
" တံတားလှူရခြင်းအကျိုး "
တံတားလှူရခြင်းအကျိုး ၅-မျိုးရှိသည်။ ယင်းတို့မှာ-
၁။ သစ်ပင် ကမ်းပါး တောင်ထိပ်တို့မှ ကျ
သော်လည်း ဘေးရန်မရှိ မထိမပါးကိုးကွယ်မှီခိုရာ ရခြင်း။
၂။ သူခိုး ဓားပြတို့က မနှိပ်စက်နိုင်ခြင်း။
၃။ မင်းအစိုးရတို့က မနှိပ်စက်နိုင်ခြင်း။
၎။ ရန်သူအပေါင်းကို လွှမ်းမိုးအောင်နိုင်ခြင်း။
၅။ လေကဲ့သို့ လျင်မြန်သော ဆင် မြင်း
ရထား ကား စသောယာဉ်တို့ကို ရရှိ
ခြင်း စသည်တို့ဖြစ်သည်။
" ဆောင်ပုဒ်လင်္ကာ "
ကမ်းပါးသစ်ပင် တောင်တွင်ထိပ်က
လိမ့်၍ကျလည်း ဘေးမှလွတ်ဘိ
မှီခိုရှိ၏။
မှတ်သိတစ်မျိုး သူခိုးမင်းဘေး နှိပ်စက်
ဝေးပြီး ရန်ဘေးတစ်ဖန် အောင်နိုင်ပြန်
၍ လျင်မြန်ဆင်မြင်း ယာဉ်ရခြင်းက ဤ
ငါးဝသည် မှတ်ကြတံတားလှူကျိုး
တည်း။
လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာ
ထက်၌ အမျိုးကောင်းသား တစ်ယောက်
သည် အများပြည်သူတို့ အသုံးပြုရန် တံ
တားတစ်ခုကို ဆောက်လုပ် လှူဒါန်းခဲ့
ဖူးသည်။
ထိုကောင်းမှုကြောင့် ထိုအမျိုးကောင်း
သားသည် ထိုဘဝမှကွယ်လွန်လျှင် အပါယ်လေးပါးတို့သို့ လုံးဝကျရောက်ရ
ခြင်းမရှိ။ ငါးဆယ့်ငါးကမ္ဘာ အထက်၌
သမောဂဓ အမည်ရှိသော စကြဝတေး
မင်းကြီး ဖြစ်ရသည်။
ဂေါတမမြတ်စွာဘုရားရှင် လက်ထက်
တော်တွင် လူ့ဘဝရရှိပြီး သာသနာတော်
ကို အလွန်ကြည်ညို၍ ရဟန်းပြုခဲ့ရာ
တရဏိယမထေရ် ဟုထင်ရှားသည်။ သမ
ထ ဝိပဿနာတို့ကို ကြိုးစားအားထုတ်
သဖြင့် တရားထူးရကာ ရဟန္တာဖြစ်ရသည်။
ကျမ်းကိုး။
အပဒါနပါဠိအဋ္ဌကထာ တရဏိယထေရဝတ္ထု။
No comments:
Post a Comment