
သာသနာတော်၌ ဆရာတော်များ ဆုံးမထားသော စကားတစ်ရပ် ရှိပါသည်။ ၎င်းမှာ"ရှင်ချောင်သေကြပ်၊ ရှင်ကြပ်သေရှောင်" ဟူ၍ ဖြစ်ပါသည်။ အဓိပ္ပာယ်မှာ ရဟန်းဝတ်ပြီးသီလသိက္ခာပုဒ်များ မစောင့်ထိန်းဘဲ၊ သွားကာ၊ လာကာ၊ စားကာ၊ သောက်ကာနှင့် ရဟန်းစဉ်က ချောင်ချောင်ချိချိနေလျှင် သေလျှင်ငရဲကျမည်ဖြစ်၍ အသေကြပ်မည်။
ရဟန်းစဉ်က သီလသိက္ခာပုဒ်များကို ကြပ်ကြပ်တည်းတည်း စောင့်စည်းထိန်းသိမ်း၍ ကောင်း
မွန်စွာနေလျှင် သေသည့်အခါ သုဂတိ လားရမည်ဖြစ်၍ အသေချောင်မည်။ ထို့ ကြောင့်ရဟန်းဝတ်မည်ဆိုလျှင် မိမိကို ကျကျနန သွန်သင်ပြသ ဆိုဆုံးမမည့် ဆရာကောင်းကိုရှာဖွေဆည်းကပ်ပါ။ ထိုသို့ ကျောင်းမျိုးကို ရွေးချယ်ပါ။
ရဟန်းခံ၍ သာသနာ့ဘောင်သို့  ၀င်ရောက်လာခြင်းသည်၊ လူဝတ်ကြောင်အဖြစ်၌စောင့်ထိန်းနေသည့် ငါးပါး၊ ရှစ်ပါး၊ ထက်သာသော သာသနာတွင်း၌သာ စောင့်ထိန်း၍
ရသည့် ၂၂၇ ပါးသော အဓိသီလများကို စောင့်ထိန်းရန် ၀င်ရောက်လာသည်ဟု သဘောပေါက်စေချင်ပါသည်။ ထို့ ကြောင့် မိမိစောင့်ထိန်းရမည့် သီလသိက္ခာပုဒ်များကိုသိရှိနားလည် ရပါမည်။
သင်ကြား၊ လေ့လာ၊ ဖတ်မှတ် ရပါမည်။ သိက္ခာပုဒ် ၂၂၇ ပါးကို
အာပတ်အမျိုးအစား၊ (အပြစ်အကြီးအငယ်)အားဖြင့်
၁။ ပါရဇိက၊
၂။ သံဃာဒိသိသ၊်
၃။ထုလ္လစ္စဉ်း၊
၎။ ပါစိတ်၊
၅။ ပါဋိဒေသနီ၊
၆။ ဒုက္ကဋ်၊
၇။ ဒုဗ္ဘာသီ၊ ဟူ၍ ဖြစ်ပါသည်။
ထိုခုနှစ်
မျိုးတို့ တွင် ၁။ ပါရာဇီကသည် အပြစ်အကြီးဆုံးဖြစ်၍ လူထွက်ရ၏။ ၇။ ဒုဗ္ဘာသီသည်အပြစ်အငယ်ဆုံးဖြစ်သည်။
ရဟန်းဖြစ်သူသည် ယနေ့ မွေးဖွားသော အမျိုးသမီးငယ်မှစ၍ အမျိုးသမီးများ၏ကိုယ်လက်အင်္ဂါ ကြီးငယ်တို့ ကို သာယာသောစိတ်ဖြင့် ကိုင်ခြင်း၊ ပွတ်သပ်ခြင်း၊ စသည်များကိုပြုလျှင် ၂။ သံဃာဒိသိသ် အာပတ်သင့်၏။ သံဃာ(၂၀)ဖြင့် ကုစားမှ စင်ကြယ်၏။
ဤ အာပတ်သင့်သော သိက္ခာပုဒ်မှာ ဒုလ္လဘရဟန်းတို့  အတွက် အလွန်သင့်တတ်သော အာပတ်တစ်ခု ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ခတ္တခဏ ၀တ်သော ဒုလ္လဘ
ရဟန်းတို့ ၌ သမီး၊ ဇနီးမယား၊ မိခင်များ ရှိတတ်သည်။ ထို မာတုဂါမများအား၊ လူဝတ်ကြောင်တုန်းက ထုံးစံအတိုင်း ကိုင်တွယ်သုံးသပ် ကြပါသည်။ ရဟန်းသည် မိခင်ပင်ဖြစ်
