
ရွှေကျင်(ဂျား) ကျောင်း ဆရာတော် ဘဒ္ဒန္တပညာဝရ( သာသနဓဇဓမ္မာစရိယ ၊ ဂန္တ၀ါစကပဏ္ဍိတ )
လှူ ဖွယ်ဝတ္ထု အစုစု ကျောင်းသားများ သယ်ပိုးနေကြဟန်
အလှူ ပွဲ အခမ်းအနား ပြင်ဆင်ထားမှု

ဆရာတော်ထံမှာ တရားနာယူနေစဉ်
ရေစက်ချ အနုမောဒနာ တရားနာယူနေကြစဉ်
ငွေပဒေသာပင် ဆပ်ကပ်လှူု ဒါန်းနေပုံ
လှူ ဖွယ်ဝတ္ထု ပစ္စည်းများ ဆပ်ကပ်နေကြပုံ
ကျောင်းမှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်နေပုံ
ဆွမ်းလောင်းလှူနေပုံ
ဆွမ်းလောင်းလှူနေပုံ
ဆွမ်းဘုန်းမပေးမှီ မြင်ကွင်း
ကလေးများ နေ့လည်စာ မသုံးသောင်မှီ အလှူ တို့အား မေတ္တာပို့နေကြပုံ
ကလေးများ နေ့လည်စာ စားသုံးနေကြပုံ

သံဃာများအား န၀ကမ္မအလှူငွေ ပေးအပ် လှူ ဒါန်းနေကြပုံ
ဖိုးသူတော်အ၀တ်အတွက် ပိတ်ဆ နှင့် ငွေ ပေးလှူ နေပုံ

ကလေး တစ်ဦးလျှင် ငွေတစ်ထောင်ကျပ် ပေးအပ်ထောက်ပံ့ပြုနေပုံ
ဆရာတော်နဲ့ အတူ အမှတ်တရ စုပေါင်း ဓါတ်ပုံ

ကျနော်တို့ အဖွဲ့သားများ စုပေါင်း အမှတ်တရ ဓါတ်ပုံ(လက်ဆင့်ကမ်း သည်ပိုးကြမယ့် မျိုးဆက်သစ်ကလေးတွေလဲပါတယ်နော်
ဆရာ-ဆရာမများ၊ ဝေယျာဝစ္စသမားများအတွက် ချီးမြှင့်ငွေများ ပေးအပ်နေပုံ
ကျောင်းတိုက်မှ ပြန်လည်ပေးအပ်သည့် ဂုဏ်ပြုမှတ်တမ်း

သူ့ရှေ့မှာ ကော်ဖီခွက် နှစ်ခွက်တောင်ပါလား.......

