
>>>> သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ <<<<
တကယ်လုပ်တဲ့အခါမှာ မှတ်လို့သိတာ
*********************************
ပညာလွန်ကဲတဲ့သူတွေကလဲ ခပ်များများပဲ-
သူတော်ကောင်းတို့ -- ။ ဒါပေမဲ့ တကယ့်ပညာ
အစစ်တော့ မဟုတ်ဘူး။ သညာတွေပေါ့ဗျာ ။
စာထဲမှာ "ပဇာနာတိ" တဲ့ ၊ ပညာက ရှိပြီး
သား ပုဂ္ဂိုလ်တွေဆိုတော့ "ပဇာနာတိ" ဆိုတာ -
" သိတာ " -- ။ " မှတ်တာ " မဟုတ်ဘူးလို့ ဖြစ်
ကုန်ရော ။
ပဇာနာတိ ဆိုတာ "သိ" လို့ ဟောထားတာ
ပဲ။ ရပ်ရင် ရပ်မှန်း "သိ" ၊ ထိုင်ရင် ထိုင်မှန်း
"သိ" ၊ သွားရင် သွားမှန်း "သိ" ။ ဒီလို ဟော
ထားတာကိုးဗျ ။
"အဲဒီလိုသိအောင် မှတ်ပေးရတယ်"
ကလေးလေး စ,လမ်းသွားတဲ့အခါမှာ သူ့ချည်း
ပဲလွှတ်ပေးလို့ ရပါ့မလား။ အဲဒီကလေးကို မိဘ
က ကိုင်ပြီးတော့ လမ်းလျှောက်မပေးရဘူးလား၊
နောက်ပိုင်း ကလေးက အတွေ့အကြုံ ရင့်ကျက်
လာတော့ မိဘကကိုင်ပေးစရာ မလိုတော့ဘူး ။
အဲဒီလိုပဲ ယောဂီတို့၊ သမာဓိ တစ်ပြားသား
မှ မရှိသေးတဲ့အခါမှာ မှတ်တာက စ,ပေးရ
တယ်။ ဉာဏ်အားတွေ အလွန်ကောင်းသွားလို့
"သင်္ခါရုပေက္ခာဉာဏ်" လောက် ရောက်သွားတဲ့
အခါ - မှတ်တဲ့အခါလဲ မှတ်တယ် ၊ မမှတ်ဘဲနဲ့
ကြည့်နေလို့လဲ ရတယ်။ ကြည့်တဲ့အဆင့်က သူ့
ဉာဏ်နဲ့သူ ဖြစ်ပေါ်လာတာ ။
အဲဒီဉာဏ် မရောက်သေးဘဲနဲ့ မှတ်စရာမလို
ဘူးဆိုတာ အလုပ်မလုပ်ဖူးတဲ့ ပုဂ္ဂိုလ်တွေ ပြော
တာ ။
လုပ်ဖူးတဲ့ပုဂ္ဂိုလ်က ပိုင်ပိုင်နိုင်နိုင် ခွဲခြားပြီး
သိတယ်။ ကလေး လမ်းလျှောက်တတ်ခါစကို
ကိုင်မပေးဘဲ သူ့ချည်းလွှတ်ရင် ပစ်လဲသွားမှာ
ပေါ့။ သမာဓိမရှိသေးတဲ့အခါမှာ သမာဓိရှိအောင်
လုပ်ရသေးတယ်။ ဒါကြောင့် မှတ်ပေးပါ ။
ဖောင်းတယ်၊ ပိန်တယ်၊ ထိုင်တယ်၊ ထိတယ်၊
ကြွတယ်၊ လှမ်းတယ်၊ ချတယ် - အကုန်မှတ်ပေး
ရတယ်။ ဒါမှမဟုတ်ရင်လဲ ဝင်တယ်၊ ထွက်တယ်
မှတ်ပေးရတယ်မဟုတ်လား ။
သမာဓိရပြီး သမာဓိအားကောင်းသွားတဲ့အ
ခါကျတော့ မမှတ်လဲ ရတယ်။ အာနာပါနဆိုရင်
လဲ ရှူးရှဲ ရှူးရှဲနဲ့ သူ့ဘာသာသူ သွားနေတာပဲ ။
ကိုယ်က ကြောင့်ကြစိုက်ပြီး "ရှူး-ရှဲ" လုပ်စရာ
မလိုတော့ဘူး။ အာနာပါနဈာန်သဘောနဲ့ သူ့
ဟာသူ သွားနေတာပဲ ။
အာနာပါနဈာန်က သူ့ဘာသာသူ သွားနေ
တယ်၊ ကိုယ်က ဝေဒနာကိုရှုလို့ရတယ်။ သဲအင်း
