
" စကားပြောမှု သတိပြု "
အခါတစ်ပါး၌ ဗုဒ္ဓမြတ်စွာဘုရားသည်
ရဟန်းတို့အား စကားများများပြောဆိုသော
ပုဂ္ဂိုလ်၌ အပြစ် ၅-မျိုးရှိပုံကို အောက်ပါအ
တိုင်း ဟောတော်မူသည်။
" ရဟန်းတို့ စကားများများ ပြောဆို
သောပုဂ္ဂိုလ်၌ အပြစ်တို့ ၅-မျိုးရှိ၏။
ယင်းတို့ကား…
၁။ မဟုတ်မမှန်သည်ကို ပြောဆိုမိတတ်၏။
၂။ ကုန်းတိုက်စကားကို ပြောဆိုမိတတ်၏။
၃။ ကြမ်းတမ်းသောစကားကို ပြောဆို
မိတတ်၏။
၎။ ပြိန်ဖျင်း(အကျိုးမရှိ)သော စကားကို
ပြောဆိုမိတတ်၏။
၅။ ထို့ကြောင့် ခန္ဓာကိုယ် ပျက်စီး၍
သေဆုံးသည့်အခါ ချမ်းသာကင်းသော
မကောင်းသောလားရာဖြစ်သည့် ငရဲ
သို့ ရောက်ရ၏ " ဟု ဟောတော်
မူသည်။
ထို့နောက်မြတ်စွာဘုရားက " ရဟန်းတို့
ပညာဖြင့် ချင့်ချိန်၍ စကားပြောဆိုသော
ပုဂ္ဂိုလ်၌ အကျိုးငါးပါးရှိ၏။
ယင်းတို့ကား-
၁။ မဟုတ်မမှန်သည်ကို မပြောမိတတ်။
၂။ ကုန်းတိုက်စကားကို မပြောမိတတ်။
၃။ ကြမ်းတမ်းသောစကားကို
မပြောမိတတ်။
၎။ ပြိန်ဖျင်း(အကျိုးမရှိ)သော စကားကို
မပြောမိတတ်။
၅။ ထို့ကြောင့် ခန္ဓာကိုယ်ပျက်စီး၍ သေဆုံး
သည့်အခါ ချမ်းသာသော ကောင်း
သောလားရာဖြစ်သည့် နတ်ပြည်သို့
ရောက်ရ၏ " ဟု ဟောတော်မူသည်။
( အဂုင်္တ္တရပါဠိ ပဉ္စမပဏ္ဏာသက ကိမိလဝဂ်
ဗဟုသာဏိသုတ် )
ု
No comments:
Post a Comment