သုဝဏ္ဍဘူမိမြို့ဟောင်းတည်နေရာ
သုဝဏ္ဍဘူမိမြို့ ဟောင်း တည်နေရာ
ကလေးဘဝကတည်းက ကြားဖူးသည်။ သုဝဏ္ဍဘူမိ သထုံဟုလည်း သိထားသည် ။ အနော်ရထာမင်းသည် သုဝဏ္ဍဘူမိ သထုံမှ ပိဋ္ဋကတ်တော်များကို
ဆင်အစီး ( ၃၀ ) ဆယ်ဖြင့် ပင့်ဆောင်ကြောင်း ၊ ပုဂံဒေသတွင် သုဝဏ္ဍဘူမိ
သထုံမှ ကြွရောက်တော်မူလာသော ရှင်အရဟံ ကျေးဇူးကြောင့်
ဗုဒွ့သာသနာ
ပြန်ပွားအောင် ဆောင်ရွက်တော်မူနိုင်ခဲကြောင်း သင်ကြားခဲ့ဖူးသည် ။
၁၂ ရာစုအစပိုင်းတွင် ထိုင်နိုင်ငံက ၎င်းတို့ ၏ နိုင်ငံတကာ လေဆိပ်ကြီးကို
သုဝဏ္ဍဘူုမိဟု ကမွည်းမော်ကွန်း ထိုးလိုက်သောအခါ သုဝဏ္ဍဘူုမိဆိုသည်မှာ
ထိုင်းနိုင်ငံလေလားဟု ထင်ယောင် ထင်မှားဖြစ်သွားပါသည် ။ ၂၀၁၂ ခုနှစ်
စက်တင်ဘာလကုန်ပိုင်း တစ်ရက်တွင် စာတမ်းဖတ်ပွဲပြုလုပ်ခဲ့ကြသည် ။
စာတမ်းရှင်များက “ သုဝဏ္ဍဘူမိဆိုသည်မှာ သထုံဒေသဆိုသည်ကို စာပေအထောက်အထား
ကွင်းဆင်းလေ့လာ သုတေသနပြုတွေ့ ရှိမှုအထောက် အထားများဖြင့်
တစ်ညီတစ်ညွတ်တည်း အတည်ပြု “ ခဲ့ကြသည် ။ ထိုင်း - အင်ဒိုနီးရှား -
မလေးရှား - ကမွော့ဒီးယား နိုင်ငံဟု သုဝဏ္ဍဘူမိဆိုသောအဆိုကို -ု စာရေဆရာ
အချို့ ရေးသာကြသည်မှာ ( လုံးဝမဖြင့်နိုင်ပါ ) လက်မခံနိုင်ပါ ။
မွန်လူမျိုးတို့ သည် ခရစ်နှစ်အစဦးပိုင်းကာလမှစ၍ စစ်တောင်းမြစ်နှင့်
သံလွင်မြစ် နှစ်သွယ်စပ်ကြားဒေသတွင် ရာမညေးသဟု ခေါ်သော ( မွန်မင်း )
ပြည်ထောင်တစ်ခုကို တည်ထောင်လျက် အတည်တကျနေထိုင်လာခဲ့ကြပါသည် ။
၎င်းမွန်ပြည်ထောင်၏ ဗဟိုချက်မသည် သုဓမွ့ဝတီခေါ် သထုံပြည်ပင်ဖြစ်၏ သုဝဏ္ဍဘူမိ
သို့ မဟုတ် “ ရွှေမြေ “ ဟူ၍လည်းခေါ်ကြ၏ သုဝဏ္ဍဘူမိဆိုသည်မှာလည်း
ဘင်္ဂလားပင်လယ်ကွေ့  ပတ်ဝန်းကျင်ဒေသကိုလည်းကောင်း ၊ အရှေ့ 
တောင်အာရှကုန်းတွင်းပိုင်း တစ်ခုလုံးကိုသော်လည်းကောင်း
ရည်ညွန်းပြောဆိုမှုများရှိပါသည်
။ အစဉ်အလာဆိုစကားအရ ဗုဒွ့ဘုရားရှင်လက်ထက်မှစ၍ သီဟရာဇာမင်းသည်