အင်းးး ဘာထပ်စားရရင် ကောင်းမလဲ စဉ်းစားနေပုံရတယ်

အိတ်ကို မပိတ်ပဲ ထားတာ အကြံတော့ ရှိလောက်တယ်..။
အလှူရေစက်ချတရား လင့်ကလေးဖြစ်ပါတယ်ခင်ဗျာ။ http://www.mediafire.com/download/3l222q5c9kwfd2v/2_mp3_files%20
ရှည်လျှားခိုင်မာလှသည့် သမိုင်းပုံရိပ်တစ်ခုလို့နှုတ်တစ်လီ စာတစ်လုံး မှုန်းသီခြယ်သ၍ မဆိုသာသော်လည်း တင့်တယ်ခြင်း ဂုဏ်ရှိန်အရပ်ရပ်တို့နှင့် ……အင်တာနက် ဒေါ့ကွန်းနယ်ပယ်မှာတော့ ဗုဒ္ဓကမ္ဘာဆိုဒ်(Buddhismworld.ning.com)လို့ တင့်တယ်စွာ ရပ်တည်နေနိုင်ခဲ့ပါသည်။
ဒီဆိုဒ်မှ အခြေပြု မန်ဘာဝင်တစ်စုနဲ့ ဖွဲ့စည်းတည်ထောင်ခဲ့သည့် ဗုဒ္ဓကမ္ဘာသာသနာဟိတအသင်း ကလည်း အချိုပေါ် သကာဆင့်ဆိုသလို ဆိုဒ်၏ဂုဏ်ရှိန်ကို အကြိမ်ကြိမ်ထပ်ဆင့် အလှဆင်ပေးနိုင်ခဲ့ပါသည်။
(၉.၂.၂၀၁၄)ရက်နေ့တွင် ပြည့်မြောက်မည့် ဆိုဒ်(၃) နှစ်ပြည့် အထိမ်းအမှတ်ကို ရည်ရွယ်ကာ (၁၉.၁.၂၀၁၄)ရက်နေ့တွင် ကွမ်းခြံကုန်းမြို့နယ်ရှိ ရွှေကျင်(ဂျား) ကျောင်း ပရိယတ္တိစာသင်တိုက် နှင့် ဘုန်းတော်ကြီးပညာရေးကျောင်းသို့ သွားရောက်ကာ ဓမ္မမိတ်ဆွေတော်များ၏ သဒ္ဓါအားဖြင့် အလှူပွဲတစ်ခုကို အောင်မြင်စွာ ကျင်းပပေးနိုင်ခဲ့ပါသည်။
ဆောင်းလရာသီပင် ဖြစ်သော်လည်း ဆောင်းနတ်မယ်၏ ငွေလွှာမြူနှင်းဝတ်မှုံတို့က ဥပေက္ခာပြု၍ နေလေရဲ့  ။
အေးစိမ့်စိမ့် လေ၏ဓါတ်သည်သာ ဆောင်းနိမိတ်ပုံပေလား?။ ရန်ကုန်မြို့မှ မိုင်(၄၀) ခန့် အလှမ်းကွာသည့် ကွန်းခြံကုန်းသို့ အလှူချိန်အမှီ ခရီးနှင်ဖို့ အတွက် လင်းရောင်ခြည် မလာမှီ အိပ်ယာကထ လှုပ်ရှားပုံရိပ်တွေက အလှူပွဲတစ်ခု၏ နိဒါန်းအစ။
မနက်(၆.၃၀)မိနစ် မှာ ပထမစုရပ်မှာ လူစုံပြီမှို့…နောက်စုရပ်များသို့ အဆင့်ဆင့်ထွက်ခွါ ခရီးနှင်းခြင်းကို စတင်ခဲ့သည်။
မနက် (၇း၀၀) နာရီဝန်းကျင် သမိုင်းလမ်းဆုံ (City Mark) ရှေ့ စုရပ်ရောက်တော့ ….စတွေ့တော့တာပဲ..ကျနော်တို့ အဖွဲ့သားများရဲ့ ၀ီရိယအားတွေကို ..။ ကျနော်လာနေပါပြီ အစ်ကို ကားလမ်းတွေပိတ်နေလို့လို့ ဆိုသူကဆို…နောက်ထပ် (၅)မိနစ်လောက်ဆိုရင် ရောက်ပါပြီ ဆိုပြီးပြောသူကပြော…။
ဒီလိုနဲ့ (၅)မိနစ်ကို (၃) သို့မဟုတ်(၄) နဲ့ မြှောက်လို့ ရတဲ့အချိန်လောက်ကြာတော့ အဖွဲ့သားတွေ အားလုံးလဲ စုံလင်ပြီမှို့ ကွမ်းခြံကုန်း ခရီးစဉ်ကို စတင်ထွက်ခွါနိုင်ခဲ့ပါပြီ။ လမ်းမှာလည်း အလှူပွဲသို့ လိုက်ပါချင်လွန်းလို့ ကိုယ်ထင်ပြနေတဲ့သူ တစ်ယောက်ကိုလဲ ခေါ်တယ်ရသေးပါတယ် ၊ သူမပါရင်လဲ ဒီအလှူပွဲက အနေအထားတစ်မျိုး ဖြစ်သွားနိုင်ပါတယ် ။
နံနက်ခင်း၊ နေရောင်ခြည်အောက်တွင် အေးမြသန့်စင်လှသည့်
တောလေ-တောရနံ့ ပါသည့် သဘာဝလေကို ရူရှိုက်ရတာကလဲ စိတ်ကို ကြည်လင် လန်းဆန်းစေပါသည်။ လေအဟုန်ကို ခွင်းကာ ကီလို(၆၀) မိုင်နှုန်းနဲ့ ပြေးလွှားနေသည့်ကားဟာ ကျနော်တို့၏ သဒ္ဓါတရားထက်သန်နေသည့် စိတ်ကိုတော့ လုံးဝမှီနိုင်ခြေမရှိ..။ ကားကရန်ကုန်မြို့မှ အထွက်ပဲရှိသေး….စိတ်ကတော့ ကွမ်းခြံကုန်းသို့ ဘယ်နှစ်ကြိမ် ရောက်နေမှန်းတောင် မသိတော့။
