ပရဟိတဟူသည်သူတစ်ပါးအကျိုးစီးပွားဖြစ်ထွန်းအောင်
ပြုလုပ်ဆောင်ရွက်ပေးမှုတို့ကိုဆိုလိုသည်၊အခြေခံအကြောင်းရင်း
အားဖြင့် မေတ္တာနှင့်ကရုဏာပင် ဖြစ်သည် ။၊
သူတစ်ပါးအကျိုးစီးပွားအတွက် လုပ်ပင်လုပ်နေငြားသော်လည်း မေတ္တာနှင့်ကရုဏာကို အခြေမခံ၊ နာမည်ကောင်းရလိုမှု ထင်ပေါ်ကျော်ကြားလိုမှု လူအများချီးမွမ်းခံလိုမှုတို့ကို အခြေခံနေလျှင် ပရဟိတဟု မဆိုနိုင်ပေ ၊။
ပရဟိတတံဆိပ်ကပ်ပြီး ဖုံးကွယ်ထားသော အတ္တဟိတဟုသာဆိုရပေမည် ၊မိမိတို့ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာကို
အများစုကိုးကွယ်သောနိုင်ငံဖြစ်သည်၊
ဗုဒ္ဓမြတ်စွာ၏၀ါဒသည်
အနတ္တ၀ါဒဖြစ်သည်၊ အနတ္တကို ဝေါဟာရဖလှယ်လျှင် ပရဟိတပင်ဖြစ်၍ ဗုဒ္ဓဘာသာတို့၏လမ်းစဉ်သည်
ပရဟိတလမ်းစဉ်ဟု မှတ်ယူနိုင်ပါသည်၊
ထို့ကြောင့် ဗုဒ္ဓဘာသာမှန်လျှင် အများအကျိုးစီးပွားအတွက်
လုပ်ကို လုပ်ရပေမည် ၊ ဗုဒ္ဓဘာဘာသာဖြစ်လျှက် အများ၏အကျိုးစီးပွားကို မပြု ၊
ကိုယ်နှင့်ကိုယ့်မိသားစု
ကွက်ကွက်လေးအတွက်သာကြည့်ရှုနေလျှင်၊ သို့မဟုတ် ကိုယ့်နေတတ်သလို ဘာသိဘာသာနေလျှင်
တာဝန်ဝတ္တရားပျက်ကွက်ခြင်းဖြစ်၍ ဗုဒ္ဓဘာသာကောင်းတစ်ယောက်ဟု သတ်မှတ်ဖို့ရာ အလွန်ခဲယင်း
ပါသည်၊ စာပေတို့တွင် တာဝန်ဝတ္တရားကို ကိုယ်ကျင့်သီလအုပ်စုထဲထည့်သွင်း၍ ပြဆိုပါသည်၊
တာဝန်ဝတ္တရားပျက်ကွက်ခြင်းသည် ကိုယ့်ကျင့်သီလပျက်ခြင်းပင် ဖြစ်သည်၊ ထို့ကြောင့် ဗုဒ္ဓဘာသာကောင်း
တို့သည် တာဝန်ဝတ္တရားများကို ဘယ်သောအခါမှ အပျက်မခံကြပေ ၊
တာဝန်ဝတ္တရားကျေပွန်အောင်
လုပ်ခြင်းသည် ကိုယ်ကျင့်သီလပြည့်စုံအောင် ဖြည့်ကျင့်ခြင်းပင်ဖြစ်၍ မိမိတို့၏ဆိုင်ရာဆိုင်ရာ တာဝန်ဝတ္တရား
များကို ကျေပွန်အောင် ဆောင်ရွက်လေ့ရှိကြပါသည်၊
တာဝန်ကျေပွန်ဖို့အတွက်ဆိုလျှင် မိမိတို့အသက်ကိုပင်
ပျော်ပျော်ကြီးစတေးနိုင်ကြပါသည် ၊ ဗုဒ္ဓဘာသာတို့၏ ပဓာနတာဝန်သည် ပရဟိတပြုလုပ်ရန် ဖြစ်ကြောင်း
ပြောလိုခြင်းဖြစ်သည် ၊