သုဝဏ္ဍဘူမိမြို့ တော်ကို တည်ထောင်ခဲ့သည်ဟုဆို၏ သီဟိုဠ်ရာဇဝင်
တစ်စောင်ဖြစ်သော “ မဟာဝံသ “ ကျမ်း၌ ခရစ်နှစ်အကြို ၃ ရာစုအတွင်း
အရှင်သောဏနှင့် အရှင်ဥတ္တရမထေရ်ကြီးတို့  ကြီးမှုးသော
ဗုဒွ့သာသနာပြုအဖွဲ့ သည် သုဝဏ္ဍဘူမိသို့  ဆိုက်ရောက်လာခဲ့ပြီး
သာသနာပြုတော်မူကြောင်းဖော်ပြပါရှိ၏
ရာဇာဓိပတိ ( ဓမ္မစေတီ ) မင်းကြီး၏ ကာလျာဏီသိမ်ကျောက်စာတွင်
အရှင်သောဏနှင့် ဥတ္တရမထေရ်တို့  ဆိုက်ရောက်လာခဲ့သော သုဝဏ္ဍဘူမိမြို
့ဟောင်းနေရာကို “ ဃောဠမတ္တိက “ ခေါ် ယခု သထုံဖြင့်ပါသည် ။ယခုဘီးလင်းမြို
့နယ် ကေလာသတောင်ခြေရင်း ၊ သထုံမှမိုင် ( ၃၀ ) ခန့် အကွာရှိ
အယက်သမရွာ၌ရှိကြောင်း ဖော်ပြသည် ။ မှန်နန်းမဟာရာဇဝင်တော်ကြီးတွင်
သထုံမြို့ မှ အရှင်မဟာဗုဒွ့ဃောသမထေရ်ကြီးသည် အေဒီ ၄၀၀ ခန့် ၌ သီဟိုဠ် (
သီရိလင်္ကာ ) သို့ ကြွသွားတော်မူပြီး ဗုဓွ့ပိဋ္ဋကတ်ကျမ်းစာများကို
မွန်ဘာသာအက္ခရာဖြင့် ရေးကူး၍ သထုံသို့  ပင့်ဆောင်တော်မူခဲ့ကြောင်း
ဖော်ပြပါရှိသည် ။ ၎င်းမထေရ်ကြီးနှင့်ပတ်သက်သော သမိုင်းအထောက်အထားများအပေါ်
ခရစ်နှစ် ၅ ရာစု၌ ထေရ ဝ္လါဗုဒွ့ဘာသာထွန်းကားနေခဲ့ကြောင်း
ရှေ့ ဟောင်းသုတေသနအထောက်အထားများက သက်သေခံလျက်ရှိပါသည် ။
မှန်နန်းမဟာရာဇဝင်တော်ကြီးက ဆက်လက်၍ ပုဂံပြည်မှ အနော်ရထားမင်းကြီး (
၁၀၄၄ - ၁၀၇၇ ) သည် သထုံကို စစ်ချီတက်တိုက်ခိုက်ပြီး သထုံဘုရင် (
မနုဟာမင်းကို ) အောင်မြင်သောအခါ မင်းနှင့်တကွ ပိဋ္ဋကတ်တော် အစုံသုံးဆယ်ကို
ပုဂံပြည်သို့ ယူဆောင်သွားကြောင်း ထိုစဉ်အခါမှစ၍ သထုံပြည်သည်
ပုဂံနိုင်ငံ၏ လက်အောက်သို့  အေစီ ၁၃ ရစြုနှစ်အထိ ကျရောက်သွားခဲ့ကြောင်း
ဖော်ပြပါသည်။ မွန်မြို့ ဟောင်း အကြွင်းအကျန်တို့ သည် မုတ္တမပင်လယ်ကွေ
့ပတ်ဝန်းကျင်ဒေသရှိ - ကျိုက္ကသာ - တိုက္ကလား - ဇုတ်သုတ် - သထုံ -
