကိုဆဲရေးသော ဗြာဟ္မဏတစ်ဦးအား ဗုဒ္ဓက သည်းခံ၍ ဟောပြောဆုံးမသော စကားသည် အထူးမှတ်သားဖွယ်ကောင်း၏။ ဗုဒ္ဓက ဗြာဟ္မဏ သင်သည် သင်၏ထံသို့လာသော ဆွေမျိုးသားချင်းတို့အား ခဲဖွယ်ဘောဇဉ် ပေးကမ်းသည် မဟုတ်ပါလော။ ထိုသူတို့သည် သင်ပေးကမ်းသည်ကို မခံယူပါက ထိုစားဖွယ်ခဲဖွယ်များသည် သင့်အဖို့သာလျှင် ဖြစ်သည် မဟုတ်ပါလော။ ထို့အတူ သင်၏ဆဲရေးခြင်းကို ငါတို့က တုံ့ပြန်ခြင်းဖြင့် မခံယူကုန်။ ထိုသို့မခံယူသဖြင့် သင်၏ ဆဲရေးခြင်းသည် သင့်အဖို့သာလျှင်ဖြစ်သည် စသည်ဖြင့် မိန့်ကြား၏။ ထိုဗြာဟ္မဏသည် ရဟန်းပြု၍ နောက်ဆုံး၌ ရဟန္တာဖြစ်သွား၏။ (သံယုတ္တနိကာယ် ဗြာဟ္မဏသံယုတ် အက္ကောသ ဘာရဒွါဇသုတ်)။