ယခုအခါ မိမိတို့ မြန်မာနိုင်ငံအတွင်း၌ ပရဟိတကိုအားပြုသော လူမှုကူညီရေးအသင်းများ တစ်ခုပြီးတစ်ခု
ပေါ်ပေါက်လာနေပါသည် ၊ ဗုဒ္ဓဘာသာဝင်များ ဗုဒ္ဓဘာသာပီသလာပြီဟု ဆိုရပေမည်၊ နိုင်ငံအတွက်လည်း
ကောင်းသောအလားအလာဟု ဆိုနိုင်ပါသည် ၊
လူမှုကူညီရေးအသင်းတစ်ခုဖြစ်ဖို့ဆိုသည်မှာ လွယ်ကူသော
အလုပ်တစ်ခုမဟုတ် ၊ တော်ရုံဇွဲ တော်ရုံသတ္တိ တော်ရုံစိတ်ဓာတ်နှင့် မရ ၊ ကိုယ့်အကျိုးစီးပွားကို ဥပေက္ခာပြု
ရသည့်အလုပ်ဖြစ်သောကြောင့် အတ္တမဖက် ပရဟိတဖက်ကို တကယ့်ကိုအားသန်မှ ဖြစ်နိုင်ပါသည်၊
တည်မြဲဖို့ရန်အတွက်ကား မေတ္တာကရုဏာရှေ့ထား၊ အများအကျိုးစီးပွားကို အမြဲလိုလားနေမှသာလျှင်
ဖြစ်နိုင်ပါသည် ၊ မဟုတ်လျှင် ကောက်ရိုးမီးပမာ ဟုန်းကနဲတောက်လာသော်လည်း ခဏအတွင်းမှာပင်
ပျောက်ကွယ်ပျက်စီးသွားပါလိမ့်မည်၊
ယခုကဲ့သို့ ဟုန်းကနဲတောက်ပြီး ခဏအတွင်းပျောက်ကွယ်သွားသော
အဖွဲ့အစည်းများ နေရာစုံ၌ တွေ့ရလေ့ရှိသည် ၊
တစ်ချို့လူမှုရေးအဖွဲ့အစည်းများကား “ ပရဟိတ-ပရဟိတ”ဟု ပါးစပ်က တတွတ်တွတ်ပြောနေသော်လည်း
အတ္တဟိတဘက် ပါနေတတ်သည်ကို တွေ့ရတတ်သည်၊
အများအကျိုး အမှန်တကယ်လိုလားသော စိတ်ဓာတ်
နည်းပါးမှု၏ လက္ခဏာပင်ဖြစ်သည်၊ မိမိတို့သည် လူသားများဖြစ်သည့်အတွက် အမှားအမှန်နှင့် ဖြစ်သင့်မဖြစ်
သင့်ကို ခွဲခြားဝေဖန် တိုင်းတာတတ်သော အသိဥာဏ်ရှိရပါမည် ၊
စာနာနားလည်တတ်သောနှလုံးသား
ရှိရပါမည် ၊ အသိဥာဏ်နှင့် စာနာနားလည်တတ်သော နှလုံးသားသည် လူတစ်ယောက်၏အရည်အသွေးဟု
ဆိုလျှင် သဘောထား အထူးကွဲလွဲနိုင်စရာ မရှိပါ ၊
လူတစ်ယောက်သည် အသိဥာဏ်မြင့်မား၍ စာနာစိတ်ရှိလာပြီဆိုလျှင် အများအကျိုးစီးပွားဖြစ်သော ပရဟိတ
လုပ်ငန်းများကို မလွဲမသွေ လုပ်ဆောင်လာပါလိမ့်မည် ၊
လူတိုင်း လူတိုင်း ပရဟိတလုပ်ငန်းများကို လုပ်လာကြ
ပြီဆိုလျှင် လူသားမဆန်သော ရက်စက်ကြမ်းကြုတ်မှုများ ကောက်ကျစ်စဉ်းလဲသောနှလုံးသားများ ကမ္ဘာလောကကြီးအတွင်း၌ ဖြစ်ပေါ်လာတော့မည်မဟုတ်ပါ၊
အသိဥာဏ်ပညာ အခြေခံသော မေတ္တာကရုဏာလွှမ်းခြုံသော မိမိတို့၏ ပရဟိတလုပ်ငန်းများကြောင့်
