/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /http://4.bp.blogspot.com/-64lFCmprlo4/UlIK93uB36I/AAAAAAAAANM/xlqs8O3Iljg/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Wednesday, October 9, 2013

ဘာသာတရားတို့၏လားရာနှင့် ဘဝလမ်း


        ယနေ့ကမ္ဘာပေါ်တွင် လူအများကိုးကွယ်ဆည်းကပ်လျှက်ရှိသော ဘာသာကြီးလေးရပ်၏ ယေဘုယျ
တူညီသော အခြေခံသဘောတရားများကို “ ဘာသာရေးဥခွံကို ဖောက်ထွက်ကြည့်ခြင်း “ ဆောင်းပါးတွင်
မိမိရေးခဲ့ပြီး ဖြစ်သည် ၊ ထိုဆောင်းပါးတွင် ဘာသာတရားတို့သည်လူသားများအတွက် မရှိမဖြစ် ဟုတ်
မဟုတ်မှ အစပြု၍ ဘာသာတရားများနှင့်ကမ္ဘာ့ငြိမ်းချမ်းရေးအထိမိမိမြင်သမျှကို သုံးသပ်တင်ပြခဲ့သည် ၊
ယခု ယင်းဘာသာတရားတို့၏လားရာ သို့မဟုတ် အမြင့်ဆုံးပန်းတိုင်နှင့် လူသားများ၏ အခန်းကဏ္ဍကို
အစွဲကင်းကင်းဖြင့် မိမိမြင်သည့်အတိုင်း လေ့လာသုံးသပ်ပြချင်ပါသည်။ ဘာသာတရားတို့သည် လူသားများကျင့်သုံးလိုက်နာနိုင်ကြစေရန်ကျင့်ဝတ်စည်းကမ်းချမှတ်ပေးခြင်း၌
 ယေဘုယျတူညီမှုရှိသည်မှန်သော်လည်း အဆုံးအမတရားတော်များနှင့် အနှစ်သာရပိုင်းမှာတော့
တူညီမှုမရှိကြပေ ၊ ယင်းမတူညီမှုကို အကြောင်းပြု၍ သက်ဆိုင်ရာဘာသာဝင်တို့သည် အပြောအဆို
အနေအထိုင် ယဉ်ကျေးမှု ဘဝရပ်တည်ဖြတ်သန်းမှု စိတ်နေစိတ်ထား ထုံးတမ်းစဉ်လာစသည်များ ကွဲပြား
သွားသည် ၊ တစ်ဘာသာနှင့်တစ်ဘာသာ ပဋိပက္ခတို့သည် ယခုလိုကွဲပြားမှုများမှ စတင်ဖြစ်ပေါ်သည် ၊
      ဘာသာတရားတိုင်းတွင် အမြင့်ဆုံးပန်းတိုင်ကိုယ်စီရှိကြသည် ၊ ယင်းအမြင့်ဆုံးပန်းတိုင်သည်လည်း
တစ်ဘာသာနှင့်တစ်ဘာသာ ကွဲပြားခြားနားသကဲ့သို့ သွားရာလမ်းကြောင်းအားဖြင့်လည်း တစ်မျိုး
တစ်ဘာသာစီ ဖြစ်နေသည် ၊ ဟိန္ဒူဘာသာ၏အမြင့်ဆုံးပန်းတိုင်မှာသံသရာမှ လွတ်မြောက်ခြင်းဟု
ဆိုအပ်သော ဗြဟ္မာလောကသို့ ရောက်ရှိရေးဖြစ်ပြီး ထူးခြားချက်မှာ လွတ်မြောက်ပြီးသူများသည် ကမ္ဘာ
