တရားရှိ အမှားသိ
တရားရှာ ကိုယ်မှာ တွေ့ တဲ့……။
တရားဟာ အရာအားလုံးမှာ ရှိနေတယ်..။ အဲသည်မှာ ရှိနေတဲ့
တရားတွေ
သိတဲ့
အဆင့်ရောက်ရင် ဘ၀ချမ်းသာကို သင်ရင်ဆိုင် တွေ့ပြီလို့ မှတ်ယူပါ…။
အဲသည်မှာ ဘာသာတရားကို သိမြင်လာရင်တော့ ထိပ်ဆုံးပေါ့ဗျာ…။
ဘာသာတရားကို
ပိုင်နိုင်လာရင် ငွေမချမ်းသာတောင်
စိတ်ချမ်းသာ ငြိမ်းအေးလာလိမ့်မယ်…။
ဘာသာတရားမှာ ပျော်မွေ့တဲ့ ပုဂ္ဂိုလ်မှန်လာရင် ဓမ္မပီတိကို
ရတာပဲ …။
ဓမ္မပီတိဟာ
ဘယ်ပီတိနဲ့မှ မတူဘူး..။ အရသာထူးတယ်..။အဲသည်
ဓမ္မပီတိကလေးနဲ့
ချမ်းသာစွာ
နေတတ်လာရင် အခြားချမ်းသာတွေကို
သိပ်မမက်တော့ဘူး…။
တရားရှိရင် အမှားသိတယ်…။
မရှိတာထက် မသိတာ ခက်တယ်…။
သင်မှ သိတယ် သိမှ ကျင့်တယ်…။
ကျင့်မှ ရတယ်…။
ရလာရင် ချမ်းသာရစပြုပြီ…။
ဘုရားဟာလည်း တရား ၊ တရားဟာလည်း တရား ၊ သံဃာဟာလည်း
တရားပဲ
၊
ပရမတ္ထကျမ်းစာ ဒေသနာမှာ ဆိုထားပါတယ်…။
ဒါကြောင့် ဘ၀ချမ်းသာ လိုချင်လွန်းလှရင် အမှားသိအောင်
တရားရှိရမှာ
ဖြစ်တယ်..။
အမြင့်တကာမှာ မာန
အပူတကာမှာ ဒေါသ
အအေးတကာမှာ မေတ္တာ
အမှောင်တကာမှာ မောဟ
အလင်းတကာမှာ ပညာ
အမြန်တကာမှာ စိတ်
ချမ်းသာတကာမှာ တရားချမ်သာ
လို့ တင်စားထား ကြပါတယ်….။
တရားဟာ ဘယ်လိုလူမျိုးတွေ ဘယ်အကြောင်းတွေနဲ့
ရတတ်ကြသလဲ…။
လူ့ဘ၀မှာ
အကြောင်းအမျိုးမျိုး အထွေထွေနဲ့ တရားကို မသိချင်တောင်မှ
သိလာကြရတော့တယ်…။
အမှတ်တမဲ့ကနေ အမှတ်တရကို သိလာတယ်..။ဘ၀နဲ့ သဘာဝက
မသိချင်လို့
မရဘူးလေ…။ အိုမှာ ၊ နာမှာ
၊ သေမှာ ၊ ပျော်ရွှင်မှာ ၊ ၀မ်းနည်းမှာ
မဟုတ်လား……။
ဒါတွေကနေ တရားသဘောကို ဘယ်သူကမှ
မဟောဘဲ ပြောပြနေတော့တယ်….။
လိုချင်တဲ့ ၊ ရချင်တဲ့ ၊ အောင်မြင်ချင်တဲ့ ၊ စိတ်တွေ အနည်းနဲ့
အများ ပြင်းပြမှု အပေါ်မှာ
လိုက်ပြီး ၀မ်းနည်းမှု ၊ ၀မ်းသာမှု အနည်းနဲ့ အများ ဖြစ်ကြရတာပဲ…။
စိတ်ဆင်းရဲမှု ၊
စိတ်ချမ်းသာမှု အကြီးအငယ်တွေ ဖြစ်ကြရတာပဲ …။