ရက်စက်ကြမ်းကြုတ်သူများပင် ဗုဒ္ဓမြတ်စွာနှင့်တွေ့သော အာဠာဝကဘီလူး ၊ အင်္ဂုလိမာလတို့ကဲ့သို့
နူးညံ့သိမ်မွေ့သော နှလုံးသားအဖြစ်သို့ပြောင်းလဲကာ လူသားဆန်လာကြပါလိမ့်မည် ၊
ကိုယ်စီ ကိုယ်စီ
လူသားဆန်လာကြပြီဆိုလျှင် မိမိတို့ပတ်ဝန်းကျင် မြို့ရွာ နိုင်ငံသည်လည်း တည်ငြိမ်အေးချမ်းသာယာပြီး
စီးပွားရေး ပညာရေး သာသာရေး နိုင်ငံရေး ကျမ်းမာရေးတို့ တဖြည်းဖြည်းတိုးတက်လျှက် ကမ္ဘာတွင် မြန်မာဟု
ရဲရဲရင့်ရင့်ရင့် ပြောဆိုနိုင်သည်အထိ အကျိုးကျေးဇူးကြီးမားလာပါလိမ့်မည် ၊ အများချမ်းသာရေး အများအကျိုး
စီးပွားဖြစ်သော ပရဟိတလုပ်ငန်းများကို ကိုယ်စီ ကိုယ်စီ လုပ်ကြဖို့သာ လိုပါသည် ၊
မိမိတို့ကိုးကွယ်သော ဗုဒ္ဓမြတ်စွာသည် သုမေဓာရှင်ရသေ့ဘ၀ကတည်းက နိဗ္ဗာန်ကို ယူနိုင်သော်လည်း
အတ္တကိုပယ်စွန့် ပရဟိတကို အဆွေခင်ပွန်းဖွဲ့ကာ သူရဲကောင်းတို့နှလုံးသား ဘုရားအလောင်းတို့၏
စိတ်ဓာတ်ဖြင့် ဗုဒ္ဓဘာသာတို့အတွက်လမ်းစဉ်ကို ရဲရဲဝံ့ဝံ့ ချမှတ်ပြသသွားခဲ့ပါသည် ၊
ဗုဒ္ဓမြတ်စွာ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်သည်ဆိုရာ၌ အခြားမဟုတ် ၊ အများအကျိုး
ပရဟိတလုပ်ငန်းများကို လုပ်ခြင်းပင်ဖြစ်သည် ၊
ဘုရားဖြစ်တော်မူပြီးနောက် ၄၅-၀ါ ကာလပတ်လုံး နေ့မနား
ညမနား တစ်လောကလုံးရှိသတ္တ၀ါတို့အား ဆင်းရဲဒုက္ခများမှ လွတ်မြောက်စေရန် တရားတော်များကို
ဟောကြားတော်မူခြင်းသည်လည်း ပရဟိတပင် ဖြစ်သည်၊ ဗုဒ္ဓမြတ်စွာ၏ ဘ၀သံသရာသည် ပရဟိတနှင့်ပင်
ပြီးပြတ်သွားပါသည် ၊
မိမိတို့သည် ဗုဒ္ဓမြတ်စွာ၏ လမ်းစဉ်ကို လိုက်ပါနေကြသော ဗုဒ္ဓဘာသာဝင်များပီပီ ဗုဒ္ဓမြတ်စွာကဲ့သို့
တစ်လောကလုံးအတွက် စွမ်းစွမ်းတမံ မလုပ်နိုင်ငြားသော်လည်း မိမိတို့လက်လှမ်းမှီရာ ပရဟိတလုပ်ငန်းများကို
စွမ်းနိုင်သမျှ လုပ်ဖြစ်အောင်လုပ်ဖို့ လိုအပ်ကြောင့် ပြောဆိုတင်ပြလိုက်ရပါသည် ………….။
ဗုဒ္ဓကမ္ဘာ ဆိုဒ် မှ ခလေးလေး ရေးသားသော ပို့မှ ပြန်လည်မျှဝေသည်။
No comments:
Post a Comment