
{{


စိတ်လျော့ သတိကပ်ဆိုတာက သမာဓိ မဂ္ဂင်ကို ထူထောင်နေတာ ။
ခင်ဗျားတို့ လောလောဆယ် ရှု့ ကွက် မရှု့ ဘူး ။ မှတ်ကွက် မရှုဘူး။
စိတ်ကို ပစ္စုပ္ပန် တည့်တည့်မှာထား။ ငုတ်တုတ်လေးပဲထိုင်နေ ၊ ဘာမှ မလုပ်နဲ့ ။
မစဉ်းစားနဲ့  ။ မတွေးနဲ့ ၊ဘာကို ဘာမှ မလုပ်ပဲ ထိုင်နေ ။
အတိတ်ကိုလည်း မတွေးနဲ့  ၊ အနာဂတ်ကိုလည်း မစဉ်းစားနဲ့ ။စိတ်မဖြစ်အောင်နေ။
လောဘ ၊ဒေါသ ၊ မောဟ စိတ်မဖြစ်အောင်နေခိုင်းတာ။
ဝိဇ္ဇာ သင်္ခါရ မဖြစ်အောင် သင်္ခါရ ချုပ်အောင် သင်္ခါရ မဖြစ်အောင်နေခိုင်းတာ။
အ၀ိဇ္ဇာကြောင့်ဖြစ်တဲ့ သင်္ခါရတွေ မဖြစ်အောင်နေခိုင်းတာ။
မျက်စိရှိတယ် ။ အဆင်းရူပါရုံရှိတယ်။ မြင်တယ် ၊မြင်စိတ်ဖြစ်တယ်။
နားရှိတယ် ၊ကျနော့် အသံ ခင်ဗျားတို့ ကြားတယ်။ကြားသိစိတ်ဖြစ်တယ်
အဲ့တာ သဘာဝ ။ နှာခေါင်းရှိတယ် နံတယ်။ နံစိတ်ဖြစ်တယ်။
မျက်စိ ၊နား ၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ် အဲ့ဒါတွေက သဘာဝဓာတ်တွေ။
အဲ့တာလည်း သင်္ခါရပဲ။
သင်္ခါရ မဖြစ်အောင်နေဆိုတာ ဒါတွေက သင်္ခါရ ၊ သဘာဝသင်္ခါရတွေ။ ဒါပြဿနာမရှိဘူး။
ကြားတယ် ကြားကာမက်တပ်။ မြင်တယ် မြင်ကာမက်တပ် ။ နံတယ် နံကာမက်တပ်။
ကြားကာမက်တပ်၊ မြင်ကာမက်တပ်၊ နံကာကမက်တပ် ပြဿနာမရှိဘူး။
ဒါလည်း သင်္ခါရပဲ။ အ၀ိဇ္ဇာကြောင့်ဖြစ်တဲ့ သင်္ခါရ။ ဒါ သဘာဝ သင်္ခါရ။အဲ့ သင်္ခါရ ကို မပါယ်ခိုင်းဘူး။ အဲ့သင်္ခါရကို ပါယ်ရမှာမဟုတ်ဘူး။မြင်စိတ် ၊ ကြားစိတ် ၊နံစိတ်ကို ပါယ်ခိုင်းတာမဟုတ်ဘူး။မြင်တ
ကြားလိုက်တဲ့ အသံဆိုရင် ဒါခွေးသံ ပဲ ၊ လူသံပဲ ၊ ၀က်သံပဲ ။
ဒီ အသံ သာယာတယ် ။ ဒီအသံ မသာယာဘူး။
အဲ့သလို ပညတ်တော့ ဝေဒနာ ဖြစ်တယ်။ဝေဒနာ၊ တဏှာ ၊ ဥပဒါန် ။
အဲ့လို ကြားတယ် နံတယ် ထိတယ် သိတယ်ဆိုတဲ့အပေါ်မှာ ကိုယ်ပညတ်တဲ့အပေါ်မှာ ကောင်းဆိုးခံစားတာ။
အဲ့ဒီစိတ် ။ အဲ့တာ အတ္တကြောင့် ငါကြောင့်ဖြစ်တာ။
အတ္တ ဒိဋ္ဌိကြောင့်ဖြစ်တဲ့စိတ်။ ဥပါဒါန် မစွဲအောင် မြင်တဲ့အပေါ်မှာ
