မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်ဗုဒ္ဓစေတိတော်များဆိုဒ်သို့ ၀င်ရောက်ဖတ်ရှုကြသော ဓမ္မမိတ်ဆွေစာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး သာသနာအကျိုး ဆထက်တိုး၍ ထမ်းရွက်နိုင်ပြီးလျှင် နိဗ္ဗာန်ဆွေပြည်ကြီးကို လျှင်မြန်စောစွာမှောက်မြောက်ပြုနိုင်ကြပါစေသတည်း။
Thursday, May 1, 2014
***** ရက်စက်လိုစိတ်၏ ထွက်ပေါက်များ။ *****
လူတွေမှာ တစ်ခါတစ်ရံကျတော့ ဒေါသတင် မကဘူး၊ စိတ်ဆိုးစိတ်ယုတ်ဆိုတာ ရှိကြပါတယ်။ ကိုယ်အလိုမကျရင် မိဘက သားသမီးကို စိတ်ဆိုးတယ်။ သူငယ်ချင်း အချင်းချင်း စိတ်ဆိုး
ကြပါတယ်။ အဲဒီလို စိတ်ဆိုးတယ်ဆိုတဲ့ အထဲမယ် သတ်ချင်ဖြတ်ချင်စိတ်ဆိုတာ ပါလာတတ်ကြ
ပါတယ်။
တစ်ဦးတစ်ယောက်က တစ်ဦးတစ်ယောက်ကို စိတ်ဆိုးတယ်ဆိုတဲ့နေရာမှာ “ဒီကောင်ကို
သေအောင်လုပ်မယ်” ဆိုတဲ့ စိတ်ဓာတ်မျိုး ပါလာပြီဆိုလို့ရှိရင် သူ့ကို “ ၀ိဟိံသာ ” လို့ ခေါ်ပါတယ်။ “ ၀ိဟိံသာ ” ဆိုတဲ့ ရက်စက်မှု၊ ညှဉ်းပန်းနှိပ်စက်မှု ဆိုတဲ့ သဘောတရား စိတ်ထဲမှာ ဖြစ်
ပေါ်လာတတ်ကြပါတယ်။ တို့တစ်တွေ ဒေါသကို မထိန်းတဲ့အခါမှာ ညှင်းပန်းနှိပ်စက်လိုမှု ဆိုတဲ့“ ၀ိဟိံသာ ” တရား စိတ်ဓာတ်ထဲမှာ ပေါ်လာလို့ရှိရင် စိတ်ရဲ့ထွက်ပေါက်က ဂရုဏာတရားကို ပွားလိုက်ရပါမယ်။
ဂရုဏာဆိုတာ သူများကို ညှဉ်းဆဲလိုမှု၊ ရက်စက်လိုမှုရဲ့ ဆန့်ကျင်ဖက် ဖြစ်ပါတယ်။ ဒါကြောင့် ဂရုဏာတရားကို ပွားပြီဆိုရင် လောကမှာ အဆင်မပြေတဲ့ ပုဂ္ဂိုလ်တွေ၊ သနားစရာ
ကောင်းတဲ့ ပုဂ္ဂိုလ်တွေ၊ ရောဂါဖြစ်လို့ ဒုက္ခဝေဒနာ ခံစားနေရတဲ့ ပုဂ္ဂိုလ်တွေ၊ စီးပွားရေး အဆင်မပြေလို့ စတ်ညစ်နေတဲ့ ပုဂ္ဂိုလ်တွေ၊ စားစရာသောက်စရာ မရှိလို့ ဒုက္ခရောက်နေတဲ့ ပုဂ္ဂိုလ်တွေ၊
နေစရာမရှိလို့ အတိဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်တွေ၊ လောကမှာ အဆင်မပြေလို့ ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်တွေဟာ သနားစရာ ပုဂ္ဂိုလ်တွေပါပဲ။
အဲဒီလို သနားစရာပုဂ္ဂိုလ်တွေကို ရွေးချယ်ပြီး “ ဒုက္ခာမုစ္စန္တု” “ အခြေအနေဆိုးတွေကလွတ်မြောက်ပါစေ၊ မကောင်းတဲ့ အခြေအနေတွေ ဆင်းရဲဒုက္ခက လွတ်မြောက်ကြပါစေ” ဆိုတဲ့
စိတ်ဓာတ်ကလေးနဲ့ အဲဒီလို ဒုက္ခရောက်နေတဲ့ ပုဂ္ဂိုလ်ကို အာရုံပြုပြီး ဂရုဏာတရားပွားကာ လေ့ကျင့်ယူရပါမယ်။ အဲဒီလို လေ့ကျင့်လို့ရှိရင် ကိုယ်ထင်သာတဲ့ ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်၊ သနားစရာ
ကောင်းတဲ့ပုဂ္ဂိုလ် တစ်ယောက်ယောက်ကို အာရုံပြုပြီး ဂရုဏာစိတ် ထပ်တလဲလဲ ဖြစ်နေအောင်လေ့ကျင့်ပေးရပါတယ်။
အဲဒီလို ထပ်ကာတလဲလဲ လေ့ကျင့်လို့ အောင်မြင်လာပြီဆိုရင် ခုနက “ ၀ိဟိံသာ” ဆိုတဲ့ညှဉ်းဆဲလိုမှု ရက်စက်တဲ့ သဘောတရားဟာ သူ့သန္တာန်မှာ လုံးဝ မရှိတော့လောက်အောင် လွတ်မြောက်သွားနိုင်ပါတယ်။ ဒါဟာ ရက်စက်လိုစိတ်၏ ထွက်ပေါက် ဖြစ်ပါတယ်။
{ ၁၃၇၁ ခုနှစ်၊ နတ်တော်လပြည့်နေ့၊ ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ ကိုင်းတန်း လမ်း၌ အရှင်နန္ဒမာလာဘိဝံသ(Ph.D) ဟောကြားသော “စိတ်၏ ထွက်ပေါက်များ” တရား တော်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
Subscribe to:
Post Comments (Atom)
No comments:
Post a Comment