လောကသို့ ပြန်လာနိုင်ကြသည်၊ ကမ္ဘာလောကကြီးတွင် မိမိတို့အလိုရှိရာ ခန္ဓာကိုယ်ကိုရယူ၍ လူသားများ
လွတ်မြောက်ရေးအတွက် ကူညီဆောင်ရွက်ပေးနိုင်ကြသည် ၊ 
                ဟိန္ဒူဘာသာ၏ သံသရာမှ လွတ်မြောက်
ခြင်းဆိုသည်မှာ ဗုဒ္ဓဘာသာ၏အမြင့်ဆုံးပန်းတိုင်နိဗ္ဗာန်ကဲ့သို့ အပြီးအပြတ်ဘဝချုပ်ငြိမ်းသွားခြင်းမျိုး
မဟုတ်ပေ ၊ ဗုဒ္ဓဘာသာတို့၏ အမြင့်ဆုံးပန်းတိုင်ကား သြကာသဘုရားရှိခိုးမှာ ပါသည့်အတိုင်း နိဗ္ဗာန်ကို
မျက်မှောက်ပြုရေး ဖြစ်သည် ၊ ထူးခြားချက်မှာ ဗုဒ္ဓသာသာတို့၏နိဗ္ဗာန်သည် တစ်ခြားဘာသာများ၏
ပန်းတိုင်ဖြစ်သော ကောင်းကင်ဘုံကဲ့သို့ လောကတစ်နေရာရာတွင် ဘုံဋ္ဌာနတစ်ခုအနေဖြင့် တည်ရှိနေတာ
မျိုး မဟုတ်ပေ၊ ဤလောကနှင့်ဆက်စပ်နေသော နယ်ပယ်လည်း မဟုတ်ပေ၊ ဒီထက် ကျယ်ကျယ်ပြန့်ပြန့်
ပြောရလျှင် ဗုဒ္ဓဘာသာဝင်တို့၏ နိဗ္ဗာန်တွင် အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော အချိန်ကာလ မရှိ ၊
မြို့ရွာ တိုင်း နိုင်ငံစသော ကမ္ဘာလောက မရှိ၊ ဆောင်းနွေမိုးဟူသော ရာသီဥတုမရှိ ၊ အတွင်း အပြင်မရှိ ၊
အနီးအဝေး မရှိ ၊ ယုတ်နိမ့်ခြင်း မြင့်မြတ်ခြင်း မရှိ ၊ နူးညံ့သိမ့်မွေ့ခြင်း ရုန့်ရင်းကြမ်းတမ်းခြင်းများ မရှိ ၊
ချမ်းသာခြင်း ဆင်းရဲခြင်း မရှိ ၊ အမျိုး အနွယ် ပုဂ္ဂိုလ် သတ္တ၀ါ ယောက်ျားမိန်းမ မရှိ ၊ ချစ်ခြင်း မုန်းခြင်း
စသော ခံစားမှုဝေဒနာများ မရှိ ၊ ဗုဒ္ဓသာသာစာပေတို့၏အဆိုအရ နိဗ္ဗာန်ကို မျက်မှောက်ပြုသွားသူသည်
ဘဝအသစ်တစ်ဖန် ပြန်ဖြစ်ခြင်းမရှိတော့ ( ဗုဒ္ဓဘာသာတို့၏ပန်းတိုင်နိဗ္ဗာန်နှင့်ပတ်သက်၍ အကျယ်တဝင့်
ရေးထားသော “ ဘဝသံသရာနှင့် နိဗ္ဗာန် “ ဆိုသည့် ဘလော့ပို့စ်လေးတစ်ခု မိမိတင်ထားဖူးပါသည် ၊
စိတ်ဝင်စားလျှင် ရှာဖတ်ကြည့်ပါဟု အကြံပြုပါသည် ) ၊
             ခရစ်ယာန်ဘာသာ၏အမြင့်ဆုံးပန်းတိုင်မှာ ကောင်းကင်ဘုံသို့ ရောက်ရှိရေးဖြစ်ပြီး ထူးခြားချက်
များမှာ ကောင်းကင်ဘုံသို့ ရောက်ရှိသူများသည် ဘုရားသခင်ကို ဖူးတွေ့ရလျှက် ဆုံးစမထင်သော ချမ်းသာ