ထုံးစံအတိုင်း မြင်တယ်ဆိုကတည်းက ရုပ် ၊ ဝေဒနာ၊ သညာ ၊ သင်္ခါရ ၊ ဝိညာ အကုန်ပါသွားပြီ။ ဒီစိတ်ဖြစ်တယ်ဆိုကတည်းက ဒါ ယောကျာင်္းပဲ၊ ဒါမိန်းမပဲ ၊ ဒါခွေးပဲ၊ ၀က်ပဲ ရုပ် ၊ ဝေဒနာ ၊ သညာ ၊ သင်္ခါရ ၊ဝိညာ။ အဲ့ဒီ ဖဿ ပစ္စယာ ဝေဒနာ ။
ဖဿကြောင့် ဝေဒနာဖြစ် ။ အဲ့အပေါ်မှာ တဏှာ ဥပါဒါန်ဖြစ်။
အဲ့ဒီ မြင်တဲ့အပေါ်မှာ ကြားတဲ့အပေါ်မှာ ဖြစ်လာတဲ့ အတ္တ ဒိဋ္ဌိကြောင့် ဖြစ်လာတဲ့ မြင်သိစိတ် ၊ ကြားသိစိတ်၊ နံသိစိတ်၊ ထိသိစိတ် ကြားလိုက်တယ်ဆိုရင် ကြားကာမက်တပ်ဆိုရင်
ဘယ်လိုလုပ်ပေါ်မလဲ။ပြဿနာမရှိ
ကြားတယ်ဆိုမှ သိလိုက်တာ (ဒါ ခွေးသံပဲ ၊ လူသံပဲ)
မြင်ပြီးတော့မှ သိလိုက်တဲ့ မြင်သိစိတ်သည် ဒီစိတ်ဟာ အဲ့တာက အတ္တ ကလာတာ။
အဲ့ဒီသင်္ခါရ မဖြစ်အောင်ဆောင်ရွက်ရမှာ။
ဝိဇ္ဇာကြောင့်ဖြစ်တဲ့ သင်္ခါရ ၊ အ၀ိဇ္ဇာ ပစ္စယာ သင်္ခါရ ။
ဒါသဘာဝမဟုတ်ဘူး။
ဒါ အတ္တဒိဋ္ဌိကြောင့် ငါကြောင့်ဖြစ်တဲ့ သင်္ခါရ။
အဲ့ဒီ သင်္ခါရ မဖြစ်အောင် စိတ်လျော့ ၊ သတိကပ်ပြီးတော့မှ လောဘ ဒေါသ မောဟ ။ တနည်းအားဖြင့် မောဟစိတ် မဖြစ်အောင်။
မောဟ မဖြစ်အောင်ဆိုတာ ကုသိုလ် ၊ အကုသိုလ်စိတ်တွေ မဖြစ်အောင်။ကုသိုလ်မလုပ်နဲ့ လို့ ပြောတာ မဟုတ်ဘူးနော်။ ၀ိပဿနာတရား နိဗ္ဗာန်ရောက်ကြောင်းတရားဆို
{{ အဲဒီ ကုသိုလ် ၊ အကုသိုလ်န့ဲလွတ်နေတာ တရားကို ကျင့်ရမှာ ။ }}
အဲ့ဒီထိုင်နေတဲ့ အခိုက်မှာ ကုသိုလ်စိတ်လည်း မဖြစ်စေနဲ့ ။
အကုသိုလ်စိတ်လည်းမဖြစ်စေနဲ့ ။ စိတ်ကို ပစ္စုပ္ပန်တည့်တည့် စိတ်မဖြစ်အောင်နေရမယ်။
ပစ္စုပ္ပန်တည့်တည့်ထား။စိတ္မျ
လောဘ ၊ဒေါသ၊ မောဟ စိတ်တွေ မဖြစ်အောင် တည့်တည့်နေ။
အတ္တဒိဋ္ဌိနဲ့ ယှဉ်ပြီးတော့ မဖြစ်စေနဲ့ ။ အတိတ်ကို မစဉ်းစားနဲ့  ၊
အနာဂတ်ကိုမတွေးနဲ့ ။ ဘာမှ မလုပ်နဲ့ ငုတ်တုတ်ကလေးပဲထိုင်နေ။
သတိနဲ့ စိတ်မဖြစ်အောင်နေ။သတိနဲ့ စောင့်ရှောက်။
သတိက ဘယ်မှာရှိလဲဆိုတော့ စိတ်မှာရှိတယ်။ စိတ်ရဲ့ မနောဒွါယ မှာရှိတယ်။
သတိနဲ့ အဲ့ဒီစိတ်ကို စောင့်ရှောက်ထား။
စိတ်မဖြစ်အောင်နေ။သင်္ခါရတွေ မဖြစ်အောင်နေ။
အတ္တဒိဋ္ဌိနဲ့ ယှဉ်တဲ့ အ၀ိဇ္ဇာ သင်္ခါရတွေ
မဖြစ်အောင်နေ။ဖြစ်ခွင့်မပေး
စိတ်လျော့ သတိကပ်၊ စိတ်မဖြစ်အောင်။
