/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /http://4.bp.blogspot.com/-64lFCmprlo4/UlIK93uB36I/AAAAAAAAANM/xlqs8O3Iljg/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Monday, October 7, 2013

အမြတ်သုံးမျိုး



ဈေးသည်စကားနဲ့ ပြောရရင် လူ့ဘဝဟာအရင်းပေါ့၊ လူ့ဘဝကသေလို့ မိမိ
ကိုယ်ပိုင်အိမ်ကြီးကို ပြန်ရောက်သွားပြီဆိုရင် အရင်းရှုံးတာပေါ့၊ ကိုယ်ပိုင်ဆိုတာ
အပါယ်လေးဘုံကို ပြောတာပါ။ ဗုဒ္ဓက ပမတ္တဿစတ္တာရောအပါယာသကဂေဟ
သဒိသာ - ကုသိုလ်တရားကို မေ့လျော့နေသူအတွက် အပါယ်လေးပါးဟာ မိမိ
အိမ်သဖွယ်ဖြစ်တယ်လို့ ဟောထားတာရှိလို့ပါ။ 
လူ့ဘဝကသေပြီး လူ့ဘဝပြန်ရောက်တယ်ဆိုရင်တော့ အရင်းပြန်ရတာပေါ့၊ နတ်
ပြည်၊ ဗြဟ္မာ့ပြည်ကို ရောက်ရင်တော့ အမြတ်ထွက်တာပေါ့၊ ဒါပေမယ့် အဲဒီအ
မြတ်က ရှုံးတာနဲ့ နှိုင်းယှဉ်လိုက်လို့သာ အမြတ်လို့ ပြောရတာပါ၊ အားကိုးအား
ထားပြုလောက်တဲ့ အကောင်းဆုံးအမြတ် မဟုတ်သေးပါဘူး။



ဘာဖြစ်လို့လည်းဆိုတော့ ဒိဋ္ဌိတန်းလန်းသာရှိနေမယ်ဆိုရင် နတ်ဘုံဗြဟ္မာ့ဘုံက
နေ ကုသိုလ်ကံကုန်တာနဲ့ အပါယ်လေးဘုံကို ပြန်ကျနိုင်သေးလို့ပါပဲ၊ ဒါဆိုရင်
အကောင်းဆုံး အမြတ်ကဘာလဲဆိုတော့ နိဗ္ဗာန်ချမ်းသာကို ရခြင်းပါပဲ၊ နိဗ္ဗာန်
ချမ်းသာကြီးကို ရသွားပြီးဆိုရင်တော့ အို၊ နာ၊ သေကကို လွတ်သွားပြီဆိုမှ
တော့ အပါယ်လေးဘုံနဲ့ ပတ်သက်ပြီး စဉ်းစားစရာကို မလိုတော့ဘူး။

အကောင်းဆုံးအမြတ်ကို ရဖို့အတွက် အရေးကြီးဆုံးအချက်ကတော့ သူတော်
ကောင်းကို မှီဝဲမိဖို့ပါပဲ၊ ဒိဋ္ဌိကွာပြီး သောတာပန်ဖြစ်ဖို့အတွက် အင်္ဂါလေးချက်ရှိ
ပါသည်။ ဘာတွေလဲဆိုတော့ -


၁။ သပ္ပုရိသူပနိဿယ = သူတော်ကောင်းကိုမှီဝဲဆည်းကပ်ခြင်း။ 
၂။ သဒ္ဓမ္မသဝန = သူတော်ကောင်းတရားကို စူးစိုက်စွာနာကြားခြင်း။
၃။ ယောနိသော မနသိကာရ = အသင့်အားဖြင့် နှလုံးသွင်းခြင်း။
၎။ ဓမ္မာနု ဓမ္မပဋိပတ္တိ = တရားနှင့်လျော်စွာ ကျင့်ကြံအားထုတ်ခြင်းတို့ပဲ ဖြစ်ပါ
သည်။


သောတာပန်ဖြစ်ဘို့ မှီဝဲရမယ့် သူတော်ကောင်းဆိုတာ လူဖြစ်စေ၊ ရဟန်းဖြစ်စေ
ပရမတ်ခန္ဓာ ၅ ပါးအပေါ်မှာ ဒိဋ္ဌိကွာအောင်ဟောပေးနိုင်မယ့် သူကို ဆိုလိုပါ သည်။ ဒုတိယအင်္ဂါဖြစ်တဲ့ သူတော်ကောင်းတရားဆိုတာလည်း ဒိဋ္ဌိကွာကြောင်း
ဖြစ်တဲ့ ပရမတ်တရား၊ ဓာတ်တရားများကို ဦးစားပေးပြီး နာကြားဘို့ ဆိုလိုရင်း
ဖြစ်ပါသည်။
ယောနိသောမနသိကာရ = အသင့်အားဖြင့် နှလုံးသွင်းရမယ်ဆိုတာ အာရုံတစ်
ခုခုနဲ့ တွေ့ကြုံတိုင်း အကုသိုလ် မဖြစ်အောင် ရှုတတ်ရမယ်လို့ ဆိုလိုပါသည်။ ဥပ
မာအားဖြင့် ခဏနေရင် ဟောတော့မယ့် ရူပပရိစ္ဆေဒဉာဏ်ကို ရထားတဲ့ ယောဂီ
တစ်ယောက်ဟာ အမျိုးသားတစ်ယောက်ကို မြင်လိုက်ပြီဆိုပါတော့ ချောလို့နှစ်
သက်ရင် လောဘဖြစ်မည်။
အရုပ်ဆိုးလို့ မနှစ်သက်ရင် ဒေါသဖြစ်မယ်၊ နှစ်သက်သည်လည်းမဟုတ်၊ မနှစ်
သက်သည်လည်းမဟုတ်၊ သာမန်ကာလျှံကာ သဘောထားမယ်ဆိုရင် မောဟ
ဖြစ်မယ်၊ အမှန်ကို အမှားထင်ကာ၊ အမှားကို အမှန်ထင်တာ၊ မရှိကို အရှိထင်တာ
(ပညတ်ကို ပရမတ်ထင်ခြင်း)၊ အရှိကို မရှိထင်တာ(ပရမတ်ကို ပညတ်ထင်ခြင်း)
မှန်သမျှတို့ဟာ မောဟချည်းပါပဲ။

