
စီးပွားအနှစ်ချုပ် ဒါနထုပ်
********************
မရသေးရင်
ရအောင်ရှာရတဲ့ ဒုက္ခ၊
ရပြန်တော့
မပျောက်ပျက်အောင်
စောင့်ရှောက်ရတဲ့ ဒုက္ခ၊
စောင့်ရှောက်နေတဲ့
ကြားထဲကနေပဲ
ရန်သူမျိုးငါးပါး နှိပ်စက်လို့
ကုန်ခန်းပျက်စီးရတော့မယ်။
ဒုက္ခတွေ
မတွေ့ကြုံချင်ဘူး၊
သေရာပါအောင်
အနှစ်ချုပ်ပြီး
`အထုပ်´ ထုပ်ချင်ပါတယ်
ဆိုရင်တော့
`ဒါန´ ကောင်းမှု
ပြုထားလိုက်ပေတော့။
သီတဂူ ဆရာတော်ဘုရားကြီး
ဒေါက်တာ အရှင်ဉာဏိဿရ
No comments:
Post a Comment