မှုများ ထာဝရတည်မြဲသော ပျော်ရွှင်ဝမ်းမြောက်မှုများကို ရရှိကြသည် ၊ ဘုရားသခင်ကို ဖူးတွေ့ရ၍ ရရှိ
သော ချမ်းသာပျော်ရွှင်ဝမ်းမြောက်မှုများသည် မည်သည့်အခါမှ ပြီးဆုံးခြင်း ပြောင်းလဲခြင်း ယုတ်လျှော့ခြင်း
မဖြစ်တော့ပဲ ကောင်းကင်ဘုံရောက်ရှိသူများသည် ထာဝရတည်မြဲသောဘဝ၌ ဖွဲ့စည်းပါဝင်သွားသည် ၊
ခရစ်ယာန်အယူဝါဒတွင် ပုဂ္ဂိုလ်အားဖြင့် ဖခမည်းတော် သားတော် သန့်ရှင်းသောဝိညာဉ်တော်ဟူ၍ သုံးပါး
တစ်ဆူရှိသော်လည်း အနှစ်သာရအားဖြင့်ကား ထာဝရဘုရားသခင်တစ်ဆူတည်းသာ ရှိသည်၊ သားတော်
သန့်ရှင်းသောဝိညာဉ်တော်တို့သည် ဖခမည်းတော်ထာဝရဘုရားသခင်၏ ကိုယ်တော်အစိတ်အပိုင်းများသာ
 ဖြစ်သည် ၊ ခရစ်ယာန်ဘာသာဝင်တို့၏အမြင့်ဆုံးပန်းတိုင်ဖြစ်သော ကောင်းကင်ဘုံတွင် ဖခမည်းတော်
ထာဝရဘုရားသခင် စံပယ်လျှက်ရှိသည်ဟု စာပေတို့တွင်ဆိုသည် ၊အစ္စလာမ်ဘာသာ၏အမြင့်ဆုံးပန်းတိုင်
မှာလည်း ကောင်းကင်ဘုံနှင့်အလားတူစွာ သုခဘုံသို့ ဝင်ရောက်ခွင့်ရရေးပင်ဖြစ်ပြီး ထူးခြားချက်မှာ သုခဘုံ
သည် ကောင်းကင်ဘုံခုနစ်ထပ်၏အထက်တွင်ရှိပြီး ၎င်းသုခဘုံသို့ ဝင်ရောက်ခွင့်ရရှိသူများသည် စည်းစိမ်
ချမ်းသာများကို ထာဝရခံစား စံစားကြရသည် ၊ အစ္စလာမ်ဘာသာဝင်တို့၏ ထာဝရဘုရားအမြင်သည်ကား
ခရစ်ယာန်ဘာသာဝင်တို့ထက်ရှင်းသည်ဟု ဆိုနိုင်သည် ၊ အနန္တစကြာဝဠာကြီးတစ်ခုလုံးတွင် ကိုးကွယ်စရာ
ဟူ၍ ထာရဘုရား တစ်ဆူတည်းသာရှိသည်၊ ထိုတစ်ဆူမှာ အလ္လာလ်အရှင်မြတ်ဖြစ်သည်ဟု ရှင်းလင်းစွာ
အယူရှိကြသည် ၊ တမန်တော် မိုဟမ္မဒ်မှာ အစ္စလာမ်ဘာသာကို ဖော်ထုတ်သူဖြစ်သော်လည်း ယေရှုခရစ်
တော်ကဲ့သို့ ထာဝရဘုရားသခင်၏ ကိုယ်တော်အစိပ်အပိုင်းမဟုတ်ပေ၊ အစ္စလာမ်ဘာသာတွင် ခရစ်ယာန်
ဘာသာကဲ့သို့ သုံးပါးတစ်ဆူ အယူအဆမျိုး  လုံးဝမရှိပေ ၊ ဖော်ပြပါ ဘာသာကြီးလေးရပ်ကို အမျိုးအစား
အားဖြင့် နှစ်မျိုးခွဲခြား၍ မှတ်နိုင်ပါသည် ၊ ဟိန္ဒူဘာသာ ခရစ်ယာန်ဘာသာ အစ္စလာမ်ဘာသာတို့သည်
ထာဝရဘုရားသခင်ကို လက်ခံသောဘာသာများ ဖြစ်ပြီး ဖြစ်ဖြစ်သမျှ သက်ရှိသက်မဲ့အားလုံးတို့သည်