ဒီနေရာမှာ မောဟဘာ့ကြောင့်ဖြစ်ရသလဲလို့ မေးခဲ့ရင် လောဘနဲ့ ဒေါသမဖြစ်လို့
မောဟဖြစ်ရတာပေါ့ဆိုတဲ့ အဖြေဟာ စာသိအဖြေဖြစ်သွားပါသည်။အကျင့်နဲ့ယှဉ်တဲ့
ငါသိအဖြေမဟုတ်ဘူး။ ငါသိ သိထားတဲ့ယောဂီက ဘယ်လိုဖြေသလဲဆိုတော့
လူ (သို့မဟုတ်) အမျိုးသားဆိုတာဟာ တကယ်မရှိတဲ့ ပညတ်တရားသာ ဖြစ်ပါ
သည်။


တကယ်ရှိတဲ့ ပရမတ်တရားမဟုတ်ပါဘူး၊ တကယ်မရှိတဲ့ အမျိုးသားဆိုတဲ့ ပညတ်
ကြီးကို တကယ်ရှိတယ်လို့ ထင်မြင်ယူဆလိုက်တဲ့အတွက် မောဟအကုသိုလ်ဖြစ်
ရတာပါ၊ ဒီအဖြေကမှ တရားနဲ့ယှဉ်တဲ့အဖြေပါ။ ဒီလိုဆိုရင် အမျိုးသားတစ်ယောက်
ကို တွေ့လိုက်တဲ့အခါ ယောဂီတစ်ယောက်အနေနဲ့ အကုသိုလ်မဖြစ်အောင် ဘယ်
လိုနှလုံးသွင်းရမလဲဆိုရင် ငါမြင်တာဟာ အဆင်းရုပ် (ရူပါရုံ) ပါလားလို့ ပရမတ်
ရောက်အောင် နှလုံးသွင်းရပါ့မည်။
အဆင်းရုပ် (ရူပါရုံ) ဆိုတဲ့ ပရမတ် ဉာဏ်ပညာနဲ့ ထိုးဖောက်မြင်လိုက်ပြီဆိုရင် အ
မျိုးသားလို့ခေါ်တဲ့ ပညတ်ကိုမှီပြီးမှဖြစ်ရတဲ့ လောဘ၊ ဒေါသ၊ မောဟသုံးပါးလုံး
ဖြစ်မလာတော့ပါဘူး။ အသံ၊ အနံ့၊ အရသာ၊ အတွေ့၊ အထိ တို့နဲ့ ပတ်သက်ပြီး
အသင့်အားဖြင့် နှလုံးသွင်းပုံကို ရုပ်ဓာတ်ကို ပိုင်းခြားပြီးသိရတဲ့ ရူပပရိစ္ဆေဒဉာဏ်
အခန်း ဟောပြီးရင် ဆက်လက်ရှင်းပြပါမည်။

နောက်ဆုံးအင်္ဂါဖြစ်တဲ့ တရားနှင့်လျော်စွာ ကျင့်ကြံအားထုတ်ခြင်း ဆိုတာကတော့
ဥပမာအားဖြင့် ထိုင်ရာကနေ ထလိုက်ပြီဆိုတာနဲ့ သြော် ထိုင်နေသခိုက်မှာဖြစ်တဲ့
ခန္ဓာငါးပါးရုပ်နာမ်တရားတွေဟာ ထသခိုက်မှာ ပါမလာကြတော့ဘူး။ ထိုင်နေဆဲ
အခါမှာပဲ ချုပ်ပျောက်ပျက်စီးသွားကြသည်။ ဒါ့ကြောင့် ခန္ဓာငါးပါး ရုပ်နာမ်တရားဟာ
အနိစ္စ အမြဲမရှိပါတကားလို့ ရှုပွားလိုက်ခြင်းပါပဲ။


မေတ္တာရှင်-ရွှေပြည်သာ
(မဂ်တား၊ ဖိုလ်တား အန္တရာယ်များ)
Buddhavasa Tiloka
လုလင်ပျိုရေးသားသော ဒို့မြန်မာ ဆိုဒ်မှ ကူးယူမျှဝေသည်။

No comments:

Post a Comment