တစ်ခါသော် ဗုဒ္ဓသည် သစ္စကပရိဗိုဇ်အား တရားဟော၏။ တရားဟောနေစဉ် သစ္စကပရိဗိုဇ်သည် တစ်ခါတစ်ရံ ကြားဖြတ်၍ အရှင်ဂေါတမသည် နေ့အခါ၌ အိပ်စက်သည် မဟုတ်ပါသလော။ ထိုသို့အိပ်စက်ခြင်းကို မောဟဖုံးလွှမ်း၍ တွေဝေနေခြင်းဟု အချို့သော သမဏဗြာဟ္မတို့ကဆိုကုန်သည် စသည်ဖြင့် ပြက်ရယ်ပြု၏။ ထိုသို့ မထီမဲ့မြင် ပြက်ရယ်ပြုခြင်း ခံရသော်လည်း ဗုဒ္ဓသည် စိုးစိမျှမတုန်လှုပ်ဘဲ ဆက်လက်၍ တရားဟော၏။ တရားပြီးဆုံးသောအခါ၌လည်း သစ္စကသည်ဗုဒ္ဓတရားကို ကြိုက်နှစ်သက်ဟန်မရှိ ။ ဗုဒ္ဓ၏ တပည့်အဖြစ်ကို မခံယူ။ သို့ရာတွင် ဗုဒ္ဓ၏ သည်းခံနိုင်မှုကို များစွာအံ့သြရကား အို အရှင်ဂေါတမ အံ့သြဖွယ်ကောင်းလှပါပေ၏။ ကျွန်ုပ်သည် ပုရာဏကဿပင အဇိတကေသကမ္ဗလစသော ဆရာတို့နှင့် စကားပြောဆိုဖူးပါ၏။ သူတို့သည် ကျွန်ုပ်၏စကားကို မနှစ်သက်ပါက ဒေါသထွက်သောအမူအရာ နှလုံးမသာသော လက္ခဏာကို ထင်စွာပြကြပါကုန်၏။ အရှင်ဂေါတမမူကား ကျွန်ုပ်က ထိပါးပုတ်ခတ်၍  ပြောပါသော်လည်း အရေအဆင်းသည် ပြိုးပြိုးပြက်ပြက် တောက်ပ၏။ မျက်နှာအဆင်းသည် ကြည်လင်၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော ဘုရား၏ ကြည်လင်ခြင်းကဲ့သို့ ပါတည်း စသည်ဖြင့် ချီးကျုးပြောဆိုလေသည်။ (မဇ္ဈိမနိကာယ် မဟာသစ္စကသုတ်)။ မထေရ်တစ်ပါးသည် မိမိကြုံတွေ့ခဲ့ရသော ဗုဒ္ဓ၏ ကြင်နာမှုကို မမေ့နိုင်ချေ။ ထိုမထေရ်သည် ရဟန်းမပြုမီက အိမ်မှနှင်ထုတ်ခံရသဖြင့် ဗုဒ္ဓသီတင်းသုံးသော ကျောင်း၏ ဥယျာဉ်တံခါးဝ၌ နေရ၏။ ဗုဒ္ဓသည် သူ့ကို ကြင်နာစွာပွတ်သပ်၍ လက်ကိုကိုင်ပြီးလျှင်ကျောင်းဥယျာဉ်ထဲသို့ ခေါ်သွား၏ ထို့နောက် ခြေဆေး၍သုတ်ရန် ပုဆိုးကြမ်း တစ်ထည်ပေးတော်မူ၏။ (ထေရဂါထာ ပန္ထကမထေရ်ဝတ္ထု) ဗုဒ္ဓသည် ရဟန်းသံဃာတို့၏။ ချမ်းသာမှုကို လိုလား၏။ ဝါကျွတ်သောအခါ မိမိအားဖူးမြော်ရန် ရပ်ဝေးမှလာကုန်သော ရဟန်းတို့အား ကျန်းမာချမ်းသာစွာ နေခဲ့ကြပါ၏လော။ အခက်အခဲမရှိဘဲ ဆွမ်းရကြပါ၏လော။ စသည်ဖြင့် မေးမြန်းလေ့ရှိ၏။ တစ်ခါတစ်ရံ ကျောင်းစဉ်လှည့်လည်၍ ရဟန်းတို့၏ နေရေးထိုင်ရေး အခြေအနေကို ကြည့်ရှု့တော်မူလေ့ရှိ၏။ တစ်ခါသော် ရဟန်းတစ်ပါးသည် ဝမ်းသက်ရောဂါ ဖြစ်၍ မိမိ ကျင်ကြီးကျင်ငယ်၌ လူးလိမ့်၍ အိပ်ရ၏။ ဗုဒ္ဓသည် အရှင်အာနန္ဒာနှင့်အတူ ကျောင်းစဉ်လှည့်လည်ရင်း ထိုသူနာရဟန်းကိုမြင်၍ မေးမြန်းစုံစမ်းပြီးလျှင် အရှင်အာနန္ဒာအား အာနန္ဒာသွားချေ။ ရေဆောင်ယူခဲ့လော ဤရဟန်းကို ရေချိုးကုန်အံ့ ဟုမိန့်တော်မူ၏။ ထို့နောက် အရှင်အာနန္ဒာနှင့်အတူ ရဟန်း၏ ကိုယ်ပေါ်သို့ ရေသွန်းလောင်း၍ ဆေးကြောပေး၏။ ဆေးကြောပြီးသော် ဗုဒ္ဓနှင့် အရှင်အာနန္ဒာတို့သည် သူနာရဟန်းကို ချီမ၍ ညောင်စောင်းပေါ်၌ တင်ထားကြ၏။ ထို့နောက် ဗုဒ္ဓသည် ရဟန်းတို့ကို စည်းဝေးစေပြီးလျှင် ရဟန်းတို့ သင်တို့အား လုပ်ကျွေးမည့် အမိအဖတို့ မရှိကြကုန်။ သင်တို့သည် အချင်းချင်း မလုပ်ကျွေးလျှင် အဘယ်သူသည် လုပ်ကျွေးလတ္တံ့နည်း။ ငါဘုရားအား လုပ်ကျွေးသောရဟန်းသည် နာဖျားသော ရဟန်းအားလည်း လုပ်ကျွေးရာ၏။ စသည်ဖြင့် ဟောတော်မူ၏။ (ဝိနည်းပိဋကတ် မဟာခန္ဓကသုတ်)

ဗုဒ္ဓ၏ ဘဝဖြစ်စဉ်၌ ဗုဒ္ဓ၏ မေတ္တာ ဂရုဏာ ကြီးမားပုံကိုပြသော အခြားဖြစ်ရပ်များ ရှိခဲ့တန်ရာ၏။ ယင်းတို့ကို ပိဋကတ်စာပေ၌ များများစားစား မတွေ့ရခြင်းမှာ ပိဋကတ်ဆရာများက ဗုဒ္ဓ၏ ဘဝဖြစ်စဉ်ကို ဒေသနာများလောက် ဂရုမပြုခဲ့ကြသောကြောင့် ဖြစ်ရပေမည်။ အထက်ပါဖြစ်ရပ်သည်ပင် မိမိနှင့် သီတင်းသုံးဖော် သူနာရဟန်းကို လုပ်ကျွေးပြုစုရန် ပျက်ကွက်သော ရဟန်းအား ဒုက္ကဋ်အာပတ်သင့်စေဟု အဘယ်ကြောင့် ဗုဒ္ဓကပညတ်ခဲ့ကြောင်း ဖော်ပြရန်ဝိနည်းပိဋကတ်၌ ထည့်သွင်းထားခဲ့ကြဟန်တူ၏။ အကယ်၍ ထိုပညတ်ချက် မရှိခဲ့ပါမူ ဗုဒ္ဓက သူနာရဟန်းတစ်ပါးအား ကိုယ်တိုင်ကြင်နာစွာ ပြုစုတော်မူသော သာဓကကို ပိဋကတ်၌ ကျွန်ုပ်တို့ တွေ့ရမည်မဟုတ်ချေ။ (----ဆက်ရန်){ဦးအေးမောင်} အဆင်ပြေသလို တင်ပေးပါမည်။  


