''အများအကျိုးအစစ်''
★★★★★★★★★
အများအကျိုးဆိုပေမယ့်
တကယ်တော့ တစ်ဦးချင်းစီရဲ့အကျိုးပါပဲ။
အများဆိုတာ တစ်ဦးချင်းစီရဲ့ အစုအပေါင်းပါပဲ။
မိမိနဲ့ တွေ့ကြုံသမျှ- ဆက်ဆံရသမျှ
တစ်ဦးချင်းဆီအပေါ် လေးလေးစားစား
ဂရုတစိုက် ရှိတာကိုက
အများအကျိုးဆောင်ရွက်တာ အစစ်ပါပဲ။
အများအကျိုးဆောင်ရွက်တယ်ဆိုပြီး
မိမိနဲ့ဆက်ဆံတဲ့ တွေ့ကြုံတဲ့ တစ်ဦးချင်းစီကို
အလေးမထား ဂရုမစိုက်တာမျိုးက
အများအကျိုးအစစ်မဟုတ်ပါဘူး။
“ငါ” ကတော့ တကယ်ဖြစ်မနေ
★★★★★★★★★★★★★★★
အပ္ပမာဒ ဆိုတဲ့
မမေ့မလျော့
မပေါ့မဆတဲ့
သတိတရားနဲ့
အမြဲ မပြတ်
သတိရ နေရမယ့်
ယုံကြည် နေရမယ့်
အမှန်တရား
က….
တစ်ငါငါ ပြုလုပ်မှုများ
“ငါ“ ဆိုတာ တကယ်ဟုတ်တယ် လို့
အထင်မှားအောင် ဖန်တီး ပြုလုပ်မှုများ
သာ
တရစပ် ဖြစ်ပေါ် (ပျက်စီး) နေပြီး…….
”ငါ“ ကတော့ တကယ်ဖြစ်မနေ….
“တစ်ငါငါ ပြုလုပ်မှုများ”
သာ
“ငါ“ (တစ်ခုခု) ကို အဟုတ်ထင်နေမှုများ
သာ
တရစပ် ဖြစ်-ချုပ်နေပြီး
“ငါ” (တစ်ခုခု) ကတော့ တကယ် ဖြစ်မနေပါဘူး -
ဆိုတာပါပဲ …..
(သဘာဝဆရာတော် ဦးဥတ္တမသာရ- သဘာဝတရားရိပ်သာ)
Post By.....ကို Thant Gyi
No comments:
Post a Comment