ဆရာတော်ကြီးသည် စာရေး၊ စာချ၊ တရားဟော၊ တရားပြအလုပ် လေးမျိုးကို မရပ်မ
နား ပြုလုပ်တော်မူသော ဆရာတော်တစ်ပါး ဖြစ်၏။ သက်တော် ၆၀ အရွယ် ပျံလွန်တော်မူမှပင်
သာသနာပြုအလုပ်မှ အနားယူတော်မူ၏။ သက်တော်ထင်ရှား ရှိစဉ်အတွင်း ဆရာတော်ကြီး၏
အနားယူပုံမှာ မှတ်လောက်သားလောက်၏။ ဆရာတော်ကြီး၏ အနားယူနည်းကို ဆရာတော်ကြီး
ကိုယ်တိုင် ယခုလို အမိန့်ရှိတော်မူ၏။
“ စာရေးရတာ ပင်ပန်းလို့ အနားယူချင်ရင် စာချလိုက်တာပဲ။ စာချရတာ ပင်ပန်းလို့ အ
နားယူချင်ရင် တရားဟောလိုက်တာပဲ။ ဘုန်းကြီးအနေနဲ့ကတော့ အလုပ်တစ်ခုကနေ အခြားအ
လုပ်တစ်ခု ပြောင်းလုပ်လိုက်တာကို အနားယူတယ်လို့ သဘောထားတယ်” ။
တချို့ပုဂ္ဂိုလ်သည် မိမိ အချိန်ဖြုန်းရတာနဲ့ အားမရသောကြောင့် သူတစ်ပါးအချိန်ကိုပင်
လိုက်၍ ဖြုန်းကြ၏။ မခေါ်ဘဲ လျှောက်လည်ပြီး စကားပြောတတ်သူများသည် သူတစ်ပါး၏ အ
လုပ်လုပ်ချိန်များကို လိုက်၍ ဖြုန်းတီးနေခြင်းပင် ဖြစ်၏။
ထို့ကြောင့် အလုပ်တကယ်လုပ်ချင်သော ဆရာတော်များမှာ ဧည့်တွေ့ချိန်ကို သီးသန့်
သတ်မှတ်ပေးကြခြင်း ဖြစ်၏။ ထို ဧည့်တွေ့ချိန် သတ်မှတ်သော ပုဂ္ဂိုလ်များကို မာနကြီးသည်
ဟု ယူဆပြီး အကြည်ညို မပျက်သင့်ပါ။ လူ့ဘ၀ နေရသမျှအချိန်များကို သာသနာအတွက်၊
လောကအတွက်၊ အပြည့်အ၀ အသုံးချနေကြသူများဖြစ်သည်ဟု နားလည်ပြီး ပိုမိုကြည်ညို
လေးစားသင့်ပါ၏။
ထိုကဲ့သို့ သူတစ်ပါးအချိန်ကိုပါ လိုက်လံဖြုန်းတီးနေသူများကို ဓမ္မဒူတဆရာတော်ကြီးက
“ ကိုယ်ပိုင် အချိန်တွေကို ဖြုန်းရတာ အားမရလို့ သူတစ်ပါးအချိန်တွေကိုပါ လိုက်ဖြုန်းနေတဲ့
အချိန်သူခိုးတွေကို သတိထားကြ။ အနားကပ်မခံကြနဲ့ ” ဟု သတိပေးတော်မူခဲ့၏။ ။
{မေတ္တာရှင်(ရွှေပြည်သာ)၏ မေတ္တာဖြင့် စီးပွားရှာခြင်းမှတဆင့် ကူးယူရေးသားပူဇော်ပါသည်}
buddhismworld.ning.com/profiles/blog/show?id=6371237%3ABlogPost%3A442700
No comments:
Post a Comment