မေတ္တာကို ရင်ထဲတွင် ထားရှိပြီး မေတ္တာပွားသင့်ကြောင်း ဆရာတော်အရှင်ဆန္ဒာဓိက က
ဤသို့ ဆုံးမတော်မူခဲ့ပါ၏။ “တချို့လူများက မေတ္တာပွားတာကို လူသိရှင်ကြားရွတ်ဆို၍သာ ပွားနေကြတယ်။
စိတ်ကမူ မေတ္တာပို့သနေသောသူများထံသို့ မရောက်ဘဲ ဟိုရောက် ဒီရောက် ဖြစ်နေတတ်ကြတယ်။
ဤသို့ မေတ္တာပို့နည်းမှာလည်း မမှန်ကန် မပြည့်စုံ။
အချို့လူများကျတော့လည်း လူအများအပေါ်မှာ မကောင်းသောစိတ် ငါမထား၊ လူအများကိုချမ်းသာစေချင်သည့် စိတ်ကောင်းစေတနာကိုသာ ထားသည်။ မေတ္တာကိုသာထားသည်။
ထို့ကြောင့် မေတ္တာကို အပတ်တကုတ်ကြိုးစား၍ ပွားနေစရာမလို၊ ပို့နေစရာမလိုဟု ယူဆတတ်ကြသည်။
အမှန်ကတော့ “ထားမေတ္တာ” ဆိုတဲ့ စိတ်ထဲ၊ နှလုံးထဲမှာ တကယ်မေတ္တာထားတဲ့ မေတ္တာနဲ့
လည်း ပြည့်စုံဖို့ လိုတယ်။
စိတ်ထဲ၊ နှလုံးထဲမှာ မေတ္တာမရှိဘဲ လူကြားကောင်းအောင် အသံမြင့်
ပြီး မေတ္တာပို့နေတဲ့သူဟာ ဥစ္စာဘဏ္ဍာ ကိုယ့်မှာတကယ်မရှိဘဲ ရှိတယ်လို့ လူအများထင်အောင်
ကြွားဝါနေတဲ့သူနဲ့ တူနေပေလိမ့်မယ်။
ပထမဆုံးသတ္တ၀ါတွေအပေါ်မှာ မေတ္တာစိတ်ဓာတ်များ
ပေါ်ပေါက်လာအောင် မိမိစိတ်ကိုမိမိပြုပြင်သင့်ပါတယ်။ အဲဒီလို စိတ်နှလုံးထဲမှာ မေတ္တာဓာတ်များ ပေါ်ပေါက်လာပြီ ဆိုတဲ့အခါမှာ
ပွားများဖို့ရာ ကြိုးစားရပါလိမ့်မယ်။
ပစ္စည်းဥစ္စာရှိသောသူများအနေနဲ့ ကိုယ့်ပစ္စည်းဥစ္စာကို အ
ထုပ်ထုပ်ပြီး သိမ်းထားရင် ပွားများတိုးတတ်လာမယ် မဟုတ်ပါဘူး။
မေတ္တာစိတ် ပွားများတိုးတက်လာအောင် မေတ္တာပို့သတဲ့ အလုပ်များကို မှန်မှန်လုပ်သင့်ပါတယ်။
ဒါမှ ပွားများလာမှာ ဖြစ်တယ်။
မေတ္တာပို့သတဲ့ အခါမှာလည်း အရပ်မျက်နှာအလိုက် မေတ္တာပို့သတဲ့ အလုပ်ကို မှန်မှန်လုပ်ဖို့သင့်သလို မေတ္တာသုတ်ပရိတ်တော်ကိုလည်း ရွတ်ဆိုပြီး မေတ္တာပို့သင့်ပါတယ်။
မေတ္တာသုတ်ပရိတ်တော်ကိုလည်း ရွတ်ဆိုတော့မယ်လို့ ဆိုတဲ့အခါ မြန်မာလို အဓိပ္ပါယ်သိအောင်
ဦးစွာ လေ့လာသင့်ပါတယ်။ မြန်မာလို သိပြီးတဲ့အခါကျမှ ပါဠိလို ရွတ်ဆို ပူဇော်သင့်ပါတယ်။မြတ်စွာဘုရားက ပါဠိလို ဟောခဲ့တာကြောင့် ဖြစ်ပါတယ်။
မေတ္တာပွားတဲ့အလုပ်ကို စိတ်ညွတ်ပြီး လုပ်ရင်းက ရွတ်ဆိုနိုင်ပါတယ်။
ဒီလိုမှ မဟုတ်ရင်တော့ပါဠိလို ရွတ်ရခြင်းကြောင့် မြတ်စွာဘုရား ကိုယ်တော်တိုင် ရွတ်ဆိုဟောပြောသော တရားတော်
များကို ပူဇော်တဲ့အတွက် မြတ်စွာဘုရားရဲ့ မေတ္တာဓာတ်၊ ပါရမီဓာတ်များကို အနည်းငယ်သာခံစားလို့ ရနိုင်တာကလွှဲလို့ အဓိပ္ပါယ်စိတ်ညွှတ်ပြီး မေတ္တာပွားနိုင်မှ အကျိုးပြည့်စုံပေလိမ့်မယ်။မေတ္တာပွားတာကတော့ ပွားရမှာပါပဲ။ မေတ္တာစိတ် ပွားများဖို့၊ မေတ္တာ ပို့လွှတ်ဖို့က ပဓာနကျပါတယ်။ အသံကျယ်ဖို့က ပဓာန မကျပါဘူး။
အများသူငါ ချမ်းသာပါစေလို့ ရွတ်ဆိုတဲ့အချိန်မှာ ကိုယ့်ကြောင့် အများသူငါ တကယ်ချမ်းသာဖို့ လိုပါတယ်။ အချိန်မတော် အချိန်တော် အကျယ်ကြီး မေတ္တာ ထပြီး ပို့နေတဲ့အတွက် အများ
မှာ မချမ်းသာရင် မေတ္တာပွားရာ မကျပါဘူး။
{ မင်းနန်(မော်ကျွန်း)၏ ဆရာတော်ကြီးများ၏ သြ၀ါဒတော်များပေါင်းချုပ်မှ ထုတ်နုတ်
ရေးသားပူဇော်ပါသည်။ }
ဗုဒ္ဓကမ္ဘာ ဆိုဒ်မှ ပြန်လည်မျှဝေသည်။
No comments:
Post a Comment