**ဗုဒ္ဓ**
*******
အပိုင်း(၅)
----------

ဗုဒ္ဓသည် မိမိနှင့်စင်ပြိုင် အခြားဘာသာရေး ခေါင်းဆောင်များကို အမြဲထောက်ထား စာနာ၍ မိမိကြောင့် ထိုသူများ ထိခိုက်နစ်နာမည်ကို မလိုလားချေ။ ဂျိန်းဝါဒကိုစွန့်၍ မိမိ၏ တပည့်အဖြစ်ခံယူသော ဥပါလိသူကြွယ်နှင့် သီဟစစ်သူကြီးတို့အား ဂျိန်းရဟန်းတို့ကို ဆက်လက်လှူဒါန်းရန် သတိပေး၏ ။
 
(မဇ္ဈိမနိကာယ် ဥပါလိသုတ်နှင့် ဝိနည်းမဟာဝဂ္ဂခန္ဓက)။ ပရိဗိုဇ်တစ်ဦးအား ဟောကြားရာ၌ ငါသည် သင်တို့ကို ငါ၏တပည့် ဖြစ်စေလို၍ သို့မဟုတ် သင်တို့၏ဆရာနှင့် ကျင့်စဉ်ကို ပစ်ပယ်စေလို၍ ဟောပြောသည်ဟု မထင်မှတ်လင့်။ သင်တို့၏ ဆရာသာလျှင် သင်တို့၏ ဆရာဖြစ်ပါစေ။ 
 
သင်တို့၏ ကျင့်စဉ်သာလျှင် သင်တို့၏ ကျင့်စဉ်ဖြစ်ပါစေ ဟုမိန့်ကြား၏။ (ဒီဃနိကာယ် ဥဒုမ္ဗရိကသုတ်)။ ။ တရားဟောပြောရာ၌ ဗုဒ္ဓသည် ကြားနာသူ၏ ဥာဏ်ပညာ အနုအရင့်ကို ကြည့်၍ ဟောပြောလေ့ရှိ၏။ ရွာသူကြီးတစ်ဦးက ဗုဒ္ဓသည် လူတို့အား အတန်းအစား မခွဲခြားဘဲ တရားဟောပြောပါသလော ဟုမေးလျှောက်၏။ 
 
 ထိုအခါ ဗုဒ္ဓက ရဟန်းသံဃာမှာ မြေသြဇာကောင်းသော ပထမတန်းစား လယ်မြေနှင့်တူကြောင်း ဥပါသကာ ဥပါသိကာမတို့မှာ ဒုတိယတန်းစား လယ်မြေနှင့်တူ၍ ဗုဒ္ဓဝါဒီ မဟုတ်သူများမှာ တတိယတန်းစား လယ်မြေနှင့်တူကြောင်း လယ်သမားသည် ပထမတန်းစား လယ်မြေကို ရှေးဦးစွာ ထွန်ယက်သည်။
 
 ထို့နောက်မှ ဒုတိယတန်းစား လယ်မြေကို ထွန်ယက်ပြီးလျှင် တတိယတန်းစား လယ်မြေကို နောက်ဆုံး ထွန်ယက်သကဲ့သို့ ပုဂ္ဂိုလ်အမျိုးမျိုးကို ခွဲခြား၍ ဟောပြောဆုံးမရကြောငိးမိန့်ကြား၏။ (သံယုတ္တနိကာယ် ဂါမဏိသံယုတ် ဒုတိယအသိဗန္ဓကပုတ္တဂါမဏိသုတ်)။ 
 
