
မိမိရသော ကုသိုလ်အဖို့ကို သူတစ်ပါးအား အမျှပေးဝေသောအခါ “ မိမိမှာ ကုသိုလ်အရ နည်းမသွားပေဘူးလား ” ဟု စဉ်းစားဖွယ်ရှိ၏။ ကုသိုလ်ဆိုသည်မှာ စိတ်စေတနာသာ လိုရင်းဖြစ်၏။ မိမိ ပထမပြုသော ဒါနကုသိုလ်အတွက် စိတ်စေတနာကောင်း ဖြစ်ပြီးလေပြီ။
မိမိမှာ ဒါနကုသိုလ် ဖြစ်သလို သူတစ်ပါးအားလည်း ဖြစ်စေလိုသောအခါ “ ရွှေပေါ် မြတင် ” သကဲ့သို့မူလဒါန ကုသိုလ်အပေါ်တွင် ပတ္တိဒါန ကုသိုလ်ထပ်၍ တင်ရာရောက်သွားလေ၏။ ထို့ကြောင့်
အမျှဝေသည့်အတွက် ကုသိုလ်အရ နည်းမသွားသည့်အပြင် ပို၍ပင် ကုသိုလ်ပွားပါသေးသည်။
မီးခြစ် အကုန်ခံ၍ ပထမ ဆီမီးထွန်းပြီးနောက် ထိုဆီမီးမှ အဆင့်ဆင့် မီးကူးပေးရာ၌မူလမီးမှာ အရောင်မမှိန်သည့်အပြင် နောက်မီးတွေ၏ အကူအညီကြောင့် သာ၍ (အလင်းရောင်)အားရှိသကဲ့သို့တည်း။ သီလကုသိုလ်၊ ဘာဝနာကုသိုလ် စသည်များလည်း အမျှဝေလျှင် ပတ္တဒါန
ကုသိုလ် ဖြစ်ကြသည်သာ။ ။
{အမရပူရမြို့၊ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်
အဘိဓမ္မာမှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
http://www.damanady.tk/2014/05/blog-post_2889.html
No comments:
Post a Comment