လမ်းဘေးဝဲယာ တစ်လျှောက်ရှိ စေတီပုထိုး အဆူဆူကို ဖူးမြင်ရခြင်းက တွံတေးမြို့နယ်၏ သာသနာရောင်ဝါ ထွန်းပြောင်မှုကို သက်သေပြုလျှက် ရှိပါတယ်။ ဒီလိုနဲ့ ကျနော်တို့အဖွဲ့ကို လိုက်ပို့ဆောင်ပေးတဲ့ကားသည် ကော့မှူးမြို့ကို ဖြတ်ကျော်ပြီး မနက်(၉း၀၀) နာရီ စွန်းစွန်းမှာတော့ ကွမ်းခြံကုန်း ၊ ရွှေကျင်(ဂျား) ကျောင်း မုဒ်ဦးဝသို့ ဆိုက်ရောက်ခဲ့ပါသည်။
ကျနော်တို့ အဖွဲ့သားတွေ ကျောင်းပေါ်သို့ ရောက်ရှိတယ် ဆိုရင်ပဲ ထုံးစံမပျက်ပေါ့…ဟီး ဟီး ဆရာတော်၏ စေတနာနဲ့ ဧည့်ခံမှုကို အထမြောက်အောင် အားရပါးရ အားပေးကြတာပေါ့။ အင်းးးးး ကားပေါ်မှာ ခေါင်းမူးပါလာသူ တစ်ယောက်ကတော့ ……. ဒီလိုနဲ့ ခေတ္တနားနေ ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီး အလှူပွဲအခမ်းအနားကို နမောတဿ ၃ကြိမ်ရွတ်ဆိုကာ စတင်ဖွင့်လှစ်ပါတော့တယ်…..။
ဓမ္မမိတ်ဆွေတော်များ၏ သဒ္ဓါတရားထက်သန်စွာ လှူဒါန်းကြသည့် လှူ ဖွယ်ဝတ္တူ အစုစုတို့ ဆရာတော်ဘုရားထံ ဆက်ကပ်လှူဒါန်းကာ ဆရာတော်ဘုရားမှ ပြန်လည်ချီးမြှင့်ပေးသည့်…သရဏဂုံး သုံးပါးနဲ့တကွ ငါးပါးသီလ - ရေစက်ချ အနုမောဒနာတရားကို နာယူပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌိတု ၃ ကြိမ်းရွတ်ဆိုကာ အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။
ထို့နောက် ဆရာတော် - သံဃာတော် တို့အား ဆွမ်းဆက်ကပ်ခြင်း အမှု ကို ပြု ပြီနောက် ကျနော်တို့ အဖွဲ့သားတွေလဲ ရွှေကျင်း(ဂျား) ကျောင်းတိုက်မှ ကလေးများနဲ့ အတူ တစ်ခါတည်း …အပြိုင်..အားပေးခဲ့ကြပါတယ်။
အလှူပွဲ အခမ်းအနားအားလုံး ပြီးဆုံးတော့ အမှတ်တရ ဓါတ်ပုံများ ရိုက်ကာ ရွှေကျင်း(ဂျား)မှ နုတ်ဆက်ထွက်ခွါကာ…ရန်ကုန်အပြန်လမ်း ဘုရားဖူးခြင်းခရီးစဉ် အတွက် ခရီးဆက်ခဲ့ပါတော့တယ်။
ကျနော်တို့ တစ်တွေ စုပေါင်းပြုစု မြတ်ကောင်းမှု ဒါနကုသိုလ်အစုစု တို့ကိုလဲ (၃၁)ဘုံတွင် ကျင်လည်နေကြကုန်သော ဝေနေယျ သတ္တ၀ါအပေါင်းတို့အား အမျှ-အမျှ ပေးဝေးငှပါသည်…အမျှရကြ၍ သာဓု-သာဓု သာဓု ခေါ်ဆိုနိုင်ကြပါစေ….။ ။
ယခုလို အလှူ ပွဲ တစ်ပွဲ အထမြောက် အောင်မြင်အောင် ဆောင်ရွက်နိုင်စေရန် ၊ အဘက်ဘက်မှ သဒ္ဓါတရား ထက်သန်စွာ ၀ိုင်းဝန်းလှူ ဒါန်းကြသည့် ဆိုဒ်တွင်း-ဆိုဒ်ပြင်မှ ဓမ္မဆွေတော်မျိုးတော် တို့အားလည်းကောင်း။
အလှူပွဲသို့ လိုက်ပါဝင်ဆင်နွှဲ ဆောင်ရွက်ပေးကြသည့် ရပ်နီး-ရပ်ဝေးမှ မိတ်ဆွေများအားလည်းကောင်း။
ကျေးဇူးတင်ထိုက်သူ အားလုံးကို ကျေးဇူး အထူးတင်ရှိပါကြောင်း…ပြောကြားလိုပါ၏။ ။
ဓမ္မဆွေတော်မျိုးတော် အပေါင်း ပီတိသဒ္ဓါဝေစေဖို့ မှတ်တမ်းဓါတ်ပုံများကို တင်ပြပေးလိုက်ပါသည်။
ဗုဒ္ဓကမ္ဘာ သာသနာဟိတ ပရဟိတ အသင်း ကွမ်းခြံကုန်းအလှူ အမှတ်တရအလှူမှတ်တမ်း ဖြစ်ပါသည်။
No comments:
Post a Comment