။ မြင်းဆရာတစ်ဦးက မိမိသည် မြင်းများကို ယဉ်ပါးအောင်ပြုလုပ်ရာ၌ အချို့မြင်းများကို အနုနည်း အကြမ်းနည်းများဖြင့် ယဉ်ပါးအောင်လုပ်၍မရသော မြင်းများကိုကား ဖျက်ဆီးပစ်ရပါသည်ဟု လျှောက်၏။ 
 
ထိုအခါ ဗုဒ္ဓက မိမိသည်လည်း လူများကို ယဉ်ကျေးအောင် ဆုံးမရာ၌ ထိုနည်းသုံးမျိုးကို သုံးသည်။ သုစရိုက်မှုများ၏ အကျိုးကို ညွန်ပြခြင်းသည် အနုနည်း ဆုံးမခြင်းဖြစ်သည်။ ဒုစရိုက်မှုများ၏အပြစ်ကို ညွန်ပြခြင်းသည် အကြမ်းနည်း ဆုံးမခြင်းဖြစ်သည်။ ထိုနည်းနှစ်နည်းဖြင့် ဆုံးမ၍မရသောသူကို လျစ်လျူရှုရသည်။ 
 
ထိုသို့ လျစ်လျူရှုခြင်းသည် ထိုသူအား အကျိုးစီးပွား ဆုတ်ယုတ်စေသောကြောင့် သူ့အား ဖျက်ဆီးခြင်းပင် ဖြစ်သည်ဟု မိန့်ကြား၏။ (အင်္ဂုတ္တရနိကာယ် စတုက္ကနိပါတ် ကေသိအဿဒမ္မသာရထိသုတ်)။ 
 
 ဗုဒ္ဓသည် ကျွတ်ထိုက်သော ဝေနေယျသတ္တဝါတို့ကို ဦးစားပေး၍ ဟောပြော၏။ ဤအချက်နှင့်ဆိုင်သော သုတ္တန်ဒေသနာမှာ ရှင်းလင်းပြတ်သား၍ အလွန်မှတ်သားဖွယ် ကောင်းသောကြောင့် ပြည့်ပြည့်စုံစုံ ဖော်ပြပါအံ့။ ။ ရဟန်းတို့ လောက၌ သူနာသုံးမျိုး ထင်ရှားရှိ၏။ 
 
ပထမသူနာသည် သင့်လျော်သော အစားစာ ဆေးနှင့်သူနာပြုကို ရရှိသည်ဖြစ်စေ မရရှိသည်ဖြစ်စေ ရောဂါဝေဒနာမှ အထမမြောက် ဒုတိယသူနာသည် သင့်လျော်သောဆေး အစားစာနှင့် သူနာပြုကို ရှိသည်ဖြစ်စေ မရရှိသည်ဖြစ်စေ ရောဂါဝေဒနာမှ ထမြောက်၏။ တတိယသူနာသည်ကား သင့်လျော်သောဆေး အစားစာနှင့် သူနာပြုကို ရရှိမှသာလျှင် ရောဂါဝေဒနာမှ ထမြောက်၏။
 
 ယင်းတို့ကို မရရှိပါက ရောဂါမှ မထမြောက်နိုင်ချေ။ ရဟန်းတို့ ထိုသူနာသုံးမျိုးတို့တွင် နောက်ဆုံး တတိယသူနာအား လျှောက်ပတ်သော ဆေး ဆွမ်းနှင့် သူနာပြုတို့ကို ငါခွင့်ပြု၏။ ဤသူနာကို အကြောင်းပြု၍ အခြားသူနာတို့ကိုလည်း လုပ်ကျွေးပြုစုအပ်၏။ 
 
ရဟန်းတို့ ထိုနည်းအတူ လောက၌ သူနာနှင့်တူသော ပုဂ္ဂိုလ်သုံးမျိုးရှိ၏။ ပထမပုဂ္ဂိုလ်သည် ဘုရားရှင်ကို ဖူးမြော်ရသည်ဖြစ်စေ မဖူးမြော်ရသည်ဖြစ်စေ တရားတော်ကို ကြားနာရသည်ဖြစ်စေ မကြားနာရသည်ဖြစ်စေ အရိယာမဂ်သို့ သက်ဝင်မည်မဟုတ်။
 
 ဒုတိယပုဂ္ဂိုလ်သည် ဘုရားရှင်ကို ဖူးမြော်၍ တရားတော်ကို ကြားနာရသည်ဖြစ်စေ ဘုရားရှင်ကို မဖူးမြော်ရ တရားတော်ကို မကြားနာရသည်ဖြစ်စေ အရိယာမဂ်သို့ သက်ဝင်မည်ဖြစ်၏။ တတိယပုဂ္ဂိုလ်သည်ကား ဘုရားရှင်ကို ဖူးမြော်၍ တရားတော်ကို ကြားနာရမှသာလျှင် အရိယာမဂ်သို့ သက်ဝင်မည်ဖြစ်၏။
 
