
***ရွှေကျင်(ဂျား)ကျောင်းဖြစ်တည်လာပုံ သမိုင်းကျဉ်း ***
ရွှေကျင်(ဂျား)ကျောင်း ပရိယတ္တိစာသင်တိုက်နှင့် ပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို တည်ထောင်တော်မူသော ဆရာတော်
စတင်တည်ထောင်သူ - ဘဒ္ဒ န္တ ပညာဝရ (သာသနဓဗဓမ္မာစရိယ ၊ ဂန္တ၀ါစကပဏ္ဍိတ)
စတင်တည်ထောင်သောခုနှစ် - ၂၀၀၈ ခုနှစ်
သမိုင်းအကျဉ်း
ရန်ကုန်တိုင်းဒေသကြီး ၊ ကွမ်းခြံကုန်းမြို့ ၊ ကံကြီး ၊ မကျီးရပ်ကွက် ရွှေကျင်(ဂျား) ကျောင်း ၊ ပရိယတ္တိစာသင်တိုက်၏ ပဓာနနာယကဆရာတော် ဘဒ္ဒန္တပညာဝရ သည် ၂၀၀၈ ခုနျစ် ၊ မေလ (၂) ရက်နေ့ တွင်တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းဒဏ်ကြောင့် မိဘမဲ့ကလေးသူငယ်များနှင့် ဆင်းရဲနွမ်းပါး ပညာရေးလမ်းစပျောက်နေသော ကလေးသူငယ်များ၏ အနာဂတ်အရေး မျှော်တွေးစာနာ ၊မေတ္တာ ကရုဏာ တို့ဖြင့် ၂၀၀၈ ခုနှစ်တွင် ပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို စတင်တည်ထောင် ဖွင့်လှစ်ခဲ့ပါသည်။
ပရဟိတ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို သာသနာရေး ၀န်ကြီးဌာနမှ ခွင့်ပြုချက်အမှတ် (၂၀၀/ ၁၇-ဘ/ က) (လင) သထပ-၀၉၁ ဖြင့် တရားဝင်အသိအမှတ်ပြု ခွင့်ပြုချက်ရရှိခဲ့ပါသည်။ ပဓါနနာယက ဆရာတော် ဘဒ္ဒန္တပညာဝရသည် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသား၊ ကျောင်းသူများနှင့် ကွမ်းခြံကုန်းမြို့ အ.ထ.က (၂) တွင် ပညာသင်ကြားတက်ရောက်နေသော ကျောင်းသား ၊ ကျောင်းသူတို့၏ စားဝတ်နေရေး ၊ ကျန်းမာရေး ပညာရေး ကိစ္စ အ၀၀ တို့ကို တာဝန်ယူစောင့်ရှောက်ပေးလျက်ရှိပါသည်။
မိဘမဲ့ ၊ ဆင်းရဲနွမ်းပါး ကလေးသူငယ်များသည် လက်ရှိခံစားနေရသည့် အခြေအနေထက်မက တစ်ဘ၀လုံး သာယာလှပပြိး နောင်အနာဂတ်ကာလတွင် နိုင်ငံသားကောင်း ၊ သမီးကောင်း ရတနာများ ဖြစ်ပေါ်လာစေရန် ရည်သန်လျက် ဤပရဟိတလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပါသည်။
*** ဗုဒ္ဓအလိုကျ ပရဟိတ ***
မြစ်ကဲ့သို့လည်းကောင်း
သစ်ပင်ကဲ့သို့လည်းကောင်း
နွားမကဲ့သို့လည်းကောင်း
မိမိစီးဆင်းနေသောရေကိုမသောက်
မိမိ သီးသောအသီးကိုမစား
မိမိယိုစီးချပေးသော နို့ရည်ကိုမသောက်
သူတစ်ပါး အကျိုးစီးပွား အတွက်သာ ကျေးဇူးပြုသကဲ့သို့
ကိုယ့်ကျိုးမဖက် သူတစ်ပါးအကျိုးစီးပွား သက်သက်ကိုသာ
ဆောင်ရွက်သော စိတ်ဓါတ် ၊ လုပ်ငန်းဟူသမျှသည် ** ဗုဒ္ဓအလိုကျ ပရဟိတ ** ဖြစ်၏။
*** အားသွန် ဆောင်ရွက် ရည်မှန်းချက် ***
(၁) ဆင်းရဲ ချမ်းသာ မရွေး လူတိုင်း အခြေခံပညာနှင့် ခေတ်ပညာတတ်မြောက်စေရန်။
(၂) ကိုယ့်ကျင့်တရား ကောင်းမွန်ပြီး အများအကျိုး နိုင်ငံအကျိုး သယ်ပိုးလိုသည့် သားကောင်း ၊သမီးကောင်းများဖြစ်စေရန်။
(၃) မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတို့ကို သိရှိနားလည်၍ မြတ်နိုးစွာ လိုက်နာခံယူတတ်ကြစေရန်။
(၄) အမျိုးဘာသာ သာသနာ ကို ထိန်းသိမ်းစောင့်ရှောက်နိုင်ကြစေရန်။ ဖြစ်သည်။
ရွှေကျင်(ဂျား) ကျောင်း ပရိယတ္တိစာသင်တိုက်နှင့် ပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို ဆက်သွယ်လှူဒါန်းနိုင်ရန် လိပ်စာများ
(၁) ပဓါနနာယက ဆရာတော် ရွှေကျင်(ဂျား) ကျောင်း ပရိယတ္တိစာသင်တိုက်နှင့် ပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်း ကံကြီး၊ မကျီးရပ်ကွက် ၊ ကွမ်းခြံကုန်းမြို့ ဖုန်း ။ ။ 01-265043 ။ 09-8640565
(၂) ဦးသိန်းဦး - အမှတ်(၈၄) ၊သံသုမာလမ်း (၂၃)ရပ်ကွက် ရေနံ့သာဈေးရှေ့ ၊ သုဝဏ္ဏမြို့နယ် ၊ရန်ကုန်မြို့။ ဖုန်း။ ။01-579031 ၊ 09-5014279 ။
(၃) ဦးတင်အောင် - (ချစ်စရာပလတ်စတစ် အရောင်းဆိုင်) အမှတ်(၇၅) ၊(၂၄)လမ်း၊ လသာမြို့နယ် ၊ ရန်ကုန်မြို့။ ဖုန်း ။ ။ 01-245237
(၄) ဦးကျော်ယဉ် - ကွမ်းခြံကုန်းမြို့ ။ ဖုန်း ။ ။ 01-265010
(၅) ဦးစောထွန်း - ကွမ်းခြံကုန်းမြို့ ။ ဖုန်း ။ ။ 01-265112
အားလုံးပျော်ရွှင်ကြပြီး ..သာသနာအကျိုး ဘာသာအကျိုးဆထက်တိုးပြီးထမ်းဆောင်နိုင်ကြပါစေ....
စေတနာမေတ္တာဖြင့် ......
လမင်းကြယ်စင်
No comments:
Post a Comment