
အကုသိုလ် ပြုမိပေမယ့်.....
**********************
တကယ်လို့ ဘဝမှာ
မလွဲမရှောင်သာ
အကုသိုလ်ကို ပြုမိလိုက်ပေမယ့်
ကိုယ်ပြုခဲ့တဲ့ အကုသိုလ်ကိုပဲ
သတိသံဝေဂ ကြီးစွာရပြီး
`ဘဝရှိနေတဲ့အတွက်
ဒီလို အကုသိုလ်တွေပြုမိတာ၊
ဘဝသာမရှိရင်တော့
ဒီလို အကုသိုလ်တွေ
ပြုမိတော့မှာ မဟုတ်ဘူး ´ဆိုပြီး
ဘဝလွတ်မြောက်ကြောင်း
ဝိပဿနာတရားတွေ
ဖိပြီးအားထုတ်ပစ်လိုက်ရင်လည
ပါရမီ မပါသေးလို့
တရားထူးတရားမြတ် မရဦးတော့
တရားထူးတရားမြတ်ရဖို့
အထောက်အပံ့တွေတော့
ကောင်းကောင်းကြီး ရသွားတော့မှာပါ။
အဓိကကတော့
ပြုမိတဲ့ အကုသိုလ်ကို
သတိသံဝေဂကြီးစွာရပြီး
ကုသိုလ်တွေ ဆက်ကာ ဆက်ကာ
ပြုနေဖို့ပါပဲ။
ဘဝရှိနေသေးသရွေ့
ဆိုင်ရာမဂ်တစ်ခုခုကို
မရသေးသရွေတော့
ပုထုဇဉ် တစ်ယောက်ဟာ
အချိန်မရွေး
အကုသိုလ်တစ်ခုကို ပြုနိုင်ပါတယ်။
ပုထုဇဉ်ဘဝဟာ
ဘာမှကို စိတ်မချရသေးပါဘူး။
စိတ်ချရတဲ့ ပန်းတိုင်တစ်ခုဆီကို
စိတ်က အမြဲဦးတည်ထားနိုင်ပါမှ
တော်ကာကျမှာပါ။
ဘာပဲပြောပြော
အကုသိုလ်ကို ပြုမိပေမယ့်
သတိသံဝေဂကြီးစွာရပြီး
ဘဝလွတ်မြောက်ကြောင်း
ကုသိုလ်တွေ ဆက်ကာ ဆက်ကာ
ပြုနေလိုက်ဖို့ပါပဲလေ။
ဆရာတော် အရှင်ရာဇိန္ဒ
(ရဝေနွယ် -အင်းမ)
No comments:
Post a Comment