ဂူဆရာတော်ဘုရားကြီးနည်းပြောတာ -- ။
ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရား
ကြီးနည်းနဲ့ "ဖောင်းတယ်-ပိန်တယ်" မှတ်ရင်လဲ
ဒီအတိုင်းပဲ ။
သမာဓိတွေ အားကောင်းပြီး သင်္ခါရုပေက္ခာ
ဉာဏ် ရောက်လာတဲ့အခါ အသာလေးကြည့်နေ
ရုံနဲ့ ရတယ် ။
သူ့ဟာသူ သဘောလေးတွေက ပေါ်လိုက်-
ပျောက်လိုက်၊ ပေါ်လိုက်-ပျောက်လိုက်နဲ့ အသာ
လေး ကြည့်နေလို့ရတယ် ။
အဲဒီလို တကယ်ကြည့်လို့ရလာတဲ့ အခါကျမှ
မမှတ်ဘဲနဲ့ ကြည့်လို့ရတာပဲလို့ တကယ်လက်
တွေ့သိလာတယ်။ " သိ-သိ-သိ-သိ" နဲ့ အသာ
ကလေး ကြည့်နေလို့ရတယ်။ နောက် သမာဓိ
ပြန်ကျဲသွားရင် ပြန်မှတ်။ ပြန်မှတ်တဲ့ အခါကျ
တော့ သမာဓိက နဂိုအတိုင်း ပြန်ကောင်းလာ
တယ် ။
သမာဓိ ကောင်းရာကနေ နောက်ကျတော့
ဉာဏ်တက်သွားရော ။
ဒါကြောင့်မို့ အစပထမမှာ မှတ်ပေးရတယ်၊
မှတ်တာကို ရမ်းသန်းအထင်မသေးနဲ့ ၊ အထင်
သေးတဲ့ပုဂ္ဂိုလ်တွေ ပြောတာကိုလဲ မယုံနဲ့ ။
သမာဓိအားကောင်းလို့ သူ့ဘာသာသူ အရှိန်
အဟုန်ရသွားရင် မှတ်စရာမလိုတော့ဘူး ။
စက်ဘီးစီးတဲ့အခါ အရှိန်ကောင်းလာရင် အ
သာကလေး လက်ကိုင်ကို ထိန်းလိုက်သွားလို့
မရဘူးလား။ သမာဓိကောင်းလာတဲ့အခါ ဘာ
ကြည့်ကြည့် --- ငယ်ထိပ်ကနေ ခြေဖျားအထိ
ကြည့်လို့ရတယ် ။
သမာဓိမရဘဲနဲ့ သွားကြည့်ရင် ဘာမှမမြင်
ဘူး -- ။ အဲဒါကြောင့် သမာဓိရအောင် မှတ်
ပေးရတယ် ။
* ပညာလွန်လို့ရှိရင်လဲ သဒ္ဓါတိုးပေးရတယ် ။
* ငါ့မှာ သမာဓိမှ မရှိသေးဘဲနဲ့ ကြည့်နေလို့
မရဘူး ။
* ငါက မနေ့တစ်နေ့ကမှ တရားအားထုတ်
တာ ၊ ငါသိတာ ဘာဟုတ်သေးလို့လဲ ။
* ကျေးဇူးတော်ရှင်မဟာစည်ဆရာတော်ဘုရား
ကြီးက တစ်ကမ္ဘာလုံးလှည့်ပြီး သာသနာပြု
ထားတာ ။
* ဆရာတော်ကြီးတွေ ဟောထားတာ အမှန်
ဟောထားတာ၊ ဒါကြောင့် ငါမှတ်မှ ဖြစ်မယ်။
- အဲဒီလို သဒ္ဓါတင်ပြီးတော့ မှတ်ရတယ် ။
- ပညာလွန်သွားရင် သဒ္ဓါတိုးပေးရတယ် ။
- သဒ္ဓါလွန်သွားရင် ပညာတိုးပေးရတယ် ။
- အဲဒီလို နှစ်ခုညီသွားတဲ့အခါ ဉာဏ်တွေတက်
ပြီးတော့ ဖြစ်ပျက်ဆုံးတဲ့ဆီ ရောက်မသွားနိုင်
ဘူးလား ။
ကဲ -- မေတ္တာပို့ပြီး သိမ်းကြရအောင် ။ ။
အရှင်ဇာနေယျ( မြစိမ်းတောင်ဆရာတော်)ဟောကြားသော တရားမှ ပြန်လည်မျှဝေသည်။
No comments:
Post a Comment