စမွါနဂို ( မှော်ဘီ ) ၊ မြို့ ဟောင်းကြီးများနှင့် ကော့ထင်း - စစ်တောင်း
- လိပ်ခုံး - ကကတစ် - မုသင်း -ဇွဲဂလာ - မရမ်းကုန်း - ကတိုက်ကြီး -
ကတိုက်ကလေး - ဆင်ဖြုကျွန်းအစရှိသော မြို့ ဟောင်းကုန်းငယ်များကို
ဖော်ထုတ်ပေးခဲ့ပါသည် ။ သုဝဏ္ဍဘူမိမြို့ ဟောင်းသည် ( မြောက်လတ္တီတွဒ် ၁၇
ဒီဂရီ ၂၁ မိနစ်နှင့် အရှေ့ လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၅၁ မီနစ် ) သည် ။
ယခု မုပွလင်နှင့် ကျိုက်ထိုအထိ ရှည်လျားသေားမြို့ ဟာင်းကြီး တစ်မြို
့ဖြင့်ပါသည် ။ မြို့ ဟောင်း၏ အပြင်မြို့ ရိုးသည်
ပုံဏ္ဍာန်အတိအကျမဆိုနိုင်သော အလျားရှည်ဝန်းဝိုင်းသည့်အသွင်ရှိသည်
။ အရွယ်အစားမှာ အလျား အရှေ့ အနောက် ရှည်လျားသော မြို
့ဟောင်းကြီးဖြင့်ခဲ့သည် ။ အရှေ့ ဘက်ပိုင်းမှာ ကျယ်ပြန်၍အနောက်ဘက်သို့ 
ကျဉ်းမြောင်းသွားပြီး ပင်လယ်ကွေ့ ကမ်းရိုးအစပ်သို့ ရောက်သည် ။
အတွင်းထပ်မြို့ ရိုးများသည် ( ၇ ) ထပ်ခန့် ရှိ၏ ၎င်းမြို့ ဟောင်းများသည်
ဘုရားစေတီအဆူဆူ ဝိုင်းလျက်ရှိသည် ။ သုဝဏ္ဍဘူမိမြို့ ဟောင်းသည် ခရစ် ၈
-ရာစုထက် နောက်မကျနိုင်ကြောင်း ခန့် မှန်းမိပါသည် ။ ဇုတ်သုတ်မြို
့ဟောင်းနဘေးတွင် ကျိုက္ကသာမြို့ ဟောင်းလည်းတည်ရှိပါသည် ။ မိုင် ( ၂၀ ) ခန်
့အကွာ၌ ရှိ၏ ကေလသတောင်နှင့်ဆိုလျှင် ၎င်း၏တောင်ဘက်မလှမ်းမကွာ၌တည်ရှိ၏
မြို့ ဟောင်းအတွင်း ဗဟိုကုန်းပေါ်တွင် ရှေ
့ဟောင်းဂဝံအုတ်ချပ်ဘိနပ်တော်ပေါ်၌
ရှစ်မြောင်ပနက်ဖြင့် ကျိုက်ထီးဆောင်း ( ကျိုက်ထီးစောင်း )ခေါ်
စေတီတစ်ဆူရှိသည် ။ ထိုစေတီ၏အနောက်မြောက်ဘက်တွင် ဆင်တပ် မြင်းတပ် (
ဆင်ထပ် မြင်းထပ် ) ဟုခေါ်သော ဂဝံကျောက်ပြာပေါ်တွင် ထုပြီးမြို
့တံတိုင်းနှင့်ကပ်လျက်စီထားသည် ။ လက်ရှိတံတိုင်အမြင့်မှာ ၈ -ပေရှိပါသည် ။
မူလက တစ်မိုင်ခန့် ရှည်လျားမည်ဟုဆိုကြသော်လည်း ယခုအခါ ၄၆၀ -ပေခန်