ထာဝရဘုရားသခင်၏ အလိုတော်ကျ ဖန်ဆင်းထားခြင်းဖြစ်သည်ဟု အယူရှိကြသည်၊ ဗုဒ္ဓသာသာမှာတော့
ထာဝရဘုရားသခင်၏အခန်းကဏ္ဍမရှိပေ၊ ကံနှင့် သံသရာကျင်လည်မှုပိုင်းဆိုင်ရာတို့တွင် ဟိန္ဒူဘာသာနှင့်
ဗုဒ္ဓသာသာ တူသယောင်ရှိသော်လည်း လုံးဝမတူပေ ၊ ဟိန္ဒူဘာသာတွင် ကံနှင့်သံသရာတို့ကို ထာဝရ
ဗြဟ္မာကြီးက ကြိုးကိုင်သည် ၊ ဗုဒ္ဓဘာသာတွင် မိမိဘာသာမိမိ ကြိုးကိုင်သည်၊ ဖြစ်ဖြစ်သမျှကောင်းကျိုး
ဆိုးကျိုးတို့သည် မိမိမှာသာ တာဝန်ရှိသည်၊ မိမိတို့ဘဝကို မိမိတို့ဘာသာပုံသွင်းသည် ၊ ဖန်ဆင်းသည် ၊
မိမိသာလျှင် ဘဝ၏ဗိသုကာ ဖြစ်သည်၊ ဝါဒတစ်ရပ်အနေဖြင့် ပြောရလျှင် ဗုဒ္ဓသာသာသည် အနတ္တဝါဒ
ဖြစ်သည် ၊ ကျန်ဘာသာသုံးရပ်သည် အတ္တဝါဒဖြစ်သည်၊ ခြုံငုံသုံးသပ်ရလျှင် ဗုဒ္ဓသာသာသည် ဟိန္ဒူ
စသောဘာသာကြီးသုံးရပ်နှင့် လမ်းစဉ်အားဖြင့်လည်းကောင်း ဝါဒအားဖြင့်လည်းကောင်း ပန်းတိုင်အားဖြင့်
လည်းကောင်း တစ်မူထူးခြား ကွဲပြားလျှက်ရှိကြောင်း တွေ့ရသည်၊ အရာအားလုံး လုံးဝမတူ တစ်မူထူးခြား
ကွဲပြားနေသလားဆိုပြန်တော့လည်းမဟုတ်ပြန် ၊ တစ်ချို့တူညီတာလေးတွေ ရှိနေပြန်သည် ၊
ခရစ်ယာန်ဘာသာနှင့် အစ္စလာမ်ဘာသာတို့တွင် နောက်ဆုံး တရားစီရင်သောနေ့အကြောင်း ပါရှိသည်၊
ထိုတရားစီရင်သောနေ့နှင့် ဗုဒ္ဓဘာသာတို့၏ယမမင်းစစ်တမ်းသည် တူညီသည်ဟု မိမိယူဆသည်၊ ထို့ပြင်
ဗုဒ္ဓဘာသာတွင် အမြင့်ဆုံးပန်းတိုင်မဟုတ်သော်လည်း ကောင်းမှုပြုသူတို့လားရောက်ရာ ကောင်းသော
ဘုံဋ္ဌာနအဖြစ် နတ်ပြည် ဗြဟ္မာ့ပြည်များရှိကြောင်း အတိအလင်းပြဆိုထားသည်၊ ၎င်းနတ်ပြည် ဗြဟ္မာ့ပြည်
များတို့သည် ဟိန္ဒူစသော ဘာသာကြီးသုံးရပ်၏ အမြင့်ဆုံးပန်းတိုင်ဖြစ်သော ဗြဟ္မာလောက ကောင်ကင်
ဘုံ သုခဘုံတို့နှင့် သဘောတရားချင်းအတူတူဟု မိမိမြင်သည် ၊ ဤအမြင်ဖြင့်ကောက်ချက်ဆွဲရလျှင်
ဗုဒ္ဓသာသာတို့၏အမြင့်ဆုံးပန်းတိုင်ဖြစ်သောနိဗ္ဗာန်သည်သာလျှင် ကျန်ဘာသာတရားအားလုံးနှင့် တစ်မူ
ထူးခြား ကွဲပြားနေသည့် အနေအထားမှာ ရှိတော့သည် ၊