 ရဟန်းတို့ ထိုပုဂ္ဂိုလ်သုံးမျိုးတွင် နောက်ဆုံး တတိယပုဂ္ဂိုလ်အား တရားဟောခြင်းကို ငါခွင့်ပြု၏။ ထိုပုဂ္ဂိုလ်ကို အကြောင်းပြု၍ အခြားသူတို့အားလည်း တရားဟောကြားအပ်၏။ (အဂုင်္တ္တရနိကာယ် တိကနိပါတ် ဂိလာနသုတ်) ဤဒေသနာ၌ ဗုဒ္ဓဝါဒသည် အမှန်တရားကို လက်ဝါးကြီးအုပ်ထားသော ပုဂ္ဂိုလ်ကျမ်းစာ က်ုးကွယ်မှုဝါဒ မဟုတ်ကြောင်း ထင်ရှား၏။
 
 ဗုဒ္ဓသည် ကျွတ်ထိုက်သော သူတို့ကို ဦးစားပေး၍ ဟောပြောသော်လည်း မဂ်ဖိုလ်နိဗ္ဗာန်နှင့် ဝေးသောသူတို့ကို လျစ်လျူမပြုချေ။ သူတို့စရိုက်ကိုကြည့်၍ သင့်လျော်သော တရားကို ဟောလေ့ရှိ၏။ သူတို့၏ မူလရှိရင်းစွဲ ယုံကြည်ချက်ကို ဝေဖန်ပြစ်တင်ခြင်းမပြုဘဲ အမှန်တရားကို သိမ်မွေ့စွာ ထောက်ပြလေ့ရှိ၏။
 
 ဂင်္ဂါမြစ်ထဲ၌ ရေချိုးခြင်းဖြင့် မကောင်းမှု အညစ်အကြေး ကင်းစင်သည်ဟု ယူဆသော ဗြာဟ္မဏတစ်ဦးအား အပြစ်မတင်ဘဲ ဤအယူမှာ သင်တို့၏ အယူဖြစ်သည်။ ငါ၏ သာသနာ၌မူ မဂ္ဂင်၈ပါးသည် ကိလေသာအညစ်အကြေး စွန့်ပစ်ရာ ရေအိုင်ဖြစ်သည် စသည်ဖြင့် ဟောကြား၏။
 
 (သံယုတ္တနိကာယ် ဗြာဟ္မဏသံယုတ်)။ ။ ထိုသို့ အခြားအယူဝါဒများအပေါ်၌ ဗုဒ္ဓ၏ သဘောထားကြီးမှုသည် ဗုဒ္ဓဒေသနာများကို လေ့လာရာ၌ ကျွန်ုပ်တို့ သတိပြုရမည့် အချက်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓက မည်သို့မျှ မဝေဖန်ဘဲ ဆိတ်ဆိတ်နေမှုကြောင့် ပိဋကတ်ထဲသို့ မသိမသာ ဝင်ရောက်၍ ဘုရားဟော တရားယောင်ယောင် ဖြစ်နေသော အယူဝါဒများ ရှိရပေမည်။
 
 ဥပမာ မိဘတို့က သားသမီး အလိုရှိကြခြင်း၏။ အကြောင်းတစ်ပါးမှာ ဘဝတစ်ပါးသို့ ပြောင်းသွားကုန်သော ငါတို့အား အလှူ၏အဖို့ကို ပေးဝေလတ္တံ့ဟူသော ယုံကြည်ချက်ဖြစ်၏ ဟူသောစကား (အင်္ဂုတ္တရနိကာယ် ပဉ္စကနိပါတ် ပဉ္စဌာနသုတ်)ဖြင့် ထိုယုံကြည်ချက်သည် ဗုဒ္ဓမပေါ်မီက ရှိပြီးဖြစ်၍ နောက်မှ ဗုဒ္ဓစာပေထဲသို့ ဝင်ရောက်လာသော စကားဖြစ်ကြောင်း ထင်ရှား၏။ 
 