စေ မည်သည့်အမျိုးသမီးကိုမျှ လုံးဝ မကိုင်ကောင်းပါ။ ကိုင်လျှင် အာပတ်သင့်=အပြစ်ဖြစ်=အကုသိုလ် ဖြစ်ပါသည်။
သာယာသော ရာဂစိတ်ဖြင့် ကိုင်တွယ်သုံးသပ် လျှင်သော်
လည်းကောင်း၊ ရိုးရိုးစိတ်ဖြင့် ကိုင်တွယ်နေစဉ် သာယာသော ရာဂစိတ် ဖြစ်သွားလျှင်
သော်လည်းကောင်း၊ အလွန်ကြီးသော သံဃာဒိသိသ် အာပတ်သင့်ပါသည်။ ထိုအာပတ်
အကုသိုလ် စင်ကြယ်အောင် ၀ါသ်ဆောက်တည်=ဒဏ်ထမ်းပြီး သံဃာအပါး (၂၀)ထံ၌
ကုစားမှ အာပတ် ပြန်စင်ကြည် သွားပါသည်။ သို့ မဟုတ်က လူပြန်ထွက်လည်း ထိုအာပတ်မှာ မစင်ကြည်ဘဲ ပါသွားတတ်ပါသည်။ နောက်တစ်ခါ ပြန်ဝတ်လျှင် ထိုအာပတ်ကိုယ်ပေါ် ပြန်ရောက် လာပါသည်။ ဤမျှကြောက်စရာကောင်းပါသည်။
ဤအကြောင်းကို ဆရာဘုန်းကြီးကလည်း ပြောမပြ၊ မိမိတို့ ကိုယ်တိုင်လည်း မသိရှာကြသော ဒုလ္လဘရဟန်းတို့ သည် ရဟန်းခံပြီးနောက် ဇနီးမယား၊ သားသမီးတို့ ကို လက်ဆွဲလျက် ဘုရားဖူးလှည့်လည်ကြသည်။ ရဟန်းဘ၀ဟူသည် ဘာအကုသိုလ်မျှ မဖြစ်အောင်ထိုင်နေပါမည်ဆိုပြီး ထိုင်နေရုံမျှဖြင့် မသိနားမလည်လျှင် အာပတ်တွေသင့် အကုသိုလ်တွေဖြစ်နေပါသည်။
ရဟန်းတော်တို့ သည် မိမိခန္ဓာကိုယ်ပေါ်မှ သင်္ကန်း၊ သပိတ်၊ တို့ ကို(၁၀) ရက်အတွင်း
မှာ အဓိဌာန်တင်၊ ၀ိကပ္ပနာပြုဟူသော အမှုတစ်ခုကို ပြုလုပ်ထားရပါသည်။ အာပတ်အပြစ်
ဖြစ်တတ်သည်ဟု မသိ၍ဖြစ်စေ၊ မေ့နေ၍ဖြစ်စေ ၎င်းအမှုကိုမပြုဘဲ (၁၀) ရက်လွန်သွားလျှင် ၎င်းသင်္ကန်း၊ သပိတ်ကိုလည်း စွန့် ရပါသည်။ ပါစိတ်အာပတ်လည်း သင့်သွားပါသည်။
"ပါစိတ်ဟူသည်=ငရဲသို့  ကျရောက်စေသည်" ဟု အဓိပ္ပါယ် ရပါသည်။ ၎င်းသင်္ကန်းသပိတ်
တို့ ကိုမစွန့် ၊ ဒေသနာကြား အာပတ်မဖြေဘဲ ဆက်လက်ကိုင်တွယ်နေလျှင် ကိုင်တိုင်း ကိုင်
တိုင်း အာပတ်တွေ ထပ်သင့်နေပါသည်။ ဤကား ဘာမျှမလုပ်ဘဲ ထိုင်နေရုံဖြင့် အာပတ်သင့် အကုသိုလ် ဖြစ်နေပါသည်။
ယခုခေတ် ဒုလ္လဘရဟန်းဝတ်သူတို့ ကား သိမ်က ထွက်လာပြီးနောက် မိမိ မိသားစုများ
ယူလာသော ပစ္စည်း၊ အသုံးအဆောင်၊ အဆောင်အယောင်များဖြင့် မိမိအိပ်ရာ ပတ်ဝန်းကျင်၌ ရှုပ်ထွေးပွေလီ နေတတ်သည်။ အပ်သည်၊ မအပ်သည်၊ သုံးကောင်းသည်၊ မသုံးကောင်းသည်ကို မသိရှာကြ။