          ဤအနေအထားများဖြင့် ဘာသာတရားတစ်ခုခုကို ရွေးချယ်ကိုးကွယ်တော့မည့် လူတစ်ယောက်၏
အခန်းကဏ္ဍကို မိမိစဉ်းစားပါတော့မည်၊ မစဉ်းစားမှီ ဘာသာတရားတိုင်းတွင် တွေ့ရတတ်သော” ဒီဘုရားမှ
ဒီဘုရား ၊ ဒီဘုရားကိုသာ မဖြစ်မနေယုံကြည်မှ ဖြစ်မည် “ ဟူသော တစ်ယူသန်ဘုရားအစွဲများကို ဦးစွာ
ပယ်ပါသည် ၊ အထက်ပါ မိမိအမြင်အရ ဗုဒ္ဓဘာသာ၏ ပန်းတိုင်နိဗ္ဗာန်မှတစ်ပါး ဘာသာကြီးလေးရပ်တို့
သည် ဘာသာဝင်တို့အား ဘဝလမ်းညွှန်ပေးမှုတွင် ယေဘုယျတူညီသောလက္ခဏာရှိသည်ဟု မိမိမှတ်ယူ
ပါသည် ၊ ဘာသာကြီးလေးရပ်စလုံးတွင် ဘဝကိုကောင်းမွန်စွာ ဖြတ်သန်းသူတို့အတွက် အကျိုးရလာဒ်
အားဖြင့် နတ်ပြည် ဗြဟ္မာပြည် ကောင်းကင်ဘုံ သုခဘုံသို့ လားရောက်စံစားရခြင်းဟူသော ကောင်းသော
အနာဂတ်ဘဝရှိသည် ၊ ဘဝကို မကောင်းမမွန်ဖြတ်သန်းသူတို့အတွက် အကျိုးရလာဒ်အားဖြင့် ငရဲဘုံသို့
လားရောက်ခံစားရခြင်းဟူသော မကောင်းသောအနာဂတ်ဘဝရှိသည်၊ ဘာသာတရားတစ်ခုခုကို ရွေးချယ်
ကိုးကွယ်တော့မည့်လူတစ်ယောက်အဖို့မှာတော့ ဤယေဘုယျတူညီမှုကို သိရုံဖြင့်မပြီး၊ သိရုံဖြင့် မပြည့်စုံ၊
မိမိ၏ အနာဂတ်ဘဝရည်မှန်းကိုပါ ထည့်တွက်စဉ်းစားမှ ပြည့်စုံနိုင်မည်ဟု မိမိယူဆသည် ၊
ထည့်တွက်စဉ်းစားစရာ နှစ်ချက်ရှိသည် ၊သင့်ဘဝရည်မှန်းချက်သည် နတ်ပြည်ဗြဟ္မာ့ပြည် ကောင်ကင်ဘုံ
သုခဘုံသို့ ရောက်ရန်သက်သက်ပဲလား၊ တစ်မူထူးခြား ကွဲပြားနေသော ဗုဒ္ဓဘာသာ၏အမြင့်ဆုံးပန်းတိုင်
နိဗ္ဗာန်ကိုရအောင်အားထုတ်ပြီး ဒီဘဝဒီမျှနှင့်ပင် ဘဝဇာတ်သိမ်းဖို့လား၊ မိမိအနာဂတ်ဘဝရည်မှန်းချက်သည်
နတ်ပြည်ဗြဟ္မာ့ပြည် ကောင်းကင်ဘုံ သုခဘုံသို့ ရောက်ရန်သက်သက်မျှဆိုလျှင် ကိုးကွယ်ရမည့်ဘာသာကို
အထူးအားစိုက် ရွေးချယ်နေစရာမလိုပေ၊ မိမိ၏ပစ္စုပ္ပန်ဘဝရပ်တည်မှုအတွက် အဆင်ပြေမည်ထင်သည့်
ဘာသာကိုသာ ခပ်လွယ်လွယ်ကိုးကွယ်နိုင်သည် ၊ ဘာသာမဲ့အဖြစ် နေလိုက နေနိုင်သည် ၊
     အကြောင်းမှာ နတ်ပြည်ဗြဟ္မာ့ပြည်တို့သည် ဗုဒ္ဓသာသာကိုးကွယ်သူတို့သာ လားရောက်ရမည့် ဘုံဋ္ဌာန
