“အမြင့်ဆုံးဆိုတာ . . .”
•••••••••••••••••••••
“အမြင့်ဆုံး”ဆိုတာ အမြင့်ဆုံး သွားတာများလား။
“အကောင်းဆုံး”ဆိုတာလည်း
အကောင်းဆုံး သွားတာများလား။
လူတိုင်းလိုချင်နေတာက “အကောင်းဆုံး နဲ့ အမြင့်ဆုံး”။
●“အဆုံးရောက်သွားပြီ” ဆိုတော့ . . .
ပြီးသွားပြီလား ။ သေချာလား။
●“အမြင့်ဆုံး” ကို တက်ချင်နေတာလား။
လိမ့်ကျတတ်တယ် ဆိုတာ တွေးပြီးပြီလား။
●အမြင့်ဆုံးကိုရောက်ချင်နေတာလား။
“အမြင့်ဆုံးရောက်ပြီးရင် ပြန်ဆင်းရမယ်”
ဆိုတာကော တွေးထားပြီးပြီလား။
“အမြင့်ဆုံး” ကို “အကောင်းဆုံး” လို့ ထင်နေတာလား။
အမြင့်ဆုံးရောက်တဲ့လူက ဘဝမှာ တကယ်ကျေနပ်မှု ရရဲ့လား။
မြင့်လေလေ ကောင်းလေလေ
ဆိုတာက “ကုသိုလ်နဲ့အသိဉာဏ်”။
“အမြင့်ဆုံးကုသိုလ်” က “အရဟတ္တဖိုလ်”၊
“အမြင့်ဆုံးအသိဉာဏ်” က “အရဟတ္တမဂ်”။
-【အရှင်ဝိလာသဂ္ဂ
(ဗောဓိမြိုင်သစ္စာရွှေပြည်ဓမ္မရိပ်သာဆရာတော်)】
Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm

No comments:
Post a Comment