ညနေအချိန်ကျလျှင် ထိုဒုလ္လဘရဟန်းတို့ ၏ ဇနီးမယား၊ သားသမီးများသည် ကျကျနန ဖီးလိမ်းပြုပြင်၍ မိမိတို့  ဒုလ္လဘရဟန်းများဆီသို့  လာတွေ့ ပြီး ပြုစုယုယကြသည်။ ထို့ ကြောင့် ယခုခေတ် ဒုလ္လဘရဟန်းတို့ ကား ကုသိုလ်ရဖို့ ထက်၊ အပြစ်ရဖို့ ကများတတ်သည်။ ဤသည်ကို ဂရုစိုက် ဆင်ခြင်ကြဖို့  လိုပါသည်။
ရဟန်းတို့ အတွက် ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး၊ ယင်းပစ္စည်းလေးပါး စားသောက်
သုံးစွဲခြင်းအတွက် အပြစ်မဖြစ်ရန် အနည်းဆုံး တစ်နေ့ တစ်ကြိမ်ဆင်ခြင်ရသည်။ မဆင်ခြင်
က"ကြွေးတင်ရ၊ အပါယ်ကျ၊ ပြိတ္တာဖြစ်ရ" သည်။ ဤပစ္စည်းလေးပါး ဆင်ခြင်မှုကို "ပစ္စယသန္နဿိတသီလ" ဟုခေါ်သည်။ ၂၂၇-ပါးသော သိက္ခာပုဒ်များကို"ပါတိမောက္ခသီလ" ဟု
ခေါ်သည်။ ထိုသီလမစင်ကြယ်သော ရဟန်းကို လှူဒါန်းထားသော ဆွမ်းသည် မီးရဲနေသောသံခဲနှင့်တူသည်။
"မီးရဲနေသည့် သံခဲကိုစားလျှင် ဒီတစ်ဘ၀သာ သေမည်။ သီလမရှိ
ဘဲ ဆွမ်းစားက အပါယ်ငရဲကျ ဘ၀ဆက်ခါသေမည်။" သင်္ကန်းသည် မီးရဲနေသည့် သံပြားကြီးနှင့်တူသည်။ နေရာကျောင်းသည် မီးရဲနေသည့် သံအိုးကြီးနှင့်တူသည်။ လူဝတ်ကြောင်
များ လက်အုပ်ချီ၍ ရှိခိုးကြခြင်းသည် လှံဖြင့် ၀ိုင်းထိုးသည်နှင့် တူသည်။
သာသနာ့ဘောင်ဝင် ရဟန်းများသည် သီလသိက္ခာများလုံခြုံအောင် မထိန်းသိမ်းဘဲ၊ မည်သည့် ကောင်းမှုကိုပြုပြု အပါယ်ကျမှုကို မပိတ်ပင် မတားဆီးနိုင်ပါ။ ထို့ ကြောင့် မိမိတို့  ခေတ်ပေါ် အနေအားဖြင့် ရဟန်းခံပြီး သာသနာ့ဘောင် အတွင်း ရောက်လာပါက
ဥပဇ္ဈာယ်ဆရာ( ဘုန်းကြီး)နှင့် မိမိကိုယ်တိုင်က အပါယ်မကျရေး ဆင်ခြင်၊ နေထိုင်၊ စားသောက်၊ ကျင့်ကြံပြီး မဂ်၊ဖိုလ်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင် ကြပါစေ။ ။
{ မော်ကျွန်းအရှင်ပဏ္ဍိတ(ဓမ္မစရိယM.A, Dip in Eng)၏ ရှင်ပြု ရဟန်းခံ နည်းလမ်းမှန် ကို မှီငြမ်းရေးသား ပူဇော်ပါသည်။ }
http://www.damanady.tk/2014/05/blog-post_18.html
No comments:
Post a Comment