မဟုတ်သောကြောင့် ဖြစ်သည် ၊ အလားတူစွာ ဟိန္ဒူဘာသာ၏ပန်းတိုင်ဖြစ်သော ဗြဟ္မာလောကသည်
ဟိန္ဒူဘာသာဝင်တို့သာလားရောက်ရမည့်နေရာဋ္ဌာနမဟုတ်၊ ကောင်းကင်ဘုံသည် ခရစ်ယာန်ဘာသာ
ဝင်တို့သာ လားရောက်ရမည့်သီးသန့်နေရာ မဟုတ်၊ သုခဘုံသည်လည်း အစ္စလာမ်ဘာသာဝင်တို့သာ
လားရောက်ရမည့် သီးသန့်ဋ္ဌာန မဟုတ်၊ ၎င်းနေရာဋ္ဌာနတို့သည် ဘဝကို အပြစ်ကင်းစွာ ဖြတ်သန်းသူတို့
အတွက်သာ ဖြစ်သည် ၊ လူတစ်ယောက်အနေဖြင့် မည်သည့်ဘာသာကို ကိုးကွယ်ကွယ် မကွယ်ကွယ်
ဘဝကို အပြစ်ကင်းစွာ ကောင်းမွန်စွာ ဖြတ်သန်းနိုင်ရေးသည်သာ ပဓာနဟု မိမိအယူရှိသည်၊
ဘာသာတရားအသီးသီးတွင် ပြဆိုထားသော ငရဲဘုံတို့သည်လည်း ထို့အတူသာဖြစ်သည်၊
ငရဲဘုံတို့သည် ဘာသာလူမျိုးမခွဲခြား အပြစ်များတင်းကြမ်းဖြင့် ဘဝကိုမကောင်းမမွန်ဖြတ်သန်းသူတို့၏
အနာဂတ်နေရာဖြစ်သည် ၊ ဘာသာရေးခေါင်းစီးအောက်မှနေ၍ “ဒီဘာသာကို ကိုးကွယ်မှ ၊ ဒီဘုရားကို
ယုံကြည်မှ ၊ မကိုးကွယ် မယုံကြည်လျှင် ငရဲကျလိမ့်မည် “ဟူသော တစ်ဖက်သတ်အမြင်မျိုးသည်
ရယ်ဖွယ်ရာသာဖြစ်သည်၊ ဘယ်ရှုထောင့်ကကြည့်ကြည့် သဘာဝကျသော အမြင်မဟုတ်ပေ ၊
         ကောင်းပြီ၊ နောက် ထည့်တွက်စဉ်းစားရမည့်ရည်မှန်းချက်မှာ ဒီဘဝဒီမျှနှင့်သာ ဘဝခန္ဓာချုပ်ငြိမ်း
ဇာတ်သိမ်းရေးဖြစ်သည်၊ ဘဝခန္ဓာချုပ်ငြိမ်းဇာတ်သိမ်းဖို့အတွက် ဘဝအပေါ်ချစ်ခင်တွယ်တာနှစ်သက်သော
တဏှာမှ လွတ်မြောက်အောင် ကျင့်သုံးရသည်၊ တဏှာမှလွတ်မြောက်လျှင် ဘဝခန္ဓာချုပ်ငြိမ်းဇာတ်သိမ်း
သည် ၊ စကားလုံးအဖြောင့်အတိုင်းပြောရလျှင် တဏှာမှလွတ်မြောက်ရာသည် နိဗ္ဗာန်ဖြစ်သည်၊
တဏှာမှ လွတ်မြောက်အောင် မဂ္ဂင်ရှစ်ပါးလမ်းစဉ်ကို လျှောက်ရသည်၊ ထိုမဂ္ဂင်ရှစ်ပါး လမ်းစဉ်သည်
ဗုဒ္ဓဘာသာမှာ ရှိသည်၊ ထို့ကြောင့် ဒီဘဝဒီမျှနှင့်သာ ဘဝချုပ်ငြိမ်းဇာတ်သိမ်းဖို့ ရည်မှန်းချက်ရှိရိုးမှန်လျှင်
ဗုဒ္ဓသာသာသည်သာ အသင့်တော်ဆုံးဟု အကြံပြုလိုက်ချင်ပါသည် ၊၊ ကျေးဇူးတင်ပါသည် ……….။

No comments:

Post a Comment