
"အတ္တသမံ ပေမံ နတ္တိ"
"ကိုယ့်ကိုယ်ပေါ်မှာ တွယ်တာတာ
လောက် တခြားတွယ်တာမှုကမရှိ
နိုင်ဘူး" တဲ့ မြတ်စွာဘုရားကဟော
တယ်။
ကိုယ့်ရဲ့ စိတ်ချမ်းသာမှုကို နှောင့်
ယှက်ဖျက်ဆီးလာပြီဆိုရင် ဘယ်
သူ့မှ လက်မခံတော့ဘူး။ ချစ်လှပါ
တယ်ဆိုတဲ့သား/ သမီးလည်းအမွေ
ပြတ်ကြော်ငြာတာပဲ။ ဘာဖြစ်လို့
တုန်းဆို ကိုယ်တန်ဖိုးထားနှစ်သက်
မှု ကျေနပ်မှု ပျှော်ရွှင်မှုလေးကို
ပျက်စီးအောင်လုပ်လို့မချစ်န
တော့ဘူး။ တကယ့်အနှစ်သာရကို
ကြည့်မယ်ဆိုလို့ရှိရင် လူတွေဟာ
ကိုယ့်ကိုယ်ကို အချစ်ဆုံးဆိုတာ
ဟုတ်တယ်။
နောက်ဆုံးဒီအတွယ်အတာကနေ
ရုန်းထွက်နိုင်တယ်ဆိုတာသောတ
ပန်ဖြစ်သွားရင်တောင် သောတာ
ပန်အလိုက် အတွယ်အတာရှိနေ
သေးတယ်။ သို့သော် သောတာပန်
ရဲ့အတွယ်အတာသည် အပါယ်ဆွဲ
ချလောက်အောင် မဖြစ်တော့ဘူး။
ပစ္စည်းပေါ် လူပေါ် တွယ်တာတို့ အ
ပါယ်ဆွဲချနိုင်လောက်အောင် အကု
သိုလ်မှုကို မကျူးလွန်နိုင်တော့ဘူး။
မဖြစ်တော့ဘူး။ အရှိန်လျော့သွား
ပြီလို့ပြောတာ။
သကဒါဂါမ် ဖြစ်သွားလို့ရှိရင်
လည်း အတွယ်အတာဟာလျော့
ကျသွားတယ်။ သကဒါဂါမ်နဲ့ သော
တာပန် ဘာထူးတုန်းဆိုလို့ရှိရင်
သောတာပန်က ၉ ခါလောက်ဖြစ်
ရင် သကဒါဂါမ်က၁ခါ ၂ခါလောက်
်
ပဲဖြစ်တယ်။ ဖြစ်တဲ့အကြိမ်နည်းသ
လို ဖြစ်တဲ့အချိန်လည်း နည်းသွား
တယ်။
သောတာပန်ရဲ့တဏှာနဲ့ သကဒါ
ဂါမ်ရဲ့ တဏှာကို ယှဉ်ကြည့်လိုက်
မယ်ဆိုလို့ရှိရင် သကဒါဂါမ်ရဲ့တ
ဏှာက အများကြီးလျော့ကျသွား
ပြီ။ သကဒါဂါမ်ရဲ့ တဏှာက အရှိန်
ကိုမရှိတော့ဘူး။ ဒါကြောင့်မို့ 'အဓိ
စ္စုပ္ပတ္တိယာ' ဖြစ်ခဲတယ် တဲ့။ 'ပရိယု
ဋ္ဌာန မန္ဒတာ'ဖြစ်လာလို့ရှိရင်လည်
ံ
အားပျော့တယ် အရှိန်မရှိဘူး' ဒါကွဲ
ပြားခြားနားသွားပုံ။
အနာဂါမ်ဖြစ်သွားရင် ကာမရာဂ
တို့ ဗျာပါဒတို့ဆိုတာ မရှိတော့ဘူး။
ကာမအတွယ်တွေမရှိတော့ဘူးဆို
ပေမယ့် ဘာသွားတွယ်နေတုန်း ဆို
တော့ သူရထားတဲ့ ဈာန်တရားတို့
တရားထူး တရားမြတ်တွေကို သွား
တွယ်တယ်။ကာမဘုံကို မတွယ်ပေ
မယ့် ဗြဟ္မာ့ဘုံကို သွားတွယ်နေ
တယ်။ ဒါကို ဘဝရာဂလို့ ခေါ်တယ်
ရူပရာဂ အရူပရာဂ အဲဒါကိုပဲ ဘဝ
ရာဂလို့ ခေါ်တယ်။
နောက်ဆုံးမယ် ဘဝလည်းမတွယ်
တော့ဘူးဆိုလို့ရှိရင် ကိုယ်ရထား
တဲ့ တရားကို သွားတွယ်နေသေး
တယ်။ ''ဓမ္မရာဂ ဓမ္မနန္ဒီ''လို့ခေါ်
တယ်။ အဲ့ဒီဓမ္မရာဂ ပေါ်မှာအတွယ်
အတာလေး ဖြစ်နေသေးသမျှ နှစ်
သက်ကျေနပ်မှုတွေရှိနေသေးသမျှ
အရဟတ္တဖိုလ်ကို မဆိုက်ရောက်
နိုင်ဘူးလို့ ဒီလိုဟောထားတယ်။
အဲဒီဓမ္မပေါ်မှာ တွယ်တဲ့အရာကိုပါ
တွယ်တာမှုအားလုံးစွန့်လွှတ်လိ
ပြီဆိုတဲ့အခါကျတော့ လုံးဝလွတ်
သွားပြီလို့ပြောတာ။ ''အတွယ်အ
တာလွတ်ခြင်းသည်ပင် ဘဝက
လွတ်မြောက်ခြင်းပဲ။ အတွယ်အ
တာရှိနေခြင်းသည်ဘဝ၌ ရှိနေခြင်း
်
ပဲ"ဒီလိုမှတ်ရမယ်။
"နိဗ္ဗာန်ဆိုတာ အတွယ်အတာ
က လုံးဝလွတ်သွားတာ" ကို ခေါ်
တယ်ပေါ့။ ဒါကတစ်ခု မှတ်စရာ။
'ခန္တီ ပရမံ တပေါတိ တိက္ခာ
နိဗ္ဗာနံ ပရမံ ဝဒန္တိ ဗုဒ္ဓါ" နိဗ္ဗာန်ကို
အမြတ်ဆုံး' အဆင့်အမြင့်ဆုံး ပန်း
တိုင်အနေနဲ့ မြတ်စွာဘုရားကဒီလို
ဟောထားတာရှိတယ်။
နောက်တစ်ခုက ''နိဗ္ဗာနံ ပရမံ
သုခံ'' (သို့) "နိဗ္ဗာန ပရမံ သုခံ''
"ချမ်းသာတွေထဲမှာ နိဗ္ဗာန်ဟာ အ
ကောင်းဆုံးပဲ'' လို့……။
••• ဒေါက်တာနန္ဒမာလာဘိဝံသ၏
"အဘိဓမ္မာမြတ်ဒေသနာ(ဒု -တွဲ)မှ
်
No comments:
Post a Comment