သည်လိုရှိလေတော့ လိုချင်တာကို မရခြင်းက ဆင်းရဲခြင်း
တရားတစ်ခု
ဖြစ်တော့တယ်…။
ဆင်းရဲခြင်းတရား ဖြစ်ကြောင်း ၊ ထင်ရှားလွန်းတော့တယ်…။
လောကမှာ ကိုယ်ဖြစ်ချင်တိုင်း ဖြစ်တာမှ မဟုတ်ဘဲ..။
တစ်ခါတစ်ရံ
ကံကြမ္မာအရ ဖြစ်ချင်သလိုတွေ ဖြစ်လာကြတာပါ…။
အချို့များဆို အဖြစ်ဆိုးကြီးတွေနဲ့ ကြုံပြီး တရားကို
ငယ်ငယ်ကတည်းက
တွေ့ကြတယ်…။
အားထုတ်ပြီး တွေ့တာ မဟုတ်ဘဲ
ကံကြမ္မာကနေ တွေ့ပေးလိုက်တာ…။
အချို့ကျတော့ ဘယ်လို အဖြစ်ဆိုးကြုံ ကြုံ ၊ တရား ရကို မရဘူး…။
မိုက်ပြီးရင်း မိုက်ရင်း ၊ ရှုံးပြီးရင်း ရှုံး ၊ ဆင်းရဲပြီးရင်း
ဆင်းရဲရင်းပဲ ….။
အဲဒါ တရားမသိ ၊ အမှားရှိပြီး အသိကင်းလါန်းလို့ပါ ….။
** ဒီလူဟာ သိပ်ကို
အသိတရားခေါင်းပါးတဲ့ လူပဲဗျာ ၊
သိပ်မိုက်တာပဲ
** လို့
အပြောခံကြရတဲ့ လူတိုင်းဟာ ဆင်းရဲတွင်း
သိတ်နက်တယ်..။
နောက်ဘ၀ဆိုတာ မပြောနဲ့
၊ ယခုဘ၀မှာတောင် အသိတရား ခေါင်းပါးလွန်းရင်
ဆင်းရဲရှာပါတယ်…။
အချို့ကျတော့ ကိုယ့်ကိုယ်ကို တရားရှိနေပြီ ၊ ရနေပြီ ထင်ပြီး
တကယ်တမ်းမရှိကြဘူး…။
အကြောင်းကြောင့် အကျိုးရှိတဲ့ တရားသဘောမှာ ……
၁ ။ တရားနာလို စိတ်ကြောင့်
တရားနာ ရတယ်……။
၂ ။ တရားနာရ ခြင်းကြောင့်
တရားအားထုတ်ချစ်စိတ်
ဖြစ်လာရော …..။
၃ ။ တရားအားထုတ်ချင်စိတ်ကြောင့်
တရားအားထုတ်လာတယ် မဟုတ်လား ……။
၎ ။ တရားအားထုတ်ချင်မှု အကြောင်းကြောင့်
တရားကိုသိတဲ့
ဥာဏ်ဟာ ရလာတော့တယ် ……။
အဆင့်လေးဆင့် လှေကားလေးထစ် သဘောပဲ ….။
ပုံစံ အမျိုးမျိုးနဲ့ မီးဆယ့်တစ်မီးကို ငြိမ်းသတ်နေကြရာမှာ
တရားတွေနဲ့ ငြိမ်းသတ်တာဟာ အကောင်းဆုံးဖြစ်ပါတယ်….။
လောဘမီးနဲ့ တဏှာမီးကို သဒ္ဓါတရားနဲ့ ငြိမ်းရမယ်လို့ ဆိုတယ်…။
ဒေါသမီးကို မေတ္တာတရားနဲ့ ငြိမ်းရမယ်တဲ့ ….။
ပြီးတော့ မောဟမီးကို ဘာနဲ့ ငြိမ်းမှာလဲဆိုရင် ပညာဘာဝနာရယ်
၊
ဝိပဿနာ တရားနဲ့ ငြိမ်းမှ မုချရတယ်တဲ့ …..။