့သာကျန်တော့၏ ။ ( ဃောဠမတ္တိက ) သည် ကေလာသတောင် ( ဘီးလင်း )၏အနောက်
မြောက်ဆင်ခြေလျော ပေါ်တွင် ယခုလက်ရှိ အယက်သမရွာ၌ရှိ၏ ။
ရှေ့ ဟောင်းသထုံမြို့ ကွက်အတွင်း၌ အပြည့်အဝတည်လျက်နေရာယူထားပြီဖြင့်၍
မြို့ ဟောင်းအတွင်းရှိ ရှေ့ ဟောင်း နေရာများပျက်စီး ၊
ပျောက်ဆုံးခြင်းအခြေ အနေသို့  ဆိုက်ရောက်သွားကာ မမြင်နိုင်တော့ပေ ။
သို့ ရာတွင် သထုံမြို့ ဟောင်း၏ ပဓာနကျသော ရှေ
့ဟောင်းအထောက်အထားများအဖြစ် ( ရွှေစာရံစေတီ )ကြီးကို
နန်းတော်ကုန်းဟောင်းနှင့် တောင်ဘက်မြို့ တံတိုင်းတို့ အကြား၌ တွေ
့နိုင်ပါသေသည် ။ ရွှေစာရံစေတီပရဝုဏ်အတွင်း၌ သိကြားဘုရားခေါ် မြသိန်းတန်
စေတီ ၊ ပိဋ္ဋကတ်တိုက်စေတီများတည်ရှိသည် ။ သိကြားဘုရားတွင်
မြေမီးဖုတ်ဇာတ်ကြီးဆယ်ဘွဲ့  သရုပ်ဖော်ရုပ်ကြွများ ကပ်စီထားလျက်ရှိပါသည် ။
ဘုရားတောင်ဘက် ကလျာဏီသိမ်ဟောင်းမှ သဲကျောက်ဆစ်နိမိတ်တိုင်များမှညလည်း
၎င်းဇာတ်ကြီးဆယ်ဘွဲ့ သရုပ်ဖော်ပုံများ ထုဆစ်ထားသည်ကို တွေ့ နိုင်ပါသည် ။
ထိုဇာတ်တော်ပုံများမှာ ဝေသန္တရာဇာတ် ၊ ဝိဓုရဇာတ် ၊ မဟာဥမင်္ဂ ( မဟောသဓာ )
ဇာတ် ၊ ဘူရိဒတ်ဇာတ် ၊ တေမိယဇာတ် ၊ စသောဇာတ်တော်များကို သရုပ်ဖော်ထား၍
အရှင်ဗုဒွ့ဃောသ သမိုင်းကြောင်း နှင့်ဆက်စပ်မှုရှိကြောင်း သိနိုင်ပါသည်
။ ပုဂံမြို့ ဟောင်းတွင်တွေ့ ရသော ဖက်လိပ်ဘုရားနှစ်ဆူ ၊ ဓမ္မရာဇိက ၊
မင်္ဂလာစေတီ ၊ အစရှိသော ဘုရားများတွင် တန်ဆာဆင်ထားသော ဇာတ်တော်စဉ်
့ကွင်းများနှင့်လည်း ဆက်စပ်မှုရှိနေပါသည် ။
သထုံမှဇာတ်တော်ရုပ်ကြွပုံများ၏ သက်တမ်းကို ၎င်းတို့ ထုလုပ်မူ
ဟန်ပန်အနေအထားအရ ခရစ် ၉ ရာစုမှ ၁၁ -ရာစုနှစ်များအတွင်း
အနုပညာလက်ရာဖြစ်နိုင်ကြောင်း ခန့် မှန်းကြပါသည် ။ ၎င်းတို့ နှင့်အတူ
ကျောက်ဆစ်ဗုဒွ့ရုပ်ပွားတော်များ မြေမီးဖုတ်ဗုဒွ့ရုပ်ပွားတော်များကိုလည်း
ဖူမြော်နိုင်ပါသည် ။
