မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်ဗုဒ္ဓစေတိတော်များဆိုဒ်သို့ ၀င်ရောက်ဖတ်ရှုကြသော ဓမ္မမိတ်ဆွေစာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး သာသနာအကျိုး ဆထက်တိုး၍ ထမ်းရွက်နိုင်ပြီးလျှင် နိဗ္ဗာန်ဆွေပြည်ကြီးကို လျှင်မြန်စောစွာမှောက်မြောက်ပြုနိုင်ကြပါစေသတည်း။
Saturday, August 9, 2014
ဓမ္မစေတီခေါင်းလောင်းပိုင်ရှင်-ဓမ္မစေတီမင်းခေါင်၏ ကျောက်စာတော်ကို ရှာဖွေတွေ့ရှိခြင်း။
ဘုရားရှင်ဗျာဒိတ်တော်အတိုင်းရဟန္တာ၆ပါးတို့၏ဗျာဒိတ်တော်
အရအလံတစ်ရာစေတီကြီးဘီလင်းမြို့နယ်တွင်ပွင့်ပေါ်ပြီ ဖြစ်ပါသည်။
ကေလာသတောင်ထိပ်တွင် ထိုအကြောင်းကို
သောဏ္ဍာယ ကေလာသကျောက်စာကြီးကို ညောင်ချောင်းဆရာတော် ဦးဉာဏ၀ံသက စိုက်ထူခဲ့ပါသည်။
၎င်းအပြင် ပဲခူး-ဟံသာဝတီခေတ် ရှင်စောပု ဘုရင်မကြီး လက်ထက်နှင့် ဓမ္မစေတီမင်းကြီး လက်ထက်တို့တွင်လည်း ထိုအကြောင်းတို့ကို မွန်ဘာသာဖြင့် ကျောက်စာရေးထိုးကာ ကေသာလ တောင်ထိပ်တွင် အထင်အရှား စိုက်ထူခဲ့ပါသည်။
ထိုကျောက်စာ စာသားများကို ဓမ္မစေတီမင်းတရားကြီး ထွင်းထုခဲ့ပါသည်။ ကျောက်စာပေါ်ရှိ စာသားများအရ တတိယသင်္ဂါယနာတင်ခေတ် ဖြစ်၏။
ခရစ်မပေါ်မီ ဘီစီ (၃၀၉) ခု ဖြစ်၏။ ကေလာသတောင်ကို ဘက်စုံပြုပြင်ရန် ကျိုက်ထီးဆောင်းဆရာတော်က ညွှန်ကြား၏။ ကလေးဝဆရာတော်က ကြီးကြပ်၏အကျိုးတော်ဆောင်ချုပ် ဘဒ္ဒန္တနာဂဒီပက အစစအရာရာ ဆောင်ရွက်၏။
ဇေကမ္ဘာဥက္ကဌ ဒေါက်တာခင်ရွှေက ပင်မပဓာန ဒါယကာ လုပ်၏။ စေတီတော်ကို အလံတစ်ရာ ချဲ့ထွင်၏။ အ
လံတစ်ရာ သောဏ္ဍာယစေတီတော် ကေလာသတောင်ထိပ်ပေါ်တွင် တည်ရှိပါ၏။
ဘုရားရှင်ဗျာဒိတ်အတိုင်း ဖွင့်ဖေါ်ပါ၏။ မသိသူကျော်သွား၊ သိသူဖေါ်စားကြပါတော့။ ဂဠုန်-နဂါး၊ ကြွက်
နှင့်ကျားတို့၊ ရောက်ငြားထိုခါ၊ ထိုသာသနာ၊ ဒေ၀ါသိကြား၊ ကူလတ္တံ့ဟူသော သိကြားစေသိုက်အတိုင်း ဖြစ်ပါ၏။
ဗုဒ္ဓရတနာ၊ ဓမ္မရတနာ၊ သံဃရတနာ၊ တြိရတနာ၊ ရတနာတင်ပွဲတော်
ကြီးကို (၂၇.၂.၂၀၁၀) ရက်၊ စနေနေ့၊ ၁၃၇၁ ခု၊ တပေါင်းလပြည့်နေ့မှစ၍ နံနက် (၈) နာရီ
တွင် ကေလာသတောင်ထိပ်တွင် ကျင်းပခဲ့သည်။ နတ်လူသာဓု ခေါ်တော်မူကြပါကုန်လော့။ ။
{မောင်ပန်းမွှေး၏ (၂၈.၁၀.၂၀၁၃) သာသနာ့အလင်းဂျာနယ်မှ ကူးယူရေးသားပူဇော်ပါသည်
http://buddhismworld.ning.com/profiles/blogs/6371237:BlogPost:439696
Subscribe to:
Post Comments (Atom)
No comments:
Post a Comment