အဲသည်မှာ ရောမကုန်အောင် သတိထားရမယ်…။
** တရားနာတာက တစ်မျိုး
တရားရှာတာက တစ်မျိုး
** တရားသိတာက
တစ်မျိုး
တရားရှိတာက တစ်မျိုး
** တရားမေ့တာက တစ်မျိုး
တရားတွေ့တာက တစ်မျိုး
** တရားပြတာက တစ်မျိုး
တရားရတာက တစ်မျိုး
** တရားတတ်တာက တစ်မျိုး
တရားမှတ်နေတာက တစ်မျိုး
** တရားရှုတာက တစ်မျိုး
တရားပြုတာက တစ်မျိုး နော်…..။
ဒါတွေကို ခွဲခွဲခြားခြား
ပိုင်ပိုင်နိုင်နိုင် မရှိသေးရင်
တရားသဘော မပိုင်နိုင်သေးပါဘူး…။
လောကကြီးမှာ တရား
သိလာရင်
တစ်ယောက်တည်းလည်း လောထဲတောင်ထဲမှာ
နေနိုင်တယ်..။
တရား သိလာလို့ လောက လူတွေထဲက ပြေးကြတာ အံ့သြစရာပဲ ….။
မမက်တော့ဘူး ။ မယစ်မူးတော့ဘူး ။
အကယ်၍ သူတော်ကောင်း ပညာရှိ အဖော်ကိုရလျှင်
အဲသည် အဖော်မွန်နဲ့
ဝမ်းသာစွာနေတယ်..။
မရရင်တော့ ဆင်ပြောင်ကြီးလို တစ်ဦးတည်းသာ နေတယ်…။
တစ်ဦးတည်း နေရခြင်းက မြတ်သတဲ့ ။
လူမိုက်တွေနဲ့ အဖော်ပြုနေတာက
မမြတ်ဘူးတဲ့ …။ တစ်ဦးတည်းနေတာက ကြောင့်ကြကင်းပြီး
အကုသိုလ် ကင်းသတဲ့…။
ဘ၀ချမ်းသာလမ်းက တရားရှိမှ အမှားသိမှာပါ..။
ဘ၀နဲ့ တရားကို
တွဲနားလည်မှ အဆင်ပြေမယ် ။
အဲသည်မှာ ဇောတိကာရုံ
ဆရာတော်ကြီးဘုရားကြီးရဲ့
တရားစာပိုဒ်ကလေးကို စာရေးသူ သဘောကျလွန်းလို့
လက်ဆောင်ပေး ဖော်ပြလိုက်ပါတယ်…။
** လူက မြေပြင်
စိတ်ကောင်းကင်
အဆင်မပြေပါ…။
** လူက ကောင်းကင်
စိတ် မြေပြင်
ဆင်မပြေပါ
…..။
** လူက မြေပြင်
စိတ် မြေပြင်
အဆင်ပြေလှပါ
….။
** လူက ကောင်းကင်
စိတ် ကောင်းကင်
အဆင်ပြေလှပါ
…..။
လူ့ဘ၀နဲ့ တရားတွေကို
တွဲနားလည်မှု ယူနိုင်မှ ဘ၀ ချမ်းသာ …။
သုတေသီ ဘုန်းမြင့်သွေး
ရေးသားထားသော ဘ၀ချမ်းသာ
စာအုပ် မှ ပြန်လည်ရေးသား တင်ပြသည်..။
ဓမ္မမိတ်ဆွေများ အားလုံး တရားထူး တရားမြတ်များလည်း
ရရှိနိုင်ကြပါစေလို့
…
ဆုမွန်ကောင်း ပို့သလိုက်ပါသည်…။
No comments:
Post a Comment