သထုံသည် တစ်ချိန်က ပင်လယ်ဆိပ်ကမ်းမြို့ ကြီး တစ်မြို
့ဖြစ်ကြောင်းပါကြောင်း အထောက်အထားများစွာရှိပါသည် ။ သထုံကို
သော်လည်းကောင်း သထုံနှင့်ဆက်စပ်နေလျက်ရှိသော မြို
့ဟောင်းငယ်များကိုလည်းကောင်း စနစ်တကျတူးဖော် သုတေသနပြုခြင်းကို
မဆောင်ရွက်နိုင်သေပေ ။ ထို့ ကြောင့် သုတေသနပညာရှင်တို့ သည် သထုံနှင့်
၎င်းအနီးပတ်ဝန်းကျင် တို့ ၌ သိသာထင်ရှားသော ရှေ့ ဟောင်း
အဆောက်အအုံများတည်ရှိကြောင်း အထောက်အထားများ မတွေ့ ရဟု အဆိုပြု
ကောက်ချက်ဆွဲခဲ့ကြသည် ။ သို့ ရာတွင် ကောင်းကင်ဓါတ်ပုံအထောက်အထားကို
အသုံးပြု၍ သထုံမြို့ ဟောင်းကြီးနှင့်တကွ ၎င်းအနီးပတ်ဝန်းကျင်တွင် ရှေ
့ဟောင်းနေရာများတည်ရှိကြောင်း သက်သေထူးပြုပြသနိုင်ခဲ့၏ ။
သထုံခရိုင်အတွင်း ရှေ့ ဟောင်းယဉ်ကျေးမူအထောက်အထားများ
အနှံ့ အပြားတည်ရှိကြောင်း ဖော်ခမ်းမားမှအစ
မျက်မှောက်ခေတ်သမိုင်းနှင့် ရှေ့ ဟောင်းသုတေသနပညာရှင်များအထိ
ကွင်းဆင်းလေ့လာတွေ့ ရှိရသော အချက် အလက်များ
ကောင်းကင်ဓါတ်ပုံလေ့လာဖတ်၇ူခြင်းနည်းပညာ
( Ramote Sensing ) အရ ဖော်ထုတ်ထားသော မြို့ ဟောင်းရာတည်ပုံ ၊ ရှေ
့လူတို့ ဖန်တီခဲ့ခဲ့သော မြေပြင်အနေအထား ( Man _ made Land Seape ) -
ရေးပေးဝေမူစနစ် ( Water Mamagement System ) များအရ သုဝဏ္ဍဘူမိမြို
့ဟောင်းဟူသည် မြန်မာနိုင်ငံအတွင်းရှိကြောင်း စာရူသူများ ကိုယ်တိုင်
ဆုံးဖြတ်နိုင်လိပ်မည်ဟု ကျွန်တော် ယုံကြည်မျှော်လင့်ပါသည် ။
ရွှေအဆင်းဝင်းသော ( သုဝဏ္ဍဘူမိ ) ခေါ် အမျိုးသားယဉ်ကျေးမှုအမွေအနှစ်များကို မြတ်နိုးစွာ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန်သည် ရွှေနိုင်ငံသားအားလုံး၏ မဟာတာဝန်ကြီးပင် ဖြစ်ပါသည် ……………. လို့ 
ကျွန်တော်တို့  တွေ စည်းလုံးကြဖို့ 
အချိန်ကြပါပြီလို့ ။
Rapper Ko Ko ရေးသားသောပို့မှ ကူးယူမျှဝေသည်။
No comments:
Post a Comment