ဘာမှ မလုပ်နဲ့ ။ ငုတ်တုတ်ကလေးပဲထိုင်နေ။ ဒါသမ္မာဝါယမ ၊ သမ္မာသတိနဲ့ သမ္မာသမာဓိကို ထူထောင်နေတာ။သမာဓိ မဂ္ဂင်ကို ထူထောင်နေတာ။
မဂ္ဂင်ရှစ်ပါးထဲမှာ သမာဓိ မဂ္ဂင်ကိုထူထောင်တာ။ဒီအချိန်
သမာဓိအားကောင်းလာပြီ စိတ်မဖြစ်တော့ဘူးဆိုတော့မှ စိတ်ကို ပစ္စုပ္ပန် တည့်တည့်မှာထားပြီးတော့မှ သမာဓိမဂ္ဂင်အဆင့်ကိုရောက်
လြာ
အဲ့ဒီကျတော့မှ သမ္မသင်္ကပ္ပ နဲ့ သမ္မဒိဋ္ဌိ ပညာမဂ္ဂင်အကူအညီနဲ့  ဥပက္ခောစိတ်ကို သတိကပ်ပြီးတော့ ရှုလိုက်တဲ့ အခါကြတော့ အဲ့ဒီ စိတ်ဆိုတဲ့သဘောဟာ
ဥပက္ခော အဆင့်ဆိုတဲ့ ရောက်မှတွေ့ နိုင်မယ်။
ခင်ဗျားတို့ စိတ်က ဥပက္ခောဆိုတဲ့ အဆင့်ကိုရောက်မှ သမာဓိမဂ္ဂင်အဆင့်ကိုရောက်ပြီ
ဥပက္ခောစိတ်ဆိုတာဟာ သဘောပရမတ် ဖြစ်ခြင်း ၊ ပျက်ခြင်း သဘောလေးကို အဲ့သဘောလေးပဲ အဲ့ပျက်နေတဲ့ သဘောလေးမျှပဲလို့  စိတ်ရဲ့သဘောလေးမျှပဲလို့ သိတာ။
အဲ့သလို သိတဲ့ အသိဟာ သဘောပရမတ်ကိုတွေ့ တာပဲ။
အဲ့ဒီသဘောလေးဟာဘာလဲဆိုတော့ ပစ္စုပ္ပန် စိတ်ဆိုတဲ့ စွမ်းအင်လေးပဲ ။စိတ်ဆိုတဲ့ အရည်အသွေးလေးပဲ။ စိတ်ဆိုတဲ့ သတ္တိလေးပဲ။ စိတ်ဆိုတဲ့ ဓာတ်သဘောလေးပဲ။
အဲ့တာမလို့  အဲ့ဒီ အခါကျတော့မှ စိတ်ဟာ ဥပက္ခောစိတ်ဖြစ်ပြီဆိုတဲ့အခါ
သဘောပရမတ်ကိုတွေတာ။
အဲ့သဘောပရမတ်ကိုတွေ့ ပြီဆိုတဲ့အခါကျတော့မှ
ခင်ဗျားတို့  သင်္ခါရုပေက္ခာဉာဏ် လို့ ခေါ်တယ်။ အဲ့တာ ခင်ဗျားတို့ ကျင့်တဲ့ အကျင့်ဟာ
ဓမ္မာနုပဿနာဆိုက်ပြီ။ သင်္ခါရုပေက္ခာဉာဏ်ရောက်ပြီ။ အဲ့ဒီလို တွေ့ တဲ့ အတွေ့ ဟာ
သတ္တိလေးပဲ ၊ ဓာတ်သဘောလေးပဲ၊ စွမ်းအင်လေးပဲ။ အဲ့သလိုသိတဲ့ အသိဟာ သင်္ခါရ ပရမတ်ကိုတွေ့ တယ်လို့ ဆိုတယ်။ သူ့ ရဲ့ ရှေ့ မှာ အသင်္ခတ ပရမတ် ။
အသင်္ခတ ပရမတ်ဆိုတဲ့ နိဗ္ဗာန်ဆိုတာရှိတယ်။ အဲ့ဒီအဆင့်ကို အဲ့ဒီသဘောပရမတ်ကိုတွေ့ ပြီဆိုလို့ ရှိရင် ဓမ္မနုပဿနာဆိုက်ပြီ။
ခင်ဗျားတို့ နိဗ္ဗာန်ခရီးဟာ ၈၀ ရာနှုန်းပေါက်သွားပြီ။
တရားပြဆရာ ဦးကျော်စန်း (သဘာဝတရားရိပ်သာ)
https://www.facebook.com/photo.php?fbid=280651552086618&set=a.124364114382030.27083.100004253262092&type=1
No comments:
Post a Comment