ကျွတ်ထိုက်သော (ဝါ) အသိဥာဏ်ရှိသော ပုဂ္ဂိုလ်တို့ကို ဟောပြောဆုံးမရာ၌မူ ဗုဒ္ဓသည် ရှေးအစဉ်အလာ ယုံကြည်ချက်များနှင့် ပတ်သက်၍ ပွင့်လင်းပြတ်သား၏။ ဇာတ်ဝါဒကို ပြင်းပြင်းထန်ထန် မရှုတ်ချသော်လည်း ရဟန်းဘောင်၌ ထိုဝါဒကို လုံးဝလက်မခံချေ။ 
 
ရဟန်းတို့သည် အင်္ဂဝိဇ္ဇာ ယတြာ ဗေဒင် ဓာတ်ရိုက်ခြင်းစသော လောကီအတတ်ပညာများကို လေ့လာသင်ကြား ပို့ချခြင်း မပြုကြရချေ။ (သုတ္တနိပါတ် တုဝဋကသုတ်နှင့် ဝိနည်းစူဠခန္ခက) နက္ခတ်ကို ငံ့လင့်သော သူမိုက်အား အကျိုးသည်ယုတ်၏။
 
 ကောင်းကင် ကြယ် နက္ခတ်တို့သည် အဘယ်အကျိုးပြုလတ္တံ့နည်း (ဧကနိပါတ် နက္ခတ္တဇာတ်) မင်္ဂလာရှိသောအမည်ကို အလိုရှိသည် ရဟန်းတစ်ပါးအား အမည်နာမမည်သည် ပညတ်မျှသာဖြစ်၍ အမည်ဖြင့် ကိစ္စပြီးသည်မဟုတ်။ အလုပ်လုပ်မှသာ ကိစ္စပြီးကြောင်း ဟောကြား၏။ အခါတစ်ပါး၌ ဗုဒ္ဓသည် ရဟန်းအပေါင်း ခြံရံလျက် တရားဟောနေစဉ် ရုတ်တစ်ရက် ချေဆတ်တော်မူ၏။ 
 
ထိုအခါ ရဟန်းတို့က ဇီဝတု အရှင်ဘုရားသည် အသက်ရှည်စွာ နေရပါစေသတည်း ဟုဆိုကြ၏။ ဗုဒ္ဓက ရဟန်းတို့ ချေဆတ်သောသူကို ဇီဝတုဟု ဆိုကာမျှဖြင့် အသက်ရှည်မည်မဟုတ်ကြောင်း ရဟန်းတို့ကလျှောက်သော် ဗုဒ္ဓက သို့ဖြစ်လျှင် လူတစ်ဦးတစ်ယောက် ချေဆတ်သောအခါ ဇီဝတုဟုဆိုသောရဟန်းအား ဒုက္ကဋ်အာပတ်သင့်စေ ဟုပညတ်တော်မူ၏။ (ဝိနည်းပိဋကတ် စူဠခန္ဓက)
ဗုဒ္ဓ၏ အထိရောက်ဆုံး သင်ပြဆုံးမနည်းမှာ ကိုယ်တော်တိုင် နမူနာစံပြမှုဖြစ်၏။ငါဘုရားကို မြင်သောသူသည် တရားကိုမြင်သည် ဆိုသောစကားမှာ မှန်လှ၏။ 
 
ဗုဒ္ဓ၏ ကြင်နာသိမ်မွေ့သော အပြောအဆို အပြုအမူနှင့် စိတ်နေသဘောထားသည် များစွာသော လူတို့ကို ဆွဲဆောင်နိုင်ကြောင်း ယုံမှားစရာမရှိချေ။ မူလပထမက ရန်လိုသော သူတို့သည်ပင် နောက်ဆုံး၌ ဗုဒ္ဓကို ကြည်ညိုလေးစားလာကြ၏။ မိမိကိုဆဲရေးသော ဗြာဟ္မဏတစ်ဦးအား ဗုဒ္ဓက သည်းခံ၍ ဟောပြောဆုံးမသော စကားသည် အထူးမှတ်သားဖွယ်ကောင်း၏။ 
 
ဗုဒ္ဓက ဗြာဟ္မဏ သင်သည် သင်၏ထံသို့လာသော ဆွေမျိုးသားချင်းတို့အား ခဲဖွယ်ဘောဇဉ် ပေးကမ်းသည် မဟုတ်ပါလော။ ထိုသူတို့သည် သင်ပေးကမ်းသည်ကို မခံယူပါက ထိုစားဖွယ်ခဲဖွယ်များသည် သင့်အဖို့သာလျှင် ဖြစ်သည် မဟုတ်ပါလော။
 
 ထို့အတူ သင်၏ဆဲရေးခြင်းကို ငါတို့က တုံ့ပြန်ခြင်းဖြင့် မခံယူကုန်။ ထိုသို့မခံယူသဖြင့် သင်၏ ဆဲရေးခြင်းသည် သင့်အဖို့သာလျှင်ဖြစ်သည် စသည်ဖြင့် မိန့်ကြား၏။ ထိုဗြာဟ္မဏသည် ရဟန်းပြု၍ နောက်ဆုံး၌ ရဟန္တာဖြစ်သွား၏။ (သံယုတ္တနိကာယ် ဗြာဟ္မဏသံယုတ် အက္ကောသ ဘာရဒွါဇသုတ်)။

တစ်ခါသော် ဗုဒ္ဓသည် သစ္စကပရိဗိုဇ်အား တရားဟော၏။ တရားဟောနေစဉ် သစ္စကပရိဗိုဇ်သည် တစ်ခါတစ်ရံ ကြားဖြတ်၍ အရှင်ဂေါတမသည် နေ့အခါ၌ အိပ်စက်သည် မဟုတ်ပါသလော။ ထိုသို့အိပ်စက်ခြင်းကို မောဟဖုံးလွှမ်း၍ တွေဝေနေခြင်းဟု အချို့သော သမဏဗြာဟ္မတို့ကဆိုကုန်သည် စသည်ဖြင့် ပြက်ရယ်ပြု၏။ 
 
 ထိုသို့ မထီမဲ့မြင် ပြက်ရယ်ပြုခြင်း ခံရသော်လည်း ဗုဒ္ဓသည် စိုးစိမျှမတုန်လှုပ်ဘဲ ဆက်လက်၍ တရားဟော၏။ တရားပြီးဆုံးသောအခါ၌လည်း သစ္စကသည်ဗုဒ္ဓတရားကို ကြိုက်နှစ်သက်ဟန်မရှိ ။ ဗုဒ္ဓ၏ တပည့်အဖြစ်ကို မခံယူ။ သို့ရာတွင် ဗုဒ္ဓ၏ သည်းခံနိုင်မှုကို များစွာအံ့သြရကား အို အရှင်ဂေါတမ အံ့သြဖွယ်ကောင်းလှပါပေ၏။ 
 
ကျွန်ုပ်သည် ပုရာဏကဿပင အဇိတကေသကမ္ဗလစသော ဆရာတို့နှင့် စကားပြောဆိုဖူးပါ၏။ သူတို့သည် ကျွန်ုပ်၏စကားကို မနှစ်သက်ပါက ဒေါသထွက်သောအမူအရာ နှလုံးမသာသော လက္ခဏာကို ထင်စွာပြကြပါကုန်၏။ အရှင်ဂေါတမမူကား ကျွန်ုပ်က ထိပါးပုတ်ခတ်၍ ပြောပါသော်လည်း အရေအဆင်းသည် ပြိုးပြိုးပြက်ပြက် တောက်ပ၏။ မျက်နှာအဆင်းသည် ကြည်လင်၏။
 
 ပူဇော်အထူးကို ခံတော်မူထိုက်သော ဘုရား၏ ကြည်လင်ခြင်းကဲ့သို့ ပါတည်း စသည်ဖြင့် ချီးကျုးပြောဆိုလေသည်။ (မဇ္ဈိမနိကာယ် မဟာသစ္စကသုတ်)။ မထေရ်တစ်ပါးသည် မိမိကြုံတွေ့ခဲ့ရသော ဗုဒ္ဓ၏ ကြင်နာမှုကို မမေ့နိုင်ချေ။ ထိုမထေရ်သည် ရဟန်းမပြုမီက အိမ်မှနှင်ထုတ်ခံရသဖြင့် ဗုဒ္ဓသီတင်းသုံးသော ကျောင်း၏ ဥယျာဉ်တံခါးဝ၌ နေရ၏။ 
 
ဗုဒ္ဓသည် သူ့ကို ကြင်နာစွာပွတ်သပ်၍ လက်ကိုကိုင်ပြီးလျှင်ကျောင်းဥယျာဉ်ထဲသို့ ခေါ်သွား၏ ထို့နောက် ခြေဆေး၍သုတ်ရန် ပုဆိုးကြမ်း တစ်ထည်ပေးတော်မူ၏။ (ထေရဂါထာ ပန္ထကမထေရ်ဝတ္ထု) ဗုဒ္ဓသည် ရဟန်းသံဃာတို့၏။ ချမ်းသာမှုကို လိုလား၏။ ဝါကျွတ်သောအခါ မိမိအားဖူးမြော်ရန် ရပ်ဝေးမှလာကုန်သော ရဟန်းတို့အား ကျန်းမာချမ်းသာစွာ နေခဲ့ကြပါ၏လော။ 
 
အခက်အခဲမရှိဘဲ ဆွမ်းရကြပါ၏လော။ စသည်ဖြင့် မေးမြန်းလေ့ရှိ၏။ တစ်ခါတစ်ရံ ကျောင်းစဉ်လှည့်လည်၍ ရဟန်းတို့၏ နေရေးထိုင်ရေး အခြေအနေကို ကြည့်ရှု့တော်မူလေ့ရှိ၏။ တစ်ခါသော် ရဟန်းတစ်ပါးသည် ဝမ်းသက်ရောဂါ ဖြစ်၍ မိမိ ကျင်ကြီးကျင်ငယ်၌ လူးလိမ့်၍ အိပ်ရ၏။ 
 
ဗုဒ္ဓသည် အရှင်အာနန္ဒာနှင့်အတူ ကျောင်းစဉ်လှည့်လည်ရင်း ထိုသူနာရဟန်းကိုမြင်၍ မေးမြန်းစုံစမ်းပြီးလျှင် အရှင်အာနန္ဒာအား အာနန္ဒာသွားချေ။ ရေဆောင်ယူခဲ့လော ဤရဟန်းကို ရေချိုးကုန်အံ့ ဟုမိန့်တော်မူ၏။ ထို့နောက် အရှင်အာနန္ဒာနှင့်အတူ ရဟန်း၏ ကိုယ်ပေါ်သို့ ရေသွန်းလောင်း၍ ဆေးကြောပေး၏။ ဆေးကြောပြီးသော် ဗုဒ္ဓနှင့် အရှင်အာနန္ဒာတို့သည် သူနာရဟန်းကို ချီမ၍ ညောင်စောင်းပေါ်၌ တင်ထားကြ၏။ 
 
ထို့နောက် ဗုဒ္ဓသည် ရဟန်းတို့ကို စည်းဝေးစေပြီးလျှင် ရဟန်းတို့ သင်တို့အား လုပ်ကျွေးမည့် အမိအဖတို့ မရှိကြကုန်။ သင်တို့သည် အချင်းချင်း မလုပ်ကျွေးလျှင် အဘယ်သူသည် လုပ်ကျွေးလတ္တံ့နည်း။ ငါဘုရားအား လုပ်ကျွေးသောရဟန်းသည် နာဖျားသော ရဟန်းအားလည်း လုပ်ကျွေးရာ၏။ စသည်ဖြင့် ဟောတော်မူ၏။ (ဝိနည်းပိဋကတ် မဟာခန္ဓကသုတ်)

ဗုဒ္ဓ၏ ဘဝဖြစ်စဉ်၌ ဗုဒ္ဓ၏ မေတ္တာ ဂရုဏာ ကြီးမားပုံကိုပြသော အခြားဖြစ်ရပ်များ ရှိခဲ့တန်ရာ၏။ ယင်းတို့ကို ပိဋကတ်စာပေ၌ များများစားစား မတွေ့ရခြင်းမှာ ပိဋကတ်ဆရာများက ဗုဒ္ဓ၏ ဘဝဖြစ်စဉ်ကို ဒေသနာများလောက် ဂရုမပြုခဲ့ကြသောကြောင့် ဖြစ်ရပေမည်။
 
 အထက်ပါဖြစ်ရပ်သည်ပင် မိမိနှင့် သီတင်းသုံးဖော် သူနာရဟန်းကို လုပ်ကျွေးပြုစုရန် ပျက်ကွက်သော ရဟန်းအား ဒုက္ကဋ်အာပတ်သင့်စေဟု အဘယ်ကြောင့် ဗုဒ္ဓကပညတ်ခဲ့ကြောင်း ဖော်ပြရန်ဝိနည်းပိဋကတ်၌ ထည့်သွင်းထားခဲ့ကြဟန်တူ၏။ 
 
 အကယ်၍ ထိုပညတ်ချက် မရှိခဲ့ပါမူ ဗုဒ္ဓက သူနာရဟန်းတစ်ပါးအား ကိုယ်တိုင်ကြင်နာစွာ ပြုစုတော်မူသော သာဓကကို ပိဋကတ်၌ ကျွန်ုပ်တို့ တွေ့ရမည်မဟုတ်ချေ။ 
 
(----ဆက်ရန်){ဦးအေးမောင်} အဆင်ပြေသလို တင်ပေးပါမည်။
